စစ်တပ်ဖက် လက်နက်ချ အညံ့ခံဖို့ ကမ်းလှမ်းတာကလွဲရင် ဘယ်လိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးမူလမ်းစဉ်မှ မရှိတော့

Credit: Min Ka
I just edited the arrangement to made it clear…
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဆိုတာက
စစ်တပ်ဖက် လက်နက်ချ အညံ့ခံဖို့ ဆွေးနွေးဖို့
ကမ်းလှမ်းတာကလွဲရင် ဘယ်လိုနိုင်ငံရေးတွေ့ဆုံ
ဆွေးနွေးမူလမ်းစဉ်မှ မရှိတော့ဘူးဆိုတာ NUG ရော
စစ်တပ်ဖက်ကလူတွေရော သိစေချင်မိတာပဲလေ
US UN China EU UK Asean တို့
နိုင်ငံတကာက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို
ဖိအားပေးနေတယ် နိုင်ငံရေးဖိအားအရက
တချိန်မှာ မလွဲမသွေကျိန်းသေ လက်ခံရလိမ့်မယ်
ကိုယ့်ဖက်က ပြင်ဆင်ထားဖို့က လိုအပ်လိမ့်မယ်
ဆိုလိုတာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမူဆိုတာ တချိန်မှာ
ကျိန်းသေ မလွှဲမသွေ လက်ခံရမှာပဲ
၁။ အဲချိန်ကျရင်စစ်တပ်က လက်နက်ချအညံ့ခံဖို့ ဆွေးနွေးတဲ့ပုံစံဖြစ်မှသာအဲဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးမူလမ်းစဉ်ကို လက်ခံဖို့ပါ
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတာလက်ခံဖို့
၃။ စစ်တပ်က စစ်တန်းလျားပြန်ဖို့ လက်ခံရမယ်
၄။ စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မူတွေအကုန်
တာဝန်ခံပေးဖို့ လက်ခံရမယ်
၅။ တိုင်းပြည်ရဲ့နစ်နာမူတွေက
စစ်ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မူတွေနဲ့ လျော်ကြေးပေးဖို့စသဖြင့်
ပြည်သူတွေက ဒီအချက်တွေ မပါမဖြစ် တောင်းဆိုတယ်။
အဲချိန်ကျရင် ဘာတွေ ဆွေးနွေးမလဲဆိုတာ ပြည်သူတွေက
ဘာတွေ မျှော်လင့်နေတာလဲဆိုတာ သိဖို့ ကြိုပြောပြတာပါ
က။ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေပြန်လွတ်
ခ။ မတရားဖမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွသူတွေ ပြန်လွတ်
ဂ။ စစ်တပ်က အာဏာပြန်အပ် စစ်ခေါင်းဆောင်တွေက
မူလရာထူးပြန်ယူ
ဃ။ ၂၀၀၈ ခြေဥနဲ့ ပြန်သွားကြဖို့လက်ခံရင်…
ဒါဟာ ပြည်သူတွေကို သစ္စာဖောက်တာပဲလို့ ပြောရလိမ့်မယ်
အဲဒီတော့ အချုပ်ပြောရရင်တော့ အဲဒါပါပဲ
နိုင်ငံတကာကတွေ့ဆုံဆွေးနွေးမူဖိအားပေးလာရင် ပြည်တွင်း ပြည်ပဖိအားများရင် နိုင်ငံရေးသဘောအရ ငြင်းဆန်လို့မရဘူး
တွေ့ဆုံဆွေးနွေးမူကို ငြင်းဆန်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ ငါတို့ကတော့ ဒီအချက်တွေရရင် ဆွေးနွေးမယ်လို့ ပြောဖို့ပါ…
ဒီအချက်တွေ မရရင်တော့ အဆုံးထိဆက်သွားမယ်လို့ပြောယုံပဲ
ပြည်သူတွေကလဲ အဲဒီသဘောတရားကို နားလည်စေချင်တယ်
အပြုတ်တိုက်တာ တိုက်ရမှာပဲ တွေ့ဆုံဆွေနွေးဖို့ လုပ်ရင်လဲ
လုံးဝမဖြစ်ရဘူးလို့ လုံးဝလက်မခံဘူးလို့ ပြောဖို့မလိုအပ်သေးဘူး
စစ်တပ်က လက်နက်ချအညံ့ခံခြင်းအတွက် ဆွေးနွေးမယ်ဆိုရင်…
ဒီလိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးမူမျိုး ဦးတည်ဖို့ တိုက်တွန်းရမယ်
ထပ်ပြောရမယ်ဆိုရင်…
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတာ စစ်တပ်ကလက်ခံရမယ်
(၂) စစ်တပ်က စစ်တန်းလျား ပြန်ဖို့လက်ခံရမယ်
(၃) စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မူတွေ
အကုန်လုံး တာဝန်ခံပေးဖို့ လက်ခံရမယ်
(၄) တိုင်းပြည်ရဲ့နစ်နာမူတွေ စစ်ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မူတွေနဲ့ လျော်ကြေးပေးဖို့ လက်ခံရမယ်
ဒီအချက်တွေ ရမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမယ်
ဒီအချက်တွေ မရရင် ဘယ်လိုတွေ့ဆုံဆွေးနွေးမူမှ လက်မခံပါ
@@

Not only little Napoleons but little kingdoms too

Not only little Napoleons but little kingdoms too

George LeePublished:  Aug 2, 2010 5:38 PM⋅

These past weeks, Malaysians around the world have been introduced to the words ‘Little Napoleons’.

If you tried to Google the words, you will find that besides the historical wartime General Pierre G. Beauregard and the movies, the next few pieces of information about ‘Little Napoleons’ actually come from Malaysia media and there is even a YouTube video entitled ‘Little Napoleons’ rampages uploaded by a political party.

I am a little flattered by the country’s popularity for the obvious wrong basis. So we have the ‘Big Napoleons’, the small ones and now I like to introduce the other expression called ‘Little Kingdoms’.

Ever wonder when you go to a government agency, be it Tenaga Nasional, state Waterworks, Immigration Department, National Registration, Education Department or the Malaysia Airport office just to name a few, you find that the offices protocols are almost very similar in nature where most of the staff are audaciously impolite and non-communicable?

Well, one should not be startled. The ‘Little Napoleons’ have built ‘Little Kingdoms’ in these government agencies which not only is self regulated but their staff through generations have built a sense of solidarity that is resilient to outside forces. Like many ancient kingdoms, there are staff who do not hold on to the Napoleon’s cultures and are on self-exile.

These little Kingdoms which I had the privileges to visit as an Information Technology peasant (expert) were really remarkable as a hardcore entity. My acquaintance with these ‘Little Kingdoms’, sometimes staying on for one or two years, allowed me to comprehend the people within their mentalities, behaviours and fears. I shall say that if one were not careful, like the BTN brain destructive courses, you would be like them, ruled under the talons of the ‘Little Napoleons’.

Like others, there were customs and values within these sovereignties that the people had to adhere to. The ‘Little Napoleons’ used racial, religion and family values to ensnare the people into the circle of trust. Gradually over the decades, the followers had become overwhelmingly big and powerful that if one remained as an outsider, there is no chance of survival except to be transferred out of the ‘Little Kingdoms’. Even expert like us who gained entry into the ‘Little Kingdoms’ to work had to acclimatise to the food, the praying time, the working time and decision-making process within the ‘Little Kingdoms’ else we would not get the collaboration.

Thinking back, it was really hard in that surroundings and my heart goes to those who still living and breathing in the ‘Little Kingdoms’. The profundity of the beliefs engendered by these Kingdoms was so sweeping and detrimental that one will not survive another day outside the Kingdom. The people were so dependent of the ‘Little Kingdoms’ for their survival in their bodies as well as in their minds.

Back to reality, to save people inside, outside the ‘Little Kingdoms’ as well as the whole motherland, the monarchies or the ‘Little Napoleons’ must be deracinated and destroyed. However, the good people in the rest of the motherland will stumble upon the ‘Big Napoleons’ in the ruling Kingdom.

The good people need to gather strength, belief and intelligence to take on the ‘Little Kingdoms’ and ‘Big Kingdom’. We need to work with those within the Kingdoms to liberate these people from their incarceration. Not to forget we must call upon our brothers and sisters across all the six continents to return. Let’s utilise the people power to bring these ‘Napoleons’ to their knees and dismantle the Kingdoms.

Civil service to be restructured to cut the red tape

Minderjeet Kaur and Sean Augustin -September 27, 2021

The civil service will be turned into a more horizontal organisation to reduce bureaucracy, says Ismail Sabri Yaakob.

KUALA LUMPUR: The civil service, particularly the functions of ministries and related agencies will be restructured to turn it into a more “horizontal organisation” and reduce bureaucracy, Prime Minister Ismail Sabri Yaakob said.

A mechanism to select and take in professionals and management staff in various schemes will be put in place to get the cream of the crop, the prime minister said.

“The proposal to introduce the Public Service Act will be reviewed in order to provide a clear distinction between power and responsibilities of civil servants and that of the political administration,” he said when tabling the 12th Malaysia Plan at the Dewan Rakyat today.

In 2018, then Public Service Department director-general Borhan Dolah said the government would introduce the Act to pave the way for a separation of powers.

The civil service has in the past attracted criticisms, especially about it being “bloated”.

Last month, the Congress of Unions of Employees in the Public and Civil Services (Cuepacs) called on Ismail to consider restructuring every ministry to make them more organised and coordinated.

Ismail said the digitalisation of the public sector would be enhanced, noting that the recently launched Public Sector Digitalisation Strategic Plan 2021 – 2025 had outlined the direction towards a digital government.

“The government is targeting 80% end-to-end virtual service by 2025.”

A national data framework on administration policies will also be set up to encourage data sharing between the public and private sector, he said.

Martin Zandvliet ရိုက်တဲ့ Land of Mine(Under sandet) ဆိုတဲ့ ဂျာမန်စကားပြော အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်

