Eid အီးဒ်ပွဲတော်အကြောင်း သိကောင်းစရာ

အီးဒ်ပွဲတော်အကြောင်း သိကောင်းစရာ

ဇွန် ၂၁၊ ၂၀၁၇ Myanmar Muslim Media

ကမ္ဘာတစ်ဝန်းလုံးကမွတ်စလင်တွေဟာ ဒီအပတ်ကုန်ရက်မှာ သုံးရက်တာအစ်အဲလ်ဖစ်တာပွဲကို ကျင်းပသွားကြမှာဖြစ်ပါတယ်။ လမြင်တဲ့အပေါ်မှာမူတည်ပြီး အစ်ဒ်နေ့ဟာ ဇွန် ၂၅တနင်္ဂနွေနေ့ဒါမှမဟုတ် ဇွန် ၂၆ တနင်္လာနေ့မှာကျရောက်မှာဖြစ်ပါတယ်။

Image may contain: 4 people

အစ်ဒ်အဲလ်-ဖစ်တာဆိုတာဘာလဲ

အစ်ဒ်အဲလ်ဖစ်တာဆိုတာ ဥပုသ်ကာလပြီးဆုံးတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ရမ်မဒန်လမြတ်အကုန်မှာ အထိမ်းအမှတ်ပြုကျင်းပကြတာဖြစ်ပါတယ်။ သုံးရက်တာဂုဏ်ပြုကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ ပထမဆုံးနေ့မနက်မှာ မွတ်စလင်တွေက၀တ်ပြုဖို့စုဝေးကြပါတယ်။ အစ်ဒ်နေ့ကို မတူကွဲပြားတဲ့နိုင်ငံတွေက မတူခြားနားတဲ့ရိုးရာဓလေ့တွေနဲ့လည်း ကျင်းပကြပါတယ်။ လူအများစုက သုံးရက်တာအစ်ဒ်ပွဲတော်ကို အလည်အပတ်သွားခြင်းဖြင့်အသုံးပြုကြပါတယ်။ တစ်ခြားဓလေ့ထုံးစံတွေမှာ အစ်ဒ်နေ့မှာကလေးငယ်တွေကို မုန့်ဖိုးပေးတာနဲ့ အ၀တ်အစားအသစ်တွေဝတ်ဆင်တာတွေ ပါဝင်ပါတယ်။

အစ်ဒ်အဲလ်-ဖစ်တာ ဘယ်အချိန်စလဲ

ပထမဆုံးလမြင်တာနဲ့ စတင်ပါတယ်။ ဒါကြောင့် အစ်ဒ်နေ့အတည်ပြုဖို့ အစ်ဒ်နေ့မတိုင်ခင်ညအချိန်ထိ မွတ်စလင်တွေဟာ အချိန်အများစုစောင့်ဆိုင်းကြပါတယ်။ အစ်ဒ်နေ့ဟာ နှစ်စဉ်နိုင်ငံပေါင်းစုံက ပထ၀ီသဘောထားအပေါ်မူတည်ပြီး ကွဲပြားမှုတော့ရှိပါတယ်။

လူတွေဘယ်လိုဂုဏ်ပြုပွဲကျင်းပကြသလဲ

အစ်ဒ်နေ့ကို ရိုးရာဓလေ့ထုံးစံဝတ်ပြုမှုနဲ့စတင်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ၀တ်ပြုမှုကိုအပြင်ဘက်မှာကျင်းပကြသလို တစ်ခြားနိုင်ငံတွေက ဗလီတွေ ခန်းမကြီးတွေမှာဝတ်ပြုမှုပြုလုပ်ကြပါတယ်။ ၀တ်ပြုမှုပြီးတဲ့နောက် မွတ်စလင်တွေဟာသူတို့ဝန်းကျင်ကတစ်ခြားသူတွေကို အပြန်အလှန် ပျော်စရာအစ်ဒ်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးကြပါတယ်။ လူတွေဟာနောက်တော့ ဆွေမျိုးတွေ မိတ်ဆွေတွေနဲ့ ကွယ်လွန်သေဆုံးသွားပြီဖြစ်တဲ့သူတို့ရဲ့ဆွေမျိုးတွေအတွက်ဆုတောင်းပေးဖို့ မြုပ်နှံထားတဲ့ဂူသင်္ချိုင်းတွေဆီ သွားရောက်လည်ပတ်ကြပါတယ်။ လူအများစုဟာ ရိုးရာဝတ်စုံတွေဝတ်ဆင်ကြပြီး ကလေးငယ်တွေကိုမုန့်ဖိုးပေးကြသလို လူမှုရေးလုပ်ငန်းတွေမှာလှူဒါန်းပေးကမ်းကြပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဒီအားလပ်ရက်ကို မုန့်အချိုအများပါဝင်တာကြောင့် မုန့်အချိုအစ်ဒ်လို့လူသိများပါတယ်။

