တစ်ခေတ် ကုန်မလား အားမလျော့ဘူး မပျော့ဘူး ပေ ဖြစ်တော့ ခံမယ် တူ ဖြစ်တော့ နှံမယ်

တစ်ခေတ် ကုန်မလား
အားမလျော့ဘူး မပျော့ဘူး
ပေ ဖြစ်တော့ ခံမယ်
တူ ဖြစ်တော့ နှံမယ်

Image may contain: 1 person, smiling, standing and eyeglasses

Zaw Htut Aung

ကျား ရဲ ငါ
___________________________________________________________

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ ဆွေ့ ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး

သတင်းမေးဖို့ ဝေးရာ
သီချင်းလေးမျှ မဆိုရ
စာဖတ်ဖို့ ဝေးရာ
ကဗျာလေးမှမစပ်ရ
တရားဟောဖို့ ဝေးရာ
စကားလေးမှမပြောရ

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တတ်တတ် တစ်နေကုန်
မနေ့ ကလည်း တစ်နေကုန်
ဒီနေ့ လည်း တစ်နေကုန်
မနက်ဖြန်လည်း ကုန်ဦးမယ်

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တစ်ရက် ကုန်မလား
တစ်သက် ကုန်မလား
တစ်လ ကုန်မလား
တစ်ဘဝ ကုန်မလား
တစ်နှစ် ကုန်မလား
တစ်ခေတ် ကုန်မလား
အားမလျော့ဘူး မပျော့ဘူး
ပေ ဖြစ်တော့ ခံမယ်
တူ ဖြစ်တော့ နှံမယ်

အမှန်တရား တို့ ဘက်မှာရှိတယ်
ပြည်သူအများ တို့ ဘက်မှာရှိတယ်
ကာလယန္တရား တို့ ဘက်မှာရှိတယ်
ရှင်တော်ဘုရား တို့ ဘက်မှာရှိတယ်
သိကြရဲ့ လား ဟား ဟား ဟား

တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့် လွန့် နဲ့ 
ကျားညွန့် တုံးတွေ ထင်သလား
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့  ရယ်ချင်စရာ…

မှတ်ထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်းကွင်း
အရှင်းသား မလွဲသရွေ့ 
အထင်းသား စွဲသရွေ့ 
ကျားရဲဟာ ကျားရဲ
#ငါလည်းအဲ့ဒီလိုပဲကွဟေ့———။ ။

ဟံသာဝတီဦးဝင်းတင်
via lpts

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s