ဗမာပြည်ထဲမှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းလို့ လုပ်ငန်းရှင်တွေ၊ ပညာတတ်တွေ ထွက်သွားတာကို နိုင်ငံမချစ်လို့ဆိုပြီး ပြည်ပအားကိုး ပုဆိန်ရိုးလို့ ပြောပြီး အပြစ်တင်ခြင်းသည် အောက်တန်းကျသော စိတ်ဓါတ်ဖြစ်သည်။

Nyein Chan Aung

ထိုင်းနိုင်ငံရောက် ဗမာ အလုပ်သမားတွေ ဘာကြောင့် အခွင့်အရေးတွေ အခုအချိန်မှာ ရလည်း မေးရင်

နိုင်ငံတကာ တရားဥပဒေတွေနဲ့ လူ့အခွင့်အရေးတွေကို ထိုင်းအစိုးရက လေးစားလို့ ၊ လိုက်နာလို့ ဆိုပြီး ဖြေရမှာ ကျိန်းသေည်။

ကျနော်တို့က ဘာလိုချင်တာလည်း၊ စစ်တပ်က လုပ်ချင်တာလုပ်ပြီး၊ ပြည်သူတွေက ငတ်ချင်တိုင်း ငတ်နေတာကို ထိုင်ကြည့်ဖို့တော့ NLD အစိုးရကို ပြည်သူတွေ မဲပေးခဲ့တာ မဟုတ်တာတော့ သေချာသည်။

ဘာသာရေး လူမျိုးရေး ခွဲခြားမှု့တွေ မရှိဟု ကျနော်တို့ ငြင်းခုန်နေစရာမလို၊ တိုင်းရင်းသားတွေက ငါတို့ ခွဲခြား ဆက်ဆံခံနေရတယ်၊ ငါတို့ အနှိမ်ခံရနေတယ်လို့ စိတ်ထဲက သံသယ ရှိရင်ကို လူများစု ဖြစ်တဲ့ ဗမာတွေက အဖြေရှာပြီး ပြေလည်အောင် လုပ်ဆောင်ပေးရမည်ကို ပြောစရာမလို သိကို သိရမည် ဖြစ်သည်။


နိုင်ငံတကာကို တိုင်းရင်းသားတွေ အများကြီး အများကြီး ရောက်နေကြသည်။ ဗမာစစ်တပ်ကြောင့်ဟု သူတို့ ဖြစ်ရပ်မှန်တွေကို ပြောပြကြသည်။

လူတွေဆိုတာက ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကြမည်၊ ဗမာပြည်ထဲမှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းလို့ လုပ်ငန်းရှင်တွေ၊ ပညာတတ်တွေ ထွက်သွားတာကို နိုင်ငံမချစ်လို့ဆိုပြီး ပြည်ပအားကိုး ပုဆိန်ရိုးလို့ ပြောပြီး အပြစ်တင်ခြင်းသည် အောက်တန်းကျသော စိတ်ဓါတ်ဖြစ်သည်။

ယနေ့ ခေတ်တွင် ရွာမှာ ထမင်းငတ်မှာစိုးလို့ အနဲဆုံးတော့ နယ်စပ်မဟုတ်တောင် ရန်ကုန်တက်လာသည့် ပြည်သူတွေက အများကြီး

ဆင်းရတာက ပြဿနာ ဖြစ်ပေမဲ့၊ မတရားမှု့ကို ဖုံးကွယ်ပြီး၊ တရားမျှတမှု့ကို မေ့ထားခြင်းက တိုင်းပြည်ရဲ့ ပြဿနာ အစစ်ဖြစ်သည်။

စစ်အာဏာရှင် စနစ်ရှိရင် တိုင်းပြည်က ပျက်စီးနေဦးမည်။ တိုင်းပြည် ပျက်စီးနေတာနဲ့အမျှ လူတွေကလည်း တောနက်ကြီးဝါဒ ကြီးနိုင်ငယ်ညှင်း လုပ်နေဦးမည်။ သံသရာကပြတ်မှာမဟုတ်။

တိုင်းရင်းသားတွေက ပက်ပက်စက်စက် ခံရလွန်းတော့ ကြိုးစားလာကြသည်။ ကြိုးစားလာတာနဲ့ အမျှ အသီးအပွင့်တွေ ခံစားနေရပြီ၊ သူတို့တွေ ကျွဲခြေရာကွက်ထဲက ဗမာတွေ မဟုတ်တော့၊ ပင်လယ်ကြီးထဲက ဝေလငါးတွေ ဖြစ်နေကြပြီ။

နောက်ဆုံး ကုန်ကုန်ပြောရင် ဥရောပသမဂ္ဂရဲ့ ထောက်ပံ့မှု့တွေကို ထိန်းချုပ်ပြီး ချယ်လှယ်နေတာကအစ ဦးဟန်ရောင်ဝေ လို့ ရှမ်းတိုင်းရင်းသား ဖြစ်နေသည်။

ဒီနေ့ ကချင်ပြည်နယ်မှာ စစ်တပ်က လူငါးဆယ်ကို သတ်ဖြတ်လိုက်ရင် ဆွီဒင်အခြေစိုက် လူ့အခွင့်အရေးနဲ့ တရားဥပဒေစောင့်ကြည့်ရေး အဖွဲ့က ရှေ့နေ ဦးအောင်ထူးက မိနစ်မခြား ဥရောပသမဂ္ဂကို သတင်းပို့ပြီးသားးးးးးးး

တကယ်တန်း ခံရတော့ ဗမာပြည်သူတွေသာ၊ စစ်ဗိုလ်တွေက ဘာမှမဖြစ် ဒေါ်စုက အလုံးအထည်မပျက်တဲ့အပြင် ခရိုနီတွေ ဆင်ပေးတဲ့ ဒီဇိုင်းတွေနဲ့ ပိုတောင်လှနေလား မသိ။

ဗမာတွေ စိတ်ဓါတ် နဲ့ အကျင့်မပြောင်းနိုင်ရင် တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်ပေးလိုက်ပါ၊ ကိုယ့်ဖာသာကိုယ် ဗုဒ္ဓဘာသာကို အညာဒေသမှ တည်ထောင်လိုက်ပါ။

သို့မဟုတ်ပါက တနေ့သောအခါမှာ မျက်နှာမပြရဲတဲ့ လူမျိုးအဖြစ်နဲ့ ဟိုလူ့တွေ့လည်း တောင်းပန်၊ ဒီလူ့တွေ့လည်း တောင်းပန် ကျနော်တို့ လုပ်တာ မဟုတ်ဘူး၊ စစ်အာဏာရှင်တွေ လုပ်ခဲ့တာပါ ဆိုတဲ့ စကားကို အလွတ်ကျက်ထားရတဲ့ လူမျိုးတွေ ဖြစ်ကုန်ပါလိမ့်မယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s