ယူကရိန်းအပေါ် နိုင်ငံတကာ တုန့်ပြန်မှုတွေ၊​ ပံ့ပိုးမှုတွေက အားရစရာ ကောင်းတာ တွေ့ရတယ်။ ဒီမှာ ကိုယ်တွေ ဗမာ အများစုက မချိတင်ကဲ ဖြစ်ရတယ် – တို့တွေကျတော့ အဲဒီ အကူတွေ မရပါလား

Wai Phyo Myint

ယူကရိန်းအပေါ် နိုင်ငံတကာ တုန့်ပြန်မှုတွေ၊​ ပံ့ပိုးမှုတွေက အားရစရာ ကောင်းတာ တွေ့ရတယ်။ ဒီမှာ ကိုယ်တွေ ဗမာ အများစုက မချိတင်ကဲ ဖြစ်ရတယ် – တို့တွေကျတော့ အဲဒီ အကူတွေ မရပါလားတို့ – ငါတို့ကျတော့ ဘယ်သူမှ မကူကြပါလားဆိုတဲ့ ပိုစ့်တွေ တွေ့ရပါတယ်။ ဘာကြောင့် သူတို့ကျ တော့ ကူပြီး ကိုယ်တွေကျ တော့ မကူလည်း ဆိုတာ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး ဖြစ်နိုင်ပါတယ်။
ဒီမှာ တလွဲ ဆံပင်ကောင်းပြီး သူများအတွက် ဆုတောင်းပေး မနေနဲ့တို့ ပူ ပေး မနေနဲ့တို့ ၊​ စစ်ရှောင်ချင်းတောင် တူတာ မဟုတ်လို့ ကိုယ့်အကြောင်းကိုပဲ​ အာရုံစိုက် ဆိုတဲ့ ပို့စ်တွေ လည်း အများကြီး တွေ့ရတယ်။​
ကိုယ်တွေကတော့ တစ်ခုပဲ – ယူကရိန်းကိုတော့ လုပ်ပေးပြီး ကိုယ်တွေကို လုပ်မပေးရကောင်းလားဆိုတဲ့ သူများကို အပြစ် တင်ဖို့ထက် – ကိုယ်တွေနိုင်ငံက – ကိုယ့်ဆီမှာရော သူများဆီမှာပါ လူသားတန်ဖိုးတွေ၊ လူအခွင့်အရးတွေနဲ့ ပတ်သက်ရင် အလေးထားတယ်ဆိုတဲ့ မူနဲ့ ခိုင်မာနဲ့ ရပ်တည်ချက် ပိုပြဖို့လိုတယ်လို့ မြင်ပါတယ်။ ကျန်တာကတော့ အဲဒီ မှန်ကန်မှုပေါ် အရင်းတည်ပြီး ကောင်းမွန်တဲ့ strategy တွေ နိုင်ငံခြားရေး ပေါ်လစီတွေ ချိတ်ဆက် လုပ်ဆောင်သွားရမယ် လို့ပဲ​မြင်ပါတယ်။
အခုက သူများကိုတာ အပြစ်သွားတင်တဲ့ ပို့စ်တွေမှာ – ကိုယ့်ဒုက္ခတာ ဒုက္ခလို့ မြင်ပြီး – လူသားတန်ဖိုးအပေါ် အလေးထားမှုနဲ့ လူ့အခွင့်အရေးတွေ မယိုင်မလဲ အလေးထားတဲ့ မူကြတော့ ချိတ်ဆက် တိုက်တွန်းနေကြတာ သိပ် မတွေ့ရဘူး။
လက်ရှိ မြန်မာပြည်က စစ်တပ်က racist အကြမ်းဖက် စစ်တပ်ဆိုတာ တကမ္ဘာလုံးသိတယ်။ မသိခဲ့တာ – NLD အစိုးရလက်ထက်မှာ ဒေါ်စုနဲ့ we stand with တွေ။ သူတို့ရဲ့ ကောင်းမှုနဲ့​ အရင်က မတရားမှုကို တော်လှန်တဲ့ လူမျိုးအဖြစ် အများသိရာကနေ – ရိုဟင်ဂျာ အရေးမှာ အကြမ်းဖက်စစ်တပ်ကို ထောက်ခံခဲ့တဲ့ racist အစိုးရ၊ မျက်မှောက်ခေတ်မှာ racist လူမျိုး၊​ racist နိုင်ငံဆိုပြီး ကိုယ့်တိုင်းပြည်ရဲ့ နာမည်က ကမ္ဘာအမြင်မှာ မြောင်းထဲ ရောက်သွားခဲ့တာ။​
အတိတ်သမိုင်းမှာ ကျူးလွန်ခဲ့တဲ့ racist တွေ အစိုးရတွေကိုတောင် correct culture လုပ်နေချိန်မှာ မျက်မှောက်ခတ်မှာ လောလောလတ်လတ် သန်းနဲ့ ချီပြီး တစ်နိုင်ငံလုံး လူသတ်အားပေး ခွဲခြားမှုကို ပြောင်ပြောင်ကြီး ထောက်ခံခဲ့တဲ့ လူမျိုး၊ နိုင်ငံကိုတော့ ဘယ်သူမှ မေ့မှာ မဟုတ်ဘူး။
(အဲဒါကို အလေး မထားတဲ့ သူတွေသာ ပေါ့ပေါ့လေး တွေးတာ။)
မေ့အောင်ရော – ကြေအောင်ရောက ဘာတွေ လုပ်ပြီးကြပြီပြီးလဲ၊​ခင်များတို့ရဲ့ လူသား တန်ဖိုးတွေ၊​ လူအခွင့်အရေး အလေးထားပါတယ် ဆိုတာကို ကိုယ်တိုင်လည်း ကျင့်သုံးပါတယ် – အများကိုလည်း တိုက်တွန်းပါတယ်ဆိုတာ – ဘယ်မှာ မြင်အောင် ပြပြီး – ကျင့်သုံး နေကြပါသလဲ။​ (ဒါက victim ကို blame တာဆိုတဲ့ ပုံစံမျိုး လာမပြောနဲ့အုံး – ခင်များတို့ အပေါ်ဆီး ရောက်ချိန်မှာ နိမ့်သူရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ လိုတာ နားလည်ပြီး ခိုင်ခိုင်မာမာ လက်ခံ ကျင့်သုံး နေကြပြီလား။​ အခု တော်လှန်ရေး ကာလမှာ တောင် နမူနာတွေမှ အများကြီး ပဲ။ )
ကိုယ်ဒုက္ခ ရောက်ချိန်မှာ ကိုယ့်ကို မကူ၊ မထောက်ခံတဲ့သူ၊​ မထောက်ခံတဲ့ နိုင်ငံ ထိုင်ဆဲ – ခင်များတို့ မကူတာ မှတ်သားထားပါတယ် လုပ်ရုံနဲ့ တော့ တိုင်းပြည်ရဲ့ မြောင်းထဲ ရောက်နေတဲ့ နာမည် ဆယ်ဖို့၊​ လူအခွင့်အရေး လေးစားတဲ့ နိုင်ငံ တရားမျှတမှုကို ကိုယ်တိုင်လည်း ကျင့်သုံး အများအတွက်လည်း တောင်းဆိုတဲ့ နိုင်ငံ တစ်ခု အဖြစ် နိုင်ငံတကာ လေးစားမှု မရနိုင်ပါဘူး။
နိုင်ငံတကာ လေးစားလည်း အကူအညီတော့ မရနိုင်ပါဘူးလို့ ငြင်းကောင်း ငြင်းနိုင်ပါတယ်။ သို့သော် ကိုယ့်ဖက်ကတာ မှန်ရင် ကျွန်မတို့ တော်လှန်ရေး ရဲ့ ခိုင်မာမှုကို ဘယ်သူမှ ငြင်းလို့ မရသလို မေးခွန်း ထုတ်လို့လည်း မရပါဘူး။​ နိုင်ငံတကာ မပြောနဲ့ ကိုယ်တွေတောင် အခုချိန်ထိ အများစုရဲ့ တော်လှန်ရေးကို မေးခွန်းထုတ်ဆဲပါ – တကယ်ပဲ ကျွန်မတို့ အများစုက တရားမျှတမှု ကိုယ့်အတွက်ရော၊​ သူများအတွက်ရော ရချင်လို့ တော်လှန်ကြတာ ဟုတ်ရဲ့ လား ကိုယ့်လိပ်ပြာ လုံလုံနဲ့ ဖြေနိုင်ကြပြီလား ဆိုတာ။​​ အဲဒါကို သူများကို အပြစ်မြင်ဖို့ အပြစ်ဖို့ပို့ထက် ကိုယ့်တာကိုယ်တာ လုံအောင်၊ ကိုယ့်တော်လှန်ရေးကိုတာ အချိန်တိုင်း မှတ်ကျောက် အတင်ခံနိုင်အောင် လုပ်ကြဖို့သာ ရှိတယ်လို့ မြင်ပါတယ်။
(ဒီအတွက် ကိုယ်တိုင်လည်း ကျင့်ကြံပြီး၊ အများအတွက်လည်း ပြောဆိုရပ်တည်ပေးနေတဲ့ လုပ်ရပ်မှန်သမျှနဲ့ လုပ်နေတဲ့ အဖွဲ့တိုင်း တစ်ဦးချင်းစီတိုင်းကိုလည်း လေးစားပါကြောင်းပါ ထည့်ပြောအပ်ပါတယ်။​)

If there is a will, there is a way to take action by UN members on Russia for invading and starting a war in Ukraine

Under the resolution 377A(V), “Uniting for peace”, adopted by the General Assembly on 3 November 1950, an “emergency special session” can be convened within 24 hours:

READ ALSO IN WIKIPEDIA @ United Nations General Assembly Resolution 377

If the Security Council, because of lack of unanimity of the permanent members, fails to exercise its primary responsibility for the maintenance of international peace and security in any case where there appears to be a threat to the peace, breach of the peace, or act of aggression… (NOTE: This is fulfilled now.)

(NOTE: Can take action, compare with the present RUSSIAN invasion) General Assembly shall consider the matter immediately with a view to making appropriate recommendations to Members for collective measures, including in the case of a breach of the peace or act of aggression the use of armed force when necessary, to maintain or restore international peace and security.

Even IF not in session at the time, the General Assembly may meet in emergency special session within (24 hr notice only needed) twenty-four hours of the request therefor. ..

Such emergency special session shall be called if requested by the Security Council on the vote of any seven (7 members only needed) members, or by a majority of the Members of the United Nations.

လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ် ဘာသာပြန်- Dr သန်းထွန်း

လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ် ဘာသာပြန်- Dr သန်းထွန်း

လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ်

လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ်
ဘာသာပြန်- Dr သန်းထွန်း
Pacific Ba Thein
Febp8ruanryor 6m7ft22i, 2401a192 ·

လူ့သမိုင်းမှာ တန်ခိုးသြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် (သို့) တမန်တော် မုဟမ္မဒ် (ဘာသာပြန်- Dr သန်းထွန်း)

Michael H. Hart ၏ the 100 a ranking of the most influential စာအုပ်ကို ဒေါက်တာ သန်းထွန်း ဘာသာပြန်ဆိုသော ကျော်စွာ ၁ဝဝ စာအုပ်မှ ဖြစ်ပါသည်။
မူရင်းစာရေးဆရာ၏ လူပုဂ္ဂိုလ်များ စီစဉ်ဆုံးဖြတ်ပုံ
၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့် လာရပါသလဲ
၂) ဒီလူရဲ့ အစွမ်းနဲ့လူတွေဘယ်လောက်များများအကျိုးခံစားရသလဲ
၃) ဒီလူ့ကျေးဇူးကို လူတွေဘယ်လောက်ကြာကြာ ခံစားရပါသလဲ။
အဲ့ဒီမေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲ့ဒီလိုလုပ်ပုံကို ကျွန်တော်ကြိုက်တယ်။ ဒါပဲ သမိုင်းနည်းလမ်းကျတယ်။ ဒါကြောင့် ကျော်ကြားတဲ့တခြားစာအုပ်တွေ မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကျတော့မှ မြန်မာဘာသာပြန်မိပါတယ်။ (ဒေါက်တာသန်းထွန်း အမှာစာမှ)
မူရင်း စာအုပ်မှ လူပုဂ္ဂိုလ်များအစီအစဉ်မှ
၁။ မိုဟမ္မဒ်
၂။ အိုင်းဆက် နယူတန်
၃။ သခင်ယေရှု ဂျေစပ်ခရိုက်စ်
၄။ ဗုဒ္ဓ
၅။ ကွန်ဖြူးရှပ်
မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လဲ အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွယ်လို့ မေးခွန်းထုတ်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
အညတြအနေက ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေတယ်။ အင်မတန် တန်ခိုးသြဇာ ရှိတဲ့ နိုင်ငံရေးခေါင်းဆောင် လည်း ဖြစ်ခဲ့တယ်။ ကွယ်လွန်ခဲ့တာ အနှစ်တစ်ထောင့်သုံးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ သြဇာကြီးမား ရှင်သန်လျက်ရှိပါသေးတယ်။
ဒီကျမ်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ် အများစုဟာ နိုင်ငံရေးအရ ဆုံလည်လို့ အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှု ဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာပဲ မွေးဖွားခဲ့တဲ့ အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မုဟမ္မဒ်ကို အဲဒီအခါက စာပေကျမ်းဂန်၊ အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတက်တဲ့ အာရေဘိယ (Arabia) တောင်ဘက် မက္ကာ (Mecca) မှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ကလေးဖြစ်ရရှာပါတယ်။ အစ္စလာမ် (Islam) အစဉ်အဆက်ပြောစကားအရ စာမတတ်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာကြွယ်ဝတဲ့ မုဆိုးမနဲ့ အိမ်ထောင်ကျလို့ အနေအစားချောင်လည်လာပါတယ်။ ဒါပေမယ့် အသက်လေးဆယ်အထိသူ့ကို နောင်ထင်ရှားကြီးကျယ်မယ်လို့ ဘယ်သူမှ ထင်မှတ်ကြမယ် မဟုတ်ပါ။
ဟိုတုန်းက အာရပ် (Arab) အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာမှာ ဂျူး (Jew) နဲ့ ခရစ်ယာန် (Christian) လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းဘုရား၊ တန်ခိုးအကြီးဆုံးဘုရား ရှိတယ်လို့ ပြောဟောတာကို နာယူခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား (Allah) က တမန်တော်ကြီး ဂေဗရီယယ် ( Angel Gabriel) က တစ်ဆင့်အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။
အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သင်္ဂဟကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ အေဒီ (၆၁၃) လောက်မှာ လူအများကို တွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့လူ တဖြည်းဖြည်းများလာတဲ့အခါ မက္ကာ (Mecca) ကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မျို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်လိုက်တယ်။ အဖမ်းအချုပ်လွတ်အောင် (၆၂၂) ခုနှစ် မှာ မက္ကာကမြောက်ဘက် မိုင် (၂၀၀) ကွာ မဒီနာ (Medina) ကိုပြေးခဲ့ရတယ်။ မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့်ရရှိသူ တစ်ဦးဖြစ်လာပါတယ်။
တိမ်းရှောင်တာကို ဟီဂျရာ (Hegira) ခေါ်ပါတယ်။ အဲဒီလို့ တိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘဝမှာ အတက်တကွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင့်အတင့်ရှိခဲ့ပါတယ်။ မဒီနာမှာ နောက်လိုက်တွေပေါများပြီး ဘုရင်တစ်ဆူလို ကြီးမြင့်လာခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ခြွေရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာ နဲ့ မက္ကာစစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ ခုနှစ်မှာ မက္ကာကို စစ်အောင်နိုင်သူအဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ (Arab tribes ) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ (၆၃၂) ခုနှစ် အခါမှာ တောင်ဘက် အာရေဘိယ တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
အာရေဘိယရဲ့ ဗဒူအင် (Bedouin) လူမျိုးစုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့ စစ်သည်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီညွတ်လို့ နှစ်ဦးနှစ်ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေ ဆင်နွှဲနေကြလို့ သူတို့ရဲ့မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ ဒါပေမယ့် မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတလျှောက်မှာ အခုလိုညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သော ဘုရား (God) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရဗ် (Arab) တပ်ငယ်ကလေးတွေဟာ လူ့သမိုင်းမှာ အင်မတန်အံ့သြစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ သာလွန်အောင်မြင်တဲ့ ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။ အာရေဘိယရဲ့ အရှေ့မြောက်မှာ ဆက်စနစ် (Sassanids) တွေရဲ့ ပါရှန်အင်ပိုင်ရာသစ် (Neo-Persian Empire) ရှိတယ်။ အနောက်မြောက်မှာ ကွန်စတန်တီနိုပယ် (Constantinople) ကို ဗဟိုပြုတဲ့ ဗိုင်ဇန်တိုင်း (Byzantine) ခေါ်တဲ့ အရှေ့ရောမအင်ပါယာရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောကြမယ်ဆိုရင် ဒီရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှု နှိူးဆွထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ ဆီးရီးယား (Syria)၊ နဲ့ ပါလက်စတိုင်း (Palestine) တို့ကို သိမ်းယူနိုင်ခဲ့တယ်။ အီဂျစ် (Egypt) ကို (၆၄၂) မှာ ဗိုင်ဇန်တိုင်း အင်ပါယာထဲက ဖဲ့ယူပြီး ပါသျှ (Persia) တပ်တွေကို (၆၃၇) ကာဒီဆီးယား (Qadisiya) စစ်ပွဲနှင့် (၆၄၂) နေဟဗင် (Nehavend) စစ်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပဲ။ ဒီပွဲနှစ်ပွဲနိုင်ရင် ကျန်ပွဲတွေဟာ မမှုလောက်တော့ဘူးလို့ ဆိုရမယ့် ပွဲတွေပါပဲ။
မုဟမ္မဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး မုဟမ္မဒ်ကို ဆက်ခံသူ တွေဖြစ်တဲ့ အဗူဗကရ် (Abu Bakr) နဲ့ အိုမရ် အိဗ်နေ့ အလ်ခတ္တဗ် (Umar ibn Al Khattab) တို့က ကြီးမားလှတဲ့ အောင်မြင်သိမ်းပိုက် ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်တိုးတက်ကြီးပွားရေးဟာ မရပ်သေးဘူး အာရပ်တပ်မကြီးတွေဟာ မြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေအထိ (၇၁၁) ခုနှစ်မှာ နယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက် မြောက်ဘက်ကို ဦးတည်ပြီး ဂျီဘရော်တာ (Gibraltar) ရေလက်ကြားကိုဖြတ် စပိန် (Spain) က ဗီစီဂေါ့သ် (Visgothic) နိုင်ငံကို လွှမ်းမိုးလိုက်သေးတယ်။
ဥရောပရဲ့ ခရစ်ယာန်နိုင်ငံတွေအားလုံးကို မူစလင် (Muslim) က ဝါးမျိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲဆဲဖြစ်ပြီးမှ (၇၃၂) ခုနှစ်မှာ နာမည်ကျော် တိုး (Tours) ပွဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နေပြီဖြစ်တဲ့ မူဆလင်တပ်တွေကို ဖရန့်စ် (France) တွေက နိုင်လိုက်ပါတယ်။ ဒီလို တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဲဒါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုအောင်ပွဲတွေအကြာအရှည် တည်မြဲတယ်လို့တော့ မဆိုနိုင်ပါ။ တမန်တော် (Prophet) ရဲ့အယူကို ဆက်လက်ခံယူတယ်ဆိုပေမယ့် အာရပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ စပိန်မှာဆိုရင် အနှစ် (၇၀၀) ကျော်ကြာအောင် တိုက်ကြပြီးမှ ခရစ်ယာန် အယူရှိသူတွေက ကျွန်းဆွယ်တစ်ခုလုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ် မှာလိုပဲ အာရပ်နိုင်ငံဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလည်း ဒီအတိုင်းပဲတွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုသစ်ဟာ အဲဒီနောက် ရာစုနှစ်ပေါင်းများစွာ မလွဲဧကန် ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်။ စတင်ထွန်းကားရာဒေသကနေ အများကြီးဝေးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အာရှအလယ်ပိုင်း တွေမှာ ယုံကြည်သူ သန်းပေါင်းများစွာရှိသလို ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနီးရှားမှာ ပိုလိုတောင်များသေးတယ်။ အင်ဒိုနီးရှားဆိုရင် အားလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မူဆလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။
မုဟမ္မဒ်ကို လူ့သမိုင်းမှာ သြဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘဝလမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရားခေါင်းဆောင်တွေကို ထိပ်တန်းကတင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်ယာန်သာသနာဝင် လူဦးရေက မူစလင်လူဦးရေထက် နှစ်ဆလောက်များနေတယ်ဆိုပေမယ့် မုဟမ္မဒ်က ယေရှူ (Jesus) ထက်သာတယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်၊ ဟုတ်ပါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့ အကြောင်းအချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က အစ္စလာမ် ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြန့်ဖို့ ဂျေစပ် (Jesus) တာဝန်ယူပြီးဆောင်ရွက်ပုံထက် အများကြီးထိရောက်ပါတယ်။ လူဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓာန သဘောတရားတွေမှာ ခရစ်ယာန်အယူဝါဒက ဂျူးဝါဒီ (Judaism) နဲ့ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်ကတာဝန်ခံ ဟောပြောခဲ့ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကျမ်းကို အရင်းမူလကျနအောင် ဖော်ထုတ်ပြီး ပျံ့နှံ့စေတာ ဓမ္မသစ် (New Testament) ရဲ့ အခန်းပေါင်းများစွာကိုရေးတာ၊ မူလဂျူးဝါဒနဲ့ ပိုပြီးပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာ စိန်ပေါလ် (St. Paul) ဖြစ်ပါတယ်။
အစ္စလာမ်ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ်ဖြစ်တယ်။ အယူဝါဒသစ်ကို ရှေးအယူနဲ့ညှိူပေးတဲ့ နေရာမှာလဲ ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာမ်ယုံကြည်မှု ကျင့်စဉ်ကို တီထွင်သူလဲဖြစ်တယ်။ မူဆလင် ကျမ်းစာဖြစ်တဲ့ ကိုရန် (Koran) ဆိုတာကလဲ အထက်ကောင်းက နှိူးဆော်တဲ့အတိုင်း ပြောတာပဲလို့ သူကိုယ်တိုင်ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်ကျနအောင် ရေးပေးသူလဲဖြစ်တယ်။ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်ထင်ရှားရှိစဉ်ကပဲ ရေးသားကူးယူကြပြီး မုဟမ္မဒ်ကွယ်လွန်ပြီး မကြာမီမှာပဲ မူရင်းမူမှန်ဆိုတဲ့ ကျမ်းအနေအထားရောက်အောင် ရေးသားခဲ့ပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေကို အမှန်အကန်ဆုံးဖော်ပြတယ်။ သူ့နှူတ်မြွက်စာကားတွေအတိအကျဖြစ်တယ်လို့ဆိုရပါမယ်။ ခရစ်တော် (Jesus Christ) ရဲ့စကားကို အတိအကျ မှတ်သားချက်မကျန်ခဲ့ပါ။ မူစလင်တွေမှာ ကိုရန်ဟာ အရေးပါအရာရောက်သလို ခရစ်ယာန်သာသနာဝင်တွေမှာလဲ သမ္မာကျမ်း (Bible) ဟာအရာရောက်ပါတယ်။ ကိုရန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့သြဇာကြီးမားပုံဟာ ခရစ်ယာန်သာသနာမှာ ဂျေစပ်ခရစ် နဲ့ စိန်ပေါလ်နှစ်ဦးပေါင်းရဲ့ သြဇာကြီးမားပုံထက်ပိုပါတယ်။ သာသနာသက်ဝင် ယုံကြည်မှုအဆင့်နဲ့ပြောရရင် သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ်မှာ လွှမ်းမိုးမှုဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင်တူဖြစ်မယ် ထင်ပါတယ်။
အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူတဲ့) မုဟမ္မဒ်ဟာ ယုံကြည်မှုခေါ်င်းဆောင်ဖြစ်သလို လူမှုခေါ်င်းဆောင်လည်းဖြစ်တယ်။ အာရပ်တွေရဲ့ နယ်မြေသိမ်းယူ အောင်မြင်သူတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။ ခေတ်အဆက်ဆက် သြဇာအကြီးဆုံးနိုင်ငံရေး ခေါ်င်းဆောင်ဖြစ်ပါတယ်။
အဖိုးတန်တဲ့ သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မပါပေမယ့်လဲ သူ့အလိုအလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ) ဆိုင်မွန်ဗော်လီးဗား (Simon Boliviar) လို လူမျိုးမွေးဖွားပေါ်ပေါ်က်ထွက် မလာပေမယ့်လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ်လပ်ရေးရကြမှာ ဖြစ်ပါတယ်။ အာရပ်တွေ နယ်ပယ်အများကြီး သိမ်းနိုင်တာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။ မုဟမ္မဒ် မပေါ်ခင်ကလဲဒါမျိုး မရှိခဲ့ဖူးဘူး။ သူမပါဘဲနဲ့ ဒါမျိုးဖြစ်မယ်လို့ အကြောင်းပြစရာမရှိပါ။ လူသမိုင်းမှာ နှိူင်းယှဉ်စရာ တစ်ခုတော့ရှိဖူးပါတယ်။ တစ်ဆယ့်သုံးရာစုနှစ်မှာ မွန်ဂို (Mongols) တွေ နယ်မြေအများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ အရင်းခံကြီးကြပ်ဆော်သြတဲ့ ဂျင်ဂျစ်ခန်း (Genghis Khan) ကြောင့်ဖြစ်ပါတယ်။ နယ်မြေကျယ်ပြန့်တာက အာရပ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျင်ဂျစ်ခန်း မပေါ်မီကနေမြဲဖြစ်တဲ့ ဇာတိအရပ်မှာပဲ မွန်ဂိုတွေနေကြပါတယ်။ အာရပ်ပိုင်ဆိုင်အုပ်စီးပုံနဲ့ သိပ်ကွာခြားပါတယ်။ အီရတ် (Iraq) ကနေ မော်ရိုကို (Morocco) အထိ အာရပ်နိုင်ငံတွေဟာ သံကြိုးကွင်းဆက်လို ဆက်နေပါတယ်။ အစ္စလာမ်အယူတစ်ခုတည်းကြောင့် ဆက်နေတာမျိုးမဟုတ်ပါ။ အာရပ်ဘာသာစကား၊ အာရပ်သမိုင်းနောက်ခံ၊ အာရပ်ဓလေ့တွေပါ အားလုံးပေါင်းစပ်ယှက်တွဲနေပါတယ်။ မူစလင်အယူဝါဒမှာ ကိုရန် (Koran) က အခရာဖြစ်နေတော့ ကိုရန်ကိုရေးထားတဲ့ ဘာသာ စကားဟာ အာရပ်ဖြစ်တာနဲ့ပဲ အာရပ်ဒေသိကစကား (Dialects) တွေကို ပြီးခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ် စကားပြော မပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ရပါတယ်။ အာရပ်နယ်တွေမှာ အချင်းချင်းကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါလောက်နဲ့လည်းမျက်စိ မလည်ပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်း ညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်။ ဥပမာ အီရန်(Iran) နဲ့ အင်ဒိုနီးရှား (Indonesia) နှစ်နိုင်ငံစလုံးဟာ အစ္စလာမ်အယူတူပြီး ရေနံအထွက်လဲတူပေမယ့် ၁၉၇၃-၇၄ ဆောင်း ရာသီရေနံ မထုတ်ဘဲထားတာမှာ အာရပ်နိုင်ငံအားလုံးပါတယ်။ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကိုလုပ်တာဖြစ်တယ်။ အဲဒါမတော်တဆ တိုက်ဆိုင်တယ်မထင်ပါနဲ့။
အာရပ်တွေရဲ့ ခုနစ်ရာစုနှစ်က တိုက်ခိုက် သိမ်းသွင်းစစ်ဟာ လူ့သမိုင်းမှာ အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရခြင်းဖြစ်ပါတယ်။
ဘာသာပြန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း
B.A.(Hons:), M.A., Ph.D, D.Lit. (London)
အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။
အဖွဲ့ဝင်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။
Pacific BaThein