https://www.imdb.com/video/vi106608409?playlistId=tt3841424

ဟိန်းကိုကို

ဒုတိယကမ္ဘာစစ်ပီးဆုံးခါနီးကာလမှာ အရှေ့ဖက်ကနေ ဒလကြမ်းချီလာတဲ့ ရပ်ရှားတပ်နီတော်ဟာ ဂျာမနီကို တက်သိမ်းတဲ့အခါ လက်စားချေတဲ့သဘောနဲ့ သန်းနဲ့ချီတဲ့ ဂျာမန်အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ ထပ်ပြောပါမယ်။ သန်းချီနေတဲ့ မုဒိန်းမှုတွေကိုကျူးလွန်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ အဖြစ်အပျက်ကြီးဟာ ဘယ်တော့မှ ထင်ပေါ်တဲ့ စစ်ရာဇ၀တ်မှုအဖြစ် သမိုင်းမှာ နေရာပေးခြင်းမခံခဲ့ရပါ။ ဂျာမန်တွေဟာ နာဇီတွေ၊ကျူးကျော်သူတွေ၊ ကမ္ဘာစစ်မီးမွေးသူတွေဖြစ်တဲ့ အတွက် မိမိတို့ပြုခဲ့သမ ျှအတွက်ပြန်လည်ပေးဆပ်ရခြင်းသာဖြစ်တယ်လို့ယူဆဟန်တူပါတယ်။ သမိုင်းကို အောင်နိုင်သူတွေသာ ရေးတယ် ဆိုတဲ့ စကားပုံကို ကျနော်တို့ အမှတ်ရစရာပေါ့။ ဒီနေရာမှာ ကျနော် မေးခွန်းထုတ်လိုတာက တစ်ဖက်က the Good ဆိုရင် တစ်ဖက်က the Evil ဆိုတာမျိုး ပုံသေ ထာ၀ရယူဆကြတာဟာ မှန်ကန်ကြရဲ့လားဆိုတာပဲ။
အဲ့ဒီမေးခွန်းဟာ သမိုင်းမှတ်တမ်းတွေဖတ်ရှုလေတိုင်း ကျနော့်ဖာသာ ပြန်မေးမိတဲ့ မေးခွန်းပါပဲ။
မနေ့ညက ကြည့်ခဲ့မိတဲ့ ရုပ်ရှင်ဇာတ်ကား အဆုံးမှာလည်း အဲ့ဒီမေးခွန်းကို ကျနော်ထပ်မေးမိပြန်တယ်။
ဥရောပ ရုပ်ရှင်ပွဲတော်မှာပြနေတဲ့ Under sandet(သဲပြင်အောက်မှာ) (သို့) Land of Mine (မိုင်းကွင်း) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်အပီးမှာပေါ့။ ကျနော့်ဘ၀မှာ စိတ်အထိခိုက် အတုန်လှုပ်ဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ သိပ်များများစားစားမရှိခဲ့ပါဘူး။ ဒီဇာတ်ကားဟာ အဲ့ဒီလိုအမျိုးအစားတွေထဲက တစ်ခုအပါအ၀င်ဖြစ်သွားခဲ့ပါတယ်။ ပြောနေကြအတိုင်းပြောရရင် လူဖြစ်ရတာတန်တယ်ပေါ့။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်စစ်တပ်ဟာ ဒိန်းမတ်ပြေမှာ မြေမြုပ်မိုင်း၂သန်းကျော်ကိုထောင်ထားခဲ့ပါတယ်။
၁၉ ၄၅ မေလမှာ ဒိန်းမတ် ဟာ ဂျာမန်လက်အောက်က လွတ်မြောက်တယ်။ ရှုံးနိမ့်သွားတဲ့ Wehrmacht ဂျာမန်စစ်တပ်ဟာ ဒိန်းမတ်ပြေထဲက လက်နက်မဲ့ ဆုတ်ခွာနေချိန်မှာ ဒိန်းမတ်စစ်တပ်က တပ်ကြပ်ကြီးဟာ POW လို့ခေါ်တဲ့ ဂျာမန်စစ်အကျဉ်းသားလူတန်းကြီးထဲက ဒိန်းမတ် အလံကိုင်လာတဲ့ ဂျာမန်စစ်သားကို ဒေါသတကြီး ဆွဲထိုးပါတယ်။ ကျူးကျော်သူတွေအပေါ်ထားတဲ့ သူ့အမုန်းတရားကို ဖွင့်လှစ်ပါတယ်။ မင်းနဲ့ဒီအလံနဲ့ ဘာဆိုင်သလဲကွလို့ အော်အော်ပီးထိုးတာပါ။ ရှုံးနိမ့်သူ စစ်အကျဉ်းသားတွေဟာ ခွန်းတုံ့မပြန်ရဲပဲ ညှိုးငယ်စွာနဲ့ သူပြုသမ ျှနုပီး ဆက်လက်ထွက်ခွာသွားရပါတယ်။
အဲ့ဒီဂျာမန်တွေအပေါ်အင်မတန်မုန်းတီးသူ ဒိန်းမတ် တပ်ကြပ်ကြီး Rassmussen ထံကို ဂျာမန်စစ်အကျဉ်းသား ၁၄ ယောက်တိတိ ဒိန်းမတ် စစ်တပ်က ပို့လိုက်ပါတယ်။
သူတို့ တာ၀န်ကတော့ ဒိန်းမတ် အနောက်ဖက် ကမ်းခြေ သဲသောင်ပြင်အောက်မှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ပါပဲ။ အဲ့ဒီဂျာမန်စစ်သားလေးတွေဟာ ဥမမယ်စာမမြောက် ဆယ်ကျော်သက်ကောင်လေးတွေပါ။ ဒိန်းမတ် တပ်ကြပ်ကြီး Rassmussen ဟာ သူ့လက်အောက်ရောက်လာတဲ့ ဂျာမန်ချာတိတ်တွေကို စတွေ့ကထဲက မညှာတာပါ။ ငါတို့ ဒိန်း တွေဆီက မင့်တို့ သနားညှာတာမှုတွေ ဂရုဏာတွေရလိမ့်မယ် မထင်နဲ့လို့ သူ့ အကျဉ်းသားတွေကို ကြိုပြောထားပါတယ်။တစ်နာရီကို ၆လုံးနဲ့ မြေမြုပ်မိုင်းတွေဖော်ပီးရင် ၃လဆိုရင်ဂျာမနီကိုပြန်ရမယ်လို့ ဆိုပါတယ်။ လက်ဗလာ ကိရိယာတန်ဆာ မပါပဲ ဒုတ်ချောင်းလေးတွေနဲ့ သဲပြင်ပေါ် မှောက်ပီး မြေမြုပ်မိုင်းတွေကို တူး၊ စနက်တံကို ဖယ်ထုတ်ရတဲ့ အသက်အန္တရယ်နီးတဲ့ အလုပ်တွေကို တစ်ရက်မှာ နာရီပေါင်းများစွာကြာအောင် ဂျာမန်စစ်သားလေးတွေလုပ်ရပါတယ်။ အစာရေစာ မပေးပါ။
ကမ်းခြေသဲသောင်ပြင်မှာ တနေကုန်မိုင်းတူး၊ အလုပ်ပီးရင် အနီးအနားက အချုပ်ဆောင်ထဲ၀င်အိပ် ဒါပါပဲ။
သူတို့နဲ့ မလှမ်းမကမ်းက ယာတောအိမ်တစ်ခုမှာ ဒိန်း အမျိုးသမီးတစ်ဦးနဲ့ သမီးလေးတစ်ယောက်နေပါတယ်။ ဂျာမန်တွေကို တူးတူးခါးခါးမုန်းတဲ့အတွက် သူတို့ကိုအဆက်အဆံမလုပ်ပါ။ ရက်အနည်းငယ်အကြာမှာ အစာရေစာ မရတဲ့ အတွက် သူတို့ အားအင်ချိနှဲ့လာပါပီ။ တပ်ကြပ်ကြီး Russmussen ထံတင်ပြပေမယ့် ဂျာမန်တွေအတွက် အစာ မရှိဘူးကွလို့ ခပ်တင်းတင်းပဲ ပြန်ပြောတာခံရပါတယ်။(စစ်ကြီးကြောင့် အစာရေစာပြတ်လတ်နေပါတယ်)
အဲ့ဒီလို အင်အားချိနှဲ့စွာ မိုင်းဖော်ရင်း သူတို့ထဲက Wilhelm ဆိုတဲ့ ဂျာမန်စစ်သားလေးဟာ မိုင်းထပေါက်ပီး လက်၂ဖက်စလုံး ဖွာထွက်သွားပါတယ်။
သွေးအလူးလူးနဲ့ ဝေဒနာခံစားနေရတုံး သူ ငိုယိုရင်း အော်ပါတယ်။
မေမေရေ.. မေမေ ..
ကျနော် အိမ်ပြန်ချင်ပီဗျာ တဲ့..
တပ်ကြပ်ကြီး Russmussen က မော်ဖင်းတစ်လုံးချက်ချင်းထိုးပေးပီး စစ်တပ်ဆေးရုံကိုပို့လိုက်ပေမယ့်။ Wilhelm သေသွားရှာပါတယ်။
နောက်တနေ့မှာ ဆေးရုံကို လိုက်သွားတော့ဂျာမန်ကောင်လေး သေပီဖြစ်ကြောင်းသာ သိလိုက်ရတဲ့ Russmussen ဟာ သူ့အကျဉ်းသားတွေဆီပြန်လာပီး Wilhelm ဘာမှမဖြစ်ကြောင်း၊ ဂျာမနီပြန်ခွင့်ရသွားပီဖြစ်ကြောင်းလိမ်လိုက်ပါတယ်။ ဒါပေမယ့် ဒိန်းမတ် တပ်ကြပ်ကြီးဟာ စိတ်ထဲမှာ လူသားဆန်တဲ့ စိတ်တွေ၀င်စပြုလာပါပီ။ စစ်တပ်ဂိုဒေါင်က ပေါင်မုန့်နဲ့အာလူးတွေခိုးလာပီး သူ့အကျဉ်းသား ဂျာမန်ကောင်လေးတွေကို ပေးစ ပြုလာပါတယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံစပြုလာပါတယ်။
တစ်ညမှာ အော်ဟစ်ငိုယိုသံတွေကြောင့် Russmussen လန့်နိုးလာပါတယ်။
မူးရူးနေတဲ့ မဟာမိတ်စစ်သားတွေဟာ သူ့အကျဉ်းသား ဂျာမန်စစ်သားလေးတွေကို အချုပ်ခန်းထဲက ထုတ်ပီး သေးနဲ့ပန်းပီး နှိပ်စက်ကလူပြုနေပါတယ်။ ဒိန်းမတ်တပ်ကြပ်ကြီးဟာ အပြေးအလွှားသွားပီး အဲ့ဒီလုပ်ရပ်ကို တားမြစ်တဲ့ အခါ မဟာမိတ်စစ်သားတွေနဲ့ အတူပါလာတဲ့ ဒိန်းမတ်စစ်တပ် အရာရှိက စွပ်စွဲပါတယ်။ မင်းဟာ ဒီဂျာမန်ခွေးတွေကို ဂရုဏာသက်နေတာပေါ့ ဟုတ်လားပေါ့။ Russmussen က ခပ်တင်းတင်းပဲ ပြန်ပြောခဲ့တယ်။ သူတို့က ကလေးလေးတွေပါကွာတဲ့။
အဲ့ဒီအဖြစ်အပျက်နောက်မှာ ဂျာမန်အကျဉ်းသားလေးတွေဟာ သူတို့ကို အုပ်ချုပ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးနဲ့ အတော်အဆင်ပြေလာကြပါတယ်။
မိုင်းတွေဆက်တူးကြတယ်။ အမြွှာညီအကို ၂ယောက်ဖြစ်တဲ့ Wernerနဲ့ Ernst ဆိုတဲ့ ဂျာမန်ကောင်လေး၂ယောက်ဟာ မိုင်းတွေတူးရင်း သူတို့ အနာဂတ်အတွက်တိုင်ပင်ရင်းပေါ့။ ပြိုကျပျက်စီးနေတဲ့ ဂျာမနီပြေ ကိုပြန်ရောက်ရင် ပန်းရံလုပ်စားကြမယ်။ စစ်ကြီးကြောင့် အရာရာဟာ ပြန်လည်တည်ဆောက်ရမှာဆိုတော့ ပန်းရံလုပ်ငန်းက ထောမှာကွပေါ့။ အဲ့ဒီလိုစိတ်ကူးနဲ့ ပျော်နေကြစဉ်မှာပဲ Werner တစ်ယောက် မိုင်းအကြီးကြီးတစ်ခုကို အဖြုတ်မှာထပေါက်ပီး ပျောက်သွားတယ်။ တစ်စစီဖြစ်ပီး ရှာလို့မတွေ့တော့ပါ။ Ernst ဟာ အရူးတစ်ယောက်လို အော်ဟစ်ပီး Werner ကို လိုက်ရှာနေပါတယ်။ နောက်ပိုင်းမှာ Ernst ဟာ abnegation လို့ ခေါ်တဲ့ အရှိတရားကို ငြင်းဆန်တဲ့ စိတ်ဝေဒနာရသွားပီး သူ့အမြွှာညီအကို Werner သေသွားတာကို လက်မခံတဲ့ကောင်လေးဖြစ်သွားပါတယ်။
တနေ့မှာ သူတို့ စခန်းနား ယာတောအိမ်က ဒိန်း အမျိုးသမီးရဲ့ သမီးလေးပျောက်သွားပါတယ်။
လိုက်ရှာတော့ မိုင်းကွင်းရဲ့ အလယ်မှာ အရုပ်ကလေးနဲ့ဆော့နေတာသွားတွေ့ပါတယ်။ ဒိန်းအမျိုးသမီးဟာ သူမ အင်မတန်မုန်းတဲ့ ဂျာမန်ကောင်လေးတွေဆီအပြေးလာပီး အကူအညီတောင်းတဲ့ အခါ အုပ်စုလိုက် ပြေးလိုက်သွားပီး မိုင်းကွင်းအလယ်က ကလေးမလေးကို ကယ်ဖို့ တစ်လက်မချင်း မိုင်းတွေကို စမ်းပီးသွားနေရပါတယ်။ တပ်ကြပ်ကြီး Russmussen က နောက်ကလိုက်လာပီး ရင်တမမနဲ့ ကလေးကိုကယ်ဖို့လုပ်နေတာကို ရပ်ကြည့်နေရပါတယ်။
အဲ့ဒီအချိန်မှာ Ernst ရောက်လာပီး မိုင်းကွင်းအလယ်ကို ခံစားချက်မဲ့မျက်နာနဲ့ မကြောက်မရွံ့ လေ ျှာက်သွားပီး ကလေးကို ပွေ့ခေါ်တယ်။
လာကယ်တဲ့လူတွေလက်ထဲ ကလေးကို ထည့်ပီးတာနဲ့ ချာကနဲ လှည့်ထွက်ပီး မိုင်းကွင်းထဲကို ဆက်လေ ျှာက်သွားပါတယ်။ သူငယ်ချင်းတွေရဲ့ ကြောက်လန့်တကြားအော်ဟစ်တားမြစ်တာကို ကြားဟန်မတူတော့ပါဘူး။ သူတို့နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ မှိုပွင့်ကြီးတစ်ခုပေါ်လာပီး Ernst ဆိုတဲ့ ဂျာမန်ကောင်လေးပျောက်ကွယ်သွားပါတယ်။ ဂျာမနီမှာ ကျန်ခဲ့တဲ့ မိဘတွေဟာ သေသည်ရှင်သည်မသိပါ။ တွယ်တာရာ အမြွှာညီအကိုဖြစ်သူဟာ သေဆုံးခဲ့ပီးပါပီ။ ယခုအခါ တွယ်တာရာလို့ ဘာမှမကျန် အနာဂတ်ရယ်လို့ တွေးဆနိုင်စွမ်းမရှိတော့တဲ့ ဆယ်ကျော်သက် ဂျာမန်စစ်သားပိန်ပိန်လေးဟာ မိုင်းကွင်းထဲ
ဖြတ်လေ ျှာက်ပီး အသေခံသွားခဲ့ပါတယ်။
စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာအဖြစ်အပျက်တွေနောက်မှာ ကျန်ခဲ့တဲ့ ဂျာမန်စစ်သားလေးတွေနဲ့ သူတို့ကိုအုပ်ချုပ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးဟာ မိုင်းတွေအဆက်မပြတ်ဖော်နိုင်ခဲ့ပါတယ်။
တနေ့မှာ သူတို့တူးဖော်ထားတဲ့ မြေမြုပ်မိုင်းတွေ ရာထောင်ချီပီး ထရပ်ကားတစ်ခုပေါ်တင်နေကြပါတယ်။
ချာတိတ်လေးတွေဟာ စိတ်ကူးယဉ်နေကြပါတယ်။ ဘာလင်ကိုပြန်ရောက်ရင် အမဲသားနဲ့အာလူးဟင်း ငါ့အမေချက်တာ စားရတော့မယ်။ ဘီယာသောက်ရတော့မယ်။ ရည်းစားလည်းထားဦးမယ်ပေါ့။ သူတို့ ပြုံးပျော်ရွှင်စွာ တိုင်ပင်နေတုံးမှာပဲ။ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ မြေပြင်ဟာ သိမ့်သိမ့်တုန်သွားပါတယ်။ တပ်ကြပ်ကြီး Russmussen နဲ့ မိုင်းဖော်နေတဲ့ ဂျာမန်ကောင်လေး၄ယောက် အပြေးအလွှားသွားကြည့်တော့ မဲနက်နေတဲ့ မြေပြင်ကြီးသာ ကျန်ခဲ့ပါတယ်။ သူတို့ သူငယ်ချင်းတွေ ထပ်မံပျောက်ဆုံးခဲ့ရပါပီ။ စနက်တံမပြုတ်တဲ့ မိုင်းတစ်လုံးက အစပြုပီး ရာထောင်ချီတဲ့ မိုင်းတွေထကွဲသွားဟန်တူပါတယ်။
လူ၁၄ယောက်နဲ့အစပြုခဲ့တဲ့ သူတို့ အုပ်စုလေးဟာ နောက်ဆုံးမှာ Sebastian,Ludwig,Helmut,Rodolf ဆိုတဲ့ ဂျာမန်ကောင်လေး ၄ယောက်သာကျန်ပါတော့တယ်။
မြေမြုပ်မိုင်းတွေဖော်ပီးတဲ့ အချိန်မှာ ဂတိ၀တ်အတိုင်း ဂျာမနီကို ပြန်ပို့မယ်ဆိုတာကို ဒိန်းမတ် စစ်တပ်က မလုပ်ပေးပါဘူး။
နောက်ထပ် မိုင်းတွေထပ်ဖော်ဖို့ အခြားကမ်းခြေတစ်ခုကို ကျန်ရစ်တဲ့ ဂျာမန်စစ်သားလေး ၄ယောက်ကို ပို့ပစ်လိုက်ပါတယ်။
ချာတိတ်တွေကို သံယောဇဉ်တွယ်တာနေပီဖြစ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးRussmussen ဟာ သူအထက်အရာရှိနဲ့ ထိပ်တိုက်တွေ့ပါတယ်။
ကလေးတွေကို ဂျာမနီပြန်ပို့ပေးဖို့တောင်းဆိုပါတယ်။
မရပါ။
ဂျာမန်တွေဟာ သူတို့ အပြစ်တွေကိုပေးဆပ်ရမယ်။ ဒီမိုင်းတွေကို ရှင်းရမယ်။ ဒါအထက်အမိန့်ပဲလို့ အငြင်းဆန်ခံရပါတယ်။
Russmussen က အော်ဟစ်တယ်။
သူတို့က ကလေးတွေကွ အပြစ်မဲ့တဲ့ကလေးတွေ မင်းတို့မတရားမလုပ်နဲ့ ပေါ့
ဒါပေမယ့် မအောင်မြင်ပါဘူး။
မြေမြုပ်မိုင်းတွေ အပြည့်နဲ့ နောက်ထပ်ကမ်းခြေတစ်ခုမှာ ဂျာမန်အကျဉ်းသားတွေ ရပ်နေကြတယ်။
မိုးတွေခိုက်ခိုက်တုန်အောင်ရွာလို့။
အဲ့ဒီမှာ ဒိန်းမတ်စစ်တပ်အမိန့်နဲ့ ဂျာမန်အကျဉ်းသားတွေကို ရွှေ့ပြောင်းဖို့ အကြောင်းကြားစာရောက်လာတယ်။
Sebastian
Ludwig
Helmut
Rodolf
အဲ့ဒီ၄ယောက်ကို ရွေးထုတ်ပီး တာလပတ်အုပ်ထားတဲ့ ထရပ်ကားပေါ်တက်စေတယ်။
ထရပ်ကားမောင်းထွက်တယ်။
အတန်ကြာတဲ့ အခါ တောစပ်တစ်ခုနားရောက်တယ်။
တာလဘတ်ဖွင့်ပီး ဆင်းခိုင်းတဲ့ အခါ သူတို့ရဲ့ ဒိန်းမတ်တပ်ကြပ်ကြီး Russmussen ဖြစ်နေကြောင်း ဂျာမန်စစ်သားလေးတွေတွေ့ရတယ်။
ဟိုးမှာတွေ့လား မီတာ၅၀၀လောက်ဝေးတယ်။
မင်းတို့ ပြေးကြပေတော့။
ဟိုဖက်က ဂျာမနီပဲ။
အိမ်ပြန်ကြတော့ ကောင်လေးတွေ.. တဲ့။
ဂျာမန်ချာတိတ်လေးတွေက ကြောင်ငေးနေကြတယ်။
ဒိန်းမတ်တပ်ကြပ်ကြီးက အော်ဟစ်တယ်။
ဘာလုပ်နေတာလဲ ပြေးကြတော့လေတဲ့။
ကောင်လေးတွေပြေးတယ်။
ပြေးရင်း နောက်ပြန်လှည့်ကြည့်တယ်။
မျက်ရည်တွေကြားထဲမှာ တခါက သူတို့ကို အင်မတန်မုန်းတီးတဲ့ ဒိန်းမတ် တပ်ကြပ်ကြီးဟာ ငေးရင်းကျန်ရစ်ခဲ့ရှာတယ်။
ရုပ်ရှင်ဇာတ်လမ်းက ဒါပါပဲ။
ဟားလီးဝုဒ် ရုပ်ရှင်တွေထဲက the Good & the Evil (နာဇီဂျာမန်တွေဟာ ထာ၀ရဆိုးယုတ်ပီး မဟာမိတ်တွေဟာ လူကောင်းတွေ) ဆိုတာမျိုးကနေ ကွဲထွက်နေတယ်။
လူသားဝါဒကို မီးမောင်းထိုးပြထားတယ်။ ကြင်နာသနားတတ်မှု၊တွယ်တာမှု၊ပျောက်ဆုံးမှု၊စစ်ရဲ့ ဆိုးယုတ်မှုကြောင့် ဓားစားခံဖြစ်ရရှာတဲ့ကလေးတွေ အစရှိသဖြင့် ရင်နင့်စရာကောင်းတဲ့ လောကီထုပ္ဗတ္တကို ပြထားတယ်။
ရုပ်ရှင်မပြပီ အဖွင့်စကားပြောတဲ့ ဒိန်းမတ် (သံအရာရှိထင်တာပဲ) လူကြီးရဲ့မိန့်ခွန်းက တန်ဖိုးရှိလွန်းလှတယ်။
သမိုင်းကနေ ကျနော်တို့ သင်ယူရမယ်တဲ့။
ယဉ်ကျေးတဲ့လူတွေဟာ ဆိုးယုတ်တဲ့ အတိတ်သမိုင်းတွေကို မဖုံးကွယ်ထားဘူး။ ငါတို့ချည့်ပဲ မှန်ခဲ့တယ်လို့မပြောဘူး။
ခဏခဏပြန်လှစ်ဟပြပီး ငါတို့ နောက်ထပ် အဖြစ်မခံနိုင်ဘူးဆိုပီး နောက်မျိုးဆက်တွေကို သွန်သင်တယ်။
ဒါပါပဲ။
ဥရောပ ရုပ်ရှင်ပွဲတော်ဟာ မပီးသေးပါဘူး။
ခင်ဗျားမှာ အချိန်၂နာရီလောက်ရနိုင်မယ်ဆိုရင် ဒိန်းမတ် ဒါရိုက်တာ Martin Zandvliet ရိုက်တဲ့ Land of Mine(Under sandet) ဆိုတဲ့ ဂျာမန်စကားပြော အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်ဇာတ်ကားကို သွားရောက်ခံစားကြည့်ပါလို့ အကြံပေးချင်ပါတယ်။
ခင်ဗျားလူဖြစ်ရတာတန်ချင်တယ်ဆိုရင်ပေါ့လေ ။

