Aung Htay
“CDM ဘယ်မှာ ဆုံးမှာလဲ”
မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးသမားတွေက ငုတ်တုတ်ကလေး အဖမ်းခံလိုက်ရပြီး ဘယ့်နှယ့်ကြောင့် ဆရာဝန်တွေက ထိပ်ဆုံးကနေ သူ့ကျွန်မခံပြီ ထတော်လှန်နေရသလဲ ဆိုတာ စိတ်ဝင်စားစရာ မကောင်းပါလား။ ကိုယ်တို့ ဆေးပညာလောကသားတွေ နှီးနောတိုင်ပင်တဲ့အခါမှာလည်း ဘယ်တုန်းကမှ စစ်တပ်မကောင်းကြောင်း မယ်ဖျားကောင်းကြောင်း စကားစပ်လို့တောင် ထည့်မပြောခဲ့ကြဖူးပါဘူး။ ဆရာဝန့်ပါးစပ်ဆိုတာ သူ့အတတ်ပညာနယ်ပယ်မှ မဟုတ်တယုတ် လာလုပ်လို့ကတော့ အနီသော အစိမ်းသော ဘယ်သူ့ကိုမှ ချမ်းသာမပေးကြပါဘူး။ အခုတလော လော်ဘီလောက်ကောင်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ “ဆရာဝန်ဆိုတာ ဘယ်အစိုးရတက်တက် လူနာတွေရဲ့အကျိုးကိုပဲ လိုလားရတယ်။ ဟိုအစိုးရတက်ရင် လက်မခံဘူး။ ဒီအစိုးရတက်မှ ဆေးကုမယ် ဆိုတာ ဆရာဝန်စိတ်ထား မဟုတ်ဘူး။ ဆရာဝန်ကျင့်ဝတ်နဲ့ မညီဘူး။” လို့ အတင်းကြီး စိတ်ထားမြင့်မြတ်ဖြူစင်ပြနေသူတွေရဲ့ စကားဟာ မြဝတီကလွှင့်တဲ့သတင်းတွေလိုပဲ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ်ပြောချင်တဲ့စကားကိုသာ ကျားကျားမီးယပ် နားပိတ်ငြင်းနေတဲ့ သဘောမျိုးဖြစ်ပါတယ်။ တကယ်တန်းကျတော့ အဲ့သလိုပြောနေတဲ့သူကသာ ဆရာဝန်စိတ်ဓါတ်မရှိတဲ့ ဆရာဝန်တွေရဲ့ မြေပြင်အခြေအနေတွေကို နားမလည်၊ ဆရာဝန်အလုပ်တွေကို ထဲထဲဝင်ဝင် ရေရေရာရာ မလုပ်ဖူးပဲ “ဘယ်သူလာလာ ငါ တည့်အောင်ပေါင်းပြီး နေရာကောင်းယူပြမယ်” ဆိုတဲ့သူတွေ များပါတယ်။ ဘာကြောင့်ဆိုတော့ ဆရာဝန်တွေ ဆရာမတွေ ဆိုကြပါတော့ ဆေးပညာလောကသားတွေ ဘာဖြစ်လို့ CDM လုပ်ကြသလဲ ဆိုတဲ့ အဓိပ္ပါယ်ကို သူနားမလည်သေးဘူး။ သူထင်တာ အဲ့ဒါ NLD အစိုးရအတွက်လုပ်နေတာ လို့ပဲ အောင့်မေ့နေတာ။ ဉာဏ်တိမ်တာလား မသိချင်ယောင်ဆောင်နေတာလားတော့ မသိဘူးပေါ့လေ။ အခုလောလောဆယ် ကြောင်းတိုက်ဆိုင်လာလို့ “ဆရာဝန်တွေ ဘာဖြစ်လို့ CDM လုပ်ကြသလဲ။” အဲ့ဒါလေး နားလည်အောင် ရှင်းပြပေးပါလားလို့ တစုံတယောက်က တောင်းဆိုတာတဲ့အခါ သူတို့တွေပါ သဘောပေါက်သွားအောင် ဒိုးဒိုးဒေါက်ဒေါက် ရှင်းပလိုက်ပါတော့မယ်။
အရင်ဆုံး သိထားဖို့ရာက ဆရာဝန်တွေ CDM လုပ်တာဟာ ဘယ်တုန်းကမှ ပါတီနိုင်ငံရေးမပါခဲ့ဘူး။ ဆရာဝန်အလုပ်ကို မဲဆွယ်ဖို့ ခေါ်ခေါ်သုံးတဲ့သူတွေကို ဆရာဝန်တွေက သိပ်မုန်းတယ်။ “ဒါဖြင့်ရင် ဆရာဝန်တွေလုပ်တာ အမျိုးသားနိုင်ငံရေးလား။ အဘတို့လို အမျိုးဘာသာ သာသနာအတွက်လား။” လို့ ဒိုင်ကြောင်တွေ လာမရောနဲ့။ ဒါ နင့်အရာ မဟုတ်ဘူး။ ပညာရှင်အဝန်းအဝိုင်း။ ဉာဏ်မမီရင် တိတ်တိတ်နေ။ ကိုယ့်အရှက်ကိုယ် မခွဲနဲ့။ တကယ်တမ်းတော့ ဆရာဝန်တွေ CDM လုပ်တာဟာ လူနာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့၊ ကိုယ့်လုပ်ဖော်ကိုင်ဘက် ဆေးလောကသားအချင်းချင်း စောင့်ရှောက်ဖို့၊ ကိုယ်တို့မြန်မာပြည်ဆေးလောကကြီး ထုံးမန်းနနွင်းမန်းနဲ့ကုတဲ့ခေတ်ကို ပြန်မရောက်ဖို့၊ အစဉ်အဆက် သမားဟူးရားကြီးများ ထူထောင်လာခဲ့ရတဲ့ ပညာရပ်တွေ ရေစုန်မျောမသွားစေဖို့ဖြစ်ပါတယ်။ ဒါ တိုတိုနဲ့လိုရင်းကို ဒဲ့ပြောတာ။ စာဆုံးအောင်ဖတ်ပြီးရင် ဟုတ်သည် မဟုတ်သည် ပြန်ချင့်ချိန်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပထမဦးဆုံး ဆရာဝန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြသနာကတော့ ကိုဗစ်ကပ်ရောဂါပါပဲ။ နှစ်ပေါက်တော့မယ်။ ကိုယ်တို့တတွေ အိမ်မပြန်နိုင်ပဲ ဆေးရုံမှာ သူများကျွေးတာလေးစားပြီး ဖြစ်သလိုနေ သေလုမျောပါး အလုပ်လုပ်လာခဲ့ရတာ။ သူများနိုင်ငံတွေ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ကြပစေ။ ဧပြီ မေလောက်ဆိုရင်တော့ ကိုယ်တို့ဆီမှာ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်တော့မယ်လို့ အားခဲထားတာ အားလုံး တစ်ညအတွင်းမှာ ပြိုပျက်သွားတယ်။ ဘာဖြစ်လို့ဆိုတော့ အာဏာသိမ်းတဲ့သူတွေက အာဏာတင်သိမ်းတာမဟုတ်ပဲ ကာကွယ်ဆေးတွေရော၊ ဓါတ်ခွဲစစ်ဆေးရမယ့် Reagent တွေရော၊ ကုသပေးရမယ့် တန်ဖိုးကြီး ဆေးပစ္စည်းတွေရော၊ လူနာတွေအတွက် လှူတန်းထားတဲ့ မတည်အလှူငွေတွေရော အကုန်သိမ်းသွားတဲ့အပြင် အိန္ဒိယအစိုးရဆီမှာ သွင်းထားနှင့်တဲ့ ဒေါ်လာသန်းချီတဲ့ငွေတွေကိုပါ “ဆေးမယူတော့ဘူး။ ပိုက်ဆံပြန်ပေး။” ဆို ပြန်တောင်းခိုင်းပါတယ်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ရိပ်သာထဲမှာ ဖေ့စ်ဘုတ်စတေးတပ်စ်လေးတွေ ရေးတင်နေတဲ့အချိန်မှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေး နဲ့ အလှူငွေတွေကို တာဝန်ယူရတဲ့ ဆရာဝန်က သူတို့ခိုင်းတဲ့အတိုင်းမလုပ်နိုင်လို့ အလှူငွေတွေ ဘတ်ပြေးပါတယ်လို့ နံမည်ဖျက်ခံရပြီး ဝရမ်းပြေးဘဝ ရောက်သွားပါတယ်။ မေ့ကုန်ပြီလား မသိဘူးနော်။ အဲ့ဒီကိစ္စ မီဒီယာတွေပေါ် ဟိုးလေးတကျော်ပါ။ တနိုင်ငံလုံးအတွက် ရည်ရွယ်ပြီး စီမံဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေဟာ ဘယ်သူသေသေ ငတေအရင်ဆေးထိုးမယ်ဆိုပြီး ယူသွားတာလေ။ စစ်တပ်ကြောက်လို့ ကိုဗစ်ကြီးတောင် ငြိမ်ဆင်းသွားတယ် မထင်နဲ့။ နောက်ထပ် စစ်မပေးနိုင်တော့လို့ လူနာတွေ လွှဲပြောင်းကုသပေးမယ့် နေရာတွေ မရှိတော့လို့၊ ဆေးကုစားရိတ်၊ ခွဲခြားစောင့်ကြည့်မှု စားရိတ်တွေ သူတို့ဆီပါသွားလို့ ဘာစာရင်းမှ မတက်တော့တာ။ တကမ္ဘာလုံးမှာ နေ့စဉ်ရောဂါကူးစက်ပြန့်ပွားမှု ကိန်းဂဏန်းတွေပြတဲ့ဇယားမှာ သေသေချာချာ မှတ်တမ်းရှိတယ်။ ဖေဖော်ဝါရီလဆန်းတာနဲ့ မြန်မာပြည်မှာ ကူးစက်ပြန့်ပွားနှုန်းက ဇီးရိုးဖြစ်သွားတာ။ လုံးဝမရှိတော့ပါဘူးလို့ကို ကမ္ဘာသိအောင် ကြော်ငြာရဲတာ မြောက်ကိုရီးယားပြီးရင် မြန်မာပြည်က ဒုတိယလိုက်တယ်။
အဲ့ဒီအချိန်ကစလို့ ဖောင်ဒေးရှင်းတွေ၊ အလှူငွေလက်ခံပြီး စီမံခန့်ခွဲနေတဲ့သူတွေ၊ ကိုဗစ်တိုက်ဖျက်ရေး ရံပုံငွေနဲ့ ဆက်စပ်ပတ်သက်တဲ့သူမှန်သမျှကို ခွေးများလို အနံ့ခံပြီး လိုက်ဆွဲတော့တာပါပဲ။ Marie Stopes က Country Manage ကိုစစ်နိုင်ကြီးတောင် သူ့မိဘအိမ် စစ်တပ်နဲ့ဝိုင်းပြီး လာရှာသေးတယ် မဟုတ်လား။ အဲ့သလိုမျိုး မဟုတ်ကဟုတ်က အလုပ်တွေကို စစ်သားတွေက အမိန့်အရ လုပ်နိုင်ပေမယ့် ဆရာဝန်တွေကတော့ မလုပ်နိုင်ဘူးဗျ။ ရှင်းရှင်းပဲ။ ဒါကြောင့် အဲ့သလိုအမိန့်တွေကို မနာခံနိုင်ဘူးဆိုတဲ့ အတွေးရတယ်။ ဘယ်က NLD အမတ်ကမှ “ကျွန်တော်တို့ကို ကယ်ပါဦး။ CDM လေး လုပ်ပေးပါ။” လာမဆွယ်ဘူး။ ကိုယ်မလုပ်နိုင်တဲ့အကြောင်း ကိုယ့်ဘာသာ ပြတ်ပြတ်သားသားသိလို့ လုပ်တာ။
