ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ-၂၆ ဆိုသည်မှာ

Win Tun Zaw

ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ-၂၆ ဆိုသည်မှာ
{ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသားသည်}

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ်ကုရ်အာန်လာ ဘာသာရေးတာဝန် ပြဋ္ဌာန်းချက် ဖြစ်သည့် ရမဒွါန်လမြတ် ဥပုသ်သီလစောင့်ထိန်းသော အချိန်အခါသမယ၌ ဗလီ၊ကျောင်း၊ဝတ်ပြုမြဲနေရာများတွင် ဘုရားဝတ်ပြု(နမာဇ်ဖတ်)ကြရပါသည်။ အစ္စလာမ်သာသ နာတွင် နေ့စဉ် (၅)ကြိမ်မပြုမနေရ ဝတ်ပြုရသည့်အပြင် ဥပုသ်လတွင် ဥပုသ်ဆောက်တည်ရာ၌ ဗလီရှိသည့်အရပ် တွင် ဗလီ၌လည်းကောင်း၊ ဗလီမရှိသည့်အရပ်တွင် ဘာသာ ရေးစာသင်ကျောင်းများ၌လည်းကောင်း၊ဘာသာရေး စာ သင်ကျောင်းမရှိသည့်အရပ်တွင် စုပေါင်းဝတ်ပြုနိုင်သည့် အကျယ်အဝန်းရှိသော အိမ်များ၌လည်းကောင်း ဝတ်ပြုကြ ပါသည်။ နှစ်ပေါင်းရာချီ အစဉ်အလာဖြစ်ပါသည်။

၂ဝ၁၆-ခုနှစ်အထိ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများ၏ ခွင့်ပြုချက် ဖြင့် ဘာသာရေး စာသင်ကျောင်းများနှင့် အိမ်များတွင်ဝတ် ပြုခွင့်ရခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၊ ၃၆၂ တို့တွင် အစ္စလာမ်သာသနာကို နိုင်ငံတော်တွင်ရှိနေသော ကိုးကွယ်ရာဘာသာဖြစ်ကြောင်းနှင့် လွတ်လပ်စွာ ယုံကြည် ကိုးကွယ် ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ-၃၅၄ (ဃ)တွင် အခြားဘာသာသနာများကို ထိခိုက်နစ်နာမှုမရှိ စေဘဲ လွတ်လပ်စွာ ကိုးကွယ်ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ကိုလည်းကောင်း၊ ပုဒ်မ-၃၄၈တွင် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ကိုးကွယ်ရာဘာသာကို အကြောင်းပြု၍ ခွဲခြား စေမှုမရှိစေရဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာသည် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ နှင့် ၁၂ဝဝ ကျော်ကပင်ရောက်ရှိနှင့်နေပြီး တိုင်းရင်းသား၊နိုင်ငံသားမွတ်စလင်များ ယုံကြည်ကိုးကွယ် သည့် သာသနာဖြစ်ပါသည်။ တိုင်းရင်းသားကမန် လူမျိုးများ သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင် အစ္စလာမ်ဘာသာဝင် တိုင်းရင်း သား မွတ်စလင်များစွာရှိပါသည်။ ပြည်ထောင်စုသား မွတ်စ လင်များဖြစ်ကြပါသည်။

