Please kindly read my FIRST BLOG also

Dear Friends,

This is my Second blog only.

 Please kindly read my FIRST BLOG also, as there are more than seven thousand Published (7,074) posts there.

Dr Ko Ko Gyi @ Abdulrahman Zafrudin FIRST BLOG

TQ for reading my blogs and FB

Please review my oldest blog @

SAN OO AUNG’S WEBLOG

KKG

Please kindly look at my contributions in the Wikipedia, the free encyclopedia

User:Darz kkg

z1

Pic. Credit Dr. Maung Zarni

ဘဝ ခရီး

°°°°°°°°°°°°°°°
ငါတို့အ​ပေါ် ​နေကွယ်​​လည်း
ဆန်းပါးလဝန်း၊ ထွန်းလျက်​ပင်​။

ငါတို့အ​ပေါ် လကွယ်​လည်း
ကြယ်ရွှန်းစိုစို၊ ထွန်းလျက်​ပင်​။

လမင်းမထိန်​၊ တာရာ မှိန်​လည်း
ငါတို့သမိုင်း ကမ္ဘာတည်​တိုင်
ထွန်းရစ်​ ဦးမည်​တကား။

Crd

May be a Twitter screenshot of 1 person and text that says 'CRPH CRPH Myanmar @CrphMyanmar "Justice will be delivered for Rohingyas"- @DrSasa22222 Civil Disobedience Movement @cv... @cv...・1d 1d "Justice will be delivered for Rohingyas"- @DrSasa22222 4:59 AM 3/23/21 Twitter for Android Zoom 2,422 Retweets 376 Quote Tweets 3,660 Likes'

ဆစ်ခ်တော်လှန်ရေးရဲဘော်တစ်ဦး၏ လက်နက်ကိုင်ခရီး

ဆစ်ခ်တော်လှန်ရေးရဲဘော်တစ်ဦး၏ လက်နက်ကိုင်ခရီး

ပန်ချာပီ ဟု လူသိများကြသော ဆစ်ခ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဆံပင်၊ မုတ်ဆိတ်တို့နှင့် ဘောင်း ဟု ခေါ်သည့် ခေါင်းပေါင်းတို့ကို စွန့်လွှတ်ခဲ့သည့် ရန်ကုန်သားလူငယ်က တော်လှန်ရေးမျိုးဆက် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

အောင်ခမ်းMay 15, 2024

 ဧပြီ ၁၇ ရက်က BPLA ၃ နှစ်ပြည့်အခမ်းအနားအတွက် လေ့ကျင်ပြင်ဆင်နေစဉ် တွေ့ရသော အသက် ၂၄ နှစ်အရွယ် ရဲဘော် ရာမ်ဆင်းရ်ဗဟာဒူး။ (ဓာတ်ပုံ – အောင်ခမ်း/Myanmar Now)

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက သစ်ရိပ်ဝါးရိပ်များမိုးထားသည့် လျှိုမြောင်တစ်ခုအတွင်း၌ ဆယ်နှင့်ချီသော ​လူငယ်လူရွယ်တချို့ ကျောက်တုံးသယ်သူက သယ်၊ ဝါးခုတ်သူက ခုတ်ဖြင့် အလုပ်ရှုပ်နေကြသည်။

လွန်ခဲ့သောဧပြီလ၏ အပူချိန်ကြောင့် သူတို့ခန္ဓာကိုယ်တွင် ရေချိုးထားကြသလို ချွေးတလုံးလုံးနှင့်ဖြစ်ကြသည်။ သို့သော် သူတို့မျက်နှာနှင့် မျက်ဝန်းများက တက်ကြွလန်းဆန်းနေကြသည်။ ရယ်မော၍ပင်နေကြသေးသည်။

“မပင်ပန်းပါဘူး ဆရာ” ဟု လူတစ်ရပ်ကျော်ရှည်သော ဝါးပင် သယ်လာကြသည့် လူငယ်နှစ်ဦးက သံပြိုင်အော်ဟစ်ကာ စခန်းတာဝန်ရှိသူတစ်ဦး၏ အမေးကို ပြန်ဖြေသည်။

ထိုလူငယ်လူရွယ်များသည် စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြု အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲမဝင်လို၍ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုထံတွင် စစ်မှုထမ်းရန် ရောက်ရှိလာသူများ ဖြစ်ကြသည်။

၎င်းတို့ ရောက်ရှိနေသည့်အဖွဲ့မှာ လူငယ်ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဖြစ်သည်။

“စစ်မှုထမ်းဥပဒေကြောင့် ကျွန်တော် နှောင်ကြိုးကို ပိုဖြတ်နိုင်ခဲ့တယ်” ဟု ထိုလူငယ်များထဲမှ တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် အသားခပ်လတ်လတ်၊ အရပ်အမောင်းကောင်းသည့် ရန်ကုန်သား၊ ရာမ်ဆင်းရ်မဟာဒူးက ကျေနပ်စွာ ပြောသည်။ 

တပ်တည်ထောင်မှု ၃ နှစ်ပြည့်အခမ်းအနားပြင်ဆင်နေချိန် ယူနီဖောင်းနှင့် တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်ခမ်း/Myanmar Now)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းကတည်းက လက်နက်ကိုင်တော်လှန်ရေးရဲဘော်အဖြစ် ဝင်ရောက်လိုသည့် စိတ်ဆန္ဒများရှိသော်လည်း မပြေလည်သော မိသားစုစီးပွားရေးကြောင့် အိမ်မှ ထွက်ခွာရန် ခက်ခဲနေခဲ့သူဖြစ်ကာ စစ်မှုထမ်းဥပဒေက သူ၏ လက်နက်ကိုင်တော်လှန်ရေးခရီးအတွက် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော့်ကိုယ်ကျွန်တော် ရာခိုင်နှုန်းနဲ့ ခံယူချက်ထားတယ်။ ၅၀ ရာခိုင်နှုန်းကတော့ စစ်အာဏာရှင်ကို တော်လှန်ချင်တယ်၊ ပြီးရင် ပြည်သူအတွက် အလုပ်အကျွေးပြုမယ်။ နောက်ထပ် ၅၀ ရာခိုင်နှုန်းက ဘာလဲဆိုတော့ စစ်ကောင်စီတပ်က ဖမ်းပြီးတော့ သူတို့တပ်ထဲကို ခေါ်သွားမှာကို ကြောက်လို့ပါ” ဟု ပြောသည်။

ပန်ချာပီဟု လူသိများသည့် ဆစ်ခ်ဘာသာဝင် ထိုလူငယ်သည် သူ၏ လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို စတင်ရန် BPLA သို့ ပြီးခဲ့သည့် မတ်လအတွင်း၌ ရောက်ရှိလာခဲ့ပြီး ယခု ဧပြီလကုန်ခန့်မှ စတင်၍ စစ်သင်တန်းတက်ရောက်နေပြီ ဖြစ်သည်။

အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံသည် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်ဆိုသည်မှာလည်း လူမျိုးဘာသာအသွင်အမျိုးမျိုးရှိနေရာမှ ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်တွင်လည်းကောင်း၊ အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်းကောင်း ဗုဒ္ဓဘာသာမဟုတ်သူများကို အဓိကပစ်မှတ်ထား၍ ခွဲခြားဆက်ဆံနေခဲ့သည်။ သို့ရာတွင် ၂၀၂၁ အာဏာသိမ်းအပြီး စစ်ကောင်စီကို တော်လှန်သည့် အဖွဲ့အစည်းအသီးသီးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေလေရာ ဆစ်ခ်ဘာသာဝင် ရဲဘော် ရာမ်ဆင်းရ်မဟာဒူးမှာ သာဓကတစ်ခုဖြစ်လေသည်။

၂၀၂၁ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် မန္တလေးမြို့ဆန္ဒပြပွဲများတွင် တွေ့ရသည့် ပန်ချာပီ ဆစ်ခ်ဘာသာဝင် မြန်မာနိုင်ငံသားများ။ (ပုံ-မန္တလေးဆစ်ခ်လူငယ်များအသင်း/Facebook)

၁၉ ရာစုနှောင်းပိုင်း မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသားများ မြန်မာနိုင်ငံသို့ အများအပြားရောက်ရှိလာရာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဆစ်ခ်ဘာသာဝင်များလည်း ပါဝင်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဆစ်ခ်ဘာသာဝင်အများစုသည် အထည်အလိပ် တင်သွင်းခြင်း၊ တင်ပို့ခြင်းလုပ်ငန်းများတွင် အဓိကလုပ်ကိုင်ကြသည်။

၎င်းတို့၏မျိုးဆက်မှ ပေါက်ဖွားလာသူ ရဲဘော် ရာမ်ဆင်းရ်မဟာဒူးသည် ဆစ်ခ်လူမျိုး ၁၀၀ ရာခိုင်နှုန်း အပြည့်မဟုတ်သော်လည်း ဆစ်ခ်အဖြစ် ခံယူထားသည့် ဗမာ-ဆစ်ခ် ကပြားတစ်ဦးဖြစ်သည်။

ရာမ်ဆင်းရ်မဟာဒူးတစ်ယောက် BPLA တပ်ထဲ ဝင်ရန် ပထမဆုံးကြုံတွေ့ရသည့် အခက်အခဲမှာ ဆစ်ခ်ဘာသာဝင်တို့၏ အမြတ်တနိုးတန်ဖိုးထားသည့်​ ဖြတ်ညှပ်ခြင်းမပြုထားသော ဆံပင်၊ မုတ်ဆိတ်တို့နှင့် ဘောင်းဟု ခေါ်သည့် ခေါင်းပေါင်းတို့ကို စွန့်လွှတ်ရခြင်းပင်ဖြစ်သည်။

“ဒီခေါင်းပေါင်းက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာပဲဗျ၊ ကျွန်တော် အမြတ်တနိုးတန်ဖိုးထားတဲ့ ဆံပင်ရှည်နဲ့ ဘောင်းကို စွန့်ပယ်ခဲ့ပြီးတော့ ဒီတော်လှန်ရေးထဲကို ကျွန်တော် ဝင်လာခဲ့တယ်” ဟု သူက ပြောသည်။

ရန်ကုန်မြို့က ဆစ်ခ် ဘုရားကျောင်းတစ်ခုကို ၂၀၂၃ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (Facebook)

