Haj agent တွေကို ဘာမေးခွန်းတွေမေးရမလဲ

U Aung Tin

ဟဂျ်အေးဂျင့်တွေကို အရင်မေးခွန်းထုတ်ပါ။

ငွေသွင်းဖို့ မလောနဲ့။

အစိုးရက ပိတ်လိုက်ရင် ငွေပြန်ရဖို့ မလွယ်ဘူး။

နိုင်ငံရေး၊ စီးပွါးရေးအနေအထားအရ အစိုးရက ဒီနှစ်ဟဂျ်ကို ပိတ်ကောင်းပိတ်နိုင်တယ်။

သတိထားဖို့၊ မလောဖို့ပါ။

Where I Eat Halal Food

ဒီတစ်ခါ မေရဲက Haj agent တွေကို ဘာမေးခွန်းတွေမေးရမလဲဆိုတာ ပြောပြပေးပါမယ်

Questions

1. စျေးနှုန်း ကိုမေးပါ

2. Mecca ဟိုတယ် ဘယ်နားလဲ

3. ဘာလေယာဉ် လဲ

4. Transit ဘယ်နှခုလဲ ? Transit နည်းလေ ကောင်းလေပါပဲ

5. ဘယ်နှယောက်တစ်ခန်းလဲ?

6. မိသားစုဆိုရင် တစ်ခန်းထဲထားပေးမှာလား

7. Mecca မှာ ဇေယာရတ်ခရီးစဉ်ပါလား

8. ဇေယာရတ်ခရီးစဉ်ဘယ်နှခုပါမှာလဲ အဲ့ဒီ့ ဇေယာရတ်ခရီးစဉ်တွေအတွက်ပိုက်ဆံထပ်ပေးရမှာလား

9. ဆိုက်ရောက်အွတ်မရာ လိုက်လုပ်ပေးမှာလား

10. အစားအသောက်ပါမှာလား အစားအသောက်ပါရင် ဘယ်နှနပ်ကျွေးမှာလဲ မြန်မာအစားအစာလား

11. စားရမဲ့နေရာနဲ့ နေရမဲ့နေရာတူတူပဲလား / မတူခဲ့ရင် ဘယ်နှမိနစ်သွားရမှာလဲ

12. ထမင်းသူ့အချိန်နဲ့သူသွားစားရမှာလား ကြိုက်တဲ့အချိန်ဝင်စားရမှာလား

13. ထမင်းမယူရင် ဘယ်လောက်လျော့မလဲ ( 300 usdကနေ 500usd လောက်စျေးလျော့နိုင်ပါတယ်)

14. Haj ၅ ရက်မှာ ဦးဆောင်ပြီး haj လုပ်ပေးမလား

15. အာရာဖတ်camp ကနေ မူဇလစ်ဖာကို ကားစီစဉ်ပေးမှာလား

16. အာရာဖတ်ကနေ မူဇလစ်ဖာကိုလမ်းလျှောက်ရမယ်ဆိုရင် agent ဘက်က ဘယ်သူလိုက်ပေးမလဲ

17. အာရာဖတ်camp မှာ အဲကွန်းရှိတဲ့ tent ကို စီစဉ်ပေးလား

18. ရှိုင်သာန်ခဲပေါက်ပြီးတဲ့ အခါ မီနာcamp မှာ ပြန်အိပ်ဖို့ ဘယ်လိုအစီအစဉ်လုပ်ပေးမလဲ

19. ဒန်မေရှကူသားကောင်ကိစ္စအတွက် ဘယ်လိုအတိအကျတာဝန်ယူပေးမလဲ ကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်ဘယ်လိုစီစဉ်ပေးမလဲ ဒါတွေအတွက်ပိုက်ဆံထပ်ပေးရမလား

20. Hajj 5ရက်ရဲ့ camp တွေမှာနေတဲ့အခါအစားအသောက်အစီအစဉ်

21. အဖွဲ့ရဲ့အစီအစဉ်နဲ့အွတ်မရာဘယ်နှခါလုပ်ပေးမလဲ

22. အဖွဲ့ထဲမှာကိုယ်ပိုင်ဆရာဝန်ပါလား

23. ပါခဲ့ရင်၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုရမလား

24. မပါခဲ့ရင် တစ်ခုခုဖြစ်လာတဲ့အခါ ဆော်ဒီအစိုးရကဖွင့်ထားတဲ့ ဟာဂျီတွေအားလုံးအတွက်၂၄နာရီဖွင့်ထားတဲ့အခမဲ့ဆေးရုံဆေးခန်းတွေကို အချိန်မရွေးလိုက်ပို့နိုင်မလား

