စိတ်ကျခြင်းရဲ့ ရောဂါလက္ခဏာများ

Khin Maung Htway

စိတ်ကျခြင်းရဲ့ ရောဂါလက္ခဏာများ
(၁) အကူအညီမဲ့နေသလို မျှော်လင့်ချက်မဲ့လာသလို ခံစားရလာပါတယ်။

ဘယ်အရာကမှ ပြန်အဆင်ပြေသွားတော့မှာ မဟုတ်သလိုလို ၊ ကိုယ့်အခြေနေပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းမရှိတော့သလို ခံစားချက်တွေ ခံစားလာရတာမျိုးပါ။

(၂) နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ စိတ်ဝင်စားမှု လျော့နည်းလာပါမယ်။

Continue reading

လက်မောင်းဆစ်နာ/ကိုက် လှုပ်ရှားနိုင်မှုနဲလာသူများအတွက်ပါ။ Frozen shoulder (သို့မဟုတ်) ပုခုံးအကြောဆိုင်းခြင်း။

လက်မောင်းဆစ်နာ/ကိုက် လှုပ်ရှားနိုင်မှုနဲလာသူများအတွက်ပါ။

No automatic alt text available.

Continue reading

သည်မြေမှာ မွေး၊ သည်ရေကို သောက်၊ သည်လူထုနဲ့အတူ လက်တွဲနေကြသူတွေကို အသားအရောင်၊ အသွင်အပြင်၊ အယူဝါဒ ကွဲတာနဲ့ပဲ ဧည့်သည်လို့ ထင်နေတဲ့အထိ အတွေးတိမ်အောင် သွန်သင်ပေးခဲ့ကြတဲ့ သူ့မိဘ၊ ဆရာသမားတွေကိုပဲ အံ့သြမိပါတယ်

Atta Kyaw

အို… ဉာဏ်ကြီးရှင်တွေ… ဉာဏ်ကြီးရှင်တွေ…
==============================

ဟိုနေ့က တင်လိုက်တဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်ဆိုတာကို လက်ဆင့်ကမ်းထားသူ တဦးအောက်မှာ လာရေးထားတဲ့ မှတ်ချက်ထဲ အိမ်ရှင်၊ ဧည့်သည်ဆိုတဲ့ အသုံးကို တွေ့လိုက်ရပါတယ်။ ဧည့်သည်က ဧည့်သည်စိတ် ထားရမယ်တဲ့။

တယောက်က ပြန်ချေပတယ်။ ဘာဧည့်သည် ဘာအိမ်ရှင်မှ မရှိဘူး၊ နိုင်ငံသားတိုင်း သာတူညီမျှ ဖြစ်ရမှာပဲတဲ့။

အဲတော့ မူလ အိမ်ရှင်၊ ဧည့်သည်စကားကို ဆိုသူ ဉာဏ်ကြီးရှင်ကြီးက ပြန်ရေးတယ်။ အိမ်ရှင်မရှိဘူးဆို နိုင်ငံခြားသွားလည်ပါလား၊ စလုံး ဒူဘိုင်း ဘရူနိုင်းတို့ ဆိုပဲ။

Continue reading

မန်မာအစိုးရကို လူသတ်မှုတွေနဲ့အရေးမယူပဲ…. သက်သေခံ အလောင်းဖျောက်မှုနဲ့ပဲ အရေးယူရင်တောင်….. မြန်မာအစိုးရ အဆက်ဆက်….နောင် ဘဝပေါင်းများစွာ ထောင်ချထားလို့ရတယ်

မြန်မာအစိုးရကို လူသတ်မှုတွေနဲ့အရေးမယူပဲ….

