မီဒီယာတွေအနေနဲ့မွတ်စလင်တွေရဲ့ပုံရိပ်ကိုအရောင်ဆိုးဖျက်ဆီးနေမှုကိုရပ်တန့်ဖို့အချိန်ကျပြီ

မီဒီယာတွေအနေနဲ့မွတ်စလင်တွေရဲ့ပုံရိပ်ကိုအရောင်ဆိုးဖျက်ဆီးနေမှုကိုရပ်တန့်ဖို့အချိန်ကျပြီ

ဇွန် ၂၁၊ ၂၀၁၇ Myanmar Muslim Media

မွတ်စလင်တွေကိုအကြမ်းဖက်သမားတွေ အဖြစ် အရိုင်းအစိုင်းနိုင်ငံခြားသားတွေအဖြစ် နှိမ့်ချတတ်တဲ့ဇနီးသည်တွေအဖြစ် ပုံဖော်ပြီးမွတ်စလင်တွေရဲ့ပုံရိပ်ကိုဖျက်ဆီးနေတာ ရပ်တန့်ဖို့အချိန်ကြပြီ။

“သင်ကမွတ်စလင်တစ်ယောက်ဆိုရင် အသေခံဗုံးခွဲသမားဖြစ်ရင်ဖြစ် မဟုတ်ရင် အသေခံဗုံးခွဲသမားရဲ့ခင်ပွန်း ဒါမှမဟုတ် ဇနီးသည်အဖြစ်ပုံဖော်ပြီး စီအိုင်အေအတွက်အဖြေတွေပေးကြရပါတယ်။” လို့မွတ်စလင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

အာရပ်နဲ့မွတ်စလင်ဇာတ်ကောင်တွေပါတဲ့ ထွက်ပြီးခဲ့သမျှရုပ်ရှင်ကားပေါင်း ၁၀၀၀ထဲမှာ ၁၂ကားလောက်ပဲ အပြုသဘောဆောင်အကောင်းမြင်တဲ့ ပုံဖော်မှုရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားတွေဟာ ၉/၁၁ မတိုင်ခင်ကပဲဖြစ်ပါတယ်။

၁၀ယောက်မှာ၆ယောက် ပြောရရင်အမေရိကန်တွေဟာ မွတ်စလင်တစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရမသိကြပါဘူး။ ဆိုလိုတာက မီဒီယာဟာ အစ္စလာမ်အပေါ်သူတို့အမြင်ကိုပုံသွင်းပြီး ကောင်းကောင်းကစားခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်မတို့တွေဟာသာမန်ဇာတ်ကောင်အခန်းကိုမရှိဘူးဖြစ်နေတယ်။ သာမန်အမေရိကန်မွတ်စလင်တစ်ယောက်လို စတားဘတ်စ်ကော်ဖီဆိုင်ကို သွားလာတာမျိုးလိုပေါ့” လို့ မွတ်စလင်အမျိုးသမီးကဆိုပါတယ်။

နိုင်ငံတစ်ဝက်လောက်က အစ္စလာမ်နဲ့ပတ်သက်ပြီးအနုတ်လက္ခဏာဆောင်တဲ့အမြင်တွေရှိကြပါတယ်။ ဘာကြောင့်လဲဆိုတာကိုယ့်ကိုကိုယ်မေးခွန်းထုတ်ဖို့အချိန်ကျလာပြီ။ မွတ်စလင်တွေဟာ မီဒီယာမှာပိုမိုကောင်းမွန်တဲ့တင်ဆက်မှုတွေနဲ့ထိုက်တန်တယ်လို့ထင်ရင် ဒီဗီဒီယိုကို ဝေမျှပေးကြပါ။

ဘာသာပြန် : ညောင်နီရွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s