CDM လှုပ်ရှားမှုမှာ ကနဦးပါဝင်တဲ့သူတွေကတော့ ဆရာဝန်အငယ်တွေပါပဲ။ သူတို့မှာလည်း သူတို့အကြောင်းပြချက်နဲ့သူတို့ ရှိပါတယ်။ ဆေးကျောင်းပြီးလို့ အစိုးရအလုပ်ထဲတန်းဝင်တဲ့ ဆရာဝန်အများစုဟာ ဆရာရဲမြင့်ကျော်စာအုပ်ဖတ်ပြီး ကြိုးကြာတောင်ပံခတ်ဖို့ မဟုတ်ပါဘူး။ သူတို့ဘဝမြင့်မားရေး Career Development အတွက် ဘွဲ့လွန်သင်တန်းတက်ဖို့ အထူးကုဆရာဝန်ဖြစ်ဖို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလိုက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့သည်အိပ်မက်က ဈေးမပေါပါဘူး။ တစ်ဘဝလုံးရင်းရတာပါ။ အာဏာသိမ်းလိုက်တဲ့အခါ ဒီကလေးတွေရဲ့ အိပ်မက်ရော အနာဂတ်ပါ ပြိုကျပျက်စီးသွားပါတယ်။ ခေတ်တွေက မတူတော့ပါဘူး။ ကိုယ်တို့ဘွဲ့လွန်တက်တုန်းက စာကြည့်တိုက်ကစာအုပ်တွေဖတ် လက်ရေးနဲ့မှတ်စုထုတ်ပြီး မိတ္တူကူးထားတာကို ကျက်ရမှတ်ရတဲ့ဘဝကနေ သူတို့လက်ထက်မှာ ရှေ့ကဆရာဝန်ကြီး round လှည့်ရင်း စာမေးရင် နောက်နားက Tablet နဲ့ ပွတ်ပြီး အဖြေရှာလို့ရနေပါပြီ။ အခု အာဏာသိမ်းသိမ်းချင်းမှာကို တယ်လီဖုန်းတောင် ခေါ်မရတော့ဘူး။ အင်တာနက်ကို နည်းမျိုးစုံနဲ့ ပိတ်၊ ကျောင်းတံခါးကြီးတွေပိတ်ပိတ်သွားတယ် မဟုတ်ဘူးလား။ ဟောက်ဆာဂျင်ပြီးရင် အလုပ်ဝင်မယ့်ကလေးတွေ၊ ကျူရှင်တက်ပြီး MLE ဖြေ။ PLAB ဖြေမယ့်ကလေးတွေ အကုန်လုံးလမ်းပျောက်ကုန်ပြီလေ။ အခုတောင် “ဆရာဝန်တွေအားလုံး နိုင်ငံကူးလက်မှတ်တွေ ဖျက်သိမ်းပလိုက်။” ဆိုတဲ့ အမိန့်ထွက်လာပြီ မဟုတ်လား။ မြောက်ကိုရီးယားမှာ MRCP FRCS မရှိမှန်း ကလေးရောခွေးရော သိတယ်။ အဲ့ဒီဘဝတော့ ဘယ်အရောက်ခံလိမ့်မလဲ။ သူတို့က ကိုယ့်ထက်စာရင် မျက်စိတွေ နားတွေ ပွင့်ကုန်ပြီ။ Gen Z တွေ မဟုတ်လား။ မတွေဝေဘူး။
ဆရာဝန်တွေ CDM လုပ်တဲ့အခါ ပထမဦးဆုံး ရင်ဆိုင်ရတာက “လူနာတွေကို ပစ်သွားမှာလား။” ဆိုတဲ့ ပြဿနာပါ။ ပူမနေပါနဲ့။ ဘယ်သူမှ မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး။ ကိုယ့် Ward ထဲက ဆရာဝန်လေးတွေက CDM လုပ်ဖို့ အလုပ်မတက်တော့ဘူးလို့ ပြောပေမယ့် ဆေးထိုးချိန်ဆို လာထိုးပေးပါတယ်။ ဆေးရုံဆင်းလူနာရှိရင် DC ကြိုရေးထားပေးတယ်။ ဆရာမလေးတွေလည်း အတူတူပဲ။ Duty မလာပေမယ့် လူနာအတွက် လုပ်စရာရှိတဲ့ Changes တွေကို သူတို့ကိုယ်တိုင် လာလုပ်ပေးပါတယ်။ ဆေးရုံမှာ နေ့နေ့ညည ကိုယ်တစ်ယောက်တည်း ရှိတယ်ဆိုပေမယ့် ကိုယ်ကိုယ်တိုင် PPE ဝတ်ပြီး လူနာခန်းထဲဝင် အနာဆေးထည့်ပေးရတာ အားလုံးပေါင်း နှစ်ခါသုံးခါထက် မပိုပါဘူး။ ဆရာဝန်ပဲဖြစ်ဖြစ် ဆရာမပဲဖြစ်ဖြစ် လူနာအတွက် ကိုယ်လုပ်စရာရှိတဲ့ဝတ္တရားကို ကုန်အောင်လုပ်ပြီးမှ လူနာဆောင်တံခါးပိတ်တာပါ။ နေက်ထပ်လည်း ကိုဗစ်က ထပ်မှမစစ်တော့တာ။ လူနာလာစရာ မရှိတော့ပါဘူး။ သို့သော် အပြင်ဆေးခန်းမသွားနိုင်ပဲ ဆေးရုံကြီးကိုပဲ အားကိုးနေရတဲ့ အခြေခံလူတန်းစားတွေအတွက် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာ ရှိလာပါတယ်။ သူတို့ပြောချင်တာက ဒီလိုလူတွေအတွက် ထည့်မစဉ်းစားဘူးပေါ့လေ။ အမှန်က သူတို့က ဒီလိုလူတွေကို အခုမှ သတိရတာပါ။ ကိုယ်တွေက ဆေးရုံပိတ်ကတည်းက ဆေးရုံမလာနိုင်တဲ့လူနာတွေအတွက် ဘယ်လိုကုမလဲဆိုတဲ့ အစီအစဉ်ပါ ပြင်ဆင်ထားပြီးသား၊ ကုနေနှင့်ပြီးသားပါ။ CDM ဆိုတာ ဆရာဝန် ဆရာမချည့် ရှိတာမဟုတ်ဘူး။ လူနာတွေလည်း ပါတယ်။ CDM လူနာတွေကို ကုဖို့ ဆေးရုံတွေမှာ အဆင်မပြေတော့ရင် အဆင်ပြေတဲ့နေရာမှာ ကုနိုင်အောင် ကိုယ့်ဘာသာ စီစဉ်ရပါတယ်။ အသိမိတ်ဆွေ အပြင်ဆေးခန်းပိုင်ရှင်တွေနဲ့ ညှိရတယ်။ ငွေရေးကြေးရေး ထောက်ပံ့ကူညီပေးမယ့်သူ ရှာရတယ်။ ဆေးကုမ္ပဏီတွေကနေ ဆေးဝါးပစ္စည်းတွေ အလှူခံရတယ်။ အရေးကြီးတာက ဆရာဝန်အချင်းချင်း CDM လူနာ ကုပေးနေတာ ဘယ်သူဘယ်မှာရှိတယ် ဆက်သွယ်ချိတ်ဆက်ရပါတယ်။ နင်တို့တွေက ဆင်းရဲသားလူနာတွေကို မငဲ့ညှာပဲကိုးလို့ ပါးစပ်ပြောကလေးနဲ့ ဖေ့စ်ဘုတ်ပေါ်တက်အော်နေတဲ့အချိန်မှာ ကိုယ်တို့တွေက စကားတောင် မပြန်နိုင်ပါဘူး။ အပြင်မှာ လူနာတွေနဲ့ လုံးချာလိုက်နေတာ။ ခွဲခန်းထဲမှာ သူနာပြုမလောက်လို့ နေ့စားပုတ်ပြတ်နဲ့ အသစ်ခန့်မယ် ခေါ်တာတောင်မှပဲ “ဆရာလိုအပ်ရင် အချိန်မရွေးခေါ်လိုက်။ အလကားလာလုပ်ပေးမယ်။ ပိုက်ဆံနဲ့တော့ မလုပ်ချင်ဘူး။” လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ ဟုတ်တယ်လေ။ ကိုယ်တွေလည်း CDM လူနာဆို ဘယ်သူကမှ ပိုက်ဆံနဲ့ကုတာ မဟုတ်ဘူး။ ဓါတ်ခွဲဓါတ်မှန်ကအစ။ ငတ်လို့လုပ်တာမဟုတ်ဘူး။ ပြတ်လို့လုပ်တာ။ ပြတ်သားတယ်။ ဆရာဝန်တွေ ဆေးကျောင်းသားတွေ ဝှိုက်ကုတ်တွေနဲ့ ထိုင်သပိတ် ထသပိတ် လမ်းလျှောက်သပိတ်လုပ်နေတာတောင် ကိုယ့်မှာ တမနက်ခင်းလေးပဲ အပြေးအလွှား ဓါတ်ပုံသွားရိုက်နိုင်ပါတယ်။ ဆေးခန်းမှာ လူနာလာရင် ဖုန်းဆက်ခေါ်လို့ ညတိုင်းကောင်းကောင်းမအိပ်ရဘူး။
မရှိဆင်းရဲသားလူနာတွေ ဘယ်မှာ ဆေးကုသလဲ မသိတဲ့သူတွေသာ ဆရာဝန်တွေက ကုမပေးဘူးလို့ ထင်နေတာပါ။ ရန်ကုန်ပတ်ဝန်းကျင်က Ambulance မောင်းတဲ့သူတွေ အကုန်သိတယ်။ ညရေးညတာ အရေးပေါ်လူနာတွေကို ဘယ်နေရာက လက်ခံကုပေးတယ်။ ဘယ်နေရာက အကြောင်းပြချက်မျိုးစုံနဲ့ အတင်းပြန်လွှတ်တယ်။ မသိလို့ရမလား။ သူတို့ကားပေါ်ပါလာတဲ့လူနာ လက်ခံတဲ့ဆီပို့မှ သူတို့အလုပ်ပြီးမှာလေ။ အဲ့ဒီလိုမျိုး CDM လူနာတွေကို ကုသပေးတဲ့အလုပ်မှာ လူနာက ပိုက်ဆံမရှိတာကလည်း ပြဿနာ မပေါ်ပါဘူး။ ဆရာဝန်က ပိုက်ဆံမရတာကလည်း ကိစ္စမရှိပါဘူး။ ကြားထဲက အာဏာသိမ်းထားတဲ့ စစ်တပ်ကပဲ သခွပ်ပင်ကမီးတကျီကျီ ပြဿနာထရှာပါတယ်။ ပြည်မှာ ထက်ပိုင်းပြတ်သွားတဲ့လက်ကို ရလိုရငြား ကြိုးစားပန်းစား ဆက်ပေးတဲ့ Ortho Surgeon ကို ချဲသမား ဖဲသမားဖမ်းသလို နံမည်တပ် ဓါတ်ပုံတင်ပြီး အပုတ်ချစော်ကားတယ်။ ဆေးရုံတကာလိုက်ပြီး လူနာစာရင်း ခွဲခန်းစာရင်းတွေ တောင်းပြီး ဘယ်ဆရာဝန် ဘယ်ချိန်ဘာလုပ်တယ် ပုလိပ်စစ်စစ်တယ်။ လူနာကြည့်ပြီး ပြန်တဲ့ဆရာဝန်ကိုလည်း ဆေးခန်းရှေ့ ကားနဲ့ပိတ်ရပ်ပြီး လမ်းဘေးဈေးသယ် ဂဠုန်သုတ်သလို သုတ်တယ်။ ကလေးတွေ ကုတဲ့ စေတနာ့ဝန်ထမ်းဆေးခန်းကလေးမှာ Surgical Blades ပါလို့ Lethal Weapon ဆိုပြီး ပုဒ်မတပ်တယ်။ Methylated Spirit ပါလို့ Explosive Chemical ဆိုပြီး တရားစွဲထောင်ချတယ်။ ပြန်လွှတ်မပေးဘူး။ ဆရာဝန်တွေကို အကြိမ်ကြိမ်အခါခါ နားရွက်တံတွေးဆွတ်ပြီး အနိုင်ကျင့်စော်ကားတာ MMA တို့ MMC တို့က ပါးစပ်ကြီးပိတ်နေနိုင်ပေမယ့် ဆရာဝန်တလောကလုံးကတော့ အသည်းနာကြတယ်။ သူတို့နဲ့ ဆက်အလုပ်မလုပ်ချင်တော့ဘူး။
ဒီနောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး အသည်းနာစရာတွေ ဖြစ်လာတယ်လေ။ ပစ်တာခတ်တာမှာ ဆရာဝန် ဆရာမ ကြက်ခြေနီလည်း ချန်မထားတော့ဘူး။ အလံဖြူလည်း မလာနဲ့။ Ambulance လည်း ပစ်မှာပဲ တွေဘာတွေ ဖြစ်ကုန်တယ်။ ဂျနီဗာကွန်ဗန်းရှင်းတွေ ဘာတွေလည်း သူတို့မကြားဖူးဘူး။ Professional Army မှ မဟုတ်တော့တာ။ အဝတ်စအနံ့ပေးပြီး လိုက်ကိုက်ခိုင်းတဲ့ စစ်ခွေးတွေ ဖြစ်ကုန်တာကိုး။ ကိုယ့်အိမ်ကိုယ်နေတဲ့ အရပ်သားတွေကို သက်ကြီးရွယ်အို ကျားမကလေးသူငယ်မရွေး မသေသေအောင် ပစ်သတ်တယ်။ အချိန်မီဆေးကုသခွင့်မရအောင် ပိတ်ဆို့တားဆီးတယ်။ ဆေးရုံပေါ်မှာ သေနတ်ဒဏ်ရာနဲ့ ခွဲစိတ်ပြီးကာစလူနာကို တက်ဖမ်းတယ်။ ဆေးရုံအဝမှာ ခွဲစိတ်ကုသပေးတဲ့ဆရာဝန်ကို စောင့်ဖမ်းတယ်။ သေပြီးသားလူနာကို သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်တယ်။ ဆိုင်ကယ်ပေါ် သေနတ်နဲ့ တည့်တည့်ပစ်တာ အမေရိကားကနေတောင် လှမ်းမြင်တယ်။ မြန်မာပြည်ကဆရာဝန်ကတော့ “လိမ့်ကျလို့ခေါင်းကွဲတယ်။” ဆေးစာရေးပေးရတယ်။ အရပ်သားဆရာဝန်ကတော့ ဒါမျိုးလုပ်စရာလားမောင်ရို့။ “မလုပ်နိုင်။ ထွက်လေ။” လို့ အပြောမခံရခင်ကို ထွက်တယ်။ အဲ့ဒါ CDM ပဲ။
အဲ့ဒီ CDM ကြီးကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ရပ်ဆိုင်းသွားတဲ့အခါ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်မှာကို ဘယ်တုန်းကမှ ခေါင်းထဲမထည့်သော်ငြားလည်း “ငါ့သြဇာကို အာခံတာလား။” ဆိုတဲ့ အာဏာရှင် မာရ်စွယ်နဲ့ မရရအောင် ဖြိုခွင်းဖို့ ကြံတယ်။ သိပ်မခက်ပါဘူး။ CDM ရှိရင် Non CDM ဆိုတာလည်း ရှိရမှာပေါ့။ ငါတို့စကားနားထောင်ရင် နေရာရမယ်။ ရာထူးရမယ်။ မြင်တယ်နော်။ မဲတစ်မဲမှ ရစရာမလိုပဲ ဝန်ကြီးခန့်ပလိုက်ဖို့ ဝန်မလေးဘူး။ ငါ့စကားနားမထောင်ရင် နင့်အိမ်နင်နေလို့လည်း မရဘူး။ ထောင်ထဲသွားမနေချင် ငါမသေမချင်း ဝရမ်းပြေးလုပ်နေချေတော့။ နင်ပြေးလို့ နင့်မမိရင် နင့်မိဘ နင့်သားမယားဖမ်းမယ်။ နင့်ရှိသမျှ ဥစ္စာပစ္စည်း အကုန်သိမ်းမယ်။ ဆိုတာမျိုး ဗျူဟာတွေ ခင်းလာတာပေါ့။ ရှင်းရှင်းပြောရရင် စစ်တပ်ဟာ ဆရာဝန်တွေ သူနာပြုတွေဘက်ကို စစ်မျက်နှာလည့်လာတာပေါ့။ သူလုပ်တတ်တာလည်း ဒါပဲ ရှိတာလေ။ အောင်မြင်သလား မအောင်မြင်ဘူးလား။ ပိတ်ကားပေါ်မှာ ကြည့်လေ။ လယ်ပြင်မှာ ဆင်သွားနေတာကြီးကို။
သူတို့က အကြောက်တရားတွေနဲ့ ခြောက်ခြားအောင် ခြောက်လှန့်တဲ့အခါ အသည်းငယ်တဲ့သူတွေကလည်း ကြောက်ကြလန့်ကြတာပေါ့လေ။ “နင်တို့က ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်မလို့လား။” ဆိုတာက ရှိသေး။ ပေါက်ရမှာပဲ။ မပေါက်လည်း ကျောက်တောင်ကဖိလို့ ကြက်ဥကွဲရမယ့်အတူတူ သူအဖိတော့ မခံဘူး။ ကိုယ့်ဘာသာကိုယ် ဖောက်ခွဲပစ်မယ်။ စစ်ဘိနပ် လျှာနဲ့လျက် ခစားမယ့်အစား သေလည်း ဂုဏ်သိက္ခာနဲ့သေရတယ်။ ဆရာဝန်ဆိုတာ စစ်ဗိုလ်မဟုတ်ဘူး။ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်တဲ့အထိ အထက်ကလူ သေဆိုသေ ရှင်ဆိုရှင် ဦးနှောက်မပါပဲ မခစားနိုင်ဘူး။ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို ဘာဖိအားနဲ့မှ လာမခိုင်းနဲ့။ မလုပ်ဘူး။ သိထားဖို့ရာက ဒီအတတ်ပညာနဲ့ ဒီအလုပ်လုပ်နေတာဟာ စစ်သားတွေလို တိုင်းပြည်ကအညွန့်အဖူး အဆီအနှစ်တွေ ဝေပုံကျ စားရမျိုရနိုးနိုး မျှော်ကိုးရင်းနှီးနေတာ မပါဘူး။ လုပ်ပိုင်ခွင့်နဲ့ ပိုက်ဆံရှာတဲ့အစားမဟုတ်။ ကိုယ့်ပညာနဲ့ကိုယ် အသက်မွေးတဲ့အစား။ ဒါကြောင့် အစိုးရအလုပ်ထဲကဆရာဝန်ဆိုတာ သူတတ်နိုင်သလောက် ပေးဆပ်နေတာပဲ ရှိတယ်။ အလုပ်ထဲမှာ ပညာကလွဲရင် ဘာမှ ယူစရာ မရှိဘူး။ အချိန်မရွေး အလုပ်ထွက်လို့ရတယ်။ အလုပ်ကသာ ဆရာဝန်မရှိရင် ဘယ်သူနဲ့ဆေးကုမလဲ စဉ်းစားရမှာ။ သို့သော်လည်း အပြောမကြီးပါဘူး။ လူတိုင်း အဲ့သလို စိတ်ထားရှိတာမှ မဟုတ်တာ။ လာပြီလေ။ Non CDM ဆရာဝန်တွေ။ မောင်မရှိ မောင်သာငတ်။ မောင့်နေရာ လူမပြတ်စေရပါဘူး မောင်ရာ။ ဟဲဟဲ။ အထူအပါး နားမလည်တဲ့ ယူတို့ အာဏာသိမ်းမှုကြီး မအောင်မြင်တာ အဲ့သလိုမျိုး အတွေးအခေါ် ဉာဏ်ရည်တွေကြောင့်ပဲ လို့ ပြောရင် စိတ်မဆိုးနဲ့ဦးနော်။ လဲသာ သေပလိုက်။ ဆရာဝန်ဆိုတာ ရှမ်းပွဲမှာ နွားဝယ်သလို နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ်၊ အကုန်လုံးအတူတူလို့ မမှတ်လိုက်နဲ့။ ငကန်းသေတိုင်း ငစွေရှာမရတဲ့ အစားမျိုး။ ပညာမတတ်တဲ့သူ ပညာကို တူတူတန်တန် မသင်ဖူးတဲ့သူတွေဆိုတော့ ပညာအကြောင်းပြော မောရုံပဲ ရှိမယ်။ မပြောတော့ဘူး။ နားလည်အောင် ဒဲ့ပဲ လွှတ်ခဲ့မယ်။ အခုအလုပ်ထဲက ထွက်သွားတဲ့ ဆရာဝန်တွေနေရာမှာ သမားဇာနည် အောင်စစ်သည်တို့နဲ့ အစားထိုးချင်ထိုး၊ CDM မလုပ်သော လူလိမ်မာဆရာဝန်များနဲ့ ဆက်လက်ချီတက်ချင် ချီတက်။ စွမ်းမယ်ထင်ရင် လုပ်ကြည့်လိုက်။ ဒီမှာ ပြုံးပြုံးလေး လက်ပိုက်ပြီး ကြည့်နေတယ်။ သိလား။ လုပ်ချင်တဲ့သူတွေ လုပ်ကြပလေ့စေ။ အိုင်ကတော့ လုပ်ကိုမလုပ်တာ။ ရှင်းတယ်နော်။
အဲ့ဒီတော့ ဘာဖြစ်သလဲ ဟင်။ ဆေးရုံတွေ ပြန်ဖွင့်နေပြီလား။ လူနာတွေ စည်ကားနေပြီလား။ မြဝတီ သတင်းထဲမှာ စောင့်ကြည့်ကြလေ။ ကုတင်အသစ် စောင်အသစ် အိပ်ယာခင်းအသစ်ကလေးတွေနဲ့ တန်းစီညာညှိထားတဲ့လူနာတွေ အပြည့်ပဲ။ ဆေးရုံတက်လိုက်၊ ဒန်းစီးလိုက်၊ ဆန္ဒဖော်ထုတ်လိုက် လုပ်နေတဲ့ ဗိုက်ပူမကြီးတစ်ယောက်ဆို လူတကာမှတ်မိလို့ ဆယ်လီတောင် ဖြစ်နေပြီ။ နှာခေါင်းပိုက်ထဲ အောက်ဆီဂျင်တပ်ထားတဲ့ စောင့်ရှောက်ကုသမှုတွေ ပေးနေကြတာ ဝက်ဝက်ကိုကွဲရော။ ကယ်နျူလာတောင် ပြောင်းပြန်စိုက်တဲ့အစားတွေ။ ခုနေများ ကိုဗစ်ထပ်လာလို့ကတော့ ငါတို့တိုင်းပြည် တစ်ယောက်မှ မရှင်လောက်ဘူး။ သတင်းစာနဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကျော်နဲ့ ခွေးသူခိုးနဲ့ ကွက်တိပဲ။ (နားမလည်ရင် ဦးပေါစံကြီး ပျက်လုံးပြန်ရှာ)
