ပြင်သစ်ရောက် ဝီရသူအကြောင်း ရုပ်ရှင်ကြည့်ခြင်းအတွေ့အကြုံ

Bonny Oo

လုပ်ငန်းတူသူငယ်ချင်းတယောက်၏
ပြင်သစ်ရောက်ရုပ်ရှင်ကြည့်ခြင်းအတွေ့အကြုံ
*-*-*-*-*-*-*-*-*-*-*-*-*-*
မနေ့ညက ဝီရသူအကြောင်း ဆွစ်ဇလန်ဒါရိုက်တာရိုက်တဲ့ကား သွားကြည့်ဖြစ်ခဲ့တယ်…
ဘာမက်ဆေ့များပေးမလဲလို့လေ…
ဇာတ်လမ်းအဖွင့်မှာ စစ်ကိုင်းတံတားပေါ်ကားအဖြတ်နဲ့ မဘသ အဖွဲ့ရဲ့ မျိုးချစ်သီးချင်းတွေစပီးလာတယ်…
နောက်တော့ ဝီရသူနဲ့တွေ့ဆုံခန်းစတင်ပါတယ်…
သူ့ရဲ့မူဆလင်အမုန်းတရားကို အာဖရိက ကငါးခူငါးနဲ့နိုင်းပြောတယ်…
နောက်တော့ သူရေးတဲ့စာအုပ်အကြောင်း မဟနကြောင့်ထောင်ကျတာတွေပါပြော
သွားတယ်..
ထောင်ထံမှာရှိနေတုန်း ၂၀၀၇ ရွှေဝါရောင်အရေးအခင်းက သူလုပ်တာပါလို့ပြောတယ်…