  • Copy , Credit ပါ ။
    *ကျနော်ဟာ ဒီစာကိုဖတ်မိပြီးတဲ့အချိန်မှာ ခင်ဗျားတို့လည်း ဖတ်စေချင်တဲ့စိတ်က အငမ်းမရ ဖြစ်လာခဲ့ရတာကြောင့်ပဲ မူရင်း စာရေးသူဆီက ခွင့်တောင်း၊ပြန်ကူးပြီး တင်ပေးလိုက်တာပါ၊
    မူရင်း စာရေးသူက ဖျန့်အုန်းလီးနဲ့ပဲ တင်ထားတာမို့၊ပြီးတော့ သူက သူ့နာမည်တပ်တာ မကြိုက်တာမို့ စာရေးသူရဲ့နာမည်ကို တပ်မထားတာပါ ။
    .
    .K D Aung Li Acc မှ ကူးယူမျှဝေသည်။

ကမ္ဘာကြီးအား လှုပ်နှိုးလိုက်သည့် တွန်အင်ဒရူး၏ အစီရင်ခံစာ

ကမ္ဘာကြီးအား လှုပ်နှိုးလိုက်သည့် တွန်အင်ဒရူး၏ အစီရင်ခံစာ

ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် တွန် အင်ဒရူး မှ လူ့အခွင့်အရေး ကောင်စီ ညီလာခံ သို့ တင်သွင်းသော အစီရင်ခံစာ တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ နှင့် သတ်ဖြတ်ခံရ၍ သေဆုံးနေမှုများအား ဟန့်တားနိုင်ရန် “လမ်းကြောင်းပြောင်းရန် လိုအပ်နေပြီ” ဟု အတိအလင်း ပြောဆိုလိုက်သည်။

သူ၏ တင်ပြချက်အား ကုလသမဂ္ဂ သတင်းဌာနမှ ထုတ်ပြန်ရာတွင် အောက်ပါ အတိုင်း ပါရှိခဲ့သည်။

ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် မှစ၍ အသတ်ခံရသူ ၁,၁၀၀ ကျော်၊ စိတ်ထင်တိုင်း ဖမ်းဆီးခံရသူ ၈,၀၀၀ ကျော် နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပေါင်း ၂၃၀,၀၀၀ ကျော် ရှိလာနေပြီ ဖြစ်သည်။

အဆိုပါ အစီရင်ခံစာ တွင် စစ်အာဏာသိမ်း အဖွဲ့အား သစ္စာခံ တပ်များက လမ်းပေါ်ထွက်လာသော ဆန္ဒပြ ပြည်သူများအား သတ်ဖြတ်ခဲ့ပုံ၊ အိမ်များထဲထိ ဝင်ရောက်၍ သတ်ဖြတ်ခဲ့သည်များ၊ ဖမ်းဆီးခံရပြီးနောက် ညှင်းပမ်းရိုက်နက်ခံရ၍ သေဆုံးခဲ့ရသည့် အကြောင်းများကို အသေးစိတ် ဖေါ်ပြခဲ့သည်။

သေဆုံးရသူ အများစုသည် ဗုံးကြဲတိုက်ခိုက်ခံရခြင်း၊ ပခုံးထမ်း လောင်ချာများနှင့် ပစ်ခတ်ခံရခြင်း၊ အော်တို မက်တစ် မောင်းပြန် သေနတ်များနှင့် တိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ အပြင်မှ ပိတ်ဆို့ကာ မီးလောင်တိုက်သွင်းခြင်း၊ အရပ်သားများကို လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ ချွေးတပ်ဆွဲခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့ကြသည်။

ကလေးသူငယ်များကိုပင် ချမ်းသာပေးခြင်းမရှိ
ဇူလိုင်လအထိ အသက် ၁၄ လ မှ ၁၇ နှစ် အရွယ်ရှိ ကလေး သူငယ်ပေါင်း အနည်းဆုံး ၇၅ ဦးသည် စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါ ကလေးများသည် ကားဖြင့်တိုက်သတ်ခံရခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ စစ်တပ်၏ လက်နက်ကြီး ကျည်များ ထိမှန်၍ သေဆုံးခဲ့ရသူများ ဖြစ်သည်။

