ABSDF မြောက်ပိုင်း သတ်ဖြတ်မှု မိုးသီးဇွန် ရှင်းလင်းချက်အပြည့်စုံ.

Moethee Zun added 7 new photos to the album: ABSDF မြောက်ပိုင်း သတ်ဖြတ်မှု မိုးသီးဇွန် ရှင်းလင်းချက်အပြည့်စုံ.

မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
(မတ်လ ၂၈ ရက်၊ ၂၀၁၂)
ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား

May be an image of 1 person

Moethee Zun

ရဲဘော်မိုးသီးဇွန်


မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။
မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။

No photo description available.

ရဲဘော်ထွန်းအောင်ကျော် (ကျဆုံး)နဲ့ ရဲဘော်တွေ


ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအဝင် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။
လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။
၁- ကျနော်တို့ကျောင်းသား နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ ထားပါတယ်။
ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှာ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက်ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့ကတောင်းဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူလက်ခံခဲ့ကြရပါတယ်။

No photo description available.


၂- ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်းနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူကြောင်း ၁၉၉၂ မေလ ၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။
၃- ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိ ကြောင်း ထောက်ခံဖေါ်ပြထားတယ်။ ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ တွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင်တဦးလည်းဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ တာဝန်ယူဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့ တာက အလွန်ရုပ်ဆိုးတဲ့ဖြစ်ရပ် ဖြစ်တယ်။

No photo description available.
No photo description available.


၄- ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ဆန် ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ကြေညာချက်မူရင်း ကို အောက်မှာဖေါ်ပြထားပါတယ်။
၅- မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေး တယ်) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင်ဆွေးနွေး ခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။ ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
၆- ပြန်လည်ပေါင်းစည်းရေးလုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှာ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘော မျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျောက်လုံး ဆွေးနွေးပြောဆိုခဲ့ကြပါ တယ်။
၇- ရော်နယ် အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီသတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာ သာတာဝန်ရှိကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။
၈- အေဘီအက်စ်ဒီအက်ဖ် မကွဲခင်အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ကတဆင့် ကျနော်ပေးပို့ခဲ့တဲ့ ကြေးနန်မှာ
(က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှာ တာဝန်ရှိသူများ ပူးတွဲစစ်ဆေးပါ။ ရိုက်နှက်ညဉ်းပန်းမှုများ မပြုလုပ်ရန်။
(ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူညီတောင်းပြီး လွှတ်ပေးလိုက်ရန်။
ဒီလို မသတ်ဖို့လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ် အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့ ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။
(ဂ) သူတို့မှာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကိုဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလို လို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။
မိုးသီးဇွန်
မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။
moetheezun@hotmail.com

No photo description available.
No photo description available.


………………………………………………………………
၈ရက်၊ မတ်လ၊ ၁၉၉၂ ကိုမိုးသီးဇွန် ဘက်မှ ထုတ်ပြန်ထားခဲ့သော စတိတ်မန့်
(ဓါတ်ပုံ 1a, 1b ကို ဘာသာပြန်ထားတာပါ၊ မူရင်းကို ကြည့်မယ်ဆိုရင် ဓါတ်ပုံ 1a, 1b ကို ကြည့်ပါ)
၈ရက်၊ မတ်လ၊ ၁၉၉၂
မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက် (ABSDF led by Moe Thee Zune)
ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကို အလေးထားသောအားဖြင့် ဦး စွာ (ကျနော်တို့သည်) ကျောင်းသားတပ်မတော် နှစ်စုကွဲသွားပြီဖြစ်ကြောင်းကို ဝမ်းနည်းစွာအသိပေးပြီး ယခု ကြေညာ ချက်ကို ထုတ်ပြန်ရပါသည်။
သို့သော် မြန်မာပြည်ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာနားလည်ပေးသော ပြည်တွင်းပြည်ပအင် အားစုများ၏ အ ရည်အသွေးကို နိမ့်ကျတန်ဖိုးမဲ့စေသောအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒထားပြီး ဒီမို ကရေစီတော်လှန်ရေး ရေရှည် အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့သည်) ABSDF ကျောင်းသားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သော လက်အောက်ခံစခန်းများ၊ တပ်ရင်းများတွင် လူသတ်အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြသုံးသပ်ရမည် ဖြစ်သည်။
မြန်မာပြည်သားတို့၏ လူ့ဂုဏ်သိက္ခာ၊ လူသားဘဝ၊လူ့တန်ဖိုးနှင့် လူ့အခွင့်အရေးများကို (ကျနော်တို့သည်) တန်ဖိုးထား သောကြောင့် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ်သိက္ခာမဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများကို ဆန့်ကျင်ရမည် ဖြစ်သည်။
လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာနှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာမဲ့စေသောဆက်ဆံခြင်း၊ အပြစ် ပေးခြင်းများ ကို ဆန့်ကျင်ပြီး ထိုသို့ဆက်ဆံခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးသော ကုလသမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက် အမှတ် -၃၄၅၂(၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော် အဖွဲ့ဝင်အားလုံး သဘောတူညီမှု၊ နားလည်မှုမပါဘဲ သူလျှိုဟု စွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊ အရေးယူခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ တခြား အောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော်တို့ အထူးစိုးရိမ်ကြောင်း ပြောကြားလိုသည်။
ဘန်ကောက် နေးရှင်းသတင်းစာ (မတ်လ ၁၊ ၁၉၉၂) အရ သူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အ မျိုးသမီးရဲမေတဦး ပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး – ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်) တွင် အတည်ပြုခဲ့ပါသည်။
ကျနော်တို့သည် လက်ရှိကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထားသော လူ ၆၅ ဦးကို ညှဉ်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ချင်းရပ်တန့်ရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။
အလားတူပင် DAB အဖွဲ့ဝင်များကလည်း အားလုံးအတည်ပြုထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍ (ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည်သုံးသပ်ပေးပါရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။)
လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့တွန်းလှန်တိုက်ပွဲဝင်ရာတွင် လူ့အ ခွင့်အရေးဆို သော စကားလုံးသည် စကားလုံးသက်သက်မျှမဟုတ်ဘဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့ကျင့်သုံးရမည်ဟု ကျနော်တို့ မှယုံကြည်ပါသည်။
သို့ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမိုမြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည် မှုမပါဘဲ တပ်ဖွဲ့ ဝင် အမြောက်အများကို သူလျှိုဟုစွပ်စွဲပြီး အလျင်စလို သတ်ဖြတ်အရေးယူခြင်းအပေါ် ကျနော်တို့ (မိုးသီးဇွန်) ဦးဆောင် သော ကျောင်းသားတပ်မတော်အဖွဲ့မှ အထူးသံသယ ဖြစ်မိပါသည်။
ထို့ကြောင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ်ဟု ကျနော်တို့မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံ ကြည်အားထားလောက်သည့် ခိုင်မာသောအထောက်အထားမရှိဘဲ သူလျှိုဟု စွပ်စွဲခံရသော ရဲဘော်များအား ကွပ်မျက် သည်အထိ လုပ်ဆောင်မှုများအားလုံးတွင် အမှားပေါင်းများစွာပါဝင်နေသည်။
အထက်မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန်ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အား စွပ်စွဲခံရသော သူများ၏ သူလျှိုခေါင်းဆောင်ဟု သတ်မှတ်ခဲ့ခြင်းသည် ကြီးမားသောအမှားတခု ဖြစ်သည်။
စစ်အာဏာရှင်အကြိုက်ဖြစ်မည့် မိမိကျောင်းသားတပ်မတော်အဖွဲ့ဝင်အချင်းချင်း မညီညွတ်ရာမှ တဦးနှင့်တဦး သား ကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော်အဖွဲ့ဝင်အားလုံး သတိကြီး စွာထားရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။
နောက်ဆုံးအနေဖြင့် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့်အတူတကွ ကျောင်းသားတပ် မတော်အဖွဲ့ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့်အမဲစက် ဖြစ်စေခဲ့သည် ကိစ္စအပေါ်တွင် ကျနော်တို့ဖက်မှ အထူးစိုးရိမ်မိကြောင်း ပြောကြားရင်း ယခုသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။
မိုးသီးဇွန်
ဥက္ကဋ္ဌ
မာနယ်ပလောရုံးချုပ်
Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand
……………………………………………………
ဒေါက်တာနိုင်အောင် ဗဟိုမှ ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ ထုပ်ပြန်ခဲ့တဲ့ ကြေညာချက်
(ဓါတ်ပုံ 2a, 2b ကို ဘာသာပြန်ထားတာပါ၊ မူရင်းကို ကြည့်မယ်ဆိုရင် ဓါတ်ပုံ 2a, 2b ကို ကြည့်ပါ)
(၁၉၉၂ မေလ ၃၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဋ္ဌ (ဒေါက်တာနိုင်အောင်) ၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီး မုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များ သက်သေခံပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။
အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သော အမျိုးသားထောက်လှမ်းရေးဗျူရိုတွင် အဓိက တာဝန်ရှိပါ သည်။ အတိုက်အခံအဖွဲ့များအကြား သပ်လျှိုရန်၊ အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသော အစီအမံများ စီမံထားပြီး ဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးချခဲ့သည်။
ကျောင်းသားတပ်မတော်သည် အဓိကပစ်မှတ်တခု ဖြစ်လာခဲ့သည်။ သူလျှိုများကို ရေလှိုင်း (water wave) စီမံကိန်းဟု အမည်ရသော စစ်ဆင်ရေး ဖြင့်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ

  • အဖွဲ့အတွင်း တည်ငြိမ်မှုပျက်ပြားစေရန်
  • ထောက်ပံ့သည့်အုပ်စုနှင့် မဟာမိတ်အဖွဲ့များအကြား နားလည်မှုလွဲမှားစေရန်
    -စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန်
    -အတိုက်အခံခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။
    အပြီးသတ် ဆောင်ရွက်ရမည့်နေ့မှာ အမျိုးသားညီလာခံကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ တချို့အဖွဲ့များ က အမျိုးသားညီလာခံမတိုင်မီ လက်နက်ချရန်နှင့် ကျန်ရှိသောအဖွဲ့များက အမျိုးသားညီလာခံအပြီး အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင် လက်နက်ချရန် ဖြစ်သည်။
    (သူလျှိုအုပ်စု၏ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီး ဖြစ် သည်) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် ကျန်ရှိသောအဖွဲ့မှာ စစ်တပ်၏ချေမှုန်းခြင်းကို ခံကြရမည် ဖြစ်သည်။
    သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့်ဖြစ် စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်။ ကျနော် တို့အနေဖြင့် ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး ဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်း လိုပါသည်။
    လက်တလော ABSDF (Nothern)၊ (KIO) တို့နှင့် ကျနော်ဆွေးနွေးခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချခဲ့ပါသည်။
    ၁။ အေဘီအက်စ်ဒီအက်ဖ်သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။
    ၂။ သဘောထားပြောင်းလဲ၍ ကျနော်တို့၏ လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ဝင်အဖြစ်လက်ခံမည်။
    ၃။ အဖွဲ့ဝင်အဖြစ် ကျနော်တို့မှ လက်မခံသောသူများကို ၎င်းတို့၏လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့အစည်း များသို့ လွှဲပြောင်းပေးသွားမည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။
    အကယ်၍ မြန်မာပြည်ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထားမရှိပါက တနှစ်ထိန်းသိမ်းပြီးနောက် ၎င်းတို့၏ မိဘ(သို့မဟုတ်) ဆွေမျိုးသားချင်းတို့၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်သည်။
    သူလျှိုများကို ရန်သူအဖြစ် သတ်မှတ်ဆက်ဆံရန် သဘောထားရှိသော်လည်း၊ ၎င်းတို့သည် စစ်အာဏာရှင်စနစ်၏ သား ကောင်များဖြစ်သည်ဟု ကျွန်ုပ်တို့လက်ခံသည်။ ထို့ကြောင့် ကျနော်တို့သည် ရေရှည်အကျိုးစီးပွားနှင့် လူသားချင်းစာနာ ထောက်ထားမှုကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏ အနာဂတ် အခြေချနေထိုင်ရေးအ တွက် နည်းလမ်း ဝိုင်းဝန်းရှာဖွေပေးကြရန် ကျနော်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။
    လေးစားစွာဖြင့်
    ဒေါက်တာနိုင်အောင်
    ဥက္ကဋ္ဌ
    ဗဟိုကော်မတီ
    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
    ၃၁ မေလ ၁၉၉၂
    ………………………………………………………………………………………..
    မြောက်ပိုင်း သတ်ဖြတ်မှုကို တနည်းတဖုံ ထောက်ခံထားသော
    ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်ကို ဖတ်မယ်ဆိုပါက (ပုံ 3 မှာ မူရင်းကို ဖတ်နိုင်ပါတယ်)
    မူရင်း .. http://naytthit.net

Maulana Saya Haron had solemnized our wedding Nikkah

Maulana Saya Haron had solemnized our wedding.

