မိတ္ထီလာကို နောက်တကြိမ်ဖျ က်ဖို့ကြံနေတဲ့…..တောင်သာလေးနဲ့ သူ့ရဲ့ လက်ပါးစေ…အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မောင်ဝင်းတို့ကို ဥပဒေနဲ့ အညီ တိတိကျကျအရေးယူရမဲ့ အချိန် ရောက်လာပြီ

Maung Maung

မိတ္ထီလာကို နောက်တကြိမ်ဖျ က်ဖို့ကြံနေတဲ့…..တောင်သာလေးနဲ့
သူ့ရဲ့ လက်ပါးစေ…အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မောင်ဝင်းတို့ကို ဥပဒေနဲ့ အညီ
တိတိကျကျအရေးယူရမဲ့ အချိန် ရောက်လာပြီ..
———————————————–

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ညက……
တောင်သာလေးဘုန်းကြီးရဲ့အစီအစဉ်နဲ့ မိတ္ထီလာမြို့ မှာ ပဋိပက္ခ တခုကို ဖန်တီးခဲ့ကြပါတယ်

ပြသနာကို ဦးဆောင်ဖန်တီးသူကတော့ တောင်သာလေးဘုန်းကြီးရဲ့ လက်ပါးစေ လူမိုက်
ပွဲတိုင်းကျော် မောင်ဝင်း ဆိုသူဘဲ ဖြစ်ပါတယ်….

အခင်းဖြစ်တဲ့ နေ့ မနက်ပိုင်းမှာ…..တောင်သာလေးဘုန်းကြီးနဲ့ မောင်ဝင်းတို့ဟာ…..
တရားဥပဒေအရ မည်သည့် အခွင့်အာဏာမှ မရှိပါဘဲလျ က်…….
ကိုလှအောင်(ထိုနေ့ ညပိုင်းတွင် ဒါးခုတ်ခံရသူ)၊ယောက္ခဖြစ်သူ ဦးအာလူးနှင့် တူဖြစ်သူတို့ ကို….မောင်ဝင်း ၏ အိမ်သို့ခေါ်ယူပြီး
နည်းမျိုးစုံနှင့် စစ်ဆေးမေးမြန်းခဲ့ပါသည်….

No automatic alt text available.

Image may contain: text
မေးမြန်းခဲ့သည့်အကြောင်းအရာမှာ…..
ထီလာဇာတိ/ထီလာသား/ထီလာတွင် စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကိုလှအောင် တို့ကို
တနယ်တကျေးမှ မိတ္ထီသို့ ပြောင်းရွှေ့လာသူအဖြစ် ရန်ရှာလို၍ စစ်မေးခဲ့ခြင်းဖြစ်သည်…
ကိုလှအောင်ကလဲ ၎င်းတို့ချ ည်းထဲသွားလျှင်ပြသနာဖြစ်မှာ စိုးရိမ်သည့်အတွက်….ရယက အဖွဲ့ ဝင်များကို သက်သေအဖြစ်ခေါ်ဆောင်သွားခဲ့ပါသည်….
ကိုလှအောင်တို့မှ… ၎င်းတို့ရဲ့ စားဝတ်နေရေး/စီးပွားရေးအခြေအနေအရ…မူရင်းနေထိုင်ရာအိမ်
ကိုရောင်းချ ခွဲဝေလိုက်ရသဖြင့်ယောက္ခမ အိမ်သို့ပြောင်းရွှေ့နေထိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း….
ယခုလည်း ပြောင်းရွှေ့နေထိုင်ခြင်း မရှိသေးပါကြောင်း….
သက်ဆိုင်ရာ ဌာနများမှ တရားဝင်ပြောင်းရွှေ့နေထိုင်ခွင့်ရမှသာ ပြောင်းရွှေ့ နေထိုင်ကြမှာ ဖြစ်ကြောင်း…