ဖမ်းဆီးသွားသော ကလေးငယ်များကို နှိပ်စက်ညှင်းပမ်းခဲ့ကြပြန်ပြီး ထိုအထဲတွင် ကလေးငယ် နှစ်ဦး ဆိုလျှင် အစာရေစာ အငတ်ထားပြီး ခြေထောက်များကို မီးကင်ထားသော သံတုတ်များနှင့် ရိုက်နှက်ခဲ့သည်များကို ယုံကြည်လောက်သော သက်သေ အထောက်အထားများ ရရှိထားပြီ ဖြစ်သည်ဟုလည်း ပါရှိသည်။

နိုင်ငံသားများ၏ နိုင်ငံရေး နှင့် လူမှု အခွင့်အရေးအားလုံးကို စစ်ကောင်စီသည် စနစ်တကျ ဖျက်ဆီးပစ်နေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့်၊ တဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ ပိုင်း ထိန်းသိမ်းနိုင်ခွင့်၊တရားဥပဒေ အား အသုံးချပိုင်ခွင့်၊ လွတ်လပ်စွာ သတင်း ထုတ်ပြန်ခွင့်များ အားလုံး ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။

နည်းဗျူဟာသစ် ကျင့်သုံးလာခြင်း
နောက်ပိုင်းတွင် စစ်ကောင်စီသည် မိသားစု ဝင်အားလုံးတို့ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်း၊ အပြစ်ဒဏ်ခတ် ခြင်း အစရှိသည် နည်းလမ်းများကို ပို၍ အသုံးပြုလာနေပြီ ဖြစ်သည်။ ၎င်းတို့ ဖမ်းဝရမ်းထုတ် ခံထားရ သူများ အား ရှာမ‌ တွေ့ပါက ကျန် မိသားစု ဝင်များကို ဖမ်းဆီးသွားခြင်းမျိုး ဖြစ်သည်။

ထိုသို့သော နည်းဗျူဟာ ဖြင့် ဖမ်းဆီးခံနေရသူ ပေါင်း ၁၇၇ ဦး ရှိနေပြီး ထိုအထဲတွင် လ ၂၀ သာ ရှိသေးသည့် ကလေးငယ် ပင် ပါဝင်နေသည့် သက်သေ အထောက်အထားများ ရှိထားပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

အန္တရာယ် ကျရောက်နေသော ရိုဟင်ဂျာများ
စစ်ကောင်စီသည် ရိုဟင်ဂျာ များ အား အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခြားသော အခြေခံ အခွင့်အရေးအားလုံး ကို ပိတ်ပင်ထားခဲ့သည်။

၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ များ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့သည့် စစ်တိုင်းမှူးများသည် ယခုအခါ တွင် စစ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်လာနေသည်။ ထို့အတွက် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် အဖို့ အန္တရာယ် များ ကြုံ လာနေရပြီ ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု ပျက်စီးယိုယွင်းသွားခြင်း
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တခု လုံးသည် စစ်ကောင်စီ ၏ တိုက်ခိုက်ခံခဲ့ရသဖြင့် လူတဦးချင်းစီ၏ ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်များသည် ထိခိုက်ပျက်စီးသွားခဲ့လေသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး ကို ဦးဆောင်နေသူ အများစု သည် ကျန်းမာရေးဖက်မှ ဖြစ်သဖြင့် ထိုသူ တို့အား လက်တုံ့ပြန်သည့် အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျှက် ရှိနေ သည်။

ယာယီ ဆေးခန်းများ ဖွင့်ကာ စေတနာ ဝန်ထမ်း ကုသပေးနေသော ဆရာဝန်များ ရှိရာသို့ ဝင်ရောက်စီးနင်းကာ ဆေးဝါးများ၊ ကုသရေး ပစ္စည်းကိရိယာများ အား ဖျက်ဆီး သိမ်းဆည်းသွားကြသည့်အပြင် သူတို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်များက မိမိအား တိုင်တန်း အသိပေးခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံခဲ့ရမှုများသည် ဖေဖေါ်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အတွင်း အကြိမ်ပေါင်း ၂၆၀ ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၆၀၀ ခန့်လည်း ဖမ်းဝရမ်းထုတ်ထား၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အများစုသည် အန္တရာယ်များကြားမှ လူနာများကို လျို့ဝှက်စွာ ကုသပေးနေရသည်ဟု ပါရှိခဲ့သည်။

သပိတ်မှောက်ကြရန်
နိုင်ငံတကာရှိ အစိုးရများ အနေဖြင့် မြန်မာပြည်သူများ၏ စစ်ကောင်စီ အား သပိတ်မှောက်နေမှုများကို ထောက်ခံသည့် အနေဖြင့် စုပေါင်းညှိနှိုင်းကာ စီးပွားရေး အရ ပိုမို ပြင်းထန်စွာ ဖိအားပေးခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင် ခြင်းတို့ဖြင့် တုန့်ပြန်ကြပါရန် တိုက်တွန်းခဲ့ပြန်သည်။

နိုင်ငံတွင်းရှိ လူထု လူတန်းစား အလွှာအသီးသီးက စစ်ကောင်စီအား ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လျှက် ရှိနေသည်။ ထိုအထဲတွင် စစ်တပ်ပိုင် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ဘဲ နေခြင်း၊ လျှပ်စစ်ဓါတ်အားခများ မပေးဆောင်ခြင်းတို့ ပါဝင်သည်။

ထို့အတွက် စစ်ကောင်စီ အဖို့ ဝင်‌ငွေ ဒေါ်လာ တစ် ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရသည်ဟု ခန့်မှန်းရသည်။

မစ္စတာ အင်ဒရူးက နိုင်ငံ အနှံ့အပြားတွင် အရပ်သားများက “ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ဖွဲ့စည်း လာကြပြီး အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း စစ်ကောင်စီ နှင့် ၎င်း၏ သစ္စာခံ တပ်များအပေါ် “ခုခံ တွန်းလှန်စစ်” ကို ဆင်နွှဲမည်ဟု ကြေညာခဲ့သည်များကို မီးမောင်းထိုးပြ ပြောဆိုသွားခဲ့ပြန်သည်။

“ကျေးရွာ များ နှင့် မြို့ပြများအပေါ် မဆင်မခြင် ပစ်ခတ် တိုက်ခိုက်နေမှု” များကို လက်တုန့်ပြန်သည့်အနေဖြင့် လုပ်သေနတ်များကို အားကိုးပြီး ချုံခို တိုက်ခိုက်ခြင်း နှင့် ကာကွယ် ဟန့်တား တိုက်ခိုက်ခြင်းများ ဖြင့် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စစ်တပ်များထဲတွင် တခု အပါအဝင် ဖြစ်သောစစ်ကောင်စီတပ်များကို ခုခံတွန်း လှန်လျှက် ရှိနေကြသည်။

စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် အနည်းဆုံး လူ သုံးသန်း ခန့် အတွက် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ခိုင်မာ ပြတ်သားစွာ တာဝန်ယူမှု
ထိုသို့ သေရေး ရှင်ရေး တမျှ အရေးတကြီး အကူအညီများကို လိုအပ်နေသူများထံ ‌ပေးပို့ထောက်ပံ့ နိုင်ရေး အတွက် နိုင်ငံတကာက အခိုင်အမာ တာဝန်ခံရမည် ဖြစ်သည်။ လောလောဆယ် တွင် ထိုသို့ လိုအပ်နေသူများကို အကူအညီများ‌ ပေးနေသည့် နိုင်ငံအတွင်းရှိ မြို့ပြ အဖွဲ့အစည်းများအားလည်း ထောက်ပံ့ပေးသင့်သည်။

၂၀၂၁ မြန်မာပြည်အား လူသားချင်း စာနာသည့် အကူအညီများ ပေးရေး စီမံချက်အတွက် လိုအပ်နေသည့် ရံပုံငွေ စုစုပေါင်း၏ ၄၆% သာ ကောက်ခံရရှိနေဆဲ ဖြစ်၍ ယခုထက် ပိုမို ထည့်ဝင်ကြဖို့ လိုအပ်နေကြောင်းထောက် ပြသွားခဲ့သည်။

ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် တွန် အင်ဒရူ
” လူ့အခွင့်အရေး ၏ အသံ၊ ကုလ ၏ အသိစိတ်များဖြင့် ပိတ်ဆို့ခံနေရရှာသော မြန်မာ ပြည်သူများ အတွက် “ထုတ်ဖေါ် ပြောဆို ပေးကြပါရန်” လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို မစ္စတာ အင်ဒရူးက တောင်းဆိုခဲ့သည်။

ယခုအခါ နိုင်ငံတကာ၏ ဟန်ချက်ညီညီ အခိုင်အမာ ပြစ်မှတ်ထား အရေးယူလာမှုကို မြန်မာပြည်သူ တို့အတွက် ယခင့် ယခင် အချိန်များထက် ပို၍ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု တင်ပြသွားခဲ့သည်။

တွန် အင်ဒရူး၏ အစီရင်ခံစာ ကို အခြေခံပြီး မြန်မာ စစ်ခေါင်းဆောင်များသည် လူ့အခွင့်အရေး များကို အကြီး အကျယ် ချိုးဖောက်နေပြီ ဖြစ်သောကြောင့် နယူးယောက်တွင် သံအမတ် အဖြစ် မည်သူ့ကို ရွေးချယ် ရမည် နည်းဟု နဝေတိမ် တောင် ဖြစ်နေသော ကုလ အဖွဲဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌ က ပြတ်သားစွာ အသိပေးလိုက်ပြီ ဖြစ်သည်။

တော်လှန်‌ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

အာဏာလုယူကထည်းက မြန်ပြည်ရဲ့ အံ့သြဘွယ်(၁၁)ပါးThe 11 Wonders of Burma Since 1st Feb. Coup

Dr David Law

Dr David Law USA

အာဏာလုယူကထည်းက မြန်ပြည်ရဲ့ အံ့သြဘွယ်(၁၁)ပါး
The 11 Wonders of Burma Since 1st Feb. Coup.

ပိုကောင်းအောင်ရေးနိုင်သူများရေးကြပါလေ please rewrite this more effectively if you can.
Credit to Dr. KoKoGyi(Mandalay/Malaysia) for the ideas.

၁ ယတြာယုံပြီးယီးတီးယားတားကျင့်ကြံတတ်တဲ့စခ ဗ်ို စုတ် မူး “ရီး”! ဥပမာ, ဝစီပိတ် ကသခေါမပြောပြီး ခေါင်းပစ်/ခေတ်ပြောင်း ခိုင်း ခြင်း
1Unarmed civilian protesters are “shot in the heads”(gaungg: pyit) by orders of a fake monk to the coup leader’s wife to “change the era”(khit pyaungg:) into dictatorship, ie, Yaddyar occult, and astrology are used by superstitious junta leaders.
၂လူတွေဖမ်း,ညှင်းစဲသတ်ဖြတ်, အရေးယူမရ, အလောင်းပြန်ရဘို့တက်ကြေးပေး, အတွင်းကလီစာရောင်းစား,(နတ်ဆိုးတွေစီပူဇော်ပ,သ ဘို့ လား?)
2 Many detainees died from torture in custody but no action taken; their bodies are released only after giving ransom money; their organs are removed for sale or for( occult offerings ?)
၄ စခ,ရခတွေ ရာမဆေး ကျွေး , ရိုက်နှက်, သတ်ဖြတ်, မီးရှို့ ဗုံးဖေါက်,ဓါးပြတိုက်, မုဒိန်းကျင့် ခိုး ခိုင်း ခြင်း
3soldiers and police are fed methamphetamine and encouraged to beat, kill, burn, bomb, rob, rape, and steal.
၄ မြဝတီMWDထံမှ Mမုသာ Wဝါ Dဒ ထုတ်လွှင့်ပြီးစစ်သားတွေအပြင်ပေးမထွက်ဒီသတင်းတွေဘဲရိုက်သွင်း
4The junta regularly churns out FAKE NEWS on their ‘Military Information site named as Genuine news. Soldiers are confined to their barracks and only allowed to see this channel.
၅(၁၉၄၈)ကထဲကလက်နက်ကိုင်အဖွဲ့တရာကျော်, နွေဦးကစ PDF လည်းဘဲရာကျော်, ကမ္ဘာမှာအခုခေတ်အကြာဆုံးပြည်တွင်းစစ်
5MORE than 100 armed groups since 1948, and over 100 PDF People’s Defense Forces since 1 February in the longest modern civil war.
၆စစ်ဗိုလ်တွေအရေးယူလို့မရ, အငြိမ်းစားဗိုလ်တွေကအာဏာဆက်ကိုင်။ ချွတ်ယွင်းတဲ့ခြေဥကပါလီမန်၂၅%စစ်တပ်ကိုပေး, လူချစ်အများဆုံးပုဂ္ဂိုလ်အားသမ္မတလုပ်ခွင့်မပြု
6Military officers are given immunity from prosecution and retired generals wield power through a defective constitution that guarantees 25% parliamentary seats and specifically prohibits the most popular leader from becoming president.
၇ကလေးငယ်မွေးပေါက်တွေကို ပါလျှောက်ဖမ်းသတ်, မြန်မာတင်မက, တိုင်းရင်းသားအပါအဝင်
7Babies and children are arrested and many killed. Not just among Burmese but in ethnic groups
၈ဘုန်းကြီးတွေရိုက်ကြ, သတ်ကြ, ပြီးတော့ရိုဟင်ဂျာနဲ့မွတ်ဆလင်ဆန့်ကျင်ရေးအဓိကရုဏ်းထိုးဆွ ပြီး ဗုဒ္ဓမြန်မာတွေပြန်စည်းရုံး ။ ပြီးတော့ ထပ် မံ သတ်ကြဖြတ်ကြ။ ဒါလည်း ဘဲ အာစီယံက စခ ကို ထောက်ခံ စ မြဲ
8Buddhist monks are beaten and killed; then anti Rohingya, antiMuslims riots are instigated to gain favor back from Buddhists, and then Buddhist Burmese are again beaten and killed but ASEAN still keeps backing this junta.
၉ဘယ်လောက်ဘဲ ဗိုလ်ချုပ်တွေချမ်းသာ စရိုက်ပျက် ပါစေ, ဘယ်လောက်ဘဲရဲဘော်ဘ၀တွေဆင်းရဲအမုန်းခံရပါလေ့စေ, ဆက်လက်သစ္စာရှိသောရဲဘော်များ။ တိုက်ပွဲကျဆုံးတာ ကို စစ်ပြေးလို့ သတ် မှတ်ပြီး ကရုဏာကျေး မပေးခြင်း
9No matter how rich and corrupt the generals are, no matter how miserable and hated soldiers are, they are still faithful to the generals. Even when they are killed in battle, they are listed as deserters so the general’s son who owns the insurance company won’t have to pay.
၁ဝပြည်ထောင်စုကြီးပြိုကွဲမှာစိုးလွန်းတဲတပ်မတော်ရဲ့ရက်စက်မှုကြောင့်တခါမှမဖြစ်ဘူးတဲ့ လူမျိုးပေါင်းစုံ,ဘာသာပေါင်းစုံတသွေးတဲ,တသားထဲစည်းလုံးသွားကြပြီးကမ္ဘာမှာဗမာကိုဖျားသွားခြင်း ။
10The Burma Army that was always afraid of the Union of Burma breaking apart, through its cruelty, has unite all people of all religions and races to unite … against itself and amazed the world.
၁၁မျိုးချစ်မြန်မာဗုဒ္ဓဘာသာစစ်စစ်လို့ ပြောပြီးအမိမြန်ပြည်ကိုတရုတ်လက်ထဲထိုးအပ်။ ဘုရားရွှေငွေကို လည်း ခိုးကြတဲ့ ဗိုစုတ်ချီး များ
11the generals who say they are patriotic Buddhist Burmese and yet sold off Burma into the hands of red China. And don’t forget they stole all the gold and money from the pagodas.
It’s not easy to cram all their war crimes into 7 pictures and 7 wonders.

