Panthay (Myanmar Chinese Muslims) ပန်းသေး(တရုတ်မူဆလင်)

Kyawkyaw Oo 

回教人
ပန်းသေး(တရုတ်မူဆလင်) အမျိုးသားများဆင်းသက်လာပုံသမိုင်း အကျဉ်း

Image may contain: outdoor

“ပန်းသေး” ဟူသော ဝေါဟာရမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပန်းသေး ဟုပြောဆိုလျှင်တရုတ်မူဆလင် များကိုဆိုလိုကြောင်း သိကြပါသည်။ရှေးနှစ်အတော်ကြာ မှစပြီးမြန်မာ မင်းအဆက်ဆက်နှင့်တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် အေးချမ်းစွာနေထိုင်လာကြသောလူမျိုးနွယ်များဖြစ်ကြ သည်။ သို့ရာတွင် ပန်းသေး ဟူသော စကား လုံး သည်အဘယ်မှ ဆင်းသက်လာသည်ဟုခိုင်လုံသော အထောက်အထားများအတိအကျ ရှာဖွေ မတွေ့ရပေ။
ပန်းသေးဟူသောဝေါ ဟာရမှာ မြန်မာမူဆလင်များကို ”ပသီ ” ဟုခေါ်သော ဝေါဟာရနှင့် အတူတူပင်ဖြစ်သည်။ ”ပသီ” နှင့် ” ပန်းသေး ” ဟူသော ဝေါဟာရနှစ်ခုလုံးမှာပါရ်စီစကားမှ ဆင်းသက်လာဟန်တူပါသည်။ ”ပါရ်စီ ” မှ ”ပါစီ” ၊တဖန် ပါစီ မှ ပသီ – ပန်းသေး – ဟုအဆင့်ဆင့် ပြောင်းလဲခေါ်တွင်လာကြပုံရပါ သည်။ အဆို တစ်ခု အရတရုတ်ပြည်တွင် ပန်းပညာ ၊အနုပညာများကိုတစ်ဖက် ကမ်းခတ်တတ် ကျွမ်းသောတရုတ်မူဆလင်များ ကိုတရုတ်ပန်းသေးပညာ ကိုအစွဲပြုပြီး တရုတ်ပန်းသေးဟူပြီးခေါ်ဆိုလာကြသည်ဟုပြောကြပါသည်။

No automatic alt text available.

ထိုအချိန်ကတရုတ်မူဆလင် အမျိုးသမီးအမျိုးသားများသည် ပိုးချည်ရောင်စုံဖြင့ပန်းခက် ပန်းနွယ် ပန်းပွင့် ပန်းရွက်များကိုထိုးချူပ် တတ်သဖြင့်ထို အတတ်ပညာ ကိုပန်းသေး ပညာဟူပြီး ခေါ်ဝေါ်ကြ သည်ကို မြန်မာ ရာဇ၀င်နှင့်မြန်မာစာပေတို့တွင် တွေ့ရှိရပေသည် ။ မည်သို့ပင် ခေါ်ဝေါ်စေကာမူ အကြောင်း တစ်ခုသေ ချာနေ သည်မှာ ပန်းသေးများသည် တရုတ်ပြည်ထဲ မှ မြန်မာပြည်သို့ဝင်ရောက်အခြေစိုက်နေ ထိုင်လာ ခဲ့ကြ သောအစ္စ လ္လာမ်ဘာသာဝင်မူဆလင်အမျိုး အနွယ်များ ဖြစ်ကြသည်မှာဧကန်အမှန်ပင်ဖြစ်ပါသည်။
မြန်မာပြည်ရှိတရုတ်မူဆလင်များကိုပန်းသေးဟုခေါ်ဆိုကြသော်လည်းတရုတ်ပြည်ရှိတရုတ်မူဆလင်များကိုမူပန်းသေးဟုမခေါ်ကြပေ။တရုတ်စကား ”ဟွေ့ဟွေး” ဟုခေါ်ဆိုကြပါ သည်။ ”ဟွေ့” ဟူသော စကားးမှာ”ပြန်လှည့်လာ သည်” ဖြစ်ပြီး ”ဟွေး” မှာ ”အမှန်တရား ” ဖြစ်သဖြင့်အမှန်တ၇ားဘက်သို့ ပြန်လှည့်လာသည် ဖြစ်ပါ သည်။ တစ်နည်းအားဖြင့် ဆိုသော်အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်သူတိုင်းသည် အာရပ်နိုင်ငံမကာဟ်ရွှေမြို့တော် ရှိ ”ကာဘာရ်” ”ဘိုင်တွလ်လာဟ်” ဘက် သို့ လှည့်ပြီးအလာဟ် အသျှင်မြတ်အား ခ၀ပ်ကိုးကွယ် ကြသောကြောင့်”ဟွေ့ဟွေး”ဟုခေါ်ဆိုကြသည် ဟုဆိုကြပါသည်။အဆိုပါ ”ဟွေ့ဟွေး” ဟူသော အခေါ် အဝေါ်မှာ တရုတ်ပြည် တွင် မွန်ဂိုမင်းဆက် များ (၁၂၇၉-၁၃၆၈) နှင့် ”မင်”မင်းဆက်များ (၁၃၆၈-၁၆၄၄) လက်ထက်မှစပြီးတရုတ် မူဆလင်များကို စတင်ခေါ်ဝေါ် လာကြကြောင်းတွေ့ရှိရပါသည်။

Image may contain: 1 person
တရုတ်ပြည်သို့ အစ်စလာမ်ဘာသာဖြန့်ချည်လာခြင်း
(က) ရေလမ်းခရီးဖြင့်ဝင်ရောက်လာခြင်း
ရှေးနှစ်ပေါင်း (၁၃၀၀) ခန့်ကစပြီးအစ်စလာမ် ဘာသာသည် တရုတ်ပြည်သု့ရေကြောင်းလမ်းဖြင့် ရောက်ရှိ လာခဲ့ပါ သည်။ တရုတ်ပြည် သို့အစ္စလ္လာမ် ဘာသာမရောက်မှီကပင် အာရပ်ကုန်သည်များနှင့် ပါရှန် ကုန်သည်များသည်ရွက်သဘောင်္ များဖြင့် ကူးသန်းရောင်းဝယ်ကြရန် အန္ဒိယသမုဒ္ဒရာကိုဖြတ် ကျော်ပြီးမိုင် ပေါင်း- ၅၀၀၀ ကျော် ၆၀၀၀- ခန့် ဝေးသော တရုတ်ပြည်ကန်တုန်မြို့ သို့ ပထမဦးစွာကုန် ကူးသန်းသွားလာခဲ့ရင်း အစ္စလာမ်ဘာသာကိုစတင်ဖြန့် ချီခဲ့ကြောင်း အာရပ် လူမျိုးများ ရာဇ၀င် တွင်ဖေါ်ပြထားသည် ကိုတွေ့ရှိရလေ သည်။