ဆရာဝန်တွေဘက်မှာရော ထိခိုက်နစ်နာမှုတွေ မရှိဘူးလားဆိုတော့ ဘယ့်နှယ်ပြောပါလိမ့်။ ဆရာဝန်ဆိုတာ မိသားစုကရော မိတ်ဆွေအသိုင်းအဝိုင်းကပါ ရွှေပေါ်မြတင် ထားရတဲ့ အတန်းအစား။ အခု သူတို့ကြောင့် နေရင်းထိုင်ရင်း ဝရမ်းပြေးတွေကိုဖြစ်လို့။ ကိုယ့်အိမ်ကိုယ် မအိပ်ရ။ ကိုယ့်မိဘအိမ်မပြန်ရ။ ဆေးခန်းမှာ လူနာမကြည့်ရ။ လမ်းမှာ စစ်သားတွေ ကားတားရင် သူခိုးဓါးပြအလား ခိုးစိတ် တိုးတိတ် စိုးထိတ်နေရတဲ့ဘဝ။ တသက်တာရည်မှန်းချက် နဲ့ သက်လုံးပုံရင်းနှီးထားတဲ့အနာဂတ်တွေ နေ့ချင်းညချင်း ရေပေါ်အရုပ်ရေးသလို ဖြစ်သွားရတဲ့ဘဝ။ ကိုယ့်ညီဆို ဘာမှလည်း မလုပ်ရပဲနဲ့ ပါမောက္ခဖြစ်ကာမှ ရာဇဝတ်သားများလို အိမ်ပြင်ဒူးထောက်ထိုင်၊ လက်ပြန်ကြိုးတုတ်၊ ခေါင်းအဝတ်အုပ်ပြီးခေါ်ဆောင်၊ ရိုက်နှက်စစ်ဆေး၊ ခုထိပြန်လွှတ်မပေးသေးပဲ နောင်ကို CDM လုပ်မယ့်ဆရာဝန်တွေ မှတ်လောက်သားလောက်အောင် နမူနာပြ နှိပ်ကွပ်ထားရင်းက သူတို့ဘက်ကို ပြန်ပြီးရန်သတ္တရုမပြုနိုင်အောင် ဓါးစာခံခေါ်အထားခံရတဲ့သဘောပဲ။ သူလုပ်ခဲ့တဲ့အမှားဆိုလို့ ကိုယ့်အိမ်ကိုယ် ညအိပ်မိတာကလေး တစ်ခုပဲ ရှိတယ်။ အဲ့ဒါ စစ်အစိုးရလက်အောက်က CDM ဆရာဝန်တစ်ယောက်ရဲ့ နမူနာကလေး တစ်ခုမျှသာဖြစ်တယ်။ သူ့နောက်မှာ သူ့မိသားစုကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် အမျိုးမျိုးစိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတာတွေ ပါသေးတယ်။ ရွှေကိုလည်းယူ ငွေကိုလည်းယူ ပြီးတော့ လူကိုပါယူသည်ဆိုတဲ့အစားတွေ။ ဒီလိုကိုယ်တွေ့ဖြစ်ရပ်မျိုး များစွာ ဆရာဝန်တွေ ခံစားကြရတယ်။
အဲ့ဒီတော့ ဘာဖြစ်သလဲ။ ကြောက်သွားရော မဟုတ်လား။ မဟုတ်ရပေါင်ဗျာ။ ဆုံးဖြတ်ချက်က ပိုလို့တောင် ခိုင်မာသွားသေးတယ်။ ဒီလိုအဖြစ်ဆိုးမျိုး ကိုယ်ပဲ ရင်စည်းခံလိုက်မယ်. ကိုယ့်သားသမီးမျိုးဆက်လက်ထက်မှာ အဲ့လိုကျက်သရေတုံးတဲ့ အယုတ်တမာတွေလက်ထဲ ကျွန်အဖြစ်မခံနိုင်ဘူး။ အလွန်ဆုံးရှိ သေရလှ တစ်သက်ပေါ့။ မျိုးဆက်တော့ အညွန့်တုံးမခံနိုင်။ ဘုရားရှင်ဆီက သံဃာသင်းခွဲသွားတဲ့ ရှင်ဒေဝဒတ်ဟာ ဘုရားရှင်ကို နောက်တစ်ကြိမ်ဖူးတွေ့ခွင့် မရတော့သလိုပဲ။ အာဏာရူးစစ်ဗိုလ်စစ်သားတွေအားလုံးဟာ ငါတို့ပညာနဲ့ ကုသကယ်တင်ပေးဖို့ရာ အခွင့်အလမ်း မရှိတော့ဘူး။ ဒါ CDM လုပ်ရုံတင်မဟုတ်ဘူး။ ရေအိုးပါခွဲလွှတ်လိုက်တာ။ ဘယ်တော့မှ ဒင်းတို့အောက် ပြန်မလာတော့ဘူး။ တော်လှန်ရေးမှာ နောက်ပြန်လှည့်လို့ရမယ့်တံတားကို စစ်သားတွေကိုယ်တိုင်က ရိုက်ချိုးပလိုက်တဲ့အတွက် ပြည်သူတွေအားလုံး စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဆုံးထိရင်ဆိုင်ဖို့ရာ တစ်လမ်းသာ ရှိတော့တယ်။
ဒါဖြင့်ရင် CDM ရဲ့ အဆုံးက ဘယ်မှာလဲ။ နင်တို့ဟာက ပြီးပဲ မပြီးနိုင်ဘူး။ အခု ၃ လ ကျော်လို့ ၄ လ ထဲဝင်တော့မယ်။ ဘယ်မလဲ CRPH ။ ဘယ်မလဲ NUG ။ စိတ်ကူးယဉ်အစိုးရအဖွဲ့ကြီးက ဘာပြောသတဲ့တုန်း။ ဘာဆက်လုပ်ရမတဲ့တုန်း။ ဒါကတော့ ဇော်မဲလုံးရဲ့ ဆိုက်ဝါးမိနေတဲ့သူတွေဆီက အလုပ်ပြန်ဝင်ချင်လို့ အကြောင်းပြချက်ရှာတဲ့သူတွေဆီက မေးခွန်းတွေပါ။ တစ်ခုပဲ ပြန်မေးပါ့မယ်။ ကိုယ်ကိုယ်တိုင် CDM လုပ်ရခြင်းအကြောင်းရင်းဟာ စစ်အစိုးရက ရှုံးပြီး NLD က နိုင်မယ် ထင်လို့ လုပ်တာလား။ အခုအချိန်မှာ စစ်အစိုးရကပဲ အချိန်ကြာကြာ ဆက်ရှိနေဦးမယ် ထင်လို့ CDM ကို စွန့်လွှတ်ပြီး အလုပ်ထဲ ပြန်ဝင်ချင်တဲ့သဘောလား။ ဒါဆိုလည်း ပြန်ဝင်ပါ။ “ကျွန်တော်ကျွန်မတို့က အပေါင်းအသင်းမှားပြီး သူများစကားကို နားယောင်မိတဲ့အတွက် CDM လုပ်မိပါတယ်။ အခု ကိုယ့်အမှားကိုယ်သိလို့ အလုပ်ပြန်ဝင်ပါရစေ။ နောက်ကို ဘယ်တော့မှ ဒါမျိုး မလုပ်တော့ပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာလည်း အစိုးရမကောင်းကြောင်း ဘယ်တော့မှ မရေးတော့ပါဘူး။ ဘုရားပုံလေးပဲ ရှယ်ပါ့မယ်။ ခင်ပွန်းကြီးဆယ်ပါး စစ်သားတစ်ပါး ပေါင်းဆယ့်တစ်ပါး ရှိခိုးပြီးမှ အိပ်ပါ့မယ်။ ထွက်စာမတင်ပါဘူး။ ဘာခွင့်မှ မယူပါဘူး။ ပင်စင်မတင်ပါဘူး။ နိုင်ငံခြားလည်း မသွားပါဘူး။ NLD ပါတီလည်း ဘယ်တော့မှ မဲမပေးတော့ပါဘူး။ စောင့်ကြည့်ကာလအတွင်း အချိုးမပြေတာနဲ့ ပါးရိုက်ပြီး အလုပ်ထုတ်တာ ခံပါ့မယ်။ အခုတော့ ကိုးပြစ်ရှိလည်းကျေပါ ဆယ်ပြစ်ရှိလည်းကျေပါ။” အဲ့သလို အဓိပ္ပါယ်သက်ရောက်တဲ့ တောင်းပန်စာအရှည်ကြီး ကို ကိုယ်တိုင်လက်မှတ်ထိုးတင်ပြီးပြီ မဟုတ်လား။ ကိုယ်ရွေးထားတဲ့လမ်း ကိုယ်ဆက်လျှောက်ပေါ့။ မတားပါဘူး။ အလုပ်ထဲမှာ နေရာလပ်တွေ အများကြီး ပေါ်နေပြီပဲဟာ။ နက်ဖြန်သဘက်ခါဆို ကိုယ်ကလွဲလို့ ရာထူးတက်ပေးစရာ လူမှ မရှိတော့ပဲ။ ဒီအစိုးရပြုတ်တော့လည်း ဘာအရေးလဲ။ အဲ့ဒီအခါကျမှ “ဝီစတန်းဝစ်ပြည်သူတွေ” ဆိုပြီး ဓါတ်ပုံလေးရိုက်တင်ရင် ရာထူးနဲ့ ဂုဏ်ဒြပ်နဲ့ ပိုတင့်တယ်တယ်။ “ထမင်းတွေ ချက်နေပါပြီနော်။ မုန့်တွေလုပ်နေပါပြီနော်။ မြန်မာပြည်သူတွေ ကျန်းမာကြပါစေ။” ပေါ့။ ဘာခက်တာလိုက်လို့။ အပြီးသတ်ကျတော့ သင်ဘာလုပ်သလဲဆိုတာထက် သင်ဘာကောင်လဲ ဆိုတာကပဲ စကားပြောသွားတာ။ သင်ဘာမှ မဟုတ်တော့တာနဲ့ သင့်ဘယ်သူမှ သောက်ဖက်မလုပ်တော့ဘူး။ ဒါကြောင့် အလုပ်ပြန်ဝင်တယ်ပေါ့။ လက်ခံပါတယ်။ မာနဆိုတာ မာန်တက်စရာ အရည်အချင်းတစ်ခုခုရှိမှ ထားလို့ရတာ။
ကိုယ့်အတွက်ကတော့ CDM ရဲ့အဆုံးဟာ ဒီအစိုးရပြုတ်တာ မဟုတ်ရင် ကိုယ့်ဘက်က ရာသက်ပန်အလုပ်ပြုတ်တာပါပဲ။ ပင်စင်မရလည်းနေ။ ဆမလိုင်စင် သိမ်းချင်သပဆိုသိမ်း။ ဘာမှ မက်လောက်စရာ မရှိဘူး။ ကိုယ့်ပညာတွေ သူတို့အသုံးချလို့မရတာပဲ ရှိမယ်။ ဆရာဝန်မလုပ်လည်း ကိုယ့်မှာ လုပ်စရာအလုပ်တွေ ပုံလို့။ ကိုယ့်ဘဝမှာ မွေးစဉ်ကစလို့ ဒီအသက်ဒီအရွယ်ထိတိုင်အောင် မှားတာကိုလည်း မှားမှန်းသိတယ်။ မှန်တာကိုလည်း မှန်မှန်းသိတယ်။ လူကဲခတ်လည်း မလွဲဖူးသေးဘူး။ တပ်မတော်ရဲ့ သဘောထားမှန်နဲ့ ရပ်တည်ချက်ကို ဦးနေဝင်းရဲ့ မဆလခေတ်မှာကတည်းက သိတယ်။ လွဲကိုမလွဲဘူး။ အခုမှ စစ်တပ်မကောင်းကြောင်းရေးနေတာ မဟုတ်ဘူး။ ကကြီးရေက စရေးကတည်းက မကောင်းတာကို မကောင်းသလိုပဲ ရေးတယ်။ ဘယ်သူ့ခါးပိုက်ဆောင်ထဲမှ ဝင်ခွေပြီး လော်ဘီလုပ် ဝါဒဖြန့်နေတာ မဟုတ်။ တောင်ပို့ကြီးတွေဟာ ကိုယ့်မျက်စိအောက်မှာတင် ဖွတ်တွင်းကြီးတွေ ဖြစ်ဖြစ်သွားတာ ကိုယ်က သူများတွေ ထိုင်ရှိခိုးနေကတည်းက သိပြီးသား။ အစကတို့မပြောလား လို့ မဝါချင်လို့ ထိုင်ကြည့်နေတာ။ မယုံသေးရင် ရှေ့နှစ်ခါ Memories တက်လာတဲ့အခါကျတော့ လာပြန်ဖတ်ကြည့်လှည့်။ ဟုတ်ပြီလား။
Month: April 2021
ပြသာနာကတော့ အတော် ကြီးတယ်… နိင်ငံတော်ပုန်ကန်မူ့ အထိသွားနိင်တယ်
ပြသာနာကတော့ အတော် ကြီးတယ်… ..