ကမ္ဘာကြီးအား လှုပ်နှိုးလိုက်သည့် တွန် အင်ဒရူး၏ အစီရင်ခံစ

ကမ္ဘာကြီးအား လှုပ်နှိုးလိုက်သည့် တွန် အင်ဒရူး၏ အစီရင်ခံစာ


ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် တွန် အင်ဒရူး မှ လူ့အခွင့်အရေး ကောင်စီ ညီလာခံ သို့ တင်သွင်းသော အစီရင်ခံစာ တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ နှင့် သတ်ဖြတ်ခံရ၍ သေဆုံးနေမှုများအား ဟန့်တားနိုင်ရန် “လမ်းကြောင်းပြောင်းရန် လိုအပ်နေပြီ” ဟု အတိအလင်း ပြောဆိုလိုက်သည်။
သူ၏ တင်ပြချက်အား ကုလသမဂ္ဂ သတင်းဌာနမှ ထုတ်ပြန်ရာတွင် အောက်ပါ အတိုင်း ပါရှိခဲ့သည်။
ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် မှစ၍ အသတ်ခံရသူ ၁,၁၀၀ ကျော်၊ စိတ်ထင်တိုင်း ဖမ်းဆီးခံရသူ ၈,၀၀၀ ကျော် နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပေါင်း ၂၃၀,၀၀၀ ကျော် ရှိလာနေပြီ ဖြစ်သည်။
အဆိုပါ အစီရင်ခံစာ တွင် စစ်အာဏာသိမ်း အဖွဲ့အား သစ္စာခံ တပ်များက လမ်းပေါ်ထွက်လာသော ဆန္ဒပြ ပြည်သူများအား သတ်ဖြတ်ခဲ့ပုံ၊ အိမ်များထဲထိ ဝင်ရောက်၍ သတ်ဖြတ်ခဲ့သည်များ၊ ဖမ်းဆီးခံရပြီးနောက် ညှင်းပမ်းရိုက်နက်ခံရ၍ သေဆုံးခဲ့ရသည့် အကြောင်းများကို အသေးစိတ် ဖေါ်ပြခဲ့သည်။
သေဆုံးရသူ အများစုသည် ဗုံးကြဲတိုက်ခိုက်ခံရခြင်း၊ ပခုံးထမ်း လောင်ချာများနှင့် ပစ်ခတ်ခံရခြင်း၊ အော်တို မက်တစ် မောင်းပြန် သေနတ်များနှင့် တိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ အပြင်မှ ပိတ်ဆို့ကာ မီးလောင်တိုက်သွင်းခြင်း၊ အရပ်သားများကို လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ ချွေးတပ်ဆွဲခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့ကြသည်။

ကလေးသူငယ်များကိုပင် ချမ်းသာပေးခြင်းမရှိ

ဇူလိုင်လအထိ အသက် ၁၄ လ မှ ၁၇ နှစ် အရွယ်ရှိ ကလေး သူငယ်ပေါင်း အနည်းဆုံး ၇၅ ဦးသည် စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
အဆိုပါ ကလေးများသည် ကားဖြင့်တိုက်သတ်ခံရခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ စစ်တပ်၏ လက်နက်ကြီး ကျည်များ ထိမှန်၍ သေဆုံးခဲ့ရသူများ ဖြစ်သည်။
ဖမ်းဆီးသွားသော ကလေးငယ်များကို နှိပ်စက်ညှင်းပမ်းခဲ့ကြပြန်ပြီး ထိုအထဲတွင် ကလေးငယ် နှစ်ဦး ဆိုလျှင် အစာရေစာ အငတ်ထားပြီး ခြေထောက်များကို မီးကင်ထားသော သံတုတ်များနှင့် ရိုက်နှက်ခဲ့သည်များကို ယုံကြည်လောက်သော သက်သေ အထောက်အထားများ ရရှိထားပြီ ဖြစ်သည်ဟုလည်း ပါရှိသည်။
နိုင်ငံသားများ၏ နိုင်ငံရေး နှင့် လူမှု အခွင့်အရေးအားလုံးကို စစ်ကောင်စီသည် စနစ်တကျ ဖျက်ဆီးပစ်နေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့်၊ တဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ ပိုင်း ထိန်းသိမ်းနိုင်ခွင့်၊တရားဥပဒေ အား အသုံးချပိုင်ခွင့်၊ လွတ်လပ်စွာ သတင်း ထုတ်ပြန်ခွင့်များ အားလုံး ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။

နည်းဗျူဟာသစ် ကျင့်သုံးလာခြင်း

နောက်ပိုင်းတွင် စစ်ကောင်စီသည် မိသားစု ဝင်အားလုံးတို့ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်း၊ အပြစ်ဒဏ်ခတ် ခြင်း အစရှိသည် နည်းလမ်းများကို ပို၍ အသုံးပြုလာနေပြီ ဖြစ်သည်။ ၎င်းတို့ ဖမ်းဝရမ်းထုတ် ခံထားရ သူများ အား ရှာမ‌ တွေ့ပါက ကျန် မိသားစု ဝင်များကို ဖမ်းဆီးသွားခြင်းမျိုး ဖြစ်သည်။
ထိုသို့သော နည်းဗျူဟာ ဖြင့် ဖမ်းဆီးခံနေရသူ ပေါင်း ၁၇၇ ဦး ရှိနေပြီး ထိုအထဲတွင် လ ၂၀ သာ ရှိသေးသည့် ကလေးငယ် ပင် ပါဝင်နေသည့် သက်သေ အထောက်အထားများ ရှိထားပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

အန္တရာယ် ကျရောက်နေသော ရိုဟင်ဂျာများ

စစ်ကောင်စီသည် ရိုဟင်ဂျာ များ အား အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခြားသော အခြေခံ အခွင့်အရေးအားလုံး ကို ပိတ်ပင်ထားခဲ့သည်။
၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ များ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့သည့် စစ်တိုင်းမှူးများသည် ယခုအခါ တွင် စစ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်လာနေသည်။ ထို့အတွက် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ
၆၀၀,၀၀၀ ခန့် အဖို့ အန္တရာယ် များ ကြုံ လာနေရပြီ ဖြစ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု ပျက်စီးယိုယွင်းသွားခြင်း

ကျန်းမာရေး စောင့်ရှောက်မှု စနစ်တခု လုံးသည် စစ်ကောင်စီ ၏ တိုက်ခိုက်ခံခဲ့ရသဖြင့် လူတဦးချင်းစီ၏ ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်များသည် ထိခိုက်ပျက်စီးသွားခဲ့လေသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေး ကို ဦးဆောင်နေသူ အများစု သည် ကျန်းမာရေးဖက်မှ ဖြစ်သဖြင့် ထိုသူ တို့အား လက်တုံ့ပြန်သည့် အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျှက် ရှိနေ သည်။
ယာယီ ဆေးခန်းများ ဖွင့်ကာ စေတနာ ဝန်ထမ်း ကုသပေးနေသော ဆရာဝန်များ ရှိရာသို့ ဝင်ရောက်စီးနင်းကာ ဆေးဝါးများ၊ ကုသရေး ပစ္စည်းကိရိယာများ အား ဖျက်ဆီး သိမ်းဆည်းသွားကြသည့်အပြင် သူတို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်များက မိမိအား တိုင်တန်း အသိပေးခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ခံခဲ့ရမှုများသည် ဖေဖေါ်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အတွင်း အကြိမ်ပေါင်း ၂၆၀ ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၆၀၀ ခန့်လည်း ဖမ်းဝရမ်းထုတ်ထား၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အများစုသည် အန္တရာယ်များကြားမှ လူနာများကို လျို့ဝှက်စွာ ကုသပေးနေရသည်ဟု ပါရှိခဲ့သည်။

သပိတ်မှောက်ကြရန်

နိုင်ငံတကာရှိ အစိုးရများ အနေဖြင့် မြန်မာပြည်သူများ၏ စစ်ကောင်စီ အား သပိတ်မှောက်နေမှုများကို ထောက်ခံသည့် အနေဖြင့် စုပေါင်းညှိနှိုင်းကာ စီးပွားရေး အရ ပိုမို ပြင်းထန်စွာ ဖိအားပေးခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင် ခြင်းတို့ဖြင့် တုန့်ပြန်ကြပါရန် တိုက်တွန်းခဲ့ပြန်သည်။
နိုင်ငံတွင်းရှိ လူထု လူတန်းစား အလွှာအသီးသီးက စစ်ကောင်စီအား ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လျှက် ရှိနေသည်။ ထိုအထဲတွင် စစ်တပ်ပိုင် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ဘဲ နေခြင်း၊ လျှပ်စစ်ဓါတ်အားခများ မပေးဆောင်ခြင်းတို့ ပါဝင်သည်။
ထို့အတွက် စစ်ကောင်စီ အဖို့ ဝင်‌ငွေ ဒေါ်လာ တစ် ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရသည်ဟု ခန့်မှန်းရသည်။
မစ္စတာ အင်ဒရူးက နိုင်ငံ အနှံ့အပြားတွင် အရပ်သားများက “ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ဖွဲ့စည်း လာကြပြီး အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း စစ်ကောင်စီ နှင့် ၎င်း၏ သစ္စာခံ တပ်များအပေါ် “ခုခံ တွန်းလှန်စစ်” ကို ဆင်နွှဲမည်ဟု ကြေညာခဲ့သည်များကို မီးမောင်းထိုးပြ ပြောဆိုသွားခဲ့ပြန်သည်။
“ကျေးရွာ များ နှင့် မြို့ပြများအပေါ် မဆင်မခြင် ပစ်ခတ် တိုက်ခိုက်နေမှု” များကို လက်တုန့်ပြန်သည့်အနေဖြင့် လုပ်သေနတ်များကို အားကိုးပြီး ချုံခို တိုက်ခိုက်ခြင်း နှင့် ကာကွယ် ဟန့်တား တိုက်ခိုက်ခြင်းများ ဖြင့် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စစ်တပ်များထဲတွင် တခု အပါအဝင် ဖြစ်သောစစ်ကောင်စီတပ်များကို ခုခံတွန်း လှန်လျှက် ရှိနေကြသည်။
စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် အနည်းဆုံး လူ သုံးသန်း ခန့် အတွက် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ခိုင်မာ ပြတ်သားစွာ တာဝန်ယူမှု