25. Zam Zam ရေဘယ်နှပုံးရမလဲ

26. မဒီနာမှာ နေရမဲ့ ဟိုတယ်ကတမာန်တော်မြတ်ရောင်ဇာနဲ့ ဘယ်နှမိနစ် ဝေးလဲ

27. ဘယ်နှယောက်ခန်းနေရမှာလဲ မက္ကာမှာအတိုင်းနေရမှာလားမိသားစုနဲ့ဆိုမိသားစုသီးသန့်ပဲနေရမှာလား

28. မက္ကာကနေ မဒီနာကို ဘာနဲ့သွားမှာလဲ ကားနဲ့ဆို ကားခထပ်ပေးရမှာလား

29. ရထားနဲ့ဆိုရင်ရထားခထပ်ပေးရမလား ရထားဘူတာ ကို လိုက်ပို့မှာလား မဒီနာရောက်တဲ့အခါ ဘူတာမှာလာကြိုပြီးhotel ပို့ပေးမှာလား အဲ့လိုအကြိုအပို့တွေအတွက်ပိုက်ဆံထပ်ပေးရမှာလား

30. မဒီနာမှာရော ဇေယာရာတ်ခရီးစဉ်တွေပါမလား ပါရင်ပိုက်ဆံထပ်ပေးရမလား

31. မဒီနာမှာရော အစားအသောက်ဘယ်လိုကျွေးမလဲ

32. အသွားအပြန်ကီလိုဘယ်လောက်ရမလဲ

33. အပြန်မှာ ကီလိုချိန်ဖို့အတွက် agent ကဘာစီစဉ်ထားပေးလဲ

ဒါကမေရဲ စဉ်းစားမိသလောက်ပါ

မေးခွန်းတစ်ခုမေးပြီးတိုင်းသတိထားရမှာက ပိုက်ဆံထပ်ပေးရမလား ကို မေးပါနော် agent တွေမှာ အမျိုးမျိုးသော hidden fees တွေ ရှိတတ်ကြပါတယ်

နောက်တစ်ခုက စျေးစစ်ဖို့မမေ့ပါနဲ့ တစ်ချို့ agent တွေက လူကိုကြည့်ပြီးရိုက်တာမျိုး အမျိုးတွေ စုအပ်ရင် discount ပေးတာမျိုးလုပ်တတ်ပါတယ်

နေရာတွေက

6000usd = မစ်ဖာလာတံတားကျော်

7000 usd = ကြံရည်ဆိုင်ပတ်ဝန်းကျင်

7500 usd =ခိုစာကျွေးပတ်ဝန်းကျင်

8000 usd = ဘင်ဒါဝတ်ပတ်ဝန်းကျင်

9000 usd =ဘင်ဒါဝတ် or နာရီစင်တာဝါ ဖြစ်နိုင်ပါတယ်

စျေးဖွင့်ပေးတယ်ပြောကြလွန်းလို့ ဒါမေရဲကိုယ်တိုင် agents 30 ကျော်ကို ဖုန်းဆက်မေးပြီး သူတို့ပြောတဲ့စျေးကိုခန့်မှန်း ဒီနား ဆို ဒီစျေးတန်းပတ်ဝန်းကျင်ဖြစ်ကြောင်းပြောပြရုံပါပဲ

စျေးကျစေချင်ရင် agent တွေကို အားလုံးစုပေါင်းပြီး pressure ပေးရမှာပဲဖြစ်ပါတယ်

သွားမဲ့သူတွေကိုကကျေကျေနပ်နပ်ဒီစျေးတွေပေးနေကြရင်တော့ ဘယ်သူဘယ်လောက်ပဲပြောပြောထူးခြားလာမှာမဟုတ်ပါဘူး

အဆင်ပြေကြပါစေနော် Armeen

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s