နိင်ငံတော်ပုန်ကန်မူ့ အထိသွားနိင်တယ် …. အတိုချံ ုး ပြောရရင် .စစ်တပ် ကြံ့ခိုင်ရေး ပြည်ထဲရေး မဘသ စအဖ တို့ရဲ့ ပတ်သက်ဆက်နွယ်မူ့တွေ ငွေကြေးထောက်ပံစီးဆင်းမူ့တွေ ပါဝင်ပတ်သက်တဲ့ နောက်ကွယ်က လက်မဲကြီးတွေ အကြောင်းတွေကို (စစ်တပ်က သိန်း ၇၅၀ ကြံ့ခိုင်ရေးက သိန်း ၇၅၀ ပေါင်း သိန်း၁၅၀၀ ကို ရဟန်ပျိုများသမ္မဂ က ဝရမ်းပြေးသုစိတ္တ ကို ပေးရတဲ့ အကြောင်းတွေ .. ပါဝင်ပတ်သက်ခဲ့တဲ့ စစ်တပ်အရာရှိတွေ ကြံခိုင်ရေးလူကြီးတွေ အကြောင်း…အမျိုးသားရေး ရံပုံငွေထဲမှ လက်ပစ်ဗုံး ၃၅ သိန်းနဲ့ ဝယ်တဲ့ ကိစ္စတွေ .. ( မြဝတီ မှ ဝယ်ယူလာပြီး အခု ဒေါ်ခင်ဝိုင်းကြည် ထံတွင် လက်ပစ်ဗုံး အပ်ထားသည် ဟု အတိအကျ ပြောဆို )
အရင် မဘသမျိုးချစ် အဖွဲ့ကနေ ခွဲထွက်လာပြီး NLD ထဲဝင် .. အခုထိုင်းနိင်ငံကို ရောက်နေတဲ့ ချာတိတ်တယောက်က ဖွင့်ချထားတာ…
(( မင်္ဂလာတောင်ညွှန့် ပြသာနာနဲ့ လက်ရှိ ထောင်ထဲရောက်နေတဲ့ ထမင်းဝအောင်စားထား အဖွဲ့က အကြီးကောင် ဆိုသူရဲ့ ညီ အရင်းလို့ ပြောတယ် )
ဝရမ်းပြေးသုစိတ္တ အခုလက်ရှိ ခိုအောင်းနေတဲ့ နေရာတွေ .. အမျိုးသားရေး အမည်ခံပြီး မင်္ဂလာတောင်ညွှန်မှာ ကုလား ဗမာ ပြသာနာတက်အောင် သတင်းတု ဖန်တီးပြီး ဖွခဲ့တဲ့ အခု ဝရမ်းပြေး မြတ်ဘုန်းမိုရ် အကြောင်းတွေ.. သူတို့ကို ဘယ်လို လူတွေက ဘယ်လိုပုံစံမျိုး အကာအကွယ်ပေးထားတယ်ဆိုတတွေကို မြေပုံ တွေ
ဗီဒီယိုဖိုင် ဓာတ်ပုံ အသံဖိုင် အထောက်အထားတွေ အပြင် live လွှင့်ပြီး ရှင်းပြထားတယ် ..
MNO ဥက္ကဌ ဆိုပြီး လုပ်စားနေတဲ့ ကောင် အကြောင်းတွေ သူတို့လုပ်စားနိင်အောင် ရှောင်ပြေးနိင်အောင် အရေး မယူဘဲ လွတ်ထားတဲ့ သတင်းပေးနေတဲ့ နယ်မြေခံ ရဲစခဏ်း နဲ့ မြန်မာပြည် စအဖ အကြီးဆုံး ရဲ့ ပါဝင် ပတ်သက် ဆက်နွယ် မူ့တွေ … တပ်မတော်ထောက်ခံပွဲတွေ သာဝန်ကန့်ကွက်ပွဲတွေ အစရှိတဲ့ အမျိုးသားရေး သမားတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြ ချပြထားတဲ့ ချာတိတ်တယောက် ရဲ့
Acc Link ကို ကောမန့်မှာ ကျနော် ပြထားပေးမယ် ..
သူတင်ထားတာတွေ ( အနည်းဆုံး ၁၀ ရက်စာလောက် ) ဝင်သာကြည့်ကြပါ … ပြီးရင် မိမိဉာဏ်မှီသလောက် တွေးကြည့်ကြပေါ့ .. NLD တွေ အတွက်ကတော့ သူ့သတင်းတွေကအခုချိန်မှာ တကယ်အသုံးချရဲရင် ရွှေ ဘဲ ..USDP ကတော့ အလဲအကွဲ ပေါ့ .. ခင်ဗျားတို့ ကတော့ ဘယ်ထဲ မှာ့ ဝင်မပါ နဲ့ ….
ကျနော့်လိုဘဲ အေးဆေးနေ ပြီး ပွဲကြည့် ပရိတ်သတ် သာ လုပ်နေပါ လေ .. .😁😁
ပိတ်သိမ်းဖျက်ဆီးခံဗလီ ၁၄၀ စာရင်း အစိုးရထံ အမြန်ဆုံး တင်ပြမည်ဟုဆို
ပိတ်သိမ်းဖျက်ဆီးခံဗလီ ၁၄၀ စာရင်း အစိုးရထံ အမြန်ဆုံး တင်ပြမည်ဟုဆို
BAMAKHIT
By D Nae Khit
November 3, 2019
Photo: ROMEO GACAD / AFP (ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ဂျမားဗလီကို တွေ့ရစဉ်)
တိုင်းနဲ့ပြည်နယ် ၁၁ ခုက ပိတ်သိမ်းဖျက်ဆီးခံထားရတဲ့ ဗလီအရေအတွက် ၁၄၀ စာရင်း ရရှိထားပြီဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေထံ အမြန်ဆုံးတင်ပြနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပိတ်သိမ်းဖျက်ဆီးခံ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့်က ပြောပါတယ်။
ဒီစာရင်းဟာ ဗလီတွေ ပိတ်သိမ်းဖျက်ဆီးခံရမှု အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပိတ်သိမ်းဖျက်ဆီးခံရမှု လုံးဝမရှိတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုကနေ ကောက်ယူထားတဲ့ စာရင်းတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ပထမအသုတ် ကောက်ယူထားတဲ့ ဗလီ ၆၄ လုံး စာရင်းကို အစိုးရထံ တင်ပြ ခဲ့ပြီးဖြစ်ပြီး လက်ရှိမှာ နောက်ထပ်ကောက်ယူထားတဲ့ စာရင်း ၇၀ ကျော် ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း သီးသန့်ကောက်ယူထားတဲ့စာရင်းအရ အခြေခံစာသင်ကျောင်း၊ အာရဗီဘာသာ သင် ကျောင်းနဲ့ ဝတ်ပြုကျောင်း စုစုပေါင်း ၉၀၀ နီးပါး ပိတ်သိမ်းဖျက်ဆီးခံထားရတာ ရှိတယ်လို့လည်း ဦးမောင် မောင်မြင့် ကပြောပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၁ ခုက လက်ရှိ ကောက်ယူထားတဲ့ စာရင်းတွေအရ ပိတ်သိမ်းဖျက်ဆီးခံထားရတဲ့ ဗလီ တွေ အများဆုံးရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့ တွေ့ဆုံတာတွေရှိခဲ့ပြီး ဘာသာရေးခေါင်းဆောင်တွေက ဗလီတွေ ပြန်ဖွင့်ခွင့် ရရှိဖို့ တောင်းဆိုတာ ရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တစ်နိုင်ငံလုံးက ပိတ်သိမ်းဖျက်ဆီးခံ ဗလီစာရင်းတွေကို ကောက်ယူဖို့ အစ္စလာမ်ဘာ သာရေး ခေါင်းဆောင်တွေက ဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်ကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဗလီ ၁၀၀၀ နီးပါးရှိကြောင်း ပိတ်သိမ်းဖျက်ဆီးခံ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကော်မတီထံက သိရ ပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)
This news is published with the permission of RFA Burmese.
May Thu Zaw
သမိုင်းအမှန်တွေ ပေါ်ကုန်မှာကြောက်တာလား?
⚹ရခိုင်လူမျိုးတစ်ဦးဖြစ်သူ သတင်းထောက်လေး
ကိုမိုးမြင့်က စစ်တွေမှာရှိတဲ့ ရှေးဟောင်းဗလီကြီးတွေကို
ရှေးဟောင်းအမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်းသင့်ကြောင်း
ဆောင်းပါးတစ်ပုဒ်ရေးလိုက်လို့ ဖက်ဒရယ်လိုချင်သူ
အုပ်စုကြီးတစ်ချို့က အပြင်းအထန် အသည်းအသန်
ကန့်ကွက်နေကြတာ မြင်မကောင်းဘူးဗျာ၊
⚹ခင်ဗျားတို့ဗျာ၊ ဒီမိုကရေစီကို လိုချင်ပါတယ်၊
ဖက်ဒရယ်ကို လိုချင်ပါတယ်၊ တစ်သွင်သွင်အော်နေပြီး
သူတစ်ပါးရဲ့ ဗလီလေးတစ်လုံးနဲ့ပတ်သက်ပြီး
အသည်းအသန် ပြသနာရှာနေကြတာ မအလတို့၊
မဘသတို့နဲ့ စိတ်ဓါတ်ချင်းကတူနေကြပြီ၊
⚹ဘာသာခြားမုန်းတီးရေး Mindset တွေကို
မဖျောက်နိုင်သေးရင် လူရာဝင်ဖို့က
အတော်လေးကို ခက်ပါလိမ့်မယ်၊
ရခိုင်ပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ ကို
ချစ်သည်ဖြစ်စေ / မုန်းသည်ဖြစ်စေ
ခင်ဗျားတို့အနေနဲ့ မဖြစ်မနေ အတူနေသွားကြရမှာပါ၊
⚹ရခိုင်ပြည်ထဲက ဗလီတွေကို ရိုဟင်ဂျာတွေတင်သာမကပဲ
တစ်ခြားသော လူမျိုးစု အစ္စလာမ်ဘာသာဝင်တွေ၊
ကမန်တိုင်းရင်းသားတွေလည်း တက်ရောက် ဝတ်ပြုနေကြတာပါ၊
ဟောင်းနွမ်းဆွေးမြည့်နေပြီဆိုလျှင် တိုင်းရင်းသား နိုင်ငံသားများ၏ အခွင့်အရေးအရ နိုင်ငံတော်ထံ ပြုပြင်မွမ်းမံရန် တင်ပြနိုင်ပါတယ်၊
⚹ခင်ဗျားတို့ အနေနဲ့ သူတစ်ဖက်သားရဲ့
ဝတ်ပြုရာ အဆောက်အအုံနေရာတွေနဲ့ ပတ်သက်ပြီး
ဘာမှဝေဖန်စရာကို မလိုတာပါ၊
မိမိကိုယ်တိုင်ကဖက်ဆစ်တွေလက်က မလွတ်သေးဘူး၊
ဖက်ဆစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ခြင်းတွေ၊
ခွဲခြားဆက်ဆံခြင်းတွေကို ပူပူနွေးနွေးခံခဲ့ပြီးကာစရှိပါသေးတယ်
သူတစ်ဖက်သားအပေါ် ခွဲခြား နှိမ်ချခြင်းတွေကို လုပ်နေတာဟာ လုံးဝ ( လုံးဝ ) ကို မဖြစ်သင့်တာပါဗျာ၊
⚹ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကို ချရေးပြရုံသက်သက်ပါ၊ Gen Z ရခိုင်လူငယ်အများစုကလည်း
ဆောင်းပါးရှင် သတင်းထောက် ကိုမိုးမြင့်နှင့်ထပ်တူ
စိတ်သဘောထားကြီးစွာ ရပ်တည်ရေးသားကြတာကိုလည်း