အိန္ဒိယနိုင်ငံက ဆစ်ခ်ဘာသာဝင် ဗြိတိသျှတော်လှန်ရေးသမားကြီး ဘာကဆင်းမ်သည်ပင်လည်း တော်လှန်ရေးလုပ်ရန် ရုပ်ဖျက်ရာတွင် ဆစ်ခ်တို့ အမြတ်တနိုးတန်ဖိုးထားရာ ဆံပင်ရှည်နှင့် ခေါင်းပေါင်းကို စွန့်လွှတ်ကာ တော်လှန်ရေးလုပ်ဆောင်ခဲ့ခြင်းကို သူ့အနေဖြင့် လေးစားအားကျရခြင်းကြောင့်လည်း ယခုကဲ့သို့ စွန့်လွှတ်နိုင်ခြင်း ဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ဆစ်ခ်ဘာသာဝင်မှန်း သိသာထင်ရှားစေမည့် ကရား ခေါ် သံဖြင့် ပြုလုပ်ထားသော ငွေရောင် သံလက်ကောက်ကိုတော့မူ မချွတ်ဘဲ ဝတ်ဆင်ထားကြောင်း သူ ဆက်ပြောသည်။

ဆစ်ခ်ဝါဒသည် ကျောင်းတော်ကြီးတစ်ခုနှင့် တူပြီး ဆစ်ခ်ဘာသာဝင်များ၏ ခံယူချက်သည် စာသင်သား၊ ကျောင်းသားများနှင့် ဆင်တူခြင်းကြောင့် ဆစ်ခ်ဘာသာကို အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက အမှန်တရားကို ရှာဖွေနေသည့် ကျောင်းသား သို့မဟုတ် အမှန်တရားကို ဆက်လက်လျှောက်လှမ်းနေသည့် ကျောင်းသားဟု အဓိပ္ပာယ်ရကြောင်း သူက ရှင်းပြသည်။

“အခုကတော့ ကျွန်တော်က အင်ကလ ဆစ်ခ်လို့ ခေါ်မှာပေါ့ တော်လှန်ရေးကျောင်းသားဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။

BPLA ၏ အမှတ် (၁၀၇) စစ်ဒေသဖြစ်သည့် ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင် BPLA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်း တက်ရောက်နေခြင်းဖြစ်ပြီး သင်တန်းကာလ ၃ လကျော် ကြာမြင့်မည် ဖြစ်သည်။

“စစ်သင်တန်းပြီးလို့ စစ်သားတစ်ယောက်အနေနဲ့ သင်တန်းဆင်းပွဲကျရင်တော့ အဲဒီ ဘောင်း (ခေါင်းပေါင်း) ကို ဝတ်ပြီးတော့ အခမ်းအနားကို တက်ချင်တယ်” ဟု ထိုလူငယ်က ပြောသည်။

ညနေခင်းတန်းစီနေချိန် သင်တန်းသားများအကြား တွေ့ရသော ရာမ်ဆင်းရ်မဟာဒူး။ (ဓာတ်ပုံ – အောင်ခမ်း/ Myanmar Now)

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က အပတ်စဉ် (၆) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၀ အကြား တပ်သားသစ် ၁၀၀ ကျော် သင်တန်းဆင်းခဲ့သည်။

ထိုလူငယ်အများစုမှာ အာဏာသိမ်းစစ်တပ်၏ ရွာလုံးကျွတ်လူသတ်၊ မီးရှို့မှုများကြောင့် လက်နက်ကိုင် တော်လှန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခုနှစ် ဧပြီ ၁၇ ရက်တွင် တပ်တည်ထောင်မှု ၃ နှစ်ပြည့်ခဲ့သည့် BPLA သည် ကရင်ပြည်နယ်တွင် (၁၀၇) စစ်ဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၀၃) စစ်ဒေသဟူ၍ စစ်ရေးလှုပ်ရှားနေသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်ဒေသသစ် ဖွဲ့စည်းမည်ဟု သိရသည်။

BPLA တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ကရင်ပြည်နယ် အမှတ် (၁၀၇) စစ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပြီး BPLA တပ်မှူးများ၊ ရဲဘော်များနှင့် BPLA ၏ မဟာမိတ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ အာရက္ခတပ်တော် (AA) မှ အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှူး ဗိုလ်ကြီးကျော်ဇံတို့ တက်ရောက်ခဲ့သည်။

BPLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်များဖြင့် ပူးတွဲ တိုက်ပွဲဝင်ခဲ့သလို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်ဖွဲ့လည်း ဖြစ်သည်။

အာဏာရှင်အဆက်ဆက် တော်လှန်ခဲ့ကြသည့် သူပုန်မျိုးရိုး 

မြန်မာ့စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့ကို လက်နက်ကိုင်ပြန်လည်တွန်းလှန် ပုန်ကန်သူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို “သောင်းကျန်းသူ” ဟူသော နာမ်စားသုံးကာ နှိမ့်ချ ခေါ်ဝေါ်ခဲ့ကြသည်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့များကို အကြမ်းဖက်သမားဟူ၍ ပုံဖျက်သုံးနှုန်းနေသည့် ယခုစစ်ကောင်စီကိုလည်း အာဏာသိမ်းမှု ၃ နှစ်ကျော်သည်အထိ လက်နက်ကိုင်တော်လှန်ချင်သည့် သူပုန်မျိုးဆက်များ ဆက်ရှိနေသည်ကို ရာမ်ဆင်းရ်ဗဟာဒူး အပါအဝင် BPLA တွင် စစ်သင်တန်းလာရောက်တက်ကြသည့် လူငယ်များက သက်သေပင်ဖြစ်သည်။

ရာမ်ဆင်းရ်ဗဟာဒူးသည် တော်လှန်ရေးရဲဘော်ဘဝအဖြစ် ဖြစ်လာခြင်းကလည်း သမားရိုးကျမဟုတ်သော အကြောင်းတရားများက ရှိနေသေးသည်။

သင်တန်းသားများ နားနေဆောင်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ခမ်း/Myanmar Now)

သူ၏ ဆွေမျိုးတော်စပ်သူတချို့မှာ မြန်မာ့စစ်အာဏာရှင်အဆက်ဆက်တွင် တောခိုပြီး လက်နက်ကိုင် တော်လှန်ခဲ့ကြသူများ ဖြစ်သည်။

“ငါတို့မှာ မျိုးဆက်ပါလာတယ်၊ အဲဒီမျိုးဆက်ရဲ့တာဝန်ကို ငါတို့ ထမ်းမှရမယ်” ဟု ရာမ်ဆင်းရ်ဗဟာဒူးက သူ့မိသားစုကို ပြောလေ့ရှိသည့် စကားတစ်ခုကို ပြောပြသည်။  

“ကျွန်တော် ရေးရမဲ့သမိုင်းအတွက် စာအုပ်တစ်အုပ်ရလာပြီ၊ ကျွန်တော် ရေးမဲ့ သမိုင်းအတွက် စာမျက်နှာတစ်ခု ရလာပြီ၊ ကျွန်တော် ရေးမဲ့ ကလောင်ထဲက မင်ကညစ်တွေကလည်း ကျွန်တော့်ချွေးစက်တွေ၊ ကျွန်တော့သွေးတွေ ဖြစ်မယ်” ဟု သူ၏ တော်လှန်ရေးအပေါ် စိတ်နှစ်ထားမှုကို ပြောသည်။

ရာမ်ဆင်းရ်ဗဟာဒူး၏ အဘိုးတော်စပ်သူသည် မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ရှိခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲဘော်ဟောင်းတစ်ဦးဖြစ်သည်။

အဘိုးဖြစ်သူ၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် တောခိုပြီး လက်နက်ကိုင်လှုပ်ရှားမှုများအကြောင်းကို အဖေဖြစ်သူ၏ ပြောပြမှုကြောင့် ငယ်စဉ်ကတည်းကတော့ အရိပ်အမြွက် ကြားဖူးခဲ့ကြောင်း သူက ပြောသည်။

“ကျွန်တော့်အဘိုးက ခဏခဏ လက်ဖက်ရည်သောက် အဖိတ်ခံရတယ်။ လက်ဖက်ရည်သောက် ခဏကြွဆိုရင် အဲဒါသွားပြီ ၆ လပဲ။ စစ်ထောက်လှမ်းရေးနဲ့ အမြဲတမ်း စိန်ပြေးလိုက်တမ်း ကစားနေရတဲ့ သူတဲ့” ဟု သူ့အဖေ ပြောပြခဲ့သည်ကို ရယ်လျက် ပြန်ပြောပြသည်။

သူ၏ ဘကြီးတော်စပ်သူတစ်ဦးကလည်း ၈၈ လူထုလှုပ်ရှားမှုမှ ကျောင်းသားလူငယ်များ ဦးဆောင်မှုဖြင့် ပေါက်ဖွားလာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲဘော်တစ်ဦး ဖြစ်သည်။

သူ ခပ်ငယ်ငယ်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ သူ၏ ဘကြီးဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ဖူးသောကြောင့် ယခုရောက်ရှိနေသော ကရင်ပြည်နယ်က တောင်တန်းများနှင့် လက်နက်ကိုင်တော်လှန်ရေးများသည် သူ့အတွက် မစိမ်းနေကြောင်း ပြောသေးသည်။

“ကျွန်တော့သွေးထဲမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ မစိမ်းနေဘူး”

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် သူ့၏ ဘကြီးသည်လည်း လက်နက်ကိုင်နိုင်ငံရေးကို စွန့်လွှတ်ပြီး မြို့ပေါ်သို့ ပြန်လည်နေထိုင်ခဲ့ကြောင်း သူက ဆိုသည်။

နောက်ထပ် ဦးလေးတော်စပ်သူတစ်ဦးမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နေအိမ်ချိပ်ပိတ် ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးမှုကြောင့် မည်သည့်နေရာသို့ ထွက်ပြေး တိမ်းရှောင်နေရသလဲကိုပင် မသိရှိကြောင်း သူက ပြောသည်။

“သူပုန်မျိုးရိုးလို့ ပြောရမယ်။ သူတို့ကလည်း သူတို့ မျိုးဆက်အလိုက် သမိုင်းရေးကြတယ်။ သူတို့လည်း လုပ်ခဲ့ကြတယ်၊ ပေးဆပ်ခဲ့ကြတယ်။ ဒါပေမဲ့ အရေးမတော်ခဲ့ကြလို့ စစ်အာဏာရှင်တွေ ရေးတဲ့ သမိုင်းကိုပဲ ကျွန်တော်တို့ ဖတ်ခဲ့ကြရတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ အရေးတော်မှ ရမယ်။”

သင်တန်းသားအဆောင်အမိုးအတွက် ပြုလုပ်နေသော ရာမ်ဆင်းရ်မဟာဒူး။

တော်လှန်ရေးပြီးလျှင် ကျောင်းဆရာလုပ်မည်  

“တော်လှန်ရေးပြီးရင်တော့ ပညာရေးနဲ့ နိုင်ငံကို ပြန်ပြီး အကျိုးပြုချင်တယ်။” ဟု သူ၏ အိပ်မက်ကို ပြောပြသည်။

