George H. Reavis’ The Animal School တိရစ္ဆာန်ကျောင်း

U Kyaw Win

တိရစ္ဆာန်ကျောင်း

——————

“ကျောင်း” ဆိုသည်မှာ “အတတ်ပညာသင်ယူရာဌာန” ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုသည်။

အင်္ဂလိပ်ဝေါဟာရ School သည် ဂရိဘာသာစကား (scholē) မှ ဆင်းသက်လာသည်။ မူလအဓိပ္ပာယ်မှာ အားလပ်ချိန်တွင် နားနားနေနေဖြင့် အေးအေးလူလူ နေနိုင်သည့်နေရာဟု ဆိုလိုသည်။ သို့သော် နောက်ပိုင်းတွင် လူများကိုစုဝေးစေပြီး ဟောပြောသင်ကြားပို့ချရာ နေရာကို ကျောင်းဟူ၍ သတ်မှတ်လာကြသည်။

ဘဝနှင့် ကျောင်းမတူပါ

ကျောင်းဆိုသည်မှာ သင်ခန်းစာတွေ ပေးပြီးနောက် စစ်ဆေးခြင်းဖြင့် အဆုံး သတ်သည်။

ဘဝဆိုသည်မှာ စစ်ဆေးခြင်းတွေ ခံရပြီးမှ သင်ခန်းစာတွေရလာတတ်သည်။

ကလေးဆိုသည်မှာ အရာရာကို စူးစမ်းလေ့လာတတ်သည်။ လက်တွေ့စမ်းသပ်ချင်ကြသည်။ ကျောင်း ဆိုသည်မှာ ကလေးများ၏ စူးစမ်းလေ့လာလိုစိတ်နှင့် စမ်းသပ်ချင်စိတ်များကို အထောက်အကူပြုပေးနိုင်သည့် နေရာများဖြစ်သင့်သည်။

ကျောင်းကထွက်လာပြီး ဘာမျှမတတ်ဟုဆိုလျှင် ကျောင်းဖွင့်ကာ ဟန်ကြီးပန်ကြီးဖြင့် ဆရာလုပ်နေသူတွေမှာ တာဝန်ရှိသည်။ အတတ်ပညာ ကိုယ်စီပါမလာနိုင်သည့် ပညာရေးသည် သင်ကာပေးနေလည်း အစဉ်သာဝေး နေဦးမည်ဖြစ်သည်။

ကျောင်းဆိုသည်မှာ ကလေးများ၏ခေါင်းထဲကို စာတွေထိုးသိပ်ထည့်ပေးရသည့် နေရာမဟုတ်။ စာတွေကို အလွတ်ကျက်ကာ ပြန်ရေးပြနိုင်လျှင် လူတော်ဟု သတ်မှတ်ပေးရန် နေရာမဟုတ်။ ကလေးတိုင်း ကိုယ်စီ အရည်အသွေးတွေရှိကြသည်။ ကိုယ်ပိုင်ဉာဏ်ရည်တွေရှိကြသည်။

ကျောင်းဆိုသည်မှာ ကလေးများကို အကြောက်တရားကင်းစေပြီး၊ ပျော်ရွှင်စွာဖြင့် သူတို့ဝါသနာပါသော ပညာရပ်များကို လေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသည့် နေရာတစ်နေရာသာဖြစ်သင့်သည်။

ဟိုးရှေးရှေးတုန်းကဖြစ်သည်

တိရစ္ဆာန်များသည် “လောကသစ်ကြီးတစ်ခု” တစ်ဆောက်ရန်အတွက် သမိုင်းဝင်လုပ်ရပ်ကြီး တစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ကျောင်းတစ်ကျောင်းဖွင့်ရန် စီစဉ်ခဲ့ကြသည်။

ကျောင်းဖွင့်ရာတွင် ကျောင်း၌သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲကြသည်။ တိရစ္ဆာန်ကျောင်းတွင် ဘာတွေကို သင်မည်ဆိုခြင်းကို ထုတ်ပြန်ကြရာ သင်ရိုးများအဖြစ် အောက်ပါအတိုင်း သတ်မှတ်ကြသည်။

“အပြေး၊ သစ်ပင်တက်၊ ရေကူး၊ ပျံသန်းခြင်း”

လက်ရှိအနေအထားအရ အထက်ပါ ဘာသာရပ်လေးမျိုးကို ထူးချွန်ပေါက်မြောက်အောင် သင်ကြားပေးမည် ဟူ၍လည်း ထုတ်ပြန်ခဲ့ကြသည်။ တိရစ္ဆာန်ကျောင်းသို့ လာတတ်သူတိုင်းမှာ ထိုပညာလေးရပ်ကို မသင်မနေရ သင်ကြားရမည် ဖြစ်ကြောင်း ကြေညာထားသည်။

ကျောင်းဖွင့်ပြီ

ဘဲသည် ရေကူးတွင် ထူးချွန်သည်။ သူ့ကို သင်ပေးသည့်ဆရာထက်ပင် ရေကူးကျွမ်းကျင်သည်။ သို့သော် အမြင့်ပျံနှင့် အပြေးတွင် ဘဲသည် အောင်မှတ်လောက်သာရသည်။ အပြေးမသန်သဖြင့် ကျောင်းလွှတ် သော်လည်း မပြန်ရသူများ စာရင်းတွင် ဘဲပါသည်။ ကျောင်းလွှတ်လျှင် အပြေးကျူရှင် ထပ်တက်ရဦးမည်ဟူ၏။

မိဘတွေကလည်း ဘဲဘဲလေးကို ထူးချွန်စေချင်သဖြင့် ကျူရှင်ပို့ရာ အပြေးလေ့ကျင့်ရလွန်းသောကြောင့် ဘဲဘဲလေး၏ ခြေထောက်ရေယက်များသည် စုတ်ပြတ်ကုန်သည်။ ထို့ကြောင့် ရေကူးသင်ခန်းစာတွင်လည်း ခြေထောက်ယက်အားမရှိတော့သဖြင့် ကျပြန်သည်။ နှစ်ဆုံးအတန်းတင်စာမေးပွဲတွင် ဘဲဘဲလေးသည် သာမန် အဆင့်ဖြင့်သာအောင်၏။

ယုန်သည် အတန်းထဲတွင် အပြေးချန်ပီယံဖြစ်သည်။ သို့သော် ယုန်ကို ရေကူးသင်တန်း တက်ခိုင်းလိုက်ရာ ယုန်သည် သွေးပျက်သွားရုံမက ရူးကြောင်ကြောင် ဖြစ်သွားသည်။

ရှဉ့်သည် သစ်ပင်တက်တွင် ထူးချွန်သောကလေးဖြစ်သည်။ ထူးချွန်လွန်းသဖြင့် ဆရာက သစ်ပင်ပေါ် ရောက်သည့် အခါတွင် တစ်ပင်မှတစ်ပင်ကို ပျံပြီးကူးခိုင်းခြင်း၊ ဇောက်ထိုးဆင်းခိုင်းခြင်းတို့အား မတန်တဆ အစွမ်းပြခိုင်းသဖြင့် ကိုယ်လက်တွေနာကာ စာမေးပွဲစစ်သည့်အခါ သစ်ပင်တက်တွင် C အဆင့်၊ အပြေးတွင် D အဆင့်သာရတော့သည်။

လင်းယုန်ငှက်လေးကတော့ အတန်းထဲတွင် ပြဿနာကောင်ဖြစ်သည်။ သူကဘယ်တော့မှ စည်းကမ်း စည်းမျဉ်းတွေကို မလိုက်နာ။ သစ်ပင်တက် သင်ခန်းစာကို သင်ကြားရာတွင် လင်းယုန်ငှက်လေးသည် အတန်းထဲတွင် ပထမဖြစ်သည်။ သို့သော် ဆရာက သူ့ကို ကန့်သတ်လိုက်သည်။ သစ်ပင်တက်ရာတွင် တောင်ပံတွေနှင့် ပျံပြီး မတက်ရ။ အခြားတိရစ္ဆာန်တွေလို ခြေနှစ်ဖက်ဖြင့် ကုတ်တက်ရမည်ဆိုလိုက်သဖြင့် စာမေးပွဲကျတော့သည်။

နှစ်ဆုံး အတန်းတင်စာမေးပွဲတွင် ငါးရှဉ့်သည် ရေကူးတွင် အောင်သော်လည်း အပြေး၊ အမြင့်ပျံနှင့် သစ်ပင်တက် တို့ကို မဖြေနိုင်သဖြင့် ကျောင်းထွက်ရတော့သည်။

ခွေးတွေက တိရစ္ဆာန်ကျောင်းတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းတွင် မြေတူးခြင်းနှင့် အနံ့ခံခြင်း သင်ခန်းစာများ မပါသောကြောင့် ထိုကျောင်းမတက်။ ခွေးတွေက သူတို့ သားသမီးတွေ ပညာသင်ကြား နိုင်ရေးအတွက် ခွေးတူဝက်တူကို ဦးစီးခိုင်းပြီး ဝက်နှင့် ပူးတို့ကို ဆရာတင်ကာ ကျောင်းတစ်ကျောင်းကို သီးခြားဖွင့်ကြသည်။

(George H. Reavis ၏ The Animal School ကို မြန်မာမှုပြုပါသည်)

တင်ညွန့်

၃၁.၅.၂၀၂၂

ခေါင်းဆောင်လုပ်နေသူတွေ up to the task အဆင်သင့်ဖြစ်ပါရဲ့လား

U Aung Tin

ခေါင်းဆောင်လုပ်နေသူတွေ up to the task အဆင်သင့်ဖြစ်ပါရဲ့လား။

စု လွှတ် တွေ့ အမြင်လောက်နဲ့ မလုံလောက်ပါဘူး။

Thet Swe Win 

ငါတို့ရဲ့တော်လှန်ရေးဟာ မင်းအောင်လှိုင်ဖြုတ်ချဖို့တစ်ခုထဲမဟုတ်ဘူး။ အစုအဖွဲ့တစ်ခု အာဏာရဖို့မဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ယုံနဲ့လည်း တော်လှန်ရေးမအောင်ဘူး။ လူ့အဖွဲ့အစည်းဟောင်းမှာ ရှိနေခဲ့တဲ့ ဝါဒမှိုင်းတွေ၊ အတွေးအခေါ်အမှိုက်တွေကိုပါ တပါထဲတော်လှန်ပြီး အတွေးအခေါ်သစ် အမျှော်အမြင်အသစ်တွေကို တည်ဆောက်မယ့် ဥာဏ်ပညာတော်လှန်ရေးလည်းဖြစ်တယ်။ ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာမပါတဲ့ တော်လှန်ရေးဟာ ခေတ်တစ်ခုကိုပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။

ငါနဲ့မတူငါ့ရန်သူဆိုပြီး တံဆိပ်ကပ်ခဲ့တဲ့လူအုပ်စုကြီးကြောင့် ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရ မှီခိုစရာ နိုင်ငံမဲ့ခဲ့ရတယ်။ လူယုတ်မာ ဗမာစစ်တပ်ကို တော်လှန်တဲ့ လူမျိုးစုတော်လှန်ရေးသမားတွေကို အကြမ်းဖက်သူပုန်တွေလို့လှောင်ပြောင်ဆဲဆိုခဲ့ကြတယ်။ ခေါင်းဆောင်ဆိုသူများကိုကလည်း လူထုကို အတွေးအခေါိပိုင်းဆိုင်ရာ ဦးဆောင်မှုမပေးခဲ့ပဲ လူထုနောက်ကနေ အသာမျှောလိုက်တဲ့ ရေပေါ်ဆီ ပေါ်ပြူလစ်တွေ ဖြစ်ခဲ့ကြတယ်။

အခုငါတို့ရဲ့ နွေဦးတော်လှန်ရေးဟာလည်း အတွေးအခေါ်ပိုင်းအရ ဦးဆောင်မှု လောက်လောက်လားလား မတွေ့ဘူး။ ဖက်ဆစ်တွေကိုနိုင်ရင် တော်လှန်ရေးက ပြီးပြီလား၊ ဖေဖော်ဝါရီတစ်ရက်နေ့မတိုင်ခင် အခြေအနေကိုပြန်ရောက်ရင်ရော တော်လှန်ရေးက ပြီးမှာလား။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဆောက်နိုင်ရင်ရော ပြီးမှာလား။ တော်လှန်ရေးရဲ့ ပန်းတိုင်ကမရှင်းဘူး။