အစ္စလာမ်အာရဗ်လူ့အဖွဲ့အစည်း

Nay Zin Latt
မိုဟမ္မဒ်ကွယ်လွန်သွားတဲ့အခါ အစ္စလာမ်အာရဗ်
လူ့အဖွဲ့အစည်းဟာ ရုတ်တရက်မိုးပြိုသလိုဖြစ်လာ
တယ်။ဒီအခြေနေကို အဘူဘကရ်ဟာ ထိန်းသိမ်းခဲ့
ပြီး မိုဟမ္မဒ်ရဲ့လမ်းစဉ်ကိုဆက်လိုက်လာတယ်။အဲဒီ
အချိန် အတွင်းကလှိုက်စားပေးမယ့် အင်အားစုတွေ
လည်းရှိနေတယ်။အထူးသဖြင့် အလီချစ်သူအဖွဲ့ဖြစ်
တယ်။မွတ်စလင်အယောင်ဆောင်တွေလည်းကြား၀င်
သွေးခွဲနေကြပြီ။ဒါပေမဲ့ ညီတော်အလီဟာ အဘူဘကရ်
လက်ပေါ်မှာသစ္စာခံလိုက်တာကြောင့်ပြဿနာမကြီးထွား
ခဲ့ဘူး။
အစ္စလာမ်စနစ်ဟာ အစ်ကိုသေရင်ညီတက်တဲ့စနစ်မ
ဟုတ်သလို အစ်ကိုနန်းစံ ညီနန်းရံဆိုတဲ့အထိုင်လည်း
မဟုတ်ဘူး။ဒါဟာ ရောမနဲ့ပါရှန်ရဲ့စနစ်ပဲဖြစ်တယ်။
အကယ်၍သာ ခေလာဖသ် ခေါ်တဲ့ ကိုယ်စားအုပ်ချုပ်
မှုအာဏာကို အလီသာရသင့်ရင် မိုဟမ္မဒ်ဟာ အစော
ကတည်းက ကြိုတင်မိန့်မှာခဲ့မှာသေချာတယ်။ဘာလို့
ဆိုတော့သေးပါချေးယိုကိစ္စအထိလူထုကိုမမေ့မလျော့
မှာခဲ့တဲ့ မိုဟမ္မဒ်ဟာ ဒီလိုလူ့အဖွဲ့အစည်းခေါင်းဆောင်မှု
ဆိုင်ရာကိစ္စကို မေ့မယ်ဆိုရင် ယုတ္တိမရှိဘူး။အရေးရာ
တစ်ခုကို Feelings တွေနဲ့ခံစားကြည့်ရှုရင်အမှန်တရား
နဲ့ဝေးကွာသွားနိုင်တယ်။
အဘူဘကရ် တာ၀န်ယူစ အာရဗ်အင်အားစုငယ်ရဲ့အခြေ
နေကိုကြည့်ရင် နယ်စပ်မှာ အင်ပါယာကြီး၂ခုရှိနေတယ်။
ဒီအင်ပါယာကြီး၂ခုနဲ့လည်းယခင်ကတည်းကကျောင်း
တော်ကရန်စရှိပြီးသား။ပြည်တွင်းမှာ မိုဟမ္မဒ်ကွယ်လွန်
တာနဲ့ တမန်တော်အတုပေါ်လာတယ်။တမန်တော်အတုက
၁ယောက်ပေါ်တာမဟုတ်ဘူး။၄ယောက်တိတိပေါ်လာပြီး
အဘူဘကရ်အစိုးရသစ်ရဲ့အုတ်မြစ်ကို ဖြိုဖို့ကြိုးစားလာ
တယ်။အဲဒီတမန်တော်အတု၄ယောက်က ၁။ဗနီဟနီဖဟ်
မျိုးနွယ်က မို့စိုင်လမဟ်၂။ယမန်မျိုးနွယ်စုက အလ် အပ်
စ်၀ဒ် အန်စီ၃။ဗနီအစားဒ် လူမျိုးစုထဲက တူလိုင်ဟာ ၄။
ဗနီယာဘူလူမျိုးနွယ်စုက စပ်ဂျားဟ် တို့ဖြစ်တယ်။အဲဒီ
ထဲမှာ အပ်စ်၀ဒ်အန်စီ က ပထမဆုံး ပေါ်တယ်။မိုစိုင်လ
မဟ်က ဒုတိယ၊တူလိုင်ဟာက တတိယနဲ့ စဟ်ဂျားဟ်က
နောက်ဆုံးဖြစ်တယ်။မိုဟမ္မဒ်ကွယ်လွန်တာ လပိုင်းပဲရှိ
သေးတဲ့အချိန် တမန်တော်အတုက၄ယောက်တောင်ပေါ်
လာတယ်ဆိုတော့ အဲဒီခေတ်အာရဗ်အခြေနေကိုခန့်မှန်း
လို့ရပြီ။ဒါကြောင့်အဆင့်မြင့်အစ္စလာမ်သမိုင်းဆရာတွေ
က……..”ဖန်ဆင်းရှင်သည်မိုဟမ္မဒ်ကွယ်လွန်ပြီးနောက်
အစ္စလာမ်လူ့အဖွဲ့အစည်းကိုထိန်းသိမ်းရန်အဘူဘကရ်
ကို ကျောက်ဆောင်ပမာရပ်တည်စေခဲ့သည်”လို့ရေးသား
ကြတာဖြစ်ပါတယ်။အဲဒီအချိန် ညီတော်အလီရဲ့အသက်
အရွယ် အဘူဘကရ်ရဲ့အသက်အရွယ်၊ဆုံးဖြတ်နိုင်စွမ်း
၊လူကြီးလုပ်တတ်တဲ့စွမ်းရည် စတဲ့ လူတစ်ယောက်ရဲ့
ခေါင်းဆောင်မှုကဏ္ဍကိုယှဉ်ထိုးရင်လည်းပဲ အဘူဘကရ်မှအပ ထိုက်တန်သူမရှိဘူး။ဒါကိုသိလို့ မိုဟမ္မဒ် ကလည်း
သူမကွယ်လွန်ခင် ကျမ်းမာရေးချို့ယွင်းလာလို့ ၀တ်ပြု
ရာဦးဆောင်မှုမပေးနိုင်တော့တဲ့အခါ အိုမရ်ကိုတောင် အ
တက်မခံဘဲ အဘူဘကရ်ကိုရွှေးချယ်တက်ရောက်၀တ်
ပြုကာ အေမန်(ရှေ့ဆောင်)ကြီးအဖြစ် ရွှေးချယ်ခဲ့တာ
ဖြစ်ပါတယ်။အဘူဘကရ်ဟာ အစ္စလာမ်မပေါ်ခင်က
တည်းက မက္ကာဟ်လူကြီး၊မက္ကာဟ်တရားသူကြီးလည်း
ဖြစ်တယ်။ညီတော်အလီဟာ အဘူဘကရ်ကိုကျော်ပြီး
ပထမဆုံးခေလာဖသ်ရာထူးကို ရယူဖို့ဘယ်လိုမှမထိုက်
တန်ဘူး။ဒါကိုအလီကလည်း သိတယ်။ဒါကလူပုဂ္ဂိုလ်
၂ယောက်ရဲ့အရည်အသွေး(logic)နဲ့မြင်ပြတာပါ။
အစ္စလာမ့်ဥပဒေအရ ဇကားသ်စနစ်ကို မလိုက်နာဘူး
လို့ဆန့်ကျင်သူတွေကဆန့်ကျင်လာတယ်။တစ်ခါပုန်
ကန်ဖို့ ပြင်သူတွေကပြင်လာတယ်။အဘူဘကရ်ဟာ ဒီ
အခြေနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။မိုဟမ္မဒ်မကွယ်လွန်ခင်
ဆီးရီးယားနယ်စပ်အန္တရာယ်အတွက် အသက်၁၇နှစ်
အရွယ် အိုစာမာ ကိုခေါင်းဆောင်ခန့်ပြီးတပ်တစ်တပ်
စေလွှတ်ဖို့ စီစဉ်နေဆဲကွယ်လွန်တာကြောင့်တပ်ဟာ
စခန်းမှာ သောင်တင်နေရတယ်။အသစ်တက်လာတဲ့
အဘူဘကရ်အစိုးရသစ်ကလည်း ဒီကိစ္စအတွက်ဘာ
အမိန့်တစ်စုံတစ်ရာမှမထုတ်ရသေးဘူး။အဲလိုနဲ့မဒီနာ
မြို့ပြင်မှာတပ်စွဲလျက်သားရှိနေရတယ်။
ဒီတပ်ကိစ္စမှာလည်း ပြဿနာရှိနေပြန်တယ်။
အကြောင်းကတပ်မှူးဖြစ်သူ အိုစာမာ ဟာ ဇိုဒ် ရဲ့သား။
ဇိုဒ် ဆိုတာ ငွေ၀ယ်ကျွန်ဘ၀ကလာတဲ့သူဖြစ်တာရယ်
သူ့အသက်၁၇နှစ်ဆိုတာရယ်တွေက သူ့နောက်ကလိုက်
ရမယ့် ထိပ်သီးတွေဖြစ်တဲ့အဘူအိုဘိုင်ဒါ၊ခါးလစ် ဘင်
၀လိဒ်၊စတဲ့သူတွေအတွက်ငွေ၀ယ်ကျွန့်သားအမိန့်ကို
နာခံရတော့မယ်။မိုဟမ္မဒ်ဟာ ငွေ၀ယ်ကျွန်သားဖြစ်ပေ
မယ့်သူ့ရဲ့ထိပ်သီးသာ၀ကတွေကို အဲဒီငွေ၀ယ်ကျွန်သား
အိုစာမာရဲ့နောက်ကနေအမိန့်နာခံပြီးလိုက်ခိုင်းနေတယ်။
ဒါကြောင့်မိုဟမ္မဒ်ယူလာတဲ့ အစ္စလာမ်ဟာ စတင် တာ
ထွက်လာစဉ်အချိန်ကတည်းက လူ့ဂုဏ်အဆင့်အတန်း
ဆိုတာကို အများနည်းတူတွက်ချက်ပြီးလက်ခံလာတာ
မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်ရမယ်။ငွေ၀ယ်
ကျွန်သားဖြစ်စေ ဘုရင့်သားဖြစ်စေ လူဖြစ်ခြင်းတူပြီး
ရွှေးချယ်ခွင့်မရတဲ့၀မ်းကြာသိုက်ပေါ်မူတည်ဆုံးဖြတ်တဲ့
လောကကမ္ဘာမြေပြင်ပေါ်က လူ့ဂုဏ်အဆင့်အတန်းဆိုင်
ရာအစဉ်အလာ ခပ်နိမ့်နိမ့်အတွေးအခေါ်တွေကိုဆန့်ကျင်
လာခဲ့တယ်ဆိုတာကိုရှင်းလင်းစွာမြင်ရမှာပါ။ယနေ့လူ
သားဝါဒကလက်ခံထားတဲ့လူသားဆိုင်ရာဖြစ်တည်မှု
စည်းမျဉ်းတွေကို အေဒီ၇ရာစုကတည်းကမိုဟမ္မဒ်ကိုယ်
တိုင်ချပြလာပါတယ်ဆိုတာကို နောက်ထပ်ပေးစရာအ
ထောက်ထားတွေများစွာရှိပါသေးတယ်။ဒါဟာသိပ်အ
ရေးကြီးတဲ့ကိစ္စဖြစ်တယ်။
အာရဗ်လူမျိုးပဲဖြစ်တဲ့ မိုဟမ္မဒ်ဟာ သူ့လူမျိုးရဲ့ပင်ကိုယ်
ဗီဇကိုသိနေတယ်။ကမ္ဘာပေါ်မှာအမျိုးဂုဏ်မောက်လွန်း
တဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ အာရဗ်တွေထိပ်ဆုံးကပါ
တယ်။ဒီလိုအကျင့်နဲ့စိတ်ထားတွေကို ၂၃နှစ် အစ္စလာမ်
ရဲ့အခြေအမြစ်သဘောတရားတွေရိုက်ထည့်ပြီး မိုဟမ္မဒ်
ဟာ ခါးကနေရိုက်ချိုးတော့တာပဲ။မိုဟမ္မဒ်ရဲ့ဒီဆန္ဒကို
ကောင်းကောင်းနားလည်ထားတဲ့ သူငယ်ချင်းလည်းဖြစ်
ယောက္ခထီးလည်းဖြစ်တဲ့အဘူဘကရ်ဟာ မိုဟမ္မဒ်ထွက်
ခိုင်းခဲ့တဲ့ အိုစာမာရဲ့တပ်ကို အိုစာမာကိုပဲဦးစီးစေပြီး မရ
ရအောင်စေလွှတ်လိုက်တာပါပဲ။
မိုဟမ္မဒ်ရဲ့စာရိတ္တကို အကောင်အထည်ဖော်တဲ့အနေနဲ့
အဘူဘကရ်ဟာ အိုစာမာရဲ့တပ်ကိုသူကိုယ်တိုင် မြို့ပြင်
အထိလိုက်ပို့ရင်းနဲ့ စစ်ထွက်မိန့်ခွန်းကိုပေးခဲ့တယ်။ဒီစစ်
ထွက်မိန်းခွန်းဟာ နောင်အခါမှာအစ္စလာမ်တပ်မတော်ရဲ့
ကျင့်၀တ်ဖြစ်လာခဲ့တယ်။
၁။မည်သည့် အဘိုးအို အမယ်အို ကလေးငယ်ကိုမှ
မသတ်ရ။
၂။မည်သည့်ဘုန်းကြီး ရဟန်းကိုမှ မသတ်ရ။မည်
သည့် ဘာသာတရား၏ ကိုးကွယ်ရာဘုရား၊သီတင်း
သုံးရာကျောင်း၊အဆောက်အဦးကိုမှ မဖျက်စီးရ။
၃။ကျဆုံးရန်သူ့အလောင်းကိုခုတ်ထစ်ခြင်း၊ရုပ်ပျက်
ဆင်းပျက်ဖြစ်အောင်ပြုခြင်းမလုပ်ရ။
၄။မည်သည့်အသီးသီးနေသောအပင်ကိုမှ မခုတ်ရ။
မည်သည့်ကောက်ပဲသီးနှံကိုမှမဖျက်စီးရ။မီးမတိုက်ရ။
မည်သည့်လူနေအိမ်ခြေကိုမှ မဖျက်စီးရ။
၅။မည်သည့် ဘာသာ၀င်များနဲ့ဖြစ်စေ သဘောတူ
စာချုပ် ချုပ်ဆိုထားပါက မည်သို့သောအခြေနေထဲ
သို့ရောက်နေသည်ဖြစ်ပါစေ လေးစားလိုက်နာ၍ကတိ
တည်ပါ။
၆။လက်နက်ချလာသော မည်သည့်ရန်သူကိုမဆို
မွစ်စလင်ပြည်သူများနှင့်အခွင့်အရေးတပြေးညီ
ရှိစေရမည်။ ……ဆိုတာပါပဲ။
ကြည့်(အစ္စလာမ့်ခလီဖွာကြီးများ-သိန်း၀င်း(မြေထူး))
အာရဗ်တွေကို စစ်တိုက်သာသနာပြုတယ်လို့မဟုတ်
တမ်းတရားနာမည်ဖျက်ကြမယ့်သူတိုင်းစဉ်းစားရမှာ
အဲဒီခေတ်နဲ့ ခေတ်ပြိုင် ဘယ်အင်ပါယာမှာများစစ်
စည်းကမ်းနဲ့တကွ စစ်သည်ကောင်းကျင့်၀တ်ကိုဘယ်
လူမျိုးတွေက ကျင့်ပြနိုင်ခဲ့ပါသလဲ…ဆိုတာပဲ။အစ
ဒီစစ်ထွက်မိန့်ခွန်းကိုမြေပြင်မှာ ခြေကျင်လျှောက်ပြီး
ပေးခဲ့တာပါ။သမ္မတကြီးဖြစ်သော်လည်းမြင်းစီးလိုက်
မပို့ဘူး။ခြေကျင်လိုက်ပို့တာပါ။လူသားလောကဆိုတာ
လောကုတ္တရာဘယ်နားနေမှန်းမသိတဲ့ဘုံဌာနတစ်ခုပါ။
လူ့ဘုံ ခမ်းဝါ လူတို့ဘောင်မှာအခြားသောလူသားတွေ
ကိုတောင် Justic မပေးနိုင်ဘဲ နိဗ္ဗာန်မှာ နတ်သားနတ်
သမီးတစ်ဖက်၅၀၀စီနဲ့စံမြန်းရမယ်လို့ စိတ်ကူးယဉ်နေ
သူတွေကရှိသေးတယ်။လူ့ဘုံခမ်းဝါလူတို့ဘောင်ဆိုတာ
စိတ်ကူးယဉ်ခံစားချက်တွေ၊ဒဿနဗေဒတွေနဲ့ယောင်ဝါး
ဝါး မရေမရာဖြတ်သန်းလို့ရတဲ့ အဆောက်အအုံမဟုတ်
ဘူး။လက်တွေ့ကျကျဖြတ်သန်းမှသာအဆင်ပြေမယ့်ဘုံ
ဌာနတစ်ခုပါ။မိုဟမ္မဒ်ဟာလက်တွေ့သမားဖြစ်တယ်ဆို
တာအထူးပြောနေဖို့မလိုတော့ဘူး။အဘူဘကရ်ပြောနေ
တဲ့စစ်ထွက်မိန့်ခွန်းဟာ တကယ်တော့မိုဟမ္မဒ်ပြောခဲ့မှာခဲ့
တဲ့စစ်ထွက်မိန့်ခွန်းပါပဲ။
သမ္မတလည်းဖြစ် မိုဟမ္မဒ်နဲ့အစ္စလာမ်မပေါ်ခင်က
တည်းက မက္ကာဟ်ခေါင်းဆောင်၁၀ယောက်ထဲမှာ
နံပါတ်စဉ်ထိပ်ဆုံးမှာလည်းရှိတဲ့အဘူဘကရ်လိုလူက
မြင်းပေါ်မှာထိုင်နေတဲ့ငွေ၀ယ်ကျွန်သားကိုမြင်းဇတ်
ကျိုးကိုင်ပြီး စစ်ထွက်မိန့်ခွန်းပေးနေတာကို အိုစာမာ
ဟာ ရှိုးတို့ရှန့်တန့်ဖြစ်နေပြီး ခလီဖွာကြီးမြင်းပေါ်တက်
ပါ ..ဆိုတာကိုလည်း ခွင့်မပြုတဲ့အခါ ကျွန်တော်ကို
တော့ မြင်းပေါ်ကဆင်းခွင့်ပြုပါသမ္မတကြီးခမျာလို့
တောင်းပန်သော်လည်းပဲ အဘူဘကရ်ဟာ သူ့ဆရာ
မိုဟမ္မဒ်ရဲ့လုပ်ရပ်ကိုမြင်ထားလို့ခွင့်မပြုဘူး။မအားဇ်
ဘင် ဂျဘရ် ကို ယီမင်ကိုစေလွှတ်နေတဲ့အချိန် မိုဟမ္မဒ်
ဟာ သူ့တပည့်မအားဇ်ကို မြင်းစီးစေပြီးခြေကျင်မဒီနာ
မြို့ပြင်ထိလိုက်ပို့တာပါ။အဲတုန်းက မအားဇ်ကလည်း
ကိုယ်တော် ကျွန်တော်ကိုဆင်းခွင့်ပြုပါလို့ပြောတာကို
မအားဇ် မင်းလည်းဆင်းခွင့်မရှိဘူး ငါလည်းမြင်းပေါ်
မတက်ဘူး၊မင်းပြန်လာရင်ငါ့ကိုလည်းအသက်နဲ့မြင်
ရဖို့ မရှိတော့ဘူး စသဖြင့်အသေးစိပ်မှာပြီး ယီမင်ကို
စေလွှတ်ခဲ့တာပါ။ယီမင်-မဒီနာလမ်းခွဲအထိမိုဒမ္မဒ်
ဟာ ခြေကျင်လျှောက်ပြီး သူတပည့်ကိုလိုက်ပို့ခဲ့
တယ်။အလားတူ မောင်းတဟ်ကိုစေလွှတ်နေတဲ့
စစ်တပ်ကိုလည်း အခုလိုပဲလိုက်ပို့ခဲ့ဖူးတယ်။သူကိုယ့်
သူ Final Message လို့ ကြွေးကြော်ထားတဲ့သူတစ်
ယောက်က အခွင့်ထူးခံမှုဘာတစ်ခုကိုမှမယူဘဲ ပေး
ဆပ်ရင်းနဲ့ သက်တမ်းကိုကုန်ဆုံးခဲ့တာကြောင့်သူကွယ်
လွန်သွားသော်လည်း သူ့စာရိတ္တနဲ့သူ့လူမှုဆက်ဆံရေး
ဟာ သူ့အမျိုးသားတွေပါးစပ်ဖျားမှာနှစ်ကာလထောင်
နဲ့ချီ စွဲထင် တမ်းတနေရတဲ့အခြေနေနဲ့ကျန်ရစ်ခဲ့တယ်။
မိုဟမ္မဒ်ကွယ်လွန်ပြီး ၅နှစ်ခန့်အကြာ ဒုတိသမ္မတအိုမရ်
လက်ထက်မှာ မွစ်စလင်တွေဂျေရုဆလင်ကိုသိမ်းပိုက်
ပါတော့တယ်။ပထမသမ္မတအဘူဘကရ်လက်ထက်
ကတည်းက ရောမနယ်စပ်လည်းဖြစ် အန္တရယ်အလွန်
များတဲ့စစ်မျက်နှာလည်းဖြစ်တာကြောင့် တပ်ရင်း၃
ရင်းကိုထင်ရှားတဲ့ တပ်မှူး၃ယောက်နဲ့ဖွဲ့စည်းပေးထား
ခဲ့ပါတယ်။တစ်ယောက်က စစ်သူကြီးခါလစ်ဘင်၀လိဒ်
၊နောက်တစ်ယောက်က အနေအထိုင်အလွန်ရိုးစင်း
ပြီး သစ္စာတရားရဲ့ပြယုဒ်လို့မိုဟမ္မဒ်ကိုယ်တိုင်ဘွဲ့
ပေးထားတဲ့ အဘူအိုဘိုင်ဒါဖြစ်ပြီးနောက်ဆုံးတစ်
ယောက်ကတော့ အစ္စလာမ်ကမ္ဘာမှာနိုင်ငံရေးသိပ်
ကျွမ်းကျင်သူလို့ အစ္စလာမ်မစ်သမိုင်းဆရာတွေပြော
တဲ့ အမရ် ဘင် အားစ် ပဲဖြစ်ပါတယ်။ဒီလိုလူ၃ယောက်
နဲ့ဖွဲ့စည်းထားလို့ ဆီးရီးယားနယ်စပ်တစ်ခုလုံးဟာ
အချိန်တိုတိုအတွင်း အာရဗ်တွေလက်ထဲကျခဲ့ရတယ်။
ဆီးရီးယားကနေ ပြန်လှည့်တာနဲ့ ဂျေရုဆလင်ကကြို
ဆိုနေပြီဖြစ်ပါတယ်။တစ်ဖက်ကနေ အဘူအိုဘိုင်ဒါ
နဲ့တပ်တွေ နောက်တစ်ဖက်ကနေ ခါလစ် ဘင်၀လိဒ်နဲ့