Image may contain: 2 people

သက်ဆိုင်ရာသို့..တရားဝင်လျှောက်ထားခြင်းပြုထား ပါကြောင်းကို ပြေပြေလည်လည် အေးအေးချ မ်းချ မ်းရှင်းလင်းပြခဲ့ပါသည်….
မောင်ဝင်းက…ပြသနာရှာလို၍… ကိုလှအောင်တို့ကို တရားခံများသဖွယ်..အမျိုးစုံ
အော်ဟစ် ခြိမ်းချောက် ပြောဆို ခဲ့သော်လည်း….ကိုလှအောင်တို့သည်းခံ ဖြေရှင်းပြခဲ့ပါသည်….
နောက်ဆုံး…မောင်ဝင်းမှ…”မင်းတို့နဲ့ မရှင်းဘူး…..ဘုန်းကြီးတွေနဲ့ရှင်းမယ်…..မင်းတို့လဲ..ငါတို့
အကြောင်းသိမယ်..” ဟု….တာဝန်ရှိသူများကိုပါ ကြိမ်းမောင်းသွားခဲ့ပါသည်….
(အပြန်အလှန်ပြောဆိုချ က်များကို အသံသွင်းယူထားချက်များ လက်ဝယ်ရှိနေပါသည်)

မည်သည့် မရိုမသေပြောဆိုမှု…အငြင်းပွားမှု…သံဃာတော်များအားစော်ကားမှု…တစုံတရာ
မရှိခဲ့ပါ….

အခင်းဖြစ်သည့် အဆိုပါ ဇူလိုင်လ(၁၀)ရက်နေ့ညပိုင်းတွင်….ကိုလှအောင်မှာ ယောက္ခမဖြစ်သူ
ဦးအာလူး ၏နေအိမ်တွင်ရှိနေစဉ်…….တောင်သာလေးဘုန်းကြီး၏တပည့် မောင်ဝင်းက….
ဦးအာလူးကို ရဲစခန်းမှခေါ်ခိုင်းသည်ဟု…လာရောက် လိမ်ညာခေါ်ယူခဲ့ပါသည်….

ဦးအာလူးကလဲ မောင်ဝင်းနှင့်အတူ လိုက်ပါခဲ့ရာ….လမ်းထိပ်အရောက်တွင်….”စခန်းမှာ တောင်သာလေးဘုန်းကြီးလဲ ရောက်နေပြီ…ခင်ဗျား ရဲစခန်းသွားလိုက်” ဟု ပြောပြီး…လမ်းထိပ်တွင်..
အသင့်စုထားသော….ဒုတ်ဒါးကိုင် လူ(၂၀)ခန့်ကို မောင်ဝင်းက ဦးဆောင်ပြီး ဦးအာလူး၏အိမ်
ဖက်သို့ ထွက်ခွာ သွားခဲ့ပါသည်…..

ဦးအာလူးမှာ မှင်သက်မိပြီး ရဲစခန်းဖက်သို့ ထွက်လာခဲ့ပြီးမှ…..လမ်းထိပ်မှ လမ်းမီးများကို အဆိုပါလူအုပ်မှ ရိုက်ခွဲ အမှောင်ချ လိုက်သည်ကိုမြင်ပြီးမှ သတိရ၍ အိမ်ဖက်သို့ ပြန်ပြေး
သွားသည့်အချိန်မှာ……မောင်ဝင်းခေါင်းဆောင်သည့်လူအုပ်က…..ကိုလှအောင် အား….
ဒုတ်/ဒါး လက်နက်များဖြင့် ဝိုင်းဝန်းထိုးခုတ် ရိုက်နှက်နေသည်ကို တွေ့မြင်ရသဖြင့်….
အော်ဟစ် တောင်းပန်ဖြန်ဖြေခဲ့ရခြင်းဖြစ်ပါသည်…

အဆိုပါ အဖြစ်အပျ က်ဖြစ်ပွားခဲ့သည့်အချိန်မှာ….၁၀/၇/၂၀၁၇ ရက်နေ့ ည.၁၀နာရီခွဲ ကျော်
အချိန် ဖြစ်ပါသည်…..

