ကောင်းမွန်ပြည့်စုံတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တရပ်ကို လိုချင်ရင် ခင်ဗျားတို့ လွှတ်တော်ထဲမှာ မတူညီကွဲပြားတဲ့အမြင်တွေ၊ ဒေသပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကို ကိုယ်စားပြုတဲ့ အမြင်တွေ အချေအတင်ဆွေးနွေးငြင်းခုန်မှုတွေ လီုတယ်။

ခုလို ချိနဲ့တဲ့ လွှတ်တော်တရပ်(ပြည်သူ့အကျိုးစီးပွား မပြတ်သားသော လွှတ်တော်မှန်သမျှ ချိနဲ့သော လွှတ်တော်)
ထင်ရာစိုင်းအစိုးရ တရပ် ပေါ်လာရတာဟာ
“ပြည်သူ” တွေ ညံ့သေးလို့ပါ။

ပြည်သူတွေ ရဲ့ နိုင်ငံရေး ရေချိန် နိမ့်သေးတော့
ပုဂ္ဂိုလ်တဦးတယောက်အပေါ် ပုံအပ်
ပါတီတသင်းတဖွဲ့ထဲကို အာဏာထိုးအပ် ထားတဲ့အတွက် ခုလို ရလာဒ်ဆိုးတွေ ရနေတာပါပဲ။

” မြို့ ဟာ မြို့သူမြို့သားတွေနဲ့
ထိုက်တဲ့ တန်တဲ့ အတိုင်းပဲ နေမှာ ”

၆၆(ဃ) ပြင်ဆင်ဖို့ကို
ပါတီစိစစ်ရေး က ပြန်ဖြုတ်ချဆိုင်းငံ့ပါသတဲ့။

ခုလို ချိနဲ့တဲ့ လွှတ်တော်တရပ်(ပြည်သူ့အကျိုးစီးပွား မပြတ်သားသော လွှတ်တော်မှန်သမျှ ချိနဲ့သော လွှတ်တော်)
ထင်ရာစိုင်းအစိုးရ တရပ် ပေါ်လာရတာဟာ
“ပြည်သူ” တွေ ညံ့သေးလို့ပါ။

ပြည်သူတွေ ရဲ့ နိုင်ငံရေး ရေချိန် နိမ့်သေးတော့
ပုဂ္ဂိုလ်တဦးတယောက်အပေါ် ပုံအပ်
ပါတီတသင်းတဖွဲ့ထဲကို အာဏာထိုးအပ် ထားတဲ့အတွက် ခုလို ရလာဒ်ဆိုးတွေ ရနေတာပါပဲ။

ရွေးကောက်ပွဲကြိုကာလတွေမှာ ဒေါ်စုနဲ့ သူ့ပါတီရဲ့ ငါတကော ခြေလှမ်းတွေကြောင့် NLD ကိုချည်း မဲမထည့်ဘဲ၊ တခြားအရည်အချင်းရှိတဲ့ ဒီမိုကရက်(ဒီမိုကရက်) အမတ်လောင်းတွေကိုပါ ရွေးချယ်တင်မြှောက်ကြဖို့ ကျနော် ရေးသားဝေဖန်ထောက်ပြတော့ ဝိုင်း ရန်လုပ်ကြ၊ သစ္စာဖေါက် တယောက်လို ရန်ရှာကြ လုပ်ခဲ့ကြသေး မဟုတ်လား။

ကောင်းမွန်ပြည့်စုံတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တရပ်ကို လိုချင်ရင် ခင်ဗျားတို့ လွှတ်တော်ထဲမှာ မတူညီကွဲပြားတဲ့အမြင်တွေ၊ ဒေသပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကို ကိုယ်စားပြုတဲ့ အမြင်တွေ အချေအတင်ဆွေးနွေးငြင်းခုန်မှုတွေ လီုတယ်။