တပ်တွေ ဂျေရုဆလင်ကိုဝိုင်းပြီးသားဖြစ်သွားတယ်။
မွစ်စလင်တွေဟာ ဂျေရုဆလင်ကိုတန်ဖိုးထားသူတွေ
ဖြစ်လို့မတိုက်သေးဘဲ စာရေးပြီး အကြောင်းကြား
တယ်။လက်နက်ချပါ….ဆိုတဲ့စာနောက်ဆုံးအကြောင်း
အရာကိုဖတ်ပြီး မြို့ခေါင်းဆောင်တွေဟာ ခုခံလည်း
အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်လိုက်တယ်။
ဂျေရုဆလင်ဟာ ခေတ်အဆက်ဆက်မှာ စစ်တလင်း
ဖြစ်ရတဲ့မြေပါ။ရှေးသမိုင်းအဆက်ဆက်မှာလည်းအခု
လိုပဲလက်နက်ချခဲ့ဖူးတယ်။ရစရာမရှိအောင်ဖျက်စီး
သတ်ဖြတ်ခံထားရတာပဲ အဖတ်တင်ကျန်ရစ်တယ်။
ဒါကြောင့် အသင်တို့သမ္မတကိုယ်တိုင်ကြွလာရင်ငါတို့
မြို့သော့အပ်မယ်လို့ဆိုတော့ မွစ်စလင်တပ်ကလည်း
သမ္မတဆီအကြောင်းကြားတဲ့အခါ အလီက သွားသင့်
ကြောင့်အကြံပေးတယ်။နောက်ဆုံးသမ္မတအိုမရ်ဟာ
ရုံလုလင်တစ်ယောက်ကိုခေါ်ပြီး မဒီနာအုပ်ချုပ်ရေး
ကိစ္စတွေကို အလီဆီလွှဲအပ်ပြီး ကုလားအုပ်စီးခါထွက်
ခွာလာခဲ့ပါတော့တယ်။ရှင်ဘုရင်တစ်ခါထွက်ပဲကြီး
ဆယ်လှေချက်ကြာတာမျိုးလည်းမရှိဘူး။ရက်ကောင်း
ရက်မြတ်ရွှေးတာနဂါးခေါင်းတောင်ဘက်လားမြောက်
ဘက်လားလည်း မရှိဘူး။စနေ အင်္ဂါလည်းမရွှေးဘူး။
လမ်းခရီးမှာ သမ္မတနဲ့ရုံးလုလင် တစ်ယောက်တစ်
လှည့်ကုလားအုပ်စီးရင်း လမ်းလျှောက်ရင်းနဲ့ ၉၁၉
ကီလိုမီတာဝေးတဲ့ခရီးကိုနှင်လာတယ်။မြို့သိမ်းပွဲကို
တက်လာတဲ့ အာရဗ်သမ္မတရဲ့၀တ်စုံကလည်းအတော်
ခမ်းနားတယ်။ဖာရာထေးရာပဲ၁၂ခုလောက်ရှိနေ
တယ်။
အဲဒီနောက် သမ္မတနဲ့စာချုပ်ချုပ်ပြီးမြို့ကိုလက်ခံရ
ယူတယ်။ဂျေရုဆလင်မြို့သားတွေရဲ့အသက်စည်း
စိမ်ကိုအာမခံတယ်၊ဘုရားကျောင်းကန်တွေကိုအာမခံ
တယ်။အစ္စလာမ်အုပ်ချုပ်ရေးအောက်မနေချင်ရင်
လည်း စိတ်ကြိုက်ထွက်ခွာခွင့်ပေးတယ်။နေရင်လည်း
ဒေသခံဂျူးနဲ့ခရစ်ယာန်တို့အတွက် ဘာသာရေးလွတ်
လပ်ခွင့်အပြည့်အ၀ရစေရမယ်လို့အာမခံပြီး ခါလစ်
ဘင် ၀လိဒ်၊အမရ် ဘင် အားစ်၊အဗ္ဗဒွရ် ရဟ်မန်း ဘင်
အောင့်ဖ်၊မိုယာဝေယာတို့ သက်သေအဖြစ်ပါ၀င်လက်
မှတ်ရေးထိုးကာ စာချုပ်ချုပ်ခဲ့တယ်။
ဂျေရုဆလင်ရဲ့သမိုင်းမှာ သွေးမြေမကျသိမ်းပိုက်မှု
မှတ်တမ်းဆိုတာ အစ္စလာမ်လူ့အဖွဲ့အစည်းအင်အား
ရှင်တွေရဲ့မှတ်တမ်းမှအပအခြားမရှိဘူး။နှိုင်းယှဉ်စရာ
ရောမဧကရာဇ်ကြီးဩဂတ်စတပ်စ်(ဘီစီ၃၁-အေဒီ၁၄)
လက်ထက်မှာ သခင်ယေရှူပေါ်ထွန်းလာတယ်။အ
သက်၃၂နှစ်အရွယ်မှာ ဂျူးလက်တို့လို့ ကားစင်ပေါ်
အသတ်ခံရတယ်။သခင်ယေရှူသာသနာကိုစတင်ဖြန့်
တာ ရှင်ပေါလုဖြစ်တယ်။လက်ဝါးကပ်တိုင်ပေါ်သခင်
ယေရှူကွယ်လွန်ပြီး နှစ်၃၀အကြာရောမအင်ပါယာကို
လူ့ဘီလူးလို့နာမည်ကြီးတဲ့ဧကရာဇ် Neroက အုပ်ချုပ်
လာတယ်။အဲဒီ နီရိုးမှာကောင်းတဲ့အကျင့်ဘာတစ်ခုမှ
မရှိဘူး။မိခင်အရင်းကိုတောင်ပြန်သတ်ခဲ့သူပါ။ဒီလို
အရိုင်းအစိုင်းဖြစ်နေတော့ မယားတွေ၊ ဆရာတွေအ
ပြင်ဆွေမျိုးတွေ သူငယ်ချင်းတွေ စသည့်အားလုံးကို
ပါရက်ရက်စက်စက်သတ်ခဲ့တယ်။တနေ့ ရောမမြို့မီး
လောင်တော့ သူက စောင်းနဲ့သီချင်းလေးညည်းနေ
တယ်။သူက ခရစ်ယာန်တွေကိုမြင်တာနဲ့သတ်တယ်။
ရက်စက်တဲ့သတ်ဖြတ်နည်းပေါင်းစုံနဲ့ သတ်ခဲ့တာ
သမိုင်းမှာအများကြီးလေ့လာရင်သိရလိမ့်မယ်။နီရိုး
က ခရစ်ယာန်ပဲ သတ်တာမဟုတ်ဘဲ ဂျူးတွေကို
လည်း ခရစ်ယာန်တွေနဲ့အတူတူသတ်ခဲ့တာပါ။နီရိုး
ခေတ်ကုန်ပြီးနှစ်အနည်းငယ်ကြာတော့ ဂျေရုဆလင်
မှာ ရောမတွေကို ပုန်ကန်တဲ့ပုန်ကန်မှုတစ်ခုဖြစ်တယ်။
ဂျူးတွေကလည်း လွတ်လပ်ရေးလိုချင်လာနေတယ်။
ဒါကို ရောမကြေးစားတပ်လွှတ်ပြီးချေမုန်းစေတယ်။
အဲဒီခေတ်မှာ အုပ်ချုပ်နေတဲ့ ဧကရာဇ်ရှင်ဘုရင်က
Vespasian ဖြစ်ပြီး သူကသူ့သား တိုင်တပ်စ်(Titus)
ကို လွှတ်ပြီး ဂျေရုဆလင်ကို ၂နှစ်ကြာ အစာဖြတ်ရေ
ဖြတ်ဝိုင်းရံလိုက်တယ်။ဂျေရုဆလင်မြို့တွင်းအခြေနေ
ကယိုင်နဲ့လာပြီ။ထွက်ပြေးသူတွေကိုကားစင်တင်သတ်
တယ်။နောက်ဆုံး အေဒီ၇၀ မှာ ရောမတွေမြို့ထဲ၀င်နိုင်
ခဲ့ပြီးအကြမ်းဖက်ဖျက်စီးတော့တာပါပဲ။ဂျူးဘုရား
ကျောင်းမှန်သမျှ တစ်ခုမှ မဖျက်ဘဲထားတယ်ဆိုတာ
မရှိခဲ့ဘူး။သိမ်းလို့ရတာ အားလုံးသိမ်းလိုက်တယ်။
တိုင်းတပ်စ်က သူ့အထိမ်းအမှတ်ကျောက်တိုင်စိုက်
တယ်။အဲဒီမှာဂျူးတွေ ဂျေရုဆလင်ကနေ အရပ်လေး
မျက်နှာကိုပြန့်ထွက်သွားကြတော့တာပဲ။ဂျေရုဆလင်
လည်းပျက်စီးသွားတယ်။အဲဒီအချိန်ကစပြီးဂျူးဟာ
တိရစ္ဆာန်လောက်တောင် ခရစ်ယာန်လောကနဲ့ ဥရော
ပလောကမှာ တန်ဖိုးမရှိဖြစ်သွားတာ ၁၉၄၇ခုနှစ်အထိ
ပဲ။
အေဒီ၃၁၃Constantine လက်ထက်ရောက်တော့
မှခရစ်ယာန်တွေကို မနှိပ်ကွက်ရဆိုတဲ့ အမိန့်ထွက်လာ
တာပါ။အဲဒီခုနှစ်နဲ့တစ်ပြိုင်တည်းမှာ ပါရှန်အင်ပါယာ
ကြီးရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ဆတ်ဆန်နီမင်းဆက်
က အင်အားကြီးလာခဲ့တယ်။ရောမတွေခရစ်ယာန်ကို
လက်ခံပြီးနောက်ပိုင်းခရစ်ယာန်ဘာသာကိုဥက္ကဌလုပ်
ပြီးဖြန့်တော့တာပဲ။အေဒီ၃၉၅မှာရောမအင်ပါယာကြီး
၂ပိုင်းကွဲတယ်။အီတလီ၊ဂေါလ်၊ဗြိတိန်နီးယား၊စပိန်၊
မြောက်အာဖရိကနိုင်ငံတွေပါ၀င်တဲ့ လက်တင်စကား
ပြောThe Western Empireနဲ့အီဂျစ်၊ပါလက်စတိုင်း
အာရှမိုင်းနား(တူရကီတစ်ကြောလုံး)ဂရိ မက်ဆီဒိုးနီး
ယားတို့ပါ၀င်တဲ့ဂရိစကားပြောThe EasternEmpire
ဆိုပြီးဖြစ်သွားတယ်။ဒီအင်ပါယာ၂ခုရဲ့နေပြည်တော်
၂ခုကအီတလီနိုင်ငံ ရောမမြို့ နဲ့ တူရကီနိုင်ငံအစ္စတန်
ဘူလ်မြို့(အဲတုန်းက ကွန်စတန်တီနိုပလ်)တို့ဖြစ်တယ်။
မေးစရာပေါ်လာတာက ဒီအင်ပါယာ၂ခုမှာ ခရစ်ယာန်
သာသနာ ဘယ်အချိန်မှာစပြီး အတည်ဖြစ်သလဲ?
အေဒီ၃၈၀ မှာ အင်ပါယာ၂ခုစလုံးရဲ့နိုင်ငံတော်အသီး
သီးမှာ ခရစ်ယာန်ဘာသာဟာ တရား၀င်အတည်ဖြစ်
လာခဲ့တယ်။အဲဒီအချိန်ကျမှ ခရစ်ယာန်တွေ မြေ
အောက်ကနေ မြေပေါ်ကို တက်နိုင်ခဲ့တယ်။အဲဒီအ
ချိန်ကစပြီး ရောမစစ်တပ်ရဲ့ တိုက်ပွဲအမှတ်တံဆိပ်
(Battle Emblem)ဟာ လက်ဝါးကပ်တိုင်(The
Cross)ဖြစ်လာခဲ့တယ်ဆိုတာပါပဲ။
(Ref;A Little History of The World by E.H.
Gombrich,Chapter 15,16,17 pages-မြနှင်းဆီ
ဘာသာပြန်)
ဒီသမိုင်းနဲ့ယှဉ်ကြည့်ရင် အိုမရ်အရင် ၅၆၇နှစ်တုန်း
က ဂျေရုဆလင်ပြည်သိမ်းတိုက်ပွဲဟာဘယ်လောက်
အထိဆိုးဝါးရက်စက်ခဲ့တယ်ဆိုတာမြင်သာပါလိမ့်
မယ်။ရောမတွေခရစ်ယာန်သာသနာကိုပူဇော်ခဲ့ပြီး
နောက်ပိုင်းဂျေရုဆလင်ဟာဂျူးမြို့ကနေ ရောမ
ခရစ်ယာန်မြို့ဖြစ်လာမယ်။ခရစ်ယာန်ဦးရေတိုးလာ
တယ်။ခရစ်ယာန်တွေအင်အားကြီးလာလို့ဂျူးတွေနှိပ်
ကွပ်ခံနေရမယ်ဆိုတာတွေက ဗေဒင်မေးစရာမလိုတဲ့
သမိုင်းတွေပါ။
ပါရှန်တွေဆီကနေ ပြန်လည်ရရှိလာတဲ့ ဂျေရုဆလင်
ကို ဟီရာကလီးယပ်စ်ဟာ အကျအနပြန်လည်ပြင်ဆင်
တယ်။ယရ်မူးက် တိုက်ပွဲမှာ ဘိုင်ဇန်တိုင်းစစ်တပ်ကြီး
ဟာ သူ့ထက်အင်အားနည်းတဲ့ အာရဗ်စစ်တပ်ကိုရှုံးနိမ့်
ခဲ့ရပြီး Sophronius ဟာ ဂျေရုဆလင်ကိုရန်သူ့လက်
ကနေကာကွယ်ဖို့ကြိုးစားသေးတယ်။Yarmoukတိုက်
ပွဲမှာ ဘိုင်ဇန်တိုင်းကို အထိနာစေခဲ့တာကြောင့် အာရဗ်
စစ်ကြောင်း ဖြတ်သန်းချီတက်ဖို့ကိုလမ်းပွင့်သွားစေခဲ့
တယ်။ဂျော်ဒန်မြစ်အရှေ့ဘက်Pella နဲ့ Bosra မြို့
တွေကိုသိမ်းပိုက်တယ်။မွစ်စလင်တွေ ဂျေရုဆလင်
ရောက်တော့ ဆိုဖရိုနီးယပ်စ်ဟာ လက်ဝါးကပ်တိုင်
နဲ့အခြားအဖိုးတန်ပစ္စည်းတွေယူပြီး ကွန်စတန်တီနို
ပလ်ထဲ ပြေး၀င်သွားတယ်။
အာရဗ်စစ်တပ်က လအနည်းငယ်ကြာတဲ့အထိ ဂျေရု
ဆလင်ကိုဝိုင်းထားခဲ့တယ်။အဲဒီနောက် ဆိုဖရိုနီးယပ်စ်
ဟာလက်နက်ချအညံ့ခံ အခွန်ပေးကြေအေးဖို့ တောင်း
ဆိုလာတယ်။ဒါကြောင့် အာရဗ်စစ်တပ်ရဲ့ဗိုလ်ချုပ်
တွေ ဖြစ်တဲ့ ခါလစ်ဘင်၀လီဒ်၊အဘူအိုဘိုင်ဒါ၊ရှိုရာဘီ
ဘင် ဟာစနာ တို့တိုင်ပင်ပြီး မဒီနာမှာ ရုံးထိုင်နေတဲ့
အာရဗ်သမ္မတကြီး အိုမရ်ကိုအကြောင်းကြားလိုက်
တယ်။နောက်ဆုံး သမ္မတအိုမရ်က လက်နက်ချခြင်း
ကိုလက်ခံခဲ့တယ်။တစ်ဆက်တည်းက သူကိ်ုယ်တိုင်
ဂျေရုဆလင်ကို ရုံးလုလင်တစ်ဦးခေါ်ပြီးလိုက်ချလာ
တယ်။အဲလိုနဲ့ ၆၃၇ မှာ ဂျေရုဆလင်ဟာခေတ်ကာလ
တစ်လျှောက်မှာ သွေးမြေကျမှုကင်းရှင်းစွာနဲ့ အာရဗ်
လက်အောက်ကိုကျရောက်သွားခဲ့တယ်။
ဒါကြောင့် ခလီဖွာအိုမရ်သိမ်းချိန် သွေးမြေကျမှုမရှိလို့
ဂျေရုဆလင်ကိုသမိုင်းအဆက်ဆက်မှာသိမ်းခဲ့တဲ့ မည်
သည့်အင်အားစုမဆို သွေးကျခဲ့ဖူးတဲ့သမိုင်းနဲ့ယှဉ်ရင်
အိုမရ်သိမ်းပိုက်မှုက ချီးကျူးစရာအဖြစ်ယနေ့တိုင်
ကျန်ရစ်နေခဲ့တယ်။အာရဗစ်သမိုင်းတွေမှာ ဆိုဖရိုနီး
ယပ်စ် က အစ္စလာမ်ဘာသာ၀င်တွေရဲ့နေခင်း၀တ်ပြု
ချိန်(ဇိုဟိုရ်)မှာ သန့်ရှင်းသော၀တ်ကျောင်းတော်ထဲ
၀င်ရောက်၀တ်ပြုဖို့ ဖိတ်ခေါ်သော်လည်းပဲ အိုမရ်ဟာ
ငြင်းဆန်ခဲ့တယ်။အကြောင်းကနောင်တစ်ချိန်မှာ သူ့
နောက်လိုက်တွေဟာသူ၀တ်ပြုခဲ့တဲ့ခရစ်ယာန်ကျောင်း
တော်ကို သူ၀တ်ပြုခဲ့တာကို ထောက်ပြီး ဗလီအဖြစ်
ပြောင်းလိုက်မှာကိုစိုးရိမ်လို့ပဲ။ဒါကြောင့် ဒီချခ်ျရဲ့
မလှမ်းမကမ်းမြေလွတ်တစ်နေရာမှာ အိုမရ်ဟာ ၀တ်
ပြုခဲ့တယ်။အဲဒီအိုမရ်၀တ်ပြုခဲ့ရာနေရာမှာ ယနေ့
အိုမရ် အမည်နဲ့ ဗလီကြီးတစ်လုံးကိုတည်ဆောက်
ထားခဲ့တယ်။
{ Ref; Benvenisti Meron(1998)City of Stone;
The Hidden History of Jerusalem:Berkeley
And Los Angeles,California,University Of
California Press.
Edward Gibbon(1862)The History of The
Decline and Fall of The Roman Empire,
Vol.6}
ထပ်ပြီး နှိုင်းယှဉ်စရာ အထက်ဖော်ပြပါ အစ္စလာမ်
လူ့အစည်းအဖွဲ့လက်အောက် ဂျေရုဆလင်ကြေမွ
ခဲ့တာ မရှိဘူးဆိုတဲ့သမိုင်းကိုဆက်လက်ထောက်ခံ
ဖို့ နောက်ထပ်သမိုင်းတစ်ခုက အိုမရ်သိမ်းတဲ့ ၆၃၇
ကနေ၄၆၂နှစ်အကြာအေဒီ၁၀၉၉မှာအနောက်ဥရောပ
ခရစ်ယာန်စစ်သည်လို့ခေါ်တဲ့ ခရူးဆိတ်တွေက ဂျေရု
ဆလင်ကိုထပ်ပြီးချေမွခဲ့ပြန်တာပဲ။
[ဂျေရုဆလင်မြို့တွင်းသို့၀င်ရောက်ပြီးသောအခါ၎င်း
တို့သည် သူရဲကောင်းများကဲ့သို့လည်းကောင်း၊ခရစ်
ယာန်များကဲ့သို့လည်းကောင်း မကျင့်ကြံကြတော့ချေ။
သူတို့သည် မွစ်စလင်မြို့သူမြို့သားများအားလုံးကို
အစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့ကြသည်။အကျည်း
တန်သော ရက်စက်ယုတ်မာမှုများကိုကျူးလွန်ခဲ့ကြ
သည်။ထို့နောက်၎င်းတို့အာပတ်ဖြေသည်။ဆာလံကျမ်း
လာ ဓမ္မသီချင်းများကိုသီဆိုပြီးသခင်ယေရှူ၏ အုတ်
ဂူသို့ဖိနပ်မပါဘဲ လမ်းလျှောက်သွားကြသည်……..
(A Little History of The World by E.H.
Gombrich မြနှင်းဆီ ဘာသာပြန် စာမျက်နှာ ၁၇၄-
၁၇၅)
ခရူးဆိတ်တွေ ဂျေရုဆလင်မြို့ထဲ၀င်နိုင်တဲ့အခါမြင်
သမျှယောကျာ်း မိန်းမ အားလုံးကို သတ်ဖြတ်ပစ်ခဲ့
ကြတယ်။အဲဒီကနေ သတ်ရင်းဖြတ်ရင်း Temple
Of Solomon ကျောင်းတော်နားရောက်သွားတော့
အဲဒီကျောင်းတော်နားမှာ သတ်ဖြတ်နေမှုဟာ ပိုမိုပြင်း
ထန်နေပြီး သွေးတွေဟာ ခရုးဆိတ်စစ်သည်တွေရဲ့
ခြေမျက်စိအောက်မြုပ်တဲ့အထိ ချောင်းသဖွယ်စီးနေ
တယ်လို့ခရူးဆိတ်ဆိုင်ရာသမိုင်ကျမ်းစာအုပ်တွေမှာ
တွေ့ရမယ်။ခရူးဆိတ်စစ်ပွဲဟာပုပ်အာဘန်၂ ရဲ့
ပုဂ္ဂလတုံ့ပြန်မှုသာဖြစ်ကြောင်း၊ခရူးဆိတ်ပညာရှင်
Jonathan Riley Smith က The Fisrt Crusade
and The Idea Of Crusading စာအုပ် စာမျက်နှာ
၁၃မှာအတိအလင်းဖော်ပြထားတယ်။
(Jonathan Simon Christopher Riley Smith
(27.6.1938-13.10.2016)-Professor of
Cambridge University။ဗြိတိန်အမျိုးသား
