#မြန်မာနိုင်ငံလုံးဆိုင်ရာမွစ်စလင်ကွန်မြူနတီစင်တာကြီးပေါ်ပေါက်လာရေး

#မြန်မာနိုင်ငံလုံးဆိုင်ရာမွစ်စလင်ကွန်မြူနတီစင်တာကြီးပေါ်ပေါက်လာရေး

ရေးသားသူ——ကျော်နေမင်း(မြို့ပြ)

၁၉၉၇မှာရန်ကုန်အသံလွှင့်ရုံဝင်းအနီးရှိ
ဟံသာဝတီအဝိုင်းပလီကိုစစ်အစိုးရက
ဖျက်သိမ်းခဲ့ပါတယ်တဆက်ထည်း
ကြံတောသုသာန်ဖျက်သိမ်းခြင်းကို
အကြောင်းပြုလျှက်နာနတ်တောရှိ
ဗလီနဲ့မိဘမဲ့ကလေးများစာသင်ကျောင်း
ကို ဖျက်သိမ်းခဲ့ပါတယ်မိဘမဲ့ကလေးများ
အတွက် သာကေတလယ်ရွာသုသာန်အနီး
မှာနေရာပေးခဲ့ပြီး ကျောင်းတကျောင်း
ဖွင့်လှစ်ထားရှိပါတယ် ဗလီအတွက်အစား
ပေးထားတဲ့မြေကွက်သည် ဟံသာဝတီ
(ကမာရွတ်)တွင်ရှိနေပြီး ယခုတိုင်အောင်
မည်သည့်အသုံးချမူမှမရှိပါ ယခုအခါ
ကာလတန်ဖိုး #သိန်းသောင်းချီတန်နေပြီ
ယခင်ကဗလီဝါတ်ကျောင်းတော်အတွက်
ဖြစ်သော်လည်း ထုံးစံအတိုင်းခေတ်
အဆက်ဆက် ခွင့်ပြုချက်မရရှိပါသော
ကြောင့် ယခုအတိုင်းမြေကွက်သာရှိ၍
တာဝန်ရှိသူများမှထိမ်းသိမ်းထားပြီး
မည်သို့အသုံးပြုနေသည်ကိုမူကွဲကွဲပြား
ပြားမသိရပါ နိုင်ငံတော်မှချထားပေးသော
မြေဖြစ်ရာ မည်သို့မှအသုံးမပြုလျှင်
ကာလစည်းကမ်းသတ်ဥပဒေအရ
တချိန်တွင်မည်သို့ုဖြစ်လာနိုင်သည်ကို
အတိအကျမသိရပါ သိုပါ၍ မရနိုင်သော
ဗလီဝါတ်ကျောင်းအားမမျှော်လင့်သင့်ပါ
#ရသောအခွင့်အရေးယူရပါမည်
ယခုအခါ အချက်အချာအကျဆုံးသော
မြန်မာနိုင်ငံ၏တချိန်ကမြို့တော်ရန်ကုန်
တွင် မွစ်စလင်တို့အတွက်မှီခိုအားထား
စရာ ကွန်မြူနတီစင်တာ အဘယ်မှာနည်း
ဗလီများကားမြေပိုလျှင်ငွေဝင်လမ်းရှိ
သော မင်္ဂလာဆောင်ခန်းမဆောက်ရန်သာ
စိတ်အားထက်သန်ကျလေ၏ ထိုနည်းတူ
သူဌေးများကားဟာဖစ်ကျောင်း မဒါရ်ဆာ
ဘာသာရေးစာသင်ကျောင်း နှင့်ရသင်မ်
ခါနာခေါ်မိဘမဲ့ကလေးများကျောင်းတို့
သာဆောက်ရန်စိတ်ရောကိုယ်ပါကြိုးပမ်း
ကြ၏ သေရင်ငါတို့နောက်ပါသွားမည့်
အကျိုးစဝပ်ကိုမျှော်လျှက်အားထုတ်ကြ
၏ ခန့်မှန်းခြေ(၇)သန်းမျှသောမြန်မာပြည်
မွစ်စလင်တို့၏ အနာဂါတ်ကိုစိုးစိမျှထည့်
မတွက်ကြချေ ပညာခေတ်၏ကာလဝယ်
ပညာမဲ့သောလူနည်းစု အောက်တန်းသို့
ရောက်ကြမည်မှာ စဉ်းစားစရာမလိုသော
အချက်ပင်တည်း ချွင်းချက်အနေဖြင့်
ဆေခန်း များနှင့်ပရဟိတအသင်းများ
တွဲထောင်ထားသောဗလီများရှိသော်
လည်း နယ်မြေကန့်သတ်မူအတွင်းသာ
ကျင်လည်နေကြ၏
ယခုအခါ တပြည်လုံးရှိ တက်ကြွသော
မွစ်စလင်အချို့တို့သည်အခန်းကျဉ်းလေး
များတွင် ရရာနှင်ြ့ဖစ်သလို့ စက်ချုပ်သင်
တန်း ကွန်ပြူတာသင်တန်း ဘာသာပြန်
သင်တန်း ဆေးဝါးကျွမ်းကျင်မူသင်တန်း
နှင့်အစရှိသည့် သက်မွေးဝမ်းကျောင်း
သင်တန်းများကို သူတလူငါတမင်းစနစ်
ဖြင့်ရူန်းကန်နေကြရလေရာ မြင်၍မြင်၍
ဝမ်းနည်းမိ၏ ထိုထက်ပိုဆိုးသည်မှာ
အနယ်နယ်အရပ်ရပ်မှ အတတ်ပညာ
အသိပညာဆည်းပူးလိုသောမွတ်စလင်
လူငယ်လေးများ ကျောင်းသူကျောင်း
သားများမှာ နေစရာ တည်းစရာမရှိ
ဖြစ်သလိုနေ၍ ရသည့်နေရာတွင်ပညာ
သင်ကြားနေရ၏အသက်မွေးဝမ်းပြုနေ
ကြရ၏ #ထိုကလေးများအတွက်ကျွန်ုပ်
တိုသည့်တာဝန်မရှိဘိသလော
ယခင်ကကာယကလပ်ဘိလိယက်အသင်း
လူကြီး လူငယ်ဘောလုံးအသင်းများ
အလေးမအသင်းများ လက်ဝှေ့ကလပ်
များ စသည်ဖြင့်မွစ်စလင်အမျိုးသမီး
အမျိုးသားများအားကြိုးမန်တက်ထူ
ထောင်လျှက် ကျမ်းမာကြံခိုင်သော
နိုင်ငံသားကောင်းမွစ်စလင်များမွေးထုတ်
ပေးခဲ့ရာ ယခုအခါ မရှိသလောက်ဖြစ်
သွား၏ #ဘားလမ်းမွစ်စလင်ကုသိုလ်ဖြစ်
ဆေးရုံသည် အကြီးမားဆုံးပြယုပ်ဖြစ်ပြီး
ယခုအခါ #မြင့်မြတ်ဖြူစင်ဆေးရုံ က
ပြည်သူ့အကျိုးပြုနေသည်ကိုမြင်ရ၍
ဝမ်းသာမိပါသော်လည်းထိုမျှလောက်နှင့်
ကျေနပ်နေရန်မသင့်သေးပေ ယခုအခါ
ဗလီများရှိစာကြည့်တိုက်များ စာအုပ်များ
မရှိသလောက်ရှားပါးသွားပြီးလောကီ
စာပေဖတ်ရန်မလိုဟူသောအယူအဆမှ
သည် အစ္စလာမ့်စာပေများနှင့်ပါဝေးသွား
ကြကုန်၏တိုးတက်သောလူမျိုးတို့သည်
စာဖတ်ကြကုန်၏ဟူသောအယူအဆကို
မွစ်စလင်တို့ကိုယ်တိုင်လက်မခံကြပေ
အမှန်ထိုစကားစု၏မူလပိုင်ရှင်မှာ အီမန်
ဂဇာလီ(ရဟေ့)သခင်ဖြစ်၏
အကျဉ်းချုံးရသော်
ယခုအခါအချက်အချာ အလွန်ကျသော
ထိုနေရာကြီးတွင် မြန်မာမွစ်စလင်တို့၏
ဟံသာဝတီအပြည်ပြည်ဆိုင်ရာအစ္စလာမ်
မစ်စင်တာကြီးတခုပေါ်ထွက်သင့်ပေသည်
ဤစင်တာတွင် ဓမ္မပညတ်ချက်သင်တန်း
အသိပညာ/ အတတ်ပညာသင်တန်းများ
ဟာလလ် စီစစ်ရေးဌာန /ဟာဂျ်မစ်ရှင်
စာကြည့်တိုက်များ/ သုတေသနဌာနများ
အားကစားဆိုင်ရာသင်တန်းများလေ့ကျင့်
ရေးခန်းမများ/ ဘာသာပြန်စာပေဆိုင်ရာ
သင်တန်းများ/မွစ်စလင်အဖွဲ့များရုံးများ
အနယ်နယ်မှမွစ်စလင်ကျောင်းသူကျောင်း
သားများအတွက်အဆောင်များ /
အစည်းအဝေးခန်းမများ/ ဓါတ်ခွဲခန်းများ
ဟာလလ်အစားအသောက်နှင့်ဆိုင်သော
ကုန်စည်ပြပွဲကျင်းပရန်နေရာများ/
ဘာသာမတူသူများနှင့်ဒါဝါဟ်စင်တာ/
အမျိုးသမီးအမျိုးသားဝတ်ပြုနေရာများ
လူစွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်
ရာ ဌာနများ /ကျန်းမာရေးပြုစုစောင့်
ရှောက်ရေးအသင်းမျာ/ ပရဟိတအသင်း
များ အစ္စလာမ့်မစ်ဘဏ်ကဲ့သို ့အရင်းအနှီး
ထူထောင်းပေးရာဌာနများ စသည်စသည်
ဖြင့် မြောက်မြားစွာသောလိုအပ်ချက်များ
ကို ဖြည်ဆည်းပေးမည် ဌာနများပေါ်ထွက်
လာစေရန်ကြိုးပမ်းရပါမည်
နိဂုံးချုပ်အနေဖြင့်
နိုင်ငံတော်မှချပေးထားသော မြန်မာပြည်
ရှိမွစ်စလင်များအားလုံးပိုင်ဆိုင်သော
အဆိုပါမြေကွက်ကြီးပေါ်တွင်တင်ပြပါ
ကဲ့သိုသော နိုင်ငံလုံးဆိုင်ရာ မြန်မာပြည်
မွစ်စလင်များအားလုံးအတွက် အကျိုးရှိ
မည် #အစ္စလာမ်မစ်စင်တာကြီးတခု ပေါ်
ပေါက်လာရန်မှာအဆင်မြင့်အဆောက်အ
အုံကြီးတခုဖြစ်လာရန်ကျွန်တော်အပါဝင်
မြန်မာပြည်မွစ်စလင်ထုတရပ်လုံးအတွက်
အလွန်အလွန်အရေးကြီးသော
ကိစ္စရပ်ကြီးပင်ဖြစ်ပါသည်ဟု နိုးဆော်
အသိပေးပါရစေ
လေးစားစွာဖြင့်