May be an image of 1 person and text that says 'မိုင်ယစ်သ်ဒဖ်နာ အသိပေးလွှာ မန္တလေးမြို့ ယခင် ဒေါင်းရိုးဗလီရှေ့ ဒေါင်းရိုးဗလီရှေ့ဆောင်ဆရာ ယခင် တောင်ဆင်ကျုံးဗလီ ရှေ့ဆောင်ဆရာ သိုးခြံရပ် ချမ်းမြသာယာ ဘိုးဘွားရိပ်သာ ရှေ့ဆောင်ဆရာ အလ်ဟာဂျမော်လာနာဟာရွန် (ကာစေ့မ ဖွာသွိလ် မန္တလေး) အသက် (၈၃) နှစ် သည် ၃၀-၅-၂၀၂၁ တနင်္ဂနွေနေ့ မနက် ၉-၄၅ ဝန်းကျင်တွင် ပလိပ်မြို့၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားပါသဖြင့် ယင်းနေ့ ညနေ အဆွရ်နမားဇ် အပြီးတွင် ပလိပ်မြို့ ပလိပ်မြို့နေအိမ်မှ ခံလူးရွာတွင် ဒဖွနာမည်ဖြစ်ပါကြောင်း၊ မဂ်ဖွေ့ရသ်အတွက် ဒိုအာမှာ သတိရ ပေးကြပါရန် အသိပေးအပ်ပါသည်။ ကျန်ရစ်သူမိသားစု Imagitor'

Inna lillahi wa inna ilayhi raji’un (انا لله وانا اليه راجعون) Sura Al-Baqara, Verse 156. The full verse is as follows: الذين اذا اصابتهم مصيبة قالوا انا لله وانا اليه راجعون “Who, when a misfortune overtakes them, say: ‘Surely we belong to Allah and to Him shall we return’.”ကွယ်လွန်သူအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ကရုဏာတော်အဖြာဖြာ၊ မင်္ဂလာအဖြာဖြာ ကျရောက်ပါစေသား။အင်နာ လစ်လာဟိ ဝ အင်နာ အိလိုင်းဟိ ရားဂျိအူးန်မုချဧကံ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်၍ ဧကန်အမှန် ထိုအရှင်မြတ်၏ ထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်။

Maung Maung

 မန်းတလေးတိုင်းဂျမီယသွလ်အိုလမာ ဓမသတ်မှူးဟောင်း….ကျနော်ငယ်ရွယ်စဥ်က သာသနာ့အသိများသင်ကြားပြသပေးခဲ့သောဆရာ….

May be an image of one or more people and text

ပါဂျောင်လူသတ်သမား သံချောင်း အသတ်ခံရတဲကိတ်စကရှမ်းနီ လူမျိုးစုတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူ

ရှမ်းနီလူမျိုးတွေကို လေးစားပါတယ်
ကျနော်ကိုယ်တိုင် မူလက ရှမ်းနီလူမျိုးအခြေအနေကို
သေသေချာချာမသိခဲ့ပေမဲ့
ပါဂျောင်လူသတ်ပွဲအချိန်မှာ ပါဂျောင်ကို
ကိုယ်တိုင်ရောက်ရှိခဲ့ပြီးတဲ့နောက်
စိတ်ဝင်စားမိလို့ ရှမ်းနီလူမျိုးစုတွေအကြောင်း
တော်တော် လေ့လာဖြစ်တော့
မဟာဗန်ဓုလ လက်ထက်က ရက်ရက်စက်စက်အနှိမ်နင်းခံခဲ့ရတဲ့
အာသံ မဏိပူဒေသအထိ လွှမ်းမိုးခဲ့သူ တွေဖြစ်တဲ့
ရှမ်းနီလူမျိုးစုတွေရဲ့ သမိုင်းတွေတင်မက

May be an image of one or more people and text


ဦးနေဝင်းက ရှမ်းနီတွေရဲ့
လူမျိုး စာပေ ယဥ်ကျေးမှုတွေကိုပါ ဖျောက်ဖျက်ခဲ့ပုံတွေကို
သိလာရတဲ့အပေါ်
အထူးစိတ်မကောင်းဝမ်းနည်းရပါတယ်
ဒါပေမဲ့
ပါဂျောင်လူသတ်သမား သံချောင်း အသတ်ခံရတဲကိတ်စက
ရှမ်းနီ လူမျိုးစုတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး

May be an image of 1 person


ပါဂျောင်လူသတ်ပွဲကြီးကို
သံချောင်းဟာ ကိုယ်တိုင်ဦးစီးပြီး ကိုယ်တိုင်ဝင်သတ်ဖြတ်ခဲ့သူပါ
ကျောင်းသားတပ်ဖွဲ့ဝင်တွေကို နှိပ်စက်ညှဥ်းပမ်းမှုတွေမှာ
သူကိုယ်တိုင် ကိုယ်ထိ လက်ရောက် ပါဝင်ခဲ့သူပါ
အဲ့ဒီအချိန် အဲ့ဒီအခါက
အဲ့ဒီကျောင်းသားတပ်မှာ မြောက်ပိုင်းဒေသရဲ့
စစ်ရေးတာဝန်ခံလုပ်ခဲ့သူ တယောက်ပါ
သံချောင်းအသတ်ခံရတာဟာ
သူ့ အကုသိုလ် သူ အကျိုးပေးသွားတာပါ
ဒါကြောင့်
သံချောင်းအသတ်ခံရတာဟာ
ရှမ်းနီလူမျိုးတွေနဲ့ဘာမှမဆိုင်သလို
သံချောင်းရဲ့သတင်းကြောင့် စိတ်ကြေနပ်မှုရရှိသွားသူတွေဟာလဲ
ရှမ်းနီ လူမျိုးစုတွေကို စော်ကားနေခြင်းမဟုတ်ပါဘူး
လူအများစုက သံချောင်းနဲ့ ရှမ်းနီလူမျိုးစုတွေကို ခွဲခြား မြင်ကြသလို
ရှမ်းနီတွေအနေနဲ့လဲ ကွဲကွဲပြားပြား သိမြင် ခံစားကြစေချင်ပါတယ်

မောင်မောင် ( ရွှေကရဝိက်)

Sao Sai Khun Tai —Zaai Seng Mong

ရှမ်းနီမျိုးသားများတပ်မတော် SNA ဒုစစ်ဦးစီးချုပ် လုပ်ကြံခံရ
မေ ၂၇
ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စဝ်ခွန်ကျော်သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မသမာသူတစ်ဦး၏လုပ်ကြံမှုကြောင့် ကျဆုံးသွားကြောင်း သိရသည် ။
” တစ်နေ့ကည တစ်နာရီခွဲမှာဖြစ်တာ မနေ့က မနက် ၉ နာရီမှာ ဆုံးသွားတယ် ။ ”ဟု SNA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။
အဆိုပါ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် စဝ်ခွန်ကျော်နှင့်အတူ SNA တပ်သား နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူအား အသေဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည် ။
ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်းကောင်း တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန် ဌာနချုပ်ကိုတည်ထောင်စဉ်ပါဝင်ခဲ့သူလည်း ဖြစ်သည် ။
ရှမ်းနီလူမျိုးတစ်ဦးဖြစ်သော စဝ်ခွန်ကျော်သည်၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မိမိတို့ရှမ်းနီအမျိုးသားများ တန်းတူအခွင့်အရေးအတွက် သီးခြားတပ်မတော်တည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဉ် သတင်းပေါက်ကြားမှုကြောင့် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကိုခံရပြီး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးတွင်ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခြင်းခံရသည် ။
၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာပြီး ခေတ္တအနားယူကာ သူ၏မူလရည်ရွယ်ချက်ဖြစ်သော ရှမ်းနီအမျိုးသားများတိုးတက်ရေးအတွက်ဆောင်ရွက်ရန် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ပြန်လည်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်သည် ။
ဗိုလ်ချုပ် စဝ်ခွန်ကျော်သည် လက်အောက်ငယ်သားများနှင့် လက်ရေတပြင်တည်း စားသောက်တတ်သူဖြစ်ပြီး စိတ်သဘောထားနူးညံ့ကောင်းမွန်သူဖြစ်ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ဖူးသူများကပြောကြားသည်။
The Voice of Shanni

May be an image of 1 person
May be an image of one or more people, people standing, military uniform and outdoors
May be an image of 3 people and text that says 'COOED BBC NEWS မြန်မာ'

Tin Aung Myint

နာမည်သံချောင်း
ABSDFပါဂျောင်လူသတ်ပွဲရဲ့အဓိက
တာဝန်အရှိဆုံးတရားခံထဲမှာအပါအဝင်
ABSDFပါဂျောင်မှာ သူကစစ်ရေးတာဝန်ခံ
တော်တော်သွေးအေးပြီးရက်စက်တဲ့လူ
တကယ့်ဖက်ဆစ်အကြီးစား
ယုံကြည်ချက်ကြောင့်အတူတူ
တောခိုကျတဲ့ ကျောင်းသားအချင်းချင်းကို
စစ်ထောက်လှမ်းရေးသူလျိုလို့စွပ်စွဲပြီး
လူမဆန်တဲ့ပုံစံအမျိုးမျိုးနဲ့ကို
နှိပ်စက်ညှင်းပန်းတယ်
နှိပ်စက်လို့ဝပြီဆိုမှ ခေါင်းဖြတ်သတ်တာ
သူရက်စက်ပုံတွေဖတ်ရင်း စိတ်ထဲ
ကြက်သီးတောင်ထတယ်
သွေးအေးတဲ့စိတ္တဇလူသတ်သမားလိုပဲ
အသေးစိတ်သိချင်ရင်
မောင်မောင်(ရွေကဝိတ်)ရေးတဲ့
ကျနော်သိတဲ့ခေတ်သစ်ရွေဟသာ်ကိုးသောင်း
ပုံပြင်စာအုပ်မှာဖတ်လို့ရပါတယ်
သံချောင်းကနေစဝ်ခွန်ကျော်လို့နာမည်ပြောင်းပီး
RCSS/SSAထဲရောက် အဲကနေ2006မှာ
ရှမ်းနီအမျိုးသားတပ်မတော်
တည်ထောင်မယ်ဆိုပီး သွားတုန်း
သတင်းပေါက်ပီးလမ်းမှာအဖမ်းခံရတာပဲ
သေဒဏ်လေးကြိမ်အပေးခံရတယ်
2018မှာသမ္မတဦးဝင်းမြင့်လက်ထက်
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာတော့
ရှမ်းနီအမျိုးသားတပ်မတော်မှာ
ဒုစစ်ဦးစီးချုပ်ထိတက်ဖြစ်ပြီး
မနေ့က27ရက်နေ့မှာ လုပ်ကြံခံရပြီး
သေသွားပြီတဲ့
ပါဂျောင်မှာမတရားသတ်ခံလိုက်ရတဲ့
ကျောင်းသားတွေအတွက်တရားမျှတခြင်း
တစ်ခုဖြစ်ပေါ်ခဲ့ရပြီပေါ့ . . .
Cd

Mg Mg Aye is with Ah Htun and

မြောက်ပိုင်းကျောင်းသားတွေကို
ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့
လူယုတ်မာ သံချောင်း
ရှမ်းနီတပ်မတော် SNA တွင် ဒုဦးစီးချုပ်
အဖြစ်တာဝန်ထမ်းဆောာင်နေသော
ရဲဘော်သံချောင်း (ခေါ်) စပ်ခွန်ကျော်ကို
လူတစုက ​လုပ်ကြံသတ်ဖြတ်လိုက်သည်။
စပ်ခွန်ကျော်(ခေါ်) ရဲဘော်သံချောင်းသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌ နှင့် စစ်ရေးတာဝန်ခံအဖြစ် မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် တာဝန်ယူခဲ့သည်။ ၄င်းတာဝန်ယူစဉ် ၁၉၉၂ ခုနှစ်၌ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် မြောက်ပိုင်းကျောင်းသား တပ်မတော်အတွင်း တပ်တွင်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။
ပါဂျောင်တွင် ကျောင်းသား/သူ များကို
ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်
ဖြတ်ခံခဲ့ရာတွင် အဓိကတာဝန်ရှိသူ တဦး
အဖြစ် စပ်ခွန်ကျော် ကို သတ်မှတ်ထား
သည်။ လက်ရှိ အချိန်အထိ ABSDF မြောက်
ပိုင်း ကျောင်းသား/သူ ဟောင်းများက
ပါဂျောင်လူသတ်မှု ကိစ္စနှင့်ပတ်သက်၍
စပ်ခွန်ကျော်ကို ဖြေရှင်းရန် ပြောဆိုထား
သော်လည်း ယနေ့ သေဆုံးချိန်အထိဖြေ
ရှင်းခဲ့ ခြင်းမရှိပါ။ RCSS ဥက္ကဌ ယွတ်ဆစ်
နှင့်အထူးရင်းနှီးသူဖြစ်သည်။ ယွတ်ဆစ်
က စပ်ခွန်ကျော်အား နိုင်ငံရေးအကျဥ်း
သားဟောင်းတဦးအဖြစ်သတ်မှတ်ရန်
အပြင်းထန်တောင်းဆိုထားသော်လည်း
AAPP က အသိမှတ်ပြုထားခြင်းမရှိချေ။
crd

May be a closeup of 1 person

I got my 1st. dose of Pfizer Covid vaccination

Salaam OKAY 👌 vaccinated.

May be an image of text that says 'NAMA NO. KAD PENGENALAN KEMENTERIAN KESIHATAN MALAYSIA KAD VAKSINASI COVID-19 PR ARDUL RAHMAN ZAFRUDIN ko ko ፈYI ^ Telah menerima suntikan vaksin COVID-19 jenama COMIRNATY PEIZER #চা21 DOS 2 Tarikh Temujanji Dos Tarikh Penerimaan Fasiliti Pemberian Vaksin No. Kumpulan (Batch No.) Tarikh Luput DOS 2752া DEWAN ALWY E× 6564 31প21'

Now already back @ the clinic and started work.Shukur Alhamdulillah no complications at all.