ဘုံရန်သူကိုအရင်တိုက်ဆိုတဲ့ အတွေးအခေါ်ကရော တော်လှန်ရေးအတွက် မှန်ရဲ့လား။ ဒါဆို ဘုံရန်သူကိုအရင်တိုက်ပြီးရင် အချင်းချင်းပြန်တိုက်ရမှာလား။ တော်လှန်ရေးရဲ့ echo chamber ထဲလည်နေရင်းနဲ့ နေသားကျလာနေကြတာ။

ဦးနှောက်ရော နှလုံးသားပါကြီးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ နှစ်ပေါင်းများစွာ လေ့ကျင့်သွားရဦးမယ်။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ စံနှုန်းတန်ဖိုးတွေနဲ့ပတ်သက်ရင် အခါခါကျရှုံးခဲ့တယ်။ ဒီတော်လှန်ရေးအပြီး ပေါ်လာမယ့်လူ့အဖွဲ့အစည်းသစ်အတွက် လိုအပ်တဲ့ တန်ဖိုးစဲနှုန်းတွေကို အခုကတည်းက စပျိုးရမယ်။ တော်လှန်ရေးဦးဆောင်သူများနဲ့ လူထုအပေါ် ဩဇာရှိသူများက လက်ရှိကာလမှာ ဒါတွေကိုပါ တပါထဲတည်ဆောက်သွားရမယ်။

Military Generals keep on looting Myanmars

Htet Oo Hlaing🪔သုတ,ရသ,စာပေအလင်းရောင်🪔

၁၉၆၂ မှာ အာဏာသိမ်း တယ်။

၁၉၆၄ မှာ လက်လီရောင်းတဲ့ ဆိုင်ကြီး ကအစ, ပြည်သူပိုင်သိမ်းတယ်။ အသိမ်းခံရတဲ့ထဲမှာ တိုင်းရင်းသား

ဗမာစစ်စစ်တွေလည်း အများကြီး။ တချို့တွေ ရူးသွားကြတယ်။

တချို့ ဘဝပျက်သွားကြတယ်။

လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးစံနစ်ကြီး ပျက်စီး

သွားလိုက်တာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီးတော့ ရာဘာဖိနပ် က စ, ယိုးဒယားကိုအားကိုးရတဲ့ နိုင်ငံကြီး ဖြစ်သွားတယ်။

မြန်မာ့ ဆိုရှယ်လစ် စီးပွားရေး လမ်းစဉ်ဟာ မြန်မာနိုင်ငံကို

အကျိုးမပြုပေမဲ့ ထိုင်းနိုင်ငံ စီးပွားရေး ထောင်တက် လာအောင်တော့ အကြီးအကျယ် အထောက် အကူ

ဖြစ်စေခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းတယ်၊

ငွေစက္ကူ ကိုသိမ်းတယ်၊

အဲ့လို အလုပ်မှာ ပျော်မွေ့သူတွေဟာ

မြေကိုသိမ်းပြီး သူဌေးဖြစ်ကြံတဲ့

စရိုက် ထွန်းကား လာပြန်ပါတယ် …

မြေသိမ်း ဘီလူးတွေ ပြန်မလာ အောင် အားလုံးမှာ တာဝန်ရှိတယ် ….

မှတ်ချက်။ ။

အဲ့သည်တုန်းက ကျုပ်က ၄တန်းပဲ

ရှိသေး။

ကျုပ်တို့ တောမြို့လေးမှာတောင်

ဦးကျင်စိန် ပိုင်တဲ့ တခုတည်းသော

ရှပ်ဆိုင်လေးကို ပြည်သူပိုင်

အသိမ်းခံ ရတယ်။

အဲ့သည် ဆိုင်လေးဟာ

ရန်ကုန်က ဆိုင်တွေနဲ့ စာရင်

ပမွှား အဆင့်ပါ။

ရန်ကုန်မြို့မှာ ကိုယ်တိုင် ကြုံခဲ့ရသူ သတင်းစာ ဆရာကြီး

#ကြေးမုံဦးသောင်း ရဲ့ စာကို

ပြန်လည်မျှဝေလိုက်ပါတယ်။

ပြည်သူပိုင် သိမ်းပွဲကြီး”

( #ကြေးမုံဦးသောင်း )

🔹 မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် မှာ

စက်မှုလက်မှု စီးပွားရေး လုပ်ငန်းများကို တည်ထောင်သည် မဟုတ်ဘဲ

တည်ရှိပြီး အရပ်သားပိုင် လုပ်ငန်းများကို သိမ်းယူသော စနစ် ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်နဝါရီလတွင်

ဘီအိုစီ ရေနံကုမ္ပဏီ နှင့်

အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး

မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို

ဖွဲ့စည်းလိုက်သည်။

ဖေဖော်ဝါရီလထဲတွင်

ဘဏ်တိုက် ( ၃၁ ) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ စတင်သိမ်းတော့သည်။

အင်္ဂလို – ဘားမား

သတ္တုတွင်း ကုမ္ပဏီ နှင့် ပုလဲလုပ်ငန်း တို့ ပါသွား ကြသည်။

စစ်တပ်မှ စစ်ဗိုလ်ကြီးများ

လုပ်ကိုင်နေကြသည့်

တပ်မတော် သက်သာချောင်ချိရေး

တဖြစ်လဲ မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့်

စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI) တို့ကိုလည်း သိမ်းလေသည်။

စီးကရက် ကုမ္ပဏီများ ၊

သတ္တုတွင်း လုပ်ငန်းများ၊

ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း ( ၈၁၄ ) ကျောင်း၊

သာသနာပြု ဆေးရုံ (၉) ရုံ၊

ရုပ်ရှင်ရုံ ( ၁၈၂ ) ရုံ စသည်ဖြင့်

အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။

အကြီးဆုံး ပြည်သူပိုင် သိမ်းပွဲကြီးကို

ရန်ကုန်မြို့ နှင့် တကွ နယ်များတွင် ပါ ၁၉၆၄ ခု ၊ ဧပြီလ (၉) ရက်နေ့ တွင် ကျင်းပသည်။

အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်သည်။

ထောင်သောင်းချီသော ပါတီ မိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ် စစ်သားများကို သန်းခေါင်ယံတွင်

အောင်ဆန်း အားကစားကွင်းကြီး၌

စုထားသည်။

မိုးမလင်းမီတွင် လူစုခွဲကြပြီး

ရန်ကုန်မြို့အနှံ့ အပြား သွားရောက်ကာ ပွဲရုံများ ၊ လက်လီ လက်ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေး လုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။

ပြည်သူပိုင်သိမ်းရာတွင်

လုပ်ငန်း ကြီးပါ က

ဗိုလ်မှူးက ကွပ်ကဲသည်။

အလတ်စား လုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စား လုပ်ငန်းကို တပ်ကြပ်ကြီး တို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင် စစ်သားများက

စောင့်ကြပ် ပေးရသည်။

ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး

အရောင်းအ၀ယ် လုပ်ငန်းကို

ဆက်လက် လုပ်ကိုင်ကြသည်။

ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့ အဖို့ နံနက်စောစော

ဆိုင်ဖွင့်ရန် သွားကြသော အခါတွင်

မိမိတို့ ဆိုင်ရှေ့များတွင်

စစ်အရာရှိနှင့် ပါတီမိတ်ဆွေ ဆိုသူများကို တွေ့ကြရသည်။

ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး

လုပ်ငန်းကို သိမ်းယူသောအခါတွင်

ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များနှင့် ကားသော့များ ဖြစ်၏။

ထိုနေ့ နံနက်က စတင်ပြီး ထိုဆိုင်၊

ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

တင်မောင်က နေ့စဉ် နေ့တိုင်း သမီးများကို ကျောင်းပို့၊ ကျောင်းကြို

တာ၀န် ယူထားရသည်။

ပြည်သူပိုင် မသိမ်းမီက ကားပြာလေး

တစီးနှင့် ကျောင်းလာလေ့ရှိသော မောင်နှမသုံးယောက်တို့ ခြေလျင်

လာကြတာကို မြင်ရပြီး

ခါတိုင်း ခြေလျင် ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာသည်ကို

မြင်တွေ့ ရသည်။

ကားအထဲမှ ကလေးက အမူအရာ

မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့်

တူသော ကားမောင်းလာသူ

အမျိုးသမီးကို ခေါင်းတမော့မော့

ရှိလှသည်ကို မြင်ရသည်။

ဆိုရှယ်လစ် သင်္ခါရတရားကို

ရှုမိ ပါတော့၏။

ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကား မအပ်သူများကို

ကြီးလေးသော အပြစ်ကို

ပေးလေ့ရှိသည်။

အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ ` မြန်မာပြည်မှ နေ့များ ´ ၀တ္ထု မှာ ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။

စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာသိမ်းစဉ်က ပိုင်ရှင်အဖိုးကြီးတွင်

ကားပျက်ကြီးတစီး ရှိပါလျက်

ကားမအပ်သော အမှုအတွက်

ထောင် (၄) နှစ် အပြစ်ပေးခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂) နှစ်

ရှိရှာပါပြီ။

ပြည်သူပိုင် သိမ်းပွဲအပြီး၌

ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံ သွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်း ကောင်း၀ယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု

ညည်းလေ သောကြောင့်

`ဝိပါက၀ဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်၀င် လာသည်။

ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့် သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏ မျက်နှာက ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့် မည်သို့မျှ ၀င်မပြောဘဲ

ကြည့်နေမိ၏။

`လာပါ ဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက ဖိတ်သည်ကို မထိုင်ဘဲ

ဆူဆူပူပူ စကားပြောလေတော့သည်။

`တနေ့က ဆိုင်ကို ပြည်သူပိုင်သိမ်းတုန်းက ခင်ဗျားအပ်တဲ့ ကားမှာ

အပိုဘီး မပါဘူး။

ခင်ဗျား ထိန်ချန်ထားခဲ့တယ်။

အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´

ဟု ဒေါသနှင့် ပြောသည်။

မိတ်ဆွေက …

`ကားမှာ အပိုဘီး ပါ ပါတယ်ဗျာ။

ဘီးငါးဘီး အပ်ခဲ့ပါတယ်။

ဒီကားမျိုးက အပိုဘီးကို နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖရိန်အောက်မှာ

ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြရှာသည်။

`ကားကို သိမ်းတုန်းက ဘာလို့

မရှင်းပြတာလဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ

လုယူထားသည့် ကားကို ကိုယ်ရေးကိုယ်တာ ကိစ္စများ အတွက် သုံးကြသည်ကို မြင်ရသည်။

ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင်များကို သိမ်းရန် တာ၀န်ကျသူ စစ်ဗိုလ်များ သည် ချက်ချင်း ချမ်းသာကြတော့သည်။

ကားများ၊ ကုန်များကိုသာမက

ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်တို့တွင်ပါ လက်လီ လက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို သိမ်းပြီးသည့် နောက်တွင်

အမျိုးတူ ကုန်များ ပူးပေါင်း

ရောင်းချ မည်ဟု မူချမှတ်ကာ

ကုန်များကို ဆိုင်ကြီးများ ရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌

ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက် မြေညီထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင်

အိန္ဒိယသို့ အပြီး ပြန်သွားသူ

ကုလားများ၏ အိမ်ခန်းတွေပါ

အစုစု အိမ်ခန်း တသိန်းခန့်ကို

စစ်ဗိုလ် မြူနီစီပါယ် (စည်ပင်) မင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်များနှင့် ပါတီ၀င် လက်နက်ချ ကွန်မြူနစ်များ

ကို နေရာ ချပေးလေသည်။

အားလုံးလိုလိုပင်

ပြန်ရောင်းစားကြသည်။

အချို့ စစ်ဗိုလ်များက အိမ်ခန်းရော

ဆိုင်ခန်းပါ လေး ငါးလုံး ရယူပြီး

တဆင့် ရောင်းစားသည်။

တရုတ်၊ ကုလား စီးပွားရေးစျေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့်

ဆိုင်များကို သိမ်းခဲ့စေကာမူ

စစ်ဗိုလ်များက ပြန်လည် ရောင်းစား

ကြသောကြောင့် တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွား

ပြန်ပေသည်။

ဘဏ်တိုက်များ၊ ဆိုင်များ၊

လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။

အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်း မှန်သမျှကို လျော်ကြေး မပေးတော့ပေ။ သို့သော် ဘီအိုစီနှင့် နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ

နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်။

ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦး ပိုင်သည့် မန္တလေး မီးခြစ်စက်ကို လည်း နိုင်ငံခြားငွေနှင့် လျော်ကြေး ပေးသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင်

ကိုးလတာမျှ ဥရောပနိုင်ငံများသို့ သွားရောက် ဇိမ်ခံလေ့ရှိသဖြင့်

သူသွားသော နိုင်ငံများတွင်

မျက်နှာမငယ်စေရန် နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု ဘဏ္ဍာရေး၀န်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး နေ၀င်းက

