ဖွတ်တို့အလိုကျ မအလ အာဏာသိမ်းခဲ့သော်

U Ravika

ပိုနေမြဲ ကျားနေမြဲ

ဖွတ်တို့အလိုကျ မအလ အာဏာသိမ်းခဲ့သော်

-၁၉၆၂ ခုနှစ်က စပြီး ၂၀၁၇ ခုနှစ်အထိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများ၊
-လူ့အခွင့်အရေးချိုးဖောက်မှုများ၊
-မြောက်ကိုရီယားနဲ့ လှို့ဝှက်ဆက်သွယ်ပြီး ဓာတုလက်နက်နဲ့ အနုမြူဗုံးထုတ်လုပ်ဖို့ ကြိုးစားခဲ့မှုများ၊
-နိုင်ငံတကာကနေ တားမြစ်ထားတဲ့ကြားက ခိုးသွင်းခဲ့တဲ့ မှောင်ခိုလက်နက်များ၊
-အရေးအခင်းပေါင်းများစွာကို အင်အားသုံးဖြေရှင်းခဲ့လို့ လူထောင်ချီသေကြေဒဏ်ရာရခဲ့မှုများ၊
-နိုင်ငံရေးသမားတွေကို မသမာတဲ့နည်းတွေ သုံးပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့မှုများ၊
-အရပ်သားများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ရပ်ရွာများကို ရွှေ့ပြောင်းစေခြင်း၊ ဘုရားစေတီပုထိုးများနဲ့ ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း စတဲ့ လုပ်ရပ်များ၊
– ဒေါ်လာ ဘီလီယံ (၃)ထောင်ကျော် နိုင်ငံတော်ဘဏ္ဍာငွေကို ခိုးမှု၊ သယံဇာတများကို ခိုးထုတ်မှု၊ အာဏာနဲ့ ငွေကြေးကို အလွဲသုံးစားပြုမှု စတဲ့ ဥပဒေမဲ့လုပ်ရပ်များ

စတဲ့ လုပ်ရပ်တွေဟာ နဂိုအတိုင်း ပြန်ပေါ်လာမှာပါ။

-အမည်ပျက်စာရင်း အသက်ပြန်ဝင်လာခြင်း၊
-စီးပွားရေးပိတ်ဆို့မှု ပြန်လည်ကျင့်သုံးခြင်း၊
-အမေရိကန်ပြည်ထောင်စုကို ရောက်ရင် နယူးယောက်ရှိ ကုလအဆောက်အအုံဝန်းကျင်များမှာသာ သွားလာရခြင်း၊
-အာဆီယံလွှတ်တော်ကနေ နုတ်ထွက်ရခြင်း၊
-Cobra စစ်ရေးလေ့ကျင့်မှုကနေ နုတ်ထွက်ရခြင်း၊
-ဥရောပနဲ့ စစ်ရေးပူးပေါင်းမှု၊ စီးပွားရေးပူးပေါင်းမှုကို ရပ်စဲရခြင်း၊
-စစ်တပ်အကြီးအကဲတွေက ပြည်တွင်းမှာ ချောင်ပိတ်နေခြင်း၊
-စစ်တပ်အကြီးတွေရဲ့ သားသမီးတွေက ပညာသင်ဆုတွေကို ကြားဖြတ်ယူပြီး နိုင်ငံခြားပညာတော်သင်ဘဝကို ဆုံးရှုံးရခြင်း၊
-Telenor တို့၊ Ooredoo တို့၊ MPT တို့ (မြန်မာ)နိုင်ငံမှာ ပြန်လည်ပျောက်ဆုံးသွားခြင်း၊
-စစ်သား(၂၅)ရာခိုင်နှုန်းက လေအေးစက်အောက်မှာ လခစားပြီး ဒီမိုကရေစီဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဆန်ကျင့်ရေး လုပ်ခွင့်ဆုံးရှုံးရခြင်း၊
-မျိုးစောင့်ဥပဒေပျက်ခြင်း၊
-ခရိုနီ၊ လက်ပတ်နီ၊ လူသတ်ဂိုဏ်းများ နေရာမှန် ပြန်ရောက်သွားခြင်း၊
-ဒေါ်စုက အကျယ်ချုပ်ဘဝကို ပြန်သွားရမှာ ဖြစ်သလို သန်းရွှေ၊ မအလတို့က ကြိုးစင်တက်ရခြင်း

