ဆော်ဒီမှာ ဗုဒ္ဓသာသနာပြန့် ပွားအောင် ဘယ်လို သာသနာပြု ကြမလဲ

ဆော်ဒီမှာ ဗုဒ္ဓသာသနာပြန့် ပွားအောင် ဘယ်လို
သာသနာပြု ကြမလဲ . .
မရေးဘူးလို့ နေတာပါ။

ဦူးဇင်းမန့် တစ်ခုမှာတွေ့လိုက်တာ

ဆော်ဒီမှာဘုန်းကြီးကျောင်းဆောက်စေတီတည်
လို့ ရလားတဲ့။

ဦူးဇင်းကိုကိုယ်တော်တစ်ပါး မန့် မှာမေးတာ။

ဆော်ဒီကိုဦူးဇင်းမရောက်ဖူးလို့ မသိဘူး။

သေချာတာက ဒီကိုယ်တော်က သာသနာပြုချင်
တာနဲ့တူပါတယ်။

ဒါဆိုလွယ်ပါတယ်။ ဆော်ဒီကိုဘာမှမယူသွားနဲ့
သာသနာကိုနှလုံးသားထဲထည့်ယူသွား။
သေချာပါအောင်တော့ ယူသွားနော် . .

ဟိုရောက်ရင် သာသနာအရင်ပြု ၊လူအများလက်ခံ
လာခဲ့ရင်ကိုယ်တော်ကစေတီတည်ခွင့်တောင်တောင်း
စရာမလိုဘူး။အလိုလိုဖြစ်လာလိမ့်မယ်။

ဒါတွေခဏထားပါ . .

ဦူးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေတိုင်းအိမ်တိုင်းမှာ ဘုရားစင်တော့ရှိတယ်။သေချာစဉ်းစားလေ။ အိမ်ကဘုရားကို တောင်အချိန်ဘယ်လောက်
ပေးလည်းလို့ . .

ရပ်ကွက်တိုင်း၊ရွာတိုင်း၊
မြို့နယ်တိုင်း ဘုရားစေတီရှိတာပေါ့။
မြန်မာပြည်အနှံဆိုဘယ်ရည်တွက်လို့ ရပါ့မလဲ။

ဒါပေမယ့် ထိမ်းသိမ်းနိုင်လားပျက်စီးတဲ့စေတီပုထိုး
တွေကိုတောင်ပုံမှန် မ ပြုပြင်မနိုင်သေးဘူး။
သူတပါးဆီသာသနာကပြုချင်သေးတယ်။

ကိုယ့်မှာရှိတဲ့တရားတောင် မလိုက်နာနိုင်သေးတာ
သူတပါးစီသာသနာပြုချင်သေးတယ်

သာသနာပြုတယ်ဆိုတာဟိုအိပ်မက်ဆရာတော်
လို ဒီနားစေတီတည်မယ် ဒီမှာဘုရားကိုးကွယ်ကြ
လို့ ပြုလို့ ရဘူး။

သာသနာစောင့်ရှောက်တယ်ဆိုတာ ဟိုသာသနာ က အဆောက်အအုံတွေဖျက်သူတို့ မကောင်းဘူး။
ဒီမှာသာသနာ ရော့ . . ကိုးကွယ်ကြလို့ 
ကလေးတွေဆော့ကစားနည်းနဲ့ သာသနာပြု
လို့ ရမယ်ထင်လား . .

ဆော်ဒီတင်ဘယ်ကမလည်း တစ်ကမ္ဘာလုံး
သာသနာပြုလို့ ရတယ်

ကိုယ်တော်တို့ နှလုံးသားထဲတော့သာသနာရှိပါစေ။
တရားရှိပါစေ။ပြည့်စုံကုံလုံသော
အသိဥာဏ်ပညာပြည့်ပါစေ။

ဒီလိုဆိုရင်သွားပြုပါ။

သာသနာပြုဖို့ စေတီကိုမြေမှာအရင်မတည်ရဘူး။

စေတီအရင်တည်ပြီး ရှင်တော်မြတ်ဘုရားလည်းသာသနာမပြုခဲ့ဘူး။

အသိဥာဏ်မဖွင့်ဖြိုးတာလူသိကုန်မယ်

ဘာလည်းစေတီဆော်ဒီမှာသွားတည်ပြီး
မြန်မာပြည်မှာလို မိုက်ကြေးခွဲမလို့လား

စဉ်းစားပါအုံး ကိုယ်တော်တို့ ရယ်
မိမိကြောင့်သာသနာသိက္ခာမတက်ရင်နေပါ
သာသနာသိက္ခာကျအောင်တော့မလုပ်ပါနဲ့

အရှင်ပညာဝရ(ကြံခင်း)

Crd ~ အကောင့်ကျဆရာတော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s