ခရူးဆိတ်ဆိုင်ရာသမိုင်းပညာရှင်ဖြစ်တယ်။
သူဟာ St.Andrews University(၁၉၆၄-၇၂)၊
Queen’s College(Cambridge)(၁၉၇၂-၇၈)၊
Royal Holloway College-London(၁၉၇၈-၁၉၉
၄)၊Emmanuel(၁၉၉၄-၂၀၀၅) စတဲ့တက္ကသိုလ်
တွေမှာ စာပြခဲ့တယ်။ခရူးဆိတ်သမိုင်းပေါ်မှာသူ့ဩဇာ
လွှမ်းမိုးမှုရှိနေတယ်။ကမ္ဘာ့နေရာတိုင်းမှာသူ့ကို ခရူး
ဆိတ်စစ်ပွဲရဲ့ဦးဆောင်သမိုင်းပညာရှင်လို့ဖော်ပြကြ
တတ်တယ်။)
Braitannica ကဖော်ပြထားတာက
ဇူလိုင်၁၃ ရက်မှ ၁၄ရက်အထိ နံရံကိုတည်ဆောက်
ပြီး ဇူလိုင်၁၅ရက်တွင် ဂေါ်ဖရေး၏လူများသည်လှေ
ကားထောင်၍တက်ကြသည်။နောက်မှတပ်သားများ
လည်း လိုက်ပါတက်ခဲ့ကြသည်။အနီးဆုံးမြို့တံခါးကို
ဖွင့်ပေးလိုက်သောအခါ Tancred နှင့် Raymondတို့
၀င်လာပြီး မွစ်စလင်ဘုရင်ခံသည်(ရှီဟိုက်အုပ်ချုပ်
ရေးမှူး) David Tower တွင်နောက်လိုက်များနှင့်အ
တူလက်နက်ချသည်။ဘုရင်ခံသည် သူ၏ကိုယ်ရံတော်
နှင့်အတူမြို့ပြင်မှလိုက်လာခဲ့သည်။Tancred က
အလ်အက္ကဆွာရ်ဗလီကိုလုံခြုံရာအဖြစ် ကတိပေးခဲ့
သော်လည်း သူ၏အမိန့်ကို ခရူးဆိတ်များမနာခံခဲ့ကြ
ပေ။မွစ်စလင်နှင့်ဂျူး လူမျိုး၂မျိုးစလုံးမှ ယောကျာ်း
မိန်းမနှင့်ကလေးရာပေါင်းများစွာတို့သည် အထွေထွေ
သတ်ဖြတ်မှုကြီးထဲတွင် သေဆုံးကြရကုန်သည်…….
ကမ္ဘာကျော် မွစ်စလင်သမိုင်းပညာရှင်ကြီး အိဗ်နေ
အလ် အသီးရ် က လူ ၇၀၀၀၀ အသတ်ခံရတယ်လို့
မှတ်တမ်းတင်ထားတယ်။
အဲဒီနောက်၈၈နှစ်အကြာအေဒီ၁၁၈၇ခုနှစ်အောက်တိုဘာ
၂ ရက်နေ့ ခရူးဆိတ်စစ်ပွဲရဲ့ဇတ်လိုက်ကြီး စွလ်တန်
ဆွလာဟွတ်ဒီန်း အလ် အိုက်ယူဘီ လို့ခေါ်တဲ့ ဆလာ
ဒင် ဂျေရုဆလင်ကိုခရူးဆိတ်တွေလက်ထဲကနေသိမ်း
ပိုက်ပုံကို Western History မှာရေးတာက
….၁၁၈၇ တွင် ဆလာဒင်သည် ဂျေရုဆလင်မြို့ကို
သိမ်းပိုက်နိုင်ခဲ့သည်။ဆလာဒင်သည် ဂျေရုဆလင်မြို့
ကိုသိမ်းပိုက်နိုင်သောအခါ မြို့တွင်းရှိခရစ်ယာန်များ
ကို ရက်စက်စွာသတ်ဖြတ်ခြင်းမပြုခဲ့ပေ။ငွေကြေး
ချမ်းသာသော ခရစ်ယာန်များကိုငွေဖြင့်ရွှေးယူလျှင်
လွှတ်၍ ဆင်းရဲသားများကိုမူငွေမတောင်းဘဲလွှတ်ခဲ့
သည်။ဆလာဒင် သည် ရက်စက်ကြမ်းကြုတ်သော
ဝါဒကို မနှစ်သက်ပေ…….page 50
London Universityကသမိုင်းပါမောက္ခJonathan
Phillips က
….သူသည် ဖရန့်ခ်စစ်တပ်ကို ချေမုန်းပစ်လိုက်သည်။
ဂျေရုဆလင်ဘုရင်အားဖမ်းဆီးသည်။စစ်မှန်သော
လက်ဝါးကပ်တိုင်ကိုသိမ်းဆည်းလိုက်သည်။၎င်း(Ha-
ttin)သည် ဂျေရုဆလင်ကိုသိမ်းယူရာတွင် လမ်းဖွင့်
ပေးသည့် ကြီးမားလှသော စစ်ရေးအောင်ပွဲကြီးပင်
ဖြစ်တော့သည်……
ဟက်တင်မှာ အောင်ပွဲခံပြီး ၂လအကြာ ဆလာဒင်ရဲ့
တပ်တွေဟာ Levantine ကမ်းခြေအားလုံးကိုသိမ်း
ယူခဲ့ပြီး၁၁၈၇ စက်တင်ဘာမှာဂျေရုဆလင်မြို့ရိုးကို
၀ိုင်းပြီးနောက်အဖြစ်ပျက်စုစုပေါင်းရဲ့အနှစ်ချုပ်ကို
Jonathan Phillips က
….Saladin သည် သမိုင်းတစ်လျှောက်လုံးတွင်
သူ၏ရက်ရောမှု၊တရားမျှတမှုနှင့် မိမိလူမျိုးကို
လှုံ့ဆော်နိုင်စွမ်းရှိမှုတို့သည် အလွန်ကျော်ကြားခဲ့
သည်။ဒါဟာ သူ့ကို ခရစ်ယာန်ရော မွစ်စလင်များက
ပါ လေးစားမှုကိုဖြစ်စေခဲ့သည်…..
သမိုင်းပါမောက္ခ Abdu Qassem က ၁၁၈၇
အောက်တိုဘာ ၂ရက်နေ့မြင်ကွင်းကို
….ဒီမြင်ကွင်းက အေဒီ၁၀၉၉ ဇူလိုင်မှာ(ခရူးဆိတ်
စစ်တပ်ကျုးကျော်ချိန်)ဖြစ်ခဲ့တဲ့ သွေးထွက်သံယို
သတ်ဖြတ်မှုအပေါင်းကို လုံးဝပြောင်းပြန်လှန်ပစ်ခဲ့
တာပဲဖြစ်တယ်။ခရူးဆိတ်စစ်တပ် မြို့တွင်းကထွက်
ခွာခွင့်ကို ခွင့်ပြုခဲ့တယ်။ခရစ်ယာန်တို့၏မြင့်မြတ်
သောမိသားစုများနှင့် သာမန်လူများလည်းငြိမ်းချမ်း
စွာ လမ်းလျှောက်ထွက်ခွာခဲ့ကြတယ်……
ဂျေရုဆလင်ကိုသိမ်းပြီးတာနဲ့ ခရစ်ယာန်တွေဖျက်ဆီး
ထားတဲ့ မွစ်စလင်၀တ်ကျောင်းတော်တွေကိုပြန်လည်
ရှာဖွေပြီး ပြုပြင်ခဲ့တယ်။ခရစ်ယာန်တွေဖျက်ဆီးလို့
ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်တည်
ဆောက်တယ်။အေဒီ၈ရာစုလက်ရာ အက္ကာဆွာရ်
ဗလီ၀တ်ကျောင်းတော်ကို ခရစ်ယာန်တွေဖျက်စီး
ပြီး ခရစ်ယာန်ဘုရားကျောင်း လုပ်ထားတာကိုပြန်
လည်ရယူတယ်။Prophet Abrahamက သူ့
သား အစ္စမေးလ်ကို လည်လှီးခဲ့ရာနေရာ၊တမန်တော်
မိုဟမ္မဒ် မအ်ရာဂ်ျကြွချီရာအထိမ်းအမှတ်ကျောက်
ဖြာတွေနဲ့ အစ္စလာမ်အမှတ်အသားတွေကိုပြန်လည်ရှာ
ဖွေပြီး နေရာတကျပြန်ထားတယ်။အဲဒီနောက်အက္ကာ
ဆွာရ် ၀တ်ကျောင်းတော်ထဲ၀င်လာပြီး နှင်းဆီရေတွေ
နဲ့ဆေးကြောတယ်။ခရစ်ယာန်ချခ်ျလုပ်ထားလို့ရုပ်ပုံ
တွေ ပန်းချီကားတွေအားလုံးကိုဖယ်ရှာပြီး မုအ်ဇင်မ်
(၀တ်ပြုရန်ဖိတ်ခေါ်သူ)ကိုခေါ်ပြီး အာဇန်ဆိုကာ ဗလီ
အဖြစ်ပြန်လုပ်တယ်။Kingdom Of Heaven မှာ
ဆလာဒင် အက္ကာဆွာရ်ဗလီ၀တ် ကျောင်းတော်ထဲ၀င်
လာချိန် ကြမ်းပြင်ပေါ်ရှိနေတဲ့လက်ဝါးကပ်တိုင်အမှတ်
အသားတွေပေါ် နင်းလျှောက်တာမျိုးတောင်မလုပ်ဘဲ
လေးလေးစားစားရှောင်ကွင်းသွားပုံကိုအထူး Highli
-ght လုပ်ရိုက်ပြထားသလိုမြေပြင်ပေါ်ကျနေတဲ့ ခရစ်
ယာန်လက်ဝါးကပ်တိုင်ကို သူ့လက်နဲ့ သူကိုယ်တိုင်
ကောက်ယူပြီးခုံမြင့်ပေါ်ပြန်တင်ပေးခဲ့တာတွေကို
လည် အထူးရိုက်ပြထားတာတွေ့ရမယ်။ရန်သူဖြစ်တဲ့
ခရစ်ယာန်တွေတောင် ဆလာဒင်ကို သူတို့ရိုက်ကူးတဲ့
ဇတ်ကားတွေ၊သူတို့ရေးသားတဲ့စာပေတွေမှာလေး
လေးစားစားဖော်ပြနေကြတာကိုကြည့်ခြင်းအား
ဖြင့် ဆလာဒင်ရဲ့ စာရိတ္တဟာ အတော်လေးစားဖွယ်
စာရိတ္တဖြစ်ကြောင်းသိရမယ်။အဲဒီစာရိတ္တဟာ အခု
ပြောနေတဲ့ မိုဟမ္မဒ် ရဲ့စာရိတ္တပဲ။
(ခရူးဆိတ်စစ်သမိုင်းလေ့လာချင်ရင် စာရေးသူ
ရေးတဲ့ Crusades;A Holy War Or A Greedy
War မှာလေ့လာနိုင်ပါတယ်)
ဒါဟာ အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့စစ်ဒဏ်ကြောင့်
ကြေမွသွားတဲ့အခြားသောတိုင်းပြည်မရှိဘူးဆိုတဲ့
ဥပမာတွေကိုနှိုင်းယှဉ်ထုတ်ပြလိုက်တာပဲ။အာရဗ်
တွေကိုစစ်တိုက်ခဲ့ပါတယ်ဆိုပြီးမသိရင်ကမ္ဘာရာဇ၀တ်
သားများသဖွယ် ရေးသားနေကြသူတွေ မရှက်ကြပေ
မယ့် ၂၁ရာစုမှာ လူမျိုးတစ်မျိုးကို ဘာသာတစ်ခုကို
ဦးတည်စော်ကား မဟုတ်တမ်းတရားရေးသားပြောဆို
ခြင်းလုပ်ရပ်ဟာ ဂုဏ်ရှိတဲ့ လုပ်ရပ်မဟုတ်တော့ဘူးဆို
တာအထူးပြောပြ ဆိုပြနေစရာလိုမယ်တောင်မထင်
တော့ဘူး။အကယ်၍ အာရဗ်စစ်ရေးကြောင့်ဖြစ်စေ
အစ္စလာမ်ခေါင်းစီးတပ်တိုက်ခဲ့တဲ့စစ်ပွဲကြောင့်ဖြစ်စေ
မည်သည့်အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့စစ်ရေးကြောင့်
ဖြစ်စေ ဒေသခံတွေရုပ်ပျက်ဆင်းပျက်အသတ်ခံကြရ
တဲ့သမိုင်းရှိပါတယ်ဆိုရင် မည်သူမဆို ထောက်ပြနိုင်ဖို့
လမ်းဖွင့်ပေးထားပါတယ်။
ဗြိတိသျှစွယ်စုံကျမ်းထဲမှာ
….အေဒီ၆၃၂ မိုဟမ္မဒ်ကွယ်လွန်ပြီးနောက် အိုမရ်
သည် မဒီနာရှိအစ္စလာမ်လူ့အဖွဲ့အစည်းကိုပြန်လည်
စည်းရုံးရန်အဓိကတာ၀န်ယူခဲ့သည်။အဘူဘကရ်
(၆၃၂-၆၃၄)သည် အိုမရ်ကို အလွန်အားကိုးအားထား
ပြုသည်။အစ္စလာမ်ခေါင်းဆောင်များအနက် အိုမရ်
သည် သူ့ကိုယ့်သူ အမီရ် ရွလ် မုအ်မေနီးန်(အစ္စလာမ်
ထု၏အမျိုးသားခေါင်းဆောင်ကြီး)ဟုသတ်မှတ်ခဲ့
သည်။သူ၏ အုပ်ချုပ်မှုသည် အစ္စလာမ်နိုင်ငံတော်
အား အာရေဗျမှ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အ
သွင်ပြောင်းပေးခဲ့သည်။ဤထူးခြားသည့်တိုးချဲ့မှုတစ်
လျှောက်လုံးတွင် အိုမရ်သည် အထွေထွေ မူဝါဒများ
ကို အနီးကပ်ချမှတ်ထိန်းချုပ်ခဲ့ပြီးသိမ်းပိုက်ရမိသော
မြေများကို စီမံခန့်ခွဲရန်အခြေခံမူများကို ချမှတ်ခဲ့
သည်။ဥပဒေရေးရာအလေ့အကျင့်များအပါအ၀င်
နောက်ပိုင်း အစ္စလာမ်အင်ပါယာ၏ဖွဲ့စည်းတည်
ဆောက်ပုံသည် သူနှင့်များစွာသက်ဆိုင်နေပေသည်။
ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့်ပါရှန်ကျွန်တစ်ဦး
၏လုပ်ကြံမှုဖြင့် နန်းတက်ပြီး၁၀နှစ်ကျော်အကြာ
မဒီနာတွင် ကွယ်လွန်ခဲ့ပေသည်။အင်အားကြီးသော
မင်းတစ်ပါးဖြစ်သည်….(Bratainnica)
…အစ္စလာမ်တွင် အကြီးမားဆုံးသော တမန်တော်
၏ဘေးတွင် အိုမရ်ကွယ်လွန်သွားခဲ့သည်။လွန်ခဲ့သော
၁၀နှစ်အတွင်း သူ၏ ဥာဏ်ပညာ၊သည်းခံခြင်းနှင့်ခွန်
အားကြီးခြင်းတို့ကြောင့်ဆီးရီးယား၊အီဂျစ်နှင့်ပါရှန်
တို့၏ အာဏာကို ရရှိခဲ့သည်။အဘူဘကရ်သည်အယူ
ဖောက်ပြန်သော လူမျိုးစုများကို စစ်ပြုရင်းသူကွယ်
လွန်သေဆုံးချိန်တွင် အစ္စလာမ်စစ်တပ်သည် ဆီးရီး
ယားနယ်စပ်ကိုဖြတ်ကျော်ပြီးခါစပင်ရှိသေးသည်။အို
မရ်သည် အာရဗ်နိုင်ငံကြီးကိုအုပ်ချုပ်ခဲ့သည်။တစ်
လျှောက်လုံး သူသည် ပညာနှင့်သမ္မာ သတိရှိရှိ တရား
စီရင်မှု၏ချိန်ခွင်လျှာကိုအတိမ်းအစောင်းမခံခဲ့ပေ။
အရဗ်ခေါင်းဆောင်များ၏ ချွေတာရေးအလေ့အထ
ကို အားပေးခဲ့ပြီးသူကိုယ်တိုင် ချွေတာနေထိုင်ခဲ့သည်။
အိုမရ်၏ဘ၀အား ပုံကြမ်းဆွဲရန် လိုင်းအနည်ငယ်သာ
လိုအပ်သည်။ရိုးရှင်းခြင်းနှင့်တာ၀န်သည် သူ၏လမ်း
ညွှန်အခြေခံမူဖြစ်သည်။သူသည် များစွာသော ဗိုလ်
မင်းများနှင့် အုပ်ချုပ်သူများကိုရွှေးချယ်ရာတွင် မျက်
နှာလိုက်မှုကင်းခဲ့သည်။ကွဲပြားခြားနားသောအကျိုး
စီးပွားကို ကိုယ်စားပြုသောကြောင့် အင်ပါယာရှိလူ
မျိုးစုများသည်သူ၏ သမာဓိရှိမှုကို သွယ်ဝိုက်ယုံ
ကြည်ကြသည်။သူ၏အားကြီးသော လက်ရုံးသည်
ဥပဒေဖြင့်အင်ပါယာကိုစည်းကမ်းထိန်းသိမ်းခဲ့သည်။
သူ၏လက်ဖြင့် မဒီနာ၏လမ်းများနှင့်စျေးများကိုပြု
ပြင်သည်။အိုမရ်၏ နှင်တံသည် အခြားသူ၏ဓားထက်
ဆိုးသည်ဟူသော ဆိုရိုးစကားသည်ရှိသည်။သို့သော်
သူသည် မုဆိုးမများ မိဘမဲ့ကလေးများ၏အခွင့်အ
ရေးကိုအလွန်သိသောသူဖြစ်သည်။သူတို့၏၀န်ထုပ်
၀န်ပိုးများကို ချပေးလေ့ရှိသောကြောင့်အိုမရ်၏နူးညံ့
သိမ်မွေ့မှုကိုတွေ့ရသည်။…….
(Sir William Muir : The Caliphate;Its Rise
Decline and Fall;The Religious Tract Society
1891, page 145)
နှစ်ပေါင်း၁၄၈၀ကျော်ကြာ ရောမအင်ပါယာကျဆုံး
ပျက်စီးခန်းသမိုင်းကျမ်းရှင် ဆာအဒ်၀ပ် ဂစ်ဘွန်းက
….အဘူဘကရ် သည် အစ္စလာမ်လူ့အဖွဲ့အစည်း
တာ၀န်ကို လက်ခံရယူချိန်တွင်ဆင်းရဲမွဲတေနေသော
ကြောင့် နိုင်ငံတော်မှ လစာယူခဲ့သည်။ထိုလစာမှသူ
သုံး၍ပိုလျှံသော ငွေများကိုအပတ်တိုင်း၏သောကြာ
နေ့တွင် လှူဒါန်းလေ့ရှိသည်။ထိုသို့လေးစားဖွယ်
ကောင်းသော စနစ်နှင့်တန်းတူညီမျှမှုကိုကျိုးနွံစွာခံ
ယူခဲ့သည်။အိုမရ်၏ အစာသည် မုန့်ယောမုန့်ဖြစ်ပြီး
သောက်စရာရေသာရှိသည်။သူ၏အင်္ကျီသည် ၁၂နေ
ရာတွင် စုတ်ပြဲနေပြီး ဓမ္မပလ္လင်၌တရားဟောသည်။
အနိုင်ရသူအားဂုဏ်ပြုသော ပါရှန်လူမျိုးတစ်ဦးနှင့်
ဗလီကျောင်းတော်၏လှေကားထစ်ရှိသူတောင်းစား
များအလယ်၌အိပ်ပျော်နေသည်ကိုတွေ့ရှိရသည်။
အမြော်အမြင်ရှိရှိနှင့် တရားမျှတစွာပေါင်းသင်းဆက်
ဆံမှုဖြင့်ဆာရာဆင်း(အာရဗ်)တို့ကိုစည်းကမ်းကိုထိန်း
သိမ်းခဲ့ပြီးရှားပါးသောစည်းလုံးညီညွတ်မှုကိုဖြစ်တည်
စေခဲ့သည်…….
(The Decline and Fall of The Roman
Empire)
အဲဒီခေတ်က အိုမရ်အိပ်တဲ့ခေါင်းအုံးဟာကျောက်
တုံးဖြစ်တယ်။သံတမန်တွေလာတဲ့အခါ သမ္မတနဲ့
တွေ့ချင်လို့ပါ ဆိုလို့ ပြပေးလိုက်လို့သွားတဲ့အခါ
မြေပြင်မှကျောချပြီး ကျောက်တုံးကိုခေါင်းအုံးလုပ်
ခါအိပ်စက်နေတဲ့သမ္မတကိုမြင်ပြီးအံ့ဩကြတယ်။
မိုဟမ္မဒ် ဘယ်လိုနေခဲ့သလဲ အဲဒီလိုပဲ အဘူဘကရ်၊
အိုမရ်၊အွစ်မန်းနဲ့အလီတို့၄ယောက်စလုံးနှစ်ပေါင်း