ခရစ်နှစ် ၆၂၈ ခု – ဟစ်ဂျရီသက္ကရာဇ် ၆ ခုနစ်တွင် တမန်တော်မိုဟာမသ်သခင် သက်တော် ထင်ရှားရှိစဉ် ကသာဝကကြီး ၀ဟဗ်ဘင်အဘီကဗ်ရှား သည် ပင်လယ်ရေ ကြောင်း ခရီးဖြင့်အိန္ဒိယ၊ သီဟို၊ မလေးရှား၊ အင်ဒိုနီးရှား ပြည်များကိုဖြတ်ကျော် ပြီးတရုတ်ပြည် ကန်တုံမြို့သို့ သွားရောက်ကာ ”တန်မင်း”တိုင်စွန် ဘုရင်ထံ သ၀ဏ်လျွှာ ဆက်သ လေသည်။ နဗီတမန်တော်သည် သာဝကကြီးဝဟဗ်ဘင် အဘီကဗ်ရှားကို တရုတ်ပြည်သို့သာသနာပြုရန် မလွတ်မှီအရင်က တရုတ် ဘုရင်မင်းမြတ် သည် ထူးခြားသောအိမ်မက် ကိုမြင်မက်တော်မူလေ သည်။ ထိုအိမ်မက်ထဲတွင် အနောက် အရပ်မှအလင်းရောင်တစ်ခုပေါ်ထွက်လာပြီးသူတော် စင်တစ်ပါး ကိုဖူးမြော် ရကြောင်းမက်ရာမူးမတ်ပညာရှင် များအားအိမ်မက် ကိုဖတ်ကြားစေ၏။မူးမတ် ပညာရှင်များ က အနောာက်နိုင် ငံ တွင် သူတော်စင် တစ်ပါးပွင့်မည့်နိမိတ်လက္ခဏာဖြစ်ပါကြောင်းလျှောက်ထား သံတော်ဦး တင်ကြပါသည်။ ယခုတဖန် အာရေဗျနိုင်ငံမှ သာသနာပြုရန် ရောက်ရှိလာသော သာဝကကြီးထံမှ နဗီတမန် တော်သခင် သည်အလ္လာဟို အသျှင်မြတ်၏ စေတမန်တော်ဖြစ်ကြောင်း စံလင်စွာ ကြားရသောအခါတရုတ် ဘုရင် မင်းမြတ်သည် မိမိ မြင်မက်သောအိမ်မက် နှင့် ကိုက်ညီနေသဖြင့်ဝမ်း မြောက်ဝမ်းသာ ဖြစ်ကြောင်း မိန့်တော်မှုလေသည်။
ထိုမင်းလက်ထက်တွင် ကွန်ဖြူးရှပ်နှင့် ဗုဒ်ဓဘာသာကိုအများစု ကိုးကွယ်ကြ သော် လည်းခရစ်ယာန်နှင့်အစ္စလာမ် ဘာသာများကိုပါ လွတ်လပ်စွာသာသနာ ပြုခွင့် ပေးသည့် အပြင်နိုင် ငံခြားသားများကိုအတားအဆီးမရှိသွားလာခွင့် ပေးလေသည်။သာဝကကြီး ၀ဟဗ်ဘင်အဘီကဗ်ရှား သည် တရုတ် လူမျိုးများအားအစ္စလ္လာမ် သာသနာတော် ၏အဆီ အနှစ်များကို တင်ပြကာသာသနာဖြန့် ချီခဲ့ရာ တရုတ်လူမျိုးမှားသည်တဖြေးဖြေးအစ္စလ္လာမ် သာသနာတော်ကိုလက်ခံ ယုံကြည်လာကြ သည်။ကွရ်အာန် ကျမ်းတော်မြတ် ကို လည်းတရုတ်နိုင်ငံသို့ ယူဆောင်လာပြီးဖြန့်ဝေသင်ကြားပို့ချလေသည်။ ၀ဟဗ်ဘင် အဘီ ကဗ် ရှား သည် အစ္စလ္လာမ်သာသနာ တော်ကိုဖြန့် ချီရင်းကန်လုံမြို့ဍ် အလ္လာဟ်ဟိုအသျှင်မြတ်၏ အမိန့် ကိုခယူခေသည်။ ထို သာဝကကြီး တည်ဆောက်ခဲ့သောဗလီ ၀တ်ကျောင်းတော်နှင့် ၄င်း၏သချိုင်း မှာကန် လုံမြို့ဍ် ယနေ့ တိုင်ထင်ရှားစွာ တည်ရှိလျှက် ရှိလေသည်။
(ခ) ကုန်းလမ်းခရီးဖြင့် ၀င်ရောက်လာခြင်း။
နဗီ တမာန် တော် မိုဟာမသ် သခင်သည် ဟစ်ဂျရီသက္ကရာဇ် – ၁၁ -ခုနစ် ရဗီအွလ် အောင်ဝလ် ၁၂ ရက်နေ့တွင် ကွယ်လွန် ၀ဖွတ် ဖြစ်တော်မူလေသည်။ တမာန်တော် ကွယ်လွန်ပြီးနောက် အနှစ် -၁၀၀ – အတွင်း အစ္စလ္လာမ်သာသနာတော်သည် အာရှ အနောက်ပိုင်းမှ တရုတ်ပြည် အ…နောက်မြောက်နယ် အတွင်းသို့ ရောက်ရှိလာ သည်ဟု သိရပါသည်။ ထို အချိန်တွင် အာရပ် တန်ခိုးသြဇာ အာဏာ ကြီးထွား လာချိန်ဖြစ်ပြီး အရှေ့အနောက် ပိုင်း ရှိ ”စမာရ်တန်” ”ဘူခါရာ” ”ခီဝါး” စသော မြို့များအထိ အစ္စလ္လာမ် သာသနာတော်ကို ဖြန့်ချီနိုင်ခဲ့လေသည်။
အာရေဗျ တိုင်းပြည်မှ တရုတ်ပြည်သို့ ကုန်းလမ်းခရီးဖြင့် အီရတ် နိုင်ငံ၊ အီရန်နိုင်ငံ၊ ခိုရာတန် နိုင်ငံ စသည့် နိုင်ငံများကို ဖြတ်ကျော်ပြီး တောတောင်အထပ်ထပ်ကျော်လွှားကာ မိုင်ပေါင်း (၃၀၀၀) ကျော်ဝေးကွာသော တရုတ်ပြည်နယ်စပ် သို့ ရောက်နိုင်ပေသည်။ ခရစ်သက္ကရာဇ် (၇၁၅) ခုနစ်ဍ် ဒမတ်စကတ် မြို့တော်တွင် အုပ်ချူပ်သော ၀လ်ဒ်ဘင်အဗ်ဒွလ်မာလစ်(ထ်) ၏ လက်ထက်တွင် ခိုရာပူတန်မြို့သံသမတ် အဖြစ်ခန့်အပ်ခြင်းခံရသော ”ကိုတီဘာဘင် မူစလီမာ သခင်” သည် ဇွဲ လုံ့လ သတ္တိ နှင့် လိမ္မာ ပါးနပ်မှု ရှိသောပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဟောပြောချက်ဖြင့် ထိုဒေသ ရှိ မြောက်များစွာသော တရုတ်လူမျိုး တို့ သည် အစ္စလ္လာမ် ဘာသာ ကို လက်ခံ လာကြပါသည်။ ၄င်းဒေသ မှ တဆင့် တရုတ်ပြည် အနောက် မြောက် ဒေသ သို့ အစ္စလ္လာမ် ဘာသာ ပျံ့နှံ့ လာပါသည်။တူရကီ လူမျိုးတို့သည် တမန်တော်မြတ် မပွင့်မှီ ကပင် တရုတ်ပြည် နယ်ပယ် အတွင်း သို့ ကူးသန်းရောင်း ၀ယ်ခြင်းဖြင့် ရောက် ရှိလာခဲ့ကြပါသည်။
