ခင်ဗျားတို့တပ်မတော် က ဘာ ကျင့်ဝတ်ည်းကမ်း မှ မရှိ၊ သူခိုးဓါးပြ မာဖီးယားဂိုဏ်း ကို ယူနီဖေါင်း ဝတ်ပေးထားတဲ့ အဆင့်

ခင်ဗျားတို့တပ်မတော် က ဘာ ကျင့်ဝတ်ည်းကမ်း မှ မရှိ၊ သူခိုးဓါးပြ မာဖီးယားဂိုဏ်း ကို ယူနီဖေါင်း ဝတ်ပေးထားတဲ့ အဆင့်။

ချိုတူးဇော်

” ကျောက်ကန်းတပ်မတော် ”

လက်ရှိ တပ်မတော် ဆိုတာ ဦးနေဝင်း မျိုးစေ့ချခဲ့တဲ့ အချောင်သမားစိတ်၊ သူခိုးဓါးပြစိတ်နဲ့ မာဖီးယားဂိုဏ်း ယူနီဖေါင်းဝတ်ပေးထားတဲ့ အဆင့်ပဲ ရှိတဲ့ တပ်မတော်။
အမိန့်နာခံ သစ္စာခံရင် သူကောင်းပြုခံရတယ်။ တပ်ကထွက်ရင် ညွှန်မှူး၊ ဝန်ကြီး သူကောင်းပြုတယ်။ ခြစားခွင့်ပေးတယ်။

ပြောရရင် မြန်မာ့သမိုင်းမှာ ပြည်သူတွေကနေ ပြည်သူ့လွတ်မြောက်ရေးအတွက် ဘီအိုင်အေဖွဲ့ခဲ့တဲ့ တခနလေးပဲ “တပ်မတော်ရဲ့ အစဉ်အလာ” ဟာ လှတတ ရှိတယ်။ တလျှောက်လုံး ပဒေသရာဇ်သစ္စာခံအဆင့်ပဲ ရှိခဲ့တယ်။ အင်မတန် နုံ့ခဲ့တယ်။
ဦးအောင်ဇေယျ စစ်တိုက်တာတွေ ပြန်ဖတ်ရင် သံလျင်ကို လက်ရွေးစင် ၉၃ ယောက်နဲ့ တိုက်တယ်။ မြို့ကို ရရချင်း အဲဒီလူတွေကို တမြို့လုံး အပိုင်စား ယူနိုင်သလောက်ယူစေတယ်။
ရွှေ ငွေ ကျောက်သံပတ္တမြား မိန်းမ အကုန် ယူပြီး မှ ဘုရင်က မြို့ကို သိမ်းတယ်။ အဲဒီကထဲက မြန်မာ့တပ်မတော်အဆင့်ဟာ ပရို မဟုတ်ဘူး။

တပ်မတော်တရပ် ရဲ့ ပရိုဖက်ရှင်နယ်ကျမှု ဆိုတာ စည်းကမ်းသေဝပ်မှုပါ။ စည်းကမ်းသေဝပ်တယ် ဆိုတာနဲ့ အမိန့်နာခံတာ မတူပြန်ဘူး။ စည်းကမ်း ဆိုတာ အထက်မှ အောက် အားလုံးတပြေးညီ လိုက်နာကြရတဲ့ အရာ။ အမိန့် ဆိုတာ အထက်ကနေ အောက်ကိုပဲ ပေးတာ။ ဒီမိုကရေစီတပ်မတော်တွေ မှာ အထက်အရာရှိက အမိန့်ပေးပေမဲ့ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းချော်နေရင် မလိုက်နာဘဲ ဖီဆန်ပြီး အဲဒီအထက်အရာရှိကို အာဏာအလွဲသုံးစား လုပ်မှု၊ တာဝန်အလွဲသုံးစားလုပ်မှုတွေနဲ့ ပြန်တရားစွဲ အရေးယူတာတွေ တွေ့ရတယ်။