နေရာတကာ ကြံ့ဖွံ့လောက်နဲ့ ယှဉ်ပြီး လက်ခုပ်တီးသာယာမနေနဲ့။
တိုင်းပြည်က လာအိုနဲ့ ယှဉ်တောင် အောက်ကျနောက်ကျနောက်မှာ။

ခင်ဗျားတို့ တင်တဲ့ အစိုးရဟာ စမတ် ကို ဖြစ်နေရမှာ။

စမတ် ဖြစ်နေဖို့ဆိုတာ ဘာမဆို တသွေးတသံတမိန့် တမြင်ထဲ နဲ့ လုပ်နေရင် မဆလစမတ်နည်းနဲ့ စမတ်ကျကျကြီး ဂန့်သွားလိမ့်မယ်။ မှန်ကြည့်ရင် ကိုယ့်ဖါသာတော့ ကြည့်ကောင်းကြတာချည်းပဲ။ ဘေးကနေ ဆန့်ကျင်ဘက်အမြင်တွေ၊ အပျက်အမြင်တွေ၊ အဆိုးအမြင်တွေနဲ့ မေးခွန်းတွေထုတ်၊ စိစစ်၊ ဖိအားပေးနေမယ့် အတိုက်အခံတွေ လွှတ်တော်ထဲ လိုကိုလိုတယ်။

ရီပတ်ဘလီကန်တွေဟာ ဒီရွေးကောက်ပွဲမှာ လွှတ်တော်နှစ်ရောစလုံးရော၊ အစိုးရအာဏာကော ရတယ် ဆိုပေမဲ့ ဒီမိုကရက်တွေဟာ လွှတ်တော်နှစ်ရပ်ရဲ့ ကုလားထိုင်တဝက်နေရာယူထားတယ်။

အတိုက်အခံ လိုကိုလိုတယ်။
အတိုက်အခံကောင်းမှ အစိုးရ ကောင်းမှာ။

ကြံ့ဖွံ့ က အတိုက်အခံအဆင့်ကို မရှိတဲ့ အဆင့်။

ဒေါ်ညိုညိုသင်း တို့လို တသီးပုဂ္ဂလတွေ၊ ၈၈ မျိုးဆက်ထဲက တချို့တွေကို သွင်းရမှာ။
” အန်တီကိုတော့ ယုံပါတယ် ” လို့ အိညောင့်အိညောင့်လုပ်နေကြတဲ့ကောင်တွေ ချည်း မဖြစ်ဘူး။
NLD လုပ်သမျှ လက်ညှိုးငေါက်ငေါက်ထိုး မေးရဲ၊ ချေရဲမယ့်သူတွေ လိုနေတာ။

သူ့ပါတီဝင်အမတ်ချည်းပဲကတော့ ပါတီကပြိတ္တာကြီးတွေ နောက်တခါ ကိုယ်စားလှယ်စာရင်းမထည့်မှာ ကြောက်တာနဲ့ ဘာမှကို လေသံ ဟ ရဲ မှာ မဟုတ်ဘူး။
ခုကို ဘာမှမဆိုင်တဲ့ ပါတီစည်ူကမ်းထိန်းသိမ်းရေးမှူး လို ကောင်မျိုးပါးစပ်က တနိုင်ငံလုံး မီတာခ တိုးကောက်မယ် တို့၊ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ဆောက်မှာကို ဆန္ဒပြလဲ ဂရုမစိုက်ဘူး တို့ ပြည်သူကို ကဏ္ဍကော စ တွေ ပြောနေ ထွက်နေပြီ မဟုတ်လား။ ဘယ်ဒီမိုကရေစီတိုင်းပြည်မှာ ကြားဖူးသလဲ။

ဒေါ်စု လိုင်းအပ် ချတာကိုက စုတ်ပြတ်သတ်ပြီး ပါတီကလဲ ထင်ရာစိုင်း အုပ်စီးနေတာ။

ဒီပုံနဲ့တော့ နောက်နှစ် ၂၀ ဆင်းရဲတွင်း လွတ်ဦးမှာ မဟုတ်ဘူး။ လောင်းတောင် လောင်းရဲသေးတယ်။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s