ဘာသာကို ရမယ်ရှာရင် လူတွေ ဝတ်ထားတဲ့ အင်္ကျီကို ရမယ်ရှာသလို ဖြစ်နေပါလိမ့်မယ်။ အင်္ကျီဆိုတာ ကိုယ်ကြိုက်သလို လဲဝတ်ဖို့ လွယ်တာမျိုး မဟုတ်ပါလား

Atta Kyaw

August 10 2017 

သမိုင်းသင်တာ မအအောင်လို့ဆိုပြီး သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့ဖူးပါတယ်။

မြန်မာစာပေသမိုင်းမှာ မြန်မာမူစလင် စာရေးဆရာကြီးတွေက မြန်မာဘာသာနဲ့ အစောဆုံး ရေးသားခဲ့တဲ့ သမိုင်း ရှိတယ်။

မြန်မာမူစလင်ဆိုတာ မရှိဘူးလို့ ထင်မြင်ယုံမှတ်မှားနေသူတွေ ဆင်ခြင်နိုင်အောင်ပါ။

တကယ်တော့ ဘာသာအယူဝါဒနဲ့ လူမျိုးနဲ့က သတ်သတ်စီပါ။ အနောက်တိုင်းသား လူဖြူထဲက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေ အထင်အရှား ရှိသလို အာဖရိကနွယ်ဖွား လူမည်းတွေထဲမှာလည်း ခရစ်ယာန်ဘာသာ ဂိုဏ်းကွဲ အမျိုးမျိုးကို ကိုးကွယ်ယုံကြည်သူတွေ အများအပြားပါ။ အလားတူပဲ၊ အဖေဗမာ၊ အမေဗမာထဲကလည်း ခရစ်ယာန်ဘာသာ၊ မူစလင်ဘာသာ၊ သက်ဝင် ယုံကြည်သူတွေ ရှိနေနိုင်တာပါပဲ။

လူမျိုးဆိုတာ ရွေးချယ်ခွင့် မရှိပါဘူး။ ကံပေးတဲ့အတိုင်း ဖြစ်လာတာပါ။

ဘာသာကျတော့ အသက်ကြီးလာ ဆင်ခြင်နိုင်လာမှ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ချင် ကြိုက်သလို ရွေးချယ်နိုင်တာမျိုးပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ကနေ ခရစ်ယာန် ဘာသာ ကိုးကွယ်သွားတဲ့ အကျော်ဇေယျ ဗမာ နှစ်ယောက် အထင်အရှား ရှိပါတယ်။ တယောက်ကတော့ စွယ်စုံထူးချွန်သူ မင်းသားကြီး ဝင်းဦးပါ။ နောက်တယောက်က ဗိုလ်နေဝင်းနဲ့ ခေတ်ပြိုင် ဗိုလ်မှူးချုပ် မောင်မောင် (ဒေါက်တာ မောင်မောင် မဟုတ်ပါ) ပါပဲ။

ထို့အတူ မိရိုးဖလာ အစ္စလာမ်ဘာသာဝင်ကနေ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ သက်ဝင် ယုံကြည်လာခဲ့သူ အကျော်ဇေယျ ရဟန်းတော် နှစ်ပါးလည်း အထင်အရှား ရှိပါတယ်။ တပါးကတော့ ဒဿနိကဗေဒ ဆရာဘဝ လူဝတ်ကြောင်ကတည်းက ဗုဒ္ဓဘာသာကို သက်ဝင်ခဲ့တဲ့ ဦးဆန်းလွင်ဖြစ်ပါတယ်။ နောက်တပါးကတော့ ပျဉ်းမနား မဟာမြိုင် တောရဆရာတော်ပါ။

ဒါ့ကြောင့် ဘာသာကို ရမယ်ရှာရင် လူတွေ ဝတ်ထားတဲ့ အင်္ကျီကို ရမယ်ရှာသလို ဖြစ်နေပါလိမ့်မယ်။ အင်္ကျီဆိုတာ ကိုယ်ကြိုက်သလို လဲဝတ်ဖို့ လွယ်တာမျိုး မဟုတ်ပါလား။

အင်္ကျီအဖြူ ဝတ်ထားတိုင်း စိတ်ထားဖြူတဲ့ လူ မဖြစ်နိုင်သလို အင်္ကျီအမည်း ဝတ်ထားတိုင်းလည်း စုတ်ပဲ့တဲ့ လူ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေခံအကျဆုံး ဆင်ခြင်တုံတရားလေးများ ရှိနေကြမယ်ဆိုရင်ဖြင့် လူ့ဘောင်ကြီး အေးချမ်းနေပါလိမ့်မယ်။

အားလုံး တွေးဆ ဆင်ခြင် ကြည့်နိုင်ကြပါစေ…

(လွန်ခဲ့တဲ့ ငါးနှစ်က တင်ထားတာလေးကို အစပြန်ဖော်ရင်း ရေးလိုက်တာပါ။ အခုရေးထားတာကို လက်ဆင့်ပြန်ကမ်းကြတဲ့အခါ အထက်က စာတွေ ပါမသွားဘဲ လွန်ခဲ့တဲ့ ငါးနှစ်က တင်ထားတာကိုသာ လက်ဆင့်ကမ်းသလို ဖြစ်ကုန်တာမို့ အရင်အဟောင်း အမှတ်တရကို ဖြုတ်ပစ်လိုက်ပါတယ်။ အဲဒါကို ကြည့်ချင်၊ ဖတ်ချင်ရင်တော https://goo.gl/1A2w9i ကတဆင့် သွားကြည့်နိုင်ကြပါတယ်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s