Notorious Marcos was billion of times better than Min Aung Hlaing

Notorious Marcos was billion of times better than Min Aung Hlaing

Even notorious Marcos ordered: “My order is not to attack. No, no, no! Hold on. My order is not to attack”

Marcos: “No! No! No! Hold on! You disperse the crowd without shooting them.”

Myanmar junta warns protesters at risk of being shot in the head: State TV

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့သူတွေ အဖြစ် ရခိုင်လူမျိုးတချို့ဟာ စစ်အုပ်စုနဲ့ အတူ စာရင်းဝင်နေပြီး ဖြစ်ပါတယ်

“ရိုဟင်ဂျာ ဆိုတဲ့ အမည်”
ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမဟာ ဘယ်လို ဖြစ်ကြောင်း၊ ဘယ်လိုကြောင့် လက်မခံနိုင်တာ ဖြစ်ကြောင်း တန်ပြန် မေးခွန်းထုတ်နေကြချိန်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့သူတွေ အဖြစ် ရခိုင်လူမျိုးတချို့ဟာ စစ်အုပ်စုနဲ့ အတူ စာရင်းဝင်နေပြီး ဖြစ်ပါတယ်။
ဒီမှာ ရခိုင်လူမျိုးတွေကိုပါ ကျူးလွန်သူ အဖြစ် ထည့်သွင်းခံထားရတဲ့ အရိပ်မည်းထဲကနေ လွတ်ချင်ရင် ဒါက ငါတို့ ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကို ဗမာတွေက သွေးခွဲအုပ်ချုပ်လို့ပါ ဆိုတဲ့ ငြင်းချက်လောက်နဲ့ လုံလောက်မယ် မထင်ပါဘူး။ ဘာလို့ဆိုရင် ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ပြုဖို့ လှုံ့ဆော်ရာမှာ ရခိုင်လူမျိုး နိုင်ငံရေးသမားတွေ ရှေ့တန်းကနေ ပါဝင်ခဲ့လို့ပဲ။ ၂၀၁၂ အရေးအခင်း မဖြစ်ခင်မှာပဲ Arakan သည် ရခိုင်သာ ဖြစ်ကြောင်း သမိုင်းဆွေးနွေးပွဲလိုလို ပွဲတွေကို RNDP ဦးဆောင်ပြီး ရခိုင်တပြည်လုံး အနှံ့လုပ်ခဲ့တယ်။ (လူသတ်၊ မုဒိမ်းမှုတခုကို လူမျိုးရေး ပဋိပက္ခအတွက် စနက်တံ အဖြစ် သုံးပြီး ၂၀၁၂ အရေးအခင်းကို စတယ်။ နောက်တော့ ရိုဟင်ဂျာတွေကို ဒုက္ခသည် စခန်းတွေနဲ့ ရွာတွေမှာသာ ပိတ်လှောင်ထားတော့တယ်။) ၂၀၁၂ အလွန်မှာ ရခိုင်နိုင်ငံရေးသမားတွေဟာ ရိုဟင်ဂျာ အများစုရဲ့ မဲပေးခွင့်ကို ရုတ်သိမ်းဖို့ ရှေ့တန်းကနေ ပါဝင်လှုံဆော်တယ်။ ရိုဟင်ဂျာ အမတ်တွေ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်တွေကိုပါ ကန့်ကွက်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲမပေးခဲ့ရတော့။ ၂၀၁၆-၁၇ မှာ မဲပေးခွင့်မရတော့တဲ့ ရိုဟင်ဂျာတွေရဲ့ ရရာလက်နက် စွဲကိုင် တော်လှန်မှုတွေ ရှိလာပြီး ရခိုင်နိုင်ငံရေးသမားတွေ (အထူးသဖြင့် ANP ခေါင်းဆောင်ပိုင်း)က အကြမ်းဖက်မှု တံဆိပ်ကပ်ခဲ့ပြီး၊ ချေမှုန်းပေးဖို့ စစ်တပ်ကို ကာချုပ်အိမ်ထိ သွားရောက် အကူအညီ တောင်းခံခဲ့တယ်။ လူမျိုးတုံးသတ်ဖြတ်မှုအထိ ဖြစ်လာတဲ့အပေါ်ကို ခုနက သွားရောက် ပင့်ဆောင်ခဲ့သူတွေ တယောက်မှ မရှုံ့ချခဲ့ပါဘူး။ဦးအေးမောင်ဖမ်းခံရအပြီး ၂၀၁၈-၂၀၂၀ ကြား ရခိုင်စစ်ပွဲကာလမှာတော့ ရိုဟင်ဂျာ ဆန့်ကျင်ရေး အသံတွေ တိတ်သွားပေမယ့် စစ်ကောင်စီ အာဏာသိမ်းအပြီးမှာတော့ ပြန်ထလာပါတယ်။
ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ စစ်အုပ်စုနဲ့အတူ ရခိုင်နိုင်ငံရေးသမားတချို့ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို မှားယွင်းထောက်ခံမှု၊ ရှုံ့ချကန့်ကွက်ဖို့ ပျက်ကွက်မှုတွေကို သာမန်ရခိုင်လူထုတွေ ကိုယ်တိုင် လိုလိုလားလား ရှက်စိတ်ဝင်မှသာ လူမျိုးရေး မှိုင်းက လွတ်မှာပါ။ တဖက်မှာ စစ်အုပ်စုနဲ့ ပူးပေါင်း ကျူးလွန်ခဲ့တဲ့ ရခိုင်နိုင်ငံရေးသမား တချို့ကို ရခိုင် တရားစီရင်ရေး စနစ်နဲ့ ဖြစ်စေ၊ နိုင်ငံတကာ တရားစီရင်ရေးစနစ်နဲ့ ဖြစ်စေ၊ ရခိုင်ပြည်သူတရပ်လုံးရဲ့ လူမှုဒဏ်ခတ်မှုနဲ့ ဖြစ်စေ သူတို့ရဲ့ ပြစ်မှုတွေ အတွက် အပြစ်ပေးအရေးယူနိုင်မှသာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေ အဖြစ် စာရင်းသွင်းခံထားရတာကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တခု ထပ်ပြောလိုတာက အခု ရိုဟင်ဂျာဆိုတဲ့ ဝိသေသ လက္ခဏာကို ရခိုင်တွေ လက်မခံနိုင်ကြသလို လွတ်လပ်ပြီးစမှာ ရခိုင် ဝိသေသလက္ခဏာကို ဗမာတွေ လက်မခံလို ကြဘူး။ (မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းမှာတောင် ရခိုင်ကို လူမျိုး တမျိုးအဖြစ် ထည့် မရေးထားဘူး) ဒါ့ကြောင့် ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းအရ ဗမာအောက်က မဟုတ်ပဲ သီးခြား တည်ရှိခဲ့ကြောင်း ၁၉၄၈-၆၂ တောက်လျှောက် တည်ဆောက်ခဲ့ရတယ်။ ၇၄ မှာမှ အမည်ခံ ပြည်နယ်ရပြီး သီးခြားလူမျိုးအဖြစ် ရပ်တည်နိုင်ခဲ့တာမျိုး ရှိတယ်။ ဒီလိုမျိုး ခံခဲ့ရတဲ့ လူမျိုးတမျိုး အနေနဲ့ အနီးက လူမျိုးတမျိုးရဲ့ မိမိကိုယ်ကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ညွှန်းခေါ်ဆိုခွင့်ကို အသိအမှတ် ပြုဖို့ သင့်တယ်လို့ ကျနော် မြင်ပါတယ်။
နောက်တခုက ရိုဟင်ဂျာတွေနဲ့ အပြိုင် ၁၉၄၀ ဝန်းကျင်မှာ စစ်တကောင်းဒေသက ရခိုင်စကားပြောတဲ့ လူအုပ်စုတစုဟာ မော့ဂ်/မောက် Mog လို့ တောက်လျှောက် အခေါ်ခံလာရတာကနေ မရမာ Marama လို့ ပြောင်းလဲ သမုတ်ခဲ့တယ်။ အခုအခါ ဘင်္ဂလာ အသိုင်းအဝိုင်းမှာ မရမာကို အတွန့်တက် ကန့်ကွက်ပြီး “မရမာကို ရခိုင်လို့ ခေါ်ရမယ်၊ ဒီကောင်တွေက ရခိုင်နယ်ချဲ့တွေနဲ့ အတူ ငါတို့ ဘင်္ဂလားကို ကျူးကျော်လာတဲ့ ကောင်တွေ၊ ကျွန်ပြုလာတဲ့ကောင်တွေ၊ ဒီကောင်တွေကို ကမ့်သွင်းပြီး မဲပေးခွင့်သိမ်းကြ” ဆိုပြီး လှုံ့ဆော်တဲ့လူ ရှားပါတယ်။ သန်း ရာချီ ရှိတဲ့ လူအုပ်စုနဲ့ အတူနေရတဲ့ အတွက် သိမ်ငယ်စိတ်တွေ၊ စိုးရိမ်မှုတွေ ရှိပေမယ့် ဒီဖက်ခြမ်းက ရိုဟင်ဂျာတွေ ခံရသလို မခံကြရပါဘူး။