ကျော်နေမင်း
၃၀/၇/၂၀၂၂(စနေနေ့)
ည ၁၂းဝဝ

ယနေ့ခေတ်လူ့ကျန်းမာရေးကိုအခြိမ်းခြောက်ဆုံးကိစ္စရပ်တွေ

အပြာကားတွေရယ်
အထိုင်များတဲ့ lifestyle နဲ့ အလုပ်ရယ်
Processed foods တွေရယ်
Screentime (ဖုန်း၊ တီဗွီ၊ ကွန်
ပျူတာ )များခြင်းတွေက၊
ယနေ ့ခေတ်လူ့ကျန်းမာရေးကို
အခြိမ်းခြောက်နိုင်ဆုံးကိစ္စရပ်တွေဖြစ်တယ်။
ကျန်းမာရေးပြသနာအများစုက
အအိပ်နည်းခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊
ပါးစပ်အရသာနှင့် စိတ်အလိုလိုက် စားသောက်
ခြင်းကလာတာမို ့လေ့ကျင့်ခန်း လုပ်ပါ၊
အအိပ်အစားဂရုစိုက်ပါပြောရင်
Fitness Professionals တွေရဲ ့မားကတ်တင်း
ပါကွာလို ့ထင်နေသူအများစုကိုကြည့်ရင်
အသက် ၂၅-နှစ်လောက်ပဲရှိပေမဲ့
ရုပ်ခန္ဓာနဲ ့ကျန်းမာရေးက အသက် ၄၀-အရွယ်
လူတစ်ယောက်လိုဖြစ်နေတာများတယ်။
ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်ဘူးလို ့
တွေးတဲ့၊သူတွေကျတော့ အသက် ၄၀- ဖြစ်
နေသော်လည်း အသက် ၂၅-အရွယ်က သန်စွမ်းမှု
နဲ ့ကျန်းမာရေးမျိုးပိုင်ဆိုင်ထားတာတွေ့ရလိမ့်မယ်။
ချစ်လို ့ပြောတာ၊
ကွဲပြားမှုကို မြင်နိုင်ပါစေဗျာ။
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉

naing_oo_119
muscle_professor
MFTA
Myanmar_Fitness_Trainer_Academy
FitMyanmarProject
MakeMyanmarFit #Hypertrophy
GuruNaing #RepRange #OptimalTrainingProgram #DietaryGuide
ProgramSelling #OnlineCoach #Health
BodyTransformation

