တရားပြတဲ့ ပုဂ္ဂိုလ်ကိုယ်၌က လူအချင်းချင်း နှိမ့်ချ အိမ်ရှင် ဧည့်သည်ဆိုပြီးသွေးခွဲပေးနေတာ မြင်ရ တော့ စိတ်မကောင်းဖြစ်ရတယ်

Sein Htay

အိမ်ရှင် ဧည့်သည်ဆိုပြီး သွေးခွဲစကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကြီး

ရော အိမ်ရှင်အစစ်အမှန်ဟုတ်ရဲ့လားသေချာစဉ်းစားပါဦး။

တရားသဘောအရ ကြည့်ရင်ဒီကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့

လူသားမှန်သမျှ အစောရောက်တာနဲ့ နောက်ကျတာပဲကွာ

တာပါ။ စကနဦးပိုင်ဆိုင်တာက ဘုရားရှင်ပဲဖြစ်တယ်။

ဒါကြောင့်လူတွေသေပြီးကြရင်လည်း ဘုရားရှင်ထံပဲပြန်ကြ

ရတယ်။ ဒါကိုတရားပြတဲ့ ပုဂ္ဂိုလ်ကိုယ်၌က လူအချင်းချင်း

နှိမ့်ချ အိမ်ရှင် ဧည့်သည်ဆိုပြီးသွေးခွဲပေးနေတာ မြင်တော့ စိတ်မကောင်းဖြစ်ရတယ်။

ကချင် ဂျင်းဖော တို့က တိဘက် ကနေ ယူနန်ကိုဖြတ်ပြီး ၁၅ရာစု ၁၆ရာစုမှာ မြန်မာပြည် အထက်ပိုင်း ရောက်တယ် (တိဘက် ယူနန် တရုတ်နွယ်တွေ)

ကယား (ကရင်နီ) က မွန်ဂိုးလီးယားနွယ်တွေ … ဘီစီ ၇၀၀ ကျော်တုန်းက ကယားပြည်ဘက် ရောက်လာတယ်။ သူတို့ သမိုင်းမှာ အိန္ဒိယနဲ့ ဆက်နွယ်မှု အကြီးကြီး ရှိခဲ့ပါတယ်တဲ့။

ကရင်တွေကလည်း မွန်ဂိုးလီးယားနွယ်တွေ … ဗမာတွေ မွန်တွေ ပြည်တွင်းမရောက်ခင် ပဝေသဏီကတည်းက ပြည်တွင်းရောက်နေကြပြီ တဲ့

ချင်း တွေ ဇိုမီးတွေက တိဘက်တိုဘားမင်းတွေ … ဗမာပြည်အထက်ပိုင်း ချင်းတွင်းမြစ်ဝှမ်းမှာ၉ရာစုလောက်က အခြေချ နေထိုင်လာခဲ့သလို အိန္ဒိယနိုင်ငံ မီဇိုရမ် မာဃလန်း အာသံ မဏိပူရဘက် နဲ့ ဘင်္ဂလားဒေ့ရှ် န်ိုင်ငံတို့ မှာလည်း အများကြီး

မွန်တွေဗမာပြည်ထဲရောက်တာ အတော်ကို စောတာ … BC 1500 လောက်ကတည်းက … သမိုင်းမှာ ဗမာနဲ့ခေတ်ပြိုင် … ယဉ်ကျေးမှု စောခဲ့တယ် … ဘာသာစာပေ စောခဲ့တယ်။ တရုတ်ပြည် အနောက်တောင်ဘက်ကနေ ပြောင်းလာကြတာ … ဘာသာစာပေအရလည်း အိန္ဒိယ ဗြဟ္မီစာပေကနေ တိုက်ရိုက်ဆက်ခံ … အဲဒီကနေမှ ဗမာစာပေ ထပ်မံထွန်းကားလာတာ … သမိုင်းမှာ ရှိခဲ့တဲ့ ပျူတွေဆိုတာ ဘယ်သူဖြစ်မလဲ အငြင်းပွားနေကြဆဲပါ။ ယဉ်ကျေးမှုအစဉ်အလာကြီးတဲ့ တရုတ်နွယ်ဖွားတွေပေါ့။ ဘာသာ စာပေ ယဉ်ကျေးမှု အားဖြင့် အိန္ဒိယ လွှမ်းမိုးမှုလည်း ရှိခဲ့ပါတယ်။

ရခ်ိုင် ဆိုတာက အီန္ဒိယနိုင်ငံ အိန္ဒူ ဂင်္ဂါဘက်ကနေ လာတဲ့ အင်ဒို အာရိယန်တွေ … ဗမာပြည်ထဲမရောက်ခင် အိန္ဒိယအရှေ့ပိုင်းက မွန်ဂိုလွိုက် တွေနဲ့ ပေါင်းစပ်ရောနှောခဲ့သေးတယ် တဲ့။ BC 3000 ကျော်ကတည်းက မင်းနေပြည်တွေ ရခိုင်တိုင်းမှာ ရှိခဲ့ပြီးသား တဲ့။

ရှမ်း တွေက တရုတ်ပြည် အနောက်တောင်ပိုင်းကနေ စတင်ပြောင်းရွှေ့အခြေချတဲ့ တိုင်း လူမျိုးတွေ … လက်ရှိ ဗမာပြည်ထဲသာမက ထိုင်း လာအို ဗီယက်နမ် ကမော္ဘဒီးယား အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း တိုင်းတွေ (ရှမ်းတွေ) ရှိတယ်။ ခရစ်သက္ကရာဇ် မစတင်မီကတည်းက မြန်မာပြည် ရောက်နေကြပြီ (BC ကာလ ကတည်းက ပဲပေါ့)
COPY FROM Su Yamin.
(Languages, Identities, and Education – in Relation to Burma/Myanmar by Dr. Thein Lwin, October 15, 2011)