ရှေးမြန်မာမင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်၊ ဗလီဝတ်ကျောင်းများဆောက်လုပ်ပြီး ဝတ်ပြုခဲ့ကြရာ၁၉၆၂- ခုနှစ်အထိ ဗလီကျောင်းများ ဆောက်လုပ်ခွင့် ပြုပြင်မွမ်းမံ ခွင့်ရှိခဲ့ပါသည်။လွတ်လပ်စွာကိုးကွယ်ခွင့်ရှိခဲ့ပါသည်။ လမ်း များပေါ်တွင် လူမျိုး၊ ဘာသာအားလုံး နာကြားနိုင်သည့် တရားပွဲများ ကျင်းပခွင့်ရခဲ့ပါသည်။ ရဟန်း၊ သံဃာများပင် နာကြားကြပါသည်။ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအစိုးရလက်ထက် ထုတ်ဝေသည့် သာသနာရောင်ဝါထွန်းစေဖို့ စာစောင်တွင် အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ အမှာစကား၌ ဘာသာ အယူဝါဒသည် လူသတ္တဝါများကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာတွင်စွမ်းအားမြင့်မားသော အင်အားကြီးတစ်ရပ်ဖြစ် ကြောင်း၊ သာသနာရောင်ဝါ ထွန်းရေးသည် ဗုဒ္ဓဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်များ၏ အားပေးကူညီမှုနှင့် များစွာချိတ်ဆက် လျက်ရှိပြီးအလွန်အရေးကြီးသည့်အမျိုးသားရေးတာဝန်ကြီး တစ်ရပ်ဖြစ်ကြောင်း၊ ဖော်ညွှန်းထားပါသည်။ အမျိုးသားရေး တာဝန်ဆိုသည်မှာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် တစ်မျိုးတည်း ကို ဆိုလိုခြင်းမဟုတ်ပါ။တိုင်းရင်းသား၊ နိုင်ငံသားလူမျိုး အားလုံး၊ ဘာသာအားလုံးနှင့် သက်ဆိုင်ပါသည်။ မြန်မာ နိုင်ငံသား အားလုံး လူမျိုး၊ ဘာသာမခွဲခြားဘဲ အမျိုးသားရေး တာဝန်ရှိပါသည်။မျက်ကန်းမျိုးချစ်ဝါဒ၊ လူမျိုးခွဲခြား၊ ဘာသာခွဲခြားလူမျိုးတစ်မျိုး၊ ဘာသာတစ်ခုတည်းအတွက် ကြည့်ပြီးအခြားလူမျိုး၊ ဘာသာများအပေါ်ဝေဖန်၊တိုက်ခိုက်၊ ဖိနှိပ်၊ချုပ်ချယ်၊အနိုင်အထက်ပြုခြင်းသည် စစ်မှန်သောအမျိုး သားရေးလက္ခဏာ မဟုတ်ပါ။အကြမ်းဖက် ဝါဒသာ ဖြစ်ပါ သည်။ထိုသူများသည် အကြမ်းဖက်ဝါဒီများဖြစ်ပါသည်။

ဘာသာတိုင်း၏ဘုရားရှင်များက လူသတ္တဝါများကို ယေဘုယျအားဖြင့် မကောင်းမှုပြုရမှာကို ကြောက်စေခြင်း နှင့် ရှက်စေခြင်းဟူသည့် တူညီသောတရားနှစ်ပါးကို ဟော ကြားဆုံးမကြောင်း၊ဘာသာဝင်များကို ”မဆုံးမ” ”မသွန်သင်” သော ဘာသာအယူဝါဒဟူ၍မရှိကြောင်း၊ ဘာသာဝင်များ အချင်းချင်းသော်လည်းကောင်း၊မတူညီကွဲပြားသော ဘာ သာဝင်အချင်းချင်းသော်လည်းကောင်း၊ ညီညွတ်ကြဖို့လို ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်သော ဘာသာရေးကိုး ကွယ်ခွင့်ကို ထူးခြားစွာခံစားခွင့်ရကြကြောင်း ဘာသာအား လုံး၏ ညီညွတ်ရေးဖြစ်ကြောင်း၊ ဘာသာရေးညီညွတ်မှု သည် တိုင်းရင်းသားညီညွတ်မှုဖြစ်ကြောင်း ဘာသာရေးတွင် နိုင်ငံရေးမရောစွက်ဖို့ သတိပြုရမည်ဖြစ်ကြောင်း၊ သာသနာ ရောင်ဝါထွန်းစေဖို့ ပြည်သူတစ်ရပ်လုံး ကြိုးပမ်းစို့ဟု ဖော်ပြ ထားပါသည်။ရှေးမြန်မာဘုရင်များလက်ထက်တွင် ဘာသာ တစ်ခုနှင့်တစ်ခုအပြန်အလှန် ထောက်ထားစာနာလေးစားမှု၊ ရင်းနှီးချစ်ကြည်မှု အပြည့်အဝရှိခဲ့သဖြင့် အစ္စလာမ်ဘာသာ ဝင်များသည် အခြားဘာသာဝင်များနှင့် ရင်းနှီးချစ်ခင်စွာ ရောင်းဝယ်နေထိုင်လာကြကြောင်း၊မြန်မာနိုင်ငံသား အစ္စ လာမ်ဘာသာဝင်များအား နှစ်စဉ်ဟဂ်ျ ဘုရားဖူးစေလွှတ်ခဲ့ ကြောင်း၊ဗလီများပြန်လည်ပြုပြင်မွမ်းမံ ဆောက်လုပ်ခွင့်ပြု ခြင်းနှင့်ဝင်းထရံများကာရံရေး၊ အသစ်တိုးချဲ့ဆောက်လုပ် ရေးတို့အတွက် သဘောထား ပြန်ကြားခြင်း၊ စိစစ်ပေးခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးတို့ကို ဆောင် ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ အတွင်းလှည့်လည်၍ ဘာသာရေးကိစ္စများ ဆောင်ရွက်နိုင် ရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား အခမဲ့ မီးရထား၊ သင်္ဘောစီးခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း စသည်ဖြင့်ဖော်ပြထားပါသည်။ ဤသည်မှာ ၂ဝ၁ဝပြည့်နှစ် မတိုင်မီကာလ ဗလီကျောင်းများတည်ရှိမှု ပြုပြင်မှုတရားဝင် မှု အထောက်အထား ဖြစ်ပါသည်။