တမန်တော် ပွင့် ပြီးနောက် အေဒီ (၆၅၀) နှစ် အလွန်တွင် အာရပါ အုပ်စုကြီး နှင့် အတူ အစ္စလ္လာမ် သာသနာတော် ကို ယူဆောင် ပြီး အလုံးအရင်းနှင့် တရုတ်ပြည်အတွင်းသို့ ကုန်းကြောင်း ခရီး ဖြင့် ၀င်ရောက်လာခဲ့ ကြပါသည်။ခရစ်သက္ကရာဇ် (၇၅၅) ခုနစ်ဍ် တရုတ်ပြည် အနောက် မြောက်ဘက်ဒေသ တွင် ”အန်လူရှန်” ဆိုသူ ခေါင်းဆောင်သော တာတာ လူမျိုး များ၏ ပုန်ကန်ခြားနားမှုကြောင့် တရုတ်ဘုရင်က အာရပ်နှင့် ဥူးဂါး စစ်တပ် အကူအညီ တောင်းရ်ျ နှိမ်နင်း ရလေသည်။ ထို အာရပ်နှင့် ဥူးဂါး စစိသည် တပ်သား များသည် မိမိ တို၏ နေရင်းအရပ်များသို့ မပြန်ကြတော့ပဲ တရုတ်ပြည် စီအန် နယ်တွင် အတည်တကျ နေထိုင်ကြလေသည် ထိုအချိန်မှ စရ်ျ တရုတ်မူဆလင်များသည် တရုတ်ပြည် တွင် အမြစ်တွယ်ကာ ပြန့်ပွါးလာပါသည်။ စီအန် နယ် တွင် ရှေးဗလီ ၀တ်ကျောင်းတော်ကြီး တစ်ဆောင်ကို ဆောက်လုပ်ထားခဲ့ရာ ယနေ့တိုင်တည်ရှိနေပေသည်။ ခရစ်သက္ကရာဇ် (၇၈၂) ခုနစ်ဍ် တရုတ်နှင့် တိဗက် တို့ စစ်ဖြစ်ပွါးခဲ့ရာ မူဆလင်များ၏ အကူအညီ ဖြင့် တိဗက် တပ်မတော်ကို ချေမှုန်းနိုင်ခဲ့ပါသည်။ ထို အချိန်မှ စပြီး ယူနန်နယ်အတွင်း သို့ မူဆလင်များ စတင်အခြချနေထိုင်ခဲ့ကြပါသည်။
(၃) ယူနန်ပန်းသေးများ။
၁၈၅၆ ခုနစ် မှ ၁၈၇၃ ခုနစ်အထိ တစ်ဆယ့်ခုနစ်နှစ် တိုင်တိုင် တရုတ်ပြည် ယူနန်နယ်ဍ် တရုန်မူဆလင် ဘုရင်များ စိုးမိုးအုပ်ထျူပ် ခဲ့ကြပါသည်။ ယင်း ယူနန်နယ်သည် တရုတ်ပြည်၏ အနောက်တောင်ဘက် တွင် တည်ရှိပြီး မြန်မာပြည် နယ်စပ်နှင့် ကပ်လျှက် ရှိသည်။ ယင်းယူနန်နယ်သို့ မူဆလင်များအဘယ်သို့ ၀င်ရောက် လာကြသည်နှင့်ပတ်သက်ပြီး အကြောင်းပြချက် အမျိုးမျိုး အဆို ရှိလေသည်။ ပန်းသေးလူကြီးများ ၏ ပြောပြချက်အရ တရုတ်ဘုရင် မင်းမြတ်သည် ၄င်း၏ တိုင်းပြည်အတွင်း ရှိမိစ္ဆာဒိ ဌိ မကောင်း ဆိုးဝါးများကို ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံချက်အရ မဟာတမန်တော်မြတ် မိုဟာမသ် သခင်က လူပေါင်း ၃၆၀ ကို စေလွတ်ရ်ျ ၄င်းတို့ ၏ နတ်ဆိုးနတ်ယုတ်များကို အမြစ်ကစရ်ျ သုတ်သင်ပေးလိုက်သည့်အတွက် တရုတ်ဘုရင် မင်းမြတ်မှာ များစွာ ကျေးဇူးတင်ရှိပြီး အာရပ်များကို ဂုဏ်ပြုသည့် အနေဖြင့် ၄င်းတို့၏ မြို့တော်တွင် အခြေချ နေထိုင်ခွင့်ပြု လိုက်လေသည်။
နှစ်အတန်ကြာမြင့်လာသောအခါ မူဆလင်လူဦးရေ မှာ များပြားလာသဖြင့် နယ်စပ်များသို့ရွှေ့ ပြောင်း နေရာ ချထားခဲ့ကြောင်းသိရပါသည်။တဖန် အဆိုတစ်ရပ် တွင် အေဒီ ၈၀၁ ခုနစ်က မူဆလင်စစ်သည်တော် ရဲမက် (၂၀၀၀၀) နှစ်သောင်း သည် တရုတ်ဘုရင်မင်းမြတ်၏ မေတ္တာ ရပ်ခံချက်အရ တ်ဗက်နှင့် စစ်ဖြစ်နေသည့် တရုတ်ဘက်မှ ပါဝင် ကူညီ တိုက်ခိုက်ပေးပြီး စစ်ပွဲအောင်မြင်သောအခါ မိမိမွေရပ် ဌါနီ အာရပါပြည်သို့ မပြန်ကြတော့ ပဲ တရုတ်ပြည် ယူနန်နယ်ဍ် ပင် အခြေချ နေထိုင်ကာ တရုတ်ဘုရင် ၏ သစ္စာ တော်ခံ များအဖြစ်နေထိုင်ကြလေသည်။တရုတ်ပြည်တွင် တရုတ်မူဆလင် များ သြဇာ လွှမ်းမိုးစဉ် အချိန်ကလည်း ပန်းသေးများသည် ဆင်းရဲနွမ်းပါးသော တရုတ်လူမျိုး မိဘ များထံမှ ကလေးသူငယ် မြောက်များစွာ ကို ၀ယ်ယူပြီး မူဆလင်အဖြစ်ပြုစု ပျိုးထောင်ကာ အချိန်တန် အရွယ်ရောက်လာသော အခါ မူဆလင် အမျိုး သမီး ၊ အမျိုးသားများ နှင့် လက်ထပ် ထိမ်းမြားပေးကြပါသည်။