အာဏာပိုင် အဖွဲ့အစည်းတခုခုရဲ့လုပ်ရပ်ကိုထောက်ခံဆန္ဒပြပွဲဆိုတာမျိုးကဘယ်တော့မဆို အတုအယောင်ပဲ

Moe Thway 

အာဏာပိုင် အဖွဲ့အစည်းတခုခုရဲ့လုပ်ရပ်ကို

ထောက်ခံဆန္ဒပြပွဲဆိုတာမျိုးက

ဘယ်တော့မဆို အတုအယောင်ပဲ

လူသန်းချီပါနေပစေ အတုအယောင်ပဲ…

အမှားတခုခုကိုလုပ်ထားလို့

မမှားပါဘူးဆိုပြီး လူအုပ်ကြီးထုတ်ပြရတဲ့အဆင့်ပဲ…

တရားမျှတမှု အပေါ်အခြေခံတဲ့ အမှန်နဲ့အမှားက

လူနည်းလို့လူများလို့ ထောက်ခံလို့ ဆန့်ကျင်လို့

အမှားကအမှန် အမှန်ကအမှား ဘယ်တော့မှဖြစ်မသွားဘူး

တရားကတရားအတိုင်းပဲရှိတယ်…

ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုကိုငြင်းဆန်မျက်ကွယ်ပြုပြီး

အစိုးရကိုထောက်ခံခဲ့ကြတာလည်း ဒီတိုင်းပဲ

အချိန်တန်တော့ အမှန်တရားဘက်ကို

မျက်နှာပြန်မူကြရတာပဲ…

(ဒါက ဆက်စပ်လို့ ပြောတာ… အပြစ်တင်ကဲ့ရဲ့လိုစိတ်မရှိဘူး… မှားခဲ့တာကနေ အမှန်ပြန်မြင်လာကြတာကိုလည်း

စိတ်ရင်းအတိုင်း လေးစားတယ်… ကိုယ်တွေမှားဖူးတာကို သင်ခန်းစာယူပြီး… အမှန်ဘက်ပြန်ရပ်ရဲတာကိုလည်း ဂုဏ်ယူကြစေချင်တယ်)

Caesar ဆီဇာကြီးရဲ့ သဘောထားနဲ့ လုပ်ရပ်ကိုဖေါ်ပြတဲ့ “ဂလဲ့စားမချေ” (No Revenge)

Thein Lwin 

No Revenge

ကျနော်ငယ်စဉ် ဆရာဦးခင်မောင်လတ်နဲ့ ဆရာမဒေါ်ခင်မျိုးချစ်တို့ရဲ့ အင်္ဂလိပ်စာသင်တန်းတက်တုန်းက သင်ကြားပေးခဲ့တဲ့ထဲက ခုအချိန်အထိရင်ထဲစွဲနေတာတစ်ခုရှိပါတယ်။ ဘားနတ်ရှောရဲ့ Caesar and Cleopatra ပြဇာတ်မှာ ဆီဇာကြီးရဲ့ သဘောထားနဲ့ လုပ်ရပ်ကိုဖေါ်ပြတဲ့ “ဂလဲ့စားမချေ” (No Revenge) ဆိုတာပါဘဲ။

ဆီဇာကြီးက ရန်သူကိုစစ်မြေပြင်မှာအနိုင်တိုက်ပေမဲ့ သူ့ရဲ့ရန်သူတွေကို ဂလဲ့စားချေတာ ဘယ်တော့မှမလုပ်ပါဘူး။ တောထဲမှာ ကျားနဲ့ရင်ဆိုင်တိုးတဲ့အခါ အနိုင်တိုက်ရပါတယ်။ ကိုယ်က ကျားကိုမနိုင်ရင် ကျားကကိုယ့်ကိုနိုင်သွားပါလိမ့်မယ်။ ရန်သူနဲ့စစ်မြေပြင်မှာရင်ဆိုင်တွေ့တဲ့အခါ အနိုင်ရအောင်တိုက်ဖို့လိုပါတယ်။ ဒါဟာ ဂလဲ့စားချေတာမဟုတ်ပါဘူး။

ကလီယိုပက်ထရာက သူ့ရန်သူအီဂျစ်ခေါင်းဆောင်ကို ဖမ်းမိထားစဉ်မှာ အညှိုးနဲ့ ဂလဲ့စားချေ သတ်ဖြတ်လိုက်ပါတယ်။ ဆီဇာကြီးက ကလီယိုပက်ထရာကို ခုလိုပြောပါတယ် “မင်းက အီဂျစ်ခေါင်းဆောင်ကို သတ်လိုက်တော့ အီဂျစ်တွေက မင်းကို ပြန်သတ်ဖို့လာနေကြပြီ၊ မင်းကိုအီဂျစ်တွေကသတ်ရင်၊ ငါက အီဂျစ်တွေကိုပြန်သတ်ရမယ်၊ ငါက အီဂျစ်တွေကိုသတ်ရင်၊ ကျန်တဲ့အီဂျစ်တွေက ငါ့ရောမသားတွေကို ပြန်သတ်ကြမယ်၊ ဂလဲ့စားချေမှုသံသရာက အဆုံးသတ်မှာမဟုတ်ဘူး၊ ဂလဲ့စားချေမှုကို ကိုယ့်အလှဲ့မှာရပ်လိုက်ပါ”။ ဆီဇာကြီးက ကလီယိုပက်ထရာကို ခုလိုသင်ကြားပေးခဲ့ပါတယ်။

ဆီဇာကြီးရဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ရပ်တွေကြောင့် ရန်သူတွေကတောင်လေးစားကြပါတယ်။ ဒါပေမဲ့ ဆီဇာကြီးရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ (ဆီဇာကြီးရဲ့ အရင်းနှီးဆုံးမိတ်ဆွေအပါအဝင်) က ဆီဇာကြီးကို သတ်လိုက်ကြပါတယ်။ ဆီဇာကြီးကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြားမှာ တိုက်ပွဲတွေ၊ ဂလဲ့စားချေမှုတွေ အဆုံးမသတ်နိုင်ကြဘဲ ရောမအင်ပါယာကြီး ပျက်စီးခဲ့တဲ့အထိပါဘဲ။

ကျနော့်ရဲ့ ညီ၊ ညီမအရွယ်၊ သားသမီးအရွယ်၊ မြေးအရွယ် လူငယ်တွေကို ဂလဲ့စားချေမှုတွေမလုပ်ကြဖို့ မှာချင်ပါတယ်။

လေးစားမှုဖြင့်

ဒေါက်တာသိန်းလွင်

The Myanmar military, known as Tatmadaw as they turned against their civilians, which is waging the war on democracy

Nickey Diamond 

The Myanmar military, known as Tatmadaw or Sit-Tat, is an institution to protect the people and defend the country. It is their profession and primary responsibility, but they turned against their civilians, which is the war on democracy. Russia and China have fully supported their war against our Myanmar civilians. Still, their counterparts in the U.N. security council seem to have no guts to supply our freedom fighters in Myanmar with military aid. I am disappointed that they failed to recognize their moral responsibility and uphold the right to protect civilians targeted by the military-terrorist in Myanmar. Myanmar’s people have determined to fight against the military-terrorist whether they receive military support and supplies from the international community. While China and Russia fully support the war on democracy in Myanmar, the biggest democracies are still busy with condemnations and statements without any tangible actions. This is the end of democracy. I have lost all my hopes in the international community, whose national interests undermine their morality and democratic values. Our pain and suffering are our only fuel to win in this fight against military-terrorist. People inside Myanmar have already demonstrated that they are determined to pay any price and cost.

