ရိုဟင်ဂျာဆိုင်ရာ မူဝါဒ အမြန်ချပါ AA

U Aung Tin

ရိုဟင်ဂျာဆိုင်ရာ မူဝါဒ အမြန်ချပါ AA (၂၀၁၉)

ကျနော်သည် AAကို စထောင်ကတည်းကလည်း ထောက်ခံအားပေးခဲ့တယ်။ အခုလည်း ထောက်ခံအားပေးလျှက်ရှိတယ်။

သို့သော် ဦးအောင်တင်က ဒေါ်အောင်ဆန်းစုကြည်မှားလည်း ထောက်ခံတဲ့၊ AAမှားလည်း ထောက်ခံတဲ့ အမျှော်အမြင်မဲ့ ပေါ်ပင် အပေါစား နိုင်ငံရေးသမား မဟုတ်ဘူး။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဝေဖန်ထောက်ပြနေတာကလည်း အောင်မြင်စေချင်လို့သာ ဖြစ်တယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် ရှေ့ဆက်ရမယ့် ခရီးလမ်းက အရှည်ကြီးရှိပြီး လက်ရှိရောက်နေတဲ့ အနေအထားကို သာယာနေမယ်၊ ပိုတွက်နေမယ်ဆိုရင် အကြီးအကျယ် မှားမယ်။ နောက်မုန်တိုင်းကြီး မရောက်ခင် ကြားကာလ ခေတ္တငြိမ်သက်နေတာကို အခွင့်အခါအဖြစ်သုံးပြီး နောင်မလွဲမသွေ ဖြစ်လာမယ့် ပိုပြင်းထန်တဲ့ နိုင်ငံရေး စစ်ရေးမုန်တိုင်းကို ကျော်ဖြတ်နိုင်ဖို့က ရခိုင်တွေရဲ့ ထောက်ခံမှု မြင့်တက်နေတာလောက်နဲ့ သာယာနေလို့ မရဘူး။ မလုံလောက်ဘူး။

အခုလို ယာယီငြိမ်သက်ကာလမှာ ရခိုင်ဒေသတွင်းက အခြားလူမျိုးစုတွေရဲ့ ထောက်ခံမှုကို ရယူနိုင်ဖို့ အခွင့်အခါကောင်း ဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDတွေလို ငါတို့ကို မထောက်ခံရင် ပိုဖိနှိပ်မယ့် စစ်တပ်လာမယ်ဆိုတဲ့ ယုတ္တိဗေဒက လူထုကို အကြပ်ကိုင်တဲ့ အနိမ့်စား၊ အပေါစားနိုင်ငံရေး ဖြစ်တယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် အခက်အခဲတွေ အများကြီးရှိနေပေမယ့် ဒီနေရာမှာ အင်မတန် အရေးကြီးတဲ့ နိုင်ငံရေးမိုင်းကွင်းကြီး နှစ်ချက်ကို ပြောချင်တယ်။

ပထမအချက်က ဝံသာနုရက္ခိတလမ်းစဉ်ဖြစ်တယ်။

အမျိုး ဘာသာ သာသနာကို အဓိကကျောရိုးအဖြစ် ကိုင်စွဲပြီး မြန်မာပြည်ရဲ့ လူများစုကြီးဖြစ်တဲ့ ဗမာလူမျိုးတွေကို နိုးထစေပြီး လွတ်လပ်ရေးကို ဆောင်ကျဉ်းပေးခဲ့တဲ့ ဦးအောင်ဆန်းက လွတ်လပ်ရေးအကြို ပင်လုံညီလာခံ လက်မှတ်မထိုးခင် ဖေဖော်ဝါရီ ၁၁ရက် ၁၉၄၇မှာ “အမျိူး၊ ဘာသာ၊ သာသနာနဲ့ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သော်လည်း နိုင်ငံအဖြစ် တည်ဆောက်တဲ့အခါမှာ အမျိုး၊ ဘာသာ၊ သာသနာကို သုံးလို့ မရဘူး။ တန်းတူရည်တူ နိုင်ငံသားကောင်း စိတ်ဓါတ်အရသာ တည်ဆောက်နိုင်တယ်”တဲ့။ ဒါက လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က အင်မတန် အမျှော်အမြင်ကြီးစွာဖြင့် ဦးအောင်ဆန်း ပြောခဲ့တဲ့ စကားဖြစ်တယ်။ ဒီစကားကို သူ့သမီးတောင် မလိုက်နာဘဲ အမျိုး၊ ဘာသာ၊ သာသနာလုပ်နေလို့၊ တစ်နိုင်ငံလုံးက ဗမာအများစုကြီးကလည်း အမျိုး၊ ဘာသာ၊ သာသနာကို ဆင်ကန်းတောတိုး လုပ်နေလို့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းတွေ နောက်တန်းရောက် ဆက်တိုက်ကျရှုံးနေပြီး စစ်အာဏာရှင်က အာဏာဆက်ကိုင်ထားဆဲ အခုလို အခြေအနေဆိုး ဆိုက်ရောက်နေတာဖြစ်တယ်။

