စည်းကမ်းမလိုက်နာသည့် ဦးဝီရသူအပေါ် အာဏာစက်အားနည်းနေဟု မဟန ဆရာတော်ဝေဖန်

စည်းကမ်းမလိုက်နာသည့် ဦးဝီရသူအပေါ် အာဏာစက်အားနည်းနေဟု မဟန ဆရာတော်ဝေဖန်

ဟိန်းအောင်
Myanmar Muslim Media

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားချက်များကိုချိုးဖောက်နေသည့် ဦးဝီရသူအပေါ် အာဏာစက်ဖြင့်ကိုင်တွယ်မှုအားနည်းနေကြောင်း မဟနဆရာတော်တစ်ပါးမိန့်ကြားလိုက်သည်။

“လုပ်ရမယ့်အလုပ်က တို့ဥပဒေအရလည်း အာဏာပိုင်အဖွဲ့အစည်းက တို့ဓမ္မစက်ကတော့ ဆုံးဖြတ်ချက်ချပြီးပြီ။ အာဏာစက်က ကူညီပံ့ပိုးပေးရမယ့် ကိစ္စကူညီပံ့ပိုးမှုက အားနည်းနေတယ်”ဟု နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မိန့်ကြောင်း The Myanmar Post ဂျာနယ်တွင်ဖေါ်ပြထားသည်။

Image may contain: 1 person

ဦးဝီရသူကိုဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သောဟောပြောမှုများကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့်တစ်နှစ်ပိတ်ပင်သည့် ညွန်ကြားလွာကို မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

“ဦးဝီရသူဆိုလို့ရှိရင် တို့တရားပွဲပိတ်ပင်ထားတာကို တိပ်ပိတ်ပြီး ဆန္ဒပြသလိုလို၊ တိုက်ရိုက်တော့ မဟောဘူး။တိပ်ခွေနဲ့ စောပြီးတော့ မလှိမ့်တစ်ပတ်လုပ်တာတွေကို တားဆီးမှုမရှိဘူး။ဒါတွေက သူတို့ အာဏာပိုင်အဖွဲ့ အစည်းကတားရမယ့်အလုပ်တွေ၊ တို့က အမိန့်ထုတ်ပြန်ထားတာ မလိုက်နာတဲ့သဘောရှိတာပေါ့လေ”ဟု အထက်ပါမဟနဆရာတော်ကပင်ဆက်လက်မိန့်ကြားသည်။

ဦးဝီရသူ၏ အထက်ပါအတိုင်းစည်းကမ်းချိုးဖောက်မှုများကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၄၇ ပါးစုံညီအစည်းအဝေးသို့တင်ပြဆွေးနွေးမည်ဖြစ်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

မွတ်စလင်မ်ဆန့်ကျင်ရေး၊စစ်အစိုးရထောက်ခံရေး နှင့် NLD ရှုတ်ချရေး ဟောပြောချက်များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးဝီရသူသည် မဟနအဖွဲ့၏ညွန်ကြားလွာကို လိုက်နာခြင်းမရှိဘဲ အသံသွင်းတရားခွေများဖွင့်ပြကာ ၀စီပိတ်ဖြင့် တရားပွဲ ၁၀ ပွဲဝန်းကျင်ခန့်ကျင်းပခဲ့သည်။

ထို့အပြင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်း မဘသ ကို တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်မှာပြောင်းလဲမည်မဟုတ်ကြောင်း နှင့် မဘသအနေဖြင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အဖြစ်အမည်ပြောင်းလဲခြင်းကိုလည်း မဟနအနေဖြင့် ယခုအချိန်အထိ ခွင့်ပြုထားခြင်းမရှိသေးကြောင်းလည်း သိရသည်။

Advertisements

One thought on “စည်းကမ်းမလိုက်နာသည့် ဦးဝီရသူအပေါ် အာဏာစက်အားနည်းနေဟု မဟန ဆရာတော်ဝေဖန်

  1. Hein Thura ပြက်သားတဲ့အဖြေမထွက်သေးသ၍
    ရက်စက်ခံခဲ့ရတဲ့အပြစ်မဲ့သူတွေ
    စိတ်အေးနိုင်ကြမှာမဟုပ့်သလို
    ဒီကတုံးကိုလွတ်ထားသ၍
    အများပြည်သူလည်းစိတ်အေးရမှာမဟုပ့်ဘူး
    ဘုန်းကြီးမူ့ရွာမပက်ချင်ရင်
    အမိုက်ကအစပြဇာတ်မီးမလောင်းစေချင်ရင်
    အဲ့ဒီကတုံးကြောင့်မြန်မာ့သမိုင်းမရိုင်းစေချင်ရင်
    အများအတွက်အကြိုးပြုတဲ့အစိုးရဖြစ်ချင်ရင်
    လူနည်းစုကိုကာကွယ်ပေးတဲ့အုပ်ချုပ်မူ့မျိုးကိုပြသချင်ရင်
    ဒေါ်စုဦးဆောင်တဲ့အစိုးရက
    အမုန်းစကားဘဲပြောတဲ့
    အဲ့ဒီကတုံးကို တရားမျှတမူ့အတွက်
    ဥပဒေနဲ့အာဏာသုံးပြီး
    ဖမ်းပေးပါလို့ပြောချင်ပါတယ်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s