တရားမျှတမှု

Maung Maung Sep 22, 2021

တရားမျှတမှု

NOTE: I advised the basic facts only and repeatedly pushed hard to Mg Mg to write this. But he had done better than I expected. Bravo! Mg Mg, you have done an excellent job.


တရားမျှတမှုကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုကြမလဲ
ဘယ်လိုအခြေအနေမျိုးမှာ တရားမျှတမှုရပါပြီ လို့

ပြောနိုင်မလဲ

ဒီအတိုင်းမေးရင် ဖြေရခက်မယ်

ဥပမာလေးနဲ့ဖြေကြည့်ရအောင်

ဟစ်တလာဟာ ဂျူး ၆သန်းကျော်ကို သတ်ခဲ့တယ်
အကယ်၍
ဟစ်တလာကို အသက်ရှင်ရက် ဖမ်းမိတယ်ဆိုရင်

ဘယ်လို တရားစီရင်ပြီး တရားမျှတမှုကိုရယူမလဲ

ဟစ်တလာမှာ အသက်က တခုထဲရှိတာလေ
သူ့ဆီက အစားယူလို့ရရင် အသက်တခုပေါ့
ကျန်တဲ့ လူ၆သန်းကျော်ရဲ့အသက်အတွက်
အစား ဘယ်မှာလဲ

တရားမျှတမှုဘယ်မှာလဲ

ကျနော်တို့သာသနာအရတော့ ရှင်းပါတယ်
ဘုရားသခင်ကသာလျှင် တရားမျှတစွာ
စီရင်နိုင်စွမ်းရှိတယ် လို့ ကျနော်တို့
ယုံကြည်တဲ့အတွက်
ကမ္ဘာ့တရားစီရင်တဲ့နေ့မှာ
အလ္လာဟ်အရှင်ကိုယ်တော်တိုင်
မှန်ကန်မျှတ ထိုက်တန်စွာ တရားစီရင်တော်မူမှာ

အသေအချာပါ

နောက်ထပ် တိုက်ရိုက်မေးခွန်းလေးတွေ

မေးကြည့်ချင်တယ်

တောင်ကုတ်မှာ လူစုလူဝေးနဲ့ ရိုက်အသတ်ခံရတဲ့

ပြည်မက မွတ်စလင် ဘုရားဖူး ၁၀ယောက်အတွက်

မိတ္ထီလာမှာ ရိုက်နှက်သတ်ဖြတ်ပြီး မသေမရှင် မီးအရှို့

No photo description available.

ခံခဲ့ရတဲ့ ကလေးတွေအတွက်

တောင်ငူ/မိတ္ထီလာ/တောင်ကြီး/တောင်တွင်းကြီး/
ကျောက်ဆည် အစရှိတဲ့ မြန်မာပြည် တနံတလျားက
မြို့ရွာတွေမှာ နှိပ်စက် ညှဉ်းပမ်း ရိုက်နှက် သတ်ဖြတ်

မီးရှို့ မုဒိန်းအကျင့်ခံခဲ့ရသူတွေအတွက်

ကိုပါကြီး/ဒေါ်ခင်ဝင်း/ကချင်ကျောင်းဆရာမ၂ယောက်/ဆရာဦးကိုနီ အစ အစရှိတဲ့ မတရားနှိပ်စက်

သတ်ဖြတ်ခံခဲ့ရသူတွေအတွက်

လူပေါင်းတသန်းနီးပါးထွက်ပြေးရအောင်
နှိပ်စက်သတ်ဖြတ် မီးရှို့ မုဒိန်းအကျင့်ခံခဲ့ရတဲ့

ရိုဟင်ဂျာတွေအတွက်

ဘယ်သူက တရားမျှတမှုကို ယူဆောင်ပေးမှာလဲ

ဘယ်လိုလုပ်ရပ်ကို တရားမျှတမှုလို့ခေါ်ကြမလဲ

တာဝန်ရှိတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ် ၁၀ ယောက်
အယောက်၂၀ အယောက်၃၀ ၄၀ ၅၀ ၆၀
ကို သေဒဏ်ပေးလိုက်ရင် တရားမျှတမှုရပြီလား

(ဒီဘက်ခေတ်မှာသေဒဏ်ကိုလဲမကျင့်သုံးတော့ပါဘူး)