အခုလည်း AAက ဝံသာနုရက္ခိတလမ်းစဉ်အရ လူများစုကြီးဖြစ်တဲ့ ရခိုင်တွေရဲ့ ထောက်ခံမှုကို ရယူနိုင်ပြီး နိုင်ငံရေးအရ ပိုမိုမြင့်တက်လာမယ့် အဆင့်တစ်ဆင့်ကို တက်လှမ်းတော့မယ့်ကာလဖြစ်တယ်။ ဦးအောင်ဆန်းက ပင်လုံကတိတွေ ပေးခဲ့ရတဲ့ ကာလမျိုးနဲ့လည်း အလားသဏ္ဍာန်တူတယ်။

AAရဲ့ ဝံသာနုရက္ခိတလမ်းစဉ်ကို အချိန်မနှောင်းခင်၊ လူမျိုးရေး ဘာသာရေး မျက်ကန်းတွေက အရှိန်လွန်အောင် အမြတ်မထုတ်ခင်၊ ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေသိအောင်၊ အထူးသဖြင့် ရခိုင်ဒေသမှာ အခြေစိုက်နေထိုင်ကြတဲ့ လူမျိုးစုအသီးသီးက ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် နိုင်ငံရေးအရ ရှင်းပြ ပညာပေး လမ်းကြောင်းတည့်ပေးဖို့ အခွင့်အခါကောင်းဖြစ်တယ်။

AAရဲ့ ဝံသာနုရက္ခိတလမ်းစဉ်မှာ ရခိုင်ဒေသက ဘာသာမတူ၊ လူမျိုးမတူ၊ နိုင်ငံရေးရည်မှန်းချက် ထပ်တူမကျတဲ့ အခြားလူမျိုးစုတွေက ဘယ်လိုပေါင်းစပ် ပါဝင်နိုင်မလဲ ဆိုတဲ့မူကို ချပြထားဖို့လိုတယ်။ ဒါမှသာ AAကို ထောက်ခံသူတွေ တပြေးညီ ကိုင်စွဲထားရမယ့် ရှင်းလင်းပြတ်သားတဲ့ မူတစ်ခု ရလာမယ်။

ငါတို့ ဗမာတွေနောက်ကို လိုက်ကြလုပ်လို့ ဗမာတွေမှားခဲ့သလို အခုလည်း ငါတို့ရခိုင်တွေနောက်ကို လိုက်ကြဆိုရင် ရခိုင်တွေလည်း မှားကြမယ်။ ဗမာကြီးစိုးမှုအောက်ကနေပြီး ရခိုင်ကြီးစိုးမှုအောက်ကို ရောက်သွားတာသာဖြစ်လို့ ဒီလိုအချိုးမျိုးကို ရခိုင်ပြည်နယ်အတွင်းက ဘယ်လူမျိုးစုကမှ လက်ခံနိုင်မယ် မဟုတ်ဘူးဆိုတာ အခြေခံနိုင်ငံရေး အသိလောက် ရှိသူတိုင်း မြင်နိုင်ကြပါတယ်။