လက်နက်ကိုင်တော်လှန်ရေးပြီးဆုံးမည့် ကာလသည် ရှည်ကြာနိုင်ဦးမည်ဆိုသည်ကို သူကြိတင်မှန်းဆထားသော်လည်း အခြေအနေပေးပါက ကလေးငယ်နှင့် လူငယ်များကို ပညာရေးနှင့် အသက်မွေးပညာများ သင်ကြားပေးမည့် ကိုယ်ပိုင်ကျောင်းတစ်ခု ထူထောင်ချင်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးရသော သတင်းများထွက်ပေါ်လာလျှင် သူ့အနေဖြင့် စိတ်မကောင်းဖြစ်ရသလို စစ်ကောင်စီအပေါ်ကို ပိုပြီး မုန်းတီးလာစေသည်ဟု သူက ဆိုသည်။

“ကျွန်တော် လုံးဝဒေါသထွက်ပြီးတော့ အရမ်းစိတ်ထိခိုက်ရတဲ့ အချိန်ကဘာလဲဆိုရင်​ စာသင်ကျောင်းတွေကို ဗုံးကြဲတာပဲ။ ကလေးလေးတွေဗျာ၊ ကရင်နီပြည်နယ်က ဖြစ်ရပ်တစ်ခုမှာဆို ဗုံးကြဲသွားတော့ ကျောင်းစိမ်းလေးတွေ သွေးစလေးတွေနဲ့ ထမင်းချိုင့်လေးတွေနဲ့ အဲဒီနေ့ကတော့ ကျွန်တော် လုံးဝစိတ်ထိခိုက်ရတဲ့ နေ့ပဲ” ဟု သူက ဆိုသည်။

စစ်အာဏာမသိမ်းခင်ကာလတုန်းက သူသည် ပညာဒါနကျောင်းတစ်ခုနှင့် ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဆရာအဖြစ် အသက်မွေးခဲ့သူဖြစ်၍ လက်နက်ကိုင်တော်လှန်ရေးပြီးဆုံးပါက ကျောင်းဆရာအဖြစ်သာ ပြန်ရပ်တည်လိုခြင်းဖြစ်သည်။

စစ်အာဏာရှင်ခေတ်အဆက်ဆက်တွင် ပညာရေးကို ဖိနှိပ်ထားပြီး သမိုင်းအမှန်တရားကို ဖျောက်ဖျက်ထားသော စစ်ကျွန်ပညာရေးကို သူအလွန်မုန်းတီးသည်ဟု ပြောသည်။

“ကျွန်တော်တို့ဆိုရင်လည်း မျိုးဆက်လိုက်ကြီး ရေးနေရတယ်၊ နောက်ထပ်မျိုးဆက်တစ်ခုကိုတော့ ထပ်ပြီးတော့ မရေးစေချင်တော့ဘူး။ လက်နက် ထပ်မကိုင်စေချင်တော့ဘူး” ဟု သူက ဆိုသည်။

ထို့ပြင် နောင်လာမည့် နိုင်ငံတော်သစ်ကြီးတွင် လူသားအချင်းချင်း ချစ်ခင်ပြီး တန်းတူညီမျှဖြစ်ရန်၊ အကြမ်းဖက်မှုနှင့် စစ်ပွဲများ ရပ်တန့်ရပ်၊ ပညာရေးမျှတပြီး ပညာဉာဏ်ပွင့်လင်းလာစေရန် တောင်းဆိုရမှုများကို လက်နက်ကိုင်စရာမလိုဘဲ တောင်းဆိုရုံရနိုင်သော နိုင်ငံတစ်ခုဖြစ်စေလိုကြောင်း သူ၏ ဆန္ဒတစ်ခုကို ထုတ်ဖော်ပြောသည်။

ယခုတွင် ရာမ်ဆင်းရ်မဟာဒူးတစ်ယောက် သူဖြစ်လိုသော နိုင်ငံတော်သစ်နှင့် ကလေးငယ်များကို ပညာတတ်ဖြစ်စေလိုသည့် ကျောင်းဆရာဘဝသို့ ပြန်ရောက်နိုင်ရန် အနေအစားဆင်းရဲပြီး ကြမ်းတမ်းခက်ခဲသော စစ်သင်တန်းလေ့ကျင့်ခန်းများကို အပြင်းအထန်ကြိုးစားလေ့ကျင့်နေလေသည်။

ရုရှားနှင့် စစ်ကောင်စီ ထားဝယ်ရေနက်ဆိပ်ကမ်းပူးပေါင်းအကောင်ထည်ဖော်ရန် ဆွေးနွေးနေ

ရုရှားနှင့် စစ်ကောင်စီ ထားဝယ်ရေနက်ဆိပ်ကမ်းပူးပေါင်းအကောင်ထည်ဖော်ရန် ဆွေးနွေးနေ

မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

အောင်နိုင်အောင်ခမ်းMay 16, 2024

 အမေရိကန်ဒေါ်လာသန်းထောင်ချီ အကုန်အကျခံကာ တည်ဆောက်မည့် ထားဝယ်ရေနံစီမံကိန်းလုပ်ငန်းခွင်ရှိ မြေပုံတစ်ခုကို သံဃာတော်တစ်ပါး ၂၀၁၂ က ကြည့်ရှုနေပုံ။ (AFP)

မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံ ပုဂ္ဂလိကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now ကို ပြောသည်။

ဆွေးနွေးမှုများသည် “ကနဦးအဆင့်” သာ ရှိသေးကြောင်း ၎င်းက ဆိုပြီး ရုရှားဘက်က အဆိုပြုသည့် စီမံကိန်းအပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားရန် ငြင်းဆန်သည်။

“တကယ်တမ်း တိတိကျကျ သဘောတူပြီး အသိပေးလို့ ရပြီဆိုတဲ့အခါကျရင်တော့ သတင်းတွေဘာတွေ ထုတ်ပြန်ပေးမှာပါ” ဟု သူက ပြောသည်။

နိုင်ငံတောင်ပိုင်းတွင် တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ရုရှားသတင်းဌာန ITAR-TASS ကို နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနေရာပြ မြေပုံ။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရက ၂၀၁၃ တွင် “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၅ တွင် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံသဘောတူခဲ့ကြသော်လည်း စီမံကိန်းသည် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည်။

၁၆ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့် စီမံကိန်းကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရုရှား၏အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

“လုပ်ငန်းရပ်ဆိုင်းထားရတဲ့အတွက် ကိုယ့်တိုင်းပြည်အတွက် နစ်နာဆုံးရှုံးတယ်လေ။ ဒါကြောင်မို့ တို့ကတော့ လုပ်ငန်းကို မြန်မြန်ပြန်စ၊ လုပ်ချင်တာပေါ့။ နောက်ထပ် တကယ်လုပ်နိုင်မယ့်သူကို ရှာဖွေနေတဲ့ အဆင့်လို့ ပြောရမှာပေါ့” ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက ဆိုသည်။

စီမံကိန်းတွင် ထိုင်းနှင့် ဂျပန်နိုင်ငံနှစ်ခုလုံးက ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်မှုမရှိသလို လက်ရှိတွင် စစ်ကောင်စီက ရုရှားကို လုပ်ပိုင်ခွင့်ပေးရန် ဆွေးနွေးနေသော်လည်း စီးပွားရေးအရ အကျိုးအမြတ်ရရန် မသေချာနိုင်ကြောင်း စီမံကိန်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၂ နိုဝင်ဘာလအတွင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနေရာသို့ သွားရောက်ခဲ့ပြီး စီမံကိန်းကို ပြန်စမည်ဟု ပြောဆိုခဲ့သည် (ဓာတ်ပုံ – စစ်ကောင်စီ)

“အခု ရုရှားကို ပေးမယ်ဆိုရင် ရုရှားအနေနဲ့ စီးပွားရေးဆန်ဆန်တကယ်လုပ်ဖို့ရာ အဲ့ဒီအခြေအနေတွေ သိပ်ခက်မယ်ပေါ့နော်။ တစ်ခုပဲရှိတယ်ပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် SEZ (အထူးစီးပွားရေးဇုန်) နာမည်ခံပြီးတော့ ရုရှားကို ရေနက်ဆိပ်ကမ်းထူထောင်ရေးနဲ့အတူ သင်္ဘောတွေ ဝင်ထွက်ရင်းကနေ သူတို့ စီးပွားရေးအမည်ပြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရေတပ်သင်္ဘောတွေ အဝင်အထွက်လုပ်တာမျိုး၊ အရှေ့တောင်အာရှဘက်မှာ လာပြီး အခွင့်အလမ်းဖော်တဲ့ဟာမျိုးပဲရှိနိုင်မယ်” ဟု သူက ပြောသည်။

ထိုစီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန် သုံးပွင့်ဆိုင်အကောင်အထည်ဖော်မည်ဟု မူလက ကတိပြုထားသော်လည်း ထိုနိုင်ငံများကလက်တွေ့ ရင်းနှီးမြှုပ်နှံမှုမရှိသေးသလို ဥပဒေကြောင်းအရ ခိုင်မာသည့် သဘောတူညီမှုများမရှိကြောင်း စစ်ကောင်စီက ရုရှားကို လုပ်ပိုင်ခွင့်ပေးရာ၌ ထိုင်းနှင့် ဂျပန်တို့က ကန့်ကွက်ရန် အခွင့်အာဏာမရှိကြောင်းလည်း သူက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် ရှုပ်ထွေးသည့် စီမံကိန်းဖြစ်ခြင်းကြောင့် စစ်ကောင်စီက သဘောတူစာချုပ်ချုပ်ဆိုရန် လွယ်ကူသော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

နယ်မြေများစွာဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကို ပို၍ပို၍ အားထား လုပ်ဆောင်လာနေပါတယ်

Myanmar Now 

တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်မြေများစွာဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပို၍ပို၍ အားထား လုပ်ဆောင်လာနေပါတယ်။

စစ်ကောင်စီလေတပ်က အဓိကသုံးစွဲနေတဲ့ လေယာဥ်၊ ရဟတ်ယာဥ်တို့ကို စာဖတ်သူတို့သိပါသလား။

စစ်ကောင်စီလေတပ်ဟာ ရုရှားနဲ့တရုတ်ထုတ် လေယာဥ်တွေ၊ လက်နက်တွေကို သုံးစွဲနေပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုရှားထုတ် MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဥ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ Mi-17 ပို့ဆောင်ရေး ရဟတ်ယာဥ်တို့ကို သုံးစွဲနေသလို၊ Yak-130 အပေါ့စားတိုက်ခိုက်ရေးလေယာဥ်၊ SU-30MK Flanker ဂျက်လေယာဥ်တွေနဲ့ Orlan-10E အမျိုးအစား ကင်းထောက်ဒရုန်းတွေကို အဓိကအားထား သုံးစွဲနေပါတယ်။