သက်သေခံ အလောင်းဖျောက်မှုနဲ့ပဲ အရေးယူရင်တောင်…..
မြန်မာအစိုးရ အဆက်ဆက်….နောင် ဘဝပေါင်းများစွာ
ထောင်ချထားလို့ရတယ်….ဆိုတာ သဘောပေါက်

ဘယ်သူက အလောင်းဖျောက်သလဲ ဘယ်သူက အလောင်းဖျောက်ခိုင်းသလဲ ဘယ်သူက အလောင်းဖျောက်ခွင့်ပြုသလဲ အဲ့ဒီလူဟာ..ထောင်ဒဏ် ၁၀နှစ် ပြစ်ဒဏ် ကျခံရလိမ့်မယ်

Maung Maung

Continue reading

မင်းတုန်းမင်းကြီးကိုယ်တိုင် အစ္စလာမ်ဘာသာဝင်များကိုဖိတ်ခေါ်နေရာပေး၍ မြှောက်စားခဲ့ သည်

တကယ်တော့ မန္တလေးမှာ
အရှေ့မြောက်အရပ်က ဆွေမျိုးပေါက်ဖော်တွေ အခုမှရောက်လာတာတော့ မဟုတ်။ မြို့တည်နန်းတည်ကတည်းက မင်းတုန်းမင်းကြီးကိုယ်တိုင် သူတို့ကိုဖိတ်ခေါ်ါ်နေရာပေး၍ မြှောက်စားခဲ့
သည်။

တခြားမကြည့်ပါနှင့် အေလမ်းဘေးမှာကိုပဲ တရုတ်လူမျိုးများ၏ ပန်းသေးဗလီမှာ မန္တလေးမြို့တည်
သည်နှင့်အမျှ သက်တမ်းထပ်တူနည်းပါးလိုက်သည့် သက်တော်ရှည် ရှေျးဟာင်းဗလီကြီးဖြစ်သည်။
အေလမ်းမှ လမ်း ၈၀ အတိုင်း တောင်သို့သွားလျှင် တာရဲတန်းဟုခေါ်သော ရပ်ကွက်ကိုက ပန်းသေး
တရုတ်လူမျိုးများနှင့် ဆက်စပ်နေသည်။ မင်းတုန်းမင်းခေတ်က ပန်းသေး တရုတ်လူမျိုး အမှုတော်ထမ်း ဗိုလ်
ဆွန်တာရဲဆိုတာ အထင်အရှားရှိခဲ့ဖူးသည်။ပန်းသေးဗလီကို ၁၂၃၀ ပြည့်နှစ်ကတည်းက တည်ဆောက်ထား
ခဲ့ခြင်းဖြစ်သည်။အကွက်အမှတ် ၆၄၅ ။၃၅လမ်းနှင့် ၃၆လမ်းကြား ၇၉လမ်းနှင့် လမ်း ၈၀ ကြားတည်ရှိသည်။

Continue reading

Bama Rakhine ဂျင်း​တွေ….. ဂျင်း​တွေ… ဆိုတာ​လေ

Nyein Aye Aung

ရခိုင်​မှာထွက်​​ပြေးတဲ့ ဒုက္ခသည်​လူအုပ်​ကြီးကို ရဟတ်​ယာဉ်​​ပေါ်က​နေ စက်​​သေနတ်​နဲ့ ပစ်​တယ်​ဆိုတဲ့ စွပ်​စွဲချက်​ထွက်​​ပေါ်လာ​တော့ ပြည်​တွင်း​နေ INGO နဲ့ NGO ​တွေကို ပြည်​ပမိတ်​ဖက်​အဖွဲ့​တွေက ​မေးမြန်းမှု​တွေ ရှိခဲ့တာ​ပေါ့။
မဖြစ်​နိုင်​ပါဘူး လို့ အ​ကျောက်​အကန်​ငြင်းကြတာ​ပေါ့။ ဒါ သက်​သက်​ မြန်​မာ့တပ်​မ​တော်​ကို သိက္ခာချတာ။ ဒီ​လောက်​ရက်​စက်​တဲ့ အလုပ်​လုပ်​ပါ့မလား​ပေါ့​လေ။ BBC ညာ​နေသည်​ VOA လိမ်​​နေသည်​လို့ ဘဘကြီး ​ပြောခဲ့တာ မှန်​​နေပါ​ပေါ့ တို့ ဘာတို့​ပေါ့။