အစ်ဒ်နေ့အတွက် လူတွေဘယ်လိုဝတ်ဆင်ကြသလဲ

အစ်ဒ်နေ့ရဲ့အရေးပါတဲ့အမှတ်အသားကတော့ အ၀တ်အစားတွေပဲဖြစ်ပါတယ်။ တစ်ချို့တွေက သူတို့ရဲ့ယဉ်ကျေးမှုအတိုင်းဝတ်ဆင်ကြသလို တစ်ခြားသူတွေကတော့ အ၀တ်အစားအသစ်တွေဝတ်ဆင်ကြပါတယ်။ ဒီနှစ်မှာတော့ လူမှုမီဒီယာအသုံးပြုသူတွေက ရမ်မဒန်ပြီးနောက် အစ်ဒ်နေ့အ၀တ်အစားတွေအတွက် စိုးရိမ်ပူပန်မှုပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်တဲ့မွတ်စလင်တစ်ချို့က အခမဲ့အစ်ဒ်နေ့ဝတ်စုံတွေကိုကုန်သွယ်ရေးစလုပ်ခဲ့ပါတယ်။

အစ်ဒ်နေ့နှုတ်ခွန်းဆက်သမှုတွေဟာဘာလဲ

ပေါ်ပြူလာအဖြစ်ဆုံးနှုတ်ခွန်းဆက်သမှုကတော့ အစ်ဒ်နေ့မှာကောင်းချီးမင်္ဂလာကျရောက်ပါစေ ဒါမှမဟုတ် ပျော်ရွှင်စရာအစ်ဒ်နေ့ဖြစ်ပါစေပဲဖြစ်ပါတယ်။ အစ်ဒ်နေ့နှုတ်ခွန်းဆက်သမှုဟာ နိုင်ငံနဲ့ဘာသာစကားပေါ်မှာအရမ်းကို မူတည်ပါတယ်။ ဥပမာအနေနဲ့ အင်ဒိုနီးရှားအစ်ဒ်နေ့မှာ အင်ဒိုတွေက “ဆဲလ်မက်လက်ဘရန်” လို့ခေါ်ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ ပျော်ရွှင်စရာအစ်ဒ်နေ့ဖြစ်ပါစေ ပဲဖြစ်ပါတယ်။ တစ်ခြားအမျိုးမျိုးသောအစ်ဒ်နေ့နှုတ်ခွန်းဆက်မှုတွေမှာ “မူတ်လူဘေရာမလာ”ကတူရကီလိုဖြစ်ပြီး “ဘာအ်ကာဒါဆာလက်ဟ်” ကနိုင်ဂျီးရီးယားဘာသာစကားနဲ့ ပျော်ရွှင်စရာအစ်ဒ်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးတာပဲဖြစ်ပါတယ်။

Source : Al Jazeera
ဘာသာပြန် : ညောင်နီရွက်

Pathi Nay Min Py အိဒ္ဒြလ္ဖစ္သရိ

” အိဒ္ဒြလ္ဖစ္သရိ ” နေ့ဟာ အစ္စလာမ်ဘာသာဝင်များ ဝါကျွတ်ရက်၌ မိတ်ဆွေများဖြင့် မနက်ခင်းအစားအသောက် အတူတကွစားသောက်၍ မတတ်နိင်သူကို ဖြည့်ဆည်းပေးကြကာ ဆင်နွှဲသောပါတီ နေ့ရက် ဖြစ်ပါတယ်

” အိဒ်ဒွလ်ဖစ်သရိ ” နေ့ဟာ ကုရ်အန်ကျမ်းတော်မြတ်၏ ပြဌာန်းချက် တစ်ရပ်တော့ မဟုတ်ပါ ။ ကုရ်အန်ကျမ်းတွင် အိဒ် ဟူသော အသုံးအနှုံးအား ” ပျော်ရွှင်ဖွယ်ရာ ” ဟူ၍
တမန်တော်အီဆာ Jesus Christ က ထာဝရအရှင်ထံမှ တောင်းဆုတောင်းခံရာ၌
သုံးနှုံးထားပါသည် ။

တမန်တော်မြတ် မိုဟမ္မဒ် ကိုယ်တော်သည် ၄င်း၏နောက်လိုက်သားများအား ဝါကျွတ်ပါတီ တစ်ခုအဖြစ် ” အိဒ်ဒွလ်ဖိသရိ ” ပါတီပွဲလေး ဆင်နွှဲစေခဲ့ခြင်း ဖြစ်၏ ။ ဘာသာရေး ကျင့်စဉ် မဟုတ်ပါ

တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ၂၅.၆.၂၀၁၇ တနင်္ဂနွေနေ့ တွင် ရှောင်ဝလ်လ (၁) ရက်နေ့ ကျရောက်မှာဖြစ်ပြီး
ကမ္ဘာ့နိုင်ငံအားလုံးတွင် ထိုနေ့၌ အိဒ်ဒွလ်ဖိသစ်ရိ ပွဲတော် ကျင်းပကြမှာပါ ။

သို့သော ဗမာပြည် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ စသည့် (၃) နိုင်ငံတွင် ထုံးတမ်းစဉ်လာမပျက် ဝါအဝင် တစ်ရက် နောက်ကျသဖြင့် ဝါအထွက်လဲ တစ်ရက်နောက်ကျကာ
၂၆.၆.၂၀၁၇ မှသာ အိဒ်ဒွလ်ဖိသစ်ရိ ပွဲတော် ဆင်နွှဲကြပါလိမ့်မည်

See also

  1. Burmese Muslim traditional food during Eid or Hari Raya
  2. Burmese Muslims’ way of celebrating Eid
  3. I have added the Burmese Muslims’ way of celebrating Eid here in Wikipedia @ Eid al-Fitr
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s