နောက်မိုင်းကွင်းကြီးတစ်ခုက ရိုဟင်ဂျာတွေအပေါ် AAရဲ့ မူဝါဒ သဘောထားဖြစ်တယ်။

အခုမြင်နေ ကြားနေရချက်များအရ ရခိုင်အများစုကြီးရဲ့ သဘောထားက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အစိုးရက အစဉ်အဆက် ထားခဲ့တဲ့ သဘောထားအတိုင်း ရိုဟင်ဂျာတွေ ငါတို့ထားသလို နေကြ။ ငါတို့ပေးသလောက် ယူကြ။ ငါတို့ခိုင်းတာ လုပ်ကြ။ ခိုးဝင်တွေဖြစ်တယ်။ ဧည့်သည်နဲ့ အိမ်ရှင်ဖြစ်တယ်။ ငါတို့ခေါ်တဲ့ နာမည်အတိုင်းသာ ခေါ်မယ်ဆိုတဲ့ ဓါတ်ပြားဟောင်း အမြင်တွေကိုဘဲ ထပ်တလဲလဲ တွေ့နေရတယ်။

ဒီအမြင်ဆိုး အမြင်မှားတွေက နိုင်ငံရေးအရ တိုးတက်တဲ့အမြင်ရှိတဲ့ AAရဲ့ ဩဇာ မြင့်တက်ချိန်မှာ လျော့နည်းသွားရမယ့်အစား ပိုအရှိန်ကောင်းလာတာ၊ ပိုကျယ်လောင်လာတာ မြင်နေရလို့ စိတ်ပျက်မိပေမယ့် အမှန်ဝန်ခံရရင် မအံ့ဩဘူး။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မကြာသေးခင်ကာလမှာ ပြောကြားချက်အရ မွတ်စလင်(ရိုဟင်ဂျာ)တွေကို ရခိုင်ဘုရင်တွေလက်ထက်ကတည်းက အတူနေခဲ့ကြတဲ့ အာရကန်ပြည်သူတွေအဖြစ် အသိအမှတ် ပြုထားကြောင်းနဲ့ ရခိုင်ဒေသတွင်းမှာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားမြင်မှုကိုလည်း လုံးဝ လက်မခံကြောင်း သိရလို့ အင်မတန် ဝမ်းသာခဲ့မိတယ်။ မွတ်စလင်(ရိုဟင်ဂျာ)ပြသနာကို ဖြေကို ဖြေရှင်းရမယ်ကိုလည်း အသိအမှတ်ပြု ဝန်ခံသွားတယ်။ ဖြေရှင်းဖို့က စိတ်ထားမှန်ဖို့၊ သတ္တိရှိဖို့နဲ့၊ အရည်အချင်း လုံလောက်ဖို့ လိုတယ်လို့ ပြောသွားတယ်။

သို့သော် ကနေ့AAကို ထောက်ခံနေကြသူ ရခိုင်တွေအားလုံးလောက်နဲ့ AAရဲ့ ဒုတိယ၊ တတိယတန်း ခေါင်းဆောင်အားလုံးတို့ရဲ့ အမြင်တွေကို ပြောရရင် မွတ်စလင် (ရိုဟင်ဂျာ)တွေကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် လမ်းညွှန်ခဲ့သလို အာရကန်ပြည်သူတွေအဖြစ် တန်းတူထား အသိအမှတ်ပြုသူ တစ်ယောက်တောင် မတွေ့မိဘူးဆိုတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အခြားလမ်းစဉ်တွေမှာ အောင်မြင်နေပေမယ့်လည်း မွတ်စလင်(ရိုဟင်ဂျာ)ဆိုင်ရာအပေါ် သဘောထားကတော့ အကြီးအကျယ် ရှုံးနိမ့်ပြီး အနှုတ်လက္ခဏာ ပြနေပြီလို့ ထင်ထင်ရှားရှား မငြင်းနိုင်အောင် တွေ့နေရတယ်။

လမ်းကြောင်းမှားကို ဦးတည်နေရုံမက လမ်းကြောင်းမှားအပေါ်ကို လက်တွေ့ကျကျ လျှောက်လှမ်းနေတဲ့ သက်သေ အထောက်အထားတွေ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ကာလမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ လမ်းကြောင်းမှားကြီးက ပြင်မရ ထိန်းမရအောင် မတိမ်းစောင်းခင်မှာ အချိန်မှီ တည့်မတ်ပေးမလား။