နိုင်ငံခြားသားများကို ကြောက်တတ်

သည့် သူရဲဘောကြောင်သော စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များသည် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ကောင်းလှပေသည်။

မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော ဘဏ်တိုက်များကိုပင် လျော်ကြေး မပေးစေကာမူ

ဗိုလ်ချုပ်နေ၀င်း ကတော်

ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေး ပေးသည်။

ဒေါ်ခင်မေသန်း အမျိုးပိုင်

အထပ်သားစက် လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုး အားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့ သွားရောက် နေထိုင်နိုင်ရန်

နိုင်ငံကူး လက်မှတ်ပါ ထုတ်ပေးသည်။

မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည့် ဂယက်အဖြစ် ကုန်စည်များ ရှားပါးလာသည်ကို

တနိုင်ငံလုံး ရင်ဆိုင်ကြရသည်။

ရှားပါးသဖြင့် ကုန်ဈေးနှုန်းများ

တက်နေချိန်

( ၁၉၆၄ ) ခု၊ မတ်လ (၁၇) ရက်နေ့ တွင် အစိုးရက ထုတ်ဝေ သုံးစွဲထားသဖြင့် လူထု၏ လက်ထဲတွင် လှည့်လည်

သုံးစွဲနေသော

ကျပ် (၁၀၀) တန်နှင့် (၅၀) တန်

ငွေစက္ကူများကို တရားမ၀င်ဟု

ကြေညာလိုက်ပြန် သဖြင့်

လူထုကြီး တရပ်လုံး နေ့ခြင်း ညခြင်း

မွဲသွားရှာလေတော့ သည်။

လှည့်လည်နေသော

ငွေ၏ (၂၂) ရာခိုင်နှုန်းကို

သုံးစွဲခွင့် ပယ်ဖျက်သောကြောင့်

အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း

အမြတ်ရသွားသည်။

လူထုမှာ ကျပ် (၉၁၅.၈) သန်း

မွဲသွားရသည်။

လူထု မည်သို့ ခံရစေကာမူ

အစိုးရက နည်းနည်းမှ လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ် ထုတ်ကာ ချုပ်ကိုင်ပြန်သည်။

ကုန်စည် အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ

အစိုးရက သာ ရောင်း၀ယ်ခွင့်

ရှိတော့သည်။ ဖွဲနု၊ ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်း၀ယ်ခွင့်

ရှိတော့သည်။

ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များက

လုယက်သည့် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများ ကျဆင်း ပျက်ပြား သွားလေတော့သည်။

၁၉၆၄-၆၅ ခုနှစ်က

လယ်ယာကုန် ထုတ်လုပ်မှု တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ

၁၉၆၅ -၆၆ ခုနှစ်မှာ

( ၂၄၁ ) ကုဋေအထိ ကျဆင်းသွားသည်။

အထူးသဖြင့် ဆန် ရှားသွားသည်။

၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင်

စပါးခင်းများ အကြားတွင်ရှိသော

ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်သွားသောကြောင့် လူထုကြီး မျက်ကလဲဆန်ပျာ ဖြစ်ကုန်ကြရသည်။

ရန်ကုန် တမြို့လုံးမှ လူအများသည်

ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊

ဆိုင်များပိတ်သွားသည်။

ထိုအခါ စစ်စုံထောက်များက

တရုတ် အမျိုးသားများကို

လိုက်လံ ရိုက်နှက်ကြပြီး

တရုတ်- ဗမာ အဓိကရုဏ်းကို ဖန်တီးကာ #လူထုကြီး၏သွေးဖြင့်

ဆန် ပြသာနာကို ဖြေရှင်းသည်။

များစွာ ရက်စက် ယုတ်မာ လှသည်။

လူထုကြီးမှာ ကျောကော့ပြီး

ခံခဲ့ ကြရသည်။

Copy.

ဗမာတွေနိုင်ငံမပျောက်ပါ အစိုးရသာပျောက်တာပါ

Twal Har

Favorites  · 6h  · 

ဗမာတွေနိုင်ငံမပျောက်ပါ အစိုးရသာပျောက်တာပါ

လောကဇာတ်ခုံပေါ်က ပြကွက်တွေဟာ အင်မတန်ဆန်းကြယ်တယ်။ နိုင်ငံသားမဟုတ်ဘူးလို့ လူမျိုးစုတစ်စုကို ငြင်းပယ်ခဲ့ကြတဲ့ လူမျိုးစုတွေဟာ အခုအခါ သူတို့ကိုယ်တိုင် နိုင်ငံမဲ့နေရကြောင်း ဇာတ်လမ်းတွေ ရိုက်ကူးနေရတယ်။ တချိန်က သူတို့ကလော်ဆဲခဲ့ပြီး ၀င်မစွက်ဖက်နဲ့လို့ ဆန့်ကျင်ခဲ့ကြတဲ့နိုင်ငံတွေဆီက အကူအညီနဲ့ အသိအမှတ်ပြုတာတွေ လိုချင်ကြတယ်။ မရတော့ စိတ်ဆိုး စိတ်မကောင်းဖြစ်ကြတယ်။ မင်းတို့စစ်အုပ်စုနဲ့ပဲတန်တယ် ၀ရသနဲ့ပဲတန်တယ်လို့ နာမ်နှိမ်ခဲ့ကြသူတွေဟာ စစ်ဖိနပ်အောက်မှာ ပြားနေအောင် နင်းခံရတာကို သူတို့ကိုယ်တိုင် ပြန်တော်လှန်နေရတယ်။ ဒါတွေက လူသားတိုင်းအတွက် သံဝေဂယူစရာပါ။ ၀မ်းသာစရာမဟုတ်လို့ ၀မ်းလည်းမသာပါဘူး။ အားလုံးခံစားနေကြရတာပဲ။

ပြောစရာတွေရှိတာက ကိုယ်ခံစားရမှ ကိုယ်နာပြတာဟာ လူ့သဘာ၀ဆိုပေမယ့် တချို့တွေကတော့ သူတပါးခံစားခဲ့ရတာတွေကို အသိအမှတ်တောင်မပြုချင်သေးဘူး။ တော်လှန်ရေးဟာ ခရီးရှည် ခရီးကြမ်းကြီးပါ။ ခများတို့ နိုင်ငံပျောက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဗမာလူမျိုးတွေမှာ နိုင်ငံလည်းရှိတယ် လူမျိုးလည်းရှိတယ် identity လည်းရှိတယ်။ ဒါက အာဏာသိမ်းအုပ်စုနဲ့ တော်လှန်ရေးအုပ်စု (ဗမာကိုရည်ညွှန်းသည်) နဲ့ ဘုံတူညီချက်ပဲ။ မတူတာက အစိုးရပဲ။ နိုင်ငံရေးအတွေးအခေါ်တောင် တူကြတာအများစုပါ။ နောက်ဆုံးအဝေမတည့်မှသာ အာဏာသိမ်းတာဖြစ်လာတာပါ။

ခများတို့ဟာ နိုင်ငံပျောက်သူတွေမဟုတ်။ အစိုးရပျောက်သူတွေပါ။ ရိုဟင်ဂျာတွေက နိုင်ငံလည်းပျောက် identity လည်း အသိအမှတ်မပြု၊ နောက်ဆုံးဖြစ်တည်မှုကိုတောင် လက်မခံ၊ လူမျိုးနာမည်ကိုတောင် ခများတို့ လက်မခံခဲ့ကြဘူး။ အဲဒီတော့ နိုင်ငံပျောက်သူဆိုတဲ့ ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုလေးထွက်လာတဲ့အခါ ရိုဟင်ဂျာနဲ့အတူ အာဏာမသိမ်းခင်ကတည်းက အဆက်ဆက်ဖိနှိပ်ခံလာရသူတွေ၊ ဒီမြေမှာမွေး ဒီမြေမှာကြီးပေမယ့် နိုင်ငံသားအဖြစ် အပြည့်အ၀အသိအမှတ်အပြုမခံရသူတွေသာ ထ,လောင်ကြမှာပဲ။ အဲဒါကိုမှ သူတော်ကောင်းလေသံလိုလို တော်လှန်ရေးကိုပဲ ဖျက်လိုဖျက်ဆီးလုပ်သလိုလို လေသံတွေနဲ့ ရေးလာကြတာတွေ့ရလို့ ဒီစာကို ရေးတာ။ တော်လှန်ရေးအောင်မြင်ချင်ရင် ခများတို့ရဲ့ အောက်တန်းစားအတွေးအခေါ်နဲ့ လူမျိုးကြီးဝါဒ လူမျိုးခွဲခြားတဲ့စိတ်တို့ကို အရင်ဆုံးဖျောက်ဖို့ကြိုးစားပါ။

နို့မို့ဆိုရင်တော့ ခများတို့နဲ့ စစ်အုပ်စုဟာ အစိုးရလုဖော်လုဖက်ပါပဲ။ အဲဒါအပြင် ဘာကွာခြားမှုမှမရှိဘူးလို့သာ ပြောပါရစေ။

(စတီဗင်)

31/05/2022

အိမ်လွမ်းတာ တခါတလေ ရှိခဲ့ပေမယ့် အိမ်မပြန်ချင်သူလို့ ပြောရင်လည်းရမယ်

Me2. Now 36 yrs already. My 5 bros, 1 sis married. Father, Grandma, Mother and numerous relatives and friends passed away. Our university’s Jubilee, our classmates’ 50 yrs Jubilee, LYC 50 yrs Jubilee (even EMG boss Dr Than Tut Aung offered air tickets for me). I missed all. Never even go back once.

Kaung Kin Ko

ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို အိမ်လို့ တင်စားမယ်ဆိုရင် ကျွန်တော်က အိမ်နဲ့ဝေးတဲ့နှစ် (နှစ်ကြိမ်ပေါင်းလိုက်ရင်) ၁၄နှစ် နီးပါးလောက် ရှိရောပေါ့။ ထိုင်းမှာ တက္ကသိုလ် စလာတက်ခဲ့တဲ့ ၂၀၀၇ မေလက စပြီး။

အိမ်လွမ်းတာ တခါတလေ ရှိခဲ့ပေမယ့် အိမ်မပြန်ချင်သူလို့ ပြောရင်လည်းရမယ်။ ကိုယ့်အတွက် ဘေးမသီ ရန်မခ အိမ်ပြန်လို့ရမယ့် ၂၀၁၂ နောက်ပိုင်းမှာတောင် အိမ်ကိုမပြန်ချင်ဘဲ ထိုင်းမှာပဲ နေခဲ့သူ။ အိမ်မပြန်ချင်ရတဲ့ အကြောင်းကတော့ အဲဒီ၂၀၁၂-၁၃-၁၄ ဝန်းကျင်ကာလဟာ မြန်မာနိုင်ငံမှာ လူမျိုးရေး ခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု အထွတ်အထိပ် အရောက်ဆုံးကာလ။ ကိုယ်ကကျ (တချို့လူတွေ အခေါ်အဝေါ် အရဆို) မဆိုစလောက် သွေးနှောနေတာမို့၊ သူတို့အခေါ်အရဆို မျိုးမစစ်မို့ အိမ်ဆိုတဲ့နေရာမှာလည်း အဲလိုကာလမှာ စိတ်အနှောင့်အယှက် ဖြစ်ရမယ့်သူ။ မှတ်ပုံတင်လုပ်ရ တအားခက်သူ။ မြန်မာမှာဆို class အရ ခွဲခြားခံရမှာ မဟုတ်ပေမယ့် လူမျိုးအရတော့ နည်းနည်းဖြစ်ဖြစ် ခွဲခြားခံရမယ့်သူ။ ပိုဆိုးတာက လူအချင်းချင်းကြားမှာ ခွဲခြားတာကို အချင်းချင်း အတိုင်းအတာတစ်ခုအထိ သည်းခံလို့ရပေမယ့် အစိုးရဆိုတာတွေကပါ မှတ်ပုံတင်တွေ ရစ်တာမျိုး။ ဒါတောင် အစဥ◌်အဆက်နေလာပြီး မဆိုစလောက်လေး သွေးနှောတဲ့သူနော်၊ ဗုဒ္ဓဘာသာလို့ ဖြည့်ထားသူနော်။

