Permanent People’s Tribunal (PPT) မှ မြန်မာမွတ်စလင်ကိုလည်း ပါဝင်အစစ်ဆေးခံရန် ခွင့်ပြု လာခဲ့ပါသည်

Maung Maung

မြန်မာမွတ်စလင်များခင်ဗျား

လေးစားစွာဖြင့် အစီရင်ခံ အသိပေးအပ်ပါသည်

မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်တွင်ကျူးလွန်သည့်
ရာဇဝတ်မှုများကို အာဏာပိုင်များက ကျူးလွန်နေသည့်
ကိစ္စနှင့်ပတ်သက်၍
Permanent People’s Tribunal (PPT) ကို အင်္ဂလန်နိုင်ငံ
လန်ဒန်မြို့တွင် ပြု လုပ်ခဲ့ပြီးဖြစ်ပါသည်

အဆိုပါ PPT တွင် နစ်နာသူများဖက်မှ ရိုဟင်ဂျာလူမျိုးများ
နှင့် ကချင်လူမျိုးများက အစစ်ဆေးခံ ထွက်ဆိုခဲ့ကြပါသည်

အဆိုပါ (PPT) ကို ဒုတိယအကြိမ်အဖြစ် လာမည့် စက်တင်ဘာလအတွင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်
မြို့၌ ကျ င်းပပြု လုပ်သွားမည်ဖြစ်ပါသည်

ယခုတကြိမ်တွင် စစ်ဆေးချ က်များကို မြန်မာနိုင်ငံအတွင်း
ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းခံထားရသော ကုလသမဂ္ဂအဖွဲ့ကြီး
၏ International Facts Finding Mision (IFFM) သို့ အချ က်
အလက်များပေးပို့သွားမည်ဖြစ်သဖြင့်
လူမျိုးစုံ ပါဝင်အစစ်ဆေးခံနိုင်ရန် စီစဉ်ထားကြောင်း ကြားသိ
ရဖြင့်

ကျ နော့်၏အစ်ကိုကြီးဖြစ်သူ ဒေါက်တာဦးကိုကိုကြီး၏
တောင်းဆိုမှု
ဒေါက်တာမောင်ဇာနည်၏ စီစဉ်ပေးမှု ….တို့ကြောင့်
(PPT) မှ မြန်မာမွတ်စလင်ကိုလည်း ပါဝင်အစစ်ဆေးခံရန်
ခွင့်ပြု လာခဲ့ပါသည်

သို့ဖြစ်သည့်အတွက်
မြန်မာမွတ်စလင်တယောက်အနေဖြင့် (PPT)တွင်
ကျ နော် တက်ရောက်အစစ်ဆေး ခံယူ၍
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး/ဘာသာရေး
ခွဲခြားမှု၊ ဘာသာရေးဖိနှိပ်မှု၊ ဝတ်ပြု ဆောင်ဗလီများ ပိတ်ပင်
ထားမှု၊ဘာသာရေးစာသင်ကျောင်းများ ပိတ်ပင်ထားမှု၊ ဝတ်
ပြု ကိုးကွယ်ခွင့်တားဆီးခံရမှု၊ တောင်ကုတ်/မိတ္ထီလာ/လားရှိုး/
မန္တလေး တို့တွင် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများနှင့်
အခြားမြန်မာနိုင်ငံ ပြည်မအတွင်း အမုန်းစကားပြောကြား
ခြင်း၊စီးပွားရေး /လူမှုရေး/မြို့ပြ ကျေးရွာအတွင်းနေထိုင်ရေး မှစပြီး မွတ်စလင်ဆန့်ကျ င်ရေး လှုပ်ရှားမှုများ လုပ်ဆောင်
နေမှု……
လုယက်မှု မီးရှို့မှု/ ဘာသာသာသနာရေးအရ စော်ကားမှု
များ အားလုံးအတွက် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်
နိုင်ရေးအတွက် အမှန်အတိုင်း ထွက်ဆိုသွားမည် ဖြစ်ပါသည်

ကျ နော်၏ နည်းတူ သက်သေထွက်ဆိုလိုသူများရှိပါကလည်း
(PPT) တွင် ထွက်ဆိုနိုင်ရေးအတွက် ဆက်သွယ် ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်

အမည်ခံ၍ဖြစ်စေ လျှို့ ဝှက်စွာဖြင့် ဖြစ်စေ သက်သေ ထွက် ဆိုနိုင်ပါသည်

ခိုင်လုံသော အချ က်အလက်များဖြင့်
ဓာတ်ပုံဖိုင်/ရုပ်သံဖိုင်/အသံဖိုင် နှင့် စာရွက်စာတမ်းများ
ပေးပို့၍လည်း သက်သေခံနိုင်ပါသည်

ကျ နော့်၏ကိုယ်တွေ့ အတွေ့အကြုံ များဖြင့်
မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရဲရဲဝန့်ဝန့်
သက်သေထွက်ဆိုနိုင်ရေးအတွက်
ဒိုအာပြု ဆုတောင်းပေးကြပါ ခင်ဗျား

အားလုံး၏ ဒိုအာကို မျှော်လင့်လျ က်

မောင်မောင်
ရွှေကရဝိက်
မလေးရှား

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s