မတည့်မတ်ပေးဘဲ ဒီအတိုင်း လွှတ်ထားပြီး ၂၀၁၂၊ ၂၀၁ရကလို အဖြစ်ဆိုးမျိုး ထပ်ကြုံလာဖို့ ဖွင့်ပေးထားမလားဆိုတာက ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် ကျနော့အမြင်ပြောရရင် နိုင်ငံရေး မိုင်းကွင်းကြီး ဖြစ်နေတယ်။

ခြေလှမ်းမှားရင် မိုင်းမိမယ် ဖြစ်ကြောင်းပါဗျာ။

U

Aung Tin

11h  · 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သို့ အိတ်ဖွင့်ပေးစာ

ဘဂ်ါလီ၊ ဘဂ်ါလီ တမြည်မြည်နဲ့ ဘဂ်ါလီကို ဘဂ်ါလီလို့ခေါ်တာ ဘာမှားသလဲဆိုပြီး မိမိမျိုးရိုးကို မလိမ်ကြဖို့၊ မိမိမျိုးရိုးကို တန်ဖိုးထားဖို့၊ ဂုဏ်ယူဖို့ အခွင့်ကြုံတိုင်း မကြာခဏ သောကထား၊ ပူပင်နေသေးသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက်

ရိုဟင်ဂျာတွေသည် ဘဂ်ါလီလား၊ ကုလားလား၊ စစ်တကောင်းနီးယန်းလား၊ ရိုဟင်ဂျာလား။

ရခိုင်တွေက ကုလားလား၊ မောက်လား၊ ဘဂ်ါလီလား၊ စစ်တကောင်းနီးယန်းလား၊ ရခိုင်လား။

ဆိုတဲ့ခေါင်းစဉ်နဲ့ အာရှနိုင်ငံတစ်ခုမှာဖြစ်ဖြစ်၊ အမေရိကန်မှာဖြစ်ဖြစ် ကျင်းပနိုင်အောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဦးဆောင်လို့ဖြစ်ဖြစ်၊ နှိုးဆော်လို့ဖြစ်ဖြစ် စီစဉ်ပေးပါ။

လူမျိုးရင်းမြစ် ဗီဇသမိုင်းကို ဖော်ထုတ်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုတလော တကြော့ပြန် စိတ်အားထက်သန်နေတာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာ ကျေးဇူးတင်တယ်။

အတိတ်ကဆိုရင် ဒီလိုမျိုးခေါင်းစဉ်မျိုးနဲ့ ဆွေးနွေးဖို့ကို ရိုဟင်ဂျာသမိုင်းပညာရှင်တွေက အစဉ်အမြဲ အင်မတန် လိုလိုလားလား စိတ်အားထက်သန် ရှိနေခဲ့ကြပေမယ့် ပြည်တွင်းပြည်ပက ရခိုင်နဲ့ဗမာ သမိုင်းပညာရှင်တွေ အစဉ်အမြဲ အင်မတန် ကြောက်ရွံ့ တုန်လှုပ် ရှောင်လွှဲနေခဲ့ကြတယ်။ ဘာဖြစ်လို့ ရခိုင်နဲ့ဗမာသမိုင်းပညာရှင်တွေက ကြောက်ရွံ့တုန်လှုပ် ရှောင်လွှဲနေကြသလဲဆိုတာကို ကိုယ့်အချင်းချင်း ဘေးလူတွေ မကြားအောင် လက်တို့မေးလို့လည်း ရပါတယ်။

အခု ရခိုင်တွေအားလုံး လေးစားတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသာ “ရခိုင်နဲ့ ရိုဟင်ဂျာ မျိုးရိုးဗီဇ သမိုင်းအထောက်အထား” စာတန်းဖတ်ပွဲဖြစ်ဖြစ်၊ ဒိုင်ယာလော့ဖြစ်ဖြစ်၊ ဒဘိတ်ဖြစ်ဖြစ် လုပ်ကြပါလို့ တိုက်တွန်းနှိုးဆော်မယ်ဆိုရင် ဒီပွဲက ကြိမ်းသေဖြစ်လာမယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိတ်ဝင်တစား သိချင်နေတဲ့ အဖြေကို ရသွားမယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်လုံးတို့လည်း သမိုင်းဆိုင်ရာ ငြင်းမရတဲ့ အထောက်အထားတွေကို မြင်သွားကြမယ်။