ဒါ့အပြင် ရုရှားဟာ စစ်ကောင်စီကို မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး Pantsir-S1 ဒုံးစနစ်၊ ရေဒါဆက်သွယ်ရေးပစ္စည်းတွေကိုလည်း ရောင်းချထားပါတယ်။

Moscow Times သတင်းစာအရ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီတစ်လတည်းမှာတင် ရုရှားဟာ မြန်မာကို အမေရိကန်ဒေါ်လာ ၁၄.၇ သန်းတန်ဖိုးရှိတဲ့ ရေဒါပစ္စည်းတွေကို ရောင်းချခဲ့ပြီး၊ အဲဒါမတိုင်ခင် သုံးလကလည်း ဒေါ်လာ ၉၆ သန်းဖိုးရှိတဲ့ အမည်မဖော်ပြနိုင်သော ကုန်ပစ္စည်းတွေကို ရောင်းချခဲ့ပါတယ်။

ယခုအခါ စစ်ကောင်စီဟာ အကောင်အထည်မဖော်နိုင်သေးတဲ့ ထားဝယ်ရေနက်စီမံကိန်းကို ရုရှားနဲ့လုပ်ဖို့ ဆွေနွေးနေကြောင်း ယမန်နေ့က တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာလေ့လာမှုဌာန တစ်ခု ဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်

Khit Thit Media 

ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာလေ့လာမှုဌာန တစ်ခု ဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်

ရန်ကုန်၊ မေ ၁၇

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာ လေ့လာမှုဌာနတစ်ခုဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး ပညာရပ်ဆိုင်ရာ သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဌာနက ပြောဆိုသည်။

မြန်မာ့ရေးရာလေ့လာမှုဌာန The Myanmar Studies Center (MSC@UP) ကို ချက်နိုင်ငံ၊ အိုလိုမာ့စ်မြို့ရှိ ပါလက်ပ်စကီတက္ကသိုလ်တွင် မေလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာ့ရေးရာဌာနသည် မြန်မာရေးရာနှင့်ပတ်သက်ပြီး အာရုံစိုက်မှုနည်းနေသေးသည့် ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အလယ်ဥရောပတွင် ပထမဆုံး ဖွင့်လှစ်သည့် မြန်မာရေးရာလေ့လာမှုဌာနတစ်ခုဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ လေ့လာမှု အားနည်းနေသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် MSC@UP က မြန်မာ့ရေးရာကို အခြေတည်ပြီး အခြားသော ပညာ ရပ်ဆိုင်ရာ သုတေသနများနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

မြန်မာ့ရေးရာ ဌာနစတင်ဖွင့်လှစ်ရန် ဦးဆောင်ခဲ့သည့် ဒေါက်တာ ခရစ္စတီးနား ကီရွန်စကာ က ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ မြန်မာနှင့်ပတ်သက်သည့် ခေါင်းစဉ်မျိုးစုံကို သုတေသနပြုလုပ်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မြန်မာရေးရာလေ့လာမှုဌာန ဦးစီးပြီး လာမည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း နွေရာသီကျောင်းတစ်ခုကို ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာ့အရေးကို “Indo-Pacific-Navigating Geostrategic Dynamics: Southeast Asia and Myanmar” ခေါင်းစဥ်ဖြင့် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Interdisciplinary Myanmar Conference 2024 အမည်ဖြင့် စာတမ်းဖတ်ပွဲတစ်ခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

See Translation

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအနေဖြင့် မသေချာမရေရာမှု အသစ်များနှင့်ထပ်မံ ရင်ဆိုင်နေရ

Khit Thit Media 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအနေဖြင့် မသေချာမရေရာမှု အသစ်များနှင့်ထပ်မံ ရင်ဆိုင်နေရ (အပိုင်း-၁)

By USIP

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ခုခံတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ၎င်းတို့၏ထိန်းချုပ်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည်နှင့်အတူ ရိုဟင်ဂျာပြဿနာအတွက် ရှေ့ဆက်ရမည့်လမ်းက ရှင်းရှင်းလင်းလင်းမရှိ ဆက်၍ဖြစ်နေသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုတို့အကြား ပဋိပက္ခ၏ အရှိန်မြင့်လာနေမှုက ရိုဟင်ဂျာတို့၏ ကံကြမ္မာအပေါ် စိုးရိမ်ပူပန်မှုများကို တိုးလာစေခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ အတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုများမှ လွတ်မြောက်ရန်အတွက် မူဆလင်ဘာသာဝင် အများစုဖြစ်သည့် ရိုဟင်ဂျာလူမျိုး ၈၀၀,၀၀၀ ကျော်တို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်ရာတွင် စစ်တပ်၏ အားနည်းချက်များက တိုးများလာနေမှုကြောင့် ယခုအခါ ပိုမို၍ရဲရင့်မှုရှိလာသည့် အာရက္ခတပ်တော် (အေအေ) က ပြည်နယ်တစ်ခုလုံးအနှံ့ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးအရ ထိန်းချုပ်မှုတို့ကို အပြင်းအထန် တွန်းအားပေး တိုးချဲ့လုပ်ဆောင်သွားရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ သို့ရာတွင် ရိုဟင်ဂျာအရေးအား ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များနှင့် ပတ်သက်၍ အေအေခေါင်းဆောင်များအနေဖြင့် ရှင်းရှင်းလင်းလင်း ရှိမနေပေ။

ရခိုင်တွင် ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

————————————————————————

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများနှင့် အခြားရပ်ရွာလူ့အဖွဲ့အစည်းများအနေဖြင့် မလုံခြုံမှုများ၊ အတင်းအကြပ် စစ်သားအဖြစ် စုဆောင်းခံရမှုများနှင့် တင်းမာနေပြီးဖြစ်သည့် ရခိုင်လူမှုအသိုက်အဝန်းများနှင့် ဆက်ဆံရေးတို့အပေါ် သက်ရောက်မှုရှိသည့် အခြားစိုးရိမ်စရာ ဖိအားများက တိုးလာနေမှုနှင့်အတူ၊ ဆိုးရွားလာနေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ခံစားနေကြရသည်။

စစ်အာဏာရှင်အုပ်စု၏ ကုန်းလမ်းနှင့် ရေလမ်းမှ ပိတ်ဆို့ဖြတ်တောက် ထားမှုများကြောင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် အစားအစာပြတ်လပ်မှုနှင့် ငတ်မွတ်မှုများက တိုးလာလျက် ရှိနေသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ အကူအညီများက မရရှိသ‌လောက်ပင် ဖြစ်သည်။

ပြည်နယ်တစ်လွှား ရခိုင်လူမျိုးများနှင့် အခြားသော လူမှုအသိုက်အဝန်းများသို့လည်း အကူအညီပေးပို့မှုများကို ဖြတ်တောက်ထားသည်။ သို့ရာတွင် ၎င်းတို့မှာ အထူးတလည် ပို၍ထိခိုက်လွယ်ပြီး ယခင်ကမရှိခဲ့သည့် အဆင့်မျိုးဖြင့် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။ တွေ့ဆုံမေးမြန်းမှုများအတွင်း ၎င်းတို့က အစားအစာပြတ်၍ ငတ်မွတ်လာမှုကို အရပ်သားများ၏ ခုခံတော်လှန်မှုအား အားနည်းသွားစေသည့် ကိရိယာအဖြစ် နစကက အသုံးချနေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။

မွတ်စလင်တို့၏ ရမ်ဇာန်လမြတ်တွင် ဘာသာရေးအရ အရေးပါသည့် ရိုးရာအစားအစာများကို စားသုံးရမည့်အခါမျိုးတွင်ပင် အစားအစာ မရရှိနိုင်မှုကြောင့် အထူးပင် နာကျင်ခံစားကြရသည်။ ယခုနှစ်တွင် ရိုဟင်ဂျာမိသားစုများအနေဖြင့် နေ့စဥ်အစာရှောင်မှုအပြီး စားသုံးရန်အတွက် အစားအစာများကို ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ကြရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်းရှိ ရိုဟင်ဂျာကျေးရွာခေါင်းဆောင်များက ၎င်းတို့၏ ရပ်ရွာအသိုက်အဝန်းများအနေဖြင့် အကူအညီများကို အလွန်အမင်း လိုအပ်နေသည်ဟု ပြောဆိုကြသည်။ ပိတ်ဆို့ဖြတ်တောက်မှုများအတွင်း ၎င်းတို့အား အဆက်အသွယ်မလုပ်ခြင်းဖြင့် အကူအညီပေးရေးဝန်ထမ်းများ၏ စွန့်ပစ်ထားခြင်းခံရသည်ဟု ခံစားနေကြရသည်။

ကျေးရွာသားအများအပြားမှာ အလွတ်သဘော ချိတ်ဆက်မှုများမှတဆင့် လွှဲပြောင်းပေးမှုဖြင့် ငွေကြေးများရရှိကာ စျေးကွက်အတွင်းမှ အစားအစာများကို ၀ယ်ယူရရှိနိုင်နေဆဲဖြစ်သော်လည်း၊ ကျေးရွာခေါင်းဆောင်များက ငွေလွှဲပို့ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ နတ်မြစ်ကိုဖြတ်၍ အကူအညီများ လွှဲပြောင်းပေးခြင်း ကဲ့သို့သော ဖြေရှင်းမှုနည်းလမ်းများ ရရှိလာရေးအတွက်၊ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံရေးတွင် ပါဝင်နေကြသူများအား ပိုမိုအားစိုက် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

တစ်ချိန်တည်းမှာပင် ကုန်ဈေးနှုန်းများက တဟုန်ထိုးမြင့်တက်လာနေကာ၊ ခရီးသွားလာမှုတွင် အန္တရာယ်များရှိနေသဖြင့် လယ်သမားများမှာ ၎င်းတို့၏ စိုက်ပျိုးမြေများကို သွားရောက်နိုင်ခြင်းမရှိ ဖြစ်နေကြသည်။ နေရာများစွာတွင်၊ အနီးအနားရှိ ဈေးများတွင် အစားအစာဝယ်ယူရန်အတွက် အိမ်မှ စွန့်စားထွက်ခွာကြရသူများအနေဖြင့် စစ်တပ်များထူထပ်စွာ ချထားပြီး မိုင်းများဖြန့်ကျက်ထားသည့် နေရာများကို ဖြတ်သန်းသွားလာကြရမည် ဖြစ်သည်။

ဒေသခံကုန်သည်များအနေဖြင့် နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိက္ခာအချို့ကို သယ်ယူနိုင်ခဲ့သော်လည်း၊ နတ်မြစ်ကမ်းမှ ကုန်းတွင်းပိုင်းရှိ မိမိတို့၏ရပ်ရွာများဆီသို့ ရိက္ခာများကို သယ်ယူပို့ဆောင်ရန်မှာ နောက်ထပ်အန္တရာယ်များက ရှိနေကြသေးသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ကြခြင်း မရှိချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာဌာနများက လုံလောက်မှုမရှိဘဲ၊ ဆေးရုံဆေးခန်းများ အများအပြားမှာလည်း – ဒဏ်ရာရ အေအေ တိုက်ခိုက်ရေးသမားများကို ကုသပေးမှုမှ ကာကွယ်ရန် နစက၏ နည်းလမ်းတစ်ခုအဖြစ် – မကြာသေးမီလများအတွင်းက ပိတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။

