Few aged Muslims’ combined prayers with family members at home at South Dagon prohibited by Myanmar Authorities

Myanmar Muslim Media

တောင်ဒဂုံတွင် မွတ်စလင်မ်သက်ကြီးရွယ်အိုများ စုပေါင်းဝတ်ပြုမှုတားဆီးခံရ

ဟိန်းအောင် ဇွန် ၉ ၊ ၂၀၁၇

အစ္စလာမ့်ဘာသာရေး ပုံမှန်ဝတ်ပြုဆောင်များပိတ်ပင်ခံထားရသည့် တောင်ဒဂုံမြို့နယ်တွင် နေအိမ်အတွင်းမိသားစုများနှင့်သက်ကြီးရွယ်အိုများစုပေါင်းဝတ်ပြုနေခြင်းကို ဒေသအုပ်ချုပ်ရေးပိုင်းက ယနေ့ညတွင်လာရောက်တားမြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက် ပုဂံလမ်းမပေါ်ရှိ စိုးမိုးလျှပ်စစ်ဆိုင်ရှိ မိသားစုများနှင့် သက်ကြီးရွယ်အို အနည်းငယ်ခန့်စုပေါင်းဝတ်ပြုခြင်းကို ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုးအပါအ၀င် အာဏာပိုင်များက ၀တ်ပြုခြင်းမပြုရန်လာရောက်တားဆီးခဲ့ခြင်းဖြစ်သည်။

“အိမ်နီးနားချင်း သက်ကြီးရွယ်အိုတစ်ချို့နဲ့ လူ၁၅ ယောက်လောက်ဝတ်ပြုတာကို လာတားတာပါ။ခင်ဗျားတို့ကို ပါမစ်ပေးထားတာမဟုတ်ဘူးဆိုပြီး ၀တ်ပြုတာမလုပ်ဖို့လာတားတယ်”ဟုဒေသခံတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

တောင်ဒဂုံမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ဥပုဒ်ကာလအတွင်း ယာယီစုပေါင်းဝတ်ပြုခွင့်ပေးရန်အတွက် နေရာ ၁၅ နေရာကိုလျှောက်ထားခဲ့သော်လည်း သက်ဆိုင်ရာက တစ်နေရာမျှခွင့်မပြုခဲ့သဖြင့် ဒေသခံများမှာ နေ့စဉ်ဝတ်ပြုမှုအတွက် အခက်ကြုံနေရခြင်းဖြစ်သည်။

“၀တ်ပြုချင်ရင် သင်္ကန်းကျွန်း တို့ တာမွေတို့ဘက် သွားဝတ်ပြုရတယ်။ပိုက်ဆံမရှိတဲ့သူတွေကတော့ လမ်းစရိတ်မတတ်နိုင်လို့ ၀တ်ပြုဖို့ မသွားနိုင်ကြဘူး”ဟု တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူတစ်ဦးက အစ္စလာမ်ဘာသာဝင်များကြုံတွေ့နေရသည့်အခက်အခဲကို ပြောသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မန္တလေးတိုင်းဒေသ
ကြီးအတွင်းရှိ မိတ္ထီလာမြို့တို့တွင် အစ္စလာမ်ဘာသာဝင်များ လွတ်လပ်စွာဝတ်ပြုခွင့်တားမြစ်ခံထားရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s