သူတို့ကို ရာဇဝတ်ခုံရုံးတင် ပြစ်ဒဏ်တွေ
ချမှတ်လိုက်ရင်

တရားမျှတမှု ရသွားမလား

တရားစီရင်ရေးဆိုတာ ကလဲ့စားခြေတာ မဟုတ်ဘူး

ဆိုတာကိုလဲ သဘောပေါက်သင့်တယ်

ဒီတော့ စစ်မှန်တဲ့ တရားမျှတတဲ့ တရားစီရင်ရေးဟာ
ဘုရားသခင်ထံကသာရနိုင်မယ် လို့

ကျနော်ယုံကြည်ပါတယ်

နောက်တခုက
အပေါ်က ပြစ်မှုတွေကို ကျူးလွန်ခဲ့တာ ထိပ်ဆုံးက
ခေါင်ဆောင်တွေချည်း သက်သက်လား ဆိုတော့
မဟုတ်ဘူး
သူတို့ကို ရာထူးတာဝန်ပေးခဲ့တဲ့သူတွေ
သူတို့လုပ်ရပ်ကို ထောက်ခံ အားပေးခဲ့သူတွေ
သူတို့ရာဇဝတ်မှုကျူးလွန်တာကို ဖုံးဖိပေးခဲ့သူတွေ
သူတို့ကို အကာအကွယ်ပေးခဲ့သူတွေ
သူတို့ကို စိတ်ဓာတ်ရေးရာအရ/ငွေရေးကြေးရေးအရ/
ရပ်တည်မှုအရ
အားပေးအားမြှောက်ပြုခဲ့သူတွေအားလုံးဟာ

တရားခံတွေပါပဲ

တရားရုံးအတင်မခံရပေမဲ့
လူ တရားသူကြီးတွေရဲ့ စစ်ဆေးမှု/တရားစီရင်မှုတွေ
မခံရပေမဲ့
ဘုရားသခင်ရဲ့ အရေးယူမှုကတော့

ဘယ်သူမှ မလွတ်နိုင်ပါဘူး

ဗုဒ္ဓဘာသာ အလိုသဘောအရ

သံသရာမှာ အကြွေး ဆပ်ကြရမှာပါ

လူမှုပတ်ဝန်းကျင်မှာ
အပြစ်ရှိသူ လူတိုင်းလူတိုင်းကို
စွတ်စွဲပြောဆိုဖို့

ပြစ်တင် ရှုံ့ချဖို့ မတတ်နိုင်ပေမဲ့

အနာဂါတ် မြန်မာနိုင်ငံမှာ
လူမှုရေး/စီးပွားရေး/နိုင်ငံရေး လောကတွေမှာ
ရှေ့ထွက်လာသူတိုင်း/နာမည်ကြီးလာသူတိုင်းဟာ
ဂျီနိုဆိုဒ် အချိန်ကာလက
ဘာတွေလုပ်ခဲ့တယ်/ဘာတွေပြောခဲ့တယ်/
ဘယ်ဘက်က ရပ်တည်ခဲ့တယ် ဆိုတာတွေကို
ဆန်းစစ် အဝေဖန်ခံရလိမ့်မယ် ဆိုတာကိုတော့

သိထားသင့်တယ်

အဓိကပြောချင်တာက
တရားမျှတမှုရဖို့ဆိုတာ
စစ်တပ်လုပ်ရပ်ကို ထောက်ခံ အားပေး
ဖုံးဖိခဲ့တဲ့သူတွေ
ရာဇဝတ်တရားခံတွေနဲ့အတူ ရပ်တည်ခဲ့သူ
အားလုံးဟာ
တိုင်းရင်းသားလူနဲစုတွေ/ခရစ်စယန်တွေ/
မွတ်စလင်တွေအပေါ်
မိမိအသိစိတ်နဲ့မိမိ ကိုယ်ချင်းစာစိတ်နဲ့
ကျိုးနွံစွာ ဆက်ဆံကြခြင်းဖြင့် ဖြည့်ဆည်းပေးရ
လိမ့်မယ်
အမှားဝန်ခံမှုတွေ လုပ်ကြရလိမ့်မယ်

(အမျိုးသားရင်ကြားစေ့ရေးကိုလိုလားတယ်ဆိုရင်ပေါ့)

နောက်မျိုးဆက်တွေလက်ထက်မှာတော့
တရားမျှတမှုကို ရရှိပြီလို့ လက်ခံလာနိုင်လိမ့်မယ် လို့

မြင်မိပါတယ်

(ဒါတောင် မင်းဘိုးဘွားတွေက ငါတို့ ဘိုးဘွားတွေကို
ဘယ်လို လုပ်ခဲ့ကြတာပါ ဆိုတာမျိုးတွေ ကြားရဦးမှာ
အသေအချာပါ)