Image may contain: one or more people and people standing


အဲ့မှာရွှေဝါရောင်ဆရာတော်တပါးပေါ်လာပီး ဒီအရေးအခင်းက ဝီရသူကြောင့်မဟုတ်ဘူး.. ပြည်သူတွေရဲ့အထွေထွေအကြပ်
အတည်းကြောင့် မြန်မာပြည်မှာရှိတဲ့ ဘုရားသားတော်တွေက စုပေါင်းပြီး မေတ္တာပို့ဆုတောင်းချီတက်ရွတ်ဖတ်တာပါ
လို့ပြန်ပြောတယ်..
နောက်ဝီရသူထောင်ကလွှတ်တော့ မစိုးရိမ်ကျောင်းမှာဘဲ ဘာသာခြားအမုန်းတရားတွေဟောပြောပြီး သင်ကန်းပြန်စီးတယ်…
ထောင်ထဲကဝတ်စုံကိုခြေထောက်နဲ့ နင်းပီးဘောလုံးကန်သလိုအဝေးကိုဒေါသတွေနဲ့ကန်ကြောက်ပစ်တဲ့အခန်းပြတယ်..
နောက်တော့ လူမျိုးရေးမုန်းတီးမူ့ကိုရှေ့တန်းတင်လာတယ်..
နောက်ဘာသာခြား အထူးသဖြင့်မူဆလင်ဘာသာအပေါ် ကောင်းကောင်းကြီးရှုံချတယ်. မူဆလင်ဆိုင်မှာဈေးမဝယ်ဖို့ မူဆလင်နဲ့မယူဖို့…စတဲ့အကြောင်းအရာ
တွေပြောတာပြတယ်….ရိုးသားတဲ့ကျေးလက် မြို့ပြနေတဲ့သူတွေကိုစတင်မိုင်းသွင်းပီးတစ တစနဲ့ထောက်ခံသူများလာအောင်လုပ်တယ်…
နောက်တော့ ၂၀၁၂ မှာမသီတာထွေး မုဒိန်းကျင့်သတ်ခံရမူ့ကနေစပီးတော့ တောင်ကုတ်မှာ ဘာသာရေးဆရာ
၁၀ ဦးအသတ်ခံရတာပြတယ်.. ပိုမိုရဲတင်းလာတယ်..ဦးသိန်းစိန်အစိုးရသစ်က
လည်းဘာမှမလုပ် ဘာမှမပြောတော့ ပိုကြမ်းလာတာတွေ့ရတယ်…
နောက် မူဆလင် မြန်မာဗုဒ္ဓဘာသာအရေးအခင်းတွေ မြို့တိုင်းမှာ ဆက်တိုက်ပေါ်လာပီး နှစ်ဖက်အကြမ်းဖက်အဖွဲ့တွေရဲ့မီးရှို့ လူသတ်မြင်ကွင်းတွေပြပါတော့တယ်…
အဲ့ကားထဲမှာလဲ ပြသနာစဖြစ်ပြီဆိုရင် ပထမဦးဆုံး မုဒိန်းမူ့ကနေစတင်ပီး နေအိမ်မီးရှို့တာတွေ ရိုက်တာနှက်တာတွေ ဘယ်ကလာမှန်မသိတဲ့လူအုပ်ကြီးရောက်ရှိ
လာပီး ဝီရသူက နောက်တော့မှ ကားနဲ့ရောက်ရှိလာကာ အမျိုးသားရေးနိးကြားဖို့တရာတွေ
ဟောပြောပါတော့တယ်..
ပြည်သူ့ရဲတွေကဘေးနားမှာရှိပေမဲ့ ဘာမှဝင်မပြော ဘာမှမတားဆီးတာတွေပြတယ်…
ပြသနာဖြစ်တိုင်း ဘယ်ကမှန်မသိရောက်လာတဲ့ တုတ် ဓားစွဲလူအုပ်ကြီးက တပုံစံထဲ တလေသံထည်းဖြစ်နေတာကိုပြတယ်…
နောက်တော့ ၂၀၁၄ မျိုးစောင့်ဥပဒေထောက်ခံပွဲ သုဝဏ္ဏအားကစားရုံမှာလုပ်တာတွေ သီချင်းတွေဖွင့်ပြီး လက်ခုတ်လက်ဝါးတီးအောင်မြင်မူ
့ချီးကျူးတာတွေ အလှူရှင်တွေငွေထည့်ဝင်လှူဒါန်းတာတွေပြတယ်..ကမ္ဘာ့ကုလသမဂ္ဂက အထူးကိုယ်စားလှယ် ယန်ဟီလီကို ရှုံချကာ ဖာသယ်လို့ ဝီရသူပြောတာကိုပြတယ်..
နောက်တော့ ၂၀၁၅ေ ရွးကောက်ပွဲ ဦးသိန်စိန်အစိုးရနိင်ဖို့ လော်ဘီလုပ်တယ်…
နောက်ဆုံးပြကွက်ကတော့ အမေစုရဲ့၂၁ ရာစုပင်လုံညီလာခံ ၂၄.၅.၂၀၁၇ တိုင်းရင်းသားတွေနဲ့ အစိုးရ တပ်မတော် စုပေါင်းဓာတ်ပုံရိုက်တာကိုပြနေတုန်း မောင်တော်မှာစစ်တပ်က ဘင်ဂါလီတွေကို ရိုက်နှက်နေတဲ့ဗီဒီယိုအပိုင်းပြပြီး မက္ကာမှာ ရိုဟင်ဂျာထောက်ခံပွဲလူစုလူဝေးကိုရိုက်ပြတယ်…
နောက်တော့ အမေစုက ဘင်ဂါလီတွေကိုမြန်မာစစ်တပ်ကနှိပ်စက်နေတာ ဘာမှမပြောဘူးဆိုပီးအဆုံးသတ်လိုက်တယ်..။
သူငယ်ချင်းပြင်သစ်တွေကတော့နိင်ငံတိုင်းမှာ ဒီလိုမျိုး နေရှင်နယ်လစ်ရှိတာကိုပြောပြပြီး ဝီရသူကိုယ်တော် ကုလအထူးကိုယ်စားလှယ်ကို ဖာသယ်လို့ပြောတာတော့ အရမ်းရှုံချသွားတယ်…
ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲ့လိုညစ်ညမ်းတဲ့စကားတွေမသုံးရဘူးဆိုတာကိုပါ..
ကျန်တာတွေတော့အထူးမဝေဖန်လို
ဘူးတော့ပြောပါတယ်…
ရုပ်ရှင်ကားပီးလို့မီးဖွင့်ပြီး ပြန်ဖို့ထတဲ့အချိန်မှာ ဘေးနားကရုပ်ရှင်လာကြည့်တဲ့ပြင်သစ်တွေအားလုံးရဲ့အကြည့်က ကျွန်တော့်အပေါ်ရောက်လာတယ်…
ကျွန်တော်လဲခပ်တည်တည်နဲ့ ကျွန်တော့်သူငယ်ချင်တွေဘက်လှည့်ပီး
သွားရအောင်လိုခေါ်ပီးထွက်လာတယ်…

cd – Nyi Nyi Lwin

Leave a comment