ဒါပေမဲ့ ၂၀၀၇ မှာ asylum ခံလို့ရမယ့် အရေးကို သိသိကြီးလက်လွှတ်ခဲ့တယ်။ ဒါပေမယ့် အိမ်ကိုတော့ မပြန်ဖြစ်ခဲ့။ ပြန်ရဖို့အရေး ၂၀၁၈လောက်ထိ ဝန်လေးခဲ့တယ်။ အိမ်ကို မလွမ်းဘူး မဟုတ်၊ လွမ်းတယ်။ တကယ်တမ်း ဆန်းစစ်ကြည့်ရင် အိမ်လွမ်းတယ်ဆိုတာက ကိုယ်ဘော်ဒါတွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ၊ ကိုယ့်မိဘတွေ၊ ကိုယ်နဲ့ကိုက်တဲ့ အစားအသောက်တွေကို လွမ်းတာမျိုးက အဓိက။ တခြားနိုင်ငံမှာကျ အဲဒါမျိုး အဆင်မပြေတော့ ကိုယ့်နိုင်ငံကိုယ် လွမ်းတာပေါ့။ ဒါပေမဲ့ တစ်ဘက်မှာကျ မြန်မာနိုင်ငံမှာကျ အဆိုးကျော့သံသရာ ဆိုတဲ့အထဲမှာ လည်နေတာ။ လူမျိုးရေး၊ ဘာသာရေးတင် မဟုတ်ဘူး။ ဘယ်နေရာမှာမှ မျှတမှု သိပ်မရှိဘူး။ အကုန်ဆွမ်းကြီးဝိုင်းလောင်းကြတယ်။ဥပမာ ၂၀၁၂ ဝန်းကျင်က လက်ပံတောင်းမှာ ကိုယ့်မြေကိုယ်သိမ်းခံရတဲ့ လယ်သမားတွေ ဘက်ကဆို ဘယ်သူမှ မရပ်ပေးခဲ့ဘူး။ မရပ်ပေးတဲ့အပြင် အဲဒီ လယ်ပိုင်ရှင်တွေ လယ်သူမတွေကို ဆွမ်းကြီး ဝိုင်းလောင်းကြတာ။ မျှတမှုဆိုတာ အပေါ်ယံကပဲပြောပြီး အီမိုးရှင်းနဲ့အုပ်စုတောင့်တဲ့ဘက်ကနေ ဆွမ်းကြီးလောင်းကြတာမျိုး။ လူမျိုးဘာသာကိစ္စတွေနဲ့ ပတ်သတ်ရင်လည်း မနေချင်ရင်ထွက်သွားဆိုပြီး အဲ့တုန်းက ဩစတြေးလျဝန်ကြီးချုပ် အမျိုးသမီး မပြောခဲ့တဲ့စကားတွေ၊ ပူတင်တောင် တကယ်မပြောခဲ့တဲ့ စကားတွေနဲ့ နှင်ထုတ်တာမျိုး။ အစိုးရတွေကပါ ပတ်စ်ပို့ကိစ္စ၊ မှတ်ပုံတင်ကိစ္စက အစ ညစ်တာတွေကတော့ ပိုဆိုးတာပေါ့နော်။ အဲဒါကျ ဥပဒေကို ဗန်းပြပြီး ကို လုပ်ထားတာ။ မှတ်ပုံတင်က (သူတို့အခေါ်) သွေးမနှောတဲ့ ဗမာအစစ်တွေလည်းခက်တယ် ဆိုပေမဲ့ ခရိုင်ရုံးတွေ၊ ပြည်နယ်ရုံးတွေ အထိ သွားစရာမလိုဘူး။ သွေးမနှောဘူး ဆိုရင်ကျ မှတ်ပုံတင်က လူမျိုးနေရာမှာ ပေါက်တတ်ကရ ဖြည့်စရာလည်း မလိုဘူး။

ဒါပေမဲ့ အဲဒါတွေ ရှိနေပေမယ့်လည်း ၂၀၁၇ လောက်မှာတော့ အိမ်အပြီးပြန်ချင်စိတ်တွေ ပေါက်လာခဲ့ရော။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ၂၀၂၀ မှပဲ အပြီးပြန်လာဖြစ်တယ်။ ရောက်လာတော့လည်း အားလုံးတန်းတူညီမျှတဲ့မြေ မဟုတ်ခဲ့ပေမယ့်လည်း ပျော်ပါတယ်။ အလုပ်ဆိုလည်း ကိုဗစ်ကာလမှာတောင် အဆင်ပြေတယ်။ အာဏာမသိမ်းခင်က ပုံမှန်အလုပ် အပြင် ဖရီးလန့်စ်အလုပ်တွေပါ အများကြီးပဲ။

တော်လှန်ရေးမှာလည်း ကိုယ်ပါဝင်နိုင်တဲ့ အနုနည်းဆို ….. အသက်အရွယ်၄၀ ကျေဆိုာ်ပေမယ့် အသံဗုံးတွေ သုံးခါလောက် ရှောင်ရဖူးတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်ပျော်နေပေမယ့် ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေပါ ဖမ်းခံရတဲ့အချိန်ကျတော့ နှစ်လလောက် အိမ်မှာ ဘယ်တော့များလာဖမ်းမလဲ တထိတ်ထိတ်နဲ့ စောင့်နေ၊ ဝရန်းထုတ်တဲ့ list တွေ ကြည့်ရာကနေ ပြေးလာရတော့တယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လောက်မှာပေါ့။ ကိုယ်ရောက်တာ အခု တစ်နှစ်တိတိပြည့်ခါနီး။ ရောက်စမှာတော့ အိမ်လွမ်းတာပေါ့။ ထိုင်းအထိ ထွက်လာရတာတောင် သိပ် မသတီဘူး။ ရောက်ကာစမှာက အိမ်ကို အသေလွမ်းတာ။ ရုန်းထွက်လာရတာကိုလည်း ကျန်တဲ့သူတွေ အတွက် စိတ်မကောင်း။ လိပ်ပြာလည်း မသန့်ဘူးပေါ့။အဲ့တုန်းက ဒီရောက်စမှာ တတိယနိုင်ငံကို asylum ခံလို့ ရမယ့် ချက်ခြင်းရောက်မယ့် အခွင့်အရေးတွေ အရမ်းလွယ်လွယ် ရှိခဲ့ပေမယ့်လည်း၊ သူငယ်ချင်းအရင်းထဲက သွားကြပေမယ့်လည်း ကျွန်တော်သိသိကြီးနဲ့ လက်လွှတ်ခဲ့တယ်။ ကိုယ့်နိုင်ငံပဲကိုယ်ပြန်မယ်ပေါ့။

ဒါပေမဲ့ သုံးလေးလ ရှိပြီ။ အိမ်ကို လုံးဝ မပြန်ချင်တော့ဘူး။ မြန်မာနိုင်ငံက အဆိုးကြော့ သံသရာမှာလည်နေတာ။ လူတွေကိုအပြစ်တင်ချင်တာတော့ မဟုတ်ဘူး။ စွန့်လွှတ်မှုအပိုင်းမှာ၊ အနစ်နာခံမှုအပိုင်းမှာ လူတချို့တွေ တာဝန်ကျေရင်တောင် ခံယူချက်အပိုင်းမှာကျ (လူမျိုးရေးဘာသာရေး လောက်တင်မဟုတ်ဘဲ) ကိစ္စတော်တော်များများမှာ အဆိုးကြော့ သံသရာထဲ လည်နေတာ။ ခံယူချက်ပိုင်းနဲ့ ပတ်သတ်ပြီး အုတ်တချပ်၊ သဲတပွင့်ဖြစ်နဲ့ ခုထိတောင် လူတအားအမုန်းခံပြီး ရေးခဲ့ပါတယ်။ ခုထိလည်း ေ၇◌းတုန်းါ။ ထိန်းထိန်းသိမ်းသိမ်း ရေးတာတောင်မှ သိပ်အဆင်မပြေပါဘူး။ ဆွမ်းကြီးလောင်းခံရတာပဲ များတာပါ။ အဲဒီတော့ ခုနေအန္တရာယ်ကင်းကင်း ပြန်ခွင့်‌ေးမယ်ဆိုရင်တော်င ငါ မြန်မာနိုင်ငံကို မပြန်ချင်(သေး) ဘူးဆိုတဲ့ စိတ်က ဖြစ်လာတယ်။ ရတဲ့နည်းနဲ့ ပြန်မယ်ဆိုတဲ့လွန်ခဲ့တဲ့ ငါးလလောက်က စိတ်တွေပျောက်သွားတယ်။ ဒါပေမဲ့ ပြန်ဖိုကလည်း အန္တရာယ်က မကင်းပါဘူး။ ကိုယ်လု်ငန်းသဘောအရကို တိုက်ရိုက်အန္တရာယ် အကြီးအကျယ်ရှိတုန်းပဲ။

ခု ဟိုမရောက် ဒီမရောက်နဲ့ ဒုတိယနိုင်ငံမှာ သောင်တင်နေလို့ တခြားနိုင်ငံမှာ ခိုလှုံခွင့်ယူချင်တော့ကျတော့ အခြေအနေတွေက မလွယ်တော့ဘူး။ ဒုက္ခသည်တွေ သိန်းနဲ့သန်းနဲ့လည်း ချီနေပြီရယ်။ ဒီတော့လည်း ဟိုမရောက် ဒီမရောက် အရပ်မှာ နေရတာပေါ့။ ဘယ်နှစ်မှာဘာဖြစ်မယ်မှန်း ကမ်းမမြင် လမ်းမမြင်ပေါ့။ အဲဒီအတွက် ဇာတ်နာပြစရာတော့ မရှိပါဘူး။ ထောင်ထဲကလူတွေ၊ ထောင်ထဲမရောက်တောင် နိုင်ငံထဲမှာ သန်းနဲ့ချီတဲ့သူတွေ ဒုက္ခအမျိုးမျိုးခံစားနေရတဲ့ သူတွေမှ အများကြီးရယ်။ အားနာစရာကြီးရယ်။

ဒီတော့ ရိုးရိုးသားသားပြောရရင် အိမ်ကိုလွမ်းနေတဲ့သူတွေချည်း၊ အိမ်ပြန်ချင်နေတဲ့သူတွေချည်း မဟုတ်ဘူး။ အိမ်ကို မပြန်ချင်တော့ဘူးဆိုသူတွေလည်းရှိတယ်။ ကျွန်တော်ကတော့ ဟန်မဆောင်ချင်ဘူး။ အိမ်ကိုလွမ်းတာမှန်ပေမယ့် အိမ်ပြန်ချင်တယ်လို့ ဟန်မဆောင်ချင်ဘူး။ အိမ်ပြန်ချင်တယ် ပြောသူတိုင်းလည်း ဟန်ဆောင်တာတော့မဟုတ်ဘူး။ တချို့ တကယ်ပြန်ချင်တာ ရှိမယ်။ ကျွန်တော်ကတော့ မပြန်ချင်တာ။ ပြန်လာရရင်လည်း မတတ်သာလို့ သို့မဟုတ်၊ မြန်မာနိုင်ငံ အဆင်ပြေသွားလို့ပေါ့။ ဒါပေမယ့် မဟုတ်မမှန်အချက်တွေဖြည့်ပြီးတော့တော့ ဘယ်ကိုမှ သွားမှာမဟုတ်။ ကိုယ်သွားမယ်ဆိုရင်လည်းညာဖြည့်စရာလည်း မလိုတဲ့ အနေအထား။ တချို့ဟာတွေ လျှော့တောင်ရေးရဦးမယ်။

ခုကတော့ ဘေးအန္တရာယ် ကင်းပေမယ့် အိမ်မှာလည်းမဟုတ်၊ ဘယ်မှာမှလည်း အခြေမကျတဲ့ သောင်ပြင်လွှတ်တဲ့ ဟင်္သာပါ။ ဒါပေမဲ့ဘာမှ မပြောပလောက်တဲ့ ဒုက္ခပါ။

အိမ်လွမ်းတဲ့ ဝေဒနာတွေကိုလည်း နားလည်ပေးလို့ ရပေမယ့် …. ထောင်ထဲက‌နေထွက်မရသူတွေ၊ အိမ်ထဲကနေထွက်ပြေးချင်ပေမယ့် ထွက်ပြေးမရသူတွေရဲ့ ဝေဒနာတွေ၊ ထွက်ပြေးလို့ရတာတောင် ထွက်မပြေးဘဲ ကြိတ်ခံ တော်လှန်နေသူတွေရဲ့ ဝေဒနာတွေ၊ ပြည်တွင်းမှာ အိမ်မီးရှို့ခံရသူတွေရဲ့ ဝေဒနာတွေကပဲ ပိုကြီးတယ်လို့ ထင်ပါတယ်။