ဒုတိယ ကမ္ဘာစစ်ကာလက အင်အားကြီးနှစ်နိုင်ငံကြားညပ်ပြီး ဖြစ်ခဲ့ရတဲ့ ၁၉၄၂ အရေးအခင်းအပေါ် အခြေခံပြီး ၁၉၄၀ နှစ်တွေမှာ စိတ်လိုက်မာန်ပါ ပြောဆိုမှုတွေ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ လက်ရှိ သက်ဆိုင်ရာ လူအုပ်စု တစုလုံးကို လွှမ်းခြုံနိုင်တဲ့ အမြင်တွေ မဟုတ်တော့ပါဘူး။ ရိုဟင်ဂျာ အရေးကိစ္စကို လူလိုသူလို မဖြေရှင်းနိုင် သရွေ့ အာရက္ခ အိပ်မက်သည်လည်း နိုင်ငံတကာရဲ့ လူလိုသူလို အသိအမှတ်ပြုမှု ရဖို့ ခက်ဦးမှာပါ။ (ဖဆပလခေတ်မှာ ရခိုင်ပြည်နယ် သတ်မှတ်ဖို့ လုပ်တော့ မေယုခရိုင်ဟာ လူမျိုးရေး စိုးရိမ်ချက်ကြောင့် ရခိုင်ပြည်နယ်နဲ့ မပေါင်းပဲ ပြည်ထောင်စုရဲ့ အုပ်ချုပ်မှုကို ခံယူဖို့ပဲ ဆန္ဒပြုခဲ့ကြတာကို သတိရဖို့ လိုပါတယ်)
ကျနော့်အနေနဲ့ ရိုဟင်ဂျာလို့ မိမိကိုယ်ကို ခံယူထားသူတွေကို ရိုဟင်ဂျာလို့ ရည်ညွှန်းခေါ်ဆိုလိုပါတယ်။ လိုအပ်တဲ့ ဆည်းပူးမှု မရှိခင်က ဘင်္ဂါလီလို့ ခေါ်ခဲ့တာ၊ အကြမ်းဖက် ဘင်္ဂါလီလို့ ခေါ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ စစ်အုပ်စုနဲ့ အတူပါဝင်ခဲ့တဲ့ ရခိုင်လူမျိုး နိုင်ငံရေးသမားတွေကို လုံလောက်တဲ့ တရားစီရင်မှု မလုပ်ဆောင်နိုင်သေးလို့လည်း အားနာရပါတယ်။ တဖက်မှာ ရိုဟင်ဂျာ ဝိသေသ လက္ခဏာကို ကျနော် လက်ခံတဲ့ နေရာမှာ ရိုဟင်ဂျာ ဝိသေသ လက္ခဏာရဲ့ နောက်က သမိုင်းဆိုင်ရာ တည်ဆောက်ချက်တိုင်းကို လက်မခံပါဘူး၊ ဒါတွေဟာ သမိုင်းဆိုင်ရာ အားဖြင့်၊ မနုဿဗေဒအားဖြင့် စနစ်တကျ ငြင်းခုံရမယ့်၊ သက်သေပြရမယ့် ကိစ္စတွေ အဖြစ်သာ ခံယူပါတယ်။ တပြိုင်တည်းမှာပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို လိုလားသူ တယောက်အနေနဲ့ ရိုဟင်ဂျာလို့ ခံယူသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဖို့အတွက် သမိုင်းဆိုင်ရာတွေ၊ မနုဿဗေဒတွေ ဆွေးနွေးရဦရမယ် ဆိုတာကိုတော့ သိပ်လက်မခံပါဘူး။ မဲပေးခွင့် အပါအဝင် ရိုဟင်ဂျာတွေရဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေဟာ ဘယ်အနေအထားမှာမဆို ရရှိအပ်တဲ့ အခွင့်အရေးတွေ ဖြစ်တယ်လို့ ခံယူပါတယ်။ အခုအချိန်ထိ ခိုးဝင်လို့ ခေါ်ချင်နေတဲ့သူတွေအနေနဲ့လည်း “စစ်တကောင်းပည်နယ်နှင့် အာရကန်သည် တခုတည်း ဖြစ်သည်ဟု ငါရို့မှတ်ယူသည်” လို့ ရေးခဲ့တဲ့ ရခိုင်ဘုရင်ကိုလည်း ကျနော့်ကိုဆဲရင်း မပျက်မကွက် ထည့်ဆဲကြပါ။*
၁၇ ရာစုက အာရကန်/မြောက်ဦးကို ရိုစန်းဂါ Rosānga လို့ ခေါ်ဆိုတဲ့ မြောက်ဦးမြို့သား ဘင်္ဂါလီ** စာဆို Sayed Alaol ရဲ့ စန္ဒသုဓမ္မရာဇာ ဘုန်းတော်ဘွဲ့ ကဗျာထဲက စာသားတချို့နဲ့ပဲ ဒီစာအရှည်ကြီးကို အဆုံးသတ်လိုပါတယ်။
“တရားမျှတမှု ဓါးစက်ကို အလေးအမြတ်ပြုလျက် သိုးငယ်နှင့် ကျားတို့ ဆုံဆည်းကာ ရေဗွက်တခုထဲသို့ အတူတူ ရေသောက်ဆင်းကြလေသည်။”
*”Translation of Letter from Great Rajah, second Rajah and Vizier of the Kingdom of Arracan to the Chief of Chittagong”, in Letter, “No.1, J. Stonehouse, Magistrate of the Zillah”.
**ဆယ်ကျော်သက် အရွယ်မှာ ဘင်္ဂလားကနေ မြောက်ဦးကို ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဘင်္ဂါလီလူမျိုး တယောက်မို့လို့ ဘင်္ဂါလီလို့ပဲ သုံးထားပါတယ်။
Original link : https://www.facebook.com/100013730678596/posts/1092063351261344/?d=n

