Human Rights violation by the STATE on Muslims of Myanmar in Burmese DVD debate နေရပ်​စွန့်ခွာသူတွေ ဘယ်​အချိန်​မှာ ပြန်​လာမှာလည်း ?

Khin Mg Aye is with ဝါဇိီ.

**နေရပ်​စွန့်ခွာသူတွေ ဘယ်​အချိန်​မှာ ပြန်​လာမှာလည်း ? ? ? dvb debate…. **

“`3 d 4 d ပါပြီး ၁၀ တန်းအောင်​ခဲ့တဲ့ ခလေးတွေကိစ္စ အစည်းအဝေး မှာ ကျမ မေးတော့ ပညာရေးဌာန က ဖြေ တယ်​ ..မကွေး ဆေးတက္ကသိုလ်​မှာအယောက်​ ၂၀ တက်​နေပါတယ်​ တဲ့ .. ဒါနဲ့ ကျမ ချက်​ခြင်း ဖုန်းဆက်​မေးလိုက်​တယ်​..ကျနော်​ ကျမတို့ အခု အဝေးသင်​ (သမိုင်း) ဘဲ တက်​နေကြရပါတယ်​ လို့ ဖြေရှာတယ်​.. မလိမ်​ကြပါနဲ့တော့ ..ပညာရေးဝန်​ကြီးဌာန က လိမ်​နေတာကို အစိုးရကပါ ဆက်​လိမ်​နေတယ်​ … လူ မှာ ကောင်းစိတ်​နဲ့ ဆိုးစိတ်​ ဆိုပြီး ၂ မျိုးရှိပါတယ်​.. နှစ်​ ၆၀ ကျော်​ စက်​ရုပ်​တွေ( စိတ်​ယုတ်​တွေ )ထားခဲ့ပြီးပါပြီ.. တခါတလေ ဒီတခါ ကောင်းတဲ့စိတ်​လည်း ထားပေးပါ.. တိုင်းပြည်​လည်း ချွတ်​ခြုံကျနေပါပြီ လို့ အစိုးရရော ဝန်​ကြီးဌာနတွေရော အရာထမ်း အမူ့ထမ်းတွေရော ပြောခဲ့ပါရစေ..

Image may contain: 5 people


“`ကျမ စီးပွားရေးတက္ကသိုလ်​မှာ ဆရာမ လုပ်​ပြီး နောက်​ပိုင်း နိင်​ငံတော်​စာရင်းစစ်​ချူပ်​ရုံး အင်​မီဂရေးရှင်း ဌာန မှာ ဆက်​လုပ်​ရတယ်​ .. ဟိုနှစ်​ပေါင်း ၁၀၀ ကျော်​ကငယ်​စာရင်းတွေ အကုန်​ လူဝင်​မူ့ကြီးကြပ်​ရေးမှာ ရှိပါတယ်​..ကျမ အဘိုးရဲ့ လက်​ရေးမူတောင်​ အခုထိ ရှိနေဆဲပါ … အခု မနေ့ တနေ့ကမှ ဖြည့်ထားတဲ့ ငယ်​စာရင်းတွေ ရခိုင်​မှာ မရှိတော့ဘူး မတွေ့တော့ဘူးဆ်ုရင်​..
တကယ်​ မရှိတော့တာလား .. မရှိစေချင်​တဲ့ ဆန္ဒနဲ့ မရှိဘူးလို့ ပြောတာလား.. အသက်​လုပြီး ပြေးကြရတဲ့အခါ ဘယ်​မှာ ငယ်​စာရင်းတောင်းပြီး ပြေးရမလည်း ပြေးကြမလည်း ဆိုတာ စဉ်းစားစေချင်​ပါတယ်​ “`
“` နောက်​တခု ပြဇာတ်​ မတိုက်​ကြပါနဲ့တော့ လို့ ပြောချင်​ပါတယ်​ . .. ရခိုင်​ ဒုက္ခသည်​ စခဏ်းတွေ သွားတဲ့အခါ အစိုးရရော ဝန်​ကြီးဌာနကရော အန်​ဂျီအိုတွေရော ဘယ်​မှ သွားလို့မရဘူး campထဲကလူတွေကို ထရိန်​နင်​ပေးပြီး အသံတခုထွက်​လာရင်​ ငိုပြ..နောက်​အသံ တခု ထွက်​လာရင်​ ပြိုင်​တူရပ်​ …ဒါ ပြဇာတ်​တိုက်​တာ … ရုပ်​ရှင်​ရိုက်​တာတွေ တော်​ကြပါတော့လို့ ပြောချင်​ပါတယ်​“`………..။
ဒေါ်စမ်းစမ်းတင့် (စီးပွားရေးတက္ကသိုလ်​ ဆရာမ .. စာရင်းစစ်​ချူပ်​ရုံး အရာရှိ)

