မဆင်မခြင် ကြားသမျှ မျက်စိစုံမှိတ် ယုံပြီး၊ ဘာသာခြားတွေအပေါ် မုန်းတီး အပြစ်မြင်နေကြတဲ့ ထေရဝါဒ မြန်မာဗုဒ္ဓဘာသာ ဝင်များအတွက် သိထားသင့်တဲ့ ပကတိအရှိ နဲ့ အသိတရား

Khin Maung Aye shared အရှင် ဓမ္မပါလ‘s post.

မဆင်မခြင် ကြားသမျှ မျက်စိစုံမှိတ် ယုံပြီး၊ ဘာသာခြားတွေအပေါ် မုန်းတီး အပြစ်မြင်နေကြတဲ့ ထေရဝါဒ မြန်မာဗုဒ္ဓဘာသာ ဝင်များအတွက် သိထားသင့်တဲ့ ပကတိအရှိ နဲ့ အသိတရား

အိန္ဒိယတိုက်ကြီး
(အိန္ဒိယ ပါကစ္စတန် ဘင်္ဂလားဒေ့ရ် နီပေါလ်
အာဖန်နစ္စတန် တာဂျီကစ္စတန် နှင့်
အဇာဘိုင်ဂျန် နိုင်ငံတွေမှာ
ဗုဒ္ဓ ထေရဝါဒ သာသနာကွယ်ပျောက်အောင်
ပြုလုပ်ခဲ့သူတွေကတော့

မူလ ဟိန္ဒူ ဘာသာဝင်တွေနဲ့
ဗုဒ္ဓနှင့် ခေတ်ပြိုင်
တက္ကတွန်း ဝါဒ (၃) ဂိုဏ်း
(၁) အရည်ကြီးဝါဒ (ပန်းဦးဆက်ဂိုဏ်း)
(၂) မဟာဝီရဝါဒ (ဂျိန်းဘာသာဂိုဏ်း)
(၃) မဟာယနဝါဒ (ဝဇီယာရဂိုဏ်း)
တို့ဘဲ ဖြစ်ကြပါတယ်

AD 100 ရာစုမှ ပေါ်လာတဲ့
ခရစ်ယာန်ဘာသာ

AD 800 ရာစုမှ ပေါ်လာတဲ့
အစၥလာမ္ဘာသာ
တို့ကို ဘာဖြစ်လို့ အပြစ်ပုံချချင်ရတာလဲ ?

ပြောလိုက်ရရင်
နာလန္ဒတက္ကသိုလ်ကြီးတဲ့
သံဃာ (၁) သိန်းကျော်
ကျောင်းတက်နေတဲ့ တက္ကသိုလ်ကြီးတဲ့

ဒီတက္ကသိုလ်ကြီးကို
မွတ်စလင်တွေ
ခရစ်ယာန်တွေ
ပိဋကတ်တော်တွေ
မီးရှို့ ဖျက်ဆီး
သံဃာတော်တွေ သတ်ဖြတ်ခံရလို့
ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရတာပါလို့
မဟုတ် မမှန်
လုပ်ကြံရေးသားနေကြတာတွေဟာ
ဘာသဘောလဲ ?

မေးလိုက်တိုင်း ဘယ်သူမှ
ပြန်မဖြေနိုင်ပါဘူး
နာလန္ဒတက္ကသိုလ်ကြီးဟာ
ဘယ်နှစ်ခုနှစ် တည်ထောင်ခဲ့ပြီး
ဘယ်မင်းလက်ထက် စစ်ရှုံးလို့
ပျက်ရပါသလဲ ?
ဖြေနိုင်ရင် ဖြေပေးကြပါ
ယနေ့အထိ
ကမ္ဘာ့သမိုင်းမှာရော
မြန်မာသမိုင်းမှာပါ
မရှိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

ဟိန္ဒူ ဘာသာဝင်တွေနဲ့
တက္ကတွန်း ဝါဒ (၃) ဂိုဏ်းဘဲ
ရှိနေတဲ့ ခေတ်
ဖျက်စရာ ရှိရင်
သူတို့ဘဲ ဖျက်မှာပါ