At the Miss Grand International beauty pageant in Bangkok, a tearful Myanmar contender, Han Lay sing ‘Heal the World’ by Michael Jackson

Overnight, at the Miss Grand International beauty pageant in Bangkok, a tearful Myanmar contender, Han Lay, pleaded for peace.
“I deeply feel sorry for all the people who have lost their lives on the streets,” she said in an emotional address, before singing Michael Jackson’s Heal the World.
“Please help Myanmar, we need your urgent international help right now.”


Heal the World by Michael Jackson
(Think about um, the generations
And ah, say we want to make it a better place for our children
And our children’s children so that they, they
They, they know it’s a better world for them
And think if they can make it a better place)
There’s a place in your heart
And I know that it is love
And this place it was brighter than tomorrow
And if you really try
You’ll find there’s no need to cry
In this place you’ll feel there’s no hurt or sorrow
There are ways to get there
If you care enough for the living
Make a little space
Make a better place
Heal the world
Make it a better place
For you and for me, and the entire human race
There are people dying
If you care enough for the living
Make a better place for you and for me
If you want to know why
There’s love that…
LyricFind

Medical Family Defense Team က ညီငယ်လေး ဒေါက်တာသီဟတင်ထွန်း(လက်ထောက်ဆရာဝန် ပြင်ဦးလွင်ဆေးရုံ) ကပါ အလောင်းကို ပြန်ရအောင်လုပ်ပေးပါအုံးတဲ့

May be an image of 6 people, people standing, outdoors and text that says 'Kyaw Kyaw Thet 16h. Please help me! သီဟတင်ထွန်းနဲ့ ဒီနေ့လယ်ကစပြီး အဆက်အသွယ်မရ တော့တဲ့အပြင် ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားလို့ ပါ။ တစ်ခုခု အဆက်အသွယ်ရရင် ပြောကြပါဦး။ ကလော 474 11 Comments. 291 Shares'