ဒီပို့စ်ထဲမှာ SSခြောက်ခုနဲ့ ဗီဒီယိုနှစ်ခု တင်ပေးထားတယ်။

ပထမSSက ဘဂ်ါလီကို ဘဂ်ါလီလို့ခေါ်တာ ဘာမှားသလဲဆိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ လွန်ခဲ့တဲ့သုံးရက်က တွစ်တာပို့စ်

ဒုတိယSSက ကျောက်စာပညာရှင် ရခိုင်လူမျိုး ဦးစံရွှေဘူးရဲ့ ရခိုင်လူမျိုး ဖြစ်ပေါ်လာပုံ သုတေသနစာ

တတိယSSက ဘဂ်လားဒက်ရှ်နိုင်ငံမှာ ရခိုင်တွေကို စစ်တကောင်းနီးယန်းလူမျိုးတွေလို့ တရားဝင်အသိအမှတ် ပြုထားတဲ့စာ

ပထမဗီဒီယိုက ရွှေပြည်ဘဂ်လာဒက်ရှ်မှာ ပျော်ရွှင်နေတဲ့ စစ်တကောင်းနီးယန်းတွေရဲ့ ကပြသီဆိုနေကြပုံဖြစ်တယ်။ သူတို့တွေဟာ ရွှေပြည်ဘဂ်လာဒက်ရှ်နဲ့ ရွှေပြည်မြန်မာ နှစ်ခုလုံးမှာ တိုင်းရင်းသားဖြစ်နေကြပြီး၊ ဘဂ်လားဒက်ရှ်က စစ်တကောင်းနီးယန်းတွေက မြန်မာဘက်ကူးလာရင် ရခိုင်တိုင်းရင်းသား အော်တိုဖြစ်သွားတယ်။ သူတို့တွေက ဘဂ်လားဒက်ရှ်ကို အချိန်မရွေး ပြန်ကူးသွားရင်လည်း ရွှေပြည်ဘဂ်လားဒက်သားတွေ ဖြစ်ကုန်ကြတယ်။

ရိုဟင်ဂျာတွေကျတော့ ဗမာနဲ့ ရခိုင်တွေက ဘဂ်ါလီတွေပါလို့ စွပ်စွဲပြီး လက်မခံဘူး။ ရိုဟင်ဂျာတွေကို ဘဂ်ါလီဖြစ်လို့ဆိုပြီး ဘဂ်လားဒက်ရှ်ကို မောင်းထုတ်လည်း ဟိုက ဘဂ်ါလီ မဟုတ်ဘူးဆိုပြီး လက်မခံပြန်ဘူး။

ရိုဟင်ဂျာတွေသာ ဘဂ်ါလီမှန်ရင် ဘဂ်လားဒက်ရှ်က လက်ခံရမှာပေါ့။ ဘဂ်ါလီမဟုတ်လို့ လက်မခံတာဖြစ်တယ်။ ရခိုင်စစ်တကောင်းနီးယန်းတွေကိုတော့ ဘဂ်ါလီဖြစ်လို့ လက်ခံထားတာဖြစ်တယ်ဆိုတာ မမြင်နိုင်ကြဘူး။

ဘယ်လောက်ဆိုးသလဲဆို ရိုဟင်ဂျာတွေကို ဘဂ်ါလီဆိုပြီး မောင်းထုတ်ပြီး ကိုယ်ကျတော့ ဘဂ်ါလီဘုန်းကြီးကျောင်းဆောက်ပြီး ကိုးကွယ်နေကြပြန်ရော။ လုပ်ပုံ။

ဒုတိယဗီဒီယိုက ရန်ကုန်တက္ကသိုလ် မနုဿဗေဒပါမောက္ခ ဒေါက်တာမိုးသီတာထွေးရဲ့ ရိုဟင်ဂျာလူမျိုးဖြစ်လာပုံကို ဒေသအလိုက် လူမျိုုးတွေဖြစ်လာတတ်ကြောင်း ရှင်းပြထားတာပါ။