ပဒေသရာဇ်ခေတ်အဆက်ဆက် မြန်မာပြည်မှာပေါ်ခဲ့တဲ့ တပ်မတော်မှန်သမျှ အဲသလို အခွင့်အရေးပေးပြီး ဖွဲ့စည်းခဲ့တာ။
ပုဂံခေတ်က အကိုဘုရင်ကို လုပ်ကြံခိုင်းတာ ငါ့မရီးတွေ ( အကိုရဲ့မိဖုရားတွေ) ထဲက မင်းကြိုက်တဲ့တယောက်ပေးစားမယ် လို့ ပြောပြီး လုပ်ကြံခိုင်းခဲ့ မဟုတ်လား။ နောက် မရီးတွေက ငိုယိုတာနဲ့ စိတ်ပြောင်းပြီး နန်းတွင်းသူ ပြောင်းပြော၊ ဟိုလူသတ်ကောင်က ဘုရင်ကို စကားမတည်ရကောင်းလား ဆိုပြီး၊ ထွီခနဲ လုပ်တာနဲ့ ပြန်အသတ်ခံရပြီး ဇာတ်သိမ်းရော။
ဒါတွေ အားလုံးဟာ ခေတ်အဆက်ဆက် မြန်မာ့တပ်မတော် ဆိုတာ သူခိုးစိတ်၊ ဓါးပြစိတ်၊ မုဒိန်းစိတ်၊ အချောင်သမား အခွင့်ထူးခံလိုစိတ်တွေနဲ့ ဖွဲ့စည်းထူထောင်ခဲ့တာချည်းပဲ ဆိုတာ ပြနေတာပါပဲ။
ဘီအိုင်အေ လဲ သိပ် မချီးကျူးနဲ့ဦး။ ရန်ကုန်သိမ်းပြီး အင်္ဂလိပ်ပြေးတော့ ရွှေတောင်ကြား၊ ဝင်ဒါမီယာခြံတွေ စစ်ဗိုလ်တွေချည်း သိမ်းယူခဲ့တာ။ မယူတတ်တဲ့ ဗိုလ်အောင်ဆန်း နေစရာမရှိ၊ မိန်းမရတော့ နတ်မောက်လမ်းက ခြံ ကို ပေးရတယ်။ ရဲဘော်သုံးကျိတ် ထဲ မယူသူ မရှိသလောက်ထင်ပါရဲ့။ နိုင်ငံရေးသမားတွေကော ပါတယ်နော်။
ပြောရဦးမယ်။ ကိုယ်တို့ ကိုယ်တို့ ကိုဌေးမြိုင်(ဒဂုန်တာရာ)ရယ်လေ သူ့အတွက်ပေးတဲ့ ရွှေတောင်ကြားက ခြံကို မိန်းမရခါစ နေစရာမရှိဖြစ်နေတဲ့ တခြားသခင်တယောက်ကို ယူစေ လို့ အလကားပဲတင်းပြန်ပေးလိုက်သတဲ့။ သူက တကိုယ်ရည်သမားမို့ သူငယ်ချင်းတွေ အိမ်တလှည့်စီကပ်နေမပေါ့တဲ့။

စစ်ဗိုလ်တွေ ရဲ့ သတ္တိဟာ တပါးသူကို ပစ်ခတ်သတ်ဖြတ် ရင်ဆိုင်ရဲတဲ့ သတ္တိမျိုးသာ ဖြစ်မယ်။ ဆင်းရဲမှာတော့ အတော်ကြောက်တဲ့ သဘော မှာ တွေ့ရတယ်။ စာပေသမားတွေ အနုပညာသမားတွေ နဲ့ အဓိက ကွာတဲ့ အချက်ကလဲ အဲဒါပဲ။ ကိုယ်တွေက အနုပညာနဲ့နေရရင် ထမင်းမေ့ ဟင်းမေ့ သမားတွေကိုး။ ထမင်းဟင်း ဆိုတဲ့ အခြေခံက စ မေ့မှဖြင့် တိုက်တွေ ကားတွေလဲ မေ့သပေါ့။ လူဖြစ်တဲ့ခန ပိုက်ဆံနောက်လိုက်တာ နည်းနည်းကြာသွားရင် ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းလာတယ်။ ငါ တန်ဖိုးမရှိတာတွေအတွက် အချိန်ကုန်နေပါသလား ဆိုပြီး။

ထားပါတော့။
တပ်မတော် ဟာ ပရို ကို မဖြစ်ဘူး။ မဖြစ်အောင် တမင်ကို လုပ်ထား တယ်။ စစ်ဆင်ရေးတွေမှာ တိုင်းရင်းသားနယ်မြေတွေ သိမ်းရင် ရှေးကလို အကုန်သိမ်းခွင့်ပေးတဲ့ သဘော။ ဒါနဲ့ ရှေ့တန်းမှာ လုယက် ခိုးဝှက် မုဒိန်းကျင့်တာတွေ ကြားနေရတာပဲ။
နောက် အသက်ကလေး ရ လာတာနဲ့ အရပ်ဘက်ပြောင်းပြီး ရာထူးယူ ခြစားပြီး ဇိမ်ခံကြပြန်တယ်။
ဒါဟာ အလွဲသုံးစားမှု တမျိုးပဲ လို့လဲ သူတို့ သိဟန် သဘောပေါက်ဟန် ကို မရပါဘူး။