Freddy Myat Min Kyaw
Rest in power ညီလေး 😥😥
ကိုမြတ်ကြီး….စိုးစိုးကိုလာရှာတာလားဆိုပီး အမြဲပြုံးပီးမေးတဲ့ ညီလေးကို အမှတ်ရနေမှာပါ။

သားလေး Dr သီဟတင်ထွန်းရေးခဲ့တဲ့စာဖတ်ပြီး မျက်ရည်မထိမ်းနိုင်ခဲ့ပါဘူး။

May be an image of text that says 'University of Medicine Mandalay Students' Union 9 mins ဆေးတက္ကသိုလ်မန္တလေး ၁၂/၂၀၁၀ ၂/၂၀၁၀Ba ကျောင်းသား ဟောင်း ပြင်ဦးလွင်မြို့ AS ဒေါက်တာသီဟတင်ထွန်း သည် ယမန်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ မနက် ကတည်းကပင် အိမ်နှင့် အဆက်အသွယ်ပြတ်တောက် သွားသည်ဟု သိရပါသည်။ ထို့အတွက်ကြောင့် လိုက်စုံစမ်းကြည့်ရာတွင် တွေ့ရှိလိုက် ရသော အမှန်တရားမှာ ပိုမိုအဆမတန်ခါးသီးစေပါသည်။ ယမန်နေ့ဖြစ်စဥ် မန္တလေး ၄၂ လမ်းတွင် ခွေးများဝိုင်း လာ၍ ရပ်ကွက်ကိုသဲအိတ်များ အတင်အချပြုလုပ်ပေး နေရာတွင် ခွေးများက လက်မောင်းကိုတစ်ချက်၊ ခေါင်းကို တစ်ချက်ပစ်ကာ ရုပ်အလောင်းကိုပင် ဆွဲလုသွားသည်ဟု သိရပါသည်။ ရပ်ကွက်နေပြည်သူများ ဝိုင်းလုသော်လည်း ပြန်မရခဲ့ပါ။ ထို့ကြောင့် ယခုမှာ မိသားစုမှာ အလောင်းပင် ပြန်မရသည့် ကြေကွဲဖွယ်ရာ အရေးပေါ် အခြေအနေဖြစ်နေပါသည်!!'

No description available.

Medical Family Defense Team က ညီငယ်လေး ဒေါက်တာသီဟတင်ထွန်း(လက်ထောက်ဆရာဝန် ပြင်ဦးလွင်ဆေးရုံ) ကပါ ဒီနေ့မနက် သူ့အမေ နဲ့ ဖုန်းပြောရပါတယ် မနေ့ကတည်း သူ့အမေ က ပြန်မလာလို့ စိတ်ပူနေရှာတာ ကိုယ်လည်း တတ်နိုင်သလောက််စုံစမ်း အိုဘိုထောင်ထဲ ရောက်တဲ့ စာရင်းထဲလည်း မပါ ဘယ်ရောက်နေမှန်းမသိတော့ ကိုယ်ကိုတိုင်လည်း တတ်နိုင်သလောက် ကြိုးစားကြည့် ဘယ်လို မှ စုံစမ်းမရ နေ့လည် က တစ်ခါ သူ့အမေ က ဖုန်းဆက်ပြန်တယ် ဆရာဘာကြားသေးလဲဆိုပြီး အခုညနေ မှာ သူ့အမေ က ဖုန်းထပ်ဆက်လာတယ် ဆရာရေ ကျမသားလေးက ကျဆုံးသွားပြီ တဲ့ ၄၂လမ်း မှာ ကျဆုံးပြီး ခွေးတွေ ဆွဲတင်သွားပြီတဲ့ လိုင်းပေါ်မှာ တက်နေတဲ့ ဓာတ်ပုံထဲ က ဖိနပ်ကလေးက သူ့သား အဲဒီနေ့က စီးသွားတဲ့ ဖိနပ်ကလေးပါတဲ့ ဆရာရယ် ကျမသားလေး အလောင်းကို ပြန်ရအောင်လုပ်ပေးပါအုံးတဲ့ ကိုယ်လည်း အတော်လေးခံစားရပြီး ဘယ်လို ကူညီရမှန်းကို မသိတော့ဘူး မင်းတို့ကောင်တွေကွာ ဆရာဝန်တစ်ယောက်ကို သတ်လည်း သတ်ပြီးပြီ အလောင်းလေးတောင် မိသားစု လက်ထဲ ပြန်ထည့်မပေးတာ ဆဲစရာ ပြောစရာ စကားလုံး ကိုမကျန်တော့ဘူး
ညီလေး ရေ အစ်ကို ဒီတိုက်ပွဲ ကို နိုင်အောင်တိုက်ပေးပါ့မယ် လို့ ဂတိတော့ ပေးနိုင်ပါတယ်ကွာ
အရေးတော်ပုံအောင်ရမည်။

May be an image of one or more people, outdoors and tree
May be an image of outdoors and tree
No photo description available.
May be an image of flower, outdoors and text that says 'V VOM M VOICE'
May be an image of footwear, outdoors and text