ထိုနည်းဖြင့် ၁၉ ရာစု တွင် ယူနန် မူဆလင်ဦးရေ မှာ တဟုန်ထိုး အဆမတန်တိုးတတ် များပြားလာသည် ကို တွေ့ ရှိရလေ သည်။ တစ်ဆက်တည်းမှာ ပင် ထိုအချိန်က ယူနန်နှင့် မြန်မာ ကုန် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်း များတွင်လည်း ပန်းသေးများကသာ လက်ဝါး ကြီးအုပ်ထားသည်ကို တွေ့ ရှိရလေသည်။ ဗြိတိသျှ ခရီးသည် များ၏ မှတ်တမ်းများအဆိုအရ ၄င်း မူဆလင် ကုန်သည် များသည် အာရပ်စာပေ ကိုသာမက ကွရ်အာန် ကျမ်းမြတ် ကိုပါ ကောင်းမွန် ကျွမ်းကျင်စွာဖတ်တတ်ကြောင်း ကိုလည်းတွေ့ ရကြောင်း နှင့် မူဆလင်များမှာ အာရပ် ဆက်နွယ် များက အများစု ဖြစ်ပြီး တူရကီ နွယ်ဘွား များကိုလည်း တွေ့ ရှိရကြောင်း ရေးသားထားလေသည်။ ထို့ ကြောင့် ၄င်း တရုတ်ပြည်ဘွားမူဆလင်များ ၏ ရုပ်ရည် သွင်ပြင် လက္ခဏာ များမှာ ကုလားလူမျိုး ပုံစံ မပေါ်လွင်ပဲ တရုတ်လူမျိုး (သို့မဟုတ်) တရုတ်ကပြား များ၏ ပုံသဏ္ဍန် ပေါ်လွင်နေခြင်း ဖြစ်ပါသည်။
(၄-၁၀-၉၄) နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမှုံ သတင်းစာ များ တွင် ”မင်းရဲကောင်းပုံ” ရေးသားထားသော တရုတ်မြန်မာ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး သို့ (ကော်လံ – ၅ ) တွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) နှစ်ထောင် ကပင် ယူနန်သည် တရုတ်နိုင်ငံ အဖို့ အရှေ့တောင် အာရှ နိုင်ငံများနှင့် ရော၊ အိန္ဒိယ နိုင်ငံ များနှင့်ပါ ဆက်ဆံ ရေးအတွက် တံခါးပေါက်ဖြစ်ခဲ့ပါသည်။ ကျောကြားသော (ပိုးဖဲ လမ်းမကြီး ) သည် စင်စစ် တရုတ်ပြည်၏ ကုန်သွယ် ရေးလမ်းမကြီးဖြစ်ပါသည်။ ထိုလမ်းမကြီးသည် စီချွမ်း ပြည်နယ်၏ မြို့တော် ဖြစ်ချိန်မှ အစပြုလျှက် အာရှတိုက် အလယ်ပိုင်းနှင့် အာရေဗျ နိုင်ငံ ကို ရောက်သော လမ်းမာကီး ဖြစ်သည်။ လမ်းမကြီး ဖြတ်သန်းရာ မြို့ကြီး များတွင် ကုမင် – တာလီ – ပေါက်ဆန်း – ထန်ချိ တို့ ပါဝင်လျှက် မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ မြို့ပြ ဒေသ များကိုလည်း ဖြတ်သန်းသွားရပြီး သမိုင်းတစ်လျှောက်တွင် ထို (ပိုးဖဲလမ်းမကြီး) သည် တရုတ်နိုင်ငံ နှင့်အရှေ့ တောင် အာရှ နိုင်ငံ များ၏ အဓိက ဆက်သွယ်ေ၇းတွင် ဗဟို အချက်အချာ ကျသော လမ်းမာကီး ဖြစိခဲ့သည် ဟု ဖော်ပြထား ပါ သည်။ ထို သမိုင်း ဖြစ်ရပ် ကိုထောက် ရှုခြင်း အားဖြင့် အာရပ်တို့သည် ရှေါ်ယခင်နှစ်ကြာမြင့်စွာ ကပင် မြန်မာ ပြည် နှင့် တရုတ်ပြည် သို့ ကူလူး သွား လာ ခဲ့ကြသည်မှာ ခိုင်လုံသော အထောက် အထား တစ်ခုဖြစ်ပါသည်။ – ဥပမာ -ကတ္တီပါစ ဆိုသည့်စကားလုံးမှာ အာရပ်ဘာသာစကားဖြစ်ပါသည်။
(၄)တရုတ်ပြည် ရှိ မူဆလင်လူမျိုးစု များ။
တရုတ်ပြည်တွင် မူဆလင် လူမျိုးနွယ်စု (၁၀) မျိုး ရှိပါသည်။ ၄င်းတို့ မှာ (၁) ဟွေ့ဟွေး (၂)ဥူဂါးရ် (၃)ကာဇက် (၄)ခါဂစ် (၅) တာဂျစ် (၆)တာတာ (၇)ဥဇ္ဖဘတ် (၈)တုံရှန် (၉) တာလာ နှင့် (၁၀)ပေါက်အန်း တို့ ဖြစ်ကြပါသည်။ တရုတ်မူဆလင် အများအပြား နေထိုင်သော ပြည်နယ် မှာ ယူနန်နယ် ၊ ကန်တုံနယ်၊ ကန်စုနယ်၊ စီချွမ်း နယ်၊ ချင့်ဟိုက်နယ်၊ ကေ့ကျန်နယ် တ်ု့ ဖြစ်ကြပြီး တောင်ကြီးမြို့သည် အစ္စလ္လာမ် ရေးရာဗဟို ဌါန တစ်ခု ဖြစ်ခဲ့သည်။ အထက်ဖော်ပြပါ ပြည်နယ်အသီးသီး တို့တွင်လည်း အစ္စလ္လာမ် ဘာသာရေးကျောင်းများ ကို လွတ်လွတ်လပ်လပ် စိတ်တိုင်ကျ ဖွင့်လှစ်ပြီး တိုင်းရင်းသား ဘာသာစာပေ နှင့် ရောယှက်ပြီး အာရပ် ဘာသာနှင့် ပါရစီ ဘာသာ များကိုပါ တွဲဖက် သင်ကြားစေပါ သည်။ တရုတ်ပြည် အနောက်မြောက်ပိုင်းတွင် တူရကီ – ပါရှမ် အဆက်အနွယ်များဖြစ်ကြသော မူဆလင်အများအပါး နေထိုင်ကြ သည်ကိုလည်း တွေ့ရှိ ရပါ သည်။
တရုတ်ပြည်တွင် မှီတင်းနေထိုင်ကြသော လူမျိုး များကို တရုတ်လူမျိုးများဟုသိမြင်ကြ၏။ သို့ရာတွင် ထိုလူမျိုး များသည် တစ်မျိုး တစ်စားတည်းမဟုတ်ကြပေ။ တရုတ်ပြည် တွင် နေထိုင်ကြသော လူမျိုးစုကြီး ၅ စု ရှိပါသည်။ ၄င်းတို့ မှာ (၁) ဟန်လူမျိုး (၂) မာန်ချူးလူမျိုး (၃) မွန်ဂို လူမျိုး (၄)ရှီစန် (ခေါ်) တိဗက် လူမျိုး (၅)ဟွေ့ ခေါ် ဟွေ့ဟွေး မူဆလင် လူမျိုး တို့ ဖြစ်ကြပါသည်။ တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာ စွန်းကျူံးဆန် တည်ထောင်သော အမျိုးသား