မနေ့တနေ့က စစ်ဗိုလ်တယောက် ရေးထားတဲ့ ကွန်မန့် တခု ကို ဖတ်ရတယ်။

” ပြည်သူကကျွေးထားတယ်ဆိုတဲ့ ၂၀ ရာစု ဒသနအဟောင်းကြီးက ၈၈ မှာနဝေတိန်တောင်မောင်တွေ ကိုပဲ မြောက်ပေးလို့ ရမယ်သက်လားlနိုင်ငံ မြေပြင်lရေပြင်နဲ့ဝေဟင်ကို အစိုးရအာဏာစက်သက်ရောက်စိုးမိုးအောင် ကျု ပ်တို့ ကအသက်ပေး
ကာကွယ်ခဲ့တယ်lကာကွယ်နေဆဲပဲ ဒါကြောင့် မြေပြင်lရေပြင် သံယံဇာတ လေလွင့်မှု မရှိပဲ အစိုးရက အခွန်ငွေ
ရတယ်lအဲ့အခွန်ငွေထဲကမှကျု ပ်တို့ က ဘက်ဂျ က်ပြန်တောင်း
ပြီး ထမင်းစားတယ်l ဒါပဲလေ တန်ရာတန်ကြေးပေါ့ ”

တဲ့။

သဘောကျတယ်။ သူ့အယူအဆ အမှန်ပဲ။ ခင်ဗျားတို့ ပြည်သူဟာ ကျေးဇူးရှင် တို့၊ ပြည်သူကျွေးတဲ့ ထမင်းစားနေတာ တို့ တွေ မသုံးအပ်ဘူး။ ကျနော် ကိုယ်တိုင်လဲ အနုပညာသမားတယောက်အနေနဲ့ တုန်းက ဘယ်တုန်းကမှ ပြည်သူကျွေးတဲ့ ထမင်းစားနေတာပါ လို့ မသုံးခဲ့ဘူး။ အဲဒါ ပရိုစိတ်မရှိတဲ့ ဖက်ခွက်စားစိတ်ပါ။
ကျနော်တို့ ဘာလုပ်လုပ် ကောင်းအောင်လုပ်မယ်။ ကြိုက်ရင်ကြည့်ပါ လို့ ပရိုစိတ် ရှိရမှာပေါ့။
တပ် ကိုလဲ မသုံးသင့်ဘူး။ သူတို့လဲ သူတို့ ပရို အလုပ်သူတို့လုပ်နေတာပါပဲ။
တခုပဲ ဆွေးနွေးရမှာက တန်ရာတန်ကြေး ဟုတ်ရဲ့လား ဆိုတာပါပဲ။
တပ် က ခုလို အချုပ်အခြာ အာဏာတည်ဖို့ တိုက်ပေးနေတာကြောင့် လခပေးထားပြီးသား၊ ရိက္ခာပေးထားပြီးသား၊ ရာထူးအဆင့်အတန်းအလိုက် ခံစားခွင့်အဆောင်အယောင်တွေ ပေးထားပြီးသား။ အဲဒါအပြင် ရှေ့တန်းမှာ တရားဝင် လူသတ်ခွင့်၊ လုယက်ခွင့်၊ မုဒိန်းကျင့်ခွင့် ပြုသင့်သလား။
အနားယူရင် မိမိနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်မှာ အုပ်ချုပ်ရေးနေရာရာထူး ယူသင့်သလား။
ဘယ်နိုင်ငံက တပ်မတော်တွေ ဒါမျိုး လုပ်သလဲ။

တန်ရာတန်ကြေး မက တဲ့ ဈေးပြောတာ ရန်ကုန်အနော်ရထာလမ်းဘေးဈေးရောင်းတဲ့ သူတွေ လုပ်တတ်တဲ့ အဆင့်။ တကယ့် ကုန်သည်ကြီးတွေ လုပ်ရိုး မရှိ။ ကျောက်လောက မှာ ကျောက်တလုံး မတန်တဲ့ ဈေးတောင်းမိ၊ ယူမိရင် ကျောက်ကန်းတတ်တယ် တဲ့။
အဲဒီကုန်သည် ကျောက်ရည်ကြည့်မရတော့ဘူး ဖြစ်သွားတတ်တယ် တဲ့။

ခင်ဗျားတို့တပ်မတော် က ကျောက်ကန်းနေတဲ့ တပ်မတော်။
ဘာ ကျင့်ဝတ်ည်းကမ်း မှ မရှိ၊ သူခိုးဓါးပြ မာဖီးယားဂိုဏ်း ကို ယူနီဖေါင်း ဝတ်ပေးထားတဲ့ အဆင့်။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s