Muslims have The Right to Protest and REVOLT Against Tyranny of Government

“အသင်တို့အနက် မည်သူမဆို
စက်ဆုပ်ရွံရှာဖွယ်အမှုကို ပြုသည်ကို မြင်ရလျှင်
ထိုအမှုကို မိမိ၏ လက်ဖြင့် ပြုပြင်လော့။
ထိုသို့ လက်ဖြင့် မပြုပြင်နိုင်လျှင် မိမိ၏ နှုတ်လျှာဖြင့် ပြုပြင်လော့။
ထိုသို့ နှုတ်လျှာဖြင့် မပြုပြင်နိုင်ပါလျှင် နှလုံးသားဖြင့် ပြုပြင်လော့။
ဤသည် ယုံကြည်မှု၏ အားအနည်းဆုံးအချက်ပင်ဖြစ်သည်။”
(မွတ်စ်လင်မ်ကျမ်း)
Muslims have The Right to Protest Against Tyranny of Government
Amongst the rights that Islam has conferred on human beings is the right to protest against government’s tyranny.
Referring to it the Quran says:
“God does not love evil talk in public unless it is by someone who has been injured thereby” (4:148).
God gives the person, who has been the victim of injustice or tyranny, the right to openly protest against the injury that has been done to him.
The Holy Quran has described this quality of the Faithful in the following words:
“They enjoin what is proper and forbid what is improper” (9:71).
The Quran mentions: “They bid what is improper and forbid what is proper” (9:67).
The Prophet has said:
“If any one of you comes across an evil, he should try to stop it with his hand (using force), if he is not in a position to stop it with his hand then he should try to stop it by means of his tongue (meaning he should speak against it). If he is not even able to use his tongue then he should at least condemn it in his heart. This is the weakest degree of faith” (Muslim).


May be an image of text
May be an image of text

Revolution against the TYRANT Myanmar Military is a form of Jihad. You can fight with the sword (weapon), TONGUE (protest) or Pen (Playcards, billboards or on INTERNET posts)

So revolution against the TYRANT Myanmar Military is a form of Jihad. You can fight with the sword (weapon), TONGUE (protest) or Pen (Playcards, billboards or on INTERNET posts e.g. Face Book, Blogs, Twitter, YouTube, Instigram etc.

This post is my answer as IT IS CLEARLY A POLITICAL QUESTION and not a pure religious question.

My brother Maung Maung just wrote on FB…

သေပြီ ဆရာမေးခွန်းသတ်ပြီ

No photo description available.

In the Qur’an: Al-Baqara
Lo! those who believe, and those who emigrate (to escape the persecution) and strive in the way of Allah, these have hope of Allah’s mercy. Allah is Forgiving, Merciful. (218)…So DON’T stay under the TYRANT Military Gov. IF you don’t have the courage or power to revolt!


In the Qur’an: An-Nisa
Lo! as forthose whom the angels take (in death) while they wrong themselves,
The angels will ask: In what were ye engaged?
They will say: We were oppressed in the land.
(The angels) will say: Was not Allah’s earth spacious that ye could have migrated therein? As for such, their habitation will be hell, an evil journey’s end; (97)
Except the feeble among men, and the women, and the children, who are unable to devise a plan and are not shown a way. (98)
As for such, it may be that Allah will pardon them. Allah is ever Clement, Forgiving. (99)
Who so migrate for the cause of Allah will find much refuge and abundance in the earth, and who so forsake his home, a fugitive unto Allah and His messenger, and death overtake him, his reward is then incumbent on Allah. Allah is ever Forgiving, Merciful. (100)


My friend Khalid Walid wrote:
တမန်တော်မြတ်ကြီး Hijra လုပ် တဲ့ အ ချိန် မှာ မက္ကာ မှာ ရှိ တဲ့ မွတ်စလင် အား လုံး ထွက် ခွာ သွား ကြ တယ် လို့ ယူ ဆ ပါ တယ် ။ ဒါ ပေ မဲ့ စစဦး မှာ အီသီယိုပီးယား ကို ထွက် ခွာ ခိုင်း တဲ့ အုပ်စု လည် ရှိ ခဲ့ ဘူး ပါ တယ်၊ ခု နေ တတ် နိုင် သူ တွေ ဒီ က စွန့် ခွာ သွား ရင် ကျန် တဲ့သူ တွေ အင် အား လျှော့ သွား မလား ။ စိတ် အား ငယ် သွား မ လား…အား လုံး စွန့် ခွာ သွား သင့် သလား?
There are also sayings that put strict limits on the duty of obedience. Two dicta attributed to the Prophet and universally accepted as authentic are indicative.

One says, “there is no obedience in sin”; in other words, if the ruler orders something contrary to the divine law, not only is there no duty of obedience, but there is a duty of disobedience.

This is more than the right of revolution that appears in Western political thought. It is a duty of revolution, or at least of disobedience and opposition to authority. The other pronouncement, “do not obey a creature against his creator,” again clearly limits the authority of the ruler, whatever form of ruler that may be.[33]

Ref: Wikipedia. “Freedom and Justice in the Middle East”. Archived from the original on 2007-12-30. Retrieved 2008-11-05.
Ibn Taymiyyah — an important 14th century scholar of the Hanbali school — says in Tafseer for this verse “there is no obedience in sin”; that people should ignore the order of the ruler if it would disobey the divine law

Jihad is classified into inner (“greater”) jihad, which involves a struggle against one’s own base impulses, and external (“lesser”) jihad, which is further subdivided into…

Jihad of the pen/tongue (debate or persuasion) and jihad of the sword.

So revolution against the TYRANT Myanmar Military is a form of Jihad.

You can fight with the sword (weapon),

TONGUE (protest) or Pen (Playcards, billboards or on INTERNET posts e.g. Face Book, Blogs, Twitter, YouTube, Instigram etc.

From the time of the our Prophet Muhammad (PBUH), the final prophet of Islam, many Muslim states and empires have been involved in warfare. The concept of jihad, the religious duty to struggle, has long been associated with struggles for promoting a religion, Islamic jurisprudence on war differentiates between illegitimate and legitimate warfare and prescribes proper and improper conduct by combatants.