Only problem is traffic jam, even though they allow the cars to go inside the gate of FRIM just 15 minutes before appointment time. As our appointment was @ 10.30 AM, the security allowed in our cars into the compound @ 10.15 AM only.

Every station of vaccination needs to queue as there were a lot of people there.

But totally finished in about 1 hour, 11.25 AM.

I brought raincoats but left on the car as there was no sign of rain. But encountered with a heavy rain at the exit gate of trhe vaccination centre, after injection.

Any way? Relas/securities/ helpers are very good and helpful. When I was near the car he ran and even opened the car door for me.

Special thank to my son Zin Oo Ko @ Md. Shamin for sending me there, waiting patiently and sent back to the clinic.

Shukur Alhamdulillah I think they are giving all with Pfizer.

Actually I have prepared all the photocopies proving as a Medical front liner, Hajj bookings, payments to Tabung Haji @ newspaper report about types of vaccines Saudi government approved for Haj. But no need to show them as they said that they are going to give Pfizer vaccine to me.

FB sent me this PROFILE PICTURE on 18th. May 2021.

May be an image of Ko Ko Gyi and text

Actually I just got the vaccination appointment for the first dose in 3rd week of May 2021.

I will take any brand of vaccine as SOMETHING IS BETTER THAN NONE. Shukur Alhamdulillah, my wife, 3 children, 2 son-in-law and daughter-in-law…all got vaccinated or already injection appointment.

My grandchild Kayden was MashaAllah intelligent and worried about me and keep on sending messages in last two day.

“Take care Phopho. You will be ok. Let us know how it went.”

“Alhamdulillah phopho, I will doa for you Phopho. you will be ok. Please update me how you are doing.”

“I’m very worried As I’ve seen others so sick after the injection I am worried about you. Hope your side effects are just very mild like what my papa had.”

“Phopho, you should rest for 2 days after the vaccine.”

“Phopho u got pfizer that’s awesome!!”

Kayden keep on sending numerous beautiful STICKERS about vaccination, to take care etc also

Experience and guide for Covid Vaccination (at Dewan Alwy, FRIM, Gombak)

My daughter Dr. Fari’s advice to me…

have breakfast in advance-

– arrive about 30mins early-

bring IC and pen-

have mysejahtera apps open on your hp-

take pcm before and after-

waiting time maybe up to 30mins, bring something to read

– at each station do ask directions and where to go next

My son Zin added..

Short sleeved shirt is better. If long sleeved, must be able to roll up.

Face Mask/Sanitizer too.

I added…actually as a gist from all advises I got from 3 persons..

I will take the gloves too.

Take along raincoat / umbrella

If driving aim to arrive 1 and 1/2 hr early. But if someone is going to send or public transport arrive 30 mins may be perfect as they may not allow to enter very early. CROWED with early arrivals.

Take forms from volunteers and fill in the forms.

MySejahtera app scan. Need to scan the QR code on your MySejahtera app for confirmation of attendance.

Tempt check.

IC.

See dr and sign consent form.

Write down your diseases and name of the medicines.

vaccination counter,

need to scan the QR code from the MySejahtera app to confirm that you have completed your first vaccination.

There will a 30 mins observation wait ……

before they call out your name and to be given vaccination card with your next appt date.

The whole process takes about an hour or so.

CREDIT: Angel Eimann in Google review of FRIM Dewan Alwy (written last week Monday 17th May 2021)

Sharing my experience and some tips on vaccination day to ensure whoever is taking the shot will have a smoother day than I did. It was pouring cats and dogs and frogs on my day. (Monday 17th May 2021)


Parking: It is nightmarish, to find a decent car park, my advice would be once you spot an empty slot, do not think twice, thrice..PARK! Because as you approach Dewan Alwy, it is a major challenge to find one. Traffic backs up because elderly people/OKUs are being dropped off at the 1st main entrance. Depends which Rela officer in on duty, some are not very efficient at directing the massive traffic.

If you are driving and your appointment is at 10.30, be there at 9.15.(its the parking that takes time)

Step 1: Volunteers will hand you a form to fill in, bring a pen. Follow the queue depending on which dose: 1st or 2nd.

Check-in your location with the MySejahtera app and do a quick temperature check.

Have your IC ready and you will also need to scan the QR code on your MySejahtera app for confirmation of attendance.

Step 2: Consultation With A Doctor And Signing Consent Form.

A doctor will be explaining to you about the shot and answer all your doubts and concerns regarding the vaccine. Let the health care professional know if you have any medical conditions that could be considered precautions, such as high blood pressure or a compromised immune system.

They will want to know what kind of medications you are taking, snap a photo of your medications. You will need to sign the consent form in the presence of the doctor.

Step 3: After signing consent form, you will need to go to the vaccination counter, females and males are separated.

Nurse will confirm your identity and cross-check your consent form. Wear sleeves that is easy to be rolled up.

Step 4: After getting your first dose, you will need to scan the QR code from the MySejahtera app to confirm that you have completed your first vaccination.

There will a 30 mins observation wait ……

before they call out your name and to be given vaccination card with your next appt date.

The whole process takes about an hour or so.

Bring an umbrella/raincoat – the queue was long and some unfortunate souls had to wait in the rain.

Diana Y

5 days ago

This is a vaccine site. Service was EXCELLENT once you got in the doors for vaccine processing. however, before entering, there was LITTLE individual social responsibility.

Systems (large signs, roped off areas and check-ins before entering the gates of the compound) were not in place to herd the masses.

Even though individual had been given specific appointment times, there was little respect of this, hence crowding the front door making it difficult for those with correct appointment times to enter safely. This left ground personnel overwhelmed and stressed trying to get people to social distance. Malaysians can do better!!! You don’t need punitive commands before you do the right thing!

မုဆိုးခြေထောက်ဆူးမကြောက်တတ်ပေ(ချင်းလက်နက်ကိုင်တော်လှန်ရေးသုံးသပ်ချက်)

မုဆိုးခြေထောက်ဆူးမကြောက်တတ်ပေ
(ချင်းလက်နက်ကိုင်တော်လှန်ရေးသုံးသပ်ချက်) ======================
ကိုသိမ်းမြတ်
ဘီဘီစီမြန်မာပိုင်း
“ကျွန်တော်တို့ရဲ့ လူနေမှုစနစ်ကိုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ၃၀၀ ကုန်းဘောင်ခေတ်ကနဲ့ သိပ်အများကြီး မကွာသေးဘူး။ အများကြီးပြောင်းလဲမလာဘူး။ မြန်မာတနိုင်ငံလုံးပြောင်းလဲကုန်ပေမဲ့ ချင်းတွေရဲ့ဘဝ၊ ချင်းတွေရဲ့ လူနေမှုစနစ်၊ လူနေမှုဟန်ပန်က အများကြီးမပြောင်းလဲဘဲ ကျန်ရစ်ခဲ့တယ်။ တောင်ယာခုတ်မယ်။ အမဲလိုက်မယ်။ ငါးရှာမယ်။ အိမ်တိုင်းမှာ တူးမီးသေနတ်ရှိတယ်။ အဲဒါတွေဟာ အခုဖြစ်လာတဲ့ ချင်းအမျိုးသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ တနည်းတဖုံဆက်စပ်နေတယ်။”
ချင်းတွေ ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ကြသလဲ။ ချင်းလူမျိုးရဲ့ လူနေမှုဟန်ပန်၊ ချင်းလူမျိုးရဲ့ စရိုက်သဘာဝနဲ့ အများကြီး သက်ဆိုင်တယ်လို့ မင်းတပ်က ဆလိုင်းတူးမီးကယူဆပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့သမိုင်းတလျှောက်မှာ အပြင်းထန်ဆုံးလို့ဆိုနိုင်မဲ့ ကန့်ကွက်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ သေနတ်နဲ့ အဆက်မပြတ်ပစ်နေတာကိုတောင် ထွက်မပြေးဘဲ တောင့်ခံကြတဲ့အထိ ကိုယ့်သဘောကိုယ့်ဆန္ဒကို ပြင်းပြင်းပြပြ ဖော်ထုတ်ပြသခဲ့ပါတယ်။
ဒါပေမဲ့ သာမန်အရပ်သားပြည်သူတွေနဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်တာမျိုးကတော့ သိပ်များများစားစားမရှိပါဘူး။ ချင်းလူမျိုးတွေရယ်၊ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့ရယ်၊ မြင်းခြံမြို့ရယ်လောက်မှာပဲ တွေ့ရပါတယ်။

နိုင်ငံရေးဖိနှိပ်မှုပြဿနာ

မြန်မာနိုင်ငံမှာ လူမျိုးအများအပြားရှိတဲ့အနက် ဘာ့ကြောင့် ချင်းလူမျိုးတွေက ၂၀၂၁ ခုနှစ် လက်နက်ကိုင်လှုပ်ရှားမှုမှာ ချွန်ထွက်နေရသလဲ။ အခုဖြစ်ပွားနေတဲ့ ချင်းလူမျိုးတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာဟာ KIA ကချင်လွတ်လပ်ရေးတပ်မတော်တို့လို KNU ကရင်အမျိုးသားအစည်းအရုံးတို့လို စည်းရုံးဖွဲ့စည်းထားတဲ့ လူမျိုးစုလက်နက်ကိုင်တပ်မတော်လည်း မဟုတ်ကြဘူး။ လေ့ကျင့်သင်တန်းပေးထားတဲ့ တော်လှန်ရေးတပ်သားတွေလည်း မဟုတ်ကြဘူး။ တခါမှ စစ်မတိုက်ခဲ့ကြဖူးတဲ့ သာမန် အရပ်သားပြည်သူတွေက ရှိတဲ့လက်နက်ကိုင်ဆွဲပြီး ထွက်တိုက်တဲ့ တိုက်ပွဲတွေပါ။
“ချင်းတွေ ရရာလက်နက်စွဲကိုင်တော်လှန်တယ်ဆိုတာက နှစ်ပေါင်း ၇၀ ကျော်ကျော် စစ်အာဏာရှင်စနစ် အောက်မှာ စနစ်တကျ ခွဲခြားဆက်ဆံခံရတာတွေကြောင့်ပဲ။ အရင်ကတည်းက ချင်းတွေက ဘယ်သူအုပ်ချုပ်တာမှ ခံချင်တာမဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့လူမျိုး။ အာဏာသိမ်းတော့ ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတယ်လေ။ ဒါကို သူတို့တုံ့ပြန်ပုံက သိပ်ကြမ်းတမ်းရိုင်းစိုင်းလွန်းတယ်။ လက်မခံနိုင်ဘူး။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။ ကျောင်းတွေ ဆေးရုံတွေ ဘုရားကျောင်းတွေမှာ စစ်တပ်ကတပ်စွဲတယ်။ ငါတို့ကိုးကွယ်တဲ့နေရာမှာ လက်နက်ကိုင်တွေ တပ်စွဲတာငါတို့မကြိုက်ဘူး။”
ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ Chinland Defence Force ရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဖြစ်ပါတယ်။ ဟားခါးဇာတိချင်းအမျိုးသားတယောက်ဖြစ်တဲ့ ဗန်ထန်သုမ်းရဲ့အမြင်ကလည်း မနီးရိုးစွဲဖြစ်ပါတယ်။
“လူငယ်တွေက စစ်တပ်တွေ အနိုင်ကျင့်တာကို မခံနိုင်တော့ဘူးကွာ။ အဲဒါအဓိကအကြောင်းပဲ။ စီဒီအမ်က တနိုင်ငံလုံးလုပ်နေတယ်။ ငါတို့လည်း လုပ်မယ်ဖြစ်လာတာ။ ရန်ကုန်မှာ ဂျန်ဇီတွေက လေးခွနဲ့တောင် လုပ်တယ်။ ငါတို့တူးမီးနဲ့ဘာလို့မလုပ်နိုင်ရမှာလဲ။ အဲသလိုဖြစ်လာတာ။”