အိမ်ကို တကယ်ပြန်ချင်သူတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ ခုလောလောဆယ်ဆို အိမ်မပြန်ချင်(သေး)တဲ့အထဲကမို့ (ဘေးကင်းကင်း ပြန်လာလို့လည်း မရပါဘူး) အိမ်ကို အခု တကယ်ပြန်ချင်သယောင် ဟန်မဆောင်ချင်ဘူး။

ကဗျာဆရာမောင်ဆောင်းခ had a Fuc**ng dream

BPLA – Venture

၂၀၁၅ ခုနှစ်တုန်း ကဗျာဆရာမောင်ဆောင်းခဟာ ကဗျာတစ်ပုဒ်ကြောင့် ထောင်တွင်းအကျဥ်းချခံခဲ့ရပါတယ်။ ထောင်ထဲမှာတုန်းက “I have a fucking dream” ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဲ့ကဗျာရွတ်ထားတဲ့ဖိုင်ကို Experimental musician တစ်ဦးဖြစ်တဲ့ Ko Tser Htoo က Facebook ပေါ်မှာတွေ့ပြီး Musical Poetry တစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်။

ကဗျာနဲ့ပတ်သက်ပြီး Ko Tser Htoo ရဲ့မှတ်ချက်ကိုလည်း ဖော်ပြလိုက်ပါတယ်။ “ကဗျာလေးကို စကြားတဲ့အချိန်ကတည်းက အဲ့ဒီကဗျာလေးကကျွန်တော့်ကို ကြက်သီးမွေးညှင်းထအောင် ဆွဲဆောင်ခဲ့တယ်။ လူငယ်တစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ ရဲရဲရင့်ရင့်အသံကို ကျယ်လောင်စွာကြားလိုက်ရတယ်။ ကျွန်တော် ဒီကဗျာလေးကို ညအိပ်လို့ မျက်လုံးနှစ်လုံးနှစ်လုံးပိတ်တဲ့ အချိန်ထိ နေ့ရက်ပေါင်းများစွာ ပဲ့တင်သံအဖြစ်ကြားနေခဲ့ရတယ်။ ဒါကိုတစ်ခုခုလုပ်မှရတော့ မယ်လို့ခံစားရတာနဲ့ ဒါလေးဖြစ်လာခဲ့တော့တာပဲ။ ဒီအနုပညာလက်ရာကို လက်ခံပြီး ကြိုက်နှစ်သက်တဲ့ အကြောင်းသိရလို့ ကဗျာဆရာမောင်ဆောင်းခကို ကျေးဇူးအထူးတင်တယ်။ ရဲရင့်တဲ့ လူငယ်တစ်ယောက်ရဲ့ လက်ရာကို ထပ်ဆင့်ကွန့်မြူးခွင့်ရခဲ့တာကို ကျေနပ်ပီတိဖြစ်မိပါတယ်။”

ကဲ. . . ကဗျာလေးကို အောက်က Youtube link မှာ သေချာသွားနားထောင်ကြည့်ရအောင်။

၂၀၁၅ ခုနှစ်တုန်း ကဗျာဆရာမောင်ဆောင်းခဟာ ကဗျာတစ်ပုဒ်ကြောင့် ထောင်တွင်းအကျဥ်းချခံခဲ့ရပါတယ်။ ထောင်ထဲမှာတုန်းက “I have a fucking dream” ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဲ့ကဗျာရွတ်ထားတဲ့ဖိုင်ကို Experimental musician တစ်ဦးဖြစ်တဲ့ Ko Tser Htoo က Facebook ပေါ်မှာတွေ့ပြီး Musical Poetry တစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်။

ကဗျာနဲ့ပတ်သက်ပြီး Ko Tser Htoo ရဲ့မှတ်ချက်ကိုလည်း ဖော်ပြလိုက်ပါတယ်။ “ကဗျာလေးကို စကြားတဲ့အချိန်ကတည်းက အဲ့ဒီကဗျာလေးကကျွန်တော့်ကို ကြက်သီးမွေးညှင်းထအောင် ဆွဲဆောင်ခဲ့တယ်။ လူငယ်တစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ ရဲရဲရင့်ရင့်အသံကို ကျယ်လောင်စွာကြားလိုက်ရတယ်။ ကျွန်တော် ဒီကဗျာလေးကို ညအိပ်လို့ မျက်လုံးနှစ်လုံးနှစ်လုံးပိတ်တဲ့ အချိန်ထိ နေ့ရက်ပေါင်းများစွာ ပဲ့တင်သံအဖြစ်ကြားနေခဲ့ရတယ်။ ဒါကိုတစ်ခုခုလုပ်မှရတော့ မယ်လို့ခံစားရတာနဲ့ ဒါလေးဖြစ်လာခဲ့တော့တာပဲ။ ဒီအနုပညာလက်ရာကို လက်ခံပြီး ကြိုက်နှစ်သက်တဲ့ အကြောင်းသိရလို့ ကဗျာဆရာမောင်ဆောင်းခကို ကျေးဇူးအထူးတင်တယ်။ ရဲရင့်တဲ့ လူငယ်တစ်ယောက်ရဲ့ လက်ရာကို ထပ်ဆင့်ကွန့်မြူးခွင့်ရခဲ့တာကို ကျေနပ်ပီတိဖြစ်မိပါတယ်။”

ကဲ. . . ကဗျာလေးကို အောက်က Youtube link မှာ သေချာသွားနားထောင်ကြည့်ရအောင်။

Three Muslim Kings in Pathein ပသီမင်းဆက်နှင့် ပုသိမ်မွတ်ဆလင်များ

ပသီမင်းဆက်နှင့် ပုသိမ်မွတ်ဆလင်များ

အေဒီ 1221 ခုနှစ်တွင် ပုဂံနှင်ခေတ်ပြိုင် ပုသိမ်မြို့ကို ၁၂-နှစ်တိုင်တိုင် ပသီမင်း ၃ ဆက် အုပ်ချုပ်ခဲ့ကြသဖြင့် ပုသိမ်မြို့သည် ပသီမြို့ ဖြစ်ခဲ့ဖူးသည်။ ပသီမင်းဆက်တို့မှာ-
(၁)ပသီမင်း- နန်းစံ ၈နှစ်
(၂)အော်လံတေမင်း- နန်းစံ ၁နှစ်
(၃)အက္ကပတ်မင်း- နန်းစံ ၃နှစ်တို့ဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
ဆရာကြီးဦမာဃက မွန်အခေါ် ဍင်ပသီ (ဍင်=မြို့၊ ပသီ=ပသီလူမျိုး)မှ ပသီဟုခေါ်ရန်တူကြောင်ဖော်ပြထားပြီး ဆရာဦဖိုးကျား၏ ပုသိမ် ရာဇဝင်တွင် မြန်မာကရင်များက ဝေ့ပသီ ၊ တလိုင်းကရင်များက ဝိန့်ပသီ ဟု ခေါ်ဆိုဆဲဖြစ်ကြေင်း ပြဆိုထားသည်။
အထက်ပါအချက်များအရ ပုသိမ်တွင် မွန်မြန်မာမင်းများအပြင် ပသီလူမျိုးများကလည်း မင်းများဖြစ်ခဲ့ခြင်းမှာ ထူးခြားမှုတစ်ရပ်ဖြစ်သည်။ အခြားတိုင်းရင်းသားများကလည်း ပသီလူမျိုး ပသီမင်းဟု အသိမှတ်ပြုခဲ့ကြသည်။
အေဒီ 1414 ခုနှစ်တွင် အင်းဝဘုရင် မင်းခေါင်ကြီ၏ သားတော် မင်းရဲကျော်စွာသည် ပုသိမ်သို့ ချီတက်သိမ်ပိုက်ခဲ့ရာ ပုသိမ်မှ ပုညသူဌေးနှင့် ကုလားပန်းသေးမြို့သားများ ရွှေ၊ငွေ၊ ပုဆိုးကောင်း၊ ကတ္တီပါသက္ကလပ်၊ ပရမတ၊ နိပါးဆက်သခဲ့ကြကြောင် မြန်မာမင်းများ အရေးတော်ပုံမှ ဖေါ်ပြထားသည်။
အေဒီ 15 ရာစုမှ 19 ရာစုအတွင်း ပုသိမ်မြို့သည် သစ်လုပ်ငန်း၊ သင်္ဘောတည်ဆောင်ရေးလုပ်ငန်းများ အရေးပါလာခဲ့ရာ ပါရှန်၊ အာရဗ်နှင့် တူရကီ မွတ်ဆလင်များ ရောင်ရှိလာခဲ့ကြပါသည်။
ပုဂံပျောက်အရပ် ( ယနေ့အခေါ် ရေကြည်ရေနောင်)မှာ ပသီမင်းများအုပ်ချုပ်ခဲ့စဉ်က အလှူပြုလုပ်လေ့ရှိပြီ ယခုအခါ လူမျိုးဘာသာမရွှေးလေးစားခြင်းခံရသော မွတ်ဆလင် သူတော်စဉ်ကြီးများ၏ ဂူဗိမာန်များရှိနေပါသည်။
ထို့အတူ ဘုရားကြီးကုန်းကျေးရွှာ အဝင်တွင် ရှေးဟောင်း အာရဗ် ဗလီ ၊ ရှေးဟောင်းရေတွင်း၊ မွတ်ဆလင် သူတော်စင်များ၏ ဂူဗိမာန်များနှင့် ပုသိမ်မြိုးဟောင်း အကြွင်းအကျန်အချို့ တွေ့မြင်နိင်ပါသည်။

ကျမ်းကိုး

ပုသိမ်မြို့၊ မြန်မာ့စွယ်စုံကျမ်း၊ မတွဲ ၆၊ ရန်ကုန်၊ စာပေဗိမာန်၊1962၊ စာ350
ဦဘကြွား၊ ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်သမိုင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊1969၊ ဒုတိယအကြိမ်၊ စာ28
ဦမာဃ၊ ပုသိမ်ရာဇဝင်၊ရန်ကုန်၊ ဇွဲစာပေရိပ်မြုံ၊ 1967၊ စာ137
မြန်မာမင်းများအရေးတော်ပုံ၊ရန်ကုန်၊ဇွဲစာပေရိပ်မြုံ ၊1967၊ စာ298
R.Mookerji, Indian shipping,(london: longmans Green, 1912), P.202
ပုသိမ်သိန်း၊ ပုသိမ်မြို့သမိုင်း၊ ရန်ကုန်၊ဟာသပုံနှိပ်တိုက်၊ စာ ၂၀-၂၁၊၆၆
၎င်း၊ စာ ၆၅
ဆရာကြီး အလ်ဟဂျ် မွဖ်သီ ဒေါက်တာ ဦးမြင့်သိန်း(ငြိမ်းချမ်းလုလင်)၊ ပြည်ထောင်စုသားမွတ်စလင်မ်များ၊စာ 29-30

ဆင် “မုန်ယိုခြင်း”

Lwin Oo

ရှေးမြန်မာများနဲ့ကုန်းသတ္တဝါအားအင်အကြီးဆုံး “ဆင်” ခွဲခြားလို့မရဘူး။မြန်မာ့လူ့အဖွဲ့အစည်းမှာ ” ဆင်” ဟာအရေးပါတဲ့သတ္တဝါကြီးအဖြစ်နှစ်ပေါင်းရာထောင်ရှိ‌နေတယ်။ ဆင် “မုန်ယိုခြင်း” ကိုဖတ်မိသလောက်တင်ပြချင်တယ်။

မိသားစုလေးယောက်ရှိတာဆင်သုံးကောင်ပါတယ်။ငယ်ငယ်ထဲက ဆင်တွေကိုအရမ်းစိတ်ဝင်စားတယ်။ရန်ကင်းကျောက်ကုန်းဦးမောင်မောင်ဆပ်ကပ်ကဆင်ကြီးတွေအင်းယားကန်ဘက်လမ်းလျှောက်ထွက်ရင်အနောက်မလှမ်းမကမ်းကနေသူငယ်ချင်းတွေနဲ့ အပျော်လိုက်ကြည့်ဖူးတယ်။

တိရိစ္ဆန်ရုံမှာကြည့်ရတာစိတ်အလှုပ်ရှားဆုံးကဆင်ပါ။ဆင်မုန်ယိုတယ်ဆိုတာငယ်ငယ်ထဲကကြားဖူးတယ်။ဆင်စိတ်ရိုင်းဝင်နေတာလို့ပဲအကြမ်းနားလည်တယ်။မုန်ယိုနေတဲ့ဆင်ကအခြားသူမပြောနဲ့သူ့သခင်(ဆင်ဦးစီး)ကိုတောင်နင်းသတ်ပစ်တာမကြာခဏဖြစ်လေ့ရှိတယ်။