Numerous conquest wars as well as armed anti-colonial military campaigns were waged as jihads. Fighting is justified for legitimate self-defense, to aid other Muslims, and after a violation in the terms of a treaty; but should be stopped if these circumstances cease to exist.
Jihad was declared obligatory and a religious duty for all Chinese Muslims against Japan after 1937 during the Second Sino-Japanese War.

နောင်တချိန် ပြည်သူကိုယ်စားပြု အစိုးရတရပ်ပေါ်လာခဲ့ရင် ကမ္ဘာ့ဘယ်နိုင်ငံက မတရားမူကိုမှ မြန်မာအနေနဲ့နှုတ်ဆိတ်မနေဖို့ ဝိုင်းဝန်းတိုက်တွန်းကြရပါမယ်

Thu Ya Ko Ko

မအလကို ထောက်ခံတဲ့နိုင်ငံတွေကို မဆဲခင် စဉ်းစားကြည့်ပါ။

ဒီနေ့ အိနိယ နယ်စပ် ပြည်ထဲရေးဝန်ကြီးက မြန်မာပြည်ကနေ
ထွက်ပြေးလာသူတွေကို မကူညီဖို့ စာထုတ်တယ်။
ထိုင်းဘက်ကစစ်အစိုးရကို ဆန့်ကျင်သူ ကိုမင်းကိုနိုင်အပါအဝင် လူတချို့ကို
ဖမ်းဝရမ်းထုတ်တဲ့စာတွေ ထိုင်းမှာ ပေးကပ်တယ်။
တရုတ်၊ ရရှား၊ဘဂ်လားဒေ့ရှ်၊ ထိုင်း၊ အိနိယ၊ ပါကစတန်၊ ဗီယက်နမ်၊ လာအိုတို့က
စစ်သံမူးတွေ ဒီနေ့ မအလရဲ့တပ်မတော်နေ့အခမ်းအနား တက်တယ်။
UN မှာ မြန်မာ့အရေး အစည်းအဝေးလုပ်ပြီဆိုလည်း တရုတ် ရရှား အပါအဝင် နိုင်ငံတချို့က အဖိနှိပ်ခံပြည်သူဘက်က မရပ်တည်ဘူး။
ဒီလို နိုင်ငံတချို့ရဲ့အစိုးရတွေက ကျနော်တို့ ပြည်သူတွေဘက်ကနေ
မရပ်တည်တိုင်း ကျနော်တို့ ကြေကွဲနာကျင်ကြရတယ်။ Boycott
လုပ်ကြမယ် ဘာညာဆိုပြီး မကျေမနပ် ဟစ်ကြွေးကြတယ်။

ကျနော်တို့ ပြီးခဲ့တဲ့ ၅နှစ်က ကမ္ဘာ့ဇာတ်ခုံပေါ်မှာ NLD အစိုးရရဲ့
ရပ်တည်မူတွေကို သတိပြုမိဖူးကြသလား။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်တဲ့
NLD အစိုးရသက်တမ်း ၅နှစ် အတွင်း မြန်မာဟာ ကမ္ဘာ့အရေး၊
နိုင်ငံတကာအရေး ပြသနာတွေမှာ ဘယ်ဘက်က ရပ်တည်ခဲ့သလဲ။

ပြီးခဲ့တဲ့ ၅နှစ်အတွင်း ဟော့အစ်ရူးဖြစ်ခဲ့တဲ့ ဝီဂါအရေး၊ တိဘက်နဲ့
ဟောင်ကောင်အရေးတွေမှာ မြန်မာအစိုးရဟာ မတရားလုပ်ခဲ့သူ
တရုတ်အစိုးရဘက်ကနေ ရပ်တည်ပေးခဲ့လား။ မတရားပြုခံရတဲ့
ပြည်သူတွေဘက်က ရပ်တည် မဲပေးခဲ့သလား။
ဝီဂါအရေးမှာဆိုတရုတ်လုပ်ဆောင်မူကို ထောက်ခံကြောင်း သမတ ဉီးဝင်းမြင့်က
၂၀၂၁ ဇန်နဝါရီလမှာ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဘက်အရေး ကုလမှာ မဲခွဲဆုံးဖြတ်တိုင်း မြန်မာဟာ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တိဘက် ပြည်သူတွေဘက်ကတကြိမ်မှ မရပ်တည်ပေးခဲ့ပါဘူး။
NLD အစိုးရလက်ထက်မှာ ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်က
မတရား အာဏာရယူတဲ့ ပြသနာပေါ်လို့ ထိုင်းပြည်သူသန်းချီပြီး
ဆနထုတ်ဖော်ခဲ့ကြတယ်။ ဒီပြသနာ UN ကိုလည်းရောက်တယ်။
ဒါပေမဲ့ မြန်မာဟာ ထိုင်းဗိုလ်ချုပ်ကြီး ပရာစွတ်နဲ့ မိတ်မပျက်ပါ။
ပြီးခဲ့တဲ့ ၅နှစ်အတွင်း မြန်မာနယ်စပ် အိနိယအာသံပြည်နယ်က
အိနိယအစိုးရကို ပုန်ကန်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေ
မြန်မာဘက်မှာ မိတိုင်း အိနိယကို ဖမ်းပြီး ပြန်အပ်ပေးခဲ့တယ်။
မိုဒီအစိုးရက ပြီးခဲ့တဲ့ ၅နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့
ကရှ်မီးရ်ပြည်နယ်ကို မတရားဉပဒေတွေပြဌားန် ဖုန်း၊အင်တာနက်
ဖြတ်တောက်ပြီး အပြင်းထန်ဆုံး နှိပ်ကွပ်ခဲ့လို့ UN မှာ ကရှ်မီးရ်
အရေး အကြိမ်ကြိမ် မဲခွဲခဲ့ရာမှာ မြန်မာဟာ အဖိနှိပ်ခံတွေဘက်က
တကြိမ်မှ မရပ်တည်ပေးခဲ့ဘူး။
မြန်မာမှာ စီးပွားရေးလုပ်နေတဲ့ တူရကီ အစိုးရရဲ့အတိုက်အခံ
ဂိုလာမ် အင်အားစုတွေ ဖြိုခွင်းဖို့ NLD အစိုးရက အပြည့်အဝ
အကူအညီပေးခဲ့ပြီး တချို့ကိုဆို ပြည်နှင်ဒဏ်ပါပေးခဲ့သေးတယ်။
ပြီးခဲ့တဲ့ ၅နှစ်အတွင်းဖြစ်ခဲ့တဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်က အစိုးရတွေ
ပြည်သူလူထုအပေါ် မတရားဖိနှိပ်သတ်ဖြတ်မူ ပြသနာတိုင်းမှာ
NLD အစိုးရဟာ တကြိမ်တခါမှ အဖိနှိပ်ခံ ပြည်သူတွေဘက်
ရပ်တည်ပြီး အသံထုတ်၊ မဲပေးခဲ့တာမျိုး မရှိပါဘူး။
အဆိုးဆုံးက မြန်မာပြည်ထဲမှာပဲ မြန်မာတိုင်းရင်းသားတွေနဲ့
ရိုဟင်ဂျာအပါအဝင် လူနည်းစု ဘာသာဝင်တွေကို စစ်တပ်က
မတရားသတ်ဖြတ် အနိုင်ကျင့်နေတာကို ကမ္ဘာ့နိုင်ငံတချို့က
ဝေဖန်ကန့်ကွက်တိုင်း NLD အစိုးရ သစ္စာခံ သံအမတ်တွေနဲ့
ဝန်ကြီးတွေက ပယ်ချ ကန့်ကွက်ခဲ့တာပါပဲ။
မတရားမူတခုကို နှုတ်ဆိတ်နေခဲ့ရင် အဲ့မတရားမူဟာ သင့်ဆီ
ပြန်လှည့်လာတတ်တယ်ဆိုတာ ကျနော်တို့ မျက်ဝါးထင်ထင်
ကြုံနေရတာပါ။