စီးပွားရေးနိမ့်ကျမှု

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေး ၄ သိန်း ၈ သောင်းလောက်ရှိပါတယ်။ ဘာသယံဇာတမှ ပေါပေါများများ မထွက်ပါဘူး။ အလုပ်အကိုင်လည်း ရှားပါးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ညံ့ပါတယ်။ ပညာရေး၊ ကျန်းမာရေးတွေလည်း နိမ့်ကျပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ်စစ်တမ်းအရ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။ မွေးရပ်ဇာတိကိုစွန့်ခွာပြီး ပြည်ပထွက်ခွာသူအများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။ ပြည်တွင်းရွှေ့ပြောင်းလုပ်သားအများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မကြာမီနှစ်အနည်းငယ်အတွင်းက လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတခါ ပထမအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်အတွင်းရှိ သာမန်အရပ်သားတွေက လက်နက်ကိုင် ခုခံတော်လှန်ကြတာဟာ တိုက်ဆိုင်မှုလို့ပြောဖို့ ခက်ပါလိမ့်မယ်။
“၂၀၁၀ ခုနှစ်နောက်ပိုင်း ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အပြောင်းအလဲမဖြစ်ခဲ့ရင်တောင် ဒီလောက်တော်လှန်ချင်မှ တော်လှန်ပါလိမ့်မယ်။ အရင်တုန်းကမြို့ပေါ်မှာ ဆိုင်ကယ်တို့ကားတို့ လက်ချိုးရေလို့ရတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းရောက်တော့ မြို့ပေါ်မှာ ဆိုင်ကယ်တွေ တဝှီးဝှီးနဲ့ဖြစ်လာတယ်။ ခေတ်ပြောင်းလာလို့ ဆိုင်ကယ်တွေကားတွေ စျေးချိုလာတာလည်း ပါတာပေါ့ဗျာ။ ဒါပေမဲ့ အရင်ကဆိုခေတ်ပြောင်းတဲ့အခါ ချင်းပြည်နယ်မပါဘူး။ ကျန်ခဲ့တယ်။ အခုတော့ ချင်းပြည်နယ်မှာလည်း အပြောင်းအလဲတချို့ဖြစ်လာတယ်။ ဆိုင်ကယ်တွေပေါလာတယ်။ ကားတွေပေါလာတယ်။ ဖုန်းတွေ အင်တာနက်တွေရှိလာတယ်။ ဆေးရုံကြီးတွေဆောက်လာနိုင်တယ်။ စည်ပင်စျေးတွေ၊ တက္ကသိုလ်တွေရှိလာတယ်။”
မင်းတပ်မြို့ကဆလိုင်းတူးမီးပါ။
“ဟာ ငါတို့စောစောကတည်းက ဒီလိုလုပ်ရမှာ။ အစိုးရတွေက ဒီလိုလုပ်ပေးရမှာ။ စောစောကတည်းက ကွန်ပလိန့်တက်ရမှာ။ အဲသလို ဖြစ်လာတယ်။ ငွေစရွှင်လာတယ်။ မြို့ပေါ်မှာ ဆိုင်ကယ် ၁၀ စီးကနေ အစီး ၂၀၀ လောက်ရှိလာတယ်။ မြို့ထဲမှာကားပါကင်တွေဘာတွေ ဆောက်လာရတယ်။ ထောပတ်သီးတွေစိုက်ပြီး နိုင်ငံခြားပို့မယ်။ စျေးကွက်ရှာမယ်။ တောင်ပေါ်စိုက်ပျိုးရေးလုပ်မယ်ဆိုပြီး လူတွေကရည်မှန်းထားကြတဲ့အချိန်မှာ ကိုဗစ်ဖြစ်လာတော့ ငြိမ်ကျသွားတယ်။ ကိုဗစ်ပြီးရင် ပြန်လုပ်မယ်အားခဲထားပါတယ်ဆိုမှ စစ်ကောင်စီက အာဏာသိမ်းလိုက်တော ငါတို့ အမှောင်ခေတ်ထဲတော့ ပြန်မသွားနိုင်တော့ဘူးလို့ အားလုံးကတွေးလာတယ်။ ကိုဗစ်ကာလမှာ မျိုသိပ်ထားရတဲ့ ဒေါသတွေက စစ်ကောင်စီအပေါ်ပုံကျသွားတာပဲ။”
ချင်းလူမျိုးတွေဟာ နှစ်ပေါင်းများစွာလမ်းစပျောက်ခဲ့ရတယ်လို့ ဗန်ထန်သုမ်းကဆိုပါတယ်။
“အရင်ကဆိုရင်ငါတို့မှာ လမ်းပန်းဆက်သွယ်ရေးက သိပ်ညံ့တယ်ကွာ။ အဲသလိုညံ့တာကလည်း ငါတို့ကို တမင်နှိမ်ချင်လို့ကို လုပ်ထားတယ်လို့ ခံစားရတယ်။ သတင်းစာတွေက ငါတို့ဆီကို တပတ်လောက်နောက်ကျပြီးမှ ရောက်တယ်။ မြို့ပေါ်မှာလည်း စာကြည့်တိုက်တွေ ဘာတွေမရှိဘူး။ ရန်ကုန်၊ မန္တလေးမှာ တက္ကသိုလ်တက်နိုင်တဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်။ ဆယ်တန်းအောင်တဲ့သူတော်တော်များများက အလယ်တန်းပြလောက်မှာ ဂိတ်ဆုံးတာပဲ။”
“ငါတို့ချင်းတွေဟာ ကျွန်းလေးတကျွန်းထဲမှာ အကျယ်ချုပ်ချခံထားရသလိုပဲ။ ငါတို့တော့ အဲသလို ခံစားရတယ်လေ။”
“အခု ၂၀၁၅ ခုနှစ်နောက်ပိုင်း မီး ၂၄ နာရီရလာတယ်။ တက္ကသိုလ်ရှိလာတယ်။ အရက်ကထက်စာရင်တိုးတက်လာတယ်။ ဒါပေမဲ့ကွာ၊ ပြောင်းလဲမလို့ရှိသေးတယ်။ အာဏာသိမ်းပြီး အရင်လိုပြန်ဖြစ်မယ်ဆိုတော့ ငါတို့မခံနိုင်ဘူးလေ။”

ချင်းလူမျိုးရဲ့ ဓလေ့ထုံးတမ်း၊ ချင်းလူမျိုးရဲ့စရိုက်သဘာဝ

ချင်းတွေရဲ့ လူမျိုးစရိုက်ကို မသိရင် သူတို့ဘာ့ကြောင့် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ကြတယ်ဆိုတာကို နားလည်နိုင်ဖို့ ခက်ပါလိမ့်မယ်။
“ကျွန်တော်တို့ မင်းတပ်မှာဆိုရင် လူဦးရေ ၅ သောင်းလောက်ရှိတယ်ဆိုပေမဲ့ မြို့ပေါ်မှာက လူနည်းနည်းပဲရှိတာ။ လူအများဆုံးရှိတာကရွာတွေမှာ။ ရွာကအိမ်တိုင်းလိုလိုမှာက တူးမီးသေနတ်တလက်စီတော့ အနည်းဆုံးရှိကြတယ်။ ရွာတရွာမှာ အိမ်ခြေ ၆၀၊ ၇၀ ရှိရင် တူးမီးသေနတ်က အလက် ၁၀၀ လောက်ရှိနေတတ်တာ။ ယောက်ျား ၁၀ ယောက်မှာ ၈ ယောက်လောက်က မုဆိုးဖြစ်နေကြတာ။ အဲဒီတော့ ကျွန်တော်တို့ ချင်းတွေက လက်နက်နဲ့ မစိမ်းဘူး။ လူတယောက်မှာ လက်နက်လည်း ရှိနေမယ်၊ ကိုယ့်ကိုလည်း အနိုင်ကျင့်ခံရမယ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ် ပြန်ချမှာပဲ။ ချင်းတွေလက်နက်ကိုင်တော်လှန်တယ်ဆိုတာ အဲဒါပဲ။ ရိုးရိုးလေးပါ။” လို့ မင်းတပ်က ဆလိုင်းတူးမီးကပြောပါတယ်။
ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဂျွန်ကတော့ “ငါတို့က လက်နက်ကိုင်ပြီးတော်လှန်ချင်လို့ ထချတာမဟုတ်ဘူး။ ငါတို့ကိုသူတို့ကသတ်ဖြတ်လာလို့ ခုခံကာကွယ်ရတာ။ ကိုယ့်ညီနောင်တွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို သူတို့က သတ်ဖြတ်တယ်။ အဲဒါတွေကို ငါတို့မှတ်တမ်းတင်ထားတယ်။” လို့ဆိုပါတယ်။
ဆလိုင်းတူးမီးက “ကျွန်တော်တို့ချင်းတွေရဲ့ လက်သုံးစကားက ဘယ်သူ့ကိုမှလည်း အနိုင်မကျင့်နဲ့။ ကိုယ့်ကိုအနိုင်ကျင့်လာရင်လည်း မခံနဲ့ဆိုတဲ့စကားပဲ။ အခုကျွန်တော်တို့ကပြန်တိုက်တယ်ဆိုတာ ကိုယ့်ကို အနိုင်ကျင့်လာလို့ ပြန်ချရတာပဲ။”

အမျိုးကိုထိရင်မချိအောင်နာတတ်တဲ့အမျိုးသားရေးစိတ်

“ကျွန်တော်တို့မှာ မျိုးနွယ်စုဆက်ဆံရေးရှိတယ်။ ကိုယ့်အမျိုးထဲက တယောက်အသတ်ခံရတယ်ဆိုရင် သူ့အမျိုးထဲက တန်ဖိုးအထားဆုံး၊ ပညာအတတ်ဆုံး၊ လူချစ်လူခင်အများဆုံး၊ အအောင်မြင်ဆုံးဆိုတဲ့တယောက်ကို ပြန်ကလဲ့စားချေ သတ်တတ်တယ်။ အဲသလို အလေ့အထရှိတယ်။ ကိုယ့်ဆွေမျိုးထဲက တယောက်ကို စော်ကားရင် ဆွေမျိုးစုတခုလုံးကို စော်ကားတယ်လို့ သဘောထားတယ်။ ကိုယ့်ဆွေမျိုးထဲက တယောက်ကို သတ်ရင် ကိုယ့်ဆွေမျိုးစုတခုလုံးကို ရန်စတယ်လို့ သဘောထားတယ်။ ကျွန်တော်တို့ချင်းတွေက ဗမာတွေကိုဆိုရင် တိုင်းတပါးသားလို့ မြင်တတ်တယ်ဗျ။ အဲဒီတော့ တိုင်းတပါးသားတွေက ကိုယ့်လူမျိုးကို လာသတ်တယ်လို့မြင်ပြီး အားလုံးကပြန်တိုက်တယ်။ အဲဒီသဘောပဲ။”
“တကယ်ဆိုတော့ ကျွန်တော်တို့ပီဒီအက်ဖ်အဖွဲ့ဝင်က သိပ်များများရှိတာမဟုတ်ဘူး။ ဒါပေမဲ့ဗမာစစ်သားတွေက ချင်းတွေကိုပစ်နေပြီဆိုတော့ ရွာတွေကလူတွေက အားလုံးကိုယ့်တူးမီးကိုယ် ကိုင်ပြီးတက်လာကြတယ်။ ကိုယ့်ယမ်းထုပ်နဲ့ကိုယ်၊ ကိုယ့်ခဲသီးနဲ့ကိုယ်၊ ကိုယ့်ရိက္ခာနဲ့ကိုယ် တက်လာကြတယ်။ ဒါတွေက သူတို့အမဲလိုက်ရင် ယူနေကျ၊ ပြင်ဆင်နေကျ၊ ဘာမှ အထူးစီစဥ်နေရတာ မဟုတ်ဘူး။ ပြီးတော့ သူတို့ကို လာကြပါ၊ တိုက်လှည့်ကြပါ၊ ဝိုင်းကူကြပါလို့ ဘယ်သူကမှ ဘာမှပြောနေရတာမဟုတ်ဘူး။ ငါတို့လူမျိုးတွေကိုတော့ သတ်ကုန်ပြီဟေ့ဆိုပြီး အကုန်လုံးကိုယ့်သဘောနဲ့ကိုယ်တက်လာကြတာ။ အားလုံးက မထင်မှတ်လောက်အောင် အင်အားကများတယ်။ အင်အား ထောင်နဲ့ချီရှိနိုင်တယ်။”

သတ္တိနဲ့ဂုဏ်သိက္ခာ

“လူငယ်တွေကအစ ရှေ့တန်းဘယ်သူတက်တိုက်မလဲဆို တိုက်မဲ့သူတွေချည်းပဲ။ နောက်မှာ ကင်းပုန်းမနေချင်ဘူး။ နောက်တန်းမှာ ကင်းပုန်းချန်နေခဲ့တဲ့လူဆိုရင် ငကြောက်ပေါ့လေ။ သတ္တိမရှိတဲ့ကောင်လို့ အထင်ခံရမှာစိုးတယ်။ နောက်တန်းမှာ ကင်းပုန်းချန်နေခိုင်းရင် ငါ့ကို သတ္တိမရှိတဲ့ကောင်လို့နှိမ်ပြောတာပဲလို့ထင်ကြတယ်။”
“ပြီးတော့ ကျွန်တော်တို့က ဂုဏ်သိက္ခာကို သိပ်တန်ဖိုးထားတယ်။ ညဘက်ခေါင်ရည်မူးပြီး လူတယောက်ကို ထိုးကြိတ်သတ်ပုတ်လွှတ်လိုက်တယ်ဆိုပါတော့။ နောက်တနေ့မှာ မြားတစင်း သို့မဟုတ် ဓားတချောင်းလာပေးပြီး တောင်းပန်မှကျေအေးတယ်။ အဓိပ္ပာယ်ကတော့ နောက်တခါ ဒါမျိုးထပ်မလုပ်ပါဘူး။ ထပ်လုပ်ရင် အဲဒီမြားနဲ့ငါ့ကို သတ်ပါ။ အဲဒီဓားနဲ့ ငါ့ကိုသတ်ပါဆိုတဲ့သဘောပဲ။”
မင်းတပ်ဘက်က ထုံးတမ်းစဥ်လာကို ဆလိုင်းတူးမီးကရှင်းပြတာပါ။ ဗန်ထန်သုမ်းကလည်း သူတို့ ဟားခါးဘက်က ရိုးရာအစဉ်အလာကိုပြောပါတယ်။
“ငါတို့ဟားခါးဘက်မှာဆိုရင် ပွဲတွေလုပ်တဲ့အခါ သူရဲကောင်းတွေကို သပ်သပ်ထိုင်ခုံနဲ့ထားတယ်။ အစားအသောက်သပ်သပ်ကျွေးမွေးတယ်။ အဲသလောက်သူရဲကောင်းဖြစ်ဖို့ဆိုရင် အချက်အလက်ပြည့်စုံရတယ်။ ရွာကလူတွေကို စားပွဲသောက်ပွဲတွေနဲ့ ကျွေးမွေးဖူးရတယ်။ ကျားသတ်ဖူးရတယ်။ သိန်းငှက်သတ်ဖူးရတယ်။ လူသတ်ဖူးရတယ်။ ကိုယ့်ရန်သူဖြစ်ဖြစ်၊ မိသားစုရန်သူဖြစ်ဖြစ်၊ ရွာရဲ့ရန်သူဖြစ်ဖြစ်ပေါ့။ အရင်တုန်းကတော့ ရွာတွေကလည်း တရွာနဲ့တရွာနဲ့ တိုက်ခိုက်တတ်ကြတော့ လူသတ်ဖူးတဲ့သူမှ ဂုဏ်ရှိတယ်လို့ သတ်မှတ်ကြတယ်။ အခုတော့ အဲဒါမျိုးတွေ သိပ်မရှိတော့ဘူး။” လို့ဗန်ထန်သုမ်းက သူတို့မြောက်ပိုင်းချင်းပြည်နယ်ဘက်က ဓလေ့ကို ရှင်းပြပါတယ်။