သဘာဝအားဖြင့်တောထဲမှာဆင်ထီးဆင်မသီးခြားနေကြတယ်။ဆင်မဟာဆင်အငယ်လေးကိုစောင့်ရှောက်ပြီးအုပ်စုလိုက်နေလေ့ရှိတယ်။ဆင်ထီးကမိတ်လိုက်ချိန်ရောက်မှ ဆင်မနားလာကပ်လေ့ရှိတယ်။ဆင်ထီးတစ်ကောင်အသက် ၁၄ နှစ်အရွယ်ရောက်ပါတယ်။

ဆင်မကအသက် ၁၂ နှစ်မှာအရွယ်ရောက်ပြီးတနှစ်ကိုမိတ်လိုက်ချင်တဲ့ဆန္ဒလေးခါဖြစ်ပါတယ်။ဆင်မတကောင်မိတ်လိုက်ချင်တဲ့ဆန္ဒရှိရင် Pheromones ခေါ်တဲ့ဓါတုအရည်တမျိုးကိုဆီးနဲ့အတူထုတ်လွတ်တယ်။ အဲ့အချိန်မှာဆင်မခန္ဓာကိုယ်အပူချိန်နည်းနည်းမြင့်တက်နေတတ်မယ်။

ဆင်မဆီးထဲပါတဲ့ဓါတုအရည်အနံ့ကဆင်ထီးကိုမိတ်လိုက်ဖို့အလွန်အမင်းဆွဲဆောင်စေပါတယ်။အနံ့ခံအားကောင်းတဲ့ဆင်ထီးနှာမောင်းကဘယ်ဆင်မဆီးထဲ Pheromones ဓါတုရည်ပါလဲဆိုတာခွဲခြားနိုင်တယ်။ဆင်မဆီးထဲဓါတုရည်များများပါတဲ့ဆင်မ ပဋိသန္ဓေဆောင်ဖို့ပိုဆန္ဒပြင်းပြတာခွဲခြားနိုင်ကြတယ်။

ဆီးထဲမှာ Pheromones ဓါတုအရည်ပါနေတဲ့ဆင်မဟာမကြာခဏစူးစူးဝါးဝါးအော်ဟစ်တတ်ပြီးအနားပတ်ဝန်းကျင်က

ဆင်ထီးကိုသူပဋိသန္ဓေယူဖို့ အဆင်ပြေတယ်ဆိုတာအသံနဲြအချက်ပေးလေ့ရှိတယ်။

ဆင်မစူးစူးဝါးဝါးအော်ဟစ်သံနဲ့

ဆင်မဆီးထဲကဓါတုရည်အနံ့ကြောင့်ဆင်ထီးကြီးဟာမိတ်လိုက်ချင်စိတ်ပိုပြင်းပြ လာတယ်။ဒါဆိုရင်ဆင်ထီးခန္ဓာကိုယ်ကသဘာဝအတိုင်းထုတ်လွတ်တဲ့ Testosterone ဟော်မုန်းအရည်တစ်မျိုးဟာပုံမှန်ထက်အဆ ၆၀ ကျော်ပိုပြီးထုတ်လွတ်တယ်။

ဒီအရည်ကို “မုန်ရည်” ခေါ်တယ်၊။မုန်ရည်ဟာဆင်ထီးနားထင်နောက်ဘက်အကြိတ်ကနေထွက်ကျလာတာကိုမုန်ယိုတယ်ခေါ်တယ်။”မုန်ရည်”ကို E ကို Musth ခေါ်ပါတယ်။

မုန်ယိုနေတဲ့ဆင်ထီးဟာသာမန်

ဆင်ထက်ပိုဟော့နေတယ်။ဆင်မကိုလည်းသူ့အပိုင်ဆိုပြီးမာန်အရမ်းတက်နေတယ်။မုန်ယိုနေတဲ့ဆင်ထီးဟာတွေ့သမျှလူတိရိစ္ဆန်ကိုရန်ရှာတတ်ပြီးအရမ်းအန္တရယ်များပါတယ်။

မုန်ယိုနေတဲ့ဆင်ထီးအော်သံဟာ

အရမ်းခြောက်ခြားစရာကောင်းတယ်။တကယ့်ကိုနာနာကျင်ကျင်ခံစားနေရတဲ့အသံပါ။မုန် မယိုတဲ့ သာမန်ဆင်ထီးဟာမုန်ယိုနေတဲ့ဆင်ထီးနဲ့ဖက်ပြိုင်ရန်မဖြစ်ပါဘူး။

မသိမသာရှောင်ထွက်သွားကြတယ်။

မုန်ယိုနေတဲ့ဆင်ထီးဘေးမှပုံမှန်ဆင်မတွေကလိုက်ပြီးဝိုင်းရံစောင့်ရှောက်ပေးကြပါတယ်။ဆီးထဲဓါတုရည်ပါနေတဲ့ဆင်မနဲ့မိတ်လိုက်ခွင့်ရမယ့်ဆင်ထီးကြီးဟာသူ့နှာမောင်းနဲ့ဆင်မအင်္ဂါကိုမကြာခဏထိတွေ့ကြည့်ပြီးဆင်မသဘောတူညီမှုကိုရယူတယ်။

ဒါကိုဆင်မကဆီးနည်းနည်းပြန်ပန်းထုတ်လိုက်ရင်ဆင်ထီးကိုသူမိတ်လိုက်ဖို့ခွင့်ပြုတယ်ဆိုတဲ့သဘောပါ။တကယ်လို့ဆင်ထီးကိုလက်မခံနိုင်ရင်ဆင်မရှောင်ပြေး

သွားတတ်တယ်။မိတ်လိုက်ပြီးရင်ဆင်ထီးနဲ့ဆင်မဟာနှာမောင်းနဲ့တကောင်နဲ့တကောင်နူးနူးညံ့ညံ့ပွတ်သတ်ကြည်နူးကြတယ်။

ဆင်ထီးဟာဆင်မနဲ့နှစ်ကောင်တည်းတပူးပူးတတွဲတွဲနှစ်ပတ်လောက်ကြင်ကြင်နာနာအတူနေထိုင်စားသောက်ကြပါတယ်။

ဒါပေမယ့်မုန်ဆက်ယိုနေတဲ့ဆင်ထီးဟာဆင်မကိုလမ်းခွဲထွက်သွား

ပါတယ်။

မုန်ဆက်ယိုနေတဲ့ဆင်ထီးဟာ အခြားတနေရာမှာဆင်မတစ်ကောင်နဲ့နောက်ထပ်မိတ်လိုက်နိုင်သေးတယ်။တကောင်တည်းလွမ်းကျန်ရစ်ခဲ့တဲ့ဆင်မဟာဆင်ထီးနဲ့ရခဲ့တဲ့ကိုယ်ဝန်ကို ၁၈ -၂၂ လခန့်လွယ်ထားရတယ်။

ဆင်ကလေးမီးဖွားရင်အုပ်စုထဲမှာရှိတဲ့အခြားဆင်မတွေကကိုယ်ဝန်ဆောင်ဆင်မကိုဝိုင်းရံပေးထားကြတယ်။ဆင်မဟာနောက်ခြေနှစ်ချောင်းကိုဆောင့်ကြောင့်ထိုင်ချလိုက်ပြီးဆင်ပေါက်လေးကိုညှစ်ထုတ်မွေးဖို့ကြိုးစားရပါတယ်။

ဆင်ကလေးတခါမွေးရင်ဆင်မ ၂ နာရီလောက်ဆောင့်ကြောင့်ထိုင်ပြီးကလေးမွေးထုတ်ရတယ်။မွေးကင်းစဆင်ပေါက်လေးကိုဆင်အုပ်စုထဲကဆင်မဟာသူ့အဖေဆင်ထီးမရှိတော့ပေမယ့်အရွယ်ရောက်တဲ့အထိဝိုင်းပြီးစောင့်ရှောက်ကြရပါတယ်။

အခုသစ်ထုတ်လုပ်ရေးရပ်ဆိုင်းထားလို့ဆင်အများစုဟာသက်ဆိုင်ရာဆင်စခန်းမှာပဲရှိတယ်။မြန်မာနိုင်ငံမှာအစိုးရဆင်၊

ပုဂ္ဂလိကဆင်၊တောဆင်ရိုင်းစုစုပေါင်းအကောင်ရေငါးထောင်

ခန့်ရှိတယ်။

အစိုးရဆင်မှာကိုယ်ပိုင်နံပတ်ရှိတယ်။ဆင်တစ်ကောင်းခြင်းရဲ့

မှတ်တမ်းစာအုပ်ရှိတယ်။လွန်ခဲ့တဲ့ ၁၅ နှစ်က Brema-Pharma GmbH ဆိုတဲ့ဂျာမဏီဆင်ဆေးထုတ်တဲ့ကုမ္ပဏီကဆေးနဲ့သစ်လုပ်ငန်းမှာဆင်ဆေးတင်ဒါဝင်ပြိုင်ဘူးတယ်။စျေးကြီးလို့မနိုင်ခဲ့ဘူး။

ဆင်ဆေးဝါးဆိုတာစျေးအရမ်းကြီးပါတယ်။လူ့အကျိုးပြု တိရိစ္ဆန်ထဲမှာဆင်ဆေးဝါးကစျေးအကြီးဆုံးထင်တယ်။အာရှမှာတိရိစ္ဆန်ဆေးဝါးထုတ်လုပ်ရေးမှာပါကစ္စတန်နိုင်ငံရှေ့တန်းမှာရှိတယ်။

လူနယ်ပယ်ချဲ့ထွင်မှုကြောင့်တောထဲမှာသဘာဝအလျှောက်နေထိုင်ကြတဲ့ဆင်နယ်မြေကျဉ်းမြောင်းလာလို့ “ လူနဲ့ဆင်ပဋိပက္ခဖြစ်ခြင်း ” ဆိုတဲ့ Issue နဲ့အကျဉ်းအကြပ်ရင်ဆိုင်နေရတယ်။

ဆင်ဟာနို့တိုက်သတ္တဝါထဲမှာအသိဥာဏ်အရှိဆုံးတတိယလိုက်တယ်။သူ့အရှေ့မှာမျောက်ဝံနဲ့လင်းပိုင်ပဲရှိတော့တယ်။

ဆင်ဘယ်လောက်အစွဲအလမ်းကြီး

တယ်ဆိုတာကိုရန်ကင်းသား သစ်တောအရာရှိကြီးတစ်ယောက်က “ လူနဲ့ဆင် ပဋိပက္ခဖြစ်ခြင်း ” တီဗွီအစီအစဉ်တခုမှာအခုလိုပြော သွားတာမှတ်မိတယ်။

“ ဆင်ဟာအရမ်းအစွဲအလန်းကြီးတယ်၊တောထဲမှာ သဘာဝအလျှာက်တနှစ်တခါအလေ့ကျဖူးပွင့်တတ်တဲ့သစ်ဥသစ်ပွင့်လေးပန်းဖူးလေးကိုဆင်ဟာသူဘယ်လောက်ဝေးဝေးရောက်နေအချိန်မှန်မှန်လာစားတတ်တယ်၊သူစားနေကြနေရာကသစ်ပွင့်လေးဘယ်အချိန်ဖူးပွင့်မယ်၊ဘယ်အချိန်စားလို့ရပြီဆိုတာသူကောင်းကောင်းသိတယ်…..”