ကွန်မန့်တွေမှာ ဖတ်ခဲ့ရတဲ့အတွက်
Gen Z ရခိုင်ခေတ်လူငယ်လေးတွေရဲ့ သဘောထားတွေကိုလည်း လွန်စွာ ဂုဏ်ယူလေးစားမိပါတယ်၊
⚹ရိုဟင်ဂျာမူစလင်တွေဘက်မှာလည်း အစွန်းရောက်စိတ်ရှိသူ
စုန်းပြူးတွေရှိနေကြတာကို ရိုးသားစွာလက်ခံရပါမယ် ဆိုတော့ကာ ဘက်အသီးသီးအနေဖြင့် ကိုယ့်လူကိုယ်ထိန်းခြင်းဖြင့်
အာဏာရှင်ကို သက်ဆိုးမရှည်အောင်
ဝိုင်းဝန်းဆောင်ရွက်ကြရပါမယ်၊
⚹အမုန်းတရားတွေဟာ တစ်ကယ်တော့ အဆိပ်အတောက်တွေပါ . အဆိပ်အတောက်တွေမှန်းလည်း
အတိတ်ကာလ ပဠိပက္ခတွေကသက်သေပြခဲ့ပြီးပါပြီ၊
ဒါကိုသိနေပါလျှက် မြိန်ယှက်စွာ
ဆက်လက် သောက်သုံးမယ်ဆိုရင်တော့
အာဏာရှင်တွေရဲ့ အကြိုက်အရင် ဘဝမျိုးပြန်ရောက်သွားကြမှာပါ၊
( အမုန်းပွားစေမည့် ကွန်မန့်များမဖြစ်ရလေအောင်
သတိထားဆင်ခြင်၍ ရေးသားကြပါရန် မေတ္တာရပ်ခံအပ်ပါသည် )
Ko Tharr Gyi
( အောက်ပါပုံထဲကသူကတော့ သတင်းထောက်
ရခိုင်လူငယ်လေး ကိုမိုးမြင့်ပါ )
Credit#
စစ်တွေဂျမားဗလီကိစ္စ ရခိုင်လူထုအလွှာကို ခွဲခြမ်းကြည့်ခြင်း (Opinion)
Ye Myint Win
Mizzima အယ်ဒီတာ မိုးမြင့်ရဲ့ဆောင်းပါးပါ။ Report ထုခံရလို့ပျက်သွားပါတယ်။ သူ့ရဲ့ blog မှာတင်ထားတာကို ပြန်ကူးလာတာပါ။
စစ်တွေဂျမားဗလီကိစ္စ ရခိုင်လူထုအလွှာကို ခွဲခြမ်းကြည့်ခြင်း (Opinion)
April 24, 2021
ရခိုင်ပညာတတ်တွေနဲ့ သာမန်လူထုကြား၊ အထူးသဖြင့် မဘသနဲ့ခင်ညွန့်၊ နေဝင်းမှိုင်းမိနေတဲ့အုပ်စုကြား ကွာဟချက် အရမ်းကြီးတာကို ဒီရက်ပိုင်းမှာ သတိထားမိလာပါတယ်။ ဒီကိစ္စကိုပြောတာနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြမယ်၊ တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုသလို ပြောဆိုကြမှာ ကျနော်တွက်ဆမိပါတယ်။ ဒါပေမဲ့ အရဲစွန့်ပြီးတော့ ရေးလိုက်ပါပြီ။
အထူးသဖြင့် စစ်တွေမြို့လယ်ခေါင်က နှစ်ပေါင်းရာကျော်ရှိတဲ့ ကိုလိုနီခေတ်ဦးပိုင်းက ဂျမားဗလီအကြောင်းပြောကြရာမှာ စတင်လာတဲ့ ကိစ္စပါ။ တိုးတက်တဲ့အမြင်ရှိတဲ့ ရခိုင်အလွှာတွေက ဂျမားဗလီကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုတာကို ဗလီမို့လို ဘာလို့လုပ်ရမလဲဆိုတဲ့အမြင်နဲ့ ပြန်ပြီး ရိုင်းပြကြတာပါ။
ဂျမားဗလီက ဗိသုကာလက်ရာလည်းထူးခြားတယ်၊ နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ အကဲဆတ်တဲ့ ဘာသာရေးကိစ္စလည်းဖြစ်တာမို့ ဒီကိစ္စကို အလေးထားကြဖို့ ပြောလာကြတာပါ။ နိုင်ငံတကာက ဘာလို့စိတ်ဝင်စားလဲ။ ဆိုတော့ အားလုံးသိကြတဲ့ ၂၀၁၂ ရခိုင်နဲ့မွတ်စလင်ကြား လူမျိုးရေးဘာသာရေးဆန်တဲ့ ပြသနာကနေ စပါတယ်။
အဲဒီကာလတုန်းက မွတ်စလင်အဆောက်အအုံတွေ ဒါဇင်နဲ့ချီဖြိုဖျက်ခံရပါတယ်။ လူပေါင်း ၁ သိန်းနဲ့ ၄ သောင်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်စခန်းကိုရောက်သွားကြရပါတယ်။ ရခိုင်တွေလည်း ဆုံးရှုံးမှုရှိပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကတော့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ကိုယ်နေရာအိမ်ကနေ စခန်းထဲ အသွင်းခံလိုက်ရတာပါ။
အခုဆိုရင် ၉ နှစ်ထဲဝင်လာပါပြီ။ လိုရင်း ဗလီကိစ္စကို ဆက်သွားရအောင်ပါ။ ဗလီကိစ္စကို အခုမှ အကဲဆတ်ကြတာတော့မဟုတ်ပါဘူး။ ၂၀၁၇ တုန်းက ဗိုလ်မှူးကြီး ထိန်လင်းလက်ထက်မှာတောင် တရားမဝင် အဆောက်အအုံများဆိုပြီးတော့ ထပ်ဖြိုဖို့လုပ်ခဲ့ပါသေးတယ်။
ဗလီကိစ္စအကဲဆတ်တာ ဘယ်လောက်ထိဆိုးသလဲဆိုရင် ကျနော်ကိုယ်တိုင် အသတ်မခံရရုံတမယ် ၂၀၁၇ တုန်းက ကြုံခဲ့ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ် ရသေ့တောင်နယ်က စေတီပြင်ကျေးရွာမှာပါ။ တကယ်တော့ မွတ်စလင်ကျေးရွာသားတွေရာနဲ့ချီ အသတ်ခံရတဲ့ကိစ္စကို စုံစမ်းဖို့ သွားခဲ့တာပါ။ လူနှစ်ယောက်ကို ဖမ်းဖို့ တရွာလုံး လူကြီး၊ ကလေးမကျန်၊ ထောင်နဲ့ချီတဲ့လူတွေက ရွာလမ်းကို ပိတ်ဆို့ထားလိုက်ကြတာပါ။
သစ္စာဖောက်၊ လောက်ကောင်၊ သတ်ပစ်၊ ဓာတ်ပုံတစ်ပုံ သိန်း ၅ ထောင်ရ စတဲ့ ဆော်သြသံတွေနဲ့အတူ အမုန်းတရားလောင်မြိုက်နေတဲ့ ရခိုင်လူထုရဲ့မျက်လုံးတွေကို ကျနော်နားလည်ခဲ့ရပါတယ်။ ဒီနေ့ထက်ထိ ဆောင်းပါးရေးတဲ့အတွက် စာမူခကလွဲလို့ ကျနော် ဘယ်အဖွဲ့စည်းဆိကမှ ဓာတ်ပုံရောင်းလို့ငွေတပြားမှ မရဖူးပါ။ ဒါက သူတို့ရဲ့ အမှားတော့မဟုတ်ပါ။ တသက်လုံး ရိုက်သွင်းခံလာရတဲ့ ကိစ္စတွေနဲ့လည်းဆိုင်ပါတယ်။ အထူးသဖြင့် ကန်ထရိုက်သူဌေးကြီးတစ်ဦးရဲ့ သားတပည့်တွေဟာ ဒီကိစ္စတွေနဲ့မလွတ်ကင်းပါ။
ဘာလို့ ကျနော်တို့ကို သတ်ဖြတ်ချင်လောက်အောင် မုန်းတာလဲ။ စေတီပြင်ဗလီဟာ ရခိုင်မှာရှေးအကျဆုံးထဲက ဗလီတစ်ခုဖြစ်ပါတယ်။ ကျနော်ရောက်တဲ့အချိန်မှာ ဗလီက မြေပြင်အုတ်ရိုးတောင် မကျန်တော့ပါ။ အဲဒီဖြစ်ရပ်ကို ကျနော်ဖုန်းနဲ့ ပုံတွေရိုက်ယူလိုက်ပါတယ်။ ဗလီဘေးနားမှာတော့ ရခိုင်ဘုန်းကြီးကျောင်းရှိပါတယ်။ ပြောရမှာတောင် ကျနော်ရှက်ပါတယ်ဗျာ။
အဲဒီဗလီကို ကန်ထရိုက်တာရဲ့ ဘူဒိုဇာနဲ့ဖြိုချလိုက်တာပါ။ ရွာသားတွေက အကြွင်းအကျန်အုတ်ခဲတွေယူပြီး (ဘာမှတန်ဖိုးမရှိတဲ့) မီးဖိုလုပ်ကြပါတယ်။ ဒီဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်ယူပြီးတဲ့နောက်မှာ ANP ပါတီက လူငယ်တစ်ဦးက ( ငြင်းဖို့မကြိုးစားပါနဲ့ ကျနော့်မှာ သက်သေတွေရှိတယ်။ ပုံနဲ့တကွ ထုတ်ပြလို့ရတယ်) ရုတ်ချည်းရောက်လာပါတယ်။ ပြီးတာနဲ့တရွာလုံးကို ဆော်သြတော့တာပါပဲ။
မရိုက်ကြဖို့၊ အေးဆေးဖြေရှင်းကြဖို့၊ အပြစ်ကျူးလွန်တယ်လို့မှတ်ရင်လည်း စေတီပြင်ရဲစခန်းကိုလွဲပေးကြဖို့ ကျနော်မေတ္တာရပ်ခံရပါတယ်။ ကံကောင်းတာက ဒေါသထွက်နေတဲ့လူအုပ်ကြီးက ကျနော်ဟာ သူတို့အရမ်းမုန်းတဲ့ အဲဒီတုန်းက (ဧရာဝတီသတင်းထောက်) မိုးမြင့်ဆိုတာကို မသိကြတာပါ။
မသိဘူးဆို ကျနော်လည်း မလိမ့်တပတ်ဖြေတာကြောင့်ပါ။ သိရင် ကျနော် အသတ်ခံရနိုင်ပါတယ်။ ဒီလိုနဲ့ ရွာကို တပ်မ ၂၂ က ဗိုလ်ကြီးတစ်ဦးနဲ့အတူ MA-1 ရိုင်ဖယ်ကိုင်ထားတဲ့ စစ်သားနှစ်ယောက်ရောက်ချလာတယ်။ နိုင်ငံတော်သစ္စာဖောက်ဖို့လုပ်တာပဲ ဆိုပြီးတော့ ဗိုလ်ကြီးက ပြောချလိုက်တယ်။ သေချာရှင်းပြယူရပါတယ်။
ကံကောင်းစွာနဲ့ စခန်းကို အပို့ခံရပါတယ်။ စခန်းကိုပို့ပါ ကျနော့်ကိုဖမ်းပါလို့ အကြိမ်ကြိမ်တောင်းဆိုပြီးမှ ဖြစ်လာတဲ့ရလဒ်ပါ။ ကျနော်အရမ်းပျော်သွားတယ်။ စခန်းထဲ အချုပ်ထဲမှာ နေရမှာမလို့ပါ။ ဘာပဲပြောပြော လမ်းပေါ်မှာဆို ကျနော် ချက်ချင်းသေသွားနိုင်တယ်လေ။
ဗလီကိစ္စ အကဲဆတ်တဲ့ပြသနာ ဘယ်လောက်ကြီးတယ်ဆိုတာကို ကျနော်ကိုယ်တွေ့ဖြစ်ရပ်ကို ရှင်းပြခြင်းသာဖြစ်ပါတယ်။ အသေးစိပ် မဟုတ်သေးပါ။ အခု ဂျမားဗလီကိစ္စကို ထိန်းသိမ်းဖို့ပြောတော့ ပညာတတ်အလွှာက အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်က ဘန်ဒါဘန်ဒေသတွေကို နမူနာထားပြီး သေချာရှင်းပြကြပါတယ်။
ပညာတတ်ဆိုရာမှာ ပြည်တွင်း ရိုးရိုးဘွဲ့ရမဟုတ်ပါ။ နိုင်ငံတာက ဘွဲ့ရထားတဲ့ မာစတာကျောင်းပြီးတဲ့၊ တချို့ဆို PhD ရထားတဲ့သူတွေပါ ပါတယ်။ တချို့ဆို သမိုင်းကိုသေချာလေ့လာနေတဲ့ ပညာရှင်တွေပါ။