ဒေသဆိုင်ရာလူမျိုးဆိုတာ မြန်မာတွေအတွက် မဆန်းပါဘူး။ ဘိတ်မှာနေလို့ ဘိတ်လူမျိုး၊ ထားဝယ်မှာနေလို့ ထားဝယ်လူမျိုး၊ အင်းထဲမှာနေလို့ အင်းသားလူမျိုးဆိုပြီး ရှိနေကြတယ်။

နောက်ဆုံးSSသုံးခုမှာ နှစ်ခုက ရိုဟင်ဂျာတွေကို ဘဂ်ါလီတံဆိပ်တပ်ပြီး မောင်းထုတ်နေကြပေမယ့် သူတို့ကျတော့ ဘဂ်ါလီကျောင်းဆောက်ပြီး ကိုးကွယ်နေကြတဲ့ပုံဖြစ်တယ်။

နောက်ဆုံးSSကတော့ ရခိုင်တွေဟာ ရခိုင်လား၊ ဘဂ်ါလီလား သက်သေခံဖြစ်တယ်။ ရခိုင်လူမျိုးမှန်ရင် ရခိုင်စာသုံးရမှာပေါ့။ ဘဂ်ါလီစာ သုံးစရာ ဘာအကြောင်းမှ မရှိဘူး။ အခုတော့ ရခိုင်လူမျိုးတွေက ဘဂ်ါလီလူမျိုးတွေလည်း ဖြစ်နေလို့ ဘဂ်ါလီစာကို သုံးစွဲနေကြတာဖြစ်တယ်။

သူတို့က ဘဂ်ါလီတွေပါလို့ စွပ်စွဲနေတဲ့ ရိုဟင်ဂျာတွေ ဘဂ်ါလီစာ မသုံးကြဘူးဆိုတော့ အမေမွေးလို့ အလကားရထားတဲ့ ဦးနှောက်လေး ရှိသေးရင် သုံးကြဖို့လိုပြီ။

အဲတော့ ရခိုင့်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း လူမျိုးဗီဇ ဇစ်မြစ်ကို ဖော်ထုတ်ဖို့ အင်မတန် စိတ်အားထက်သန်နေချိန်ဆိုတော့ ဘယ်သူက ဘဂ်ါလီလဲဆိုတာ Once and For All. အပြတ်ရှင်းဖို့ အချိန်ကောင်း ဖြစ်တယ်ဗျာ။

ဒီပို့စ်အောက်မှာ နှစ်ဘက်လုံးက မင်းကဘဂ်ါလီ၊ ငါက ဘဂ်ါလီလို့ အရေမရ အဖတ်မရ မင့်ရေး ငြင်းခုန် တိုက်ခိုက်နေမယ့်အစား ငါက ရခိုင်၊ ငါက ရိုဟင်ဂျာလို့ အမှန်တကယ် ယုံကြည်ထားတယ်ဆိုရင် သတ္တိရှိရှိ၊ သိက္ခာရှိရှိ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးကြပါ။ ကူညီပေးကြပါ။

သို့သော် ငါက ရခိုင်ဆိုတာ မသေချာရင်၊ စိတ်မချရင် သို့မဟုတ် ငါက ရိုဟင်ဂျာဆိုတာ မသေချာရင်၊ စိတ်မချရင်တော့ ဒီလိုပွဲမျိုး မဖြစ်လာအောင် အောက်လုံးထိုးကြပါ။ နှောင့်ယှက်ဖျက်ဆီးကြပါ။