I hate wars because of the pain and suffering of people and civilians, including vulnerable women and children who experience atrocities. My whole life, I have condemned all kinds of wars, and I think of myself as a non-violence/anti-war activist or human rights defender in Myanmar. Since its establishment, the military has committed crimes of all crimes, which have continued with total impunity until today. This impunity culture of the Myanmar military should have to be ended, but we need military aid to fight back against them. When China and Russia have been supporting Myanmar military terrorists, the members of the U.N. security council like the U.S., U.K., and French don’t have a ball against China and Russia for supporting the people of Myanmar.

But they still believe that the military junta will listen to their condemnations without action and step down to restore democracy. The military-terrorist has demonstrated that they have crossed all lines of humanity. All of the statements and diplomatic interventions from the international community don’t work on the military-terrorist. For the international community, this is the moment to consider every option to supply NUG-PDF/EAOs with military aid.

The military-terrorist war against civilians and peaceful protesters started last year and continue today. The people of Myanmar have a right to self-defense; powerful nations should support this right to supply our freedom fighters with military aid. Defending ourselves and fighting back against the military-terrorist is the only way to convince them to restore the pathway to democracy in Myanmar. All wars have negative impacts and consequences, but we must fight and win this war against the military-terrorist. We have already started fighting against them. Without your support, the price to win this fight is still high. Let’s together find out how you can support us and how we can win this war for our people of Myanmar before it is too late.

#ND

ပြည်သူ့တော်လှန်ရေးလမ်းချော်‌အောင် သွေးဆွနေတဲ့ ပါတီဆယ်လီတချို့ကို ပါတီက ထိန်းပေးစေချင်ပါတယ်။

Nyein Nyein Pyae

ပြည်သူ့တော်လှန်ရေးလမ်းချော်‌အောင် သွေးဆွနေတဲ့ ပါတီဆယ်လီတချို့ကို ပါတီက ထိန်းပေးစေချင်ပါတယ်။

ဥပမာတခုအဖြစ် သီရိလင်္ကာနဲ့ ပြောပါရစေ။ ခေတ်အဆက်ဆက် မြန်မာစစ်တပ်နဲ့ တပ်ဘုန်းကြီးတွေ နမူနာကူးလူးတဲ့အထဲမှာ သီရိလင်္ကာလည်း အခရာကျတာကြောင့်ပါ။

သီရိလင်္ကာမှာ တမီလ်ကျားတော်လှန်ရေးအဖွဲ့ LTTEဆိုတာ ကြဉ်းတပ်၊ ရေတပ်၊ လေတပ် အပါအဝင် တပ်စုံရှိခဲ့တဲ့အဖွဲ့ပါ။ ၂၀၀၉ခုနှစ်မှာ အဖွဲ့ပြိုလဲရှုံးနိမ့်သွားခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဖွဲ့ခေါင်းဆောင်အသတ်ခံရလို့ဆိုတာထက် နိုင်ငံတကာကအကြမ်းဖက်အဖွဲ့အဖြစ် ဝိုင်းသတ်မှတ်တာခံရလို့လည်း ပါတယ်။

တမီလ်‌ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု မရရှိပေမယ့်လည်း တမီလ်ကျားအဖွဲ့ဟာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ဒေသ ထိန်းချုပ်ဒေသနဲ့ နှစ်ပေါင်း(၃၀)ကျော် ရပ်တည်နေနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ စစ်ရေးမဟုတ်တဲ့ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကသတ်မှတ်ပြီး အဖွဲ့ရပ်တည်ရခက်အောင် ပိတ်ဆို့မှုတွေကြုံခဲ့ရတယ်။ စစ်အတွင်းမှာ ဆန်ပြုတ်နဲ့အသက်ဆက်ရပြီး တမီလ်လူကြီးတွေက ဆန်ပြုတ်အရည်သောက်၊ ကလေးတွေက ဆန်ပြုတ်အဖတ်စားခဲ့ရသတဲ့။ အဲဒီ့အချိန်မှာ ဆင်ဟာလီမဘသလက်ဝါးကြီးအုပ်ထားတဲ့အစိုးရက ပြည်တွင်းစစ်ပွဲကြီးဆင်နွှဲပြီး တမီလ်ကျားသူပုန်တွေကို သွေးချောင်းစီးတိုက်ခိုက်ခဲ့တယ်၊ တမီလ်ကျားခေါင်းဆောင်ကို အစိုးရတပ်ဖွဲ့က သတ်ဖြတ်လိုက်နိုင်တာနဲ့ တခါတည်း တမီလ်ကျားအဖွဲ့ကိုဖြိုခွင်းနှိမ်နင်းလိုက်နိုင်သလို ပြည်တွင်းစစ်ကိုလည်း အဆုံးသတ်အနိုင်ယူခဲ့တယ်ပေါ့။

ဒီနေရာမှာ ခေါင်းဆောင်သတ်ဖြတ်မှုနဲ့ နိုင်ငံတကာအကြမ်းဖက်တံဆိပ် ဆိုတာကို နှစ်ပိုင်းပြောချင်ပါတယ်။

▪️ဦးဆောင်သူတွေကိုသတ်ဖြတ်တာ▪️

ဒီနေရာမှာ မြန်မာက သီရိလင်္ကာနဲ့ ဘယ်တုန်းကမှ မတူပါဘူး။ သီရိလင်္ကာလို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို မြန်မာစစ်တပ်က သဘောမပေါက်ဘူး။