ခရစ်ယာန်ဘာသာနဲ့
အစၥလာမ္ဘာသာ
မေပၚေသးပါဘူး

မပေါ်သေးတဲ့
သာသနာ(၂)ခုကို
အပြစ်ပုံချပြီး

ဟိန္ဒူ နှင့်
တက္ကတွန်း (၃)ဂိုဏ်းကို
လက်ညှိုး မထိုးတာ
ဘာရည်ရွယ်ချက်လည်း ?

အြေ

ဗုဒ္ဓဘာသာ ဘုရင်တွေ
အင်အားကြီးမားလာရင်
နယ်မချဲ့ တတ်ဘူးလား ?

အာသောကမင်း နယ်ချဲ့သလို
ဘုရင်နောင်နှင့်
အလောင်းဘုရားတို့လည်း
နယ်မချဲ့ ခဲ့ဘူးလား
ဗုဒ္ဓဘာသာချင်းတောင်
စစ်တိုက်နေရင်
ဘာသာခြားနဲ့ စစ်ခင်းတာ ဆန်းနေသလား ?

တရုတ် ကိုရီးယား ဂျပန်
မော်မိုဆာ နှင့်
တောင်တရုတ်ပင်လယ်မှာ
မဟာယန သာသနာထွန်းကားနေတာ
ယနေ့အထိပါ

ခရစ်ယာန် အများစု
နေထိုင်လျှက်ရှိသော
ဖိလစ်ပိုင် ချန်ထားပြီး

မွတ်စလင်အများစု
နေထိုင်လျက်ရှိသော
အင်ဒိုနီးရှား မလေးရှား
စင်္ကာပူ နိုင်ငံတွေမှာ
ထေရဝါဒ သာသနာ
မထွန်းကားခဲ့ပေမဲ့

ခေတ်အဆက်ဆက်
မဟာယနသာသနာတော်ကတော့
အစ္စလာမ် ဘာသာဝင်တွေနဲ့ အတူ
အေးအတူ ပူအမျှ
ယှဉ်တွဲနေထိုင်ပြီး
ကိုယ်ဘာသာနှင့် ကိုယ်သာသနာ
သူဘာသာနှင့် သူ့သာသနာ
ညီညွတ်နေကြပါတယ်

ဘူမသိ ဘမသိ
ဝ မရှိဘဲ ဝိလုပ်
အမှန်စကား မပြောကြားဘဲ
အင်ဒိုနီးရှားမှာ မလေးရှားမှာ
ဗုဒ္ဓသာသနာ ပျောက်ကွယ်သွားတာ
မွတ်စလင် ကြောင့်တဲ့ ?
ခရစ်ယာန် ကြောင့်တဲ့ ?

ယနေ့ အထိ
အင်ဒိုနီးရှား မလေးရှားမှာ
ခေတ်အဆက်ဆက်
တည်ရှိနေသော
မဟာယန သာသနာ
တက္ကတွန်းဘာသာ
တည်ရှိနေကြောင်း
တင်ပြလိုက်ပါတယ်

အင်ဒိုနီးရှား မလေးရှားမှာ
ခေတ်အဆက်ဆက်
ထေရဝါဒ သာသနာ မထွန်းကားဘဲ

ခေတ်အဆက်ဆက်
ယနေ့ အထိ
အင်ဒိုနီးရှား မလေးရှားမှာ
မဟာယန သာသနာ
ထွန်းကားနေကြောင်း
ပြောကြားပြီး
နိဂုံးချုပ်လိုက်ပါတယ်
သူတော်ကောင်းတို့

Video 1 ဗုဒ္ဓဂုဏ်ရည် ဆရာတော်
Video 2 အင်ဒိုနီးရှား သာသနာပြု သမိုင်းမှတ်တမ်း

( အရှင် ဓမ္မပါလ )
25-6-2017

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s