တချို့ရိုင်းပြတဲ့ စာရေးဆရာအမည်ခံသူတွေကတော့ ရခိုင်ဘုန်းကြီးကျောင်းတချို့ မပြုပြင်နိုင်တာ၊ မီးရှို့ခံရတာကို ဘာလို့မရေးလဲလို့ စောဒကတတ်ကြပါတယ်။ မြောက်ဦးမှာ အစိုးရက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းဖို့ ကျပ်သန်းရာနဲ့ချီပြီးတော့ ချပေးလိုက်တဲ့ ပိုက်ဆံတွေကို ဘယ်သူစားသွားသလဲ။ ဘုရားဘယ်ပုံဖြစ်နေလဲဆိုတာကို ဆောင်းပါးတွေရှာဖတ်ပါလို့ပြောချင်ပါတယ်။
ပညာတတ်အလွှာရဲ့ထောက်ပြမှုကို တွန်းကန်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို စဉ်းစားကြည့်တဲ့အခါ မှိုင်းတိုက်ခံရတဲ့ကိစ္စအပြင်၊ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုလည်း သတိထားမိပါတယ်။ အဲဒါကတော့ ပညာတတ်အုပ်စုနဲ့ သာမန်လူတန်းအုပ်စုကြား လူထုအသိပညာ မျှဝေနိုင်မှု အားနည်းတာနဲ့လည်းဆိုင်မယ်လို့မြင်ပါတယ်။ ဆိုလိုတာက ပညာတတ်အုပ်စုရဲ့ awareness ဟာ လူထုကြားမရောက်ဘဲ၊ လူမျိုးရေးဘာသာရေးအစွန်းရောက်အုပ်စုတွေရဲ့ အသိအမြင်တွေကသာ သာမန်လူထုကြားထဲ စီးဝင်သွားတဲ့ကိစ္စပါ။
ဒါကြောင့် ခေတ်နဲ့မညီတော့တဲ့ တွေးခေါ်မှု၊ ပဒေသရစ်ဆန်တဲ့အယူဆတွေကို အဆုံးသတ်ဖို့က ပညာတတ်အလွှာရဲ့သတင်းစကားတွေ အခြေခံလူထုကြားထဲ စီးဆင်းဖို့လိုအပ်ပါတယ်။ လေ့လာမှုအားကောင်းသူတွေကတော့ မဘသလိုအယူအဆတွေရဲ့ လွှမ်းမိုးခြင်းကနေ ရုန်းထွက်နိုင်တာတွေ့ရပါတယ်။
ဒါပေမဲ့ တုံ့ပြန်လာတဲ့ မှတ်ချက်တွေအရ အများစုက ကျန်နေတာကို မြင်တွေ့ရပါတယ်။ ဒါတွေကို ရပ်တန့်ဖို့၊ သာယာဝပြောတဲ့ အသွေးအရောင်စုံလင်တဲ့ အလှတရားဖြန့်ကျက်ရာနေရာဖြစ်လာဖို့ နိုင်ငံရေးသမားတွေနဲ့ CSOs တွေမှာ တာဝန်ရှိပါတယ်။ အဓိကတော့ ဒီကိစ္စကို နိုင်ငံရေးမှာအသုံးချရှောင်ရှားဖို့လိုပါတယ်။
တစ်ဘက်တည်းမဟုတ်ပါ။ မွတ်စလင်တွေဘက်ကလည်း ဒီကိစ္စကို လုပ်ရမှာပါ။ သမိုင်းကို စာပြန်ဖတ်တာနဲ့ချည်းပဲ အချိန်ကုန်ခံကြဖို့၊ မူလအနှစ်သာရကို ကြည့်ကြဖို့ နှစ်ဖက်လုံးက ရွေ့ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ နှစ်ဘက်လုံးက မင်းဘာဘုရင်ခေတ်၊ ဝေသာလီခေတ်သာပြန်သွားပြီး ဘယ်ဘုရင်က ဘယ်လိုဖြစ်တယ်ကအစပြန်လှန်နေရင် ဘယ်တော့မှလည်း ပြီးဆုံးမှာမဟုတ်သလို။ အတူနေဖို့လည်း မယုံကြည်မှုတွေနဲ့ပဲ သံသရာလည်နေဦးမှာပါ။
REMARK : ၄ နှစ်ကြာတော့မှ ဘာလို့ထုတ်ပြောလဲလို့ မွတ်စလင်တွေနဲ့တခြားလူတွေက မေးခွန်းထုတ်နိုင်သလို၊ attention ယူတယ်လိုကလည်း ရခိုင်တွေဘက်က စွပ်စွဲလာမှာ ကျနော်တွက်ဆပြီးသားပါ။ ကျနော့်လုံခြုံရေးကြောင့်၊ တနည်းအားဖြင့် မိုးမြင့်ဆိုတဲ့ကလောင်ပျောက်မသွားဖို့ လုံခြုံတဲ့နေရာရောက်တော့မှ ကျနော် ရေးရဲတာပါ။
မိုးမြင့်
ASEAN’S shameful watered-down Five-Point Consensus on Myanmar crisis
WHY ASEAN?
Why the followings are NOT included in your watered-down Five-Point Consensus on Myanmar crisis?
1/ Never mentioned that you opposed the coup.
2/ Never mentioned that you recognized the results of the 2020 General Election.
3/ Never mentioned to return back the governing authority to elected representatives.
4/ Never mentioned anything to investigate or own up the responsibility for the violence and extrajudicial killings, torture, looting etc.
5/ Never mentioned about the Rohingya Repatriation, giving them the citizenship, equal rights and compensation.
6/ Failed to mention political prisoners and to release without any charges.
Therefore Myanmar Citizens rejected your Five-Point Consensus on Myanmar crisis as your aims and objects are one sided to just give life-line for the Junta.
SHAME ON YOU ASEAN!
If you allow me…your action is shamefully like this example…
There was a ROBBERY in a village. Robbers not only robbed the valuables but also killed the son and raped the daughter.
So they went to the village council to take legal action and justice.
Village council discussed amongst themselves and only after few days they called for the hearing.
Following is the decision or verdict they had given.
1/ Ordered the robbers to stop violence on the complainant.
2/ Victims also should stop shouting and crying.
3/ Victims should negotiate with the robbers.
4/ If the victims are hungry, village council will arrange for food packages and donations through the robbers.
5/ Village councilors will visit later after getting approval from the robbers to know the situation or help negotiate between.
ASEAN, #ASEANSECRTRAIT #INDONESIA, #SINGAPORE, #MALAYSIA ,#BRUNEI etc
DrSaSa, #CRPH, #NUG #UN #UNSC #UNSG #USA #EU #NATO
AUSTRALIA
I have translated, edited and added some facts from original Myanmar post.
Zed Derekh
မနေ့က အာဆီယံအစည်းအဝေးနဲ့ ပတ်သက်ပြီး
ဆဲသံတွေ ညံနေတယ်။ အာဆီယံကလည်း ဆဲလည်း
ဆဲချင်စရာပဲကိုး။ ဒါပေမယ့် ဒီမိုကရေစီ ပေမမီ၊
ဒေါက်မမီ အာဆီယံနိုင်ငံတွေရဲ့ သောက်ချိုးကို
ကြိုတွေးထားရင် အာဆီယံရဲ့ ထုတ်ပြန်ချက်အပေါ်
ဆဲဖို့နေနေသာ အလေးထားစရာကို မလိုတာ။ ရှေ့
ဆက်ရမယ့်လမ်းအတွက် ခေါင်းထဲကို အရှုပ်ခံစရာ
ကို မလိုတာ။
UN လည်း ကောက်ရိုးလေးတစ်မျှင်လို ရေနစ်
နေတဲ့ ပြည်သူက ဆွဲမိဆွဲရာ ဆွဲနေကြတာ။ စစ်အာ
ဏာရှင်ကို မုန်းတီးစိတ်က အားကြီးပြီး နိုင်လိုဇော
တွေနဲ့ အမှန်ကို မမြင်နိုင်ကြတော့ဘဲ တွယ်မိတွယ်
ရာ တွယ်ကုန်ကြတာ။
တကယ်တော့ ဒီတိုက်ပွဲကို ဒီအခြေအနေထိ ကြံ့
ကြံခံ ရင်ဆိုင်လာတာ ပြည်သူတွေ ကိုယ်တိုင်ပဲ
မဟုတ်ဘူးလား။ UN လည်း မပါဘူး။ US လည်းဝေလာဝေး။ အာဆီယံဆို ပေါင်ကြားထဲတောင် မညှပ်ခဲ့ပါဘူး။
ငါတို့အားနဲ့ ငါတို့ တိုက်ခဲ့တယ်။
ငါတို့သားသမီးတွေရဲ့ အသက်တွေ၊ ဘဝတွေ
ပေးဆပ်ပြီး အာဏာရှင်ကို ငါတို့ တိုက်ခဲ့တယ်။
လက်နက်မဲ့တဲ့ ငါတို့ဟာ လက်နက်အားကိုးတဲ့ အာ
ဏာရှင်ကို မျက်ပြူးဆံပြာဖြစ်အောင် အောင်ပွဲဆင်
နိုင်ခဲ့တယ်။
ဒီအနေအထားကို ကိုယ့်အားနဲ့ကိုယ် ရယူနိုင်တဲ့
ငါတို့ဟာ အဆုံးသတ်ဖို့အတွက်ကျမှ တစ်ပါးသူကို
အားကိုးနေရင် အမြီးကျမှတစ်နေတဲ့ ဆင်ပြောင်ကြီးလို သဏ္ဍန်တူနေလိမ့်မယ်။
ငါတို့ရဲ့ အောင်ပွဲဟာ ငါတို့မှာ တည်တယ်။
အောင်စိတ်ဟာ ငါတို့မှာ ရှိတယ်။
အောင်ပွဲကို အကောင်အထည်ဖော်ဖို့ ငါတို့အား
ပဲ ငါတို့ကိုးရမယ်။ ငါတို့ဟာ ငါတို့အသက်ခန္ဓာနဲ့
နိုင်တဲ့ဝန်ကိုထမ်းပြီး တိုက်ပွဲကို ရှေ့ဆက်ပုံဖော်ရ
မယ်။
ဆဲဆိုခြင်း၊ ဝေဖန်ခြင်းတွေထဲ အချိန်ကုန်မခံကြ
နှင့်။ ဘယ်သူမှ မွေးကတည်းက သေနတ်ဖက်
မွေးမလာဘူး။ အမိဝမ်းက ကျွတ်ကတည်းက သေ
နတ် ပစ်တတ်မလာဘူး။
ငါတို့အား
ငါတို့ကိုးပြီး
ရှေ့ဆက်ကြပါစို့။
ကိုဦးဆွေ
စာရေးဆရာ၊ အယ်ဒီတာ
Ethnic Minority Wa Muslims of Myanmar မြန်မာတိုင်းရင်းသားမွတ်စလင်
Moe ArKar
တိုင်းရင်းသားထဲမှာမွတ်စလင်မပါဘူးလို့
ဖင်ပိတ်ငြင်းနေတဲ့ ‘ ငပိ ‘တွေ ဒီမှာကြည့်
လူပီသတဲ့”ဝ”တွေထုတ်ပြလိုက်တဲ့
