မျောက်ချုပ်မှူးကြီး၏ မာယာ

Min Aung
June 24, 2016
“မျောက် တို့ ၏ မာယာ”

အခါတပါးမှာ မျောက်တွေဟာ ဥယျာဉ်တခု ကို မှီတင်းနေထိုင်ပါသတဲ့။ လူတို့ဟာ ဥယျာဉ်ကြီး သီးပွင့်ဝေဆာအောင် နေ့စဉ်နဲ့အမျှ အားကျိုးမာန်တက် စိုက်ပျိုးထွန်ယက်ရေလောင်းပေါင်းသင် လုပ်ကြသော်ငြား၊ မျောက်တို့ကတော့ ထိုအသီးအပွင့်များ ကို ဘယ်လို ခူးယူစားသုံးရမယ်၊ ဖျက်ဆီးရမယ် ဆိုတာကိုပဲ နေ့စဉ်နဲ့ အမျှ ကြံစည်နေပါသတဲ့။
ဥယျာဉ်မှူးနဲ့ ဥယျာဉ်သားတွေဟာ ဥယျာဉ်ကြီးထဲ မျောက်တွေလည်း ရှိဖို့လို လို့ ဂေဟစနစ်ကို မြတ်နိုးစွာ လက်ခံပြီး နေစေပါသတဲ့။

ဒါပေမဲ့ မျောက်တွေကတော့ မျောက်ကျင့်မျောက်ကြံ အမြဲကြံစည်နေပေါ့ကွယ်။

မျောက်ချုပ်မှူးကြီးဟာ ဥယျာဉ်ထဲက မျောက်အသင်းအဖွဲ့တွေကို ဒီလို ပြောပါသတဲ့။

အို မျောက်အချင်းတို့
ဤဥယျာဉ်၏ မူလဘူတပိုင်ရှင်ကား ငါတို့ မျောက်များသာဖြစ်၏။ လူတို့သည် နောင်သောအခါမှ ရောက်ရှိလာပြီး ဤဥယျာဉ်ကို သူတို့သဘောဖြင့် ခြယ်လှယ်စီရင်ကုန်ကြ၏။
ငါတို့သည် ငါတို့ အမျိုးဘာသာသာသနာကို စောင့်ရှောက်ကြသော အလို့ငှာ ဤဥယျာဉ်မှ လူတို့ထွက်သွားအောင် လူတို့စီရင်ပြုပြင်မှု မှန်သမျှ ဖျက်စီးကြကုန်လော့၊ မြေလှန်ကြကုန်လော့။ ငါတို့ဟာ ညဥ့်အခါ လူတို့အိပ်ချိန်မှာ ထိုဖျက်ဆီးမှုတွေ လုပ်ကြပြီး နေ့အခါမှာ ငါတို့မလုပ်ဘိသကဲ့သို့ နေထိုင်ကြပါအံ့ လို့ ပြောဆိုလမ်းညွှန်မှုပေးပါသတဲ့။

အဲဒီနောက်မှာတော့ မျောက်ကျင့်မျောက်ကြံတွေ လုပ်ကြပါတော့သတဲ့ကွယ်။

လူတွေဟာ နံနက်လင်းလို့ ဥယျာဉ်တွင်း ရောက်လာချိန် ပျက်စီးနေတဲ့ သီးပင်စားပင်တွေ၊ ပန်းမာလ်တွေ ကို မြင်တဲ့ အခါ ပြောစရာ မလိုအောင် မျောက်တွေရဲ့ လက်ရာ၊ မျောက်တွေရဲ့ လက်ချက်မှန်းသိကြပါသတဲ့။
လောက ကို
လူစိတ်ရှိတဲ့
လူ ကို လူလိုမြင်
လူလို အသိတရားရှိ
လူလိုတွေးခေါ်စဉ်းစားတတ်သူတိုင်း
စောင့်ရှောက်ဖို့သာ အားထုတ်တယ်။ ဖျက်စီးတယ် လို့မှ မရှိဘဲကိုး။
ဒီတော့ ခုလို ဖျက်ဆီးတာဟာ လူ တို့ အလုပ်မဟုတ်၊ မျောက်တွေရဲ့ လက်ရာ လို့ လူတိုင်း ဒက်ခနဲ စဉ်းစားတတ်ကြပါသတဲ့။

မျောက်တွေကတော့ သူတို့ဟာ ငြိမ်းချမ်းရေး ကို လိုလားပါကြောင်း၊ ဥယျာဉ်ကြီးသာယာလှပရေး ကို သာ စောင့်ရှောက်ပါကြောင်း အမျိုးမျိုးကွိကွိကွကွနဲ့ လူတွေရှေ့ အမူအရာတွေ လုပ်ပြနေ၊ မာယာတွေ များနေဆဲပါပဲတဲ့။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s