ထိုသို့ သေရေး ရှင်ရေး တမျှ အရေးတကြီး အကူအညီများကို လိုအပ်နေသူများထံ ‌ပေးပို့ထောက်ပံ့ နိုင်ရေး အတွက် နိုင်ငံတကာက အခိုင်အမာ တာဝန်ခံရမည် ဖြစ်သည်။ လောလောဆယ် တွင် ထိုသို့ လိုအပ်နေသူများကို အကူအညီများ‌ ပေးနေသည့် နိုင်ငံအတွင်းရှိ မြို့ပြ အဖွဲ့အစည်းများအားလည်း ထောက်ပံ့ပေးသင့်သည်။ ၂၀၂၁ မြန်မာပြည်အား လူသားချင်း စာနာသည့် အကူအညီများ ပေးရေး စီမံချက်အတွက် လိုအပ်နေသည့် ရံပုံငွေ စုစုပေါင်း၏ ၄၆% သာ ကောက်ခံရရှိနေဆဲ ဖြစ်၍ ယခုထက် ပိုမို ထည့်ဝင်ကြဖို့ လိုအပ်နေကြောင်းထောက် ပြသွားခဲ့သည်။
” လူ့အခွင့်အရေး ၏ အသံ၊ ကုလ ၏ အသိစိတ်များဖြင့် ပိတ်ဆို့ခံနေရရှာသော မြန်မာ ပြည်သူများ အတွက် “ထုတ်ဖေါ် ပြောဆို ပေးကြပါရန်” လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို မစ္စတာ အင်ဒရူးက တောင်းဆိုခဲ့သည်။
ယခုအခါ နိုင်ငံတကာ၏ ဟန်ချက်ညီညီ အခိုင်အမာ ပြစ်မှတ်ထား အရေးယူလာမှုကို မြန်မာပြည်သူ တို့အတွက် ယခင့် ယခင် အချိန်များထက် ပို၍ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု တင်ပြသွားခဲ့သည်။
တွန် အင်ဒရူး၏ အစီရင်ခံစာ ကို အခြေခံပြီး မြန်မာ စစ်ခေါင်းဆောင်များသည် လူ့အခွင့်အရေး များကို အကြီး အကျယ် ချိုးဖောက်နေပြီ ဖြစ်သောကြောင့် နယူးယောက်တွင် သံအမတ် အဖြစ် မည်သူ့ကို ရွေးချယ် ရမည် နည်းဟု နဝေတိမ် တောင် ဖြစ်နေသော ကုလ အဖွဲဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌ က ပြတ်သားစွာ အသိပေးလိုက်ပြီ ဖြစ်သည်။
တော်လှန်‌ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Lets change 3’F’ into 5 ‘F’

Daw Aung San Suu Kyi, state counselor of the Republic of Myanmar, said at the reception of the Harvard Foundation’s Humanitarian Award that all the hatred originated in the fear.

Yes we need to fear the powerful or big or wild animals, human individuals, groups, races, religions, countries, organisations etc.

She had rightly given the example of hatred of snakes was based on fear of snakes. So what should we do? Kill all the snakes? Just think what happened in China few decades ago when they catch, killed and even ate numerous snakes. Because of uncontrollable rat population destroying the plants all the farmers faced with trouble.

Look that snake-fear from other view. Snake charmers overcome their fears and could earn their living off the snake shows. And don’t forget the Zoologists, Scientists, Medical Doctors and Veterinarians who had done extensive research on the snakes and invented the Anti-venom which could save numerous snake-bite victims.

In the history, human has domesticated the wild animals to work for them. Even the powerful wild elephants were subdued by human. Wild tigers, lions, bears etc were trained and used in circuses.

Yes…Once we are FEARED (FRIGHT or first ‘F’)…Adrenaline come out in our body and we are prepared for another 2 ‘F’: Flight (run away) or Fight back.

This 3 ‘F’ phenomenon is a popular acronym we learned in early years as the Medical Students.If we just narrowly based on these 3 ‘F’ phenomena, we could end up with another 4th. ‘F’ i.e. Failure. Whether we could run free and stayed whole life with fear or loss in fight or successfully fight back but survive with some injuries of the battle…the results could not be best.

But the number 5th ‘F’ could be the best…i.e. Friendship or made friend.

မုန်ယို နေတဲ့ ဆင်ဆိုးကို…ဝိုင်းဝန်း ထိန်းကျောင်းကြပါစို့

Maung Maung
September 25, 2014 နှစ် က.ရေးခဲ့မိတာလေးပါ…….