၃၀တိတိ အစ္စလာမ့်လူ့အဖွဲ့အစည်းနိုင်ငံတော်ကို
တည်ဆောက်ရင်းနဲ့ကွယ်လွန်ခဲ့ကြတာပါ။တိုင်းနိုင်ငံ
ရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေနေနဲ့ကြည့်ရင်ပဲဖြစ်ဖြစ်
ဝါစဉ်အရယုတ္တိရှိရှိကြည့်ရင်ပဲဖြစ်ဖြစ် ၁။အဘူဘကရ်
၂။အိုမရ် ၃။အွစ်မန်း ၄။အလီ ဆိုတာကိုတွေ့ရလိမ့်
မယ်။အဲဒီ၄ယောက်စလုံးရဲ့ဘ၀သမိုင်းကိုလေ့လာ
ပြီး အကဲဖြတ်ရင် အဘူဘကရ်မှာ သစ္စာတရားကို
တွေ့ရမယ်။အိုမရ်မှာ ရဲရင့်ပြီး ပြတ်သားတဲ့ခေါင်း
ဆောင်မှုအရည်အချင်းကိုတွေ့ရမယ်။အွစ်မန်းမှာ
အရှက်တရားရယ် နူးညံ့တဲ့သဘောထားရယ်နဲ့
ကုရ်အာန်ကိုအစဉ်အမြဲဖတ်နေတတ်တဲ့ဗီဇတွေကို
တွေ့ရမယ်။အလားတူ အလီ မှာ ပညာကိုတွေ့ရမယ်။
မိုဟမ္မဒ်ကိုယ်တိုင် အလီ…ငါဟာ ပညာရဲ့မြို့တော်
ဆိုရင် မင်းဟာ အဲဒီမြို့တော်ရဲ့တံခါးပဲ…တဲ့။အိုမရ်
ဟာ ဘာပဲလုပ်လုပ် အလီ့သဘောထားကိုမေးလေ့
ရှိတယ်။အလီဟာ နှုတ်နည်းတယ်။တိုက်ပွဲ၀င်ရင်
လည်း ရှေ့တန်းမှာ ကျားတစ်ကောင်လို တိုက်ခိုက်
တတ်ပြီး ခိုင်ဗရ်စစ်ပွဲမှာ စီးချင်းထိုးအနိုင်ယူခဲ့သူ
လည်းဖြစ်တယ်။ဒီ၄ယောက်ဟာ မိုဟမ္မဒ်ထားခဲ့တဲ့
ပြည်တန်ပတ္တမြားတုံး ၄တုံးပဲ။မိုဟမ္မဒ်ဟာ ဘယ်
လောက်အထိ ခေါင်းဆောင်အရည်အသွေးပြည့်
သလဲဆိုရင် သူ့နောက်လိုက်တွေနဲ့ပက်သက်ပြီး
သူမရှိတော့တဲ့အချိန်မှာတောင် စိတ်ချခဲ့တဲ့အထိ
သူ့နောက်လိုက်တွေကိုယုံကြည်ခဲ့တယ်။….ငါ့ရဲ့
နောက်လိုက်ကြီးများဟာ မိုးကောင်းကင်ကကြယ်
တာရာပမာ ဖြစ်တယ်…..မင်းတို့ကြိုက်တဲ့လူအ
နောက်ကို လိုက် အောင်မြင်မှုရလိမ့်မယ်…..
History of Arab သမိုင်းကျမ်းရှင် လဘနွန်ခရစ်
ယာန် အာရဗ်အမျိုးသား အာရဗီပါမောက္ခဖြစ်သူ
Philip K.Hitti က
…မြင့်မားသောခန္ဓာကိုယ်နှင့်ထွန်းပြောင်နေသည့်
စွမ်းရည်ပြည်၀သူ။ပါရမီရှိသော အိုမရ်သည် ရိုးရှင်း
ပြီးကုန်သွယ်ရေးဖြင့်တိုးတက်စေကာမူ သူကိုယ်တိုင်
ကတော့ ရိုးရှင်းစွာနေထိုင်ခဲ့သည်။ဘီဒူးအင်ပညာရှိ
စတိုင်နှင့် တမန်တော်မိုဟမ္မဒ်၏နောက်တွင်အကြီးမား
ဆုံးပုဂ္ဂိုလ်ဖြစ်သည်။မွစ်စလင်စာရေးဆရာများသည်
သူ၏ ဘာသာတရားကိုင်းရှိုင်းမှုများ၊တရားမျှတမှု
များနှင့်ရိုးရှင်းသောဘဝနေထိုင်မှုတို့ကြောင့်လေးစား
ခဲ့ကြသည်။သူ၏အပြစ်ဆိုဖွယ်မရှိသော အကျင့်စရိုက်
သည် အသိစိတ်ရှိရှိဖြင့်ဆက်ခံသူများကလိုက်နာရန်
စံပြပုဂ္ဂိုလ်ဖြစ်လာသည်။သူ့တွင်အင်္ကျီတစ်ထည်နှင့်
၀တ်ရုံတစ်ခုသာပိုင်ဆိုင်ကြောင်းဖော်ပြတတ်ကြသည်။
စွံပလွန်ရွက်များပေါ်တွင်အိပ်ခဲ့ရသည်။ယုံကြည်ချက်
အားထိန်းသိမ်းခြင်း၊သန့်ရှင်းစင်ကြယ်မှုအားထိန်း
သိမ်းခြင်းနှင့် အစ္စလာမ်နှင့်အာရေဗျ၏လုံခြုံရေးတို့
ကို အထူးအလေးဂရုပြုခဲ့သူဖြစ်ပြီး အာရဗီစာပေတွင်
အိုမရ်၏ ပဲ့တင်ထပ်နေသောဂုဏ်တော်အားချီးမွှမ်း
သည့်စကားများဖြင့်ပြည့်နှက်နေသည်။သူသည် မူး
ယစ်ဆေးဝါးမှုကြောင့် သူ့သားကိုပင်ကြိမ်ဒဏ်ရိုက်ခဲ့
သူဖြစ်သည်။ထိုသားသည် နောက်ဆုံးကြိမ်ဒဏ်တွင်
ကွယ်လွန်ခဲ့သည်။ဤမျှရိုးစင်းသောအိုမရ်သည် ခရစ်
ယာန်ပါရှန်ကျွန်တစ်ဦး၏ အဆိပ်လူးဓားမြောင်ထိုး
သွင်းခံရ၍ကွယ်လွန်သေဆုံးခဲ့ရသည်……..
(History of Arab by Phillip K.Hitti)
(မှတ်ချက်။သူ့အကြောင်းအသေးစိပ်ကို Dr.Michael
H.Hart ပြုစုတဲ့ The 100 ကျော်စွာ၁၀၀-ဒေါက်တာ
သန်းထွန်း ဘာသာပြန် အမှတ်စဉ်၅၁မှာလေ့လာလို့ရ
ပါတယ်။)
မိုဟမ္မဒ်ဟာ သူမကွယ်လွန်ခင်ကတည်းက ကမ္ဘာ့နိုင်ငံ
အသီးသီးကို သံတမန်စေလွှတ်ပြီးအစ္စလာမ့်သ၀ဏ်
ပို့တာ တရုတ်ပြည်အထိရောက်တယ်။ဒီအကြောင်းကို
We have already described how in A.D.628
the courts of Heraclius, of Kavadh(ဆတ်ဆန်နီ
ပါရှန်မင်း), and of Tai-tsung(တရုတ်ဘုရင်ကြီး
တိုင်ဆွန်) were visited by Arab envoys sent
from a certain Muhammad, «The Prophet
of God»,at the small trading town of Medina
in Arabia.ဆိုပြီး H.G.Wells က သူရေးတဲ့ Outline
Of History,The Prophet of Muhammedခေါင်း
စီးအောက်မှာတင်ပြထားတယ်။အဲဒီအချိန်တရုတ်
ပြည် တန်မင်းဆက်မှာ ဘုန်းတန်ခိုးကြီးတဲ့ဘုရင် Tai
Tsung ဟာ အေဒီ၆၂၇ခုနှစ်မှာ နန်းတက်လာပြီးအုပ်
ချုပ်နေတယ်။ဒီမင်းလက်ထက် တရုတ်အင်ပါယာဟာ
အနောက်ဘက်မှာ ကပ်စပီယံပင်လယ်နဲ့ထိစပ်တဲ့
အထိနယ်ချဲ့လာတယ်။ဗဟိုအာရှဒေသအများစုဟာ
တိုင်ဆွန်ကို ပဏ္ဍာဆက်ပြီး အရှင်သခင်အဖြစ်မှတ်ယူ
ခဲ့ကြရတယ်။ဒါ တမန်တော်မိုဟမ္မဒ် မကွယ်လွန်ခင်
၅နှစ်အရင်မှာ နန်းတက်လာတဲ့ တရုတ်ပြည်ရဲ့ဩဇာ
ကြီးမင်းတစ်ပါးရဲ့သမိုင်းဖြစ်တယ်။ခေတ်ပြိုင်အဲဒီ
မင်းဆီကို တမန်တော်မိုဟမ္မဒ်ဟာ အစ္စလာမ့်သ၀ဏ်
လွှာကို သွားပေးဖို့အတွက် သူ့တပည့် ၀ဟာဗ် အိဗ်နေ
အဗီကဗ်ရှာ ကိုခေါ်ပြီး သွားရောက်ပေးအပ်စေခဲ့
တယ်။မဒီနာ-ဘေဂျင်း အလွန်ဝေးကွာလှမ်းတဲ့ခရီး
ကို ၀ဟာဗ် ဘင် အဗီကဗ်ရှာ ဟာ ကုလားအုပ်တစ်တန်
မြင်းတစ်တန် နဲ့ မိုဟမ္မဒ်ရဲ့သ၀ဏ်ကိုကိုင်ပြီးထွက်ခွာခဲ့
တာ ရောက်ပြီး သ၀ဏ်လွှာအပ်ပြီး တရုတ်ပြည်မှာ
အစ္စလာမ်သာသနာပြုပြီး ၄နှစ်အကြာ သူ့ဆရာဆီ
ပြန်တဲ့အချိန် သူ့ဆရာအုတ်ဂူကိုပဲမြင်ရတော့တယ်။
သူ့အမိန့်ကိုလိုက်နာရာမှာ ပြိုင်စံရှားတဲ့သူ့တပည့်ဟာ
သူ့ကိုစေလွှတ်ခဲ့တာ တရုတ်ပြည်ဖြစ်တာကြောင့်
အုတ်ဂူ၀င်ဆရာကိုနှုတ်ဆက်ပြီး တရုတ်ပြည်ကိုပြန်
ထွက်သွားပြီး အဲဒီမှာပဲ နေထိုင်သာသနာပြုရင်းနဲ့
အဲဒီမှာပဲ အသက်ကုန်သွားတာ အခုတရုတ်ပြည်
ကန်တုန် မှာ သူ့သင်္ချိုင်းကိုတွေ့ရမယ်။
Outline of History Part I မှာ
30.4 The First Message from Islam
It Was while Heraclius was engaged in restoring order in this already desolated Syria after the death of Chosroes II, and before the final peace with Persia, that a strange message was brought to him. The bearer had ridden over to the imperial outpost at Bostra in the wilderness south of Damascus. The letter was in Arabic, the obscure Semitic language of the nomadic peoples of the southern desert; and probably only an interpretation reached him—presumably with deprecatory notes by the interpreter.
(Heroslius သည် Chosroes II(ပါရှန်ဧကရာဇ်)
သေဆုံးပြီးနောက်ပိုင်းတွင်လူသူကင်းမဲ့နေသော
ဆီးရီးယားတွင်ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေစဉ်
ပါရှားနိုင်ငံနှင့်နောက်ဆုံးငြိမ်းချမ်းရေးမတိုင်မှီ သူ့
ထံသို့ရောက်ရှိလာသော ထူးဆန်းသောသတင်းစကား
တစ်ခုကိုရရှိခဲ့သည်။သယ်ဆောင်လာသူက ဆီးရီးယား
နိုင်ငံ ဒမတ်စကပ်မြို့တောင်ဘက် တောကန္တာရ Bostra
ရှိ ဧကရာဇ်တပ်စခန်းသို့သွားခဲ့သည်။အဆိုပါစာသည်
အာရဗီဘာသာနှင့် ဖြစ်ပြီးတောင်ပိုင်းသဲကန္တာရမှခြေသ
လုံးအိမ်တိုင်လူမျိုးတို့၏ထင်ရှားသောဆီးမိုက်ဘာသာ
စကားဖြစ်သည်။ဖြစ်ကောင်းဖြစ်နိုင်သည့်အဓိပ္ပါယ်ဖွင့်
ဆိုချက်တစ်ခုတွင် သူသည် စကားပြန်အား မကျေမနပ်
ဖြစ်နေသောကဲ့ရဲ့ခြင်းမှတ်စုများနှင့်အတူ….)
အာရဗီသမိုင်းတွေအရဟိုဒိုင်ဗီယာမှာတစ်ဖတ်သတ်
အနာခံစာချုပ်ချုပ်ပြီးကုရ်အာန်ကျမ်းရဲ့အောင်မြင်မှု
ကဏ္ဍ(စူရာဟ်ဖသဟ်)ကျရောက်လာပြီးတဲ့နောက်
မိုဟမ္မဒ် ဟာ မဒီနာကိုရောက်တော့ သူ့သာ၀က တစ်
ဦးချင်းကိုအမည်တပ်ခေါ်ယူပြီး သ၀ဏ်လွှာတွေကိုပေး
ပို့ခိုင်းပါတော့တယ်။
၁။ဂျအ်ဖရ် ဘင် အဗီသွာလိဗ်နဲ့လူအုပ်စုတစ်စုကို
အစ္စလာမ်ဘက်ကိုဖိတ်ခေါ်ဖို့နဲ့အီသီယိုးဗီးယားမှာခိုလှုံ
ဖို့အတွက် ဟဗ်ရှာ(အီသီးယိုးဗီးယား)ဘုရင် နဂျာရှီထံ
ကို ဟိဂျရီခုနှစ်မတိုင်မီ၈နှစ်အေဒီ ၆၁၄-၆၁၅ အရင်က
တည်းက မက္ကာဟ်သားတွေဒုက္ခပေးလို့ ထွက်ခွာခိုင်းခဲ့
ဖူးတယ်။
၂။အမရ် ဘင် အိုမိုင်ယာကိုခေါ်ပြီး အဲဒီနဂျာရှီဆီကိုပဲ
သ၀ဏ်ပေးခိုင်းတာဟိဂျရီ၆ခုနှစ် အေဒီ ၆၂၇မှာဖြစ်
တယ်။
၃။ဒေ့ဟ်ယား ကလ်ဗီကိုခေါ်ပြီရောမဘုရင်Heraclius
ဆီပို့ခိုင်းတာလည်း အဲဒီနှစ်မှာပဲ။
၄။အဲဒီနှစ်မှာပဲ သွိဗ် ဘင် အဗီဘလ်သအားကို အီဂျစ်
ဘုရင် မကောင်ကိစ် ထံကိုသ၀ဏ်လွှာပေးခိုင်းတယ်။
၅။အဲဒီနှစ်မှာပဲ ရှိုဂျားအ် အိဗ်နေ ဝဟဗ်ကိုခေါ်ပြီး
ရောမ ဆီးရီးယားဘုရင်ခံ ဟာရိစ် ဘင် ရှမရ်ဂစ္စာနီထံ
ကို သ၀ဏ်လွှာပေးပို့စေခဲ့တယ်။
၆။အဲဒီနှစ်မှာပဲ ဆိုလိုင်း ဘင် အမရ် ကိုခေါ်ပြီး
ယမာမာဒေသရဲ့ဘုရင် ဟောင်ဇား ဘင် အလီထံကို
သ၀ဏ်လွှာပေးပို့စေခဲ့တယ်။
၇။အဲဒီနှစ်မှာပဲ အမရ် ဘင် ဟသွရမီကိုခေါ်ပြီး ဘာရိန်း
ဘုရင် မွန်ဇိရ် ဘင် စာဝီ ထံကို သ၀ဏ်ပေးခိုင်းတယ်။
၈။နောက်တစ်နှစ် အေဒီ၆၂၈မှာ အဗ္ဗဒွလ္လာဘင် ဟိုဇာ
ဖာ ကိုခေါ်ပြီး ပါရှန်ဧကရာဇ်ကိုင်ဇာဘုရင်ဆီကို သ၀ဏ်
လွှာပေးပို့စေခဲ့တယ်။
၉။အေဒီ ၆၂၉မှာ အမရ် ဘင် အားဆွ် ကိုခေါ်ပြီး
အိုမန်ဘုရင်နှစ်ပါးဆီကို သ၀ဏ်လွှာ သွားပေးခိုင်း
တယ်။
၁၀။အေဒီ ၆၃၀မှာ ဟာရိစ် ဘင် အိုမိုင်းရ် အဇ်ဒီကို
ဘဆွရာဘုရင်ဆီ သ၀ဏ်ပို့ခိုင်းတာ ဘုရင်ကသတ်ပစ်
လိုက်တယ်။ဒီလိုသံတမန်ကိုသတ်ဖြတ်လိုက်တာကို
စစ်ကြေငြာတာလို့ယူဆပြီး တမန်တော်မိုဟမ္မဒ် ဟာ
နောက်လိုက်၃၀၀၀ကိုစုစည်းပြီးစစ်ချီစေခဲ့လို့မောင်
တဟ် စစ်ပွဲဖြစ်ခဲ့ရတယ်။
၁၁။အေဒီ ၆၃၁မှာ မိုဟာဂျိရ် ဘင် အိုမိုင်ယာကို
ခေါ်ပြီး ယမန်ဘုရင် ဟာရိစ် ဘင် အဗ်ဒ်ကေလားလ်
ထံကို သ၀ဏ်လွှာပို့ခိုင်းတယ်။
၁၂။အေဒီ၆၃၂မှာ ဂျရီးရ် ဘင် အဗ္ဗဒွလ္လာကို ယမန်
ဘုရင်ဇလ်ကေလားလ်နဲ့ဇူအမရ်တို့ထံ သ၀ဏ်လွှာ
ထပ်ပို့ခိုင်းတယ်။
၁၃။နဂ်ျရားန်မှာရှိနေတဲ့ခေါင်းဆောင် ဟာရိစ်ဘင်
အဗဒ်ကေလားလ်နဲ့သူ့ညီအကိုတွေဆီကို အေဒီ၆၃၀
မှာ မအားဇ် ဘင် ဂျဘရ်၊အဗူမူဆာ အရ်ှအရီ နဲ့ အမရ်
ဘင် ဟဇမ်တို့ကိုစေလွှတ်ပြီး သ၀ဏ်လွှာတွေပေးပို့စေ
ခဲ့တယ်။
ဒီလို အစ္စလာမ့်ငြိမ်းချမ်းရေးသ၀ဏ်လွှာတွေပေးပို့
နေတဲ့ မိုဟမ္မဒ်ကို ၀န်ကြီးချုပ်နေရူးက သူရေးတဲ့
စာအုပ်မှာ….မဒီနာကိုရှောင်တိမ်းပြီးနှစ်အတန်ကြာ
တဲ့အခါ အရှင်သခင်အဖြစ် မိုဟမ္မဒ် မက္ကာဟ်ကိုပြန်
၀င်လာတယ်။ပြန်၀င်မလာခင်မှာလည်း မဒီနာကနေပြီး
ကမ္ဘာ့နိုင်ငံစုံက ရှင်ဘုရင်တွေ၊အုပ်စိုးသူတွေဆီကို
တစ်ပါးတည်းသောဘုရားသခင်ရဲ့တမန်တော်အဖြစ်
လက်ခံကြဖို့ အမိန့်ထုတ်ဆင့်ဆိုလိုက်ပါသေးတယ်။
ကွန်စတန်တီုနိုပလ်မှာ ရှိတဲ့ဧကရာဇ်ဟေရာကလီးယပ်
ထံ မိုဟမ္မဒ် ရဲ့သ၀ဏ်လွှာရောက်လာတယ်။အဲဒီအချိန်
ဧကရာဇ်က ဆီးရီးယားထဲမှာ ပါရှန်တွေကိုစစ်တိုက်နေ
တယ်။ပါရှားဘုရင်လည်း ဒီသ၀ဏ်လွှာကိုရရှိတယ်။
တရုတ်ပြည်က တိုင်ဆွန် တောင် အဲဒီသ၀ဏ်ရတယ်။
ဒီသ၀ဏ်လွှာတွေပို့တာကိုထောက်ရှုပြီး မိုဟမ္မဒ် ဟာ
သူ့ကိုယ်သူရော၊သူ့လုပ်ငန်းစဉ်အပေါ်မှာပါဘယ်
လောက်ယုံကြည်မှုအားကြီးတယ်ဆိုတာခန့်မှန်းနိုင်
တယ်။သူ့နောက်လိုက်တွေကိုလည်းသူ့လိုယုံကြည်မှု
မျိုးရှိလာအောင်ခွန်အားပေးသိမ်းသွင်းတဲ့အတွက်အ
ရင်က ဘယ်လိုမှအရေးမပါခဲ့တဲ့သဲကန္တရသားတွေဟာ
လူအများသိပြီဖြစ်တဲ့ ကမ္ဘာရဲ့ထက်၀က်ကိုအောင်နိုင်
ပြီး သိမ်းပိုက်ခဲ့ကြတယ်။….
(Glimpses Of World History by Nehru ဘိုးလှိုင်
ဘာသာပြန် စာမျက်နှာ ၂၅၄-၂၅၅)
ဆက်ပါဦးမည်။
မိုဟမ္မဒ်ပေးပို့ခဲ့သော သ၀ဏ်လွှာပုံ