လူမျိုး၊ ဘာသာတွေကို မိုက်ရိုင်းစော်ကားရင်တော့ ဘလော့ပါတယ်။

See Translation

ပထမဆုံးဝယ်သူတွေ ဂျင်းမိ

Thein Than SoeMyanmar UPS, Inverter, Solar, Battery Knowledge Sharing

✅ပထမဆုံးဝယ်သူတွေ ဂျင်းမိ

မီးတွေ တအားပျက်တော့ Battery တွေ အင်ဗာတာတွေဝယ်ကြတာ ဗြောင်းဆန်နေတာပဲ

Lifepo 4 က 5 နှစ်ထိ ခံတယ် Wranny ပေးတယ်ဆိုပြီးရောင်းကြဝယ်ကြ BC lifepo4 တွေပေ့ါ

ဖောင်းလာတာ သုံးမရတဲ့ ပြသနာတွေ Cell အဟောင်းတွေမိ

တချို့ဆိုင်တွေက ပိုက်ဘောတွေမိ ခုထိ ရောင်းထုတ်နေကြတုန်း မသိသူတွေဝယ်မိကြ

✅တခါ Tubular Battery တွေ အိုးက အကြီးကြီးဆိုတော့ အထင်တွေကြီးတာပေ့ါ

YouTube မှာတက်ကြည့်လဲ 5 နှစ်ခံတယ်ဘာညာ နဲ့

အိုးမှာကြလဲ 60 Month Wranny လို့တောင်ရေးထားတာကို တရုတ်မဟုတ်တဲ့ India ဆိုတော့ အယုံလွယ် ဝယ်လိုက်ကြပြန်ကော တနှစ်တောင်မပြည့်သေးဘူး

ပြန်ရောင်းထုတ်ကြ အမယ် အဟောင်းတောင် အလုအယက်လိုက်ဝယ်ကြ 😁

သုံးရသေးတယ်တဲ့ မီးထွန်းပြတယ် ok ယူတယ်

အဓိကပြသနာက မီးထွန်းရတိုင်း Battery ကောင်းတာမဟုတ်

မီးထွန်းရတိုင်းကောင်းကြေးဆို ကားကျအိုးတွေအများကြီးပဲ 😁

✅ အဆိုးဆုံးက Gel Battery တွေ

အိုးကလှ Deep cycle ဘယ်လောက်ဘာညာ ရေးထားတာကတော့အလန်းပဲ 😀

အိုးကလဲ ထုတ်ပိုးပုံအရမ်းလှ

လခွန်း 6 လတောင်မခံ

ခုထိ ရောင်းနေကြတုန်း တချို့ဆိုင်တွေ

သိန်းရာချီ 5 Kw ဝယ်တာတောင် Tubular တွေ

Gel တွေ Acid အိုးတွေနဲ့ပဲ ဆင်ပေးတာ

ကြားရတာတော့ အဲ့ဆိုင်တွေက Gel အိုးတွေကို ကွန်တိန်နာလိုက် အများကြီးသွင်းထားသူတွေ

တချို့ဆိုင်တွေက Gel အိုးတွေ Bad review တွေထွက်လ‌ာတော့ အောက်ဈေးနဲ့လိုက်သိမ်းပြန်ရောင်း

တကယ်ဆိုဗျာ စသွင်းမယ်ဆို ကိုယ်တိုင်စမ်းကြည့်

ကိုယ်တိုင်လဲ ပစ်စည်းအကြောင်းတော့လေ့လာပေါ့

အသုံးမကျတဲ့ ကုန်သည်တွေ ရယ် User တွေအပေါ်

စေတနာမရှိ မြတ်ရင်ပြီးရော ရောင်း

ကိုယ့်တင်ရောင်းမယ့် ပစည်းအထီးလားအမလားမသိ မစမ်းသပ် သုံးမကြည့် ပဲ

User တွေက မကောင်းဘူးပြောမှ သိကြတဲ့ဆိုင်ရှင်တွေအများကြီး မကောင်းဘူးပြောလဲ ဆက်လက်

ဆိုင်မှာ တင်ရောင်းနေဆဲ

မြန်မာလူမျိုးတွေက ဈေးချိုတာကြိုက်ပေမယ့်

လုံးဝသုံးစားမရတွေကိုတော့ မတင်သွင်းသင့်သလို

ဆိုင်သမားတွေကလဲ မရောင်းသင့်ဘူး

တချို့ ထဲထဲ ဝင်ဝင် မလေ့လာ Knowledge မရှိသူတွေကတော့ မကောင်းတဲ့ပစ်စည်းဝယ်နေကြဆဲ

နောက်တချက်က ပစ်စည်းအများစု

အဆင့် 10 ဆင့်လောက်လာကြတာများတယ်

1

2 10 နှစ် Wranny ဆိုပြီး ကြော်ငြာလိုက် 8 နှစ်ဖြစ်လိုက် လက်ခအခမဲ့က 3 နှစ်ပြောလိုက်နဲ့