ငွေကြေးတတ်နိုင်သည့် ရိုဟင်ဂျာလူနာများက နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဆေးကုသနိုင်ရန် ကြိုးစားကြလေ့ရှိသော်လည်း၊ နယ်စပ်ဖြတ်ကျော်မှုများကို နှစ်အတော်ကြာကပင် တရားဝင်ပိတ်ထားခဲ့ပြီး ဖြစ်သည်။ ကျည်ဆန်ထိဒဏ်ရာများ၊ မြေမြှုပ်မိုင်းများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသည့် အရပ်သားအရေအတွက်များက တိုးလာနေသည်နှင့်အတူ ဆေးဝါးကုသမှုများကို ယခင်ကထက်ပို၍ လိုအပ်လာနေသည့်တိုင်၊ နယ်စပ်ကိုဖြတ်ကျော်ရန်မှာ ယခုအခါ မဖြစ်နိုင်တော့ပေ။

မကြာသေးမီလများအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် ရိုဟင်ဂျာရွာသားများမှာ အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြသော်လည်း လိုအပ်သည့်ကုသမှုများကို မရရှိကြသေးပေ။ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရပြီး ကာလရှည်ကြာ ခရီးသွားလာခွင့် ပိတ်ပင်ထားခံရသည့် ရိုဟင်ဂျာများကဲ့သို့မဟုတ်ဘဲ၊ ရခိုင်လူမျိုးများတွင် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် စာအုပ်များရှိနေကြပြီး ပိတ်ပင်တားဆီးခံရမှု၏ အတိုင်းအတာမှာ အနည်းငယ်မျှသာရှိသည်ဟု ရိုဟင်ဂျာများက ပြောဆိုကြသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံမှုမရှိခြင်း

——————————————————

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ်ဘဇားမြို့ရှိ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (အေအာရ်အက်စ်အေ) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (အာရ်အက်စ်အို) တို့အကြား နယ်မြေစိုးမိုးရေးအတွက် ခါးသီးသည့် ယှဥ်ပြိုင်မှုများ ရှိနေသည့် စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အခြားသော မလုံခြုံမှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။

အေအာရ်အက်စ်အေသည် ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုကို ဖြစ်လာစေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှုအတွက် လူသိများသည်။ ထိုအချိန်မှစ၍ ၂၀၂၂ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် အေအာရ်အက်စ်အေက လွှမ်းမိုးနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ၎င်း၏လုပ်ရပ်များကို သည်းခံနိုင်မှု လျော့ကျလာခဲ့သည်။

၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၀ ခုနှစ်လွန် နှစ်များနောက်ပိုင်းတွင် စစ်ရေးအရ ငြိမ်သက်နေခဲ့သည့် အာရ်အက်စ်အိုအဖွဲ့က ယခုအခါ စခန်းများအတွင်း သြဇာအရှိဆုံးအဖွဲ့အဖြစ် အေအာရ်အက်စ်အေကို ကျော်တက်သွားခဲ့ပြီး ဖြစ်သည်။

အေအာရ်အက်စ်အေနှင့် အာရ်အက်စ်အို အဖွဲ့ဝင်များသည် များပြားလှသည့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများမှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုနှင့် လုံခြုံရေးပျက်ပြားစေမှုများ အပါအဝင် နည်းမျိုးစုံဖြင့် ဒုက္ခသည်များအား နေ့စဉ်မပြတ် ခြိမ်းခြောက်လျက် ရှိနေကြသည်။ သို့ရာတွင် မည်သည့်အဖွဲ့ကိုမျှ ရာဇ၀တ်မှုတစ်ခုသက်သက်အနေဖြင့် ရှင်းထုတ်၍ ရနိုင်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသည့် ပဋိပက္ခအခင်းအကျင်းတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုက တစ်ခါတစ်ရံ ရှင်းရှင်းလင်းလင်း မရှိသော်လည်း၊ အေအာရ်အက်စ်အေ တပ်ဖွဲ့ဝင်များက နစကတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေကြသည်ကို မြင်တွေ့ကြရချိန်တွင် အာရ်အက်စ်အို ခေါင်းဆောင်များက အေအေအား လူသိရှင်ကြား ထောက်ခံအားပေးခဲ့ကြသည်။

နည်းဗျူဟာအရ လေ့ကျင့်မှုများအတွက် အဖွဲ့နှစ်ခုစလုံးမှ တပ်သားသစ်အချို့က အခြေစိုက်စခန်းများရှိရာသို့ သွားရောက်နေကြဆဲဖြစ်ပြီး၊ ခေါင်းဆောင်များကလည်း ခုခံတော်လှန်ရေး အယူဝါဒများကို လက်ခံထားကြသည်။ သို့ရာတွင် ပုံမှန်အားဖြင့် တပ်သားသစ်များက ဤအမြင်သဘောထားများကို စခန်းအဆင့် တပ်သားများထံ ဖြန့်ဖြူးခြင်း မပြုကြပေ။ အဆိုပါအဖွဲ့များ၏ ပြန့်ကျဲနေသည့် အမိန့်ပေးဖွဲ့စည်းပုံများကြောင့် စခန်းအဆင့် တပ်ဖွဲ့ဝင်အများစုမှာ လေ့ကျင့်သင်ကြားမှုမရှိဘဲ စည်းကမ်းမဲ့သူများ ဖြစ်နေကြသည်။

ထိုကဲ့သို့သော ကွာဟချက်များကြောင့်၊ စခန်းများအတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များက အာရ်အက်စ်အို နှင့် အေအာရ်အက်စ်အေတို့ကို မလုံခြုံမှုနှင့် စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေသည့် ပတ်ဝန်းကျင်အား ဖန်တီးရာတွင် တာဝန်ရှိသည့် ရာဇ၀တ်ဂိုဏ်းများအဖြစ် ရှုမြင်ကြသည်။

ယေဘုယျအားဖြင့် ၎င်းတို့၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရာတွင် – မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင် တွေ့ရသကဲ့သို့ပင် – ခိုင်မာအားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (အီးအေအို) တစ်ခု ရှိနေခြင်းက အကျိုး‌ကျေးဇူးများ ရရှိနိုင်သည်ဟု ရိုဟင်ဂျာအများစုက ယုံကြည်ထားကြသည်။

သို့ရာတွင် နိုင်ငံရေးအရ ခေါင်းဆောင်မှု ကင်းမဲ့နေခြင်းက မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားများနှင့် ဆက်ဆံရေးထူထောင်မှုတွင် အဟန့်အတား ဖြစ်နေစေပြီး၊ စစ်အုပ်စုဆန့်ကျင်ရေး ခုခံတော်လှန်‌ရေး လှုပ်ရှားမှုအတွင်း ပါဝင်နိုင်မည့် အခွင့်အလမ်းကို မတွေ့ရှိရသေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။ ဤအချက်ကြောင့်ပင် ၎င်းတို့၏ နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုနှင့်အတူ စည်းလုံးညီညွတ်မှုရှိနေခြင်းကို သက်သေပြနိုင်စွမ်းမရှိ ဖြစ်နေရသည်။

“အခု (စစ်အုပ်စု) ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိရပါမယ်။ အဲဒီလိုမှမဟုတ်ရင် အခုအချိန်မှာ ကျွန်တော်တို့က သူတို့ကို မကူညီခဲ့တဲ့အတွက် နောင်တစ်ချိန်မှာ မြန်မာတွေက ကျွန်တော်တို့ကို လက်ခံမှာ မဟုတ်ပါဘူး” ဟု ဤဆောင်းပါးအတွက် လူ‌တွေ့မေးမြန်းရာတွင် ဖြေဆိုခဲ့ကြသည့် အခြားသူများကဲ့သို့ပင် အမည်ကို မဖော်ပြလိုသည့် ဆရာမတစ်ဦးက ရှင်းပြခဲ့သည်။

ခုခံ‌တော်လှန်မှုကို အာရ်အက်စ်အိုတို့က အပြောအရ ထောက်ခံနေသော်လည်း ၎င်းတို့က ရခိုင်ပြည်နယ်၏ ပဋိပက္ခ နယ်ပယ်အတွင်းသို့ သိသာထင်ရှားသည့် နည်းလမ်းဖြင့် ဝင်ရောက်ခြင်း မရှိသေးဘဲ၊ တရားဝင် အီးအေအိုအဖွဲ့ တစ်ခုကဲ့သို့ စတင်ပြုမူလာနိုင်မည့်အပေါ် ဒုက္ခသည်များက သံသယရှိနေကြသည်။ စစ်အုပ်စုတပ်ဖွဲ့များကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရမည့်အစား၊ ဒုက္ခသည်စခန်းများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ရာဇ၀တ်မှုလုပ်ရပ်များကြောင့် အာရ်အက်စ်အိုကို ဒုက္ခသည်များအကြား ပို၍ လူသိများနေသည်။

အာရ်အက်စ်အိုတပ်ဖွဲ့ဝင် အများစုက အဖွဲ့နှစ်ခုအကြား ပြိုင်ဆိုင်မှုများအတွင်း လက်နက်ချ သို့မဟုတ် ဘက်ပြောင်းလာခဲ့ကြသည့် အေအာရ်အက်စ်အေ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး၊ ဘက်ပြောင်းပြီးနောက်ပိုင်းတွင် ပိုမိုကောင်းမွန်သည့် အမူအကျင့်များ ရှိမလာခဲ့ကြပေ။

အာရ်အက်စ်အိုသည် မကြာသေးမီလများအတွင်း ၎င်း၏လက်နက်များကို ဖြည့်တင်းခဲ့ပြီး ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စစ်မြေပြင်သို့ ဝင်ရောက်ရန်အတွက် စီစဉ်နေခြင်း ဖြစ်နိုင်သည်။ ထို့အတွက် ဒုက္ခသည်များထံမှ ယုံကြည်စိတ်ချမှုအချို့ကို ရရှိနိုင်စေမည်ဖြစ်သော်လည်း၊ ထိုသို့ဖြစ်လာရန်မှာ စခန်းအဆင့်တွင် စည်းကမ်းကောင်းမွန်လာမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ဖြစ်လာနိုင်မည်မဟုတ်ဟု ထင်မြင်ရသည်။