Continue reading

ဘာသာရေးကိုအခြေခံပြီးမှ လုပ်တယ်ဆိုတာ ဥပဒေမှာလည်း မပါဘူး။ ဥပဒေမှာလည်း မရှိဘူး။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ ဘာသာကိုအကြောင်းပြုပြီး ကတ်ကိုခွဲခြားပေးတယ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ရှိတယ်။

Thu Ya Min Naing

#NVC ကတ်ဆိုတာ နိုင်ငံသား ဟုတ်တယ် မဟုတ်ဘူး သံသယဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေလာတာ နှစ်ပေါင်း များစွာဆိုတော့ သံသယဖြစ်စရာ မလိုပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ အဲ့ဒီဟာကို ယူစရာလိုကို မလိုပါဘူး။ ကျွန်တော်တို့ကို ဘယ်အချိန်ထိ ဆက်သံသယဖြစ်နေဦးမှာလဲ။ ကျွန်တော်တို့ နိုင်ငံသားဟုတ်တယ်ဆိုတာက ဘာမှသံသယဖြစ်စရာမလိုဘူး။ ဒီဟာက ခွဲခြားမှုတစ်ခုပဲလို့ ကျွန်တော်တို့ သတ်မှတ်တယ်။

Image may contain: 1 person

Continue reading

Atta Kyaw :အသက်ရှည်ရှည် ခင်ခင်မင်မင်

Atta Kyaw added 5 new photos.

အသက်ရှည်ရှည် ခင်ခင်မင်မင်
====================

မနေ့ညက ၁၀ နာရီ ထိုးလုနီးမှ စာအုပ်မျက်နှာစာမှာ တက်လာတဲ့ ဓာတ်ပုံလေးတွေ မြင်မိတော့ ကိုယ်တိုင် သွားကြည့်ချင်စိတ်က ပေါက်လာတယ်။ ကျွန်တော်တို့ဆိုင်က ဝန်ထမ်းလေးတွေကလည်း မြစ်ဝကျွန်းပေါ်က ကရင်လေးတွေ၊ ခရစ်ယာန်ဘာသာဝင်လေးတွေ။ သူတို့လေးတွေ ရန်ကုန်ကို ရောက်ဖူးတာ မဟုတ်ဘူး။ ဒါနဲ့ ကလေးတွေလည်း လိုက်ပြရင်း၊ ကျွန်တော်လည်း တပတ် ပတ်ကြည့်မယ်ဆိုပြီး ထွက်ချလာလိုက်ပါတယ်။

Continue reading

“တိုင်းရင်းသား (၁၄၄) မျိုး”

(Andrew Soe)

(၁၉၇၃) ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာနက
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးထံသို့ပေးပို့သော 
လူမျိုးစာရင်း၌ တိုင်းရင်းသား လူမျိုး (၁၄၄)
မျိုး ပါရှိပါတယ်။

ထိုလူမျိုးစုများထဲတွင် အစ္စလမ်ဘာသာဝင်
များ အဖြစ်…….

၁)။ မြန်မာမွတ်စလင်
၂)။ ပန်းသေးလူမျိုး
၃)။ ပသျူးလူမျိုး
၎)။ ရခိုင်စစ်တကောင်းလူမျိုး
စသည်တို့ပါရှိပါသည်။

No automatic alt text available.

Continue reading

မေမေရေ … ပြတ်သွားတဲ့ သားရဲ့ ခြေထောက်တစ်ဖက်မှာ ကမ္ဘာကျော် ဘောလုံးသမားကြီး ဖြစ်ချင်တဲ့ အိပ်မက်လေး ကောက်ကောက်ပါသွားတယ်

Image may contain: one or more people and people sleeping

မေမေရေ …
ပြတ်သွားတဲ့ သားရဲ့ ခြေထောက်တစ်ဖက်မှာ
ကမ္ဘာကျော် ဘောလုံးသမားကြီး ဖြစ်ချင်တဲ့ အိပ်မက်လေး ကောက်ကောက်ပါသွားတယ်…

Continue reading