ဓါတ်ပုံထဲကမုန်ယိုနေတဲ့ဆင်မျက်လုံးကိုကြည့်လိုက်ကြောက်ဖို့တောင်ကောင်းတယ်။

Ref : wildlife.com

လွင်ဦး(ရန်ကင်း)

#lwinooyankin

ကလေးတိုင်းတွင် သူ့ကိုယ်စီ ဆိုင်ရာ အစွမ်းအစလေးတွေ၊ ဝါသနာလေးတွေ၊ ပါရမီလေးတွေ ပါလာကြသည်

Kyaw Win

သင့်ကလေး မည်သူ့လက်ထဲအပ်မည်နည်း

—————————————–

အိန္ဒိယရုပ်ရှင်ကားတစ်ခုဖြစ်သည့် Taare Zameen Par (Stars on land) ဆိုသည့် ရုပ်ရှင် ဇာတ်ကားကို ကျွန်တော့် ကွန်ပျူတာထဲတွင် ထည့်ထားသည်။ ကျွန်တော် ရုပ်ရှင်ကြည့်ချင်လာတိုင်း ထိုဇာတ်ကားလေးကို ဖွင့်ကြည့်မိသည်။

မင်းသား Aamir Khan နှင့် ကလေးသရုပ်ဆောင် Darsheel Safary တို့၏ သရုပ်ဆောင်ချက် များအပြင် ဇာတ်လမ်းကို ကြိုက်၍ဖြစ်သည်။ အထူးသဖြင့် သင်ကြားရခက်သည့် ကလေးတစ်ယောက်ကို ဆရာ တစ်ယောက်က ဘယ်လို စိတ်ရှည်စွာဖြင့် လမ်းကြောင်းမှန်ကို ဒုက္ခခံကာ တည့်မတ်ပေးရပုံကို ရိုက်ကူးချက်မှာ ပြောင်မြောက်လွန်းသောကြောင့် ဖြစ်သည်။

ကျွန်တော့် ကျောင်းဆရာဘဝတွင် အီရှန်း (Darsheel Safary) လို ကလေးတစ်ယောက် တွေ့ဖူးသည်။ ထိုကလေးကား ထူးဆန်းလှသည်။ စာကို ပြောင်းပြန်ရေးသည်။ သူရေးသည့်စာတွေက မှန်ထောင်ဖတ်မှ ရနိုင်မည့် အနေအထားဖြစ်သည်။ ထိုကလေးကို ကျောင်းအုပ်ဆရာကြီးက စိတ်ရှည်စွာ နည်းမျိုးစုံနှင့် သင်ပေး ရှာပါသည်။ သို့သော် သူတစ်ယောက်တည်း မဟုတ်သောကြောင့် ကျောင်းအုပ်ဆရာကြီး အခက်တွေ့နေရ သည်။

ကျောင်းအုပ်ဆရာကြီးက သူငယ်တန်းသင်သည်။ ထိုကလေးကို အအောင်ပေးနိုင်ရန် စာရေးခိုင်း၍ မရသည့် အဆုံးတွင် နှုတ်မေး နှုတ်ဖြေဖြင့် အတန်းတင်ပေးနိုင်ရန် ကြိုးစားသေးသည်။ မည်သို့မျှ သင်၍မရနိုင်သည့် အဆုံးတွင် ဆရာကြီးက မိဘတွေကိုခေါ်ပြီး အကျိုးအကြောင်းရှင်းပြကာ ပြန်အပ်လိုက်သည်။

ကျွန်တော် ထိုကျောင်းမှ ရာထူးတိုးပြီး အခြားကျောင်းတစ်ကျောင်းကိုရောက်သည်။ နောက် နှစ်ပေါင်း ၂၀ လောက် ကြာမှ ထိုရွာကို ကျွန်တော် တစ်ခေါက်ပြန်ရောက်သည်။ ထိုကလေးကား ရွာတွင် သူဌေးဖြစ်နေသည်။ သူက မိဘလက်ငုတ် ယာအလုပ်ကို လုပ်သည်။ အိမ်တွင် ကုန်စုံဆိုင်ကြီးကို ဟီးနေအောင်ဖွင့်ထားသည်။ မီးသွေးဖုတ်သည်။ ကုန်တင်ကားတစ်စီးထောင်ထားသည်။ ပဲ့ထောင်နှစ်စင်းပိုင်သည်။

ရွာအနေအထားကလည်း လေးတန်းအောင်ပြီးပြီဆိုလျှင် ဘွဲ့ရသွားသကဲ့သို့ ကျောင်းထုတ်လိုက်ကြသည် ဖြစ်သောကြောင့် ထိုကလေးမှာ အခြားကလေးတွေထက်စောပြီး စီးပွားရေးလုပ်ငန်းတွင် အသားကျသွားသည်။ ထိုကလေးတွေအတွက် အထူးဖွင့်လှစ်ထားသော ကျောင်းမျိုးတွေ မြန်မာပြည်တွင် ထိုစဉ်က ရှိသည်၊ မရှိသည်ကို မသိ။ ရှိလည်း သူတို့မိဘတွေက အီရှန်းလို ထိုကျောင်းကို သွားပို့မည်မဟုတ်။

ကျွန်တော် ဖတ်ဖူးသည့် ဂျီလီယံ လင်း (Gillian Lynne) အကြောင်းလေးကို မျှဝေချင်ပါသည်။

ဂျီလီယံသည် ဗြိတိန်နိုင်ငံမှ ဘဲလေး ကချေသည်မလေးတစ်ဦးဖြစ်သည်။ ဘဲလေးကကွက်ဆန်းများကို တီထွင် ဖန်တီးရာတွင် နာမည်ကျော် အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။ ထိုအနုပညာဖြင့်ပင် သန်းပေါင်းများစွာ ချမ်းသာလာသည့် သူတစ်ဦးလည်း ဖြစ်ပါသည်။

ဂျီလီယံ ၈ နှစ်သမီးအရွယ်တွင် ကျောင်းမှ စာတစ်စောင်ကို သမီးဖြစ်သူ ယူလာပေးသဖြင့် မိခင်က ဖတ်လိုက် သည်။ စာကတိုင်စာဖြစ်သည်။

ဂျီလီယံသည် အငြိမ်မနေတတ်သူဖြစ်ကြောင်း၊ တစ်နေရာတည်းတွင် သူ့ကို ထိုင်ခိုင်းထား၍မရကြောင်း၊ ဟိုလျှောက်ထိုင် သည်လျှောက်ထိုင်နှင့် အတန်းဖော်များကို အနှောင့်အယှက် ပေးကြောင်း၊ အိမ်စာတွေ ပေးလိုက်လျှင်လည်း မပြီးကြောင်း၊ လက်ရေးကလည်း ဖတ်မရအောင် ဆိုးလှကြောင်း စသည်ဖြင့် ရေးသားထားသည်။ ကျောင်းက ဆရာမ၏ မှတ်ချက်မှာ

“ကျွန်မအထင်ကတော့ ဂျီလီယံဟာ သင်ယူမှုအခက်အခဲရှိနေတဲ့ ကလေးဖြစ်နေပြီး သူတို့လိုကလေးတွေကို အထူးသင်ပေးနေတဲ့ ကျောင်းမှာ သွားအပ်သင့်ကြောင်း” နိဂုံးချုပ်ထားသည်။

ဂျီလီယံ၏ မိခင်ဖြစ်သူက သမီးအတွက် စိတ်ပူသွားသည်။ ထို့ကြောင့် စိတ်ရောဂါအထူးကုဆရာဝန်ထံ ပြသရန်ဆုံးဖြတ်လိုက်သည်။ သူတို့သားအမိနှစ်ယောက် စိတ်ရောဂါဆရာဝန်ထံရောက်လာကြသည်။ ဂျီလီယံက ကြောက်နေသည်။ သူက ကုလားထိုင်တွင် ခြေကို တွဲလောင်းချကာ လှုပ်ရမ်းပြီး ထိုင်နေသည်။

ဆရာဝန်က မိခင်ဖြစ်သူကို အခန်းထဲက ထွက်ခိုင်းလိုက်ပြီး ဂျီလီယံနှင့် မိနစ် ၂၀ လောက် မေးမြန်းကာ စကားပြောကြည့်သည်။ ထို့နောက် ဆရာဝန်ကြီးသည် သူ့စားပွဲပေါ်ရှိ ရေဒီယိုကို ဖွင့်လိုက်ကာ အခန်းအပြင် ဘက်ကို ထွက်သွားလေတော့သည်။

ရေဒီယိုက ထိုအချိန်တွင် တေးဂီတများ ထုတ်လွှင့်နေသည်။ ဂျီလီယံလေး ဘာလုပ်သည် ထင်ပါသနည်း။ ခုံပေါ်က ဆင်းလိုက်ပြီး ဆရာဝန်ကြီး အခန်းထဲတွင် ဂီတစည်းချက်အလိုက် ကနေတော့သည်။ ကလေးမျက်နှာ သည် ပျော်ရွှင်ကြည်နူးနေသည်။

အခန်းအပြင်ဘက်တွင် ဂျီလီယံ၏ မိခင်နှင့် ဆရာဝန်ကြီးက ကလေးကနေသည်ကို ချောင်းကြည့်နေကြသည်။ ဆရာဝန်ကြီးက မိခင်ဖြစ်သူကို ပြောလိုက်သည်။

“ကလေးက ဘာမှ မဖြစ်ဘူးဗျ။ သူက စာသင်ချင်တာ မဟုတ်ဘူး။ သူက ကချင်နေတာ။ ခင်ဗျားတို့ သူ့ကို အကသင်တန်းကျောင်းကို ပို့ရမှာ” ဟု ပြောလိုက်သည်။

ဆရာဝန်ကြီး၏စကားကို မိခင်ဖြစ်သူက နားထောင်ပြီး ဂျီလီယံလေးကို အကသင်တန်းကျောင်းသို့ ပို့လိုက် သည်။ လန်ဒန်ရှိ တော်ဝင်ဘဲလေးအကသင်တန်းကျောင်းကြီးက အကနည်းပညာများကို ဂျီလီယံ သင်ကြား တတ်မြောက်ခဲ့သည်။ ကမ္ဘာအတော်ဆုံး ဘဲလေးကချေသည်တစ်ယောက်အဖြစ် နာမည်ကျော်လာသည်။ နောက်ပိုင်းတွင် အကနည်းပြဘဝတွင် ရပ်တည်ပြီး ချမ်းသာသည့် သူဌေးမကြီးတစ်ဦးလည်း ဖြစ်သွားပါသည်။

ကလေးတိုင်းတွင် သူ့ကိုယ်စီ ဆိုင်ရာ အစွမ်းအစလေးတွေ၊ ဝါသနာလေးတွေ၊ ပါရမီလေးတွေ ပါလာကြသည်။ ထိုအရာများသည် တိမ်မြုပ်နေတတ်သည်။ တစ်နည်းအားဖြင့် ငုပ်နေတတ်သည်။ မိဘတွေက ကလေးများ၏ ငုပ်စိတ်ကို မသိဟုဆိုစေ ကျောင်းတွေက သင်ကြားရေးကို တာဝန်ယူနေသည် ဆရာတွေက ကလေးတစ်ဦး ချင်း၏ ငုပ်စိတ်နှင့် ပါရမီလေးတွေကို သတိထားရမည်။ ဖော်ထုတ်နိုင်ရမည်။

ထို့ကြောင့် ကျောင်းရောက်လာသည့် ကလေးတစ်ယောက်ကို ငါတို့က စာသင်ပေးလိုက်လျှင် တာဝန်ကျေပြီ ဟု မှတ်ယူလိုက်လျှင် မှားသည်။ ပြဋ္ဌာန်းထားသည် စာအုပ်ကြီးတွေကိုကိုင်ပြီး ကလေးတစ်ယောက်ကို ထိုစာအုပ်ပါ အချက်များအတိုင်း ပုံသေနည်းဖြင့် သတ်မှတ်၍မရပါ။

ဆရာတွေ၏ ပိုင်းဖြတ်ချက်နှင့် လေ့လာစောင့်ကြည့်ကာ ပျိုးထောင်မှုပေးနိုင်သလောက် ကလေးတွေ၏ ဘဝက ပိုပြီး လမ်းကြောင်းမှန်နိုင်သည်။ စာအုပ်ကြီးသမားများ၊ ပညာရေးဌာနက အရိုးစွဲနေသော အစွဲရိုးသမားများ လက်ထဲကို ကလေးတစ်ယောက်၏ဘဝတစ်ခုကို ပုံအပ်ရမည်မှာ မည်မျှတာဝန်ကြီးကြောင်း ဆရာရော မိဘတွေပါ သဘောပေါက်ထားရန်လိုပါသည်။

ကလေးသည် ပန်းလေးတစ်ပွင့်နှင့်တူသည်

ဥယျာဉ်မှုးကောင်း တစ်ယောက်၏ ရေ၊ မြေ၊ နေ၊ မြက်နုတ်၊ ပေါင်းသင် ကျွမ်းကျင်မှု အမျိုးမျိုးကြားတွင်မှ ရှင်သန်ပွင့်ဖူးနိုင်ပါလိမ့်မည်။ ပန်းအကြောင်း နားလည်သူသာ ပန်းကို ပြုစုပျိုးထောင်တတ်သည်။

(Ref: From problem child to world’s best ballerina, Prakash Iyer)