““ပြန်​လာဘို့ပြောတယ်​ .. ဘယ်​သူဘဲ ပြန်​ လာ လာ NVC ဘဲ ပေးမယ်​.. နိင်​ငံသားဖြစ်​ပြီးသားသူတွေ မပတပြုလုပ်​ဆဲသူတွေပါ NVC ပေးမှာ..ဆိုတော့ NVC ဆိုတဲ့ တစ္ဆေ နဲ့ ခြောက်​ပြီး ပြန်​မလာစေချင်​တာလား ?
နောက်​ ဒီမှာရှိတဲ့ သူတို့ပိုင်​ လယ်​ယာမြေတွေကို ကုမ္မဏီတွေအားလုံးခွဲဝေ ချထားပေးလိုက်​ပြီ သူတို့ဘာလုပ်​စားမလည်း ? လာပြီး အငတ်​ခံ ပိတ်​လှောင်​ခံ အဖမ်းခံ အသတ်​ခံကြရအုန်းမှာလား ?
“`ဒီမှာ ရှိတဲ့ ဒုက္ခသည်​တွေ ကို ပိတ်​လှောင်​ထားတာ ၈ နှစ်​ ရှိနေပြီ .. အခု ဟိုကလူတွေကို တခါထပ်​ခေါ်ပြီး ပိတ်​လှောင်​ထားမယ်​ .. ခွဲခြားဆက်​ဆံအုန်းမယ်​ ဆိုရင်​
၁၀ ပေ ပတ်​လည်​အခဏ်းထဲမှာ ခင်​ဗျားတို့ တနှစ်​လောက်​ အရင်​နေကြည့်စေချင်​ပါတယ်​ “`
ဦးကျော်​မင်း( ဥက္ကဌ ဒီမိုကရေစီနှင့်လူ့အခွှင့်အရေးပါတီ)

““ဒီလူတွေက၁၉၇၅ ခုနီစ်​အထိ တိုင်းရင်းသား/နိင်​ငံသားတွေ ပါ ..၁၉၆၃ ခုနှစ်​ကတည်းကနေ 2010အထိ မဲပေးပိုင်​ ရွေးချယ်​ပိုင်​ ရွေးကောက်​ခံပိုင်​ခွင့် ရခဲ့တယ်​ .. ဒီကနေ့ကျ မှ NVC ဘဲပေးမယ်​ဆိုရင်​.. ယခု အစိုးရက ခေတ်​အဆက်​ဆက်​အစိုးရတွေရဲ့ လုပ်​ဆောင်​မူ့တွေကို သိရှိနေရပါ့မယ်​..ဒါမှမဟုတ်​ ယခင်​စစ်​အစိုးရလမ်းကြောင်း အတိုင်း အခု အစိုးရက လိုက်​လုပ်​နေတာလား လို့ မေးချင်​ပါတယ်​ “`

ဦးကျော်​စိုးအောင်​ (အတွင်းရေးမူး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ)

“`မည်​သို့ပင်​ခွဲခြားဆက်​ဆံမူ့ မပြုလုပ်​ရ ဆိုပြီး ပြောတယ်​ … ဒီမှာရှိနေတဲ့ မွတ်​စလင်​ ခလေးတွေတောင်​ ကျောင်းမတက်​ရဘူး တဲ့ …ဒါဆိုရင်​ ဟိုက လူတွေ ပြန်​လာဘို့ ခက်​ခဲ့ပါလိမ့်အုန်းမယ်​ ““`
စာရေးဆရာ ဦးအောင်​ခင်​ ( စစ်​တွေ )

“`ကျနော့ အမြင်​ကတော့ တကယ်​ပြန်​လာစေချင်​တာလား ပေါ့နော်​ .. ဘာလို့ဆို ၂၀၁၂ ကတည်းက ပိတ်​လှောင်​ထည့်ထားတဲ့ စစ်​တွေက camp တခုက လူတွေကိုတောင်​ အခုထိ အပြင်​ ပေးမထွက်​သေးဘဲ ..ထွက်​ပြေးသွားတဲ့ သူတွေ ပြန်​လာစေချင်​တယ်​ ဆိုတာက သိတ်​ သဘာဝ မကျဘူးလို့ ကျနော်​ထင်​တယ်​ …
နောက်​တခါ လူမျိုးသုန်း သတ်​ဖြတ်​ဘို့ လူစုထား တာလား လို့ လည်း မေးခွန်းထုတ်​စရာ ရှိတာပေါ့နော်​ ““` DVB debate… ။
“`ကျနော့ မိတ်​ဆွေ အစိုးရဝန်​ထမ်း ရှေ့နေကြီး တယောက်​ အခု ရန်​ကုန်​ မှာ ရှိတယ်​ .. သူ့ အဖိုး အဖွား အဖေ အမေ အကုန်​ နိင်​ငံသား .. သူ ၄ . ၅ ခါ ရှိပြီ
မပတ လျောက်​နေတာ .. အခုထိ ပြုလုပ်​ဆဲ ဘဲ ပြန်​ ပြန်​ ရနေတယ်​ ““
ဆရာ ဦးအေးလွင်​ ( ဓမ္မဗိမ္မာန်​)

“`နိင်​ငံတော်​ရဲ့ အချူပ်​အခြာ အာဏာတည်​ဘို့ ဆိုပြီး ခလေးတွေကို မီးပုံထဲ ထည့်တာ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်​ဖြတ်​တာ ယင်းတို့ပိုင်​ ဥစ္စာပစ္စည်းတွေ ငွေကြေးတွေ ကျွဲနွားဆိတ်​ တိရိစ္ဆာန်​တွေအပါအဝင်​ လယ်​ယာမြေတွေကို ခွဲဝေ ယူငင်​ တာ.. ဒုက္ခသည်​စခဏ်းတွေမှာ ပိတ်​လှောင်​ချူပ်​နှောင်​ နှိပ်​စက်​ ထားတာတွေမှာ မလုပ်​သင့်ပါဘူး ဒါတွေဟာ နာဇီ အာဏာ ရှင်​တွေရဲ့ ဂျူး လူမျိုးတွေ အပေါ် ရက်​စက်​ယုတ်​မာ လူမဆန်​မူ့ တွေ နဲ့ တထပ်​တည်း ဖြစ်​နေပါပြီ ..ဒါ အခုချိန်​အထိ ရှိနေဆဲ လုပ်​နေဆဲ ပါ ““`