နိုင်ငံတော် အလံမှာ ငါးရောင်ခြယ် အလံ ဖြစ်ပြီး အရောင်များမှာ -အနီ ၊ အ၀ါ၊အ ပြာ ၊ အဖြူ၊ အနက် စသည်ဖြင့် တရုတ်လူမျိုးကြီး (၅)စု ၏ အရောင် များကို ဖော်ပြထားပါသည်။ ယခု တရုတ်ပြည်သူ့ သမတ္တ နိုင်ငံတော်အလံတွင် ပါ ရှိသော ကြယ်နီ (၅) ပွင့် ၏ အဓိပါယ်မှာ ထို လူမျိုး ကြီး ငါးစု ကို သရုပ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဤသည် ကို ထောက်ရှုခြင်းအားဖြင့် တရုတ်ပြည်ါရှိ ဟွေ့ဟွေး မူဆလင်အင်အားသည် မည်မျှ များပြား ကြောင်း ခန့်မှန်းနိုင်ပေမည်။ အစိုးရကပင် အသိအမှတ်ပြုထား ရကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရလေသည်။ တရုတ်ပြည်တွင် တရုတ်မူဆလင်ဦးရေ သီးသန့် ကောက် ယူ ထားသည့် သန်ခေါင် စာရင်း တရားဝင် မရှိခြင်းကြောင့် တရုတ် မူဆလင် ဦးရေ အတိအကျ မသိရသော်လည်း တရုတ်ပြည်၏ မူဆလင်ခေါင်းဆောင်ပိုင်းမှ လူကြီးများ၏ ပြောပြချက်အရ သန်းပေါင်း (၁၀၀) ပတ်ဝန်းကျင်မှာ ရှိသည် ဟု ပြောပြချက်အရ သိရပါသည်
(၅) ပန်းသေးများ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာခြင်း။
ခရစ်သက္ကရာဇ် ၁၂၅၇ ခု နစ်တွင် မွန်ဂိုဘုရင် ကူဗလိုင်ခန့် မင်းနန်းတတ်သောအခါ တရုတ်ပြည် ယူနန်နယ် ကို တိုက်ခိုက် သိမ်းယူပြီးနောက် ခရစ်သက္ကရာဇ် ၁၂၈၄ ခုနစ် မြန်မာသက္ကရာဇ် ၆၄၃ နှစ်တွင် မြန်မာ နိုင်င့မှ မိမိအား အဖိုးတန် လက်ဆောင်ပဏ္ဍာများ ဆက်သ ရမည်ဟု ပုဂံ တွင် ထီးနန်း စိုးစံတော်မူနေသော နရပတိ သီဟ ဘုရင်မင်းထံ ရာဇသံဖြင့် ရန်စကာ သံတမာန် များ စေလွတ်တောင်းခံ လေ သည်။ တရုတ်သံတမာန် များ သည် မြန်မာ ဘုရင် ရှေ့တော်၌ မချေ မငံ ပြောဆို ဆကိဆံကြသဖြင့် လာကြသောသံ အဖွဲ့ အားလုံးကို တစ်ယောက်မကျန် ကွပ်မျက် လိုက်လေ သည် ။ဤ အချိန်မှ စ၍ တရုတ်-မြန်မာ စစ်ပွဲ ဖြစ်လာလေသည်။ ဗန်းမော်မြို့ အမြောက်ဘက် ငဆောင်ချမ်း အရပ်၌ ဖြစ်ပွါးခဲ့ပါ သည်။ ကူဗလိုင်ခန့်မင်းကြီး၏ စစ်ဗိုလ်ချူပ်ကြီး နစရွတ်ဒင်းန် နှင့် တာတာရီ ၊ တူရကီ တရုတ် ရဲမက် စစ်သည်များသည် မြန်မာပြည်တွင်းသို့ အလုံး အရင်းဖြင့် ၀င်ရောက် တိုက်ခိုက်ရာ နရပတိ မင်း သည် အရေးနိမ့်ပြီး ထွက်ပြေးတိမ်းရှောင်ရလေသည်။ မြန်မာ ရာဇ၀င် တွင် နရပတိ သီဟ မင်း ကို တရုတ်ပြေးမင်း ဟု ခေါ်တွင် လေ သည်။
တဖန် မြန်မာသက္ကရာဇ် ၈၉၇ ခုနစ်တွင် တပင်ရွှေထီး မင်း သည် ဆင်တပ်၊ မြင်းတပ်၊စစ်သညရဲမက်အင်အား ၆၀၀၀၀ ခြောက်သောင်း အင်အားဖြင့် ဟံသာဝတီ မြောက်ဘက်သို့ ချီတတ်ပြီး ကျားထိုး ဟူသော အရပ်မှ နေ၍ ကူဗလိုင်ခန့်မင်းကြီး၏ တပ်ကြီးကို တိုက်ခိုက်လေရာ အရေးမလှသောကြောင့် နောက်ဆုတ်ရလေသည်။ အထက်ပါ သမိုင်းအရ နရပတိသီဟ မင်းနှင့် တပင်ရွှေထီး မင်းများလက်ထက် တွင် ပန်းသေးများသည် မြန်မာပြည် တွင်းသို့ ရောက်ရှိလာကြကြောင်းသိရလေသည်။ (မှန်နန်းရာဇ၀င် နှင့် မြန်မာ စာညွှန်းးပေါင်းကျမ်း – တတိယ တွဲ – စာမျက် နှာ ၂၄၇)ရှေးနှစ်ပေါင်း ၇၀၀ ခန့်လောက်မှ စ ၍ မြန်မာပြည်သို့ ရောက်ရှိလာကြသော ပန်းသေးများမှာ တရုတ်တပ် များ နှင့် အတူပါလာခြင်း သို့မဟုတ် အလုပ်ရှာဖွေရန် ကောက်လာကြပြီး မင်းမှုထမ်းများအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ ခြင်း ဖြစ်ပါသည်။