စတဲ့ ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

-ပြည်သူလူထု အုံကြွလာနိုင်ခြင်း၊
-တိုင်းရင်းသားတွေက စစ်ရေးကို မြှင့်တင်လာနိုင်ခြင်း၊
-ကုလငြိမ်းချမ်းရေးတပ် ဝင်လာနိုင်ခြင်းတို့နဲ့
ပေါင်းစည်းခဲ့ရင် —-

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံက အခု သွားနေတဲ့ လမ်းကြောင်းထက် ရောက်ဖို့ ပိုမမြန်နိုင်ဘူးလို့ ဘယ်သူ ပြောမှာလဲ။ စစ်အာဏာသိမ်းလို့ ပြည်သူတို့မှာ ဆုံးရှုံးစရာဆိုလို့

-နိုက်ကလပ်တွေ ပိတ်ရခြင်း၊
-ပေါင်ကို ဖော်ခွင့် ဆုံးရှုံးရခြင်း၊
-FB သိပ်မသုံးရခြင်း၊
-မော်ဒဲလုပ်ငန်းထိခိုက်ခြင်း၊
-ဂျာနယ်အစောင်ရေ လျှော့နည်းသွားခြင်းတို့သာ ရှိနိုင်ပါတယ်။

ဒီတော့ လုပ်လိုက်လေ…

အာဏာကို သိမ်းစေချင်ရင် ကာလုံအစည်းအဝေးကို ခေါ်ကြစမ်းပါ။ စစ်တပ်က အာဏာသိမ်းပြီးရင် ပိုနေမြဲ ကျားနေမြဲပဲပေါ့။ ဘယ်သူက ဂရုစိုက်မှာလဲ။ ပြည်သူတို့အတွက် ဆုံးရှုံးစရာ ဘာမှ မရှိ။

U Ravika

Advertisements

2 thoughts on “ဖွတ်တို့အလိုကျ မအလ အာဏာသိမ်းခဲ့သော်

  1. Aung N Htwe
    17 mins ·
    ချက်စားပလိုက်ပြီ
    ဦးနေ၀င်း အာဏာသိမ်းပြီး
    မဆလ (မဆလာ) ထွက်လာတယ်
    ပြီးတော့ ၈၈၈၈ အာဏာသိမ်းပြီး
    ဖွတ်ထွက်လာတယ်ဗျာ
    အခု ပြည်သူတွေ မဆလာနဲ့ ဖွတ်သား ချက်စားလိုက်ကြပြီ။။။။+
    မနေ့က ကျနော် တင်ပြသလို
    (၁၄)ပါတီက အာဏာသိမ်းဖို့ ကာချုပ်ကိုတိုက်တွန်းတော့
    မဆလာ နဲ့ ဖွတ် ပါတီက ဦးဆောင်တင်ပြတာဆိုတော့
    ဟင်းအိုးထဲ ရောက်တော့မယ်။။။။။
    ဂိုလ်ရှယ်လေး

    Like

  2. Lun Swe
    20 hrs ·
    ရန်ကုန် ၊ဇူလိုင် ၂၂ ။ ။ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်သည့် နိုင်ငံရန်သူများ၏ အမြစ်ကို ပြတ်ပြတ်သားသား ဖြတ်တောက် ပစ်ရမည်ဟု ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြားလိုက်သည်။
    ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သည့် နှစ်(၇၀)ကြိမ်မြောက် အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းပွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားခဲ့ခြင်းဖြစ်သည်။
    “နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့ အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်” ဟု အရှင် ဆန္ဒာဓိက က မိန့်ကြားခဲ့သည်။
    ယင်းအပြင် နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်ပြဿနာကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်း သင့်သည်ဟု အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။
    “ခေါင်းဆောင်ကောင်းဆိုတာ လုပ်စရာရှိတဲ့ အလုပ်တွေကို၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ပြတ်ပြတ်သားသား လုပ်ကိုလုပ်ရပါမယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ မျက်နှာကို မကြည့်ဘဲ နိုင်ငံသားအားလုံးရဲ့ မျက်နှာ တစ်ခုတည်းကိုပဲကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ရပါမယ်” ဟု အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s