Farouk Drums: MANDALAY St. PETER’S HIGH SCHOOL

Farouk Drums
MANDALAY St. PETER’S HIGH SCHOOL

Copied from စိန့်ပီတာ/(၉)အ.ထ.ကကျောင်းသားဟောင်းများ
Aung Thu Myint’s post
Farouk Drums
MANDALAY St. PETER’S HIGH SCHOOL
အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက
ဒီစာလုံးနဲ့စာတန်းလေးဟာရိုးရိုးလေးပါ
ဒါပေမဲ့ ဒီစာတန်းလေးဟာ လူသားအားလုံးအတွက်
ခလေးငယ်ဘ၀ကအစ အသက်အရွယ်ကြီးရင့်လာတဲ့အထိ
လူသားအားလုံးကိုထိန်းသိမ်းပေးပြီးလမ်းမှန်ကိုညွှန်ပြပေးနေပါတယ်
တခုကတော့တခြားပြည်ပနိုင်ငံတွေမှာ ဒီစာတန်းမျိုး ရှိ မရှိတော့ကျနော်မသိပါဘူး
ဒီစာတန်းလေးဟာ မြန်မာနိုင်ငံမှာ မြို့ကြီးတွေကအစ
ဝေးလံတဲ့ကျေးလက်ဒေသတွေအထိရှိနေတာအသေချာပါ
ဒီစာတန်းလေးကို ဘယ်သူ (ရေးသားခဲ့လည်းဆိုတာလဲမသိပါဘူး) လူသားအားလုံးနဲ့သက်ဆိုင်နေသလို ကိုယ်စားပြု ထား ပါတယ်
ဒီစာတန်းလေးကို မြို့/နယ်/ကျေးရွာရှိကျောင်းတွေတိုင်းမှာရေးသားထားကြပေမဲ့
အဲဒီစာတန်းပါ ဆိုင်းဘုတ် ရဲ့ Size အရွယ်အစား ကတော့မတူကြပါဘူး ထားပုံခြင်းလဲမတူကြပါဘူး
အဆင်ပြေသလို ပြေမည့်နေရာမှာထားကြပေမဲ့
မန္တလေးမြို့ St .Peter’s အမှတ် (၉ )အ.ထ.က အမျိုးသားအထက်တန်းကျောင်းမှာတော့ ကျောင်းအ၀င်မှာ ကြီးကြီးမားမားစာလုံးကြီးနဲ့ ကြီးကြီးမားမားအရွယ်အစားနဲ့ရေးသားထားပါတယ်
ပို၍ထူးခြားတာကတော့ ဘယ်နေရာမှာမှ မတွေ့ဖူးခဲ့ရတဲ့ ဆိုင်းဘုတ် အပိုတခုပါရှိနေပါသေးတယ်
အဲဒါက လူငယ်ကျောင်းသားအရွယ်ကအစ အတန်းကြီးကျောင်သားတွေအထိ ကျောင်းတက် အ၀င်ပုံကို ကြီးမားတဲ့ပန်းချီကားချပ်ကြီးတခုကိုပါရေးဆွဲပြီးချိပ်ထားပါတယ်
အတန်းကြီးကျောင်းသားအရွယ်ကအတန်းငယ်ကျောင်းသားလေးကို လက်ချိပ်ဆွဲထားပုံးလေးကခုထိမှတ်မိနေပါတယ်
ဒါက သံ၀င်းဘက်ကကျောင်းအ၀င်ပေါက်ပါ
ကျောင်း၀န်းထဲ ၀င်လိုက်တာနဲ့ (မယ်တော်မာရီယာရဲ့ ရုပ်ထုနဲ့ ဘုရားကျောင်းငယ်ပုံစံမျိုးကိုလဲစတွေ့ရပါတယ်)(Grotto) လို့လည်းခေါ်ဆိုပါတယ် အဲဒီမယ်တော်မာရီယာရဲ့ အဆောင်လေးကိုလဲ ပန်းခြံလေးနဲ့၀န်းရံထားပါတယ်
မြင်လိုက်သူတိုင်းတိုင်းလည်း လေးစားပျော်ရွင်ကြည်းနူးမိမှာပါ
ကျောင်းသားအားလုံးဟာလည်း
(အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက) လို့ရေးသားထဲ့တဲ့ စာတန်းကြီးအောက်ကနေကျောင်းအတွင်းသို့၀င်ခဲ့ရပါတယ်
St . Peter’s ကျောင်းကြီးဟာအင်္ဂလိပ်ခေတ် ကတည်ဆောက်ခဲ့ပါတယ်
ပထမ ကတော့ ဆေးရုံအဖြစ်အသုံးချခဲ့ဖူးတယ်လို့လည်း မှတ်သား သိရှိရပါတယ်
ကျောင်းကြီးနဲ့ ကပ်ရပ်အနီးနားမှာ ခရစ်ယာန်ဘုရားကျောင်းကြီးရှိပါတယ် St.Michael’s Church
လို့ခေါ်ပါတယ်
ဟိုးရှေးခေတ် မန္တလေး မြို့တည်ပြီးစအချိန်ထဲက
ဘုရင်မင်းမြတ်ဟာ အဲဒီနေရာကို ခရစ်ယာန်ဘာသာ၀င်တွေအတွက်လဲသတ်မှတ်ပေးခဲ့ပါတယ်
ဟိုရှေးထဲက(သံ၀င်း)လို့ခေါ်ဆိုခဲ့ကြပါတယ်
St.Peter’s ကျောင်းကြီးဟာ အဲဒီအရပ်မှာတည်ရှိသလို
ကျောင်းအရှေ့မျက်နှာစာကတော့ မန္တလေးမြို့ရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ ရွှေတစ်ချောင်းမြောင်းရဲ့ မျက်နှာချင်းဆိုင်မှာလဲတည်ရှိပါတယ်
မန္တလေး ဒါတန်း ဘိလပ်ရည်စက်နဲ့ ထင်ပေါ် ယဥ်စက်မှု့ စက်ရုံဟာလည်း အနီး နားမှာပဲတည်ရှိပါတယ်
အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက ဆိုင်းဘုတ်ကြီးအောက်က ၀င်လိုက်တာနဲ့ ကျောင်းသားတွေရဲ့သွားလမ်းဟာ ပုံစံတမျိုးပြောင်းသွားရပါတယ်
လူသွားလမ်းရဲ့ လမ်းဟာ အပေါ်မှာကျောင်းဆောင်ရှိနေတဲ့အတွက် စိတ်အာရုံဟာ တမျိုးလေးခံစားရပြန်တယ်
အဲဒီ အဝင်လေး ထဲမှာဘဲ စတင်တွေ့ရှိရတာက စာကြည့်တိုက်ပါ
တဖက်မှာတော့ ကျောင်းဆင်း အချက်ပေး ခေါင်းလောင်းပါ နံရံမှာသံကြိုးနဲ့ချိပ်ဆွဲထားပါတယ်
ကျနော့်အထင်ကတော့ အဲဒီခေါင်းလောင်းဟာ နိုင်ငံခြားမှယူဆောင်လာတဲ့ခေါင်းလောင်းထင်ပါတယ်
အသံရဲ့ထူးခြားမှု့ကြောင့်ပါ
သိရှိသူတွေ ခေါင်းလောင်းအကြောင်းရေးသားပေးကြပါ
အဲဒီနေရာကကျောင်းဆောင်တွေဟာ ၈တန်း နဲ့ အတန်းကြီးတွေရဲ့စာသင်ခန်းတွေပါ
သိပ်ပြီးသတိရစရာလေးတခုကတော့
စာကြည့်တိုက်ရဲ့ အရှေ့ကလူသွားလမ်းနေရာလေးမှာ ကျောင်းအဆောင်ရဲ့ဒေါက်တိုင်၁ခုကို မှီထိုင်ရင်းစျေးရောင်းနေတဲ့အဖိုးအိုတယောက်ရှိပါတယ်
အဖိုးအိုထိုင်နေတဲ့နေရာရဲ့ အရှေ့တည့်တည့်မှာတော့
အများသုံးဖို့ရေပိုက်တခုထားရှိပါတယ်
အဖိုးအိုဟာ မြန်မာစကားကောင်းကောင်းမတတ်တာတော့မှတ်မိပါတယ်
သူက မြန်မာနိုင်ငံကို ဘယ်အချိန်ကရောက်ရှိလာသူလည်းဆိုတာမသိရသလို? ဘယ်ကနေစျေး လာရောင်းတာလည်းမသိပါဘူး?
သူက အိန္ဒယ အမျိုးသားကြီးပါ ရိုးရာ၀တ်စုံ၀တ်ထားပြီး
ပဲလှော်မျိုးစုံကိုရောင်းပါတယ်
ပြောင်လက်နေတဲ့ကြေးအိုးကြီးထဲမှာပဲမျိုးစုံကိုထည့်ထားပြီးအဖုံးအုပ်ထားပေမဲ့ ခပ်လှမ်းလှမ်းထဲကစားချင်လာတဲ့ စိတ်ဖြစ်ပေါ်လာအောင် အနံကသင်း နေပါတယ် ၁၀ ပြား ပေးလိုက်ရင်စက္ကူကန်တော့လေးနဲ့ထည့်ပေးပါတယ်
မဆလာအမှုန့်တမျိုးကိုလည်း ထည့်ပေးပါသေးတယ်
သိပ်အရသာရှိပါတယ်
အဲဒီနေရာဟာမုန့်ရောင်းတန်းမဟုတ်ပါဘူး အဖိုးအို ၁ဦးတည်းပဲ စာကြည့်တိုက်အရှေ့မှာမုန့်ရောင်းပါတယ်
ကျနော်ကတော့ 1968/9ခုနှစ်ကျောင်းအုပ်ဆရာကြီး (ဦးလှ )ခေတ် က ကျောင်းစနေတော့ အဖိုးအိုကဘယ်နှစ်ခုနှစ်ထဲကနေ လာရောက်ရောင်းချနေလဲတော့မသိပေမဲ့
အဖိုးအိုကို မှတ်မိ သိရှိသူများလည်းရှိမှာပါ
သူငယ်တန်း စနေတော့ မြတ်ဆရာကြီး ဦးအောင်ခင်ရဲ့အတန်းမှာစာ စသင်ကြားခဲ့ရပါတယ်
သူငယ်တန်း စာသင်ဆောင်နဲ့အနီးဆုံးကတော့ Basket Ball ကွင်းပါ အဲဒီအားကစားထက်စိတ်၀င်စားတာက ကစားကွင်းအနီးနားက စိန်ပန်းပင်ကြီးပါ
ဘာကြောင့်လဲ?ဆိုတော့ စိန်ပန်း ၀တ်ဆံ လေးတွေနဲ့ ခလေးဘ၀ ကစားနည်းတမျိုးကြောင့်ပါ
၀တ်ဆံ ခေါင်းချင်း ချိပ်ထားပြီး စွဲရပါတယ်
ခေါင်းပြုတ်သူက ရှုံးပါတယ်
သိပ်ပျော်ဗျ တဘက်မှာတော့ ခလေးကစားစရာ မျိုးစုံအပြင်
ပန်းခြံကြီးထဲကကစားကွင်းတခုထဲရောက်သွားသလိုပါပဲ
ရေကူးကန်ကြီးလည်းရှိပါသေးတယ်
ပြသနာတခုတော့ မေ့မရအောင်ဖြစ်ခဲ့ဖူးပါတယ်
အဲဒါက ၂တန်း အရွယ်တုန်းက အတန်းပိုင် မြတ်ဆရာမကြီး ဒေါ်ကြည်ကြည်၀င်းရဲ့အတန်းမှာ တုန်းက ရေကူးကန်ထဲခိုး၀င်ခဲ့တာပါ
ကျနော်နဲ့အတူ ခိုး၀င်ခဲ့သူက သံ၀င်းထဲမှာ နေတဲ့ သူငယ်ချင်း Robert ပါ တဦးတယောက်ကမြင်သွားတာနဲ့အတိုင်ခံရပါတယ်
အဲလိုမြင်ခဲ့လို့လဲ ကျနော်နဲ့Robert ကို
အတန်းပိုင်ဆရာမကြီးကလဲရိုက်
ကျောင်းတက်နေတဲ့ဦးလေးကလဲရိုက်
အိမ်ရောက်တော့လဲ အဖေကရိုက်
အဖိုးနဲ့အဖွားကလဲရိုက်
အဲဒါမပြီးသေးပါဘူး တနင်္လာနေ့ကျောင်းမတက်ခင် Essembly တန်းစီ ချိန် မှာ ကျောင်းအုပ်ကြီးက ၂တန်းက ခလေး၂ယောက် ရေကူးကန်ထဲ ခိုး၀င်တဲ့ အကြောင်းပါပြောသွားပါသေးတယ်
အဲလိုပြောသွားတာကျနော်မကြား သလို မသိ နားမလည်ပါဘူး
ဦးလေးကကြားသိပါတယ်
ဒါကြောင့်လည်းထပ်အရိုက်ခံရပါသေးတယ်
ကျနော်နာမည် က တင်မောင်နီ ပါ
ကျနော်မွေးတဲ့နှစ်မှာ အာရှကျွန်းဆွယ် ရေကူးချံပီယံတင်မောင်နီ ကို အားကြလို့ ကျနော် ကို တင်မောင်နီ လို့ မိဘတွေကမှဲ့ခေါ်ခဲ့ပါတယ်
ရေကူးတာလဲ၀ါသနာကြီးခဲ့တယ်ဗျ
ကျနော် ငယ်ငယ်တုန်းက မန္တလေးထွန်းလှဟော်တယ်ရေကူး ကန်ထဲကို ကျနော်မမြင်အောင် ၁၀ပြားအလေးစေ့၁စေ့ ကြိုက်ရာနေရာကိုပစ်ချလိုက်ပါ
အဲဒီ၁၀ပြားစေ့ ရမှကျနော်ရေပေါ်ကိုပြန်ပေါ်လာပါတယ်
ဒါကြောင့်ရေကူးချံပီယံတင်မောင်နီနဲ့
ကျနော်ကတော့ရေငုတ်ချံပီယံ တင်မောင်နီပေါ့ဗျာ
ရေကူးချံပီယံ(တင်မောင်နီ ) နာမည်ကြီးတဲ့ခေတ်မှာကျနော်မွေးတော့ ကျနော်ဟာ တင်မောင်နီ ဖြစ်ခဲ့ရသလို Rambo ရုပ်ရှင်ခေတ်တုန်းကလဲ အရပ်ထဲခလေးRambo တွေရှိခဲ့ပါတယ် အာနိုးခေတ်ရောက်တော့လဲ အရပ်ထဲ အာနိုး ငယ်လေးတွေပေါ်လာခဲ့တာမှတ်မိ သတိထားမိကြမှာပါ
ခေတ်အလိုက်နာမည်တွေနဲ့ပါတ်သက်တာ၁ခုက
ဥပမာ Jackie Chan / David Chan
အင်္ဂလိပ်နာမည်နဲ့ ရိုးရာလူမျိုးနာမည်ကိုတွဲပြီး ထားကြတာမျိုးပါ
နောက်တခုက ပီတာဘသိန်း (ကို)
Terry ဘတူ (ကို) ဆိုပြီး ဘိုနာမည်နဲ့ ရိုးရာနာမည်တွဲထားကြတာမျိုးပါ
ဟိုအရင် St. Peters ကျောင်းသားတွေဟာလည်း
အဲဒီလိုနာမည် ထားကြသူတွေများတယ်
Lowrance ဆိုရင်မသိဘူး Lowrance တင်အေးလား?
Lowrance ဘသောင်းလား? တွဲပြောမှသိရသလို
ဖခင်ရဲ့အမည်ကိုအနောက်ကထားခဲ့ကြပါတယ်
Oscar ဆိုတဲ့နာမည်တွေဟာလည်းများတာကြောင့်ရိုးရာနာမည်နဲ့တွဲ​ခေါ် ရတဲ့အထဲမှာ အထင်ကရ Oscar တယောက် St.Peter’s ကျောင်းကြီးထဲမှာရှိခဲ့ပါတယ်
သူက Oscar လှညွန့်ဆိုသူပါ Uncle Oscar လှညွန့်ပါ
မန္တလေး မြို့ရဲ့ Guitar သမိုင်းကို စပြောမယ်ဆိုရင် Uncle Oscarလှညွန့် ဆိုတဲ့နာမည်နဲ့စရမှာပါ
ဒါဟာအသေချာပါ
ကျောင်းသားဘ၀အရွယ်မှာeletric guitar ကို ကိုယ်တိုင်လုပ်ကိုင်ခဲ့ပြီးတီးခတ်ခဲ့သူတစ်ယောာက်ပါ
အဲဒီ St. Peter’s ကျောင်းသားဟောင်းကြီးဟာ သံ၀င်းအရပ်ထဲမှာနေထိုင်ရင်း ယနေ့ထိတိုင် အသက်အရွယ်ကြီးရင့်လာပေမဲ့ Guitarကိုမြတ်မြတ်နိုးနိုးနဲ့တီးခတ်နေဆဲပါ
Uncle ကြီးရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Dr. Sidney က England နိုင်ငံကနေ လက်ဆောင်အဖြစ်Guitarနဲ့ Amp( အသံချဲ့စက်) ကို လက်ဆောင်ပေးခဲ့ပါတယ်
ဒါက ထင်ရှားတဲ့ ရှေးတခေတ်က ငယ် သူငယ်ချင်း ချစ်ခင်မှု့နဲ့သံယောဇဥ် ဆိုတာပါ
အသက်အရွယ်တွေကြီးရင့်လာပေမဲ့သူငယ်ချင်းဖြစ်သူဟာ ဘာကို၀ါသနာပါပြီး တန်ဘိုးထားသလဲဆိုတာကို တဘက်ကသူငယ်ချင်းက လည်း သက်သေ ပြလိုက်တာပါ
St.Peters ကျောင်းသားတွေရဲ့ အနုပညာ ကို တန်ဘိုးထားပြီး ချစ်ခင်ကြောင်း ကိုလည်းဒီနေရာမှာဘဲတွေ့ရပြန် ပါတယ်
St.Peter’s ကျောင်းကြီးထဲမှာအကုန်အစုံလည်းရှိပါတယ်
ဘတ်စကက်ဘောကွင်း – ကြက်တောင် တင်းနစ် ရေကူးကန် တန်းမြင့်ခုံအပြင် ဘောလုံးကွင်းကြီးနဲ့စက်မှု့လက်မှု့အခန်း တွေပါ ရှိပါတယ်
ထင်ရှားတဲ့အမှတ်ကြီးတွေ ကတော့
ရှေးဟောင်းသစ်ပင်အိုကြီးတွေပါ
ဘောလုံးကွင်းကြီးနေရာကလွဲလို့ ကျန်နေရာတွေဟာရှေးဟောင်း ကုက္ကိုပင် /မန်ကျည်းပင်/တမာပင်/စိန်ပန်းပင် နဲ့ သစ်ပင်မျိုးစုံးများကြောင့် အရိပ်ရပြီးအေးမြပါတယ်
လွမ်းစရာကြီးဗျ
ကျောင်းကြီးအထဲမှာမြေညှိရန် အတွက်သံဘီးလုံးကြီးတခုရှိပါတယ်
ကျောင်းသားတွေဟာ သူငယ်တန်းကနေ ၁၀တန်းအောင် တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်ပြီးနောက် ပညာတတ် ကြီးတွေဖြစ်ခဲ့ကြပြီး အသက်အရွယ်တွေကြီးရင့်လာကြပေမဲ့
ကျောင်းထဲကကုက္ကိုပင်အိုကြီး
အောက်မှာရှိတဲ့ သံဘီးလုံးကြီးကတော့
ဘယ်အချိန် ဘယ်နှစ်ခုနှစ်ထဲကမှန်းမသိ ပဲ အဲဒီသစ်ပင်အိုကြီးအောက်မှာရှိနေခဲ့ပါတယ်
ယနေ့တိုင် မပြောင်းလည်းဘဲတည်ရှိနေတာဟာလဲ ထူးခြားမှု့တခုပါ
အဲဒီသံဘီးကြီးပေါ်မှာ ကျောင်းသားတိုင်းထိုင်ခဲ့ဖူးကြမှာပါ
ကျနော်ကတော့ ကျောင်းဆင်းချိန် လာကြိုမဲ့ အဖိုးကို အဲဒီသံဘီးကြီးပေါ်ကနေအမြဲထိုင်စောင့်ရင်း ဆော့ကစားနေခဲ့ဖူးပါတယ်
အဲဒီ သံဘီးလုံးကြီးရဲ့အနီး ကုက္ကိုပင်အိုကြီးရဲ့အောက်မှာ