ပြသနာဖြစ်နေစဉ် အော်ဟစ် ဆဲဆိုမှုများ ကြိမ်းမောင်း ခြိမ်း ချောက်မှုများ အမိန့်ပေး ရိုက်ခိုင်း/သတ်ခိုင်းမှု များအား
အသံသွင်းထားသော အသံဖိုင် သက်သေခံများ ရှိပါသည်

အဆိုပါ အဖြစ်အပျ က်မဖြစ်မှီ အချိန် ၂နာရီခန့်စော၍….တောင်သာလေးဘုန်းကြီးက
ထိုပြသနာနှင့်ပတ်သက်ပြီး…ပုံပါ Status ကို တင်ထားခဲ့ခြင်းဖြစ်ပါသည်…..

အဆိုပါစာထဲတွင်…”မွတ်ကုလားနှင့်ပေါင်း၍ အုပ်ချုပ်ရေးမှူးး များ လာဘ်စားနေပြီ……… ရပ်ကွက်အုပ်ချုပ်ရေးမှူးး ဦးအောင်ငွေကို ကျ ပ်ရှစ်သောင်း……ရာအိမ်မှူးး ဦးတင်မြင့်ကို ခွန်နှစ်သောင်း….ရုံးအကူ အောင်ထွေးထွေးကို ခြောက်သောင်း ပေးထားကြောင်း” …မဟုတ်မမှန်…..
ရေးသားထားသည်ကို တွေ့ရပါသည်….

သို့ဖြစ်သည့်အတွက်
မိတ္ထီလာမြို့အား…နောက်တကြိမ်ဖျက်ဆီးရန် ကြံရွယ်ပြီး…….
ဒုတ်ဒါး /လက်နက်ကိုင် လူစုလူဝေးဖြင့် ဆူပူမှု ပဋိပက္ခမှုဖြစ်အောင် ဖန်တီးခဲ့ကြသော…..
တောင်သာလေးဘုန်းကြီးနှင့် သူ၏တပည့်မောင်ဝင်းဦးဆောင်သော အကြမ်းဖက်သူများ ကို
တည်ဆဲဥပဒေများနှင့်အညီ…အရေးယူရန်မှာ…..လက်ရှိအစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏
တာဝန်သာဖြစ်ပါသည်…

တောင်သာလေးဘုန်းကြီးမှာ ၎င်း တင်ထားသော Status အား ကြောက်အားလန့်အားဖြင့်
ပြန်ဖျ က်သွားခဲ့သော်လည်း…ကူးယူ သိမ်းဆည်းထားပြီးဖြစ်နေပါသည်…
ရပ်ကွက် အုပ်ချု ပ်ရေးအဖွဲ့ဝင်များကို မဟုတ်မမှန်လုပ်ကြံစွတ်စွဲမှုများကို ရေးသားပြီး
အွန်လိုင်းတွင် တင်ခဲ့သော တောင်သာလေးဘုန်းကြီးအား….ဆက်သွယ်ရေးပုဒ်မ ၆၆/ဃ ဖြင့်
အရေးယူရပါလိမ့်မည်…..

အမှုနှင့်ပတ်သက်သော…သက်သေခံအချ က်အလက်များ….အသံဖိုင်များကို သက်ဆိုင်ရာ
ရဲတပ်ဖွဲ့ဝင်များသို့ ပေးအပ်ပြီးဖြစ်သလို……ကျ နော့်ထံတွင်လည်း…မိတ္တူ ရရှိထားပြီး ဖြစ်ပါ
သည်….

အရေးယူ ဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်လျက်ရှိနေပါသည်….

လိုအပ်လျှင်…လိုအပ်သလို…နိုင်ငံတကာ သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ သိရှိ နိုင်စေရန် ဖြန့်ဖြူးးပေးသွားမည် ဖြစ်ပါသည်……

(ကျ နော်၏ မိတ်ဆွေများမှလည်း…ဆက်လက် ဖြန့်ဖြူးး ပေးကြပါရန် မေတ္တာရပ်ခံပါသည်)

မောင်မောင်(ရွှေကရဝိက်)
မြန်မာမွတ်စလင် လူ့အခွင့်အရေး အသင်း
မလေးရှား

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s