ဒီမှာက ကရင်၊ ကချင်၊ ရှမ်း၊ ချင်း အပါအဝင် ထင်ရှားတဲ့ လူမျိုးစု‌တော်လှန်ရေးခေါင်းဆောင်တွေ (နိုင်ငံရေးခေါင်းဆောင်တွေကိုရော၊ စစ်ရေးခေါင်းဆောင်တွေကိုရော) မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တာ အကြိမ်ကြိမ်ပဲ။ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်လို့ ရန်ကုန်ကို လိမ်ညာခေါ်ပြီးမှ ကလိမ်ကကျစ်လုပ်ကြံ လူသတ်အလောင်းဖျောက်ခဲ့တာတွေရောပေါ့။ ကရင်ခေါင်းဆောင်စောဘဦးကြီးဆိုရင် မြန်မာစစ်တပ်ကသတ်တဲ့အပြင် အလောင်းကိုအပိုင်းပိုင်းဖြတ်ပြီး ပင်လယ်ထဲပစ်ခဲ့တယ်လို့ဆိုတယ်။ ရက်စက်ကြမ်းကြုတ်ပုံတွေကတော့ ကမ်းကုန်အောင်ပဲ။ ဒါပေမဲ့ အဲဒီ့လို တော်လှန်ရေးခေါင်းဆောင်တွေကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့ပေမယ့် ဘယ်တုန်းကမှ တော်လှန်ရေးကိုမဖြိုခွင်းနိုင်ခဲ့ဖူးသလို ပွဲသိမ်းအနိုင်ရတယ်ဆိုတာလည်း မရှိခဲ့ဖူးပါဘူး။ တော်လှန်ရေးအင်အားစုအသီးသီးဟာ ကြာလေ ပိုစနစ်ကျ ပိုဝါရင့် ပိုခိုင်မာ ပိုကြီးထွားလာကြလေပါပဲ။ လူနှစ်ယောက်တပိုင်းလောက် သို့မဟုတ် လူနှစ်ဒါဇင်လောက်နဲ့ စတင်ခဲ့လေ့ရှိတဲ့ လူမျိုး‌စုတော်လှန်ရေးအဖွဲ့တွေဟာ အခုဆိုရင် အင်အားကြီးအဖွဲ့တွေဖြစ်လာကြသလို နွေဦးတော်လှန်ရေးမှာ ဗမာပြည်အလယ်ပိုင်းကိုပါ အဓိကကျားကန်ပေးနေတဲ့အနေအထားတောင် ရှိနေကြပါပြီ။ ဒါကြောင့် အခုလည်း ဦးဆောင်သူအချို့ကို သတ်ဖြတ်လိုက်တာကြောင့် တော်လှန်ရေးကိုဖြိုခွင်းနိုင်မှာမဟုတ်တဲ့အပြင် ပိုအင်အားကြီးထွားလာဖို့လောင်စာဖြည့်ပေးလိုက်သလိုပါပဲ။

▪️ အကြမ်းဖက်တံဆိပ်နဲ့ State actor & Non-State actor▪️

တကယ်ဆိုရင် မြန်မာစစ်တပ်ဟာ အကြမ်းဖက်အဖွဲ့အဖြစ် လက္ခဏာရပ်တွေအားလုံးရှိနေပေမယ့် အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကမသတ်မှတ်သေးပါဘူး။ မြန်မာစစ်တပ်ကို နိုင်ငံတကာက State actorအဖြစ် သတ်မှတ်နေသေးတာဟာ ပြဿနာပါ။

State actorဖြစ်မှုနဲ့ Non-state actorဖြစ်မှုကလည်း စကားပြောပါတယ်။ Non-state actorသာ ဆိုရင်တော့ အကြမ်းဖက်အဖွဲ့အဖြစ် ပိုလွယ်လွယ်ကူကူ သတ်မှတ်ခံရလေ့ ရှိပါတယ်။

▪️တရားဝင်အသိအမှတ်ပြုမှု မခံရတာထက် တံဆိပ်တပ်ခံရတာက ပိုဆိုးကျိုးရှိ▪️

တော်လှန်ရေးဟာ အခုအချိန်ထိ Non-state actorsတွေရဲ့ တော်လှန်ရေးအဖြစ် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ legitimacyနဲ့ recognition တရားဝင် အသိအမှတ်ပြုမှု မရသေးရင်လည်း ကိုယ့်ဘာသာ ရုန်းကန်ပြီး ဆက်ရပ်တည်သွားလို့ ရပါသေးတယ်။

ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာရဲ့တရားဝင်သတ်မှတ်ခံရရင်တော့ ဆက်ရုန်းကုန်ရပ်တည်ဖို့ လမ်းပိတ်သွားတတ်တယ်။ အကျိုးထက် အဆိုးက ပိုကြီးတတ်တယ်။

ဒါကြောင့် ပြည်သူ့တော်လှန်ရေးကို လမ်းချော်ပြီး ထောင်ချောက်ထဲပြုတ်ကျအောင် ဆိုးဆိုးဝါးဝါးလုပ်နေတဲ့ ပါတီဝင်လူသိများသူတချို့ကို ပါတီကထိန်းကြောင်းသင့်တယ်လို့ ထင်ပါတယ်။ အခု စစ်တပ်ဟာ တမင်တကာကို အ‌ရပ်ဝတ်‌တွေနဲ့ ဝရုန်းသုန်းကားအခြေအနေကို ဖန်တီးနေတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က လိုချင်တဲ့အတိုင်း တမင်ဆွနေတဲ့အတိုင်း တော်လှန်ရေးသမားတွေကို စည်းလွတ်ဝါးလွတ်လုပ်အောင် ပါတီဆယ်လီတွေက လှုံ့ဆော်နေတာတွေ viralဖြစ်နေတာ တွေ့တယ်။

အစကတည်းက မြင့်မားတဲ့စံတန်ဖိုး‌တွေ မျှော်ရည်ချက်ပန်းတိုင်တွေနဲ့ တည်ဆောက်လာကြရတဲ့တော်လှန်ရေးမျက်နှာကို အဝေးကနေစိတ်လိုက်မာန်ပါဦးနှောက်မဲ့အသိဥာဏ်မဲ့လှုံ့ဆော်မှုနဲ့ အိုးမဲမသုတ်သင့်ပါဘူး။ စစ်တိုက်တယ်ဆိုတာမှာလည်း စစ်ကျင့်ဝတ်နဲ့စစ်ဥပဒေရှိပါတယ်။ နိုင်ငံရေးမှာလည်း နိုင်ငံရေးကျင့်ဝတ်အုတ်မြစ် ရှိရပါတယ်။

Aung Tin

ဒလန်သတ်တာ၊ စပိုင်သတ်တာ၊ ဆန့်ကျင်ဘက်အုပ်စုဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာက စစ်ရာဇဝတ်မှု မဟုတ်ပါဘူးဆိုတဲ့ ဥပဒေနားလည်သူရှိရင် တက်ခဲ့ပါ။