ထို့ပြင် မြန်မာမင်း များကလည်း တရုတ်မြန်မာ ကူးသန်းရောင်းဝယ်ဆက်ဆံရေးကို အားပေးကြသောကြောင့် ပန်းသေးကုန်သည်များသည် ပိုးထည်၊ ဖဲထည် နှင့် ရွှေ အရောင်းအ၀ယ် များဖြင့်မန္တလေး သို့ မကြာ မကြာရောက်ရှိလာကြကြောင်းနှင့် နောက်ပိုင်းတွင် ယူနန်ပြည် အတွင်း စစ်အတွင်းမှာ လည်းကောင်း၊ စစ်ပြီးခေတ်မှာ လည်းကောင်း၊ ပန်းသေးများ သည် မြန်မာပြည်အတွင်းသို့ ၀င်ရောက်ခိုဘှုံလာကြသည်ကို ခွင့်ပြုထားကြောင်း တွေ့ရှိရလေသည်။ယူနန်ပြည် တွင် စစ် အတွင်းက ထွက်ပြေးလာကြသော ပန်းသေးများကို မင်းတုန်း မင်းတရားကြီးက လက်ခံ ကျွေးမွေး စောင့်ရှောက်ထားတော်မူခဲ့လေသည်။ ဤသည်ကို ပခန်း မင်းကြီးက မြန်မာ နှင့် တရုတ် သဟဇာတ- သင့်မြတ် မဟာမိတ် ဖြစ်နေ ချိန်တွင် တရုတ်မင်းကို ပုန်ကန်၍ အရေးနိမ့်ပြီး မြန်မာ ပြည်တွင်း သို့ ၀င်ရောက် လာကြသော တရုတ်ဘုရင်၏ ရန်သူများကို လက်မခံ သင့်ကြောင်း မင်းတုန်း မင်းကြီး ထံ – လျှောက် ထား သံတော်ဦးတင်ပြီး ၄င်းပန်းသေး များကို အောက်မြန် မာပြည် ရှိ မြို့ရွာ များသို့ ပြောင်းေ၇ွ့နေထိုင် ကြရန် နေပြည် တော် မှ နှင်ထုတ်လိုက်လေသည်။ ဤနည်း အားဖြင့် ယူနန်ပြည် တွင် စစ်အတွင်းက ထွက်ပြေး တိမ်းရှောင် ဘာကြသော ပန်းသေးများသည် အထက် မြန်မာ ပြည် ၌သာမက အောက်မြန်မာပြည်ရှိ မြို့ရွာများ သို့ပါ ပျံ့နှံ့ သွားကြကြောင်း တွေ့ ရှိရလေသည်။
တရုတ်-မြန်မာ ကုန်သည်များသည် ထန်ရွေ့နယ် ခေါ် ထိပ်ချူံး နယ်နှင့် ဗန်းမော် မြို့ တို့ တွင်ကုန်းလမ်းခရီးဖြင့် ကူးလူး ဆက်ဆံ သွားလာ ရောင်းဝယ်ရေး အစဉ်အလာ များ ရှိခဲ့ သည်။ ၄င်းတို့ ထဲ တွင် ကုန်သည် အများစု မှာ ပန်းသေး များဖြစ်ကြလေသည်။ အချို့ ပန်းသေးများမှာ မြစ်ကြီးနားမှတဆင့် မိုးကောင်းမြို့သို့ သွား၍ ကျောက်စိမ်းတွင်း အရပ်၌ ကျောက်စိမ်း တူးဖော် ခြင်းလုပ်ငန်းဖြင့်အတည် တကျ သွားရောက် လုပ်ကိုင်နေထိုင်ကြလေသည်။အချို့ တရုတ်မူဆလင် များမှာ စစ်ဘေး စစ်ဒဏ် လွတ်ကင်းရာ တာလီ မြို့မှ ယူနန် အနောက်တောင်ပိုင်း ကိုဖြတ်၍ မြန်မာပြည်၏ အရှေ့မြောက် အရပ်ရှိ မိုင်းမော – မာန်ထွန်း မှ တဆင့် ”၀” နယ်အတွင်းသို့ ၀င်ရောက် ခိုလှုံ နေထိုင်ကြလေသည်။ ထိုအခါမှ၍ ပန်းသေး များပြောင်းရွေ့ စုရုံးနေထိုင်ခြင်းကိုအကြောင်းပြု၍ ”ပန်းလုးံ” ဟုခေါ်၏။ ”ပန်းလုံး”ဆိုသော တရုတ်စကားမှာ ”စုရုံး” သည် ဟုအဓိပါယ်ရသည်။ နောက်ပိုင်းကာလ ရွေကလျှာ လာသော အခါ ” ပန်းလုးံ” မှ ”ပန်းလုံ”ဟုခေါ် တွင်လာလေ သည်။ ၁၈၈၆ – ခုနစ်တွင် အင်္ဂလိပ်တို့က အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၈၈၉ – ခုနစ်တွင် တရုတ်နှင့် မြန်မာ နယ်ခြား သတ်မှတ် ပေးရာတွင် ”ပန်းလုံ ” မြို့ သည် မြန်မာ နယ်န်မိတ်အတွင်း ကျရောက်လာလေသည်။ အချို့ ပန်းသေးများသည် စစ်ပြေးဒုက္ခ သည် များအဖြစ် ယူနန်နယ်မှ မြန်မာပြည်တွင်း သို့ အရှေ့ဘက်ပိုင်းမှ ၀င်ရောက်လာပြီး ကျိုင်းတုံ မြို့တွင် အခြေ စိုက် နေထိုင်ကြလေသည်။ ကျိုင်းတုံ မြို့ ၌ ယခုအခါ ပန်းသေး ဦးရေ မှာ (၅၀၀၀) ကျော်ခန့် ရှိသည် ဟု ယူဆ ရလေသည်။
တရုတ်ပြည် ယူနန်နယ်မှ အကြောင်းအမျိုးမျိုး ဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောက်အခြေ စိုက်လာကြသော ပန်းသေးများသည် နှစ်ကြာလာသည်နှင့်အမျှ မင်းမှုထမ်းခြင်း ကုန်ကူးသန်း ရောင်း ၀ယ်ခြင်း အိမ်ထောင်ကျ ခြင်း စသော ကိစ္စရပ်များ အပေါ် အကြောင်းပြု အခြေခံပြီး ယခုအခါ ပန်းသေးအများစုကို ဗန်းမော်၊ မြစ်ကြီးနား၊
မန္တလေး ၊ မိုးကုတ်၊ တန့်ယန်၊ လားရှိုး၊ ကွန်လှုံ၊ တောင်ကြီး၊ ကျိုင်းတုံ နှင့် ရန်ကုနု စသော မြို့ကြီး များတွင် တွေ့ရှိရလေသည်။
(၆)ပန်းလုံပန်းသေးများ။
လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ကျော်ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း ယခု ကိုးကန့် နယ်မြေ အတွင်း တရုတ်ပြည် နယ်စပ်အနီး တွင် ”တိုက်ကျားကျိတ်” ဟူသော မြို့တစ်မြို့ ရှိခဲ့သည်။ ၄င်းမြို့သည် မြေပြန့်လွင်ပြင် ၌ တည်ရှိပြီး အရှေ့ဘက်တွင် ”ရင်းစင်း” အနောက်ဘက်တွင် ”မုကွာကျိုက်” အနောက်တောင်ဘက်တွင် ” မလိပါး” ၊ ပြောက်ဘက်တွင် ”စင်းကျိတ် ” ဟူသော ရွာများ ရှိပါသည်။
