မလေးရှား UNHCR ရုံးဟာ မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့ လိုပါတယ် ဝန်ထမ်းတွေရဲ့ အမူ အကျ င့်တွေကလဲ ပြုပြင်ဖို့ လိုပါတယ် ဒုက္ခသည်အဖြစ်လာရောက် လျှောက်ထားသူတွေကို လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ ဆက်ဆံမှု မျိုးတော့ ထားရှိဖို့ လိုအပ်ပါတယ်

Maung Maung

ဒီလို ပေါက်လွှတ်ပဲစားအမိန့်တွေ မြန်မာပြည် တနံတလျား မှာ ထုတ်နေကြတယ်

မွတ်စလင်မဝင်ရ/မနေရ တဲ့ရွာတွေ တနေ့တခြားတိုးလာ
နေတယ်

မွတ်စလင်တွေ ရန်ရှာခံနေရတယ်/ကိုယ့်အိမ်မှာကိုယ်မနေ
နှိုင်အောင် မောင်းအထုတ်ခံနေရတယ်

မိတ္ထီလာမှာဆိုရင် ဒုက္ခသယ်စခန်းတွေထဲမှာ နေကြရတုန်း
ရှိသေးတယ်
ကိုယ့်မြေ/ကိုယ့်အိမ်မှာ ကိုယ်ပြန်နေခွင့်မရကြဘူး

No automatic alt text available.

ဘာသာရေးဝတ်ပြု ဆောင်တွေ ဘာသာရေး စာသင်ကျောင်း တွေကို ဖျ က်ဆီးပစ်မှု/ပိတ်ပင်မှု တွေ တတိုင်းပြည်လုံး
အတိုင်းအတာနဲ့ လုပ်နေတယ်

မွတ်စလင်တွေကို နေရာဒေသမရွေး ရန်ပြု နေကြတယ်
အာဏာပိုင်တွေက အမှုဆင်ပြီး ဖမ်းဆီးထောင်ချ နေကြ
တယ်

မျိုးချ စ်တွေရယ်-မဘသ ဘုန်းကြီးတွေရယ်-ပြည်ထဲရေးရယ်
ရဲ တွေရယ်- စစ်တပ်ရယ်-အစိုးရရယ်. …အားလုံးဟာ
တကျိတ်ထဲ တဥာဏ်ထဲ ပူးပေါင်းပြီး အစ္စလာမ်ဘာသာဝင်
တွေကို ခွဲခြား ဖိနှိပ်နေကြတယ်

နယ်တွေမှာမပြောနဲ့ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ
တောင် မွတ်စလင်တွေအတွက် လုံခြုံ မှု မရှိတော့ဘူး
နယ်တွေထဲမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေဟာ
အဆိုးဆုံးဘဲ

ရန်ကုန်မင်္ဂလာတောင်ညွန့်မှာ မျိုးညစ်တွေကို အရေးယူ တယ်ဆိုတာကလဲ ဟန်ဆောင်ပန်ဆောင်လုပ်ထားတာ
ဆိုတာကို HRW နဲ့ နိုင်ငံခြားသံတမန်တွေ အားလုံးသိတယ်

ဒီအခြေအနေ တွေကို မလေးရှား UNHCR သိစေချ င်တယ်

ဘယ်လို သကောင့်သားတွေက သတင်းမှားတွေ ပေးထား
သလဲတော့မသိဘူး

မြန်မာပြည်မှာ မျိုးချ စ်အစွန်းရောက်တွေကို အရေးယူနေပါ
ပြီ. …မြန်မာမွတ်စလင်တွေရဲ့ အခြေအနေတွေ ကောင်းနေ
ပြီဆိုပြီး…..

အခြေအနေမှန်ကို မစစ်ဆေးတော့ဘဲ
မြန်မာမွတ်စလင်မှန်သမျှ ကဒ်တွေ သိမ်း/ ရီဂျ က်ထုနေတဲ့
မလေးရှား UNHCR ဝန်ထမ်းတွေကို ဦးနှောက်ဆေးပေးဖို့
လိုနေပြီ

1952 ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်းကို မျ က်ကွယ်ပြု ပြီး
မြန်မာမွတ်စလင်တွေကို
အဖမ်းခံဖို့/ အနှိပ်အစက်ခံဖို့/ဒုက္ခရောက်စေဖို့
မြန်မာပြည်ကို ဇွတ်ပြန်ခိုင်းနေသလိုဖြစ်နေပြီ

မမှန်မကန် ဒုက္ခသယ်အဖြစ်လျှောက်ထားသူတွေကို
ဖော်ထုတ် အရေးယူ ငြင်းပယ်တာအတွက် ဘာမှ ပြောစရာ
မရှိပါ

အမှန်တကယ်ထိုက်တန်သူတွေကိုတော့
မှန်မှန်ကန်ကန် စီစစ် လက်ခံပေးဖို့လိုပါတယ်

ရခိုင်ပြည်က ကမန်လူမျိုးတွေနဲ့ မြန်မာမွတ်စလင်တွေ
ပြည်တွင်း ပြသနာဖြစ်တဲ့အရပ်ဒေသတွေက မြန်မာမွတ်စ
လင်တွေ ဒုက္ခသည်အဖြစ် လျှောက်ထားခွင့် မရသေးသူတွေ
အများကြီးရှိနေပါတယ်

မလေးရှား UNHCR ရုံးဟာ မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့
လိုပါတယ်
ဝန်ထမ်းတွေရဲ့ အမူ အကျ င့်တွေကလဲ ပြုပြင်ဖို့ လိုပါတယ်
ဒုက္ခသည်အဖြစ်လာရောက် လျှောက်ထားသူတွေကို
လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ ဆက်ဆံမှု
မျိုးတော့ ထားရှိဖို့ လိုအပ်ပါတယ်

ရှိသမျှ ကွန်ပလိန်းကိုလည်း အထက်အဖွဲ့အစည်းတွေထံ
မပို့ချ င်ပါဘူး

မှန်မှန်ကန်ကန်လေးဖြစ်သွားအောင် ကိုယ့်ဟာကိုယ်
ပြုပြင်လိုက်စေချ င်ပါတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s