ဒလန်ရှင်းရေးကို NUGထိပ်ပိုင်းနဲ့ ထောက်ခံသူတွေ စလှုံ့ဆော်ကတည်းက စစ်ရာဇဝတ်မှုဖြစ်မယ်၊ မလုပ်နဲ့လို့ အကြိမ်ကြိမ် တားခဲ့တယ်။ (လှုံ့ဆော်ထားတဲ့ အထောက်အထားတွေလည်း ရှိနေတယ်။ မတင်ပေးချင်လို့ မတင်ပေးတာပါ။) အကြိမ်ကြိမ် ဝိုင်းဆဲခံခဲ့ရတယ်။

ခင်ဗျားတို့တွေနဲ့ အမေစုပြောခဲ့တာ မှတ်မိလား။ “မြန်မာ့တပ်မတော် ကျူးလွန်တာကိုတော့ စစ်ရာဇဝတ်မှု၊ ဂျီနိုဆိုက်လို့ပြောတယ်။ ARSAက ကျူးလွန်နေတာကကော စစ်ရာဇဝတ်မှု၊ ဂျီနိုဆိုက် မဟုတ်ဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြတာလေ။”

(အမေစု အိုင်စီဂျေမှာ လျှောက်လှဲခဲ့တုန်းက ARSAက ကျူးလွန်ခဲ့တယ်လို့ တခွန်းမှ မပြောသွားခဲ့နိုင်ဘူး။ အထောက်အထား မပြနိုင်လို့ဖြစ်မယ်။)

ဘောစနီးယားတွေကို သိန်းချီသတ်တဲ့ ဆဗ်အစိုးရ စစ်ရာဇဝတ်ကောင်တွေကို ဂျီနိုဆိုက်အမှုနဲ့ ICCက အပြစ်ပေးခဲ့တဲ့အခါမှာ ဆဗ်အရပ်သား အနည်းငယ်လောက်ကို လက်စားချေ တုန့်ပြန်သတ်ဖြတ်ခဲ့တဲ့ ဘော့စနီးယားခေါင်းဆောင်တွေကိုလည်း စစ်ရာဇဝတ်မှုနဲ့ အပြစ်ပေးခဲ့တာ ခင်ဗျားတို့ မသိကြဘူးလား။

ခင်ဗျားတို့ကို နိုင်ငံတကာရေးနဲ့ ဥပဒေဆိုင်ရာ အထောက်အကူပြုနေတဲ့ ခင်ဗျားတို့ရဲ့ နိုင်ငံတကာရေးရာ ပညာရှင်တွေနဲ့ ခင်ဗျားတို့ရဲ့ ဥပဒေပညာရှင်တွေက ဒါလောက်လေးမှ မသိကြဘူးလား။ မသိလောက်အောက် တုန်းနေကြသူတွေလား။

မှတ်ထားပါ။

စစ်တပ်က အရပ်သားတစ်ထောင်ကို သတ်ရင် စစ်ရာဇဝတ်မှုမြောက်သလို ခင်ဗျားတို့က အရပ်သားဒလန် ဆယ်ယောက်သတ်ရင်လည်း စစ်ရာဇဝတ်မှုမြောက်တယ်။

စစ်တပ်လုပ်တာ မကြိုက်လို့ တော်လှန်ဖြုတ်ချပါတယ်ဆိုပြီး စစ်တပ်လုပ်တာမျိုး ပြန်လုပ်နေတဲ့ နိုင်ငံရေးသမားက မြန်မာပြည်မှာပဲ ရှိမယ်ထင်ပါရဲ့။

ငါတို့လုပ်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးကို လူထုက တခဲနက်ထောက်ခံနေသော်လည်း ဘာကြောင့် မအောင်မြင်သလဲဆိုတာ အဖြေရှာချင်ရင် ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်။

မျိုးရန်နောင်သိန်းပြောထားတာတွေ ဒီမှာကြည့်

ခင်ဗျားတို့တွေ လုံခြုံအေးချမ်းစေချင်တယ်။ကျနော်တို့လည်း လုံခြုံအေးချမ်းချင်ပါတယ်။

Aung Tin

ဘာဖြစ်လို့လဲ

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အသတ်ခံရတာကို ကျနော်တို့ မွတ်စလင်တွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ပိုကြေကွဲဝမ်းနည်းရပါတယ်။

ဘာဖြစ်လို့လဲ။

တောင်ကုတ်မှာ လူအုပ်ကြီးက ဝိုင်းကြည့်နေတုန်း မွတ်စလင်ဆယ်ယောက်ကို ကားပေါ်ကဆွဲချပြီး နေ့ခင်းကြောင်တောင် စိန်ပြေနပြေ ရက်ရက်စက်စက် ဝိုင်းရိုက်သတ်ခဲ့ကြတုန်းကလည်း ကျနော်တို့ မွတ်စလင်တွေ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

မိတ္ထီလာမှာ ကျောင်းသားခလေးအရွယ်တွေ အပါအဝင် မွတ်စလင်တွေကို နှစ်ရက်သုံးရက် သွေးအေးအေးနဲ့ အမဲလိုက်သလို လူအုပ်ကြီးက ဝိုင်းလိုက်ပြီး ရိုက်ခုတ်သတ်ဖြတ် ၊ မသေမချင်းမီးရှို့သတ်ဖြတ်ခဲ့တုန်းကလည်း ကျနော်တို့ မွတ်စလင်တွေ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

မိတ္ထီလာ မွတ်စလင်သတ်မှုကြီးနောက် တစ်နိုင်ငံလုံးက မွတ်စလင်တွေ အကြောက်တရားဖိစီးခံနေရချိန်မှာ မွတ်စလင်တွေရဲ့ အသက်အိုးအိမ်ဥစ္စာတွေနဲ့ ဗလီတွေကို အကြမ်းဖက် လုယက် မီးရှို့ သတ်ဖြတ်ခံခဲ့ရတုန်းကလည်း ကျနော်တို့ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

၂၀၁၂၊ ၂၀၁၇မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကမ္ဘာကြီးကပင် တုန်လှုပ်ချောက်ခြားလောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မုဒိန်းကျင့် မောင်းထုတ်ခဲ့တုန်းကလည်း ကျနော်တို့ မွတ််စလင်တွေ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

ခင်ဗျားတို့ဗမာမိတ်ဆွေတွေ တစ်ဆမလုံခြုံရင်၊ တိုင်းရင်းသား မိတ်ဆွေတွေက နှစ်ဆမလုံခြုံပါဘူး။ ပြည်မက မွတ်စလင်တွေက လေးဆမလုံခြုံပါဘူး။ ရိုဟင်ဂျာတွေဆို ရှစ်ဆ မလုံခြုံပါဘူး။

ခင်ဗျားတို့တွေ လုံခြုံအေးချမ်းစေချင်တယ်။

ကျနော်တို့လည်း လုံခြုံအေးချမ်းချင်ပါတယ်။

ကျနော်တို့ မြန်မာပြည်သူတွေအားလုံး လုံခြုံအေးချမ်းကြပါစေ

Even during my study at Harvard University for 3 years, I did not find in their laws the word “justice” even once. I found this word in Islam a lot