Maung Maung

ပြစ်မှုနဲ့ စွဲချက်


အမှုအခင်းတခုဖြစ်ပြီဆိုရင်
ပထမသတင်းပေးတိုင်ကြားချက် က

သိပ်အရေးကြီးပါတယ်

ရာဇဝတ်မှုတွေထက် တရားမမှု တွေဟာ

တရားစွဲစတင်ဆိုတဲ့ Ground အရေးကြီးပါတယ်

ဒီကနေ့ လူပြောများနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး

အကြောင်း နဲနဲလေးပြောချင်ပါတယ်

Genocide ပြစ်မှု ကျူးလွန်မိသွားပြီလို့
နိုင်ငံတကာက စွတ်စွဲ ပြစ်တင်ပြီး
ရာဇဝတ်တရားခံတွေကို

နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲဆိုမှာပါ

ဒီကနေ့ကြားသိရတဲ့ သတင်းစကားတွေအရ
ဒေါ်စုကိုယ်တိုင် အရေးယူခံရလိမ့်မယ်ဆိုတာတွေလဲ

ကြားသိနေရပါတယ်

ဒေါ်စုက လူတွေကို တိုက်ခိုက်ရှင်းလင်းပစ်ဖို့

အမိန့်ပေးခဲ့တဲ့ အသံဖိုင်ရှိတယ်လို့လဲ ကြားသိရပါတယ်

ဒီလျှို့ဝှက်အသံဖိုင်ဟာ စစ်တပ်ကနေ AI အဖွဲ့ကို

ပေးအပ်ခဲ့တာလို့သိရပါတယ်

ဒီနေ့ဒီအချိန်မှာ စစ်တပ်လက်ထဲကလာတဲ့အသံဟာ

ဒေါ်စုအသံအစစ်အမှန်လို့ ယုံကြည်ဖို့ ခဲယဉ်းပါတယ်

ဒါပေမဲ့ ခေတ်မှီနည်းစနစ်တွေနဲ့ စုံစမ်းဖော်ထုတ်နိုင်တဲ့

နိုင်ငံတကာလက်ထဲမှာ အဖြေမှန် ထွက်လာမှာပါ

ကျနော့်အနေနဲ့တော့ လူတွေကို တိုက်ခိုက်ရှင်းလင်းပစ်
ဖို့ နှုတ်အမိန့်ပေးရလောက်အောင် ဒေါ်စု ပညာမမဲ့ဘူး

လို့ယုံကြည်ပါတယ်

ဒါပေမဲ့ ဒေါ်စုအပြစ်မရှိဘူးလို့ ဆိုလိုတာတော့

မဟုတ်ပါဘူး

သို့သော် ဒေါ်စုကို Genocide အစုလိုက်အပြုံလိုက်
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပုဒ်မတွေနဲ့

(စစ်ဗိုလ်ချုပ်တွေနဲ့တန်းတူ) စွဲချက်တင်လို့ မရနိုင်ပါဘူး

ဒေါ်စုကို စွဲချက်တင်ရမဲ့အမှုတွေက(OMISSION OF DUTY)(COMMAND RESPONSIBILITY)တွေနဲ့စွဲဆိုရမှာပါ

ဒီကနေ့ ဖြစ်ခဲ့သမျှအဖြစ်အပျက်တွေအတွက်
တာဝန်ရှိမှု/တာဝန်ခံမှု/တာဝန်ဝတ္တရားပျက်ကွက်မှု/
အကာအကွယ်ပေးရန် ပျက်ကွက်မှု အားလုံးဟာ

ရာဇဝတ်ပြစ်မှုထဲမှာ အကျုံးဝင်သွားမှာပါ

ဒါတွေက ဘော်လီဘောပုတ်သလို တယောက်နဲ့

တယောက် လွှဲချလို့ မရပါဘူး

ဥပမာ
တနေ့က ကာချုပ် ဗလီတွေကိုလာရင်းပြောခဲ့သလို
ဗလီတွေပိတ်ထားတာ သူနဲ့မဆိုင်ပါဘူး

အစိုးရနဲ့ပဲဆိုင်ပါတယ် ဆိုတာမျိုးပေါ့

အစိုးရကို ပြောပြန်ရင်လဲ
စစ်တပ်မွေးထားတဲ့ မဘသတွေ ဖိအားပေးလို့/
သူတို့အုံကြွလာမှာ ကြောက်လို့
ရဲကိုအမိန့်ပေးမရလို့
ထွေအုပ်ကို မနိုင်လို့
ရဲနဲ့ထွေအုပ်က စစ်တပ်လက်အောက်မှာရှိနေလို့
နယ်/လုံ ဝန်ကြီးက ကာချုပ်က ခန့်ထားတာမို့လို့
………ဆိုတဲ့ အကြောင်းပြချက်တွေ