အစ္စလာမ်ဘာသာဝင်များ၏ ဝါကျွတ်ပွဲနေ့နှင့် ဘက္ကရီးအိးဒ်နေ့ တမန်တော်မြတ်မွေးနေ့များတွင် ဘာသာ ရေးဆိုင်ရာ ဟောပြောချက်များကို မြန်မာ့အသံမှ ဟော ပြောခွင့်များ စိစစ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစ္စလာမ် ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ၊ သာရေး နာရေး၊ လူမှုရေးအသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေး တို့ကိုလည်း ထောက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။မြန်မာနိုင်ငံအဝှမ်း ပြည်နယ်နှင့်တိုင်း များတွင် ဗလီဝတ်ကျောင်းတော် (၂၂၆၆)လုံးနှင့် ဘာသာ ရေးစာသင်ကျောင်း(၇၅၉)ကျောင်းရှိကြောင်း၊ ရန်ကုန်တိုင်း အတွင်း (၄၁)မြို့နယ်၌ ဗလီဝတ်ကျောင်းတော် (၁၇၁)လုံးရှိ ကြောင်း အသိအမှတ်ပြု မှတ်တမ်းတင်ဖော်ပြထားပါသည်။ မြန်မာနိုင်ငံရှိ ဗလီ ဝတ်ကျောင်းတော်အားလုံးမှာ ၁၉၆၂-ခုနှစ်မတိုင်မီကပင်ရှိနှင့်ပြီးသော သာသနိက ဆောက်အအုံ များဖြစ်ပါသည်။ ယခင်က သာသနာ့ဝတ္တကမြေလျှောက် သဖြင့် ရရှိသည့်ဗလီများရှိသကဲ့သို့ သာသနာ့ဝတ္တကမြေ မလျှောက်ခဲ့သည့် ဗလီဝတ်ကျောင်းများလည်းရှိပါသည်။ တရားမဝင်ဆောက်လုပ်သည့် ဗလီလုံးဝမရှိခဲ့ပါ။ နှစ်ပေါင်း များစွာတည်ရှိ အသုံးပြုခဲ့ပြီး နိုင်ငံတော် အစိုးရ သက်ဆိုင် ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ချက်များအရ ယင်း ဗလီများတည်ရှိကြောင်း တရားဝင်တည်ရှိကြောင်း တာဝန် ရှိသူများ သိရှိပြီးဖြစ်ပါသည်။ တရားမဝင်ဗလီ ဆောက်လုပ် သဖြင့် ဖျက်သိမ်းရန်ဆောင်ရွက်ခဲ့ခြင်းလည်း မရှိခဲ့ပါ။သာသ နာ ရေးဝန်ကြီးဌာနတွင် အထာက်အထားများရှိပါသည်။ ထိုစဉ်ကဗလီဖြစ်ကြောင်း အထောက်အထားထုတ်ပေးခြင်း လည်းမရှိပါ။ဘာသာရေး၊သာသနာရေးလွတ်လပ်စွာဆောင် ရွက်နိုင်ခွင့်ကို ခွင့်ပြုအသိအမှတ် ပြုထားခြင်းဖြစ်သဖြင့် အနှောင့်အယှက်၊ အဟန့်အတားမရှိဘဲ နှစ်ပေါင်းများစွာ အစ္စလာမ်ဘာသာဝင်များအေးချမ်းစွာဝတ်ပြုခဲ့ကြခြင်းဖြစ်ပါသည်။