*I found this word in Islam a lot

Mohd Ariff Bin Hamid

The late American president Richard Milhous Nixon has a counselor named Robert Dickson Crane…*

*He holds a doctorate in public law.*

*Then a doctorate in international law,*

*Then he became president of the Harvard Society of International Law,*

*Adviser to President Nixon on Foreign Affairs, Deputy Director of the US National Security Council,*

*He is considered one of the leading political experts in America.*

*and founder of the Center for Civilization and Renewal in America,*

*He is fluent in six living languages.*

*One day, US President Nixon wanted to read about (Islam), so he asked the American intelligence to prepare research for him on that subject, and indeed they carried out his orders, but their research was a bit long…*

*He asked his advisor, Robert Crane, to read the research and summarize it for him.*

*Indeed, Robert read the research and then went to attend Islamic seminars and lectures to learn more about the subject…*

*And it was only days until the news of Robert Crane’s conversion to Islam resounded throughout the entire United States of America..!*

*He called himself Farouk Abdel Haq…*

*He says about the reason for his conversion to Islam: As a student of law, I found in Islam all the laws that I studied…*

*Even during my study at Harvard University for 3 years, I did not find in their laws the word “justice” even once …*

*I found this word in Islam a lot…❗*

*He embraced Islam in 1981 and named himself (Farouq) after the name of Farouk Omar, may God be pleased with him and please him, who was the Imam of Justice after the Prophet, may God’s prayers and peace be upon him…*

*- He says:*

*We were in a legal dialogue, and one of the Jewish law professors was with us, so he started talking and then started to delve into Islam and Muslims, so I wanted to silence him, so I asked him: Do you know the size of the inheritance law in the American Constitution..?*

*He said: Yes, more than eight volumes.*

*- so I told him:*

*If I came to you with a law on inheritance in no more than ten lines, would you believe that Islam is true religion?*

*- He said:*

*This can’t be.*

*So I came to him with verses of inheritance from the Noble Qur’an and presented them to him, and he came to me after several days and said to me: A human mind cannot count all kinship relations with this comprehensiveness that does not forget anyone and then distributes the inheritance to them with this justice that does not oppress anyone … Then this Jewish man became Muslim ..!*

*Dr. Robert Dickson Crane (Farouk),*

*He is still alive, 91 years old.*

*Read it to know that Islam is the greatest law on earth.*

*Oh God, honor us with Islam*

*May God’s peace and blessings be upon our master Muhammad and his family and companions, may God bless him and grant him peace*

💚

Do not read and leave

Just send it to someone else…❤️❤️

စစ်တပ်က စလာကတည်းက သန္ဓေမှန်တာမှ မဟုတ် မနုံကြဖို့ပဲလိုတာ

သူများစီက မလာတာနော်။ မနုံကြဖို့ဘဲလိုတာနော်။

“စစ်တပ်က စလာကတည်းက သန္ဓေမှန်တာမှ မဟုတ်တာ… တကမ္ဘာလုံးမှာ ဓမ္မနဲ့ အဓမ္မ လွန်စွဲပြီး အကြီးအကျယ် ရုံးကန်နေကြတဲ့ ဒုတိယကမ္ဘာစစ် ပြင်းထန်နေချိန် ၁၉၄၂ ခုနှစ်မှာ ဖက်ဆစ်နဲ့ ပလူးပလဲလုပ်ပြီး ပြည်တွင်းခေါ်သွင်းလာတာက စလာတာပဲလေ…

အခုမှ လူသတ်ပြနေတာတော့ မဟုတ်ဖူး… အဲ့အချိန်မှာ နာဇီနဲ့ ဖက်ဆစ်တွေ မုန်းတဲ့ အင်္ဂလိပ်နဲ့ ပေါင်းမိတဲ့ လူတွေကိုလည်း ရန်ရှာ သတ်ဖြတ်ခဲ့တာပဲလေ… “အသားထဲကလောက်” တို့ “ပုဆိန်ရိုး” တို့ ဆိုတဲ့ စကားလုံးတွေက အဲ့ကတည်းက ဗုဒ္ဓဘာသာ/ဗမာ မဟုတ်တဲ့ လူမျိုးစုတွေ ဘာသာခြားတွေကို ခေါ်ဆို အသုံးပြုခဲ့ပြီး… ဂျပန်တွေ ဂျင်းထည့်တာခံရတော့မှ အရပ်ကူပါ လူဝိုင်းပါနဲ့ ပြန်ခေါ်ပြီး တိုက်ခိုင်းရင်း အင်္ဂလိပ်အောက်ပြန်ရောက်ပြီး လွတ်လပ်ရေး ရခဲ့တာပဲလေ…

ကရင်တွေကတော့ ၁၉၄၈ ခုနှစ် ဧပြီလ ၂ ရက်နေ့ ကတည်းက ဗမာ့စစ်တပ်နဲ့ စတိုက်ပြီး ၁၉၄၉ ဇန်နဝါရီက စလို့ “ကီၢ်သူလ့” – ကော်သူးလေ့ အိပ်မက်အတွက် ရုံးကန်လာကြတာပဲလေ…

ကချင်တွေဆို ၁၉၆၀ ခုနှစ်ကတည်းက KIO က စထောင်ပြီး ကချင်ပြည်ထောင်စုအတွက်ရုံးကန်လာသလို… ရှမ်းတွေလည်း ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြီးနောက်ပိုင်းကတည်းက စော်ဘွားမျိုးတွေ သုတ်သင်ခံရပြီး ရှမ်းပြည်ထောင်စု အတွက်ပြန်ရုံးကန်နေရတာ ဒီနေ့ထိ တိုင်ပတ်နေကြတာလေ…

တဖက်မှာလည်း ၁၉၆၂ ခုနှစ် ၇ ဇူလိုင် ကျောင်းသား သပိတ်နဲ့ ရုံးကန်ရင်း တောက်လျှောက် အသတ်ခံလာရတဲ့ ကျောင်းသူ ကျောင်းသားနဲ့ ပြည်သူလူထုပေါင်း နည်းတာမှ မဟုတ်တာ… ၁၉၇၄ ဦးသန့်အရေးခင်း… ၁၉၈၈… ၁၉၉၀… ၁၉၉၆… ၂၀၀၇… တောက်လျှောက် အသတ်ခံခဲ့ကြရတာပဲလေ…

အဲ့တော့ စစ်တပ်က အခုမှ စ သတ်ပြနေတာတော့ မဟုတ်ဖူး… မာမီစုရဲ့ ဖေဖေ့ တပ်မတော်ကြီးကို ချစ်ပါတယ် ဆိုပြီး ဘောသွားမခဲ့တာကို ရေလိုက် ငါးလိုက် လုပ်ပြီး ပေါ်ပင်မှာ ပျော်ရွှင်ခဲ့ကြတဲ့ “we stand with you” မေမေ့အကွက်တွေ လှလိုက်တာ… “ဘာရမလဲ သာဝရာ” လုပ်ခဲ့ကြတဲ့ လဒူတွေက အခုမှ မျက်ပြူးဆံပြာ ထဖြစ်နေတာပဲလေ…

