Wirathu quoted out of context from Quran to insult Islam

Thant Zin

out of context
without the surrounding words or circumstances and so not fully understandable.

မနေ့က အိပ်ယာဝင်ခါနီး ဇနီးသည်က ဖေ့ဘုတ်သုံးရင်း ဗီဒီယိုဖိုင် တဖိုင်ဖွင့်နားထောင်ပါတယ်။
ဦးဝီရသူရဲ့  အစ္စလာမ်ဘာသာအကြောင်းပြောထားတဲ့ဖိုင်လေးပါ။
သူ့ဖိုင်လေးနားထောင်ပီး ဇနီးသည်မေးတဲ့မေးခွန်းက
ကာဖီရ်တွေကို (အစ္စလာမ်သာသနာကို မယုံကြည်သူတွေကို)တွေ့တဲ့နေရာမှာ သတ်ရမယ်ဆိုတာ ဟုတ်လား ကိုကိုရေတဲ့။


မင်းကလည်းကွာမေးစရာရှားလို့ မင်းလည်းမလေးရှားမှာ ၁၀နှစ်လောက်နေဖူးတာပဲ
မူဆလင်တွေက လူများစုဖြစ်တာနဲ့ လူစု ဂျီဟတ်အော် မူဆလင် မဟုတ်သူတွေကို သတ်ဆိုရင် ၃၀%လောက်ရှိတဲ့ တရုတ်တွေ အင်ဒီးယန်းတွေ ဘယ်မှာရှိပါတော့မလဲ။
ငါတို့မြန်မာနိုင်ငံသားတွေ သွားအလုပ်လုပ်နေတာ တရားဝင်ရော တရားမဝင်ရောပေါင်းရင် တစ်သန်းနီးပါးလောက်ရှိတာကွာ သူများပြောတိုင်းမယုံပါနဲ့ လို့ပြောတော့

မဟုတ်ဖူးလေ ဦးဝီရသူက ကုရ်အာန်ကို ဖွင့်ဖတ်ပီး ပြောနေတာလေ
ကုရ်အာန်ထဲမှာ အဲလိုပါလို့လားတဲ့ဆိုတော့

Out of context ဆိုတာလေးရှင်းပြလိုက်တယ်
Chapter 2:verse 191 ကိုသူပြောတာ
သူ့အပေါ်က 2:190-192-193 တို့ကို မဖော်ပြတဲ့အပြင် 2:191 ကိုတောင်အပြည့်ဖတ်ပြတာမဟုတ်ပါဘူးကွာ။
ရော့ဖတ်ကြည့် ဒါ စစ်ပွဲကာလအတွင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေကွ။

စစ်ပွဲကာလအတွင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေ

ကိုယ့်အိမ်ယာကို ကျူးကျော်ဖျက်ဆီးမယ်
ကိုယ့်သာသနာကို ကျင့်သုံးခွင့် လုံးဝမပြုတော့ဘူး
ကိုယ့်အသက် အန္တရာယ်ကိုပါ ရန်ရှာလာပီဆိုရင် ခုခံစစ် ခွင့်ပြုတဲ့ အကြောင်းတွေရေးထားတာပါကွာလို့ ပြောရင်း

2 190 ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
2 191 ထို့ပြင်တ၀ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တ၀ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်သည်။
2 192 သို့သော် အကယ်၍သာ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သွေဖည်ခြင်း၊ မွတ်စ် လင်မ်တို့အားညှဉ်းဆဲခြင်းနှင့် ပြိုင်ဆိုင်တိုက်ခိုက် ခြင်းတို့ကို) ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့ကို)အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
2 193 ထို့အပြင်တ၀အသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (၀ါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။

ဗုဒ္ဓ္ဒမြတ်စွာဘုရားတော်၏ စစ်မှန်သော တရားတော်များကို သာ ဖြန့်ချိသည့် ရဟန်းစစ်များသာ တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓသာသနာကို ဖြန့်ချီနိုင်ပါစေသောဝ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s