ရန်ကုန်မြို့တော် တိုးချဲ့စီမံကိန်းအရမြို့သစ်များနေရာ ချထားပေးရာတွင် မြို့သစ်နေ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ရန်ကုန်မြို့တွင်းရှိ ဗလီဝတ်ကျောင်းများသို့ တစ်နေ့ (၅)ကြိမ် သွားရောက်ဝတ်ပြုရန် မဖြစ်နိုင်သဖြင့် လည်းကောင်း၊သက်ကြီးရွယ်အိုများနှင့်ကလေးများ ရန်ကုန် မြို့တွင်းသို့နေ့စဉ်သွားရောက်ရန်မဖြစ်နိုင်သဖြင့်လည်းကောင်း၊ တိုးတက်လာသောလူဦးရေအရ မူလရှိပြီး ဗလီဝတ်ကျောင်း တော်များတွင် နေရာမလုံလောက်သဖြင့်လည်းကောင်း၊ ဗလီဝတ်ကျောင်းနှင့် စာသင်ကျောင်းအသစ်များဆောက် လုပ်ခွင့်မပြု တိုးချဲ့ပြင်ဆင်မွမ်းမံမှု ကန့်သတ်သဖြင့် ဝတ်ပြု ရန် အခက်အခဲများ ပေါ်ပေါက်လာခဲ့ရပါသည်။ ထို့ကြောင့် ဘာသာရေးစာသင်ကျောင်းများတွင် ဝတ်ပြု ကြရသည့်ဘဝ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ မူလကအဆင်ပြေခဲ့သော်လည်း လူမျိုးရေး၊ဘာသာရေး အမုန်းစကားလှုံ့ဆော်၊ဖြန့်ချိ၊ ဟော ပြောမှုများကြောင့် ရိုးသားသော ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်သာသနာနှင့် မွတ်စလင်များအပေါ် သံသယ စိတ်များဝင်ပြီး အကြောင်းမရှိဘဲ အမုန်းပွားလာရာမှ ပဋိပက္ခများ အကြမ်းဖက်ခံရမှုများကြောင့် ဗလီနှင့်စာသင် ကျောင်းများ မီးရှို့ဖျက်ဆီး ပိတ်သိမ်းခံရသဖြင့် ဝတ်ပြုရန် နေရာအခက်အခဲများ ကြုံတွေ့လာခဲ့ရခြင်း ဖြစ်ပါသည်။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာရေးကို အလွဲသုံးစား ပြုခြင်း ကြောင့်ဖြစ်ပါသည်။အဆိုပါ မီးရှို့ဖျက်ဆီး ပိတ်သိမ်းခံထားရ သော ဗလီနှင့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့် ပြုပြင်တည်ဆောက်ခွင့်ပြုရန် အစိုးရအဆက်ဆက်သို့ နည်းလမ်းအသွယ်သွယ်၊ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ယနေ့တိုင်ခွင့်ပြုခြင်းမရှိသေးသဖြင့် မြန်မာနိုင်ငံသား အစ္စ လာမ်ဘာသာဝင်များအနေဖြင့် ခွဲခြားဆက်ဆံ၊ဖိနှိပ်ခံရသည် ဟု ရင်နင့်စွာခံစားခဲ့ကြရပြီး ဝမ်းနည်းပူဆွေးသောကရောက် လျှက်ရှိနေကြရပါသည်။ဒီမိုကရေစီ ပြည်သူ့အစိုးရလက် ထက်တွင် အရှိန်အမြင့်ဆုံးဖြစ်ပါသည်။အထူးသဖြင့် မြို့သစ် နေအစ္စလာမ်ဘာသာဝင်များနှင့် ဗလီမရှိသည့်ဒေသများ တွင် ဘာသာရေးစာသင်ကျောင်းများ၌ လည်းကောင်း၊ အချို့လူနေအိမ်များတွင်လည်းကောင်း၊ရမဒွါန်ဥပုသ်လတွင် ဝတ်ပြုနေကြရပါသည်။သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။