”တိုက်ကျားကျိတ်” မြို့တွင် နေထိုင်သော လူမျိုး များမှာ ပန်းသေး လူမျိုး များပင်ဖြစ်ပါသည်။ လူဦးရေ မြောက် မြား စွာ နေထိုင်သော မြို့ ကြီး တစ်မြို့ ဖြစ်ပါသည်။ ယနေ့ ထက်တိုင် ၄င်း ”တိုက်ကျားကျိတ်” တည်ရှိရာ နေရာ တွင် မြို့ရိုး၊ ကျူံး၊ ကတုတ်၊ စသည်တို့၏အကြွင်းအကိန်များ ထင်ရှားစွာ တည်ရှိနေသေး၏။ ထိုမြို့မှ ပန်းသေး လူမျိုး အချို့ တို့ သည် တောင်ပိုင်းသို့ ဆင်း ပြီး သံလွင်မြစ် အရှေ့ဘက် ”၀” နယ်အတွင်း ရှိ ”နမ်းပေါ့ ” ဟူသော ရွာအတွင်း သို့ ရွေ့ပြောင်းနေထိုင်ခဲ့ကြပါသည်။ ”တိုက်ကျားကျိတ်” မြို့ တွင် အေးချမ်းစွာ နေထိုင်လာရာမှ ၁၀၄၀ ခုနစ်သို့ ရောက်သောအခါ တရုတ်ပြည်တွင် အလံဖြူ နှင့် အလံနီ အရေးအခင်း စတင်ဖြစ်ပွါးခဲ့ပါသည်။ မူဆလင်ဖြစ်သော အလံဖြူ တပ်များ အရေးနိမ့်သဖြင့် ပန်းသေးများနေထိုင်သော ”တိုက်ကျားကျိတ်” မြို့ သို့ ဒုက္ခ သည်မူဆလင်များ ၀င်ရောက် ခိုလှုံခဲ့ပါ သည်။ ရန်ငြိုးမကုန်သေးသော မန်ချူး အလံနီ တပ်များက ”တိုက်ကျားကျိတ်” မြို့ အထိ လိုက်လံ တိုက်ခိုက်ကြသည် ။
အင်အား မမျှသောကြောင့် ”တိုက်ကျားကျိတ်” မြို့သူ မြို့သားများ မရှုမလှ သေကြေကြရပြီး မြို့ပါ ဖျက်ဆီးခြင်းခံလိုက်ရပါသည်။ ထို့ ကြောင့် ၁၈၅၀ ခုနစ်ကျော်ကာလတွင် ကျန်ရှိသော ပန်းသေး များသည် စစ်ပြေးဒုက သည်အဖြစ် ကိုးကန့်နယ် အနောက် တောင် ပိုင်းသို့ ထွက်ပြေးလာကြပါသည်။ ”မလိပါး” ၊ ”ကြာဇီရု” ခေါ် ”ဟွေ့ဇီကြာချန့်” စသော ရွာများ တွင် လည်းကောင်း ထိုမှတစ်ဖန် တောင်ပိုင်းရှိ ”ထိန်မြေဖုန်” ၊စန်းရှောင်” စသော ရွာများ တွင် တိမ်းရှောင် ခိုလှုံလာကြပါသည်။ ထိုမှ တဖန် ပန်းသေးများသည် ”ကန်မှိုင်း ၊ ခမ်းတိန် ” ရွာများသို့ ပြောင်းရွေ့လာသည်။ အချို့ မှာ မူ သံလွင်မြစ် တစ်လျှောက်လိုက် ပြီး ရှမ်းပြည် အတွင်းသို့ ဆင်းသွားခဲ့သည်။ အများစုမှာ သံလွင်မြစ် ”နမ့်စီခ” ကူးတို့ဆိပ် မှ ကူးကာ သံလွင်မြစ် အရှေ့ဘက် ”၀” နယ် အတွင်း ရှိ ”နမ့်ပေါ့ ” ရွာသို့ ရောက်ရှိသွားသည်။ နမ်ပေါ့ ရွာတွင် ယခင်က ”တိုက်ကျားကျိတ်” မြို့မှ ပြောင်းရွေ့လာသော ပန်းသေး များနှင့် ပူးပေါင်းနေထိုင်လေသည်။နမ့်ပေါ့ ရွာသို့ ပန်းသေးများတဖြေးဖြေး ပြန်လည် စုရုံးလာကြ သဖြင့်ပြန် လည် စုစည်းခြင်းဟု အဓိပါယ် သက်ရောက်သည့် ”ပန်းလုံ ” ဟူသော အမည်ဖြင့်ပြောင်း လဲ ခေါ်ဝေါ်လာခဲ့ သည်။ ထိုကဲ့သိုစုစည်းကာ မြို့သစ်တည်ထောင် ပြီးနေထိုင်ကြသည် ကို”၀” စော်ဘွားများက သဘောတူ ခွင့်ပြု ခဲ့ပါ သည်။ ၁၈၆၀ ခုနစ်လောက်တွင် ပန်းသေး အကြီးအကဲ ”မားလင်ရိုး ” ကို ပန်းလုံမြို့စား အဖြစ်”ကွမ်ပြယ်” စော်ဘွားကခန့်သဖြင့် ”မားလင်ရိုး ” သည် ”ပန်းလုံ ”နယ်တစ်ဝှိက် ကို အုပ်ချူပ်ခဲ့ ရလေ သည်။ယင်းအုပ်ချူပ် ရသော နယ်မြေ မှာ စတုရန်း မိုင်ပေါင်း (၁၇၀) ခန့် ရှိပြီးအရှေ့ဘက်ရှိ နမ့်မုချောင်း ၊ှ အနောက် ဘက် သံလွင်မြစ်၊ မြောက်ဘက်”ဟိုစွမ်း”ရွာ၊ တောင်ဘက် ”ပန်းနွိုင်ရွာ” အထိ ဖြစ်ပါသည်။
၁၈၆၀ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ပန်းလုံ မြို့ ကို အုပ်ချူပ်ခဲ့သော မြို့စားများမှာ -(၁) မာလင်ရီး (၂) မားစန်းတားရင် (၃)သွင်းတားရင် (၄)တာဂျီးမား ကွယ်ရှင်း(၅)မားရင့်အန်း (၆) မာမေ့ထင် စသည်တို့ဖြစ်ပါသည်။၁၈၉၈ ခုနှစ်သို့ ရောက်သော အခါ တရုတ်မြန်မာ နယ်နိမိတ်သတ်မှတ်ခြင်းစတင်ပြုလုပ်ခဲ့သည်။ ဤအချိန်ထိ ပန်းလုံ သည် မည်သည့် နိုင်ငံတွင်ပါဝင်သည်ကို ပြတ်ပြတ် သားသား သတ်မှတ် ထားခြင်းမရှိသေးပေ။နယ်နိမိတ်သတ် မှတ်ရေး ကော်မရှင် သည် ”၀” နယ်အတွင်းရှိ သက်ဆိုင်သူများကိုဖိတ်ကြားခဲ့သည်။ သို့သော် ပန်းလုံမြို့စား တာဂျီးမား ကွယ်ရှင်းတစ်ယောက်သာတတ်ရောက်ခဲ့ပြီး အခြားနယ်ရှင်များ တတ်ရောက်ခဲ့ခြင်းမရှိ ပါ။ပန်းလုံကို မည် သည့်နိုင်ငံတွင် ပါဝင်ထည့်သွင်းလိုကြောင်း ထိုကော်မရှင်အဖွဲ့က မေးမြန်းရာ မြို့စား တာဂျီးမား ကွယ်ရှင်း က မြန်မာပြည်တွင်း၌သာပါဝင် ထည့်သွင်း လိုကြောင်း ဖြေကြားခဲ့ပါသည်။