တင်ညွန့်

၃၀.၅.၂၀၂၂

တော်လှန်ရေးရဲ့ရန်သူ@ကျွန်စိတ်

Kyaw Nay Min

တော်လှန်ရေးရဲ့ရန်သူ@ကျွန်စိတ်

ရေးသားသူ——ကျော်နေမင်း(မြို့ပြ)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCCဟာနိုင်ငံတကာအသိုက်အဝန်းမှာတဟုန်ထိုးနာမည်ကြီးလာတယ်
အထဲမှာရှိတဲ့လူမျိုးစုခေါင်းဆောင်တွေကဟန်ချက်ညီညီကြိုးစားလာကြတယ်
ဒီတော့ ရလာဒ်က NUGအစိုးရကိုယ်စားလှယ်တွေဟာ သူတို့နဲ့စကားပြောတဲ့နိုင်ငံတကာခေါင်းဆောင်တွေမှန်သမျှNUCCဆိုတဲ့စကားလုံးကိုတွင်တွင်ကြီးသုံးလာတော့ NUGအစိုးရကိုလွမ်းမိုးထားတဲ့ NLDအမာခံတွေစိုးရိမ်စပြုလာကြတယ်
တကယ်သူတို့နာမည်ကြီးစေချင်တာက NLDအများစုပါဝင်တဲ့ CRPHခေါ်တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ
ဒါပေမဲ့ CRPHကထင်သလောက်အလုပ်မလုပ်နိုင်ဘူး ကမ္ဘာပါလီမန်တွေကဖိအားစကစ ဆီသိပ်မလာနိုင်တာ CRPHအလုပ်မလုပ်နိုင်တဲ့အချက်ထင်ရှားနေတယ်
NUGအစိုးရရဲ့ထုတ်ပြန်ချက်တွေအရတော်လှန်ရေးအစုအဖွဲ့ပေါင်း(၂၀၀)ကျော်ထံကို ထောက်ပံနေကြောင်းသိရပေမဲ့ လက်နက်ဈေးနူန်းနဲ့ များပြားတဲ့အနေအထားဟာဆင့်ပါးစပ်နှမ်းပတ်သလိုဖြစ်နေတာကိုမြင်ရပြန်တယ်
တကယ်ချနေတဲ့ PDFတွေရယ် စစ်တပ်အကြောင်းကောင်းကောင်းသိပြီးတိုက်ရည်ခိုက်ရည်ရှိတဲ့ ကချင် ကယား ကရင် အဖွဲ့တွေကိုသာများများပေးနိုင်ရင် သူတို့ကနယ်မြေလည်းစိုးမိုးမှုရှိပြီးသားဖြစ်တာကြောင့်စကစ အထိနာနိုင်တယ်
ဒါပေမဲ့ ဒီ EAO’sတွေသိပ်ကြီးထွားပြီး အင်အားကောင်းလာမှာ သူတို့ပြည်နယ်ဟာ သူတို့နိုင်ငံဖြစ်
လာမှာ NLDက အနာဂါတ်ကိုကြည့်ပြီးစိတ်မချဖြစ်လာပုံရတယ်
EAO’sတွေတိုက်ပြီးနိုင်တဲ့နယ်မြေ NUGကအုပ်ချုပ်ဖို့ ဆိုတာလက်တွေ့မဖြစ်နိုင်ဘူးလေ
ရခိုင်က ထွန်းမြတ်နိုင်ကတော့ရှင်းတယ်ဘယ်သူနဲ့ဖြစ်ဖြစ်အခွင့်အရေးရရင်ပေါင်းမယ် ဒါဟာငါတို့အမျိုးသားအကျိုးစီးပွားပဲတဲ့ ဒါကြောင့်ဖြစ်မယ် NUG က ရခိုင်နိုငိငံတော်လို့ အမည်တပ်လိုက်လေရဲ့

သတ္တိအရှိဆုံး စစ်ကိုင်းက PDFတွေသိမ်းထားတဲ့ နယ်မြေတွေမှာ NUGက သြဇာထူထောင်ဖို့ကြိုးစားတယ်စာသင်ကျောင်းတွေဖွင့်မယ် ကျန်မာရေးအတွက်လုပ်မယ်စသည်ဖြင့် ငွေကြေးကုန်ကြမူတွေဘယ်ရွေ့ ဘယ်မျှ ဒါတွေလည်းတွေ့ရတယ်
စစ်ဘေးရှောင်တွေဆီကူညီနေတာလည်းရှိပါတယ် ဒါကမှန်ကန်သောလုပ်ရပ်ပါ
ဒါပေမဲ့ ကျောင်းဖွင့် ဆေးခန်းဖွင့် ရွာတွေအမည်တပ်ပြီးကြေငြာ ဘာဖြစ်လာလည်း
ဟို စကစ ကလေကြောင်းသုံးပြီး ရွာစဉ်အလိုက် မီးလာရှို့ပါလေရော့

စကစအကြောက်ဆုံးက တိုက်ဟယ်ခိုက်ဟယ်ရွာပုန်းတွေ ရွာပြေးတွေရှိနေတာကိုသူတို့မကြောက်ဘူး NUGအုပ်ချုပ်ရေးအခြေချမှာကို အကြောက်ဆုံးပဲ

ဒါကြောင့် NUGအုပ်ချုပ်ရေးကြေငြာတဲ့ရွာမှန်သမျှ လိုက်ချေမှူန်းတော့တာပဲ ဒါကိုကြည့်ရတာ
ပြည်သူက ဓါးစာခံဖြစ်နေတဲ့ ပုံစံမျိုး

CDMတွေလက်တလောဒုက္ခဝေနေကြတာမြင်ရတဲ့အခါ NCDMတွေကို ဖိအားမပေးနိုင်တာကြောင့် စကစ ရဲ့ ယန္တယားုပြန်လည်ပတ်နေတာမြင်လာရတယ်
လက်ချည်းဗလာ ရုံးတွေကို အန္တရာယ်ကင်းကင်း ဖိအားပေးနိုင်ရင် ငွေမက်တဲ့ဝန်ထမ်းတချို့ ကလွဲပြီး ဘယ်သူမှရုံးတက်တော့မှာမဟုတ်ပါ

CDMကိုလည်းထိရောက်စွာ မထောက်ပံ့နိုင် ရုံးတွေကိုလည်းရပ်အောင်မလုပ်နိုင်တဲ့ NUGဟာ
စစ်ရေးမဟာဗျူဟာမှာလည်းမှားယွင်းနေပြန်တယ်

တကယ်လုပ်သင့်တဲ့အလုပ်က မဟာဗျူဟာကျတဲ့ အဝေးပြေးလမ်းမကြီးတွေကို ဖြတ်တောက်ဖို့ပဲ မုံရွာလမ်းမကြီးတခု လောက်ဖြတ်တောက်ထားနိုင်ပေမဲ့
တဖက်မှာလည်း အာရှလမ်းမကြီးတရုတ်ပြည်သွားနေတဲ့ လမ်းမကြီးတွေကို အပိုင်းလိုက်အစု့အဖွဲ့လေးတွေနဲ့ဖြတ်ထားနိုင်ရင် စကစ ဟာ တကယ်အကျပ်တွေ့နိုင်ပါတယ် ဒီလိုဗျူဟာက EAO’s
တွေနဲ့ ပေါင်းလုပ်ရမှာဒါတွေပြောတာသိပ်များနေတယ်ထင်ရင်
အစိုးရတရပ်ဟာ ဒီထက်မက ပိုလုပ်ရမယ်ပိုလုပ်နိုင်ရမယ်လို့တောင်မြင်မိပါတယ်
ဗမာဘုရင်တွေနန်းလုပွဲကနေ အခု လူမျိုးကြီး ကြီးစိုးချယ်လှယ်ရေးနဲ့ ပါတီအဓိကအာဏာရရေး အတွေးလောက်သာရှိနေတုန်းဆိုရင်တော့ ကျွန်စိတ်မပျောက်တဲ့တော်လှန်ရေးနိုင်ဖို့မလွယ်ဘူးဖြစ်နိုင်တယ်
ဆောင်းပါးအစ မှာNUCCကနေထွက်ပြီးမိတ်ဖက်အဖွဲ့အဖြစ်ဆက်ဆံတော့မယ်ဆိုတဲ့အတွေးဟာ ဒေါ်ဇင်မာအောင်တို့ NLDတာဝန်ရှိသူတို့ နိုင်ငံတကာအသိုင်းအဝန်းနဲ့ဆွေးနွေးပြီးမှသာထွက်လာပုံထောက်ရင်သူတို့ NUCCကိုကြောက်လာတာထက်NUCC လွမ်းမိုးသွားမှာမလိုလားတာပါပဲ

တခါ NUCCမှာ တကယ်အလုပ်လုပ်ပေးနေတဲ့ နိုင်ငံတကာမျက်နှာစာမှာပေါက်နေတဲ့ မွစ်တချို့ကိုအိမ်ကြက်ခြင်းအိုးမဲသုတ်ပြီး အောက်လုံးထိုးခိုင်းတော့တာဟာ CRPHရဲ့အတွေးတချို့များလား
ဆိုတာတောင် ထင်စရာဖြစ်လာရတယ်
ထင်းခွေ ရေခပ် ကိုယ့်လူတချို့ကလည်းဗျောသံကြားရင် ခါးလေးကွေးတော့တာပါပဲ အသုဘလား နတ်ကန္နားလားမသိ
စစ်တပ်ဟာပြိုကွဲလာနိုင်တယ် ဒါပေမဲ့အချိန်ကြာနေရင် ပြည်သူဖက်က ပိုဆိုးလာနိုင်ပါတယ် ဒီအတိုင်းဆက်တောင့်ထားနိုင်ပ့မလားစိုးရိမ်စရာဖြစ်လာတယ်
ထိုင်းအကြီးတန်းစစ်ဗိုလ်ချုပ်တယောက်ကတော့ နောက်ထပ် တနှစ်ခွဲဆက်တိုက်
နိုင်ရင် စစ်တပ်ရူံးပြီလို့ သူတို့တွက်ထားကြောင်းပြောပါတယ် စစ်သားတွေအလုံးအရင်းနဲ့ ထိုင်းဖက်ထွက်ပြေးလာမှာကိုလည်းတွက်ဆထားကြောင်းအရိပ်အမြွက်ပြောပုံအရ ထိုင်းအမှတ်(၃)တပ်မတော်ကထိုင်းအရံတပ်တွေ ဆင့်ခေါ်မူဟာဖြင့် ဒီကိစ္စနဲ့ပါတ်သက်နိုင်ပါတယ်
အလားတူပါပဲ NUGနဲ့ NLDထဲလည်း၃ပိုင်းစီလောက်ကွဲနေတဲ့သတင်းသိရပေမဲ့
ဒီမိုကရေစီနည်းလမ်းအရလက်ခံလို့ရပါတယ်

နိဂုံးချုပ်အနေနဲ့
အသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့ ပြည်သူတွေ ခုထိခုခံနေတဲ့တော်လှန်စိတ်နဲ့ပြည်သူတွေအားလုံးကို အမြဲအားကျဂုဏ်ယူနေပါတယ် ဒီတော်လှန်ရေးကျဆုံးသွားမှာကိုအစိုးရိမ်ဆုံးပါပဲ

ဒါကြောင့် NLD ပါတီNUGအစိုးရ နဲ့ CRPHတို့ဟာလူမျိုးစွဲပါတီစွဲအတွေးအခေါ်တွေစွန့်လွှတ်သင့်ပြီး
တော်လှန်ရေးနိုင်ဖို့သာအဓိဆိုတဲ့အချက်ပဲလုပ်သင့်ပါတယ် မြန်မာနိုင်ငံကြီး ၇နိုင်ငံမကလို့ ၁၄ နိုင်ငံပဲဖြစ်သွားပါစေတော့တချိန်မှာ စင်ကာပူတို့ ဒူဘိုင်း တို့လိုချမ်းသာတဲ့နိုင်ငံတွေဖြစ်သွားလည်းတချိန်က
ငါတို့ ညီအကိုတွေဆိုတဲ့ မလေးရှားတို့ဘရူနိုင်း တို့လိုစိတ်ဓါတ်မျိုးအတုယူကြစမ်းပါလို့ တိုက်တွန်းချင်ပါတယ်စစ်ကိုင်းနိုင်ငံတော် ကယားနိုင်ငံတော်ကချင်နိုင်ငံတော် ကရင်နိုင်ငံတော်လို့
ငါတို့ဂုဏ်ယူနေကြမယ်တကယ်တော့ လူမျိုးစွဲဝါဒဟာ ခေတ်အဆက်ဆက်ဘုရင်တွေအာဏာရှင်
တွေအသုံးချသွပ်သွင်းခဲ့တဲ့ ကျွန်စိတ် ပါပဲတနည်းအားဖြင့် ဒီကျွန်စိတ်ရှိသူတွေဟာတော်လှန်ရေးရဲ့ရန်သူတွေပါပဲ

လေးစားစွာဖြင့်

ကျော်နေမင်း(ခေတ္တ-မယ်စဲ)
Photo-မယ်ဆိုင်သို့သွားနေသော ထိုင်းလူငယ်အရံစစ်သည်များ