ယခုအခါ ဘာသာရေးစာသင်ကျောင်းများတွင် ဝတ် ပြုသည်ဟုဆိုကာ တရားမဝင်အဖွဲ့အစည်း၊ ပုဂ္ဂိုလ် လူတစ်စု က ဥပဒေမဲ့ဝင်ရောက်စွက်ဖက်ခြိမ်းခြောက်၊အကြပ်ကိုင် ဖိအားပေးမှုများကြောင့် ဘာသာရေးစာသင်ကျောင်း အချို့ ပိတ်သိမ်းခံထားရပြီး ဝတ်ပြုခွင့်မရသည့်အခြေအနေသို့ ရောက်ရှိလာပါသည်။ထို့ပြင် ယခင်နှစ်များက ဝတ်ပြုခွင့် ပြုထားသောနေရာများတွင်လည်း ဝတ်ပြုခွင့်မပြုတော့ သဖြင့် ဝတ်ပြုရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် အစ္စလာမ်သာသနာတရားတော် ပြဋ္ဌာန်းချက် အရ နှစ်စဉ်ရမဒွါန်ဥပုသ်လတွင် မပျက်မကွက် ဝတ်ပြုရ သည့် ဘာသာရေးတာဝန်ကို ဆောင်ရွက်ခွင့်မရရှိကြသဖြင့် ဒေသခံအစ္စလာမ်ဘာသာဝင်များ စိတ်နှလုံးကြေကွဲ ဝမ်း နည်းမှု ခံစားနေကြရပါသည်။ နိုင်ငံသားများ၏ အခွင့်အရေး များဆုံးရှုံးလျက်ရှိပါသည်။ထို့ကြောင့်ဘုရားသခင်ကို ချစ် သည့် စိတ်၊ ဘာသာသာသနာကို ယုံကြည်မြတ်နိုးသည့်စိတ်၊ ဘာသာရေးတာဝန်ကို မပျက်ကွက်လိုသည့်စိတ်ဖြင့် မိမိတို့ နေထိုင်ရာ အိမ်ရှေ့လမ်းမပေါ်တွင် လမ်းသွားလမ်းလာ ပိတ်ဆို့ခြင်း အများပြည်သူအနှောင့်အယှက်ဖြစ်စေခြင်း၊ အခြား ဘာသာဝင်များငြိုငြင်မှုဖြစ်စေခြင်းမရှိဘဲ လမ်းတစ် ခြမ်းတွင် လမ်းသူလမ်းသားများမှ အကူအညီဖြင့် သဘော ရိုးဖြင့် အချိန်(၁၅)မိနစ်ခန့် ဝတ်ပြုခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ ဝတ်ပြုရာတွင် ဘာသာသာသနာရေး ကိစ္စ ဆောင်ရွက်ခြင်းဖြစ်သဖြင့် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင် ရန်မလိုဟု သဘောရိုးဖြင့် ယုံကြည်သဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။သာကေတမြို့နယ်ဖြစ်စဉ်တွင် ထိုသို့လမ်း တစ် ခြမ်းတွင် ဝတ်ပြုမှုပြုလုပ်သည့်ကိစ္စမှာ ရုတ်တရက်ချက်ချင်း ထလုပ်သည့်ကိစ္စမဟုတ်ပါ။ ပတ်ဝန်းကျင်ကို အသိပေး ဖိတ် ခေါ်ပြီးမှ စုစည်းပြုလုပ်ကြခြင်းဖြစ်ပါသည်။ လမ်းထဲတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ကြပါသည်။ည ၈းဝဝနာရီခန့် အများပြည် သူ အသွားအလာနည်းသည့် အချိန်ဖြစ်ပါသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ မသိနိုင်စရာအကြောင်း မရှိပါ။ထိုသို့ ပြုလုပ်မည်ကို အချိန်မီ တားဆီးနိုင်ပါသည်။ စာသင်ကျောင်းများ ပိတ်ထားသဖြင့် စောင့်ကြည့်သတင်းယူ မှုများလည်း ရှိနေပါသည်။အခြားပြင်ပမှ လှုံ့ဆော်မှု၊ တိုက် တွန်းမှု၊စေ့ဆော်မှု၊မြှောက်ပေးမှု ကြောင့်မဟုတ်ဘဲ မိမိတို့၏ ခံစားချက်ဖြင့် ဘာသာရေးတာဝန်တစ်ခုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ယင်းကိစ္စကိုသက်ဆိုင်ရာမှ အရေးယူခဲ့ပါသည်။ ခံဝန်ဖြင့် ပြီးပြတ်ခဲ့သည်ဟု သိရပါသည်။ ခံဝန်ဆိုသည်မှာ ပြုလုပ်မှုတစ်ခုအတွက် နောင်တွင်မပြုလုပ်ပါဟု သဘော တူဝန်ခံချက် ပြုလုပ်ခြင်းဖြစ်ပါသည်။ဝန်ခံချက်ကို ချိုး ဖောက်မှသာလျှင် ဥပဒေအရ ဆက်လက်အရေးယူရမည့် သဘောဖြစ်ပါသည်။တာဝန်ရှိသူ တာဝန်ခံများက တာဝန် ယူ ခံဝန်ကတိပြုပြီးလည်း ဖြစ်ပါသည်။ယင်းခံဝန်သည်ထိုသူ များ၏ နောက်လိုက်ပါဝင်သူများအပေါ်တွင်လည်း စည်း နှောင်အားရှိပါသည်။ယင်းခံဝန်ချိုးဖောက်ခြင်းမရှိဘဲ မည်သူ့ကိုမျှ အရေးယူ၍ မရကြောင်းသိရှိနိုင်ပါသည်။