ကျနော်တို့ မန္တလေး ENERGY တီး၀ိုင်းဟာ 1985၀န်းကျင်က St .Peter’s ကျောင်းပွဲတခါတီးခတ်ခဲ့ဖူးပါတယ်
Drumတီးနေပေမဲ့ ငယ်ငယ်ကခုန်တက်ဆော့ကစားခဲ့ရတဲ့သံဘီးလုံးကြီးကိုကြည့်ရင်းတခုခုကို ခံစားမိခဲ့ရပါတယ်
(အဲဒီကျောင်းပွဲတီးစဥ်က ENERGY နာမည် မပေးရသေးပါဘူး
ROCKER ဆိုတဲ့ နာမည်နဲ့ တီးခတ်ခဲ့ကြပါတယ်)
မုန့်ရောင်းတဲ့နေရာဟာကျယ်၀န်းသလို မုန့်မျိုးစုံနဲ့ စားသောက်ဆိုင်တွေဟာလည်းများလှပေမဲ့ ကျနော်အမြဲ၀ယ်စားတတ်တာကတော့ မန္တလေး (ဂေါ်လီ )ရေခဲချောင်း သိပ်ကြိုက်ဗျ
အခုခေတ်မှသိပ်မတွေ့ရတော့တဲ့ အာတာပူစီ ဆိုတဲ့ မုန့်အချိုတစ်မျိုးလည်းရှိပါ သေးတယ်
တခါတလေ ကျောင်းအုတ်တံတိုင်းကျော်ပြီး သံ၀င်းထဲက St’ Michle’s ဘုရားကျောင်း၀င်းထဲသွားကစားရတာဟာလည်းမေ့မရတဲ့ပျော်စရာပါ
အကြော်စုံရောင်းတဲ့ဆိုင်လေးရှိတာဟာလည်း သတိရစရာ
ပျော်စရာအကောင်းဆုံးကတော့ကျောင်းပွဲတော်ကျင်းပတဲ့နေ့ ညပိုင်းအချိန်ပါ
ဆီမီးတိုင်ကြီးတွေကိုလင်းထိန်နေအောင်ထွန်းထားပြီးစားသောက်ဖွယ်ယာများနဲ့ပျော်ရွှင်ပွဲများပါ
နောက်တခုက မျက်လှည့်ပညာရှင်တွေနဲ့ ကိုယ်ကာယ သမားတွေလည်း လာရောက်ပြီး ကာယ ပြတတ်ပါသေးတယ်
သံချောင်း ကို လည်ပင်းမှာထောက်ပြီးကွေးပြတဲ့ အကွက်ကခုထိသတိရနေဆဲပါ
သိပ်ကြိုက်ခဲ့ရတဲ့ပြကွက်ဗျ
သူငယ်တန်းအရွယ်ထဲက တဂျိမ်းဂျိမ်း နဲ့ကြားနေရတာက ကျောင်းတော်ကြီးရဲ့ဂုဏ်ဆောင်တဲ့ ကျောင်းဘင်ခရာ အဖွဲ့ကြီးပါ တူညီ၀တ်စုံတွေအပြင် ကျောင်းတော်ကြီးရဲ့အမှတ်တံဆိပ်ဟာလဲ မြင်ရသူတိုင်း လေးစားစရာပါ (သိပ်လှပါတယ်)
အဲဒီ တဂျိမ်းဂျိန်း အသံကြောင့်လည်း ကျနော် Drumတီးတာကိုစိတ်၀င်စားလာသလို ကျနော့်ကိုDrumတီးတာသင်ပေး လိုက်တာဟာလည်း St. Peter’s ကျောင်းက ဘင်ခရာအဖွဲ့ကြီးပါပဲ
ကျောင်းဘင်ခရာအဖွဲ့ကြီးအပြင် အားကစားတွေမှာလဲ လမ်းညွှန်သင်ကြားပေးသူ ဆရာကြီးတဦးရှိပါတယ်
ဆရာDavid ပါ
အသားအရောင်ကတော့ ခပ်ညိုညို အဲဒီခေတ်အခါက James Bond ခေတ်လို့ပြောရမယ်ထင်ပါတယ်
ဆရာDavid ဟာ တကယ်လဲ James Bondမင်းသားကြီး Sean Connaryနဲ့တူပါတယ်
မျက်ခုံး မျက်လုံးနဲ့ အရပ်အမောင်းကောင်းသလို တည်ကြည် သူလဲဖြစ်ပါတယ် လမ်းလျောက်ရင်လဲ ရင်ကိုကော့ထားပြီး ခပ်မြန်မြန်လည်းလျှောက်တတ်ပါတယ်
ကျောင်းတာ၀န်ခံ ၀န်ထမ်းမိသားစုတွေများစွာရှိသလို
သူတို့နေထိုင်ဖို့အဆောင်တွေကိုလည်းသီးသန့်ထားရှိပါတယ်
ကျောင်းတာ၀န်ခံတွေထဲမှာ ကျောင်းသားတိုင်းကချစ် ကျောင်းသား တိုင်းကတွေ့ရင်စနောက်ခံရသူတဦးရှိပါတယ်
သူ့ကို ဦးဖိုးထော် လို့ခေါ်ကြပါတယ်
ပုဆိုးတိုတို၀တ်ပြီး ခေါင်းမှာ ခေါင်းလိမ်းဆီရွှဲနေအောင်လိမ်းထားတတ်ပြီး ကျောင်းဆင်းခေါင်းလောင်း ကို ဦးဖိုးထော် ပဲဆွဲပါတယ်
ဟိုးအရင်တုန်းကတော့ ကျောင်းဆင်းခေါင်းလောင်းကြိုးဆွဲသူဟာ Mr Thomas လို့ သိရပါတယ်
Mr Thomas နဲ့ ဦးဖိုထော်အတူတူပဲလား?
မတူဖူးလားတော့မသိ?
တကယ်လို့သာအတူတူပဲဆိုရင်တော့ (Mr Thomas ဖိုးထော်) လို့ ခေါ်သင့်ပါတယ်
တခါတလေ နေ့လည် ထမင်းစားချိန်ဆိုရင် ကျနော်နဲ့ တစ်ခုံတည်း ထိုင်တဲ့ (ခင်မောင်လေး ဝေယံရှိုင်း) ရဲ့အိမ်ကိုလိုက်ပြီးထမင်းစားတတ်ပါတယ်
သူအမေဟာ ကျနော်ကိုသားရင်းတယောက်လိုချစ်ပါတယ်
သူရဲ့အိမ်အောက်ထပ်မှာ ရေခဲရောင်းတဲ့ အဖိုးကြီးတယောက်ရှိတယ် လှေခါးအတက် ကျနော်တို့က အဖိုးအို ကိုဘာရယ်မဟုတ် ချောင်းကြည့်တတ်ပါတယ်
အဖိုးကြီးကသိလို့ ပြန်ကြည့်ရင် ကျနော်တို့ကြောက်လန့်ပြီးပြေးတော့တာပဲ အဲဒါကလည်း ရင်ခုံစရာကစားနည်းတခုလိုဖြစ်နေတာဗျ
ခင်မောင်လေးရဲ့အိမ်ဟာ ထင်ပေါ်ယဥ်စက်မှု့နဲ့ကပ်လျှက်ပါ
အခုခေတ်မှာရယ်စရာတခုဖြစ်ပေမဲ့ အဲဒီခေတ်တုန်းကတော့ ထူးဆန်းပါတယ် အကြောင်းက ခြေထောက် ၁ ဖက်နဲ့ဖိလိုက်ရင် စက်ထဲက ရေခဲရေအေး ကြလာတဲ့ ရေအေးစက် (water cooler) ဟာ ထင်ပေါ်ယဥ်စက်မှု့အ၀င်မှာထားရှိပါတယ်
ရေအေးသောက်လို့ကောင်းတာထက် အဲဒီစက်က ကျနော်တို့အတွက် ထူးဆန်းနေပြီး
ကစားစရာတခုလိုလည်းဖြစ်နေ ပါတယ်
အဲဒီခေတ် အခါ က အဲဒီလို ရေအေးစက် ဘယ်အရပ် ဘယ်သူ့ဆီမှာရှိသလဲ? ဆိုတာ ကောက့်မန့် မှာရေးသားပေးကြပါ
St .Peter ‘sကျောင်းကြီး ဟာ အမျိုးသမီး ကျောင်း
၃ကျောင်း နဲ့ နီးသလို ဟို တဖက်မှာ (အမှတ် ၁ အမျိုးသား အထက) ကျောင်း လည်းရှိပါတယ်
အမျိုးသားကျောင်း ၂ကျောင်းကြားမှာ အမျိုးသမီး ၃ ကျောင်း တည်ရှိတဲ့ အတွက် တခါတရံ အချစ် လုပွဲတွေကြားရတတ်ပါတယ်
ကျနော်တို့ကြားဖူးနေ တာကတော့ ရွှေကျီးမြင် ဘုရား နားမှာ ချိန်းကြပြီး ဖြေရှင်းကြတယ်လို့ကြားဖူးတယ်ဗျ
အဲဒီလိုသူရဲကောင်းတွေရှိသလို အနုပညာနဲ့အားကစားသမားများစွာလဲရှိသေးဗျ နောင်တချိန်မှာ နိုင်ငံကျော်မဲ့ KeyBoard ပညာရှင်
Emperor အဖွဲ့ က လီယိုနတ် မောင်မောင်လွင် ဆိုတဲ့ ကျောင်းသားလေးဟာ ကျနော်တို့ အတန်းပိုင် မြတ်ဆရာမကြီး ဒေါကြည်ကြည်၀င်းရဲ့ ၂တန်း ထဲက ကျောင်းသားငယ်လေးပါ
၂တန်းစာသင်ဆောင်ဟာ ရေကူးကန်နဲ့အနီးဆုံးလည်းဖြစ်သလို အပေါ်ထပ် အစွန်းဆုံးအခန်းလေးပါ
သတိရ လွမ်းမိလိုက်တာဗျ
များစွာသော ပညာရှင် တွေ ဟာလည်း St.Peterကျောင်းကထွက်ရှိခဲ့ပါတယ်
အဆိုတော်ကြီး ကိုခိုင်ထူး ဟာလဲ စိန်ပီတာ ကျောင်းသားတစ်ယောက်ပါ
ပညာရှင်များ တမျိုးတည်းနာမည်တွေရေးရမယ်ဆိုရင် စာမျက်နှာဟာပြည့်သွားပါလိမ့်မယ်
St . Peter’s ကျောင်းကအောင်မြင်ကျော်ကြားခဲ့တဲ့ အတတ်ပညာရှင်ကြီးတွေ နိုင်ငံရေးသမားတွေ
စီးပွားရေးသမားတွေ
အားကစားသမားတွေ
ဂီတ နဲ့ အနုပညာရှင်တွေ ထင်ပေါ်ထက်မြက်ခဲ့သူတွေရဲ့နာမည်တွေကိုပဲ (သီးသန့် တစ်ပုဒ်) စာရင်းပြုစုတင်ပြပေးပါအုံးမယ်
အ​ကြောင်းက အဲလိုအောင်မြင်ခဲ့သူတွေဟာသိပ်ကိုများလို့ပါ
(နိုင်ငံကျော် ဒါရိုက်တာ မင်းသားကြီး ဦးမောင်မောင်တာ)
(မိုးကေသီ တီး၀ိုင်းခေါင်းဆောင်
ဦးဘိုခင်)
(ဒါရိုက်တာ ဦး၀င်းဖေ)
(ရွှေကျေး ဦးဘသိန်း ဓါတ်ပုံနှင့်ကာယဗလမောင်)
(ဒေါက်တာ ရှရာဇီ)
(Walter Tent ဦးကိုကိုကြီး စန္ဒယားပညာရှင်)
(ခေတ်ဦး Rock သီချင်းတွေသီဆိုခဲ့တဲ့ ဦးခင်မောင်လတ် (ခ) Ricky Lat)
(ရုပ်ရှင်ဒါရိုက်တာ ဦးတင်ထွန်း)
(ဒေါက်တာ သိန်းမြင့်သန်း piano)
(ရုပ်ရှင်ဒါရိုက်တာတက္ကသိုလ် ဦးကိုကိုလေး)
(ရုပ်ရှင်သရုပ်ဆောင် ဦးမောင်လေး
ရွှေမန်းမောင်လေး)
(ရေဒီယို ဦးကိုကိုကြီး USIS)
(တေးချစ်သူ တီး၀ိုင်းခေါင်ဆောင်
ဦးခင်မောင်သန်း)
(Boxing ဦးရဲဆွေ / ဦးရဲချစ်)
(ဓါတ်ပုံပညာရှင် ဦးချစ်စိန်)
(တေးရေး ဦးတင်၀င်း ဆေး/မန်း)
(Shells တီး၀ိုင်းခေါင်းဆောင်
ဦးကျော်၀င်း (ခ) ဦးရှဲလ်)
(Asahi ကရာတေး ဦးPeter tent
ဆရာ Richard Chan)
(တေးရေးအဥ္ဇလီကိုမောင်မောင်)
(ဇင်ယော်တေးသံသွင်း ဦးဇော်မြင့်)
Drummer တွေကတော့(၁၅)ဦးထက်မနည်းဗျ
အရင်တခါရေးခဲ့ဖူးသလို
ကျောင်းတော်ကြီးက Drumsတီးပါသင်ပေးသလားထင်ရလောက်အောင်ကို Drumသမားတွေထွက်ရှိခဲ့ပါတယ်
ကျနော်ကတော့ အသက်အငယ်ဆုံးနဲ့နောက်ဆုံး Drummer လို့ထင်ပါတယ်
ထူထူးဆန်းဆန်း အဖြစ်လေးတခုရှိခဲ့ဖူးပါတယ်
အဲဒါကတော့ St.Peter ကျောင်းဘောလုံးကွင်အလယ်မှာ (Helicopter ဟယ်လီကောက်ပတာ)
ဆင်းခဲ့တဲ့အကြောင်းလေးတခုပါ
ဟိုအရင်ခေတ်က BELL အမျိုးအစားလို့လည်းခေါ်ပါတယ်
ရဟတ်ယဥ်ငယ်တမျိုးပါ
မန္တလေး Shells တီး၀ိုင်းကGuitar တီးတဲ့ကိုဂျယ်ရီ/သီချင်းဆိုတဲ့ ကိုစနေကျော် တို့ရဲ့ အဖိုးဟာ St .Peter
ကျောင်းက Geography ဆရာကြီး MrA.M .DOSS ဖြစ်ပါတယ်
ဆရာကြီးမှာသားလေးယောက်ရှိပါတယ်
အငယ်ဆုံးသားဟာ Mr. Simon Doss ဖြစ်ပါတယ်
သူဟာ ဗိုလ်ကြီးစိန်မြင့်ပါ မိထ္ထီလာလေတပ်မှာတာ၀န်ထမ်းဆောင်ရပါတယ်
ဒါကြောင့်လဲ အရာရှိလူကြီးတွေ မန္တလေးကို လာရင် ဗိုလ်ကြီးစိန်မြင့်(ခေါ် )Mr Simon Doss ဟာရဟတ်ယာဥ်မောင်းပြီး မန္တလေးနန်းတွင်းသို့လာရောက်ပို့ဆောင်ပေးရပါတယ်
တရက်မှာ ရုတ်တရက် ညနေကျောင်းဆင်းနီးချိန်မှာ St.Peterကျောင်း၀န်းအတွင်းသို့ရဟတ်ယာဥ်၁စင်း ဆင်းလာပါတယ် ကျောင်းသားတွေအားလုံးဟာလဲ ကျောင်းအပြင်ထွက်လာကြပြီးပျော်ရွှင်အံသြစွာကြည့်နေကြပါတယ် အဲဒီကျောင်းသားတွေထဲမှာ ကျနော့်အဖေလည်းပါတယ်ဗျ
ကျောင်းဘောလုံးကွင်း၁ခုလုံးဖုံတွေလဲထပေါ့ ရဟတ်ယာဥ်တံခါးပွင့်လာပြီး Pilotတယောက် ထွက်လာပါတယ် အဲဒီPilotဟာ ဆရာကြီး A. M .DOSS ရဲ့သား ဗိုလ်ကြီးစိန်မြင့်ခေါ် Mr Simon ပါ ဆရာကြီး A .M .DOSS ကို ရဟတ်ယာဥ် တပါတ်စီးဘို့ဖိတ်ခေါ်လိုက်ပါတယ်
ဆရာကြီးကိုမန္တလေးမြို့ပေါ် တစ်ပါတ်လှည့်လည်ပြသခဲ့ပြီး
အဲဒီရဟတ်ယာဥ် ဟာ St.Peters ကျောင်း၀န်းအတွင်းတော့ပြန်မဆင်းခဲ့ဖူးဗျ မန္တလေးမြို့ပေါ် ၁ပါတ် လှည့်လည်ပြီး
ဆရာကြီး Mr A.M.DOSS နေထိုင်ရာ St.Xavier’s Church ယခု (အမှတ်၁၂)ကျောင်း၀န်းအတွင်းသို့ပြန်လည်ဆင်းသက်ခဲ့ပြီး အဖေ ဖြစ်သူအိမ်ကိုပို့ဆောင်ပေးခဲ့ပါတယ်
ပြီးတော့မှ မိထ္ထီလာလေတပ်စခန်းသို့ ပြန်လည်ထွက်ခွါသွားပါတယ်
နောက်ရက် မှာတော့ ဗိုလ်စိန်မြင့်ဟာ အဖေဖြစ်သူ Mr A.M DOSS ရဲ့ဆူပူခြင်းခံရပါတော့တယ်
ဆရာကြီး Mr A.M DOSSဟာကျောင်းသွား ကျောင်းပြန်အတွက် ပုံမှန်ဆိုက်ကား၁စင်းဌားရမ်းထားပေမဲ့ အဲဒီနေ့ကတော့ ရဟတ်ယာဥ်နဲ့အိမ်ပြန်ခဲ့ရပါတယ်
ဒီအဖြစ်ပျက်ဟာ 1955နဲ့ 57 ၀န်းကျင်လို့ခန့်မှန်းပါတယ်
ဒီလိုဖြစ်ခဲ့တာကိုကျနော်အဖေက ခဏခဏပြောပြဖူးပါတယ်
(Pilot ဗိုလ်ကြီးစိန်မြင့်) ရဲ့ချစ်သူဟာ မင်္ဂလာတံတားအနီးက ပြည်တော်သာတိုက်တန်းမှာနေထိုင်ပါတယ် ဒါကြောင့် ဟယ်လီကော်ပတာဟာ နန်းတွင်းထဲကနေပြန်တက်တိုင်း အဲဒီနားရောက်ရင် သိပ်မပျံချင်ဘူးပေကပ်ကပ်လုပ် တတ်တယ်ဗျ သူ့အကြောင်းတွေသီးသန့် ရေးရင် စာနောက်ထပ်၁ပုဒ်ဖြစ်သွားမှာအသေချာပါ
ယခုအကြောင်းအရာကို ပိုသိရှိရအောင် ယခု အသက်၈၀ရှိနေပြီဖြစ်တဲ့ အဖေရဲ့အတန်းဖေါ်ငယ်သူငယ်ချင်း
(Uncle Oscar လှညွန့် )
အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး စာအရမ်းတော်တဲ့ (St.Peter ကျောင်းသားဟောင်းကြီးတဦးဖြစ်တဲ့
Uncle ကျော်စိန်ကို ကျနော် မေးမြန်းခဲ့သလို
မျက်မြင်ကိုယ့်တွေ့ကြုံခဲ့သူ)
(ဆရာကြီးA.M DOSS ရဲ့ မြေးဖြစ်သူ ယခုAustralia နိုင်ငံမှာနေထိုင်တဲ့ တေးရေး/တေးဆို ကိုစနေကျော် Sydney Doss ကိုလည်းမေးမြန်းခဲ့ပါတယ်)
တနေ့ထက်တနေ့ အသက်အရွယ်တွေကြီးရင့်လာပေမဲ့မမေ့နိုင်တဲ့ကျောင်းတော်ကြီးနဲ့ စိန်ပန်းပင်က ၀တ်ဆံလေးတွေကိုလွမ်းဆွတ် တမ်းတသတိရနေရင်း
(တရက်ကကျနော်ကို စိန်ပီတာကျောင်းသားဟောင်း ၂ယောက်ကဖုန်းဆက်လာပြီး မန္တလေးမြို့ရဲ့ဂုဏ်ဆောင် St. Peter’sကျောင်းတော်ကြီး အမှတ်တရထုတ်မဲ့ မဂ္ဂဇင်းအတွက် စာရေးသားပေးဖို့ပြောလာပါတယ် ဒါကြောင့်လည်းပျော်ရွှင်၀မ်းသာ မိပါတယ်
အခုလိုSt.Peter ကျောင်းတော်ကြီးအတွက် အမှတ်တရစာရေးသားခွင့်ရတာကိုလည်းကျေးဇူးတင်ဂုဏ်ယူမိပါတယ်ခင်ဗျာ)
ဓါတ်ပုံများကို ကျောင်းသားဟောင်းကြီးများထံမှကူးယူတင်ပြထားပါသည်
ချစ်ခင်လေးစားလျက်
Farouk Drums (ခ)
စိန်ပီတာ ကျောင်းက တင်မောင်နီ ရေငုတ်ချံပီယံ