ကြားရဦးမှာပါ

နိုင်ငံတနိုင်ငံကို အုပ်ချုပ်တဲ့သူအတွက်
ဘယ်လိုနည်းနဲ့မှ ခွင့်ပြုလို့မရနိုင်တဲ့ ဆင်ခြေတွေပဲ

ဖြစ်ပါတယ်

ဒေါ်စုဟာ သမ္မတ အထက်က နေမယ် လို့
ကျွေးကျော်ခဲ့သလို
တကယ်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့

ရာထူးကို ရယူပြီး သမ္မတ အထက်ကနေခဲ့တာပါ

BUCK MUST STOP AT THE TOP
ဆိုသလိုပဲ
အရာအားလုံးဟာ ထိပ်ဆုံးလူထံမှာ အဆုံးသပ်ပါတယ်
တာဝန်ရှိမှု/တာဝန်ခံမှု/တာဝန်ပျက်ကွက်မှု
အားလုံးဟာ အဆင့်အလိုက် တာဝန်ရှိကြသလို

နောက်ဆုံးဒေါ်စုထံမှာ အဆုံးသပ်ပါတယ်

ဒေါ်စုမှာ ISLAMOPHOBIA ဘယ်လောက်ရှိရှိ
ရာဇဝတ်မှုခင်းကြီးတွေ ဖြစ်နေတာကို သူ တားဆီးဖို့
တာဝန် ရှိပါတယ်
သူမရဲ့အမိန့်ကိုနာခံသည်ဖြစ်စေ/မနာခံသည်ဖြစ်စေ
သူမ တားမြစ်ခဲ့ရပါ့မယ်

သူမ မတားခဲ့ပါဘူး

မတားခဲ့တဲ့အပြင်
စစ်တပ်ကိုပဲ လိုက်လိုက်လျောလျော ဆက်ဆံပြီး

အကာအကွယ်ပေးခဲ့ပါတယ်

သမ္မတဦးသိန်းစိန် လက်ထက်က
ဦးသိန်းစိန်ကိုယ်တိုင်က ပြသနာတွေကို ကိုင်တွယ်
ဖန်တည်းနေတဲ့ နောက်ကွယ်က လက်မဲကြီး ရှိတယ်

ဆိုတာကို တရားဝင်ပြောခဲ့ဘူးပါတယ်

တကယ်တော့
နောက်ကွယ်က လက်မဲကြီးဆိုတာဟာ

စာဖတ်နေသူကြီးသာ ဖြစ်ပါတယ်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို
နှိပ်ကွပ်ခဲ့မှုကြောင့်
နိုင်ငံတကာက အရေးယူတော့မဲ့
အခြေအနေကိုမြင်လို့
ကလာကာကြားဝင်သွားတဲ့ ဦးသန်းရွှေဟာ
မြန်မာ့နိုင်ငံကို ကြိုးကိုင် ပဲ့ပြင် ထိန်းကျောင်း

မောင်းနှင်နေတုန်းပါပဲ

ဒေါ်စုဟာ
နောက်ကွယ်က လက်မဲကြီးကို ဖော်ထုတ်ဖို့လဲ

ပျက်ကွက်ခဲ့ပါတယ်

အချို့ ဝေဖန်သူတွေ အဆိုအရ
သူကိုယ်တိုင် စာဖတ်သူကြီးရဲ့ ဇာတ်ကွက်တွေထဲမှာ

ကနေရသူလားလို့ ထင်မြင်မိပါတယ်

ဒီကနေ့ နိုင်ငံတကာရဲ့ တရားခံစာရင်းမှာ
ဦးသန်းရွှေတယောက်ပါမလာသေးပါဘူး

(နောက်မှ နောက်တိုးတရားခံအဖြစ်ပါလာလိမ့်မလား?)

မည်သို့ပင် ဆိုစေကာမူ
ဒေါ်စုဟာ GENOCIDE တရားခံအဖြစ်
စွဲချက်တင်မခံရနိုင်ပေမဲ့
တာဝန်ရှိမှု/တာဝန်ခံမှု/တာဝန်ဝတ္တရားပျက်ကွက်မှု
တွေနဲ့ စွတ်စွဲ စွဲချက်အတင်ခံရမှာကတော့

အသေအခြာဖြစ်ပါတယ်

မောင်မောင်(ရွှေကရဝိက်)