သို့ရာတွင် ထိုသို့ ခံဝန်ပြုလုပ်ပြီးမှ နောက်လိုက်ပါဝင် သူတစ်ဦးအား ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေပုဒ်မ-၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသည်ဟုဆိုကာ ပုဒ်မ-၂၆ဖြင့် တရားစွဲ ဆိုကြောင်း သတင်းများထွက်ပေါ် ကြားသိခဲ့ရပါသည်။ ထို့ပြင် ခံဝန်ပြုလုပ်ပြီးသူများအား အခြားဥပဒေများဖြင့် အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ကြားသိနေရပါသည်။အဆိုပါဝတ်ပြုမှုတွင် ပါဝင်ဝတ်ပြုသူ တစ်ဦးအား ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေပုဒ်မ-၂၆အရ အရေးယူသည်ဆိုရာတွင် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေကို လေ့လာဆန်းစစ်ဖို့လိုပါသည်။ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ အခန်း (၁၁) ပုဒ်မ-၂၆တွင် ”မည်သူမဆို ပုဒ်မ၂၁ ပါ တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ခြောက်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါး သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊သက်ဆိုင်ရာ တရားရုံးကချမှတ်ရမည်”ဟု ပြဋ္ဌာန်း ထားပါသည်။ထို့ကြောင့် ပုဒ်မ-၂၁ကိုလေ့လာလျှင် ”ရပ် ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အခမ်းအနားများ၊အများပြည်သူဖြေဖျော်သည့်ပွဲများ၊ပြပွဲများ၊ ပြိုင်ပွဲများ၊ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများ ကျင်းပ လိုပါ က သက်ဆိုင်ရာတာဝန်ရှိသူထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်” ဟု ဆိုထားပါသည်။