လူမဆန်တဲ့ ၁၉၈၂ နာဇီဥပဒေကို အတူတကွဖျက်သိမ်းကြ

Soe Nay Oo

လူမဆန်တဲ့ ၁၉၈၂ နာဇီဥပဒေကို အတူတကွဖျက်သိမ်းကြ

⬛ ကျန်နေရစ်တဲ့ စစ်အာဏာရှင်ရဲ့ အမွေအနှစ်တခုကို ဖျက်ဆီးရမည့် CRPH ၏လက်ငင်းတာဝန်

ကမ္ဘာကျော် ဖက်ဆစ်နာဇီတွေအနေနဲ့ ၁၉၃၅ မှာ နုယင်ဘတ်ဥပဒေပြဌာန်းပြီး နိုင်ငံသားဖြစ်ခွင့်ကို အဆင့်ခွဲသတ်မှတ်လိုက်ပါတယ်။ ထိပ်ဆုံးမှာ ဂျာမန်စစ်စစ်တွေ၊ ပြီးတော့ စလဗ်အနွယ်အုပ်စုတွေ၊ အောက်ဆုံးအဆင့်မှာ ဂျူးတွေနဲ့ တခြားလူနည်းစုတွေလို့ ခွဲပစ်လိုက်ပါတယ်။

ဒီခွဲခြားမှုအပေါ်အခြေခံပြီး အောက်ဆုံးအဆင့်က လူတွေက နိုင်ငံမဲ့ဖြစ်သွားသူဖြစ်ခဲ့ရပြီး ဥပဒေအပါ တရားဝင်အကာအကွယ် မရ‌တော့ဘဲ ခွဲခြားခံရ၊ သီးသန့်ဖယ်ထုတ်ခံရ၊ နှိပ်စက်ဖိနှိပ်တာတွေကို တဆင့်ချင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာ နာဇီတွေအနေနဲ့ ဟောလိုကော့စ် အစုအလိုက်အပြုံလိုက်လူသတ်ပွဲတွေကျူးလွန်ခဲ့ပြီး ဂျူး ၆ သန်းကျော်နဲ့ တခြားလူနည်းစုတွေကို ရက်ရက်စက်စက် သတ်ခဲ့ပါတယ်။

☐ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ နာဇီနုယင်ဘတ်ဥပဒေ ဘာတွေတူလဲ

နာဇီတွေအနေနဲ့ နိုင်ငံသားတွေကို အဆင့်ခွဲခြားခဲ့သလို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေမှာလည်း မွေးရာပါနိုင်ငံ‌သား၊ ဥပဒေအရနိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ‌များဆိုပြီး ၄ ဆင့်ခွဲခြားထားပါတယ်။ ဒီလို စနစ်အရခွဲခြားမှု (Structural Discrimination)တွေကို စစ်အစိုးရအဆက်ဆက်က ဖန်တီးထားခဲ့ပြီး ၁၉၈၂ ဥပဒေကိုလည်း ဗိုလ်ချူပ်နေဝင်းလက်ထက်မှာ ပြဌာန်းခဲ့တာပါ။

နာဇီဂျာမနီကို ဖဝါးခြေထပ်လိုက်လှမ်းခဲ့တဲ့ စစ်အာဏာရှင်တွေအနေနဲ့ စနစ်အရခွဲခြားမှုတွေကနေတဆင့် နိုင်ငံတော်ကိုယ်တိုင်ကျူးလွန်တဲ့အကြမ်းဖက်မှု( State-sponsored terrorism) ကို ဦးတည်ခဲ့ပါတယ်။

နောက်ဆုံးမှာ နာဇီလက်ထက် ဟောလိုကော့စ်ကျူးလွန်ခဲ့သလို ဒီနိုင်ငံမှာလည်းဂျီနိုဆိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေအထိတွန်းပို့ခဲ့တဲ့ အဓိကတရားခံတခုဖြစ်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို အခုထိမဖျက်ရသေးဘဲ တန်းတူရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးတွေအတွက် တော်လှန်ရေးလုပ်နေရတာက ဆန့်ကျင်ဘက်လမ်းတွေဖြစ်နေပါတယ်။

☐ စစ်အာဏာရှင်ရဲ့အမွေ ၁၉၈၂ ဥပဒေကြောင့်

နစ်နာကြသူများ

“မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မယ်”ဆိုတဲ့ လဝကရုံးတွေက စာတန်းအောက်က

မျက်နှာငယ်ငယ်နဲ့ စောင့်စိုင်းနေရသူတွေ၊ ပတ်စ်ပို့ရုံးတွေမှာ အခုလိုလူမများသေးချိန်မှာတည်းက သွေးနှောဆိုပြီး တနေကုန်တန်းစီရတဲ့ လူတန်းကြီးတွေထဲကလူတွေက ထင်ရှားတဲ့ နစ်နာသူတွေပါ။

အဲ့တာတွေအပြင် မျိုးဆက်ချီ ဒီနိုင်ငံမှာမွေး၊ ဒီမှာကြီးပေမယ့် နိုင်ငံသားကဒ်မရလို့ အမှတ်မီရက်နဲ့ တက္ကသိုလ်တွေရဲ့ ငြင်းဆန်မှုကို ခံလိုက်ရသူတွေ၊ ဂုဏ်ထူးတန်း မဟာတန်းမတက်ရသူတွေ၊ ပြည်တွင်း ပြည်ပ ခရီးသွားလာခွင့်မရတဲ့လူတွေ၊ ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝ မရတာလို အဖြစ်အပျက်အများကြီးက တနိုင်ငံလုံးမှာရှိခဲ့ပါတယ်။ အခုလို ကျနော်တို့ရဲ့ကံကြမ္မာကို ရက်ရက်စက်စက် သတ်မှတ်ပြဌာန်းခဲ့တဲ့ နိုင်ငံသားခွဲခြားမှုတွေက ၁၉၈၂ နိုင်ငံသားဥပဒေကြောင့်လည်း အများကြီးသက်ဆိုင်နေတယ်။

စစ်အာဏာရှင်အဆက်ဆက်အနေနဲ့ ဗမာ၊ တိုင်းရင်းသား၊ တိုင်းရင်းသားမဟုတ်သူသွေးနှောများဆိုပြီး ဖိနှိပ်ခံရသူတွေကြား‌ သွေးခွဲဖိနှိပ်ခဲ့ပါတယ်။ ဒီဖိနှိပ်မှုကြောင့် တိုင်းရင်းသားတွေ(လူမျိုးစုတွေ)နဲ့ သွေးနှော(လူနည်းစုအုပ်စု)တွေထဲက လူတွေအနေနဲ့ ဆေးရုံတွေ၊ အစိုးရရုံးတွေ၊ စာသင်ခန်းတွေ၊ ရပ်ရွာတွေမှာ ခွဲခြားဖိနှိပ်ခံရတာတွေကနေပဋိပက္ခနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအထိခံစားခဲ့ကြရတာပါ။

☐ ၈၂ကို ဘယ်သူဖျက်သိမ်းပေးရမလဲ

အပြောင်းအလဲမြန်တဲ့ တကျော့ပြန် တော်လှန်ရေးမှာ ၂၀၀၈ ကို အာဏာသိမ်းပြီး ၂ လအတွင်း ဖြတ်သိမ်းနိုင်ခဲ့ပေမယ့် ၁၉၈၂ နိုင်ငံသားဥပဒေကတော့ ကျန်ရစ်နေပါတယ်။ လူနည်းစုတွေအပေါ် ခွဲခြားမှုတွေ ဖိနှိပ်ကျူးလွန်မှုရဲ့ စမှတ်ဖြစ်တဲ့ စစ်အာဏာရှင်ရဲ့အမွေအနှစ် ဥပဒေတခု တကျော့ပြန် တော်လှန်ရေးကာလ ၃ နှစ်ကျော်အထိကျန်ရှိနေတဲ့ အခြေအနေက လူထုတရပ်လုံးရဲ့ တော်လှန်ရေးအပေါ်ယုံကြည်မှု ထိခိုက်စေပါတယ်။

ဒီဥပဒေက ရက်စက်ပြီး တရားမျှတမှုကင်းမဲ့တဲ့စနစ်ဟောင်းကို အထောက်အပံ့ဖြစ်စေခဲ့လို့လည်း ကမ္ဘာကျော်ပါတယ်။ ဒီအချက်တွေကြောင့် ဧပြီလက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဒီဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း (၂)အရ ဖျက်သိမ်းမှုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က လုပ်ရမှာပါ။ လူနည်းစုတွေရဲ့ တော်လှန်ရေး‌အပေါ် ယုံကြည်မှုတွေရဲ့ တံတိုင်းတခုဖြစ်ခဲ့သလို၊ လူ့ရပိုင်ခွင့်တွေနဲ့ ဆန့်ကျင်နေတဲ့ မရှိရမယ့် ဒီဥပဒေက ဘယ်အချိန်မှာဖျက်သိမ်းသွားမလဲဆိုတာကို စောင့်မျှော်နေကြတဲ့ ခေတ်အဆက်ဆက်က အဖိနှိပ်ခံတွေရှိနေပါတယ်။

မျှတညီမျှတဲ့ လူ့အဖွဲ့အစည်းအသစ်ကိုသွားတဲ့လမ်းပေါ်က အတားအဆီးတိုင်းကို ဖြိုချရမယ့်တာဝန်က လူထုတရပ်လုံးရဲ့တာဝန်ပါ။ ဖျက်သိမ်းမှုကို CRPH က တာဝန်ခံပြီး ဖျက်သိမ်းပေးရပါမယ်။ လူထုမလိုလားတဲ့ ၂၀၀၈ ခြေဥပျက်စီးသွားခဲ့သလို လူထုအပေါ် ဖိနှိပ်တဲ့ ၈၂ ကလည်း အချိန်တခုရောက်ရင် ပျက်စီးရမှာပါပဲ။ ဒါပေမယ့် ဘယ်လောက်နီးနီးမှာ ၈၂ ပျက်သွားမလဲဆိုတာက ကျနော်တို့အားလုံးရဲ့ အမျှော်အမြင်နဲ့ စေသနာအပေါ် စုစည်းမူတည်နေပါတယ်။

ဉာဏ်ဟိန်း

ကိုးကား

(၁) EXPERIENCES OF CITIZENSHIP AND LEGAL IDENTITY STATUS IN MYANMAR : MOSAIC MYANMAR

(၂) INTRODUCTION TO THE HOLOCAUST : Holocaust Encyclopedia

#၁၉၈၂ #နာဇီလော#ဖျက်သိမ်းရေး

May be a graphic of ‎text that says '‎အင်န်သီဝဒါ တ် မြန်မာနိုင်ငံ၁ မြန်မာနိုင်ငံသဥပဒေ ABOLISH THE ז NAZI BRUTAL TITIIIIIAA LAW LAW AAHSDEEE BE 1รกพ เ လူမဆန်တဲ့ လူမဆန်တဲ့၁၉၈၂နာဇီဥပဒေကို ၁၉၈၂ နာဇီဥပဒေကို အတူတကွဖျက်သိမ်းြ‎'‎