မုန်ယို နေတဲ့ ဆင်ဆိုးကို…ဝိုင်းဝန်း ထိန်းကျောင်းကြပါစို့………
ဒီကနေ့…ကျွန်တော်တို့နေထိုင်ကြတဲ့…ကမ္ဘာကြီးဟာ…ရွာကြီးတခုလို…ကျဉ်းမြောင်းလာတဲ့အချိန်မှာ…ဒီကမ္ဘာကြီးပေါ်မှာ…နေထိုင်ကြသူများဟာ…တဦးနဲ့တဦး…အပြန်အလှန်… နားလည်မှုတွေ…လေးစားမှုတွေ…ယုံကြည်မှုတွေ…တည်ဆောက်ကြပြီး…ချစ်ကြည်ရင်းနီးစွာနဲ့…ငြိမ်းငြိမ်းချမ်းချမ်း…အတူယှဉ်တွဲနေထိုင်ကြရင်း…သာယာအေးချမ်းတဲ့… ခေတ်သစ်ကမ္ဘာကြီးကို…တည်ဆောက်နေထိုင်ကြဖို့…မဖြစ်မနေ…လိုအပ်ပါတယ်…။
လူ့အဖွဲ့အစည်းတခုနဲ့တခု…လူမျိုးတမျိုးနဲ့တမျိုး…ဘာသာတရား တခုနဲ့တခု…တဦးရဲ့ သက်ဝင်ယုံကြည်မှု…အလေးအနက်ထားမှု…ခံယူမှု…ကိုးကွယ်မှု…ခံစားမှု တွေတင်မက …အင်အားတွေ…ဓလေ့စရိုက်တွေကို…နိုင်ငံတကာနဲ့ ချိန်ထိုး…ကြည့်မြင်တတ်ဖို့လို ပါတယ်…။
ဒီကနေ့…ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ…သုံးသပ်ပြောဆိုရမယ်ဆိုရင်… နိုင်ငံတနိုင်ငံအတွင်းမှာ…အတူတကွမှီတင်းနေထိုင်ကြတဲ့…လူမျိုးစုတိုင်း…လူမျိုးစုတိုင်း ဘာသာဝင်တိုင်း…ဘာသာဝင်တိုင်း…တို့ကို…တဦးနဲ့တဦး…သဟဇာတဖြစ်အောင်… အပြန်အလှန် လေးစား တန်ဘိုးထားတတ်လာအောင်…လေ့ကျင့်…ထိန်းကျောင်း.. ညွှန်ကြားပေးဖို့တာဝန်ဟာ…အဲ့ဒီနိုင်ငံကို…အုပ်ချုပ် မင်းလုပ်နေတဲ့…အစိုးရတိုင်း… အစိုးရတိုင်းမှာ…တာဝန်ရှိပါတယ်…။
ဘာသာရေးအကြီးအကဲများ…လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်များ…ပါတီခေါင်း ဆောင်များမှာလဲ…တာဝန်ရှိတာမှန်ပေမဲ့…အဓိကတာဝန်ရှိတဲ့သူကတော့…လက်ရှိ အုပ်ချုပ်နေတဲ့…အစိုးရပါဘဲ….။
အဲ့ဒီ…တာဝန်အရှိဆုံးဆိုတဲ့…အစိုးရရဲ့…တာဝန်ရှိမှုတွေကို…အကဲဖြတ်…သတိထား စောင့်ကြည့်နေဖို့အတွက်…တာဝန်ကတော့…နိုင်ငံတကာ…အဖွဲ့အစည်းတွေ…နိုင်ငံတကာ…အစိုးရအဖွဲ့တွေဘဲဖြစ်ပါတယ်….။
ဘာကြောင့်လဲဆိုတော့…အစိုးရတဖွဲ့ရဲ့…မှားယွင်းတဲ့…ကိုင်တွယ်ထိန်းကျောင်းတဲ့… နည်းစနစ်တွေကနေ…ဖြစ်ပေါ်လာတဲ့…ပြသနာတွေ…ကြီးထွားလာတဲ့အခါ…ပြည်တွင်း ပြသနာအဆင့်တင်မက…ဒေသတွင်းပြသနာ…အိမ်နီးချင်းနိုင်ငံတွေရဲ့ပြသနာ…အဲ့ဒီက နေ…ကမ္ဘာ့ပြသနာအဖြစ်…ကြီးထွားပြန့်ကားလာတတ်တဲ့…လက်တွေ့သာဓကတွေ… ရှိ နေလို့ပါဘဲ…။
အတိတ်က…အီရတ်နိုင်ငံရဲ့သမ္မတ ဆဒမ်ဟူစိန်ရဲ့ မှားယွင်းတဲ့…လုပ်ရပ်တွေကြောင့်… အီရန်…ကူဝိတ် နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ…စစ်မီးတောက်ခဲ့ရသလို…လက်ရှိ အီရတ်ရဲ့…အယ်လ်မာလီကီအစိုးရရဲ့မှားယွင်းတဲ့မူဝါဒတွေ…ဆီးရီးယားက ဘာရှား အစိုးရရဲ့ပြည်တွင်းရေးကိုမှားယွင်းပြီး…ရက်ရက်စက်စက်ဖြေရှင်းမှုတွေကနေ…ISIS ဆိုတဲ့အဖွဲ့ပေါ်ပေါက်လာရတယ်ဆိုတာ…ငြင်းပယ်လို့မရပါဘူး…။
ဒီကနေ့…အခြေအနေအရ… ISIS ပြသနာဟာ…အီရတ်တနိုင်ငံထဲနဲ့ဆိုင်တဲ့ပြသနာ မဟုတ်တော့သလို…ဆီးရီးယားတနိုင်ငံထဲနဲ့ဆိုင်တဲ့ပြသနာလဲ…မကတော့ပါဘူး…
တကမ္ဘာလုံးရဲ့ပြသနာဖြစ်လာနေပါပြီ….။
အစိုးရအဖွဲ့ တဖွဲ့….နှစ်ဖွဲ့ရဲ့ မှားယွင်းတဲ့…စီမံခန့်ခွဲ…အုပ်ချုပ်…နှိပ်ကွပ်မှုကနေ…ကမ္ဘာ ကို…မီးထလောင်စေတဲ့ပြသနာပါ….။
ကမ္ဘာကိုပြန့်သွားနိုင်စေတဲ့သက်သေအဖြစ်…မြင်ရတာကတော့…ဂျာနယ်လစ်ကို..ခေါင်း ဖြတ်သတ်ဖြတ်လိုက်တဲ့သူဟာ…အင်္ဂလန်နိုင်ငံသားတယောက်ဖြစ်နေတာရယ်…သြစ တေးလျနိုင်ငံမှာ… ISIS အဖွဲ့ဝင်တွေ…အကူအညီပေးတဲ့သူတွေကို…ဖမ်းမိထားတာ ရယ်ကို…ကြည့်ရင်…သိနိုင်ပါတယ်…။
အဲ့ဒီတော့…ဒီလိုပြသနာတွေကိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်တဲ့…ဘာသာရေးပြသနာမျိုးကိုဖြစ်ပေါ်လာနိုင်စေတဲ့…လုပ်ရပ်တွေဖြစ်တဲ့…နိုင်ငံတနိုင်ငံမှာ…လုပ်ဆောင်လာပြီဆိုရင်…သက်ဆိုင်ရာနိုင်ငံအစိုးရတွေကို…ကမ္ဘာက…လက်ပိုက်ကြည့်မနေဘဲ…နိုင်ငံတကာအသိုင်းအဝိုင်းမှာ…ပြုပြင်…ထိန်းကျောင်း…တည့်မတ်ပေးဖို့…လိုပါတယ်…။
အုပ်ချုပ်သူအစိုးရ တရပ်ဟာ….လူသားမျိုးနွယ်တခုရဲ့…ယုံကြည်ကိုးကွယ်မှုတွေ… သဘောထားဆန္ဒတွေ…အသက်မွေးဝမ်းကျောင်းမှုတွေ…အသက်ရှင်နေထိုင်ရေး တွေကို ငြင်းပယ်လိုက်ခြင်း…အကာအကွယ်မပေးခြင်းဟာ…အဲ့ဒီလူမျိုးကို…အစွန်း ရောက်သွားအောင်…အကြမ်းဖက်သမားတွေဖြစ်လာအောင်…ကိုယ်တိုင် မျိုးစေ့ချလိုက် တာသာဖြစ်ပါတယ်….။
ဒီလိုဘဲ…ဖိနှိပ်ချုပ်ချယ်မှုတွေ…ရက်ရက်စက်စက်နဲ့ တဖက်သတ်အရေးယူ နှိပ်ကွပ်မှု တွေကြောင့်…အစွန်းရောက်သွားမှု…တော်လှန်ပုန်ကန်မှုဖြစ်ပေါ်လာခဲ့ရတဲ့ သက်သေ သာဓကတွေဟာ…ကမ္ဘာ.နေရာအနှံ့အပြားမှာ…အထင်အရှားရှိနေပြီးသားပါ…။
ဒါပေမဲ့…အတွေအခေါ်နုံနဲလှတဲ့…မြန်မာနိုင်ငံကအစိုးရကတော့…ဒီအခြေအနေတွေကို မြင်မိဟန်မတူပါဘူး…
မြန်မာနိုင်ငံက မြန်မာနိုင်ငံသား…အစ္စလာမ်ဘာသာဝင်တွေကို…ဘာသာရေး…လူမျိုးရေး…အစွန်း ရောက်လမ်းကြောင်းပေါ်ကို…မရောက်ရောက်အောင်…ဦးသိန်းစိန်အစိုးရက လုပ် ဆောင်လျက်ရှိနေပါတယ်…။
ဦးသိန်းစိန်အစိုးရက…သူလက်သပ်မွေးထားတဲ့…လက်ပါးစေ ဗိုလ်ချုပ်ဟောင်းတွေက တဆင့်…စွမ်းအားရှင်တွေ…မဘသတွေ…သာသနာ့နုဂ္ဂဟအသင်းတွေ…အမည်ခံ… အရေခြုံသံဃာတွေကို အသုံးချပြီး…အမုန်းတရားများကို ဟောကြားခြင်း…ထို..အမုန်း တရားဟောကြားချက်များကို…ပုံနှိပ်ဖြန့်ဝေခြင်း… Facebook ကဲ့သို့သော…အွန်လိုင်း များတွင်…အကောင့်အတု/အစစ်များဖြင့် ဖြန့်ဝေခြင်း…လူထုအတွင်း-အစ္စလာမ်ဘာသာ ဝင်များ နှင့် ဗုဒ္ဓဘာသာဝင်များအကြား…အမုန်းပွားအောင်စည်းရုံးခြင်း…အကြမ်းဖက် တိုက်ခိုက်ခြင်းတွေကို…စနစ်တကျလုပ်နေတဲ့အချိန်မှာ…ရဲတပ်ဖွဲ့ဝင်တွေနဲ့…တရားရုံး ဝန်ထမ်းများကလည်း…အစ္စလာမ်ဘာသာဝင်တွေကို…နည်းမျိုးစုံနဲ့ အမှုဆင်ဖမ်းဆီးခြင်း …ဥပဒေပုဒ်မမျိုးစုံတပ် အရေးယူခြင်း…ထောင်ချခြင်းတွေ…ပြုလုပ်နေပါတယ်…။
နိုင်ငံတော်သမ္မတအပါအဝင်…လူအများထောက်ခံမှုရရှိထားတဲ့…ဘုရားသားတော် အမည်ခံ…သံဃာအချို့ရဲ့…ပေါ်ပေါ်တင်တင်အမုန်းတရားဟောကြားနေမှုတွေ… အစ္စလာမ်ဘာသာနှင့် ဘာသာဝင်တွေအပေါ်…အခြေအမြစ်မရှိ…တိုက်ခိုက်စွတ်စွဲမှုတွေ …လူမှုရေး/စီးပွားရေး ခွဲခြားဆက်ဆံမှုတွေ…အသက်အိုးအိမ် စည်းစိမ်များကို တိုက်ခိုက် သတ်ဖြတ်…လုယက်မှုတွေ…ဝတ်ပြုရာဗလီကျောင်းတွေကို မီးရှို့ဖျက်ဆီးမှုတွေ… ပြစ်မှုကျူးလွန်နေသူတွေ…ကျူးလွန်ခဲ့သူတွေကို…ရဲတပ်ဖွဲ့က…အရေးမယူ…မတားဆီးဘဲ…မျက်နှာလွှဲနေမှုတွေ…ပြန်လည်ခုခံရန်ပြင်ဆင်မိသူ…အစ္စလာမ်ဘာသာဝင်တွေကို တော့…ပြင်းပြင်းထန်ထန်အရေးယူမှုတွေ…………….အစရှိတဲ့အပြုအမူတွေအားလုံးဟာ………………………………..
အေးချမ်းစွာနေလိုကြတဲ့….စိတ်သဘောထားနူးညံ့ပျော့ပြောင်းသူတွေကိုတောင်… မခံချင်စိတ်နဲ့…လက်တုန့်ပြန်မှုတွေ လုပ်ချင်လာအောင်…အစွန်းရောက်အတွေးအခေါ် တွေဖြစ်ပေါ်ကိန်းအောင်းလာအောင်…ဇွတ်အတင်း…တွန်းပို့နေသလို ဖြစ်နေပါတယ်….။
ဒီအခြေအနေကို…ဦးသိန်းစိန်အစိုးရ…သတိထားသင့်သလို…ဖြစ်လာသမျှအရေးအခင်းကိစ္စ…တဖက်သပ် အကြမ်းဖက်ခံရမှုတွေမှာ…မသိချင်ယောင်ဆောင်…မကြားချင် ယောင်ဆောင်…ကိုယ်နဲ့ မသက်ဆိုင်သလိုနေ နေကြတဲ့…မြန်မာပြည်သူလူထုတင်မက. …အာစီယံမိသားစုအဖွဲ့ဝင်နိုင်ငံက ပြည်သူတွေ…အစိုးရအဖွဲ့ဝင်တွေ…ကမ္ဘာ့နိုင်ငံအသီး သီးက ပြည်သူတွေ…အစိုးရတွေ…အထူး သတိထားသင့်တဲ့ကိစ္စပါ….။
ဘာကြောင့်လဲဆိုတော့…..
တနေ့တခြားဆိုးဝါးလာနေတဲ့…အခြေအနေတွေကြောင့်…မြန်မာနိုင်ငံက အစ္စလာမ်ဘာ သာဝင်တွေက…သည်းမခံနိုင်တော့လို့… အင်အားစုဖွဲ့…လက်တုန့်ပြန်…တော်လှန်လာ ပြီဆိုရင်…….
ဒီတော်လှန်မှုမှာ…ကမ္ဘာ့အနယ်နယ်အရပ်ရပ်က…အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုတွေလည်း…မလွဲမသွေရောက်လာမှာပါ….။
ဒီကနေ့…လက်ရှိအခြေအနေမှာဘဲကြည့်လေ…အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ကြေငြာချက်ထဲ မှာ…မြန်မာနိုင်ငံကို…တိုက်ရိုက်…ရည်ညွှန်းပြောဆိုလာတာတွေရှိနေတာ…အားလုံး အသိဘဲလေ….။
ပြည်တွင်းက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအကြားမှာလဲ…စိတ်သဘော ထားတင်းမာသူ…မခံချင်စိတ်ရှိသူများအကြားမှာ…မတရားမှုတွေကို…လက်တုန့်ပြန်လို တဲ့ အတွေးအခေါ်အယူအဆတွေ…ဖြစ်ပေါ်လာနေပြီဆိုတာ…သတိထားသင့်ပါတယ်…။
အကယ်၍များ…အခြေအနေ…အချိန်အခါတခုမှာ…ဒီမခံချင်စိတ်တွေ…အုံကြွပေါက်ကွဲလာမယ်ဆိုရင်……..
ဒီပြသနာမီးပွားဟာ….မြန်မာနိုင်ငံတနိုင်ငံထဲမှာတင်…ဖြစ်လာမှာမဟုတ်ပါဘူး….
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့…ထိုင်း…မလေးရှား…အင်ဒိုနီးရှား…အစရှိတဲ့ အာစီယံနိုင်ငံ တွေတင်မက…ဒေသတွင်းက ..နိုင်ငံတွေမှာပါ…ပြန့်နှံ့ရိုက်ခတ်မှုရှိနိုင်တဲ့… ပြသနာကြီး ပါ…။
အဲ့ဒီတော့….ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့…အစ္စလာမ်ဘာသာအပေါ်စော်ကားနေမှုများ…အစ္စလာမ်ဘာသာဝင်များကို…ဖိနှိပ်ချုပ်ချယ် ကန့်သတ် ရန်ရှာနေမှုများ…ဗလီ ဝတ်ကျောင်းတော်များကို ဖျက်ဆီးမီးရှို့ ပိတ်သိမ်းနေမှုများကို…ရပ်တန့်စေပြီး…
နိုင်ငံသားအချင်းချင်း…လူမျိုးတခုနှင့်တခု…ဘာသာတခုနှင့်တခု…ဂုဏ်သိက္ခာရှိစွာဖြင့်… အမျိုးသားရင်ကြားစေ့ရေး…သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး တို့အတွက်…နားလည်မှု …ယုံကြည်မှုပြန်လည်တည်ဆောက်ရေး လုပ်ငန်းများလုပ်ဆောင်လာဖို့အတွက်………
အသိတရားကင်းမဲ့တဲ့…မြန်မာစစ်အစိုးရကို…သွန်သင်ညွှန်ပြ…လမ်းမှန်ပို့ဖို့အတွက်… ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေမှာ…တာဝန်ရှိပါတယ်…အထူးသဖြင့်… အာစီယံခေါင်းဆောင်တွေမှာ….အထူးတာဝန်ရှိပါတယ်…။
အားလုံး…သတိပြုမိစေချင်တာက…မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ဦးရေဟာ မူလက အများထင်ထားသလောက်…အင်အားနဲနဲလေးမဟုတ်ပါဘူး….
ကနဦးရရှိထားတဲ့…သန်းခေါင်စာရင်းစာရင်းများအရ…လူဦးရေ စုစုပေါင်း သန်း ၅၀ကျော်ကျော်လေးရှိတဲ့ မြန်မာနိုင်ငံမှာ…နိုင်ငံသား…အစ္စလာမ်ဘာသာဝင်ဦးရေဟာ… ၁၀သန်းကနေ… ၁၅သန်းကြားမှာရှိနေပါတယ်ဆိုတာကိုပါ…။
အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ရေး ကဏ္ဍတွေမှာ…အလွန်အရေးပါနိုင်တဲ့…အင်အားတွေပါ…
အစွန်းတဖက်ကို…ရောက်သွားရင်လဲ…တော်တော်…အန္တရာယ်များတဲ့ အရေအတွက်ပါ.
(ခြိမ်းခြောက်နေတာမဟုတ်ပါဘူး…အမှန်တရားကို သိမြင်အောင်…ပြောပြတာပါ…)
အစွန်းရောက်မှုတွေကို…တိုက်ဖျက် ဟန့်တားဖို့ဆိုတာ…အစွန်းရောက်အောင်…တွန်းပို့ နေမှုများကိုလည်း…တိုက်ဖျက် ဟန့်တားကြဖို့ လိုပါတယ်…
အင်္ဂလန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကုလသမ္မဂ အထွေထွေညီလာခံကြီးမှာ ပြောကြားသွားတဲ့မိန့်ခွန်းထဲကလိုဘဲ… ဒီကနေ့…ကမ္ဘာပေါ်မှာ…ကွန်မြူနစ်စနစ်ကျဆုံး သွားခဲ့ရတာဟာ…ဘယ်လို အင်အားတွေနဲ့မှ…တိုက်ခိုက်သုတ်သင်ခံရလို့ မဟုတ်ပါဘူး …ဒီမိုကရေစီစနစ်မှာ..ကွန်မြူနစ်စနစ်က မနှိုင်းယှဉ်နိုင်တဲ့…ပိုမို ကောင်းမွန်တဲ့…အား သာ ချက်တွေကို မြင်တွေ့ ခံစားလာရလို့…လဲပြိုသွားတာသာဖြစ်ပါတယ်…။
အဲ့ဒီတော့…လူသားတစု…အစွန်းမရောက်ဖို့ရာအတွက်…အမျိုးသားရင်ကြားစေ့ရေးရှိရင် ရရှိခံစားရမဲ့…အားသာချက်တွေကို…ကောင်းသထက်ကောင်းအောင်…ဖန်တီးပေးရပါ မယ်…။
ဒီကနေ့မြန်မာနိုင်ငံမှာ…(နာဇီတွေ…ကေသုံးလုံး ဂိုဏ်းဝင်တွေလုပ်သလိုပုံစံမျိုး) မတရား မှုတွေလုပ်နေကြတဲ့…မဘသ တွေ…စွမ်းအားရှင်တွေ…သံဃာအတုအရောင်တွေ… သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့…သူတို့ကို အားပေး အားမြှောက်ပြုနေသူတွေကို…ဖယ်ရှား …အရေးယူ…ရှင်းလင်းပြစ်ရပါလိမ့်မယ်…။
မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေကို…လူမှုအသိုင်းအဝိုင်းထဲမှာ…ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ…တရားရုံးတွေမှာ…ကျောင်းတွေမှာ…တက္ကသိုလ်တွေမှာ… အကျဉ်းထောင်တွေထဲမှာ….အစရှိတဲ့နေရာတိုင်း…နေရာတိုင်းမှာ…ခွဲခြားဆက်ဆံမှု… နိုင့်ထက်စီးနင်းပြုမှု…တွေအားလုံးကို…လုံးဝ ရပ်တန့်ပြစ်ရပါလိမ့်မယ်…။
အစွန်းရောက်မှုမရှိတဲ့…နူးညံ့သိမ်မွေ့အေးချမ်းစွာနဲ့ နေလိုကြတဲ့ အစ္စလာမ်ဘာသာဝင် များကို အလေးအနက်ထား စည်းရုံးဆက်ဆံပြီး…သူတို့ကိုယ်တိုင်ပါဝင်တဲ့…အမျိုးသား ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးကို…ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်သွားကြဖို့…တာဝန်ပေး အပ်ရမှာပါ…။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို…ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့…ဂုဏ်သိက္ခာရှိတဲ့… အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးအဖြစ်တည်ဆောက်ရေး ကဏ္ဍပေါင်းစုံမှာ… ဗုဒ္ဓဘာသာဝင်များနဲ့တန်းတူ…ပါဝင်ခွင့်ရှိလာအောင်…ပါဝင်လာကြအောင်… အစ္စလာမ်ဘာသာဝင်များ…ခရစ်ယာန်ဘာသာဝင်များ…ဟိန္ဒူဘာသာဝင်များအပါအဝင် အခြား-အခြားသောဘာသာဝင်များရော…ဘာသာမဲ့များပါ….လူမျိုးမရွေး…ဘာသာမခွဲ ခြားဘဲ…လေးလေးစားစား…စည်းရုံးမှုများ….လုပ်ဆောင်သွားကြရမှာပါ…။
ဒီကနေ့ မလေးရှား နိုင်ငံမှာ ချမှတ် ကျွေးကြော် ကျင့်သုံးနေကြသလို “ SATU MALAYSIA “ ဆိုတာမျိုး “ ONE MYANMAR “ ဖြစ်လာအောင်…တိုင်းရင်းသားအားလုံး …နိုင်ငံသားအားလုံး…နိုင်ငံတော်ကို…ချစ်ချစ်ကြည်ကြည်နဲ့…အရာရာကို လက်တွဲ ဆောင်ရွက် သွားကြရမှာပါ…။
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ မှန်သမျှကို မြန်မာနိုင်ငံသားအားလုံးက ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရမှာပါ…။
မြန်မာနိုင်ငံမှာရှိတဲ့…စေတီ ဘုရား ပုထိုး ဆင်းတုတော်တွေဟာ…မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်သလို…မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဗလီတွေ…ချာချ်တွေ… ဟိန္ဒူ ဘုရာကျောင်း တွေ …အခြားဘာသာဝင်တွေရဲ့ အဆောက်အအုံတွေဟာလဲ… မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်တွေပါဘဲ…။
ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် စေတီပုထိုးတွေ…ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောက်ရှောက် ကာကွယ်ဖို့ မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေးမှာ တာဝန်ရှိသလို…မြန်မာနိုင်ငံအတွင်းမှာရှိတဲ့…ဗလီတွေ… ချာချ်တွေ…မန်ဇီလ်တွေ အစရှိတဲ့ ဘာသာရေးဆိုင်ရာတွေကို ထိန်းသိမ်း စောင့်ရှောက် ဖို့ဆိုတာဟာလဲ …မြန်မာနိုင်ငံသား အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်…။
မြန်မာနိုင်ငံမှာ အထက်ကတင်ပြခဲ့သလို…ကောင်းမွန်မြင့်မြတ်တဲ့ အမူအကျင့်တွေ… အလေ့အထတွေဟာ…ရှိခဲ့ပြီးသားဖြစ်တယ်ဆိုတာ….မြန်မာ့သမိုင်းကို မှန်မှန်ကန်ကန် သုံးသပ် လေ့လာကြည့်ရင်…အလွန်အင်မတန်…ထင်ထင်ရှားရှားတွေ့ရမှာပါ…။
ကောလဟလတွေနဲ့…လုပ်ကြံမှုတွေနဲ့…ပြည်သူတွေနားထဲကို..သတင်းမှားတွေ အဆက်မပြတ်ရိုက်သွင်း….
အကြောက်တရားတွေများလာတော့…အမုန်းတရားတွေဖြစ်လာအောင်သွေးဆောင်…
အမုန်းတရားတွေကနေတဆင့်…ခွဲခြားဆက်ဆံမှုတွေ…အကြမ်းဖက်မှုတွေဖန်တီး…
အကြမ်းဖက်မှုကနေ…အကျိုးဖျက်စီးမှုတွေ…သတ်ဖြတ်မှုတွေ…လုယက်မှုတွေဖြစ် အောင်လုပ်….
……ဒီအလုပ်တွေရဲ့…အကျိုးဆက်ဟာ…အလွန်အင်မတန်မှ ကြောက်စရာကောင်းတဲ့… အစွန်းရောက်မှုတွေ…လက်တုန့်ပြန်မှုတွေသာ ဖြစ်လာနိုင်တာကို ကမ္ဘာ့နိုင်ငံအသီးသီး က…သက်သေထင်ရှား…ပြခဲ့ပြီးပါပြီ….။
လေ့လာသင်ယူ…သင်္ခန်းစာယူတတ်ကြဖို့ဘဲ…လိုပါတယ်…။
အဲ့ဒီတော့….
မိမိအာဏာ လက်မလွှတ်ရရေးတခုထဲကိုသာ အဓိက အာရုံထားပြီး….
တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖျက်စီးနေတဲ့ လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ကို….
လမ်းမှန်ပေါ်ကို လျှောက်လှမ်းလာစေဖို့အတွက်…
ထိန်းကျောင်း ပဲ့ပြင်ပေးဖို့တာဝန်ဟာ…
မြန်မာနိုင်ငံပြည်သူများအပေါ်တင် တင်ရှိနေတာမဟုတ်ဘဲ…
ကမ္ဘာ့ပြည်သူတွေ…ကမ္ဘာ့ခေါင်းဆောင်တွေမှာပါ…တာဝန်ရှိတဲ့အကြောင်း…
(အာဏာ)မုန်ယိုနေတဲ့ ဆင်ဆိုး(မြန်မာအစိုးရ) ကို ဝိုင်းဝန်း ထိန်းကျောင်းကြပါစို့…လို့
တင်ပြလိုက်ပါတယ်…
မောင်မောင်
ရွှေကရဝိက်
၂၅-၉-၂၀၁၄