သွေးကြွေးကိုသွေးကြွေးနဲ့ လက်နက်ကို လက်နက်နဲ့

ဆလိုင်းတူးမီးကတော့ မင်းတပ်မှာ လက်နက်ကိုင်အံတုတော်လှန်တဲ့အဆင့်အထိရောက်သွားရတာဟာ ချင်းတွေရဲ့ မျက်လုံးတစ်လုံးကို တစ်လုံးချင်းတုံ့ပြန်တတ်တဲ့ ဓလေ့စရိုက်နဲ့ ဆက်စပ်နေကြောင်းရှင်းပြပါတယ်။
“ကျွန်တော်တို့ဓလေ့က သွေးကြွေးကို သွေးကြွေးနဲ့ရှင်းတယ်။ လက်နက်ကို လက်နက်နဲ့ဖြေရှင်းတယ်။ ကိုယ့်အမျိုးအနွယ်ကိုစော်ကားရင် ကလဲ့စားချေတယ်။ တခြားရွေးစရာမရှိဘူး။ တောထဲတောင်ထဲမှာ မုဆိုးပုံစံနဲ့ ကြီးပြင်းတဲ့လူတွေဆိုတော့ ပစ်မယ်ဆိုလာထား၊ တိုက်မယ်ဆိုလာထား၊ အဆင်သင့်ပဲ။”
“ချင်းစကားပုံကိုက ဒီမြေကြီးကို စားရတယ်။ ဒီရေကိုသောက်ရတယ်ဆိုတာ ရှိတာကိုး။ ဗမာကို လူမျိုးခြား၊ တိုင်းတပါးသားလို့ပဲ သဘောထားတယ်။ တိုင်းတပါးသားက လာပြီး အနိုင်ကျင့်တယ်ဆိုတာ မခံနိုင်ဘူး။ ဘာမှသိပ်ရှုပ်ရှုပ်ထွေးထွေးမရှိဘူး။ ယူနီဖောင်းဝတ်ထားတဲ့လူဆို အကုန်ပစ်တာပဲ။ အဲဒီတော့ ရဲသားတို့ စစ်သားတို့ဟာ ကိုယ့်ခြံစည်းရိုးအပြင်ထွက်လိုက်ပြီဆိုတာနဲ့ မျက်လုံးပေါင်း တစ်ထောင်က ချောင်းကြည့်နေတယ်။ သေနတ်ပေါင်း အလက်တစ်ထောင်နဲ့ ချိန်ထားတယ်၊ အချိန်မရွေးသေသွားနိုင်တယ်လို့ ခံစားနေရတယ်။ ဘယ်လိုမှ နောက်ကျောမလုံဘူး။ အဲသလို သေချာပေါက်ခံစားနေကြရတယ်။”
“စစ်သားတွေဘက်က စက်သေနတ်တွေ၊ အာပီဂျီတွေ၊ ဟောင်ဝစ်ဇာတွေပါပေမဲ့ သတ္တိကျတော့ကွာတယ်။ သူတို့က သတ္တိမရှိဘူး။ တကယ်တော့ ကျွန်တော်တို့ တူးမီးက ကိုက် ၁၀၀ လောက်ပဲရောက်တာ။ သူတို့က ကိုက် ၂၀၀ လောက်အကွာကနေပြီး လက်နက်ကြီးတွေနဲ့ပဲ ပစ်တယ်။ အနားအကပ်မခံဘူး။ အဲဒါကိုကျွန်တော်တို့ချင်းတွေက အနားရောက်အောင် မရမကတွားသွား၊ တိုးသွားပြီး ပစ်တာ။ မုဆိုးချောင်းချောင်းပြီး အနားရောက်အောင် သွားပစ်တာ။ ပြီးတော့ စစ်ကောင်စီဘက်က စစ်သားတွေက တိုက်ရည်ခိုက်ရည်ကလည်း တော်တော်ကျလာပြီ။ သူတို့ကကြောက်လည်း ကြောက်နေကြတာ။ အကုန်မွှေ့ယမ်းပြီးသာပစ်နေတာ ဘယ်သူ့မှမမှန်ဘူး။ ကျွန်တော်တို့ဘက်မှာ သေနတ်နဲ့တည့်တည့်မှန်လို့ ကျဆုံးတာ တယောက်ပဲရှိတယ်။ ကျန်တဲ့အကျအဆုံးတွေက လက်နက်ကြီးကျည်ဆန်တွေကြောင့်ကျဆုံးရတာ။ ကျွန်တော်တို့ကတူးမီးဆိုတော့ တခါယမ်းထိုးရင် ၅ မိနစ်လောက်ကြာတယ်။ အဲဒီတော့ တစ်တောင့်ဆိုတစ်တောင့် ထိရောက်အောင် ပစ်တယ်။ စရိတ်ကျည်တွေလို သုံးလေးလုံးထွက်တာဆိုတော့ လက်သိပ်မဖြောင့်ရင်တောင် သိပ်မလွဲဘူး။ လက်ဖြောင့်တဲ့လူဆိုရင်တော့ ခဲလုံးကြီးကြီးကို ၁ လုံး ၂ လုံးလောက်ပဲထည့်တယ်။ အဲဒါဆိုရင်တော့ ဂျီသရီးဂျီဖိုးတို့ထက်တောင်ပြင်းတယ်။ ဝက်ဝံတို့၊ ကျားတို့တောင်ပစ်လို့သေတယ်။”

မုဆိုးခြေထောက်၊ မုဆိုးပြောက်ကျား

“ပြီးတော့ တောင်စောင်းတွေမှာ ကျွန်တော်တို့ပြေးသလို သူတို့ကမပြေးတတ်ဘူး။ ကျွန်တော်တို့က တောင်ဆိတ်တပိုင်းလိုဖြစ်နေတာ။ တောင်စောင်းပေါ်မှာ ပြေးတတ်တယ်။ ခြေကုတ်မြဲတယ်။ ကျွန်တော်တို့ခြေထောက်တွေက မုဆိုးခြေထောက်ဆိုတော့ အမြဲတန်းခြေကုတ်မြဲအောင် ကျင့်ထားတယ်။ ကျွန်တော်တို့ ခြေထောက်တွေက ခြေကုတ်မြဲအောင် ခြေထောက်ကို အမြဲကားထားတော့ ခြေသန်းကနေ ခြေမအထိ ခြေချောင်းတွေဟာ ကားနေတယ်။ ကျွန်တော်တို့ခြေဖဝါးက ဗြက်ကြီးတယ်။ ရန်ကုန်၊ မန္တလေးကို ရောက်လို့ ကျွန်တော်တို့ ဖိနပ်ဝယ်ရင် ဒုက္ခရောက်တယ်။ ကျွန်တော်တို့ ခြေထောက်ကဗြက်ကြီးတော့ ခြေထောက်က ဘေးထွက်နေတယ်။ ရန်ကုန်မန္တလေးက ဖိနပ်တွေက ဗြက်သေးကြတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့က မုဆိုးဆိုတော့ ဆူးစူးမှာတို့ ဘာတို့လည်း မကြောက်ပါဘူး။”
မုဆိုးတွေရဲ့ ပြောက်ကျားတိုက်ခိုက်ပုံကို တချို့နယ်တွေမှာ မုဆိုးပြောက်ကျားလို့လည်း ခေါ် တတ်ကြပါတယ်။ သူတို့ဟာ မုဆိုးအလေ့အကျင့်ရှိတဲ့သူတွေဖြစ်တဲ့အတွက် ပြေးနေတဲ့သားကောင်ကိုလည်း ပစ်တတ်ပါတယ်။ ပြေးလမ်းကို ခန့်မှန်းပြီးရှေ့ကနေလည်း ကြိုပစ်တတ်ပါတယ်။ ပြေးနေတဲ့သားကောင်ကို ပစ်တတ်သလို သူတို့ကိုယ်တိုင် ပြေးနေရင်းနဲ့လည်း ပစ်ခတ်တတ်ကြပါတယ်။

ညီညွတ်ခြင်းသည်အင်အား

အမျိုးသားရေးစိတ်ရှိတာ လူညီတာဟာ အဓိကအားသာချက်လို့လည်း ဆလိုင်းတူးမီးကဆိုပါတယ်။
“ကျွန်တော်တို့ကလူညီတယ်။ ကိုယ့်လူမျိုးကိုထိတော့ အနိုင်ကျင့်စော်ကားတာခံရတော့ အကုန်လုံးဝိုင်းတိုက်ကြတာ။ အားလုံးဝိုင်းတိုက်တဲ့ ဒဏ်ကို သူတို့မခံနိုင်ဘူး။ စောစောက ကျွန်တော်ပြောသလိုပဲ။ တပ်စည်းရိုးထဲက ထွက်လာရင်ကို သူတို့မှာ မျက်လုံးပေါင်းတစ်ထောင်ကစောင့်ကြည့်နေပြီး သေနတ်ပေါင်းတစ်ထောင်နဲ့ ဝိုင်းအချိန်ခံထားရသလို နောက်ကျောမလုံဖြစ်နေတာ။ ရန်ကုန်မှာ အဲသလိုလူညီရင် သေချာပေါက် အနိုင်ရမှာပေါ့ဗျာ။ စဥ်းစားကြည့်ပါ။ ရန်ကုန်မြို့မှာ လူဦးရေ ၇ သန်းရှိတယ်။ အဲဒီအထဲက လူ ၄ သန်းပဲ စစ်တပ်ကို သွားဝိုင်းကြည့်ပါ။ ခဲနဲ့တယောက်တချက်ပစ်ရင်တောင် စစ်တပ်မခံနိုင်ပါဘူး။ လူညီရင် စစ်တပ်ကို သိမ်းလို့တောင် ရပါတယ်။”
ချင်းလူမျိုးရဲ့ စရိုက်သဘာဝက သူတို့တိုက်ပွဲကို အထောက်အကူပြုနေပါတယ်။ ချင်းလူမျိုးတွေရဲ့ စရိုက်သဘာဝကို နားမလည်ရင် သူတို့ဆီမှာ ဖြစ်နေတဲ့တိုက်ပွဲကို သဘောပေါက်ဖို့ မလွယ်ပါဘူး။
သူတို့ကို လမ်းညွှန်ပြနေတဲ့ တရားက ဘာဆိုတာကိုလည်း ဆလိုင်းတူးမီးက ရိုးရိုးလေးပဲ ပြောဆိုရှင်းလင်းပြသွားပါတယ်။
“ကျွန်တော်တို့ အခုလိုတိုက်နေတယ်ဆိုတာ နိုင်ငံရေးနားလည်လွန်းလို့ ဒီမိုကရေစီလိုချင်လွန်းလို့ ဖက်ဒရယ်ကို မျှော်လင့်တောင့်တလွန်းလို့ မဟုတ်ဘူး။ ဒေါ်စုကို ချစ်လို့ မဟုတ်ဘူး။ မင်းအောင်လှိုင်ကို မုန်းလို့လည်း မဟုတ်ဘူး။ လက်နက်အားကိုးပြီး အနိုင်ကျင့်တာကို မခံချင်လို့ပဲ။ ဒေါ်စုတက်လာပြီး NUG တက်လာပြီး ဒီပုံစံ ဒီအချိုးချိုးရင်လည်း ကျနော်တို့ ဒီအတိုင်းဆက်တိုက်မှာပဲ။ အဲဒါကျနော်တို့ရဲ့ ဗီဇစိတ် Basic Instinct လို့တောင်ပြောလို့ရတယ်။”
အခုမေလ ၂၁ ရက်နေ့မှာ ချင်းပြည်နယ်ကလို လှုပ်ရှားမှုမျိုးဟာ ကယားပြည်မှာ လည်း စတင်ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ ၂၁ အရေးတော်ပုံဟာ အရှိန်ကျသွားပြီ၊ ပြီးကာနီးပြီလို့ ထင်ကြသူတွေ တချို့ရှိသလို၊ အခုမှ အစပဲရှိသေးတယ်လို့ ထင်နေကြသူတွေလည်း မနည်းမနောဖြစ်ပါတယ်။
Crd : Ko Thein Myat