ထို့ကြောင့် ပန်းလုံနယ်ကိုမြန်မာပြည် နယ်နိမိတ်အတွင်း ၌ ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ အင်္ဂလိပ်အစိုးရက လည်း တာဂျီးမား ကွယ်ရှင်းကို ပန်လုံမြို့စား ရာထူး၌ပင် ခန့်အပ်၍ ပန်းလုံနယ်ကို ဆက်လက်အုပ်ချူပ်စေခဲ့ပါသည်။ ဤတွင် တာဂျီးမား ကွယ်ရှင်း က ပန်းလုံ ကိုမြန်မာပြည်အတွင်း ပါဝင်ရန် ဆန္ဒ ပြုခဲ့သည့်အတွက် အခြားနယ် ရှင်များကမနှစ်မြို့ သဖြင့် မြို့စား တာဂျီးမား ကွယ်ရှင်း ကို လုပ်ကြံ လိုက်လေသည်။မြို့စား တာဂျီးမား ကွယ် ရှင်း လုပ်ကြံခံရပြီး နောက် ပန်းလုံ မြို့သူမြို့သား များသည် တုန်လှုပ် ခြောက်ခြားပြီး အခြေအနေ ရုတ်ရုတ် သဲသဲဖြစ်လာခဲ့ပါသည်။ အချို့က ပန်းလုံမြို့ ကို စွန့်ခွါပြီါ် ရှမ်းပြည်ဘက်သို့ပြောင်း ရွေ့ သွားကြပါသည်။ ထို့ော့ာင့် ဤသို့ ရှုပ်ထွေးနေသော အခြေ အနေကို ထိန်းသိမ်းရန် မားရင့်အန်း ကို မြို့စားအဖြစ် ခန့်အပ်ပြီး အုပ်ချူပ်စေ ခဲ့ပါသည်။ အခြေ အနေ ငြိမ်းချမ်းသွားသောအခါ မာမေ့ထင် ကို မြို့စားအဖြစ် တင်မြောက် လိုက်ကြပါသည်။
၁၉၃၄ ခုနစ်တွင် တရုတ်နှင့် အင်္ဂလိပ်ကိုယ်စားလှယ် များသည် ဟိုစွက် အရပ်၌ဒုတိယ အကြိမ်မြောက် တရုတ်မြန်မာ နယ်နိမိတ် သတ်မှတ်ရေး အစည်းအဝေးပြု လုပ် ပြန် သည်။ ဤအချိန်တွင် ”၀”စော်ဘွားများ အားလုံးလိုလိုပင်တတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြို့စား မာမေ့ထင် ၏ တိုက်တွန်းဆော်သြ မှုကြောင့် ”၀” စော် ဘွားများအားလုံး ကမြန်မာပြည်အတွင်း၌သာ ပါဝင်မည့် အကြောင်း တညီတညွတ် တည်း ဆန္ဒမဲပေးခဲ့ကြပါသည်။ ယင်းသို့ ဆန္ဒ ပေး သဘောတူညီမှုကြောင့် ”၀” နယ် တစ်ခုလုံးကို မြန်မာ ပိုင်အဖြစ် သတ်မှတ်ခဲ့ပါ သည်။ ယနေ့ထက်တိုင် ထိုနယ်သည်မြန်မာ ပိုင်နက် နယ်မြေ ဖြစ်နေခဲ့ ပါ သည်။ပန်းလုံမြို့စား မာမေ့ထင်က ”၀” စော်ဘွားများ ကို စည်းရုံးနိုင်ခြင်းမှာမြို့စား မာမေ့ထင်၏ ဇနီ ၂ ဦး အနက် တစ်ဦးမှာကွန်ပြတ် နယ် ရှင် စော်ဘွားစပ်ထိန်တန် ၏ ဒုတိယ သမီးဒေါ် အဲ ကော် ဖြစ်ခြင်း ကြောင့်ပင်ဖြစ် သည်။ ဒေါ်အဲကော် နှင့်သားသမီး ၇ ယောက် ထွန်းကားခဲ့ပြီး သားအကြီး မှာ ”မာကွမ် ဖု” ဖြစ်ပါသည်။
၁၉၄၃ ခုနစ် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျပန်တပ်များသံလွင်မြစ်အရှေုဘက်သို့ချဉ်းနင်းဝင်ရောက် လာကြ သော အခါ ပန်းလုံပန်းသေးတို့သည် ဖက်ဆစ်ဂျပန် တို့၏ သြဇာ ကိုအာခံခဲ့သောကြောင့်ဖက်ဆစ်ဂျပန် တို့၏ ညှင်းပန်း နှိပ်စက်မှု ၊ မတရားသတ်ဖြတ်ခြင်းများ ကိုခံခဲ့ကြပါသည်။ နောက်ဆုံးတွင် ဖက်ဆစ်ဂျပန် များက ပန်းလုံမြို့ ကြီးကို မီးရှို့ ဖျတိဆီးလိုက်ပါသည်။ (ပန်းလုံ မြို့ ရှိ တစ်ခုတည်းသော ဗလီ အဆောက်အအုံတစ်ခုတည်းသာ မီးမလောင်ပဲ ယနေ့ တိုင် တည်ရှိလျှက် ရှိနေပါသည်။ ပန်းလုံမြို့ မီးလောင် ခဲ့ပြီးနောက် မြို့သူ မြို့သား များ တိမ်းရှောင်ခဲ့ရာမှ၁၉၄၀ ခုနစ်တွင် ပန်းလုံ မြို့သို့ တဖန် ပြောင်းရွေ့ နေထိုင်ခဲ့ကြပါသည်။ထိုသို့ နေထိုင်ရာမှ လပိုင်းအတွင်းတွင် ”ကေအမ်ဒီ” ”လီပင်ဟွမ်း” ၏ တပ်ကပန်းလုံ မြို့ကို ၀င်ရောက်တိုက်ခိုက်ပြန် သည်။ မြို့သူမြိုကသားများ ကိုတိုက်ခိုက်လုယက်ပြီး အိမ်ယာများကို ဖျက်ဆီး လိုက်ကြသည်။ ထို့ ကြောင့်ကျန် ရှိနေသေးသော မြို့သူ မြို့သား အားလုံးတို့သည် မြန်မာပြည်အနှံ့အပြားသို့ ပြောင်းရွေ့နေထိုင်ခဲ့ ကြသည်မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်:
credit; Panthay (Burmese Chinese Muslim) Mosque, Mandalay, Burma
ဗဟုသုတ အလို့ငှါကူးယူတင်ပြပါသည်
#hzmm
#天下第一

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s