ဟိန္ဒူ ဘာသာဝင် ဦးရာဂူးကဒေသခံဟိန္ဒူဘာသာဝင်များအား ရိုဟင်ဂျာအဖြစ်ဟန်ဆောင်စေကာ ကိုယ်အိမ်ကိုယ်မီးရှိုးသည်ဟုသက်သေပြရအောင် ရိုဟင်ဂျာအိမ်များကို မီးရှိုးပစ်စေခဲ့သည် တဖန် မောင်းတောမြောက်ပိုင်း ရိုဟင်ဂျာများကို စစ်တပ်နှင့် ရခိုင်များပူးပေါင်းသတ်ဖြတ်ပြီး မြုတ်ထားခဲ့ရာက ပြန်လည်တူးဖေါ်ပြီဟိန္ဒူရွာသားတချို့ကိုစည်းရုံးပြီး ယင်းအလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပါကြောင်း ကမ္ဘာကိုလိမ်လည်စေခ်ိုင်းခဲ့လေသည်။


— ဤဟိန္ဒူ ဘာသာဝင် ဦးရာဂူးက ၂၀၁၇ ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှု လူမျိုးတုန်းကျူးလွန်နေစဉ် တရားခံများဘက်က အကာအကွယ်ပေးင်္ပြး ရိုဟင်ဂျာများအား ဆန်ကျင့်ခဲ့ကြ၏။ ဒေသခံဟိန္ဒူဘာသာဝင်များအား ရိုဟင်ဂျာအဖြစ်ဟန်ဆောင်စေကာ ကိုယ်အိမ်ကိုယ်မီးရှိုးသည်ဟုသက်သေပြရအောင် ရိုဟင်ဂျာအိမ်များကို မီးရှိုးပစ်စေခဲ့သည်။
— တဖန် မောင်းတောမြောက်ပိုင်း ရိုဟင်ဂျာများကို စစ်တပ်နှင့် ရခိုင်များပူးပေါင်းသတ်ဖြတ်ပြီး မြုတ်ထားခဲ့ရာက ပြန်လည်တူးဖေါ်ပြီဟိန္ဒူရွာသားတချို့ကိုစည်းရုံးပြီး ယင်းအလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပါကြောင်း ကမ္ဘာကိုလိမ်လည်စေခ်ိုင်းခဲ့လေသည်။

May be an image of 1 person and standing

မတရားမူဟူသမျှကို ကျွန်ုပ်တို့ ဆန်ကျင့်ပါ၏။ ဦးရာဂူးအား မတရားဖမ်းဆီးထားခြင်းကိုလည်း ကျွန်ုပ်ကန့်ကွက်ပါ၏။ ဤသို့ဖမ်းဆီးခံရခြင်းကြောင်း သူကျူးလွန်ခဲ့သော ဂျီနိုစိုဒ်းပြစ်မှုသည်ကား ပျောက်ကွယ်မေ့ပစ်သွားမည်မဟုတ်ပေ။

ဦးနေဝင်းလက်ထက် ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း

မိုး အာ ကာ

ဦးနေဝင်းလက်ထက် ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ ဖော်ပြ

စက်တင်ဘာ ၄၊ ၂၀၁၇ M-Media

  • ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေငြာနေပေမယ့် ၁၉၇၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်မှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတစ်ခုဖြစ်တဲ့ Dhaka Tribune က မနေ့မှာ ဖော်ပြလိုက်ပါတယ်။
    မြန်မာအစိုးရဟာ လူနည်းစု ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရအောင် စနစ်တကျ အကြမ်းဖက်နေကြောင်း၊ အေဒီ ၈ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ သမိုင်းနဲ့ချီတဲ့ ဆက်စပ်မှုကို ဖျောက်လိုတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို မသုံးဖို့အတွက် မြန်မာအစိုးရက တောင်းဆိုထားကြောင်း ဝဘ်ဆိုက်က ဆိုပါတယ်။
    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၇၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လျှို့ဝှက် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းမှာ တရားဝင်နေထိုင်သူတွေအဖြစ် မြန်မာအစိုးရက ဝန်ခံထားတာကို Dhaka Tribune က ထောက်ပြခဲ့ပါတယ်။
    အဲဒီစာချုပ်ကို ၂၀၁၄ ခုနှစ်မှာ Princeton တက္ကသိုလ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး Forbes က ဒီအကြောင်းကို ထပ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။
    Dhaka Tribune ကတော့ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ‘နိုင်ငံခြားသား’ တွေကို ဖော်ထုတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားစီစစ်ရေးကို လုပ်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းတာ၊ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာတွေကို လုပ်ဆောင်တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ၁၉၇၈ ခုနှစ် မေလအတွင်းမှာ ရိုဟင်ဂျာ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ရကာ နယ်စပ်က ကုလရဲ့ ဒုက္ခသည်စခန်း ၁၃ ခုမှာ နေထိုင်ခဲ့ရတယ်လို့လည်း Dhaka Tribune က ဆိုပါတယ်။
    မြန်မာအာဏာပိုင်တွေကတော့ ဒီလို ထွက်ပြေးသွားသူတွေဟာ တရားမဝင် နေထိုင်သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Forbes ရဲ့ ဖော်ပြမှုကို Dhaka Tribune က ကိုးကားထားပါတယ်။
    ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ဒီဒုက္ခသည်တွကို မြန်မာဖက်က ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပြီး ကုလရဲ့ အကူအညီနဲ့အတူ မြန်မာနိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁(က) မှာ
    “ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပြီး အမျိုးသားမှတ်ပုံတင်ကတ်ပြားရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်နေထိုင်သူတွေကို သူတို့ရဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခထီးယောက္ခမ၊ သားသမီးအရင်း၊ မွေးစားသားသမီး၊ မြေး၊ သားမက်၊ ချွေးမနဲ့ မုဆိုးမဖြစ်နေတဲ့ အစ်မ၊ ညီမတွေနဲ့အတူ ပထမဆုံးအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက သဘောတူပါတယ်” လို့ ဖော်ပြထားပါတယ်။
    ၁၉၉၁ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အတွင်း ဖိနှိပ်မှုနဲ့ ဘာသာရေးချုပ်ချယ်မှုတွေကြောင့် နောက်ထပ် ရိုဟင်ဂျာ ၂ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရပြီး ၁၉၉၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ “Joint statement by the foreign ministers of Bangladesh & Myanmar issued at the conclusion of the official visit of the Myanmar Foreign Minister to Bangladesh 23-28 April 1992″ ဆိုတဲ့ ခေါင်းစဉ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာလည်း မြန်မာဖက်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ထပ်မံ အသိအမှတ်ပြုထားတယ်လို့ Dhaka Tribune က ထည့်သွင်း ဖော်ပြထားပါတယ်။
    နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနေနဲ့ ယခင်က သဘောတူညီချက်တွေကို ဖောက်ဖျက်မှု၊ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိဖို့လိုပြီး၊ လက်ရှိ ဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ပိုမိုဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။
    Ref: Dhaka Tribune
    M-media