မြန်မာတိုင်းရင်းသားမွတ်စလင်
မြန်မာနိုင်ငံသားတိုင်းရင်းသားထဲမှာမွတ်စလင်မပါစေချင်ရင်
“ဝ”နယ်ကိုလွတ်လပ်ရေးပေးလိုက်ဖို့ပဲရှိမယ်
MAK
ပုဂံရာဇဝင်ထဲက နရသူဟာ ရာဇဝင်မှာ “ကုလားကျမင်း” လို့ နာမည်တွင်သွားခဲ့တယ်
ပုဂံရာဇဝင်မှာ “နရသူ” ဆိုတဲ့ အာဏာရူးမင်းတစ်ပါး ရှိခဲ့ဖူးတယ်။ သူအာဏာရဖို့အတွက် ဖခင် အလောင်းစည်သူမင်းကို ရွှေဂူကြီးဘုရားထဲမှာ ခေါင်းအုံးနဲ့ ဖိသတ်တယ်။ နောင်တော်ဖြစ်တဲ့ မင်းရှင်စောကို နံနက်ပိုင်းမှာ ဘိသိက်သွန်း၊ မင်းအဖြစ်တင်မြှောက်ပြီး ညပိုင်းမှာ ပွဲတော်စာထဲ အဆိပ်ခတ် သတ်ခဲ့တယ်။ အဲဒီလိုလူသတ်တဲ့နည်းနဲ့ အာဏာရအောင်ယူခဲ့တယ်။
အာဏာရူးပြီး မင်းဖြစ်လိုတဲ့လောဘကြောင့် ဖခင်နဲ့ နောင်တော်ကို သတ်ဖြတ်ခဲ့တဲ့ နရသူကို သပိတ်မှောက်တဲ့အနေနဲ့ အဲဒီအချိန်က ပုဂံသာသနာပိုင် ပံ့သကူမထေရ်ဟာ ပုဂံကနေ သီဟိုဠ်ကို ထွက်သွားတော့တယ်။ ဒီဘက်ခေတ်အခေါ် Social Punishment ပေးတဲ့အနေနဲ့ ဖဲကြဉ်ခဲ့တယ်။
ပံ့သကူမထေရ်တစ်ပါးပဲ အာဏာရူး နရသူ ကို Social Punishment ပေးခဲ့တာမဟုတ်ဘူး။ အဲဒီအချိန်က ပုဂံသူပုဂံသားတွေကလည်း နရသူ့ကို ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ မုန်းတီးကြတယ်။ ရှောင်ခွာကြတယ်။ ပုဂံတစ်ခွင်လုံးမှာရှိတဲ့ ပြည်သူတွေက နရသူကို မနှစ်မြို့တဲ့အတွက် Social Punishment ပေးတဲ့အနေနဲ့ ရှောင်ကွင်းကြတယ်။ မဆက်ဆံကြဘူး။ မင်းအဖြစ် အသိအမှတ်မပြုကြဘူး။
ပုဂံပြည်သူပြည်သားတွေက မုန်းတီးကြောင်း၊ မဆက်ဆံလိုကြောင်း၊ မင်းအဖြစ်အသိအမှတ်မပြုကြောင်းကို သိရလေလေ နရသူ့ရင်ထဲမှာ မီးလောင်လေလေ ဖြစ်လာခဲ့တယ်။ ပြည်သူကအသိအမှတ်မပြုတဲ့အတွက် ရင်ထဲမှာ ပန်းတွေပွင့်မနေရတဲ့ နရသူ ဟာ ပြည်သူ့ကို ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် ဖိနှိပ်ပြန်တယ်။ People = My Enemy ဆိုတဲ့ Equation ကို နရသူ ထုတ်ခဲ့တယ်။ ပြည်သူကလည်း ဖိနှိပ်ခံရလေ နရသူကို ပိုမုန်းတီးလေ၊ ပိုမဆက်ဆံချင်လေ၊ ပိုရှောင်ကွင်းလေ၊ ပိုအသိအမှတ်မပြုလေပဲ။
အဲဒီအချိန်က အိမ်နီးနားချင်းတိုင်းပြည်တွေဟာ သမီးပေးနှမယူနည်းနဲ့ Diplomacy ကို ထူထောင်လေ့ရှိတယ်။ ဒါကြောင့် တစ်ခါမှာတော့ ဝေသာလီပြည် (အိန္ဒိယ) က မင်းသမီးတစ်ပါးကို မိဖုရားအဖြစ် နရသူ့ဆီ ပို့ကြတယ်။ ဦးနှောက်မရှိတဲ့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့၊ ဝေဖန်ဆင်ခြင်ပိုင်းခြားနိုင်စွမ်းမရှိတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နရသူဟာ အဲဒီဝေသာလီမင်းသမီးကိုလည်း သတ်ပစ်ခဲ့တာပဲ။
ဝေသာလီမင်းသမီးကို သတ်ပြီး အချိန်နည်းနည်းကြာသွားတဲ့အခါ ဝေသာလီပြည်က ဟူးရားပုရောဟိတ် ၈ ပါး ပုဂံကို ရောက်လာကြတယ်။ ပြည်သူက အသိအမှတ်မပြုတဲ့ နရသူကို မင်းအဖြစ် ဘိသိက်မြှောက်ပေးမယ်လို့ ဆိုကြတယ်။ ဘယ်သူကမှ အသိအမှတ်အပြုမခံရတဲ့ နရသူဟာ “ဟာ .. ငါ့ကို ပုဂံပြည်သူတွေကသာ အသိအမှတ်မပြုတာ၊ ဝေသာလီကုလားပြည်ကတော့ အသိအမှတ်ပြုသားပဲ၊ အခု မင်းအဖြစ်တောာင် ဘိသိက်သွန်းပေးဦးမတဲ့” ဆိုပြီး အပျော်ကြီးပျော်ခဲ့ပုံရတယ်။ အဘိသေကသဘင် ကျင်းပဖို့ ချက်ချင်းလက်ခံလိုက်တော့တာပါပဲ။ နေ့ရက်ရွေး၊ အချိန်ရွေးပြီး အဘိသေကသဘင် ကျင်းပတယ်။ ဟူးရားပုရောဟိတ် ၈ ပါးဟာ နရသူ့ကို ပလ္လင်ပေါ်အထိုင်ခိုင်း၊ ဆံထုံးကို အမွှေးနံ့သာ၊ ဆီလိမ်းပြီး ထုံးပေး၊ ခရုသင်းတွေဘာတွေ မှုတ်ပေါ့။ ပြီးတော့ ဘိသိက်ရေစင်သွန်းတဲ့အချိန်မှာပဲ သန်လျက်တွေနဲ့ ထိုးသတ်ပစ်တော့တယ်။ နရသူရဲ့ အဘိသေကသဘင်ဟာ နရသူရဲ့ ဈာပန ဖြစ်သွားတော့တာပါပဲ။ အဲဒီအချိန်ကစပြီး နရသူဟာ ရာဇဝင်မှာ “ကုလားကျမင်း” လို့ နာမည်တွင်သွားခဲ့တယ်။
ပြည်သူက အာဏာရူးငါ့ကို ရွံရှာ၊ မုန်းတီး၊ စက်ဆုပ်၊ ရှောင်ကြဉ်၊ အသိအမှတ်မပြုပေမဲ့ ဟောဟိုက ကုလားပြည်တွေက ငါ့ကို အသိအမှတ်ပြုသားပဲ၊ ပွဲတွေဘာတွေ ကမ်းလှမ်းသားပဲဆိုပြီး ပျော်မနေနဲ့။ မတော်ရင် အဘိသေကပွဲကနေ ဈာပနပွဲတောင် ဖြစ်သွားနိုင်တယ်။
ပုဂံရာဇဝင်ထဲက နရသူ အကြောင်း ပြောပါတယ်။ ခင်ဗျားတို့ဘာသာ ဘယ်သူ့ကို ပြေးမြင်မြင် ကျွန်တော်နဲ့မဆိုင်ပါဘူး။ ပုဂံရာဇဝင်ထဲက နရသူ အကြောင်းပါ။
😊
-𝐂𝐫𝐞𝐝𝐢𝐭 𝐭𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐖𝐫𝐢𝐭𝐞𝐫.
Military’s Ma Ba Tha Monk inciting Hatred on Muslims and Christians
အရေးတော်ပုံ အောင်ခါနီး GZ တွေကို စော်ကားပြီး ဘာသာရေး မှိူင်းတိုက်မူ့ စတင်ပြီ … ဒီကောင် ( အော် ဒီကောင်လို့ ခေါ်တာ မကြိုက်ရင် ဘလော့သွားနော် ဒါအယဉ်ကျေးဆုံး ခေါ်လိုက်တာ ) အကြောင်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က သတိထားဘို့ တင်တော့ အပ္ပနား အနီကြောင်တွေက ကျနော့ ကို ဝိုင်းဟောင် ဝိုင်းက်ုက်ကြတယ် ( ဗုဒ္ဓဘာသာ တွေက ဆဲကြ ဆိုကြတာ လက်ခံတယ် ပြန်မတုန့်ပြန်ဘူး
ဘာလို့ဆို သူတို့မှာက ဘာကောင်ကြီး ဖြစ်နေ ဖြစ်နေ မြင့်မြတ်တဲ့ သင်္ကန်းတော် ( ဘုရား အရည်တော်) လွှမ်းလိုက်တာနဲ့ အဲ့ကောင်က အော်တို မြင့်မြတ်သွားတာဆိုပြီး အယူရှိလေတော့ ကိုယ်က နားလည်ပေးလို့ရတယ် ) အခုဟာက ဒီကောင် ဘာသာရေး မှိူင်းတိုက်နေတာကို ( ခရစ်ယာန်နဲ့ အစ္စလာမ် ကို အဓိကထား ပြီး ဗုဒ္ဓဘာသာနဲ့ တိုက်နေတာ ) ချပြတာ အပ္ပနားက ( ရိုးရိုး အပ္ပနား မဟုတ်ဘူး အနီကြောင် အပ္ပနား) ဝင်နာတယ် ဆိုတော့ အတော်ပြောရခက်တယ် …စိတ်လည်း အတော် လေသွားတယ် ..ချက်ဆရာတော် အရှင်စာရဏ ကိစ္စ ဖြစ်တော့ ( မသိသေးသူများ ပြန်လေ့လာပါ) အရှင်စာရဏ ဘက်ကနေ ရပ်ပြီး အမှန်ရေးတော့ ချက်ဆရာတော်ကိုယ်တိုင် ကျူပ်ကို ရပ်လိုက်ဘို့ မိန့်တော်မူတယ် ( CB .. မှာ SS အခုထိ ရှိသေးတယ် )
ထားတော့ .. အခု G Z တွေ ဆေးချပြီး နိုင်ငံရေး လုပ်နေတယ်.. နောက်ကွယ်က မွတ်စလင်တွေ မြှောက်ပေးနေတယ်.. မွတ်စလင်တွေက အသေမခံဘဲ ကြိတ်ဝမ်းသာ လက်ခုတ်တီးနေကြတယ်.. အမျိုးစုံ ( 17 မိနစ်စာ ) ဖွနေပြန်ပြီ …
ဒီကောင်နဲ့ ကျူပ်က လွန်ခဲ့တဲ့ ၂၀၁၂ ကတည်းက ငြိနေတာ ( ဝါဇီ လှမြင့် အကောင့် တုန်းက) ဒီကောင့် အကြောင်း သူ့လောက်နီးနီး ကူျပ်သိတယ် .. ရန်ကုန်မှာ ဆရာမွတ်ဖ်သီမြင့်သိန်း တို့ ရှေ့နေဦးကျော်ငြိမ်း တို့ နဲ့စာရေးဆရာ ခင်မောင်နှင်း ( ကျောက်ပတောင်း)တို့ကို ပွဲဆိုင်ပေးပြီး ဖွတာရော .. ဝီရသူကို အင်တာဗျူးပြီး အဓိကရုဏ်း ဖန်တီးခဲ့တာ .. မြေပြိုလို့ မွတ်စလင်တွေ သေတာကို ဖွခဲ့တာရော .. ဒိုင်မွန်းရွှေကြည် ဝင်ရှင်းရတဲ့ မွတ်စလင်ကျေးရွာ ဖွတဲ့ကိစ္စရော .. တလောက ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်နဲ့ မွတ်စလင်ကို တိုက်ပေးခဲ့တာအပါအဝင် မနေ့တနေ့က သာသနာဘွဲ့တံဆိပ်ကို မရမက နားပူနားစာ လုပ် လျှောက်လွာတင်ပြီး ထုတ်ယူခဲ့တာ အထိ ကျနော့ဆီမှာ အကုန် မှတ်တမ်းဒေတာတွေ ရှိတယ်
ဆိုလိုချင်တာက လူတယောက် အကြောင်း ဂဃဂဏ မသိဘဲ ကျနော် မစွပ်ဆွဲဘူး
စွပ်ဆွဲရင် လည်း မငြင်းနဲ့ .. မသေမရှင်ဖြစ်လောက်အောင်ထိ ဒေတာစုံတယ် ..ဒါကို ဘုမသိ ဘမသိ မျက်နှာလိုအားရ ဝင်မငံ နဲ့ ( အပ္ပနားကို ပြောတာ .. ဘာသာတူတွေ မခံနိုင်လို့ ကျူပ်ကိုဆဲဆဲ ဘလော့ လုပ်လုပ် ရတယ် အေးဆေး ) ဝင်ငံရင် ဝင်ငံတဲ့ကောင်ပါ မျိုးကန်းအောင် ဗျင်းခံရမယ် မှတ်