သို့ဖြစ်ရာ ယခုဖြစ်ပေါ်ခဲ့သော သာကေတလမ်းပေါ် ဝတ်ပြုမှုနှင့် ပုဒ်မ-၂၁ ပြဋ္ဌာန်းချက်ကို ချိန်ထိုးသုံးသပ် ကြည့် ပါကအစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ်ကုရ်အာန်ပြ ဋ္ဌာန်းချက် အဓိကမဏ္ဍိုင်ကြီး (၅)ရပ်အနက် ဥပုသ်သီလ စောင့်ထိန်းခြင်းသည် ဘာသာသာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်းနှင့် ဘာသာသာသနာက ပြဋ္ဌာန်းထားသည့် ဝတ်ပြုမှုကို ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း အငြင်း မပွားပါ။အများပြည်သူနှင့် နိုင်ငံတကာက သိရှိပြီးဖြစ်ပါ သည်။ မပြုမနေရ တာဝန်ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ-၂၁ပါ”အခမ်းအနားကျင်းပခြင်း”လည်းမဟုတ်ပါ။ ”အများ ပြည်သူဖျော်ဖြေပွဲ”လည်း မဟုတ်ပါ။ ”ပြပွဲ”လည်းမဟုတ်ပါ။ ”ပြိုင်ပွဲ”လည်းမဟုတ်ပါ။”ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲ” လည်းမဟုတ်ပါ။ရိုးရာဓလေ့ပွဲဆိုသည်မှာ သာသနာက ပြဋ္ဌာန်းထားခြင်း မရှိသည့် မိရိုးဖလာဓလေ့ ထုံးစံများ ဖြစ်ပါ သည်။ဘုရားသခင်ပြဋ္ဌာန်းချက်မဟုတ်ပါ။ဘုရားဟော တရားမဟုတ်ပါ။ ဥပမာ- ဗုဒ္ဓဘာသာဝင်များရိုးရာသင်္ကြန်ပွဲ၊ နတ်ပွဲ၊ ဦးရှင်ကြီးပွဲ၊ မိုးခေါ်လွန်ဆွဲပွဲ စသည်တို့ဖြစ်ပါသည်။ အစ္စလာမ်သာသနာတွင် သတ်မှတ်ထားသော ရိုးရာဓလေ့ မရှိပါ။မြန်မာမွတ်စလင်များတွင် ရိုးရာဓလေ့မရှိပါ။ ကမ္ဘာ့ မည်သည့်ဒေသတွင်မဆို အစ္စလာမ်သာသနာ ပြဋ္ဌာန်းချက် မှာ အားလုံးအတူတူပင်ဖြစ်ပါသည်။ အစ္စလာမ်သာသနာ ပြဋ္ဌာန်းချက်အားလုံးသည် ဘာသာရေး၊သာသနာရေး ဆောင်ရွက်ရန် တာဝန်များသာဖြစ်ပါသည်။ မိမိသဘော အလျောက် ဓလေ့ထုံးစံတီထွင် ပြုလုပ်ခြင်းသည် အစ္စလာမ် သာသနာနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ဘုရားသခင်ကလုံးဝ ခွင့်မပြုပါ။ တမန်တော်က တားမြစ် ထားပါသည်။ ဥပမာ- နိကာဟ်(လက်ထပ်ထိမ်းမြားခြင်း)သည် ဘာသာရေးတာဝန် ဖြစ်ပါသည်။ ဘုရားဝတ်ပြုရန် ကိုယ်ခန္ဓာသန့်စင်ခြင်းသည် ဘာသာရေးတာဝန်ဖြစ်ပါသည်။ပညာသင်ကြားပေးခြင်း၊ သင်ယူခြင်းသည် ဘာသာရေး တာဝန်ဖြစ်ပါသည်။ ဆင်းရဲ သားဒါနကြေးပေးဆောင်ခြင်းသည် ဘာသာရေးတာဝန်ဖြစ် ပါသည်။ဝတ်ပြုခြင်းသည် ဘာသာရေး တာဝန်ဖြစ်ပါသည်။ ရမဒွါန်လဥပုသ်ဆောက်တည်ခြင်းသည် ဘာသာရေး တာဝန်ဖြစ်ပါသည်။အစ္စလာမ်တရားတော်က ပြုလုပ်ရန် ပြဋ္ဌာန်းချက်အားလုံးကို ပြုလုပ်ဆောင်ရွက်ခြင်းနှင့် တားမြစ် ချက်အားလုံးကို မပြုလုပ်ခြင်းသည် ဘာသာရေးတာဝန်ဖြစ် ပါသည်။ မိမိနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိရို သေခြင်းသည် ဘာသာရေးတာဝန်ဖြစ်ပါသည်။အခြား ဘာသာသာသနာများကိုစောင့်ရှောက်ခြင်းသည် ဘာသာ ရေးတာဝန်ဖြစ်ပါသည်။ထို့ကြောင့် ဝတ်ပြုခြင်း သည် ဘာသာ သာသနာဆိုင်ရာဆောင်ရွက်ခြင်းဖြစ်သဖြင့်ပုဒ်မ- ၂၁ ပြ ဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်းမရှိပါ။ ထို့ကြောင့် ခွင့်ပြုမိန့်ယူရန်မလိုဟု သဘောရိုးဖြင့် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။ရပ်ကွက်အတွင်းသို့ ညအချိန် မတော် နာရီပေါင်းများစွာ ပြင်ပမှ ဥပဒေမဲ့ဝင်ရောက်လာသည့် ဥပဒေနှင့် ဆန့်ကျင်သောလူအုပ်စုကြီးက ဘာသာရေး စာသင်ကျောင်း ပိတ်ပွဲ ကျင်းပသည့်ဖြစ်စဉ်တွင် မည်သည့် ခွင့်ပြုချက်မျှ ရယူခြင်း မရှိသည့်အပြင် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများ ရှေ့မှောက်တွင်ပင်ပြောင် ပြောင်တင်းတင်း ပြုလုပ်ခဲ့ခြင်းသည် ပြဋ္ဌာန်းတည်ဆဲဥပဒေ များနှင့် ညီညွတ်ပါသလား ဆိုသည်ကို သုံးသပ်ကြည့်လျှင် ယခုအစ္စလာမ်ဘာသာဝင်များ၏ဘာသာသာသနာရေးဆိုင် ရာ ဆောင်ရွက်ခြင်းသည် မပြောပလောက်သည့် ကိစ္စဖြစ်ပါသည်။ ကောင်းသည့်ကိစ္စ ငြိမ်းချမ်းသည့်ကိစ္စဖြစ်ပြီး အတူနေရပ်ကွက်သူရပ်ကွက်သား၊ လမ်းသူလမ်းသား အများစုကြီးက မကျေနပ်၍ တိုင်ကြားခြင်းလည်း မဟုတ် ပါ။ ဝိုင်းဝန်းစောင့်ရှောက် ပေးကြပါသည်။ထိုသို့ဆိုလျှင် ကြိုတင်တားဆီးနိုင်ပါလျက်ပြီးမှ အရေးယူခြင်းသည် မည် သည့် ဖိအားကြောင့်ဖြစ်ရသည်ကို သံသယဝင်ဖွယ်ရာရှိ နေကြပါသည်။ ဘုရားရှိခိုးဝတ်ပြုကိုး ကွယ်တာ အပြစ်လား ဆိုသည်ကို ဗုဒ္ဓဘာသာ အများစုတိုင်းပြည်တွင် ဗုဒ္ဓ၏ တရားနှင့် သုံးသပ်ကြည့်နိုင်ပါသည်။