လူ့အခွင့်အရေးအပေါ် ပြတ်သားတဲ့ရပ်တည်မှုနဲ့ လှုပ်ရှားမှုတွေကြောင့် NLD အစိုးရ၊ဗမာစစ်တပ်၊ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားသူတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေး ဝါဒီတွေက ကိုဇာနည် ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မနာလိုထိုးနှက်လေ့ရှိကြ

Naw Naw Aung

ကိုဇာနည်နဲ့သိတာ ၂၀၁၇လောက်ကတည်းကပါ။ တချို့ကိစ္စတွေမှာ အလုပ်အတူတူတွဲလုပ်ဖူးပြီးတော့ ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်ကြပါတယ်။ သူရဲ့ လူ့အခွင့်အရေးအပေါ် ပြတ်သားတဲ့ရပ်တည်မှုနဲ့ လှုပ်ရှားမှုတွေကြောင့် NLD အစိုးရ၊ဗမာစစ်တပ်၊ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားသူတွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေး ဝါဒီတွေက ကိုဇာနည်ဟာ OIC က ပိုက်ဆံတွေနဲ့ရပ်တည်နေတယ်၊ ဒေါ်လာရလို့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးသူဖြစ်တယ်၊ PhD အတုယူထားတဲ့သူတွေဖြစ်တယ်၊ တိုင်းပြည်သစ္စာဖောက်ဖြစ်တယ် အစရှိသည်ဖြင့် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မနာလိုထိုးနှက်လေ့ရှိကြပါတယ်။
အခုလည်း DMG ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းဖော်ပြချက်တွေ၊ လူမျိုးရေးအမုန်းတရားကို ဦးတည်နေတဲ့ ဖော်ပြချက်တွေကို ဝေဖန်ရှုတ်ချတဲ့အတွက် “ရခိုင်လူမျိုးတွေကိုမုန်းတီးသူ” “fake rape အဖြစ်ပုံဖော်သူ” အစရှိသည်ဖြင့် ပုံဖော်လာတာကိုတွေ့နေရပါတယ်။
ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်နဲ့ ကိုဇာနည်နဲ့ အလုပ်လုပ်ဖူးတဲ့ ကာလတစ်လျှောက်လုံးခုထိကို ရခိုင်လူမျိုးကို မုန်းတီးတဲ့စိတ်မျိုး၊ rape case တွေကို justify လုပ်တာမျိုးတစ်ခါမှ သူ့ဆီမှာ တစ်ခါမှ မကြားဖူးပါဘူး။ သူ့လုပ်ရပ်တွေမှာ ရခိုင်လူမျိုးတွေရဲ့ လွတ်မြောက်ရေးနဲ့ ပတ်သက်မှုတွေကို ထောက်ခံပြောဆိုခဲ့တာပါပဲ။

May be an image of 3 people, including Ro Nay San Lwin


ကျွန်တော်ရော၊ ကိုဇာနည်ရော၊ ကိုနေဆန်းလွင်ရော SOAS နဲ့ FRC ကတွဲလုပ်တဲ့
အာရကန်ပြည်၏အနာဂတ်ဆိုတဲ့
seminar တစ်ခုမှာ ကျွန်တော်တို့အားလုံးဟာ အာရကန်ပြည်မှာ ရိုဟင်ဂျာလူမျိုးစုအပါအဝင် လူမျိုးစုအချင်းချင်းကြားက ညီညွတ်မှုကို နိုင်ငံရေးအရ အခိုင်အမာတည်ဆောက်ပြီး အာရကန်ပြည်ရဲ့ နိုင်ငံရေးအန္တိမပန်းတိုင်ကို သွားနိုင်တယ်၊ သွားဖို့ရန်ကြိုးစားသင့်တယ်ဆိုတာကို နိုင်ငံတကာကပညာရှင်တွေ၊ ပရိသတ်တွေနဲ့အတူ ဆွေးနွေးခဲ့ဖူးပါတယ်။
ကျွန်တော်က အဲ့တုန်းက ပြည်တွင်းမှာ လုံခြုံရေးအရ အောင်သိန်းထွန်းဆိုတဲ့ နာမည်နဲ့ မျက်နှာမဖော်ပြဘဲဆွေးနွေးခဲ့ပါတယ်။
အောက်က link မှာ ဝင်ကြည့်နိုင်ပါတယ်။
https://www.facebook.com/FreeRohingyaCoalition/videos/647874602743329/
ဆိုလိုတာက မြန်မာပြည်က လူအများစုဟာ ဘာသာစကားအခက်အခဲကြောင့်သော်လည်းကောင်း၊ racism ကိုအခြေခံတဲ့ စနစ်၏ နှစ်ပေါင်းများစွာလည်ပတ်မှုကနေ မွေးထုတ်လိုက်တဲ့ အခြေခံသိမှုနဲ့ ပညာရေးစနစ်ကြောင့်သော်လည်းကောင်း၊ ပညာရပ်နယ်ပယ်တွေနဲ့ ဝေးကွာလွန်းခဲ့တာကြောင့်သော်လည်းကောင်း မသိကျိုးကျွန်ပြုမှု၊ လျစ်လျူရှုမှုမောဟတွေနဲ့အတူ အရာရာကို တထစ်ချဆုံးဖြတ်ရင်းနဲ့ မိမိတို့နဲ့အမြင်မတူသူတွေကို အထူးသဖြင့်နိုင်ငံရေးနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအကြားမှာ ဒေါ်လာစားသူ၊ k lar အားပေး၊ အမျိုးသားရေးသစ္စာဖောက် အစရှိသည်ဖြင့် သမုတ်လေ့ရှိကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်လာပြီး အဲ့ဒီယဉ်ကျေးမှုဟာလည်း ရွေးချယ်ခွင့်မရှိတဲ့ လူမျိုးရေးဆိုင်ရာ သီးခြားအမှတ်လက္ခဏာတွေအပေါ်မှာ ဥပမာအားဖြင့် ရိုဟင်ဂျာမရှိ ဘင်ဂလီပဲရှိတယ်ဆိုတဲ့ သမိုင်းကိန်းသေတန်ဖိုးအခြေခံ လူမျိုးရေးနဲ့ အမျိုးသားရေးအစွန်းရောက်စဉ်းစားချက်နဲ့ကောက်ချက်ချမှုတွေအပေါ်အခြေခံတည်ဆောက်ထားတာပဲ ဖြစ်တယ်။
နောက်တစ်ခုက နိုင်ငံရေးမှာ principle အပေါ်ရပ်တည်ဖို့အရေးကြီးပါတယ်။
ကျွန်တော်ကိုယ်တိုင် DMG သတင်းဌာနမှာ ၂၀၁၉ ဧပြီနဲ့ မေမှာ တက္ကသိုလ်ဘွဲ့ယူစာတမ်းအတွက် အလုပ်သင်ဆင်းရင်း သုတေသနလုပ်ဖူးပါတယ်။
DMG က မောင်နှမတွေရဲ့ ကျေးဇူးကြောင့်ပဲ ကျွန်တော့်အလုပ်ဟာ အခက်အခဲတွေကြားထဲမှာ အဆင်ပြေပြေလုပ်ကိုင်ပြီးစီးခဲ့ပါတယ်။ သူတို့ရဲ့ ကျေးဇူးတရားကို အခုထက်ထိမမေ့ပါဘူး။
ဒါပေမယ့် ခုချိန်မှာ DMG ရဲ့ racism အပေါ်အခြေခံတဲ့ ကျင့်ဝတ်မညီတဲ့ ဖော်ပြချက်တွေ၊ rape case ကို သက်ဆိုင်ရာက (အေအေကဖြစ်ဖြစ်၊ ဗမာအစိုးရကဖြစ်ဖြစ်) စုံစမ်းစစ်ဆေးခြင်းမရှိသေးဘဲ လူမျိုးတစ်စုရဲ့ လူတစ်ယောက်ကကျူးလွန်တယ်ဆိုတာကို လူမျိုးနာမည်ထည့်ပြီးဖော်ပြချက်တွေကြောင့်
DMG ကို ကျွန်တော့်ရဲ့ ရပ်တည်ချက်အရ
ကန့်ကွက်ရှုတ်ချရပါလိမ့်မယ်။
ကျွန်တော်တို့ဟာ နိုင်ငံရေးလုပ်ရင် လူအပေါ်အခြေမခံဘဲ မူအပေါ်အခြေခံသင့်တယ်ဆိုတာကို အောင်ဆန်းစုကြည်နဲ့ သူ့နောက်လိုက်တွေရဲ့ အမှားတွေက သက်သေပြပြီး ဖြစ်ပါလိမ့်မယ်။
ခြုံငုံပြောရရင် ရခိုင်ပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ်၊ ပါလက်စတိုင်းပဲဖြစ်ဖြစ်၊ မြောက်ကိုရီးယားပဲဖြစ်ဖြစ် ဖိနှိပ်အုပ်စိုးသူကို အဆုံးသတ်ချုပ်ငြိမ်းစေပြီး တိုင်းပြည်အသစ်၊ လူ့ဘောင်အသစ်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် လူမျိုးရေးအစွန်းရောက် စိတ်ဓာတ်တွေ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒတွေ၊ မောဟတွေကို အနီးစပ်ဆုံးသချိုင်းကုန်းသို့သာ ပို့ပစ်လိုက်ပါ။
(ပုံကတော့ ၂၀၁၉ ဇူလိုင်တုန်းက မလေးရှားကွာလာလန်ပူမှာရိုက်ထားတာပါ။ သူများတွေထင်သလို ဟိုတယ်အကောင်းစားမှာ ဇိမ်ရှိရှိတည်းရင်း စားကောင်းသောက်ကောင်းတွေ အရက်ကောင်းကောင်းတွေသောက်နေကြတယ်မထင်နဲ့။ အဲ့နေ့ညက ကိုဇာနည်နဲ့ လမ်းဘေးကဆိုင်မှာ တညင်းသီးအုန်းနို့ချက်နဲ့ ကြက်သားစားခဲ့တာပါ)
Credit – မူရင်းပို့စ်ပိုင်ရှင် – Myat Tun Thein
မူရင်းပို့စ်လင့်ခ် – https://m.facebook.com/story.php?story_fbid=1123480564816951&id=100014650545033

Thet Naing Myint

NUG #CRPH ဘာလဲ/ဘယ်လဲ?

နွေဦးတာ်လှန်ရေး ဘယ်လိုဇာတ်သိမ်းမှာလဲ?

ဖယ်ဒရယ်ပြည်ထောင်စု အမှန်တကယ်ဖြစ်လာမှာလား?