အဲ့ ကိုယ့်ဖာကို ဘာကို ဆန့်ကျင်ပြီး ဘာကိုထောက်ခံရမှန်း မသိပဲ “we stand with ဘလာ ဘလာ” အကျင့် မပျောက်လို့ကတော့ မြန်မာနိုင်ငံမှာ… ဖုန်းမော်တို့ ဝင်းမော်ဦးတို့ ဇေယျာသော်တို့ ဂျင်မီတို့လို လူသိရှင်ကြား အများကြီးထပ် ထွက်လာအုံးမှာ ဖြစ်သလို လူမသိ သူမသိနဲ့ လူမျိုးစုပေါင်းစုံကြားမှာ တဖြုတ်ဖြုတ်ကြွေနေကြရအုံးမှာပဲ… အဲ့ဒီ လူမျိုးစုတွေထဲက သတ်ခံခဲ့ကြရတဲ့ လူတွေအတွက် ဝမ်းနည်း ပူဆွေးနေကြချိန် သပြေခက်တွေနဲ့ ကြိုဆိုပြီး ကြက်ဥကြော် PF တွေ ချိန်းခဲ့ကြတာ… ဒေါ်စုရဲ့ ဘောမ plan ကြီးကို ဝိုင်း အပြစ်တင်လို့ အသားထဲကလောက်ကောင် ပြည်ပအားကို ပုဆိန်ရိုး လို့ အခေါ်ခံရပြီး SP အားရပါးရ လုပ်ခံ ခဲ့ကြရတဲ့ လူတွေရော ဘယ်သူတွေလဲ မှတ်မိကြလား…

အာ့မို့… စစ်တပ်က အခုမှ စိတ်ကောက်ပြီး ဆိုးပြနေတာမဟုတ်ဘူး… မနုံကြဖို့ပဲလိုတာ…

ဒါပဲ… နောက် ထပ်မပြောချင်တော့ဘူး…”

Crd Sayar Sai Kyi Zin Soe

Maung Tun Khin’s BHRN interview and my comment

Maung Tun Khin

အစ္စလာမိုအလိုင်ကွမ်း

မနေ့က ကျွန်တော့်ရဲ့ BHRN နဲ့ အင်တာဗျူးကို နားထောင်ပြီး ညီနောင်တစ်ချို့ ကျွန်တော့်အပေါ် နားလည်မှုလွဲမှား နေတာကို တွေ့ရပြီး အထူးစိတ်မကောင်းဖြစ်မိတယ်။

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေဘယ်လိုကူညီတယ်ဆိုတာ ကျွန်တော်တို့ သိသလို၊ အထူးသဖြင့် အင်မတန် လိုအပ်တဲ့အချိန် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့တွေ ပေးပို့ခဲ့တဲ့ မြန်မာမွတ်စလင်အသိုင်းအဝိုင်းရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်ပါဘူး။ အလားတူ ရိုဟင်ဂျာအရေးအတွက် ပြည်တွင်းက တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ မွတ်စလင်ညီအစ်ကိုမောင်နှမများရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို အမြဲအသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။

ကျွန်တော့်အင်တာဗျူးမှာ အဓိကရည်ရွယ်ပြီး ပြောဆိုခဲ့တာက ICJ, ICC နဲ့ အာဂျင်တီးနားအမှုတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာတွေက ဦးဆောင်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို ပြောခဲ့တာပါ။

ရိုဟင်ဂျာများနဲ့ သွေးစည်းညီညွတ်ရေး (Solidarity) နဲ့ နိုင်ငံတကာက တရားရုံးများ (ICJ, ICC နဲ့ အာဂျင်တီးနား) ကိစ္စတွေကို သေချာခွဲခြား မြင်စေချင်ပါတယ်။ ရိုဟင်ဂျာများနဲ့ သွေးစည်းညီညွတ်ပြီး ရိုဟင်ဂျာအရေးကိစ္စတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေသူ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ရှိပါတယ်။ သို့သော် ကျွန်တော် ထပ်လောင်း ပြောပါမယ်။ ICJ, ICC နဲ့ အာဂျင်တီးနားအမှု ကိစ္စတွေကိုကျတော့ ကာယကံရှင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကသာ ဦးဆောင်နေတာပါ။

ကျွန်တော့်ရဲ့ အင်တာဗျူးကို နားလည်မှုလွှဲအောင် ရေးသားပြီး ညီနောင်များအကြား သွေးခွဲသပ်လျှိုနေတာတွေကို သတိပြုပါ။ ကျွန်တော်တို့ရဲ့ ဘုံရန်သူက စစ်တပ်ဖြစ်ပါတယ်။

သူများလုပ်တဲ့အလုပ်ကို ကိုယ်လုပ်သလိုနဲ့ ဆိုရှယ်မီဒီယာမှာ လိမ်ညာရေးသားနေတာတွေကို မယုံကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ခင်မင်စွာဖြင့်

ထွန်းခင်

Congratulations and TQVM, Rohingya leaders and BHRN for this interview. We ALL agree that the Argentina, ICJ & ICC’s actions and effects are due to the sufferings or sacrifices of Rohingyas and the capacity of Rohingya leaders.

TQ that Ko Tun Khin for acknowledging the help of OTHERS: Myanmar Muslims, International groups and other Ethnic Minorities. This is just 1st step of success only, not yet full verdict of sentencing the genocidist criminal Myanmar Military, USDP, Ma Ba Tha, NLD, Myanmar journalists and criminal lobbyists.

I wish to highlight one thing, please give due respect to others and be honest. In about 1995, before FB and even the very early stage of blogs we use to communicate with e-mails. I sent my well researched “Roots, Fruits and Dreams of Muslims of Myanmar” (more than 100 pages) to one of the Rohingya leaders by e-mail. I used the Pseudonym Maha Bandoola @ Mohamad Bin Abdullah. Later after few years that was published fully in a Rohingya blog except the name of author. That was the basic of my Islamic posts in Wikipedia.

And I have seen a lot of news and photos of Myanmar Muslims altered as Rohingya news/ photos. I even complaint to one Ro leader who spoke @ Geneva using Meiktila Masjid and other pictures as if Rohingyas’. When I complaint to that person, he/she apologized and said that he/she had prepared but forgot in the interview.

My family and I had tried to help numerous Rohingyas, MaShaAllah, introduced successfully to top political leaders but most of them forgot and Dr Z and Dr Tun A’s children even attacked me for nothing.