၂ဝ၁၂-ခုနှစ် ရပ်/ကျေးအုပ်ချုပ်ရေး ဥပေဒပုဒ်မ-၂၄ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်း နေထိုင်သူများ၏ အောက်ပါအခွင့်အရေးများကို စောင့်ရှောက်ပေးရမည် –

(က)x x x x x x x x x

(ခ)ဘာသာသာသနာဆိုင်ရာ ကိစ္စများဆောင်ရွက် ခွင့်

(ဂ) x x x x x x x x x

(ဃ) ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေး စသည်ဖြင့် ဖော်ပြထားပါသည်။

ထို့ကြောင့် ရပ်ကွက်တွင်းနေထိုင်သူများသည် ပုဒ်မ-၂၄ (က)နှင့် (ဂ)ပါ အခွင့်အရေးများရှိပြီး ယင်းအခွင့် အရေးများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စောင့်ရှောက် ပေးရမည့်တာဝန်ရှိကြောင်း ထင်ရှားပါသည်။ ယင်းအခွင့် အရေးသည် မူလဥပဒေပြဋ္ဌာန်းစဉ်ကပင်ရရှိပြီး အခွင့် အရေးဖြစ်ပါသည်။

ယင်းပုဒ်မ-၂၄ ပြဋ္ဌာန်းချက်ကို ၂ဝ၁၆-ခုနှစ် ပြည်သူ့ လွှတ်တော် ဥပဒေအမှတ်-၄ဝဖြင့် အထက်ဖော်ပြပါ မူလ ပုဒ်မ-၂၄(က) မှ (ဃ)အထိ အခွင့်အရေးများကို ရရှိခံစား ပိုင်ခွင့်ရှိရမည်ဟု အစားထိုးပြင်ဆင်ခဲ့ပါသည်။ ထို့ကြောင့် ရပ်ကွက်အတွင်းနေထိုင်သူ မည်သူမဆို ပုဒ်မ-၂၄ပါ အခွင့်အရေးများကို ခံစားခွင့်ရှိသဖြင့် ယင်းအခွင့်ရေးအရ အပိုဒ်ခွဲ(ခ)ပါ ဘာသာသာသနာဆိုင်ရာ ဝတ်ပြုမှုပြုလုပ်ခြင်း သည် ပုဒ်မ-၂၁ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသဖြင့် ယင်းဥပဒေ ပုဒ်မ-၂၆နှင့် အရေးယူရန်မဟုတ်ပါကြောင်း ဥပဒေအမြင်သဘောကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါ သည်။ …..ငြိမ်းချမ်းပါစေ။

friday times news journal

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s