မင်းနဲ့ တို့ မွစ်လင်မ် တွေ ခွဲရတော့ မယ် ရမ်ဇန် ရေ

My bro Ah Soe sent

 
မင်းနဲ့ တို့ မွစ်လင်မ် တွေ ခွဲရတော့ မယ် ရမ်ဇန် ရေ
 
တို့တွေကြားမှာ မင်းတစ်​လ တိတိ နေခဲ့ ပီးပီ လေ … အခု မင်းနဲ့ တို့ ခွဲရမဲ့ အချိန်က ရက် ပိုင်းလေးပဲ ကျန်တော့ တယ်
 
တို့တွေ အတွက် မင်းဟာ အကောင်းဆုံး မိတ်ဆွေ ဖြစ်ခဲ့ပေမဲ့
မင်းအတွက် တော့ ငါတို့ အကောင်းဆုံး မိတ်ဆွေ မဖြစ်နိုင်ခဲ့တာ
ငါတို့ကို ခွင့်လွှတ် ပေးပါ ရမ်ဇန်…
မင်းဟာ ငါတို့ အတွက် ကောင်းခြင်းများစွာ လက်ဆောင်အဖြစ်
သယ်ဆောင်လာပေးခဲ့ ပေမဲ့ မင်းသယ်လာခဲ့တဲ့ လက်ဆောင် ကို တို့တွေ တန်ဖိုး မထားခဲ့ နိုင်တဲ့ အတွက်လည်းခွင့်လွတ်စေချင် တယ်။
 
တကယ်တော့ မင်းဟာ شهر الصبر သီးခံ တရား လက်ကိုင်
ပြုရတဲ့လ ဖြစိပေမဲ့ မင်းနဲ့ အတူ နေပီး တို့တွေ ဆွဗရ် မဲ့ ခဲ့တယ်
မင်းဆီကနေ ဆွဗရ် မသင် နိုင်ခဲ့ဘူး ဒီအတွက်လည်း မင်းကို
တောင်းပန်ပါရစေ။
شهر انزل فيه القرآن
 
မင်းဟာ ကုရ်အာန် ကျခဲ့တဲ့ လဖြစ်ပေမဲ့ ဒို့တွေ မင်းနဲ့ အတူ နေပီး ကုရ်အာန် မဖတ် နိုင်ခဲ့ဘူး။
شهر فيه ليلة خير من ألف شهر
 
မင်းဟာ လပေါင်းတစ်ထောင် ထက်ပိုမြတ်တဲ့ ည တစ်ည ကို
ငါတို့ ဆီ ခေါ်ဆောင်လာခဲ့ပေမဲ့ ငါတို့ အဲဒီညကို ရှာ မတွေ နိုင်ခဲ့ဘူး။
 
မင်းဟာ شهر المواساة စာနာစိတ် ထားဖို့ ကိုယ်ချင်း စာ တရား ထားဖို့ တို့တွေကို မသိမသာ တိုက်တွန်းနှိုးဆော် နေခဲ့ပေမဲ့ တို့တွေ ကိုယ်ချင်းမစာ နိုင်ခဲ့ဘူး။
شهر الصيام والقيام
 
ရိုဇာ ထားရတဲ့ လဖြစ်ပေမဲ့ တို့တွေ ထဲက အများကြီး မင်းရဲ့
နေ့ တွေမှာ ပေါ်ပေါ်တင်တင် စားသောက်နေတာ
သရာဝီ ဖတ်ရတဲ့ မင်းရဲ့ ညတွေမှာ ပေါ့ပျက်ပျက်နေနေကြတာ
မင်းစိတ်ဆိုး မှာဘဲ နော်
မင်းရဲ့ အချိန်တွေကို မလေးစားမိခဲ့တဲ့ အတွက် ငါတို့ အခု နောင်တ ရနေပီလေ
မင်းကို တောင်းပန်တယ်ကွာ။ခွင့်လွှတ် စေချင်တယ်။
 
မင်းလာတာနဲ့ ရိုင်သွာန် အခူပ် နှောင်ခံရပေမဲ့ ရိုင်သွာန်ရဲ့
ကိုယ်စားလှယ် တွေ ကို တို့ မိတ်ဖွဲ့ လိုက်ကျတယ်
တို့လက်ထဲက mobile
တို့ သုံးနေတဲ့ facebook
တို့ လုပ်နေတဲ့ chatting
တို့ နားထဲက နားကြပ်
အားလုံးဟာ ပုံမှန်ပဲ ။ငါတို့ ဘာမှ မပြောင်းလဲ
နိုင်ခဲ့ဖူး။ဒါလည်း တောင်းပန်စရာ တို့တွေရဲ့ အမှားပဲ။
 
တောင်းပန်စရာတွေ တော့ အများကြီး မိတ်ဆွေ ရမ်ဇန် ရယ်
တစ်​လ အတူနေခဲ့တဲ့ အတွက် မင်းငါတို့ ကို စိတ်ဆိုး နေတာတွေ အများကြီး ရှိမှာ တို့ သိပါတယ်
တို့တွေ မျက်စိ မှာ မျက်ရည် အစအန လေးတွေ ဒီအချိန်
မင်းတွေ့နေတာဘဲ
တို့တွေ ရဲ့ နာကျင်​ နေတဲ့ နှလုံးသားကိုလည်း မင်းရိပ် မိမှာပါ
တောင်းပန် ရင်း ငိုကြွေးရင်း နာကြဉ် ရင်း နဲ့ဘဲ မင်းကို တို့
နူတ်ဆက် လိုက်ပါတယ်။
 
မင်းကို ဖန်ဆင်းပီ တို့ဆီ လွှတ်လိုက်တဲ့ အရှင်
မင်းရဲ့ အရှင်
တို့အားလုံးရဲ့ အရှင်
စကြ၀ဠာ တစ်ခုလုံးရဲ့ အရှင်ကိုလည်း
တို့ တွေ အမှားတွေ မင်းမပြန်ခင် တောင်းပန် ရမယ်။
 
တို့ အရှင် အလ္လာ လည်း ( အိန်ရှာအလ္လာ) တို့ကို ခွင့်လွှတ်မှာပါကွာ
 
ကဲ နူတ်ဆက်လိုက်တယ် ရမ်ဇန် ရေ…………
 
( အိန်ရှာအလ္လာ) တို့တွေကို အလ္လာ အရှင်မြတ်သခင် ဟယားသ်
ပေးအုံးမယ်ဆိုရင် ရှေ့နှစ် ဒီ အချိန် တို့တွေ ပြန်ဆုံကြတာပေါ့လေ
 
နောင် နှစ်ပေါင်း များစွာ မင်းနဲ့ တို့တွေ ဆုံခွင့်
ကြုံ ခွင့်ရဖို့ အလ္လာ အရှင့် ထံပါး တို့တွေ ဒိုအာ ဆုမွန် တောင်းရင်း
နောက်ဆုံး နူတ်ဆက်
လိုက်ပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s