မြင်အောင်ကြည့်တတ်ရင် တွေ့ရမှာက မေဆူးနဲ့ ဦးဝင်းမြင့်တို့ကို ထိပ်ဆုံးနေရာ ၂ခုမှာထားပြီး NUG ဖွဲ့လိုက်ပြီးတဲ့နောက်ပိုင်း UN နဲ့ US ရဲ့ မြန်မာ့အရေးနဲ့ပါတ်သက်တဲ့ စကားသံတွေ တိတ်ဆိတ်သွားလုနီးပါးဖြစ်ခဲ့တယ်
မင်းတပ်ကိစ္စပေါ်လာမှ အသံအနည်းငယ်ပြန်ထွက်လာတယ်
Why? ဘာကြောင့်နည်း
တကမ္ဘာလုံးနီပါးက လက်သင့်မခံနိုင်တဲ့ Genocide ဆိုတဲ့အမှုကြီး ပေါ်ပေါက်လာတာ မေဆူးဦးဆောင်တဲ့ NLDအစိုးရလက်ထက်မှာပါ
ပြစ်မှုမြောက်တယ်/မမြောက်ဘူး ဘယ်သူတွေက တကယ်အပြစ်ရှိသူတွေလဲဆိုတာ ICJ က မဆုံးဖြတ်ရသေးခင်စပ်ကြားမှာတော့ မေးဆူးနဲ့တကွ အစိုးအဖွဲ့အပါအဝင် သက်ဆိုင်သူအားလုံးဟာ ရုံးရှေ့တရားခံများပါ ဒါကို တရားရုံးနဲ့နီးစပ်သူတိုင်း သဘောပေါက်မှာပါ တရားရုံးကအမိန့်ချပြီးမှ အပြစ်ရှိ/မရှိ ကွဲပြားမှာပါ
ထို့ကြောင့် Geonocide အမှုရဲ့ ရုံးရှေ့တရားခံများအား ရှေ့တန်းတင်ဖွဲ့စည်းလိုက်သော NUG အား UN US က ထောက်ခံမှု အားနည်းသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အကြမ်းဖျင်း သုံးသပ်မိတယ်
နောက်တခုက လူတယောက်ကို ရာထူးတနေရာခန့်အပ်မယ်ဆိုရင် ကာယကံရှင်ကိုယ်တိုင်က အဲ့ရာထူးကို လက်ခံမှ အထမြောက်ပါတယ်
ခုကိစ္စမှာ CRPH အဖွဲ့ဝင်တွေမပြောနဲ့ သူတို့ရဲ့ရှေ့နေတွေနဲ့တောင် တွေ့ခွင့်ရဖို့ မသေချာတဲ့ မေဆူးနဲ့ ဦးဝင်းမြင့်တို့ဟာ အတိုင်ပင်ခံနေရာနဲ့ သမ္မတရာထူးကို အမှန်တကယ်လက်ခံခဲ့ပါသလားဆိုတာ သံသယဝင်စရာအချက်တခုပါ
Legitimacy တရားဝင်မှုမှာ အားနည်းစေတဲ့အချက်ပါ
Genocide အမှုကို ကာကွယ်ပေးခဲ့တဲ့ မေဆူးနဲ့ genocide ကိုဆန့်ကျင်ပြီး တရားမျှတမှုဖက်က ရပ်တည်ခဲ့သူ NUGမှာပါဝင်လာတဲ့ အိသဉ္ဇာမောင် သေချာပေါက် ဆန့်ကျင်ဖက်တွေ ဖြစ်လာတော့မယ်
ကိုင်း ရှိစေတော့
ခုကိစ္စမှာ NUG အနေနဲ့ Dr. ဆာဆာ ဟာ အဓိက ကစားကွက်ဖော်ဆောင်နေသူဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းမရတဲ့ အမှန်တရားတခု
Dr. ဆာဆာက ဒါရိုက်တာအဖြစ်ခန့်အပ်လိုက်တဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ Dr. မောင်ဇာနည် ကို NUG က ပြန်ဖြုတ်ထုတ်လိုက်တာဟာ Dr.ဆာဆာရဲ့ ပြေးလမ်းကြောင်းမှာ ခြေထိုးခံလိုက်သလိုပါပဲ
ပြောရရင် NUG အနေနဲ့ ရိုဟင်ဂျာအရေးအပေါ် ကမ္ဘာနဲ့ ဆန့်ကျင်ဖက်မှာရပ်တည်ကြောင်း ပေါ်လွင်စေတယ်
ဘာတွေဆက်ဖြစ်လာနိုင်မလဲ
Dr. ဆာဆာ ဖေါ်ဆောင်နေတဲ့ ဖယ်ဒရယ်လမ်းကြောင်းကို တခြားတိုင်းရင်းသားလူမျိုးစုတွေ ယုံကြည်မှုပျောက်ဆုံးသွားစေတယ်
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ NUG အပေါ် သံသယဝင်လာပြီး လက်ရှိထိုးစစ်တွေ ရပ်တန့်သွားကောင်း ရပ်တန့်လိုက်နိုင်တယ် အဲ့ထက်ပိုပြီး NCA ဖက်လှည့် နစက နဲ့ တွေ့ဆုံညှိနှိုင်းဖို့ စဉ်းစားသွားစေနိုင်တယ်
နစက အနေနဲ့လည်း NLD ပါတီကို ဖျက်သိမ်းအရေးယူဖို့အသံထုတ်ထားပြီးသားမို့ မေဆူးကိုလွှတ်ပေးပြီး NLD ဆက်လက်ရပ်တည်နိုင်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုအကြောင်းပြမြှုဆွယ်ပြီး စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်နဲ့ ဖိအားတွေလျှော့ချနိုင်လိမ့်မယ်
မေဆူးအနေနဲ့လည်း ငြိမ်းချမ်းရေးသမားမို့ အများပြည်သူ သွေးမြေကျမှုတွေရပ်တန့်သွားရလေအောင် အလျှော့ပေးညှိနှိုင်းတာမျိုး ဖြစ်လာနိုင်တယ် genocide ကိစ္စကိုလည်း မဖြစ်မနေ ဆက်လက်ကာကွယ်ပေးရလိမ့်မယ်
တရားမျှတမှုကို အလေးထားတယ်ဆိုတဲ့ အိသဉ္ဇာမောင်လည်း NUG ကနေ ထွက်ခွာသွားဖို့အလားအလာရှိတယ်
ဖယ်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်နိုင်ရေး အားတက်သရောကြိုးပမ်းနေတဲ့ Dr. ဆာဆာလည်း နိုင်ငံရေးလောကကို အနှေးနဲ့အမြန် ကျောခိုင်းသွားနိုင်ခြေရှိတယ်
အချုပ်အားဖြင့်ပြောရရင်
CRPH/NUG အနေနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ အရပ်သားအာဏာရှင်ဆန်မှု၊ လူမျိုးရေးခွဲခြားမှုတို့ကို အချိန်မီမရပ်တန့်ဘဲ လူမျိုးကြီးဝါဒအား ဆက်လက်ဆုပ်ကိုင်ထားမည်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးသည်လည်း ၈၈ အရေးတော်ပုံကဲ့သို့ပင် အဖျားရှူးကာ ပျောက်ကွယ်ပြီးဆုံးသွားနိုင်ပါကြောင်း ရင်နာစွာဖြင့် သတိပေးလိုက်ရပါသည်ခင်ဗျား

အထက်မြန်မာပြည်ရဲ့ ဒီယိုဗန်ဒီ ဓမ္မသုခမိန်တစ်ဦး (သို့) သံလမ်းအဒါကြီး မော်လာနာဟာဖိဇ်မုဟမ္မဒ်ယူနွတ်စ်ဦးဘဒင်

Mufti Bashirullah

အထက်မြန်မာပြည်ရဲ့ ဒီယိုဗန်ဒီ ဓမ္မသုခမိန်တစ်ဦး (သို့) သံလမ်းအဒါကြီး မော်လာနာဟာဖိဇ်မုဟမ္မဒ်ယူနွတ်စ်ဦးဘဒင်

အမရပူရ တောင်ပြင်ဘက်မှာ တည်ရှိတဲ့ ဘုံးအိုးရွာ အနောက်ယက်ကန်းတော်ရပ်တွင် မြန်မာသက္ကရာဇ် ၁၂၄၀ခုနှစ် တပို့တွဲလဆုပ် လေးရက်နေ့ တနဂ်နွေနေ့ နံနက်ဝေလီဝေလင်းအချိန်မှာ ပသီအမျိုးသားကောင်း သာသနာ့အာဇာနည် ဓမ္မသုခမိန် ပုဂ္ဂိုလ်တစ်ဦး မွေးဖွားသန့်စင်ခဲ့ပါတယ်။

No photo description available.


မုဟမ္မဒ်ယူနွတ်စ်အမည် ကင်ပွန်းတပ်ခံရတဲ့ သတို့သားရဲ့ ချက်မြုတ်ဌာနေကတော့ ယခုအခါ ဟာဂျီစောဗလီလို့ လူအများခေါ်ကြတဲ့ ဘုံးအိုးရွာ အုတ်ဗလီကြီးနဲ့ ကပ်လျက်ရှိရာနေရာပဲဖြစ်ပါတယ်။
မုဟမ္မဒ်ယူနွတ်စ်ဦးဘဒင်ဟာ စိုင်ယစ်ဒ်အနွယ်ဝင်တစ်ဦးဖြစ်ပါတယ်။ ဆွေတော်စဉ်ဇယားဟာ ခေတ်ပျက်ကာလမှာ ပျောက်ပျက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အခြားသက်သေများကျန်ရှိတာကြောင့် ခိုင်မာမှုရှိတယ်လို့သိရပါတယ်။ ဟစံနီ အနွယ်တော်ဝင်ပါ။
နယ်ချဲ့အင်္ဂလိပ်တို့ အခြေဆိုက်တဲ့ကာလတစ်ခုမှာ ဦးဆိုင် ဒေါ်ဇီယာတို့နဲ့ သားဖြစ်သူ မုဟမ္မဒ်ယူနွတ်စ်မောင်ဘဒင် အပါဝင် မိသားစုတို့ဟာ မိထ္ထီလာမြို့ရဲ့ ဆင်ခြေဖုံးတစ်နေရာဖြစ်တဲ့ ဒဟတ်ပင်များ အစီအရီပေါက်နေသော နေရာတွင်ခြံဝင်းခတ်ကာ နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီနေရာဟာ နှောင်အခါမှာ ဒဟတ်တန်းရပ်လို့ ထင်ရှားခဲ့ပြီး ပသီလူမျိုးများဝတ်ပြုရာ ဒဟတ်တန်းဗလီလည်းရှိပါတယ်။
စာပေသင်ကြားမှုရဲ့ အစကို ဒေါ်ဖွားခင်ရဲ့ အခြေခံကျောင်းမှာ အစပြုသင်ကြားခဲ့ရပြီး မြန်မာစာ မြန်မာမှုများသာမက ထီးမူနန်းရာ အသုံးအနှုန်းများနဲ့တကွ မြန်မာ့ရိုးရာ ဓလေ့ထုံးစံယဉ်ကျေးမှုအစုစုကို အခြေခံကျကျသင်ယူခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မစ်ရှင်စကူးလ်မှာ အဂ်လိပ်စာပေကို တက်ရောက်ဆည်းပူးခွင့်ရရှိခဲ့ပါတယ်။

No photo description available.


မိဘမျိုးရိုးဟာ ဘာသာတရားလိုက်စားသူများဖြစ်တာကြောင့် ငယ်ရွယ်ချိန်မှစပြီး ဘာသာသနာဘက်မှာလည်း မညံ့ခဲ့ပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သင်ကြားမှုတို့ကို မိထ္ထီလာ ကမ်းနားဗလီရှေ့ဆောင်ဆရာနဲ့သူရဲ့သားဖြစ်သူတို့ထံမှာ ဆည်းပူးခဲ့ပြီး နောက်ပိုင်းမှာ ဟာဖိဇ်နဂျီဗွဒ္ဒီန်းဆိုသူထံမှာ စနှစ်တကျသင်ကြားခဲ့ပါတယ်။
ခရစ်ဇ်နှစ် ၁၈၉၇ခုနှစ်မှစ၍ မော်လာနာ စိုင်ယစ်ဒ် ဂိုလာမ် အဟ်မဒ်အလီရှာဟ်(ခေါ်) စစ်တန်းသခင်ကြီးထံပါးမှာ အစ္စလာမ်ဘာသာရေးကျမ်းဂန်များကို ဟာဖိဇ်ဦးဘဒင်က စတင်သင်ယူခဲ့နိုင်တယ်လို့ အနီးစပ်ဆုံး ခန့်မှန်းလို့ရနိုင်ပါတယ်။

No photo description available.