မြန်မာစစ်တပ်က မွစ်ဆလင်မ်မုန်းတီးရေး ဝါဒဖြန့်ဗဟိုချက်

Aung Htay
kyawhlaoo

မြန်မာစစ်တပ်က မွစ်ဆလင်မ်မုန်းတီးရေး ဝါဒဖြန့်ဗဟိုချက်

မြန်မာနိုင်ငံမှာ မွစ်ဆလင်မ်မုန်းတီးရေးဝါဒဖြန့်ချီချက်တွေရဲ့ ဗဟိုဟာ စစ်တပ် ။ စစ်တပ်က စစ်သားတိုင်းလည်း ဒါမျိုးမလုပ်တတ် ။ စစ်သားစာရေးဆရာတွေအားလုံးတောင် ဒီလိုဝါဒဖြန့်တာတွေကို မလုပ်တတ် / မလုပ်ရဲ / တိုက်ပွဲတွေအကြောင်းပဲ သီးသန့်ရေးတဲ့ လိုင်းကသူတွေ မလုပ်ကြ ။ ခင်ညွန့်ဖွဲ့သွားတဲ့ မဟာဗျူဟာလေ့လာရေးဌာနကတော့ မွစ်ဆလင်မုန်းတီးရေးစာတမ်းတွေတင်ခိုင်းတာ / ဖြန့်ဝေတာတွေ လုပ်ခဲ့တယ် ။
ခင်ညွန်လွန်တော့ အဲ့ဒီလေ့လာရေးဌာနပျက်သလိုဖြစ်သွား ။ ဒါပေမဲ့ စစ်ရုံးကြီးလက်အောက်မှာ သုတေသနဌာနတွေ ဆက်ဖွင့်တယ် ။ အဲ့ဒီထဲကနေ မွစ်ဆလင်မ်မုန်းတီးရေးသုတေသနစာတမ်းတွေ ဆက်ထွက်တယ် ။ နအဖခေတ်မှာတော့ ဒီစာတမ်းတွေကို တပ်ထဲမှာတောင် ကာကွယ်ရေးတက္ကသိုလ်မဟာဝိဇ္ဇာတန်းတက်မှ ဖတ်ကြရတယ် ။ ဒီစာတမ်းတွေဟာ အပြင်မှာဆို အန္တရာယ်ရှိတယ် ။
တခါက အဲ့လိုစာတမ်းကို စာအုပ်အဖြစ်ထုတ်လိုက်တာ ပါကစ္စတန်သံရုံးက ကန့်ကွက်ရတဲ့အနေအထားဖြစ်ရောပဲ ။ ” တကမ္ဘာလုံးက အကြမ်းဖက်တွေဟာ ပါကစ္စတန်မှာ အခြေစိုက်ပါတယ် / ပါကစ္စတန်ဟာ အကြမ်းဖက်နိုင်ငံပါ / မြန်မာနိုင်ငံလည်း အတိုက်ခိုက်ခံရနိုင်တယ် ” ဆိုတာမျိုးတွေ မရမကဇွတ်ချိတ်ရေးထားတဲ့ စာတမ်းပေါ့ ။ အဲ့လိုဗရမ်းဗတာစာအုပ်မျိုးရေးတဲ့ပုဂ္ဂိုလ်ကတော့ အခု စစ်အစိုးရလက်ထက် ဝန်ကြီးတက်လုပ်နေတဲ့ ဦးကိုကိုလှိုင်ဆိုတဲ့ ဘိုးတော်ပဲ ။ လောလောဆယ် မြန်မာစစ်သားတွေပါကစ္စတန်မှာ စစ်သင်တန်းတက်နေတာတွေ ပါကစ္စတန်စစ်ပစ္စည်းတွေကို မြန်မာစစ်တပ်က ဝယ်ယူသုံးစွဲနေတာကိုကြည့်ရင် သူရေးခဲ့တာတွေက လက်တွေ့နဲ့ဘယ်လောက်ဝေးကွာလဲ မြင်နိုင်မှာပါ ။ လုံးဝ တောင်ထိပ်နဲ့ မြောက်ထိပ်ကွာတာတွေရေးခဲ့သူ ။
၂၀၁၁ သိန်းစိန်အစိုးရတက်လာတော့ တကမ္ဘာလုံးက ချီးပနေချိန် သူက အစိုးရအကြံပေးပေါ့ ။ အဲ့ဒီအချိန်မှာ သူနဲ့အင်တာဗျူးတခုကို မြဝတီကလွှင့်တယ် ။ အင်တာဗျူးမှာ သူဇွတ်တင်နေတာက ” တပ်မတော်ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအရွေ့ဟာ အင်မတန်လှပကြောင်း / အရှေ့အလယ်ပိုင်း အာရဗ်နိုင်ငံတွေရဲ့ ဒီမိုကရေစီအရွေ့ဟာ အစ္စလာမ်းမစ်အစွန်းရောက်တွေကြောင့် ရုပ်ဆိုးအကျည်းတန်ဖြစ်နေရကြောင်း ” ပေါ့ ။ အဲ့ဒီအချိန်တုန်းက အာရဗ်နွေဦးတော်လှန်ရေးဆိုပီး အရှေ့အလယ်ပိုင်းဒေသပြည်တွင်းစစ်တွေ စတင်ခါစ ။ ဒီလူက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အစ္စလာမ်းမစ်တွေဘာပြုတယ် ညာပြုတယ် နဲ့ ညှော်စီလုပ်နေတာ ။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲကာစ နဲ့ ချိတ်ပြောနေတာ ။
တကယ်လက်တွေ့မှာ မြန်မာနိုင်ငံက မွစ်ဆလင်မ်တွေဟာ အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံရေးချိတ်ဆက်မှုရှိဖို့ဝေးစ ဒေသတွင်း မလေးရှားနဲ့တောင် အချိတ်အဆက်မရှိကြ ။ အိမ်နီးချင်းဘင်္ဂလားဒေရှ့်မှာ ဘယ်အချိန်ရွေးကောက်ပွဲလုပ်ပီး ဘယ်ပါတီတွေဝင်ပြိုင်မလဲဆိုတာတောင် မသိကြပါ / စိတ်ဝင်စားဖို့တောင်အာရုံမရှိကြပါ ။ အစိုးရမဟုတ်တဲ့အဖွဲ့စည်းတွေနဲ့လည်း အချိတ်အဆက်မရှိကြပါ ။ ဥပဒေပြင်ပက အဖွဲ့အစည်းတွေနဲ့ သာတောင်ဝေးသေး ။
လူမျိုးလည်းမတူ ဘာသာစကားလည်းမတူကြပါ ။ သူတို့ဇွတ်ချိတ်ပြတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂါလီတောင် ဘာသာစကား မတူပါ ။ ရိုဟင်ဂျာတွေရဲ့စကားက ဘင်္ဂါလီစကားထက် ပုဏ္ဍားစကားနဲ့ အများကြီးတူတာပါ ။ ( ဒီလိုပြောလို့ ပုဏ္ဍားတွေကို သွားမမဲပါနဲ့ / မြန်မာပြည်ကတဇောက်ကန်းတွေက မလွယ် )
အရှေ့အလယ်ပိုင်းနဲ့ အဆက်အစပ်မရှိပဲ ကိုယ့်ဖာသာမြန်မာပြည်မှာပဲ လူအများစုနဲ့အတူတူ ဖာသိဖာသာနေလာတဲ့ မွစ်ဆလင်မ်တွေကို ၂၀၁၁ ကတည်းက အရှေ့အလယ်ပိုင်းနိုင်ငံရေးတွေနဲ့ ဇွတ်ချိတ်ပြနေခဲ့တဲ့ ဒီလူက သိန်းစိန်အစိုးရရဲ့အကြံပေးတဲ့ ။ သိန်းစိန်အစိုးရ ဘာတွေကြံစည်နေသလဲ မြင်တဲ့သူတွေမြင်နိုင်ပါလိမ့်မယ် ။
ဆက်တိုက်ထပ်ဖြစ်လာတာတွေကတော့ မွစ်ဆလင်မ်မုန်းတီးရေးဝါဒဖြန့်ချက်တွေ , အထိကရုဏ်းတွေနဲ့ ဒုချိရာတန်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို ရာဇဝတ်မှုတွေပါပဲ ။ genocide မူလပထမစီမံကိန်းရဲ့ လက်သည်တွေထဲမှာ ဒီလူလည်းပါတယ် ။
မွစ်ဆလင်မ်မုန်းတီးရေးသုတေသနစာတမ်းတွေကိုလည်း အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေထိ လိုက်ဖတ်ပြတယ် ။ ဒါဟာ သိန်းစိန်အစိုးရလက်ထက်မှာ စလုပ်တာ ။ စာတမ်းဖတ်ပေးသူတွေကတော့ ဒီဘိုးတော်နဲ့ သူတို့ဌာနကလူတွေပါပဲ ။
မွစ်ဆလင်မ်မုန်းတီးရေးကို အခြေခံပီး မဟာဗုဒ္ဓဘာသာသွေးစည်းညီညွတ်ရေးအခြေပြုနိုင်ငံရေးအင်အားစုတည်ဆောက်ပီး ရွေးကောက်ပွဲအဆက်ဆက်အနိုင်ယူဖို့စီမံကြပေမဲ့ သူတို့တွက်သလိုတွေဖြစ်မလာပဲ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာလည်း ၂၀၁၁ တုန်းက အရှေ့အလယ်ပိုင်းနိုင်ငံတွေလို ပြည်တွင်းစစ်တခုနဲ့ စကြုံလာရပါတယ် ။
တချိန်တည်းမှာပဲ အစ္စလာမ်းမစ်အစွန်းရောက်အကြမ်းဖက်တွေလို့ သူပျစ်ပျစ်နှစ်နှစ်ရေးခဲ့တဲ့ တာလီဘန်တွေက ဂျီနီဗာမှာ အနောက်နိုင်ငံတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေဆွေးနွေးပီး ပြေလည်နေချိန်မှာ ဦးကိုကိုလှိုင်တယောက်ကတော့ genocide လူမျိုးတုန်းသတ်ဖြတ်မှုတရားခံတယောက်အနေနဲ့ အမှုရင်ဆိုင်ဖို့ နယ်သာလန် သဟိဂ်ကို ရောက်နေရပါပီ ။
( ဖြည့်စွက်ပြောချင်တာက ကျနော်တာလီဘန်အားပေးသူမဟုတ် / ပုရ်ှတွန်လူမျိုးကြီးဝါဒအခြေခံတဲ့ တာလီဘန်တွေဟာ အစ္စလာမ်ကို ကိုယ်စားပြုသူတွေလည်းမဟုတ်ပါ / တဇောက်ကန်းလုပ်တတ်တဲ့ တာလီဘန်တွေရဲ့ ပုရ်ှတွန်ဥပဒေတွေကိုလည်း အစ္စလာ့မ်ဥပဒေတွေပါလို့ လက်မခံပါ )
ဒါပေမဲ့ လက်တွေ့အခြေအနေအရတော့ တာလီဘန်တွေက မြန်မာစစ်အုပ်စုထက်တောင် နိုင်ငံတကာဆက်ဆံရေးမှာ လူရာဝင်နေတာတော့အမှန်ပါ ။ ရုရှားကမကထပြုတဲ့ ဒေသတွင်းနိုင်ငံ့ခေါင်းဆောင်တွေဆွေးနွေးပွဲလည်း တာလီဘန်တွေ တက်ကြတယ် ။ တန်းတူရည်တူ ဆွေးနွေးခွင့်ရတယ်ဗျာ ။
မဟုတ်မဟပ်ဝါဒဖြန့်ချီမှုတွေနဲ့ မွစ်ဆလင်မ်တွေကိုချနင်းရင်း နိုင်ငံရေးအာဏာတည်ဆောက်ဖို့ကြိုးစားတဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးလမ်းကြောင်းကတော့ ၁၀ စုနှစ်တစုစာပဲ ခံလိုက်ပီး အပျက်ပျက်နဲ့ ဂျောက်ကျနေပါရောလား !
ဦးကိုကိုလှိုင်တို့လို တရားခံတွေ ကိုယ်လုပ်ခဲ့တာ ကိုယ်သိကြပေါ့ ။
kyawhlaoo
Crd# Dr Kyawhlaoo

NOTE: အဲ့လိုဗရမ်းဗတာစာအုပ်မျိုးရေးတဲ့ပုဂ္ဂိုလ်ကတော့ အခု စစ်အစိုးရလက်ထက် ဝန်ကြီးတက်လုပ်နေတဲ့ ဦးကိုကိုလှိုင်ဆိုတဲ့ ဘိုးတော်ပဲ ..He wrote Inn Nya Myinnya book or Bible of BSPP or Burma Socialist Programme Party. So he was appointed the Head Master of Socialist School. By the way he was the notorious PORN WRITER of “Pari Mhar_Thaung Tin Khae Sin Ka”.

Sorry, I mixed up 2 Ko Ko Hlaing. The above is a second one. The first Ko Ko Hlaing only wrote Ah Nya Ma Nya or Inn Nya Myinnya book or Bible of BSPP or Burma Socialist Programme Party. So he was appointed the Head Master of Socialist School. By the way he was the notorious PORN WRITER of “Pari Mhar_Thaung Tin Khae Sin Ka”