ရခိုင့်ပြသနာက “ရိုဟင်ဂျာတွေကို ကျွန်လိုဆက်ဆံနေချင်တဲ့ပြသနာ”

U Aung Tin

ရခိုင့်ပြသနာက “ရိုဟင်ဂျာတွေကို ကျွန်လိုဆက်ဆံနေချင်တဲ့ပြသနာ”

U Aung Tin  · ရခိုင့်ပြသနာက “ရိုဟင်ဂျာတွေကို ကျွန်လိုဆက်ဆံနေချင်တဲ့ပြသနာ”တစ်ဘက်က သမိုင်းကြောင်းတွေ အခုမပြောပါနဲ့တဲ့။နောက်တစ်ဘက် မင်းတို့က ဘဂ်ါလီတွေ၊ ခိုးဝင်တွေလို့ ဆက်တိုက်ပြောနေကြတယ်။ရခိုင်မြေတဲ့။ဗမာမြေလုပ်ခဲ့လို့ မြန်မာနိုင်ငံပျက်ဆီးသွားပြီ။နိုင်ငံသားတိုင်း တန်းတူစိတ်မမွေးပဲ၊ ရခိုင်မြေ၊ ကရင်မြေ၊ ချင်းမြေလုပ်နေလို့ကတော့ ခင်ဗျားတို့ပျက်ဆီးကြအုံးမယ်။ရိုဟင်ဂျာကို ရန်သူလို့ သတ်မှတ်တာနဲ့ မင်းတို့ တော်လှန်ရေး auto ပျက်မှာပဲ… ငါပြောတာမယုံရင်စောင့်ကြည့်…မိုဃ်းသွေး

https://m.facebook.com/story.php?story_fbid=7495559523855187&id=100002036403855ရိုဟင်ဂျာအပေါ် သူတို့သဘောထားhttps://m.facebook.com/story.php?story_fbid=699788315318642&id=100078900372305

ချစ်မိတ်ဆွေရခိုင်များ စဉ်းစားဖို့

https://www.facebook.com/AungTinBMA/posts/7316685818409226

ဘယ်သူယာရှင်လဲ။

https://m.facebook.com/story.php?story_fbid=7309368279140980&id=100002036403855

ဆရာရယ် ကိုယ့်သမိုင်းကိုယ်မယုံဘူးလား (ဦးဇော်ဌေး)

https://www.facebook.com/story.php?story_fbid=7372404376170703&id=100002036403855&paipv=0&eav=Afa7_pw4Z99z5e1QQcQwDgkVI2naMk6lmUHhXbsLUjdPkELzzFfMhCTYZ9KtVN1A7Ew&_rdr

လူလိမ်တွေကြောက်သော အာရကန်(ရခိုင်)သမိုင်းနဲ့ မွတ်စလင်ရိုဟင်ဂျာသမိုင်း

https://www.facebook.com/story.php?story_fbid=7303978389679969&id=100002036403855&paipv=0&eav=AfYHSfkXkhzerdxvq6DSsCbFmEZmpFoDICC0EWKcXEdnBmSh-QE0wPQgANCJi54JgRw&_rdr

၁၉၄၂ လူမျိုးရေးအထိကရုဏ်းအကြောင်း၊ ရခိုင်ပြောသော ရခိုင်သမိုင်း

https://m.facebook.com/story.php?story_fbid=1500809556663577&id=100002036403855

ရခိုင့်ကျေးဇူးရှင် မွတ်စလင်၊ ကျေးစွပ်ခံ

https://www.facebook.com/AungTinBMA/posts/983629851714886

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ

https://www.facebook.com/story.php?story_fbid=7324178177659990&id=100002036403855&paipv=0&eav=AfYNUZ3qv15Ev8-A6Jo5FsujaCgrMrPdB7vbwdxQkjj4D1ex_mOiZpJnNmHisi6uxE8&_rdr

ဒေါက်တာအေးချမ်းသို့ အိတ်ဖွင့်ပေးစာhttps://www.facebook.com/100002036403855/posts/941810509230154/

ဂျီနိုဆိုက်မှာ ရခိုင်တွေတာဝန်ရှိခဲ့တယ်။

https://m.facebook.com/story.php?story_fbid=7331924430218698&id=100002036403855

ရိုဟင်ဂျာဘုန်း မိုးသို့ချုန်း

ရခိုင်မိတ်ဆွေတွေ စဉ်းစားတတ်အောင် စာနာတတ်အောင်ပါ။

https://m.facebook.com/story.php?story_fbid=7503223119755494&id=100002036403855

ရိုအိမ်တွေက ပစ္စည်းလုတာ ရခိုင်တွေပါ။

https://m.facebook.com/story.php?story_fbid=7515998355144637&id=100002036403855

ရခိုင်နဲ့ရိုဟင်ဂျာတွေက တစ်အိမ်တည်းနေ ညီအစ်ကိုချင်း ရန်ဖြစ်နေကြတာပါ။

https://m.facebook.com/story.php?story_fbid=7490003167744156&id=100002036403855

ဒေသစွဲပြီး လူမျိုးလုပ်လို့ရသလား။

https://m.facebook.com/story.php?story_fbid=7485677131510093&id=100002036403855

ကြက်ဥတောင်မကြော်တက်ဘူးဂုဏ်ယူပြီးပြောနေတဲ့ မိန်းမဖျင်းတွေအတွက်

ဆရာမကြီး အိမ့်မြတ်ဖူး 

ကြက်ဥတောင်မကြော်တက်ဘူးဂုဏ်ယူပြီးပြောနေတဲ့ မိန်းမဖျင်းတွေအတွက်

လူထုဒေါ်အမာ ၏ … အမှာစကား

မိန်းမဆိုတာ

ထမင်းဟင်း ချက်တတ်ရမယ်။

ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။

ယောင်္ကျားနဲ့ ကလေးတွေကို

ချက်ကျွေးဖို့ မဟုတ်ဘူး။

လူတစ်ယောက်အနေနဲ့ လောကမှာ

အသက်ရှင် နေထိုင်ဖို့

တစ်ယောက်တည်း နေလည်း

လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ…

မိန်းမဆိုတာ …

ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထား တတ်ရမယ်။

လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။

ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့

ကိုယ့် ယုံကြည်ချက် ရှိရှိ

ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ…

မိန်းမဆိုတာ …

အသက်မွေးဝမ်းကြောင်း ပညာ

တစ်ခုခု တတ်ကို တတ်ထားရမယ်

လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။

မည်သူ တစ်ဦးတစ်ယောက်ကို မှ

ဘဝတစ်ခုလုံး ပုံအပ်ပြီး

လောက အလယ်မှာ

အားငယ်စွာ မနေထိုင်ရ ဖို့ပါ…

မိန်းမဆိုတာ …

အိမ်မှု့ကိစ္စ ကောင်းစွာ

စီစဉ် ကိုင်တွယ် နိုင်ရမယ်။

ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာ

လုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင်

အစီစဉ်တကျ သန့်ရှင်း သပ်ရပ်စွာ

မထားနိုင်ဘဲနဲ့ မိမိ ပတ်ဝန်းကျင်၊

မိမိအလုပ်၊ မိမိ လူမျိုး

တိုးတက် ပြောင်းလဲ ဖို့

ကောင်းစွာ အစီစဉ် တကျ

လုပ်နိုင်စွမ်း ရှိမှာ မဟုတ် လို့ပါ…

မိန်းမဆိုတာ …

လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။

ကိုယ်ဟာ လှပစွာ တည်ရှိ နေတယ် ဆိုတဲ့ စိတ်ဟာ

ကိုယ့်ကို ယုံကြည်ချက်

အများကြီး ပေးနိုင် လို့ပါ…

မိန်းမဆိုတာ …

မနက်စောစော ထရမယ်။

ကိုယ့် ရည်မှန်းချက် တွေဆီ

မြန်မြန်ရောက် နိုင်အောင်

အလုပ်တွေ ပိုမို ပြီးမြောက်အောင်

ရထားတဲ့ အချိန်ကလေး ကို

လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ…

မိန်းမဆိုတာ …

အလှူအတန်း ရက်ရောရမယ်။

ယောင်္ကျားလှူ သမျှကို

ပါရမီ လိုက်ဖြည့်နေဖို့ မဟုတ်ဘူး။

ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ

လွတ်လပ်စွာ လှူတန်းရခြင်းဟာ

ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု

ဖြစ်နေလို့ပါ…

ဒါတွေ အားလုံးကို

ယောင်္ကျား တစ်ယောက်ကလည်း

ကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။

ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး…

လူတစ်ယောက် ဖြစ်နေ လို့ပါ။

နေ့ စဉ် လုပ်နေတဲ့ အရာ တွေက

အကြောင်းအရာခြင်း တူရင်တောင်

ရည်ရွယ်ချက် နဲ့ ခံယူချက် မတူရင်

ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး…

တစ်ဖက် စောင်းနင်းတဲ့

အတွေးအခေါ် မျိုးက

လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြု စေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို

သူများလည်း လောင်မြိုက် ပါစေ ဆိုပြီး

ဖြန့်ဝေ နေခြင်းက ကြီးစွာသော

အကုသိုလ် ဖြစ်စေ ပါတယ်…

“လူ”ဆိုတာ …

တဏှာတစ်ခုတည်းအတွက်ရှင်သန်နေတာမဟုတ်ဘူး…

ကိုယ် ရှင်သန် နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့

ရပ်တည် ချက်တွေကို

ကောင်းကောင်း နားလည် စေချင် မိတယ်.

