” ပုဂံပြည်သားကုလား “

Min Aung

” ပုဂံပြည်သားကုလား ”

မြကန်ကျောက်စာထဲ ပုဂံပြည်မြကန်ကြီးဝိုင်းဝန်းဆည်ခဲ့ကြတဲ့ ပုဂံပြည်သားတွေထဲ ‘ကုလား’ လို့ အတိအလင်းကို ကျောက်စာရေးထိုး မှတ်တမ်းတင်ထားပါသတဲ့။
သည်လိုဖြင့် ကိုယ့်ကိုယ် ကုလား လို့ လာခေါ်တာ၊ ချိုးနှိမ်တယ် မယူဆဘဲ၊
ဟေ့ငရို့ဟာ အိန္ဒိယန်း မဟုတ်၊ ပါကစ္စတန်နီမဟုတ်၊ ပသီမဟုတ်၊ ပါရှန်းမဟုတ်၊ မဂို မဟုတ်၊ ပန်ချာပီမဟုတ်၊ ငါရို့ဇာတိမျိုးရိုးတွေက အဲသလို ဆင်းသက်လာသော်ငြား၊ ငတို့ မြန်မာပြည်သားကုလား၊ ပုဂံပြည်တည်ကထဲက မွန်၊ မြန်မာ၊ ပျူ တို့နဲ့ လက်ရည်တပြင်တည်း အတူတည်ဆောက်ခဲ့ကြတဲ့ “ကုလား” တွေ လို့ ဂုဏ်လုပ်ကြစမ်းပါ။
ကျနော်ဖြင့် နယူးယောက်ခ်မှာ ပါကစ္စတန်စစ်စစ် ဒါန်ပေါက်စားကြည့်၊ စမူဆာစားကြည့်၊ အိန္ဒိယစစ်စစ် ချစ်တီးထမင်းစားကြည့်၊ အီရန်ယီမင်အရှေ့အလယ်ပိုင်းက အာရပ်စာတွေစားကြည့်ပြီး ငတို့ရန်ကုန်က ဒါန်ပေါက်၊ စမူဆာ၊ ပလာတာ များ မင့်တို့ ပြန်ကျွေးချင်ပေါ့ကွယ် လို့ ချေ မိပါတယ်။

နယူးယောက်ခ်သားတွေက ပီဇာ မှာ ကမ္ဘာ့အကောင်းဆုံးပီဇာဟာ အီတလီမှာ မရှိ၊ နယူးယောက်ခ်မှာပဲ ရှိတယ် ဂုဏ်လုပ်သလိုမျိုး ဆိုပါတော့။

ဒို့မြန်မာကုလားများ လက်ရာ ပိုကောင်း၊ ကြွားပါရစေ။
မှတ်ပုံတင် ဖြည့်ခိုင်းရင် ပါရှန်းတို့၊ ပသီတို့၊ ပန်ချာပီတို့ မဖြည့်နဲ့။ ကုလား၊ အစ္စလာမ်။ ကုလား၊ ဟိန္ဒူ နဲ့ ဖြည့်ကြဗျ။

ကုလား ဆိုတာ နှိမ်ခေါ်တာ မဟုတ်ဘူး။ ပုဂံပြည်တည်ကထဲက အေးအတူပူအမျှ နေလာတဲ့ မြန်မာပြည်သားတွေ လို့ ပြသတာ။

စည်းလုံးချစ်ခင်စွာနဲ့
သည်တိုင်းပြည်ကြီး ပြန်လည်ထူထောင်ကြရအောင် ကွယ်ရို့။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s