ဦးဘဒင်ဟာ ရန်ကုန်မြို့ ၃၇လမ်းမှာ ဖွင့်လစ်ထားတဲ့ ရှောင်ကသွလ်အစ္စလာမ်ကျောင်းမှာ ဟာဖိဇ်ကိုကျက်မှတ်ခဲ့တယ်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ မော်လာနာစွလ်သွာန်အဟ်မဒ်ဖြစ်ပြီး ဟာဖိဇ်တန်းပြဆရာမှာ မဲဟ်ဒီအဟ်မဒ်ဆိုသူဖြစ်တယ်။ ၂နှစ်အတောအတွင်းမှာ ဟာဖိဇ် အာဂုံဆောင် အဆင့်ရောက်အောင် ကျက်မှတ်နိုင်ခဲ့တာပါ။ မှတ်တမ်းမှတ်ရာများအရ ခရစ်နှစ်သက္ကရာဇ် ၁၉၁၄ခုနှစ်ဖြစ်ကြောင်း မှတ်သားရပါတယ်။ ဟာဖိဇ်ပြီးမြောက်ခဲ့ပြီးနောက်ပိုင်းတွင်လည်း မိမိရဲ့ ဆရာရင်း စစ်တန်းသခင်ကြီးထံပါးသို့ ပြန်လာပြီး အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးခဲ့ပြန်ပါတယ်။
ဟာဖိဇ်ဦးဘဒင်ဟာ မန္တလေးမြို့မိုဟမ္မဒီယာကျောင်းကြီးရဲ့ ပထမဦးဆုံးအောင်မြင်ခဲ့သော မော်လဝီဆပ်တပါးဖြစ်တယ်။ ၁၉၁၄ခုနှစ်မှာပဲ ဟာဖိဇ်ဦးဘဒင်ဟာ မဂ်လာဗလီဆရာအဖြစ်တာဝန်ထမ်းရွက်ခဲ့ပြီး အရိုးစွဲနေသော ရှေးဓလေ့ထုံးများနဲ့ ဗိဒ်အသ်တို့ကို ရွံ့ရွံ့ချွန်ချွန်တိုက်ဖျက်ခဲ့တယ်။ အဲ့ဒီလိုတိုက်ဖျက်ခဲ့ရာမှာ ပြသနာပေါင်းများစွာကြုံတွေ့ခဲ့ရပြီး သောကြာခွသ်ဗာဖတ်နေချိန်မှာ မင်န်ဘရ်တရားဟောစင်မြင့်မှ မိရိုးဖလာကိုတရားထင်ပြီး ကျင့်သုံးလိုသူများရဲ့ဆွဲချခြင်းကိုပါခံခဲ့ရဖူးပါတယ်။
မော်လာနာဟာဖိဇ်မုဟမ္မဒ်ယူနွတ်စ် ဦးဘဒင်ဟာ အိန္ဒိယနိုင်ငံသို့ အစ္စလာမ်ဘာသာဝင်ကျောင်းသားများကို အိလင်မ်သွားရောက်သင်ယူနိုင်ရန် အကူညီပေးလေ့ရှိသော မော်လာနာအဗ်ဒွလ်ဂဖူးရ်စွဒ္ဒီကီ သခင်ကြီးထံချဉ်းကပ်ပြီး ဒေယိုဗန်ဒ်ရှိ ဒါရွလ်အူလူးမ်တက္ကသိုလ်သို့ သွားရောက်ပညာသင်ယူရန်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၂၆အထိ သခင်ကြီးဟာ တစ်သုတ်ပြီးတစ်သုတ် အိန္ဒိယနိုင်ငံကို ကျောင်းသား၁၄ဦးထိ ပို့ဆောင်ခဲ့တဲ့ မှတ်တမ်းမှာ မော်လာနာယူနွတ်စ်ဦးဘဒင်ကို အမှတ်စဉ်(၃)မှာ မြင်တွေ့ရနိုင်ပါတယ်။ အဲ့ဒီကျောင်းသားတွေရဲ့ စာရင်းကတော့
၁။ အဗ္ဗဒွလ္လာဟ်ခေါ် မောင်တင် ပျဉ်းမနားတောင်ငူ
၂။ အဗ္ဗဒွလ်အဇီဇ်ခေါ် မောင်သိန့် မြေဒူး ရွှေဘို
၃။ ယူနွတ်စ်ခေါ် မောင်ဘဒင် မင်္ဂလာရပ် မန္တလေး
၄။ မူစာခေါ် မောင်တိုးသစ် ဝံကိုက် ဥက္ကံ
၅။ ဟာရှင်မ်ခေါ် မောင်ပေါက်စ ဝံကိုက် ဥက္ကံ
၆။ အဗ္ဗဒွလ်အဇီဇ်ခေါ် မောင်ချစ် ပုဏ္ဏားစု ရန်ကုန်
၇။ အဗ္ဗဒွလ်ဟမီးဒ်ခေါ် မောင်မြစ် ပုဏ္ဏားစု ရန်ကုန်
၈။ ဟဗီဗွလ္လာဟ်ခေါ် မောင်ဟန် ဗိုလ်တစ်ထောင် ရန်ကုန်
၉။ အဟ်မဒ်ခေါ် မောင်မတ် ကုလားရွာ ယင်းတော်
၁၀။ ယူစွဖ်ခေါ် မောင်မြဒင် ဝံကိုက် ဥက္ကံ
၁၁။ အစ္စဟားက်ခေါ် ထွန်းရန် ချဉ်မြစ်ကျင်း ရွှေဘို
၁၂။ ဂျအ်ဖရ် မောင်စံဘ လေးကျွန်းကန်တော် တောင်ငူ
၁၃။ ယူနွတ်စ်ခေါ် မောင်ဘိုးသစ် ကျီစု ရွှေဘို
၁၄။ ယာအ်ကူဗ်ခေါ် မောင်လှမော် တဘက်ဆွဲ ကျောက်ဆည်။
မော်လာနာယူနွတ်စ် မောင်ဘဒင်ဟာ ဒါရွလ်အူလူးမ်ဒီယိုဗန်ဒ်၌ လေးနှစ်တိတိပညာသင်ခွင့်ရရှိခဲ့ပြီး မော်လာနာ အန္နဝရ်ရှား ကရှ်မီရီသခင်ထံပါးတွင် ချဉ်းကပ်ဆည်းပူးခွင့်ကိုရရှိခဲ့တယ်။ မော်လာနာအန္နဝရ်ရှား ကရှ်မီရီဘက်သို့ မော်လာနာဟာဖိဇ်ဦးဘဒင်ရဲ့စနဒ်အစဉ်အဆက် ဆက်နွယ်ခွင့်ရရှိခဲ့သူဖြစ်တယ်။
၁၉၂၆မှ ၁၉၃၀နှစ်အထိ ဒီယိုဗန်ဒ်မှာ လေးနှစ်တာပညာသင်ယူခဲ့ပြီးနောက်မန္တလေးမြို့သို့ပြန်လာခဲ့ပြီး အစပိုင်းတွေ အချုပ်အလယ်တွင်ရှေ့ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း သံလမ်းဟာဂျီဦးတုတ်ပင့်ဖိတ်မှုကြောင့် သံလမ်းသို့ လုံးဝပြောင်းရွှေ့သွားခဲ့တယ်။
သံလမ်းသို့ပြောင်းရွှေ့စဉ်ကပင် သူဟောကြားသော တရားများကို လက်ခံနိုင်မှသာ လုပ်မယ့်အကြောင်းစည်းကမ်းချက်ထည့်သွင်းတောင်းခံခဲ့တယ်။ အဲ့ဒီသံလမ်းမှာ တာဝန်ထမ်းဆောင်စဉ်တစ်လျှောက်လုံး ဗိဒ်အသ်များ၊မိရိုးဖလာဓလေ့များကို တိုက်ဖျက်ခဲ့တယ်။
စစ်တန်းသခင်ကြီး အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားတဲ့နောက်ပိုင်း မိုဟမ္မဒီယာကျောင်းအား ၁၉၄၂ခုနှစ်ထိ ကျောင်းအုပ်တာဝန် ဆောင်ရွက်ပေးခဲ့ပါတယ်။
များစွာသော သာသနာ့၏တာဝန်များကို ထမ်းရွက်သယ်ပိုးခဲ့ရင်း ရမ်ဇာန်လ နှစ်ဆယ့်ကိုးရက် ၂၁-၇-၁၉၈၂ ခုနှစ် ဗုဒ္ဓဟူးနေ့ ရး၂၅ အချိန်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူကာ ဤမမြဲသော ဒွန္နယာလောကမှ အစဉ်ထာဝရတည်မြဲသော တမလွန်ခရီးသို့ ထွက်ခွာခဲ့ပါတော့တယ်။ (အင်န်နာ လစ်လ္လာဟိ ဝအင်န်နာ အိလိုင်ဟိ ရာဂျိအူးန်)
သံလမ်းအဒါကြီး မော်လာနာဟာဖိဇ်ယူနွတ်စ်ဦးဘဒင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူရာတွင် အနယ်နယ် အရပ်ရပ်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပညာရှင်များရဲ့ ကြေးနန်းစာများ ရောက်ရှိလာပါတယ်။ ရန်ကုန်မြို့ရှိ အိုလမာသာသနာ့ပညာရှင်များအဖွဲ့ချုပ်ဥက္ကဌ မုဖ်သီမဟ်မူးဒ်ဒါဝူးဒ်ယူစွဖ်ဆွာဟိဗ်ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာ အတွင်းရေးမှူးချုပ် မော်လာနာနူးရ်မုဟမ္မဒ် ဦးခင်ရွှေရဲ့သဝဏ်လွှာ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေအတွင်းရေးမှူ းချုပ် ဟာဂျီဦးဘသန်းရဲ့ သဝဏ်လွှာ တဗ်လိဂ်အမိရ်ချုပ် မော်လာနာဆွာလေးဆွာဟိဗ်တို့ရဲ့ သဝဏ်လွှာများလည်း ရောက်ရှိခဲ့ပါတယ်။
သံလမ်းအဒါကြီး မော်လာနာဟာဖိဇ်ယူနွတ်စ်ဦးဘဒင်ရဲ့ ဂျနာဇာနမာဇ်အား ရွာဟိုင်း သချို ၤင်း မျက်ခင်းပြင်တွင် ဖတ်ခဲ့ပြီး ရှေ့ဆောင်အဖြစ် သားဖြစ်သူ မော်လဝီမုဟမ္မဒ်မူစာမှ ဦးဆောင်ပေးခဲ့ပါတယ်။ လိုက်ပို့သူများဟာ အလွန်ပဲများပြားခဲ့ပါတယ်။ ထိုကဲ့သို့လူအုပ်အား မည်သူကမျှ တခါတရံပင် မြင်တွေ့ခဲ့ဖူးခြင်းမရှိပါလို့ ဆိုကြပါတယ်။
အထက်မြန်မာပြည်ရဲ့ ဒါရွလ်အူလူးမ် ဒီယိုဗန်ဒ်ကျောင်းဆင်း မော်လာနာအန္နဝရ်ရှားဟ်ကရှ်မီရီ(ရဟေ့)ရဲ့ တပည့်ရင်း သာသနာ့အာဇာနည် ဓမ္မသုခမိန် မော်လာနာဟာဖိဇ်မုဟမ္မဒ်ယူနွတ်စ်ဦးဘဒင်(ရဟေ့) အကြောင်းအား အများမွတ်စ်လင်မ် သိရှိမှတ်သားထားနိုင်ရန် အကျဉ်းချုပ် ရေးသားတင်ဆက်ဖော်ပြလိုက်ရပါတယ်။
22/5/2021
(မုဖ်သီဗရှီရွလ္လာဟ်၊မဟ်မူဒီ-ကာစီမီ)

မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်းအစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို

Physicians for Human Rights ကMr Richard Sollom ဟာ ၂၀၁၃ ခုနှစ် ထီလာအကြမ်းဖက်မှု ဖြစ်အပြီးဆယ်ရက်လောက်အတွင်း မန်းတလေးက ကျတော့်ဆိုင်ကိုကိုယ်တိုင်ရောက်လာပြီး တဲ့နောက်ကာယကံရှင်များကို တဦးခြင်းတွေ့ဆုံပြီးအဖြစ်အပျက်အသေးစိတ်ကို မှတ်တမ်း စစ်ချက် ယူသွားသူပါ- Maung Maung

အစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို
မေစန္ဒီ
21.05.2013
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအဝင် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။
ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအဝင် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
အခုလို အပြစ်မဲ့ ကလေးငယ်တွေ ရက်ရက်စက်စက် သေဆုံးမှုတွေကို မဖော်ထုတ်ခဲ့ဘူးဆိုရင် ပိုပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ဦးဆောင် ရေးသားပြုစုခဲ့သူ ရစ်ချတ် စော်လွန်မ် (Richard Sollom) က မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီးတော့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူနဲ့ ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ –
“မီးလောင်တဲ့အထဲက လွတ်လာတဲ့ ကလေးတွေနဲ့ ဆရာဆရာမတွေကို မေးကြည့်တဲ့အခါ သူတို့ အားလုံး က ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲကြားခဲ့ရတယ်။ မင်္ဂလာဈေးရုံရပ်ကွက်က သူတို့ကျောင်းကို ဒုတ်တွေ၊ အချွန်တွေ၊ ဓါးတွေ၊ သံပိုက်တွေ ကိုင်ထားတဲ့သူတွေက ကျောင်းကို မီးရှို့ခဲ့ပြီး ကျောင်းသားတွေကို မောင်းထုတ်ခဲ့တယ်ဆိုပြီးပြောပါတယ်။ ဒါဟာ မတ်လ ၂၀၊ ၂၁ ရက်နေ့တုန်းက မိတ္ထီလာ မြို့ တဝှမ်းမှာ လူနေအိမ်တွေ၊ ဈေးဆိုင်တွေ အများအပြား ဆုံးရှုံးပျက်ဆီးခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေထဲကတခုဖြစ်ပေမယ့် ဒါကိုသေသေချာချာဖော်ထုတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။”
မျက်မြင်တွေရဲ့ အဆိုအရ ဒီအကြမ်းဖက်မှုမှာ တာဝန်ရှိ ရဲတွေက ကလေးငယ်တွေကို ကာကွယ်ခြင်းမပြုခဲ့ဘဲ ဒီကိစ္စကို ဝင်ရောက် ဖြေရှင်းခြင်း၊ အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးခြင်း မပြုခဲ့ဘူးလို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို တရားဝင်ခရီး လာရောက် လည်ပတ်နေတဲ့အချိန်မှာ ထွက်လာတာလည်း ဖြစ်တဲ့အတွက်ကြောင့် ဒီလို အခါသမယမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥပေက္ခာ ပြုမထားသင့်ဘူးလို့ ရစ်ချတ် စော်လွန်မ် (Richard Sollom) က ပြောပါတယ်။
ဒါ့ပြင် တနင်္လာနေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု လူမျိုးကွဲ၊ ဘာသာကွဲတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ သမ္မတ အိုဘားမားအနေနဲ့ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။
“အခုအချိန်မှာ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်အစိုးရရဲ့ အရှိန်အဝါက ကြီးမားနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက စီးပွားရေး အထောက်အပံ့တွေ၊ နိုင်ငံရေး အကူအညီတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ Physicians for Human Rights အနေနဲ့ အမေရိကန်ရဲ့ အရှိန်အဝါကို ပြဖို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုဟာ စံသတ်မှတ်ထားတဲ့ အဆင့်ရောက်တဲ့အထိ အရေးယူ ပိတ်ဆို့မှုတချို့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ရဲ့ ပထမခြေလှမ်းတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့နဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးတွေ၊ ဘာသာရေး ဆန့်ကျင်ရေးတွေကို ထုတ်ဖော်ပြောဆိုဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်ပါတယ်။”
ဒါ့ပြင် ကုလသမဂ္ဂအနေနဲ့လည်း ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ သူက ပြောပါသေးတယ်။
“ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်တာမရှိဘဲ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ မူဆလင်တချို့ကိုပဲ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို စုံစမ်းစစ်ဆေးခြင်း တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။”
မြန်မာအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာကွဲ လူနည်းစုတွေကို အကာအကွယ်ပြုဖို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ၊ သတင်းထောက်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဝန်ထမ်းတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့် ပြုသင့်တယ်လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ နောက်ပြီး မြန်မာအစိုးရအနေနဲ့ သူ့လုံခြုံရေးတပ်ဖွဲ့ကို အရေးမယူမခြင်း တခြား လုံခြုံရေး အထောက်အပံ့တွေ မပေးဖို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အေးချမ်းမွန် Credit & Copy From >VOA < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်