To learn English

Nay Zaw Aung 

🇬🇧English စာကိုကိုယ့်ရောက်နေတဲ့level

ကနေတိုးတက်လာဖို့ဘယ်လိုEffective

ရှိရှိလေ့လာသင့်လဲလို့အကြံလာတောင်း

ကြတဲ့သူငယ်ချင်းတို့အတွက်အမှန်တစ်

ကယ်လိုက်လုပ်တာနင့်အမှန်တကယ်တိုးတက်

လာမယ့်၊ညီမလေးတစ်ယောက်ဝေမျှပေးထား

တဲ့English ပေါင်းချုပ်postလေးကိုcredit ပေး

ကာပြန်လည်ဝေမျှပေးချင်ပါတယ်ဗျ။#crd👇

📌2024 မှာEnglish စာကို0 level ကနေ Fluent

ဖြစ်တဲ့ အဆင့်ထိ သွားနိုင်ဖို့ ကြိုးစားရအောင်။

စာနဲ့ဝေးနေတဲ့သူတွေ အချိန်လေးဖဲ့ပြီး English

စာသေချာ ပြန်လုပ်ချင်သူတွေ အားလုံးအတွက်

Level အလိုက် လေ့လာလို့ရမယ့် course အစုံပါ။

Level အလိုက်လေ့လာနိုင်ဖို့ Telegram link များ👇

A1 Course

https://t.me/+AWr5M17GZYJmNjk1

A2 Course

https://t.me/+vgRvVOINTXwzYWE1

B1 Course

https://t.me/+r-obcpKdWU4xMTE1

B2 Course

https://t.me/+tRaJYMyuN9cyN2E1

C1 Course

https://t.me/+T15lLI4mBDs0OWE1

C2 Course

https://t.me/+k14uzsw0TqtkMjI1

English teacher Paul ရဲ့ သင်ခန်းစာများကို Free

လေ့လာနိုင်မည့် Websites များ 👇

Video Lessons 👇

https://www.learnamericanenglishonline.com/Video…

Listening လေ့ကျင့်ရင်း Grammar လေ့လာချင်တဲ့သူတွေအတွက် 👇

https://www.learnamericanenglishonline.com/…/Listening…

စကားပြော Dialogue တွေ လေ့လာချင်သူအတွက် 👇

https://www.learnamericanenglishonline.com/…/Conversati…

Level တစ်ခုပြီးတိုင်း စာမေးပွဲ စစ်ရမယ့် Link 👇

https://www.learnamericanenglishonline.com/Tests_and…

အဂ်လိပ်စာ Writing လေ့လာချင်တဲ့သူတွေအတွက် 👇

https://www.learnamericanenglishonline.com/…/Write_in…

Vocabularly လေ့လာချင်တဲ့သူတွေအတွက် 👇

https://www.learnamericanenglishonline.com/Vocabulary…

Pronunciation လေ့လာချင်တဲ့သူတွေအတွက် 👇

https://www.learnamericanenglishonline.com/Vocabulary…

Idioms လေ့လာချင်တဲ့သူတွေအတွက် 👇

https://www.learnamericanenglishonline.com/…/Idioms…

Basic English Dictionary link 👇

https://www.learnamericanenglishonline.com/…/Word_of…

Reading လေ့ကျင့်ချင်တဲ့သူတွေအတွက် Level အလိုက် 👇

Blue level

https://www.learnamericanenglishonline.com/…/Blue_Level…

Red level

https://www.learnamericanenglishonline.com/…/Red_Level…

Yellow level

https://www.learnamericanenglishonline.com/…/Yellow…

Green level

https://www.learnamericanenglishonline.com/…/Green…

Purple level

https://www.learnamericanenglishonline.com/…/Purple…

Orange level

https://www.learnamericanenglishonline.com/…/Orange…

Violent level

https://www.learnamericanenglishonline.com/…/Violet….

Level Test စစ်ဖို့အတွက် Websites 👇

🧩 British Council Online English Level Test

https://learnenglish.britishcouncil.org/online-english…

🧩 ILS English – Test your English Level

https://www.ilsenglish.com/quickl…/test-your-english-level

🧩 Cambridge English – Test your English

https://www.cambridgeenglish.org/test-your-english/

🧩 Exam English

https://www.examenglish.com/leveltest/grammar_level_test.htm

🧩 English Tag – English Level Test

https://www.englishtag.com/tests/level_test.asp

🧩 English Score – British Council

🧩 Oxford Online English – English Level Test

🧩 ABA English

https://www.abaenglish.com/en/english-level-test/

🧩 International House – English Language Level Test

https://ihworld.com/learn/ih-english-language-level-test/

🧩 Language Level – Free English Level Test

https://www.languagelevel.com/english/

Reading လေ့ကျင့်ဖို့ Websites 👇

https://www.success.com/

https://www.edutopia.org/

https://hbr.org/

https://www.bbc.com/

https://www.entrepreneur.com/

https://edition.cnn.com/business

https://www.forbes.com

https://www.medium.com

https://www.economist.com/

https://www.inc.com/

Writing လေ့ကျင့်ဖို့ Websites 👇

Writing Spelling ပါ Check ပေးပြီး Feedback ပါ ပေးသော

📝 Write And Improve

https://writeandimprove.com/?lang=en-GB။

📝 Grammarly

https://www.grammarly.com/grammar-check

📝 Grammar Checker

📝Online Correction

https://www.onlinecorrection.com/

📝 Polish my Writing

https://www.polishmywriting.com/

📝 Ginger

https://www.gingersoftware.com/grammarcheck#.XDDdnlwzbDc

📝 Learn English Teens

http://learnenglishteens.britishcouncil.org/…/elementar…

📝 The Writing Practice

📝 Virtual Writing Tutor

https://virtualwritingtutor.com/

Listening လေ့ကျင့်ဖို့ Websites 👇

ဒီ Websites တွေမှာတော့ Listening Practice လုပ်ဖို့

Resources တွေအများကြီးပါပါတယ်။

▶️ Live Mocha

http://livemocha.com/

▶️ Lyrics training

http://lyricstraining.com/

▶️ Talk English

http://www.talkenglish.com/

▶️ TEDtalks – websites for learning English

https://www.ted.com/

▶️ BBC Website

https://www.bbc.co.uk/sounds/play/live:bbc_radio_fourfm-

Speaking လေ့လာဖို့ Websites 👇

https://www.talkenglish.com/

https://www.englishclub.com/speaking/

https://bit.ly/2Vqamjv

https://www.conversationexchange.com/

🗣www.coffeestrap.com

https://www.lingoglobe.com/

For Listening!

Listening အတွက် TED Talk ကတော်တော်လေးအဆင်

ပြေပါတယ် ကမ္ဘာကျော်ပုဂ္ဂုလ်‌တွေ/တော်တော်လေး

အောင်မြင်ကျော်ကြားနေတဲ့သူတွေကိုယ်တိုင် မျှဝေပေး

ထားတာတွေဖြစ်လို့ ဗဟုသုတတွေလည်း စုံပါတယ်။

Lessons Worth Sharing | TED-Ed

https://ed.ted.com/lessons

For Reading

Reading အတွက်ကတော့ ဒီ Americannewspaper.com

လေးက တော်လေးအဆင်ပြေပါတယ် သူကကိုယ့်ရဲ့

English Level အလိုက် ဖတ်လို့ရတာမို့ မဖတ်နိုင်မှာ စိတ်ပူ

စရာမလိုပါဘူးSpeed Reading Lessons: Breaking News

English ESL Materials

https://breakingnewsenglish.com/speed_reading.html

Reading – Breaking News English Lesson – ESL

https://breakingnewsenglish.com/1608/160810-reading.html

Writing အတွက်က Toppr .com ကအဆင်ပြေပါတယ်

ကိုယ်ကဘာကိုရေးရမလဲမသိရင် သူ့ဆီမှာ Topic တွေရှိ

ပါတယ် အဲ့ထဲကနေ ကိုယ်ရေးချင်တာလေ့လာချင်တာ

ရွေးလိုက်ရုံပါ https://www.toppr.com/

Speaking ကတော့ app or တစ်ခြား website တွေမှာ အများ

ကြီးလေ့လာလို့ရပါတယ်

https://www.talkenglish.com/

Vocabulary and Grammer အတွက်က

Vocabulary | LearnEnglish

https://learnenglish.britishcouncil.org/vocabulary

BBC Learning English – Course: lower intermediate / Unit 8

/ Session 1 / Activity 3

https://www.bbc.co.uk/learningenglish/english/course/

lower-intermediate/unit-8/session-1/activity-3

𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐮𝐫𝐬𝐞

Package A – ( 001-046 ) စုစုပေါင်း ၄၆ ခု

001 Make Your English Better Level Test

Duration: 9 lectures (2h 28m), Size: 2 GB, Published 08/2022

https://www.udemy.com/…/make-your-english-better-level…/

#plzlikesharecommentsandfollowme

#crdtoowner

#English

Other Search Engines apart from Google

Nang Htike Aung 

Google က ‌ဈေးကွက်ကြီးတစ်ခုလုံးကိုသိမ်းထားတာမို့ ဒီလိုအကျိုးရှိတဲ့ Search Engine တွေကိုကျွန်တော်တို့သိပ်မသိကြတော့ဘူး။ ပြောရရင် Google က တော်ရုံပေးမသိထားတာလဲပါမှာပေါ့လေ။

www.refseek.com – Academic Resource တွေရှာနိုင်တယ်။ ဘီလီလျံနဲ့ချီပြီး ရှိတယ်။ encyclopedia, monographies, magazines တွေအစုံရှိတယ်။

www.worldcat.org – ကမ္ဘာအနှံ့က စာကြည့်တိုက် ၂၀,၀၀၀ ကျော်ဆီကရှားရှားပါးပါးစာအုပ်တွေအစုံအလင်ရှိတယ်။

https://link.springer.com – သိပ္ပံပညာနဲ့ပတ်သတ်တဲ့စာအုပ်တွေ documents တွေစာတမ်းတွေ ၁၀ မီလီလျံ‌ကျော်ရှိတယ်။

www.bioline.org.br – ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေပြုစုထားတဲ့ BioScience နဲ့ ပတ်သတ်တဲ့ journal တွေ တစ်ပုံကြီးရှိတယ်။

http://repec.org – Economics နဲ့ သိပ္ပံပညာပိုင်းဆိုင်ရာ စာတမ်းတွေ ၄ မီလီလျံကျော်ရှိပြီး ဒါဟာနိုင်ငံပေါင်း ၁၀၂ နိုင်ငံကနေ Volunteer တွေကပြုစုထားပေးတာပဲဖြစ်တယ်။

www.science.gov – အမေရိကန်သိပ္ပံပညာနဲ့ပတ်သတ်တဲ့ website တွေကိုရှာဖွေနိုင်တဲ့ search engine ကြီးတစ်ခုဖြစ်ပါတယ်။

www.base-search.net – Academic Studies နဲ့ပတ်သတ်ပြီးအတော်လေးကောင်းတဲ့ search engine တစ်ခုဖြစ်ပြီး ၁၀၀ မီလီလျံသောစာတမ်းတွေရှိပါတယ်။ အဲ့ထဲကမှ ၇၀% လောက်‌တောင်ကိုမှအခမဲ့ အနေနဲ့လေ့လာနိုင်တာဖြစ်ပါတယ်။

Smart ဖြစ်တဲ့အသိဉာဏ်ရအောင်ကျွန်တော်တို့ကြိုးစားလို့ရသေးတယ်။ ဒီ website တွေက အထောက်အကူပြုလိမ့်မယ်။ Linkedin မှ ပြန်လည်ဝေမျှပါတယ်။

အကျိုးရှိသွားပြီဆိုရင် ဝေမျှနိုင်ပါတယ်။ ဖတ်ရှုပြီး တစ်စုံတစ်ဦးအဆင်ပြေသွားနိုင်ရင်ရပါပြီ။

Nang Htike Aung