နောင်တချိန် ပြည်သူကိုယ်စားပြု အစိုးရတရပ်
ပေါ်လာခဲ့ရင် ကမ္ဘာ့ဘယ်နိုင်ငံက မတရားမူကိုမှ မြန်မာအနေနဲ့
နှုတ်ဆိတ်မနေဖို့ ဝိုင်းဝန်းတိုက်တွန်းကြရပါမယ်။

(Min Thet Naing)

BollywoodUpdateNewsMyanmar

မတရားအဏာသိမ်းပြီး လူတွေကိုသတ်နေတာစစ်တပ်မှာအပြစ်ရှိတယ်။ ဒီလိုပြဿနာမဖြစ်အောင် နိုင်ငံရေးနည်းနဲ့မတားဆီးနိုင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာတာဝန်ရှိတယ်

Minmin Aung

ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အထင်အမြင်လွဲခဲ့တာတွေ၊ လူသားချင်းမစာနာမိခဲ့တာတွေအတွက် ဝန်ချတောင်းပန်တာတွေကိုတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ၊ တချို့ဂျာနယ်လစ်တွေကပါလုပ်နေကြတာတွေ့ရပါတယ်။ Dr ဆာဆာကလဲ ရိုဟင်ဂျာတွေနဲ့တွေ့တာစကားပြောတာတွေလုပ်နေတယ်။
မဘသအပါအဝင် မျိုးချစ်မြန်မာတွေ ဆွေ့ဆွေ့ခုန်ဖြစ်နေကြတာပေါ့။
တကယ်တမ်းက မြန်မာပြည်မှာ “ရိုဟင်ဂျာမျိုးတုန်းအောင်လုပ်မှု Genocide” ဖြစ်ခဲ့တယ်/ဖြစ်နေတယ်လို့ Gambia နိုင်ငံက ICJ မှာစွပ်စွဲတာဟာ ရိုဟင်ဂျာတွေကို သိန်းသောင်းချီတကယ်တမ်းသတ်ဖြတ်တယ်/မသတ်ဖြတ်ဘူးဆိုတာထက် “Slow Genocide လို့ခေါ်တဲ့ အမျိုးတိမ်ကောပျောက်ပျက်သွားအောင်လုပ်နေတယ်” ဆိုတဲ့အချက်ဟာ အဓိကဖြစ်တယ်ဆိုတာ မြန်မာပြည်သားအများစုကမသိကြဘူူး။
ဒေါ်အောင်ဆန်းစုကြည်ကလဲနားမလည်ဘူး။ အဲဒါအဆိုးဆုံးဖြစ်သွားတာ။ သူသိတာက ဒီလောက်ကြီးပြောရလောက်အောင် လူတွေဒီလောက်မသေပါဘူးဆိုတာပဲ။
သူကစပြီး ရိုဟင်ဂျာကို ရိုဟင်ဂျာလို့မခေါ်ဘဲ ဘင်္ဂလီလို့ခေါ်တော့ လူမျိုး တစု ရှိမှန်း/မရှိမှန်းလေ့လာအဖြေရှာရေးမဟုတ်တော့ဘဲ သူကိုယ်တိုင်က ဒီလူမျိုးတွေကိုနာမည်ကအစ အစဖျောက်တဲ့တရားခံဖြစ်နေရော။
FB နဲ့ Social မီဒီယာတွေမှာ ICJ က အချက်အလက်တွေတောင်းတယ်ဆိုတာအဲဒါပဲ။ လုမျိုူး/လူအစုအဖွဲ့တခုကို မြန်မာတပြည်လုံးမှာ လူတွေကဘယ်လောက်များသည်းကြီးမဲကြီးဆန့်ကျင်မုန်းတီးနေကြသလဲဆိုတဲ့ အချက်အလက်အတိအကျကိုဖေါ်ထုတ်ဘို့ပဲ။ အများစု (ဗုဒ္ဓဘာသာ) လူထုကြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်စေချင်တဲ့ အနည်းစု (မူဆလင်တွေ)ကို ဒီလောက်မုန်းနေတယ်၊ သက်ဆိုင်ရာအစိုးရကလဲ ညှိနှိုင်းအကာအကွယ်ပေးခြင်းမရှိဘူးဆိုတာ Slow Genocide တဖြည်းဖြည်းချင်းအစဖျောက်တဲ့သဘောပဲ။ ICJ မှာ မြန်မာ့အရေးဟာ ရှုံးဘို့သေချာသလောက်ဖြစ်နေပြီ။ အခုစစ်တပ် လုပ်နေတဲ့ပုံနဲ့ဆိုပိုဆိုးမယ်။
တကယ်တမ်းမှာ ဒေါ်စုဟာ လူထုအပေါ်သြဇာညောင်းတဲ့ခေါင်းဆောင်ပါ။ လူထုရဲ့အတွေးအမြင်ကို ချက်ခြင်းကြီးမဟုတ်တောင် တဖြည်းဖြည်းတည့်မတ်သွားအောင် လုပ်ချင်ရင်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ သူဟာ သတ္တိမရှိခဲ့ဘူး။
ရိုဟင်ဂျာကိစ္စအပေါ်သူက စာနာကြောင်းပြလိုက်မိယင် မဘသနဲ့ စစ်တပ်ကအမြတ်ထုတ်သွားမယ်၊ လူထုကသူ့ကိုအထင်လွဲသွားမယ်ဆိုတဲ့စိုးရိမ်စိတ်တွေဘဲကြီးစိုးခဲ့တယ်။
လူ့အခွင့်အရေးဦးစားပေးသူတဦး Human Rights Icon အဖြစ်ထင်ပေါ်ပြီး တကမ္ဘာလုံးကဝိုင်းမြှောက်စားတာခံခဲ့ရပေမဲ့ သူကအာဏာတဝက်တပျက်လဲရရော “ကျမဟာ နိုင်ငံရေးသမားပါ”လို့ကြေငြာပြီး လူ့အခွင့်အရေးကိစ္စတွေအားလုံးအပေါ်သစ္စာဖေါက်သွားခဲ့တယ်။ အဲဒါကြောင့်ပဲ သူ့ကိုတကမ္ဘာလုံးကဝိုင်းရှုံချခဲ့တာပေါ့။
အခုသူအဖမ်းခံရတော့ သူ့အတွက်ရှေ့ထွက်ပြီးတောင်းဆိုပေးတဲ့ ငြိမ်းချမ်းရးနိုဗယ်ဆုရှင်တယောက်မှမရှိပါဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့တွေကလဲသူ့ကိုလှည့်မကြည့်တော့ဘူူး။
တကယ်တမ်းမှာတော့ဒေါ်စုဟာ နိုင်ငံရေးမှာလဲ ခပ်ညံ့ညံ့ Populist politician “အများကြိုက်လိုက်ရောချရာထူးယူတဲ့နိုင်ငံရေးသမား” အဆင့်ကတက်မလာခဲ့ပါဘူး။ ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးလွန်းခဲ့ပြီး အောက်ခြေလွတ် ထင်ရာစိုင်းနေခဲ့တဲ့အတွက် နိုင်ငံအတွင်းကပြဿနာတွေကို အတိမ်အနက်အမှန်အကန်တွက်ဆနိုင်စွမ်းမရှိခဲ့ပါဘူး။
နိုင်ငံရေးအတွက်အချက်ညံ့ဖျင်းခဲ့လွန်းပြီး နိုင်ငံရေးကစားကွက်တွေကိုမှန်အောင်မရွှေ့နိုင်ခဲ့လို့ စစ်တပ်က အခုလိုအခွင့်ကောင်းယူ အမြတ်ထုတ်သွားတာကိုခံလိုက်ရတာပါ။ အခုလဲ အဂတိလိုက်စားသူနိုင်ငံရေးအကျင့်ပျက်တဦးအဖြစ် ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်တပ်ရဲ့ပုံဖျက်မှုဒဏ်ကိုဆက်ခံရတော့မှာပါ။ ဒါသူညံ့လို့ပါလို့ပြောရင်လဲ ကျမဟာတဖက်သတ်မညှာမတာပြောတယ်လို့ထင်ကြပါလိမ့်မယ်။
မတရားအဏာသိမ်းပြီး လူတွေကိုသတ်နေတာစစ်တပ်မှာအပြစ်ရှိတယ်။ ဒီလိုပြဿနာမဖြစ်အောင် နိုင်ငံရေးနည်းနဲ့မတားဆီးနိုင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာတာဝန်ရှိတယ်။ သူဟာ တိုင်းပြည်နဲ့လူခုကိုမပြောနဲ့ နိုင်ငံရေးသမားအမည်ခံပြီး ကိုယ့်လုပ်ရပ်တွေကိုတောင် ကိုယ်လုံအောင်မလုပ်နိုင်ခဲ့ဘူး။
မင်းမင်းအောင်