အဲ့ထိ အဲ့ Company ကရှိပါ့မလား

နောက်တခုက ဘယ် Company က ဖြန့်ချီပါတယ်

Service centre က ဘယ်မှာ တိကျတဲ့ info မရှိ

3 အထဲဘာဆဲလဲ မပြတဲ့ Battery တွေ Lifepo 4 လို့ပဲရောချ

4 Litium Cell ( Lifepo 4 နဲ့ရောချ )

5 Cylinder Cell အလုံးသေး

6 ပိုလီမာဆဲ ( အရည်ထုတ်ဆဲ )

7 Sandi Lifepo 4 တွေ ( Bad Review ကြားရပေမယ့် အပြစ်မပြောကြ ဈေးသက်သာလို့ )

8 Bluecarbon ( Bad Review )

9 Acid အိုး

ကား / Load 100w သာ

Inverter မသင့်လျော်

10 Gel မတင်သွင်းသင့် ‌( ငါသုံးနေတာ ၃ နှစ်ရှိပြီ ကောင်းတယ်လာမန့်လိမ့်မယ် ၁၀ မျိုးဝယ်သုံးပြလို့ပဲပြောချင်တယ် ၁၀ လုံးဝယ်လို့ ၈ လုံးမကောင်းရင်

မကောင်းဘူးလို့ပဲ သတ်မှတ်မယ် )

Ev အကြောင်းတော့ မပြောတော့ပါဘူး သိပေမယိ့လဲ

အစတော့ အဆိုးတွေ ပြီးမှ အကောငါးတွေလာတယ်

အဲ့တော့ မြန်မာပြည်က အသစ်အဆန်းတွေဝင်လာရင် ဂျင်းတွေက အရင်ဆုံးလာတယ်

ပစ်စည်းအမှန်အကန်တွေက။ 6 လ 1 နှစ်နေမှ ဝင်လာတတ်တယ် 😁

ကိုယ်တွေကတော့

6လ1 နှစ် စောင့်ကြည့်တယ်

လေ့လာတယ်

ပြီးမှ ဝယ်တယ်

ဒါတောင် ဂျင်းမိတယ် တခါတလေ 😁

ဇောက်ထိုးနေတဲ့နိုင်ငံ

မျိုး စက်

== ဇောက်ထိုးနေတဲ့နိုင်ငံ ==

သာသနာအရေခြုံပြီး

လူtတ်ဖို့ ဦးဆောင်ဆော်သြတဲ့

နိုင်ငံ

ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းကို

အတု့ယူမှားမှာစိုးလို့ဆိုဆင်ဆာဖြတ်

ဖာသည်လုပ်တာပီပြင်လို့ဆို

အကယ်ဒမီပေးတဲ့နိုင်ငံ

ကျောက်စိမ်းတောင်ကြီးဖြိုတဲ့

သူတွေကချမ်းသာပြီး

စွန့်ပစ်မြေဇာပုံအနားအချိန်

ပိုင်းနဲ့ရှာခွင့်ပေး မြေဇာပုံပိသေတာတောင်

ဝမ်းနည်းရမှန်းမသိတဲ့နိုင်ငံ

သခင်မျိုးလို့ ဇွတ်အော်

ပြည်ပထွက်မှ လစာကောင်းမှန်း

သိနေတဲ့ ဇွတ်သခင်တွေပေါတဲ့နိုင်ငံ

အမျိုးဘာသာသာသနာအော်

အလှုခံတော့ လူမရွေး ရှက်ရကောင်းမှန်းမသိတဲ့နိုင်ငံ

မိဘနှစ်ပါးက နိုင်ငံသား

မှတ်ပုံတင်ပြနိုင်သော်လည်း

သားသမီးတွေ မှတ်ပုံတင်ရဖို့

သိန်းချီကုန် နှစ်ချီကြာတဲ့နိုင်ငံ

ယုတ်နိုင်မှ ရုံးထိုင်

မသနားမှ ဝန်ထမ်းလုပ်

ငွေမပေးရင် ရန်လိုသူတွေ

ဝန်ထမ်းလုပ်နေတဲ့နိုင်ငံ

နိဗ္ဗာန်ရောက်ဖို့ မြို့ပတ်

တန်းစီလှည့် ဟန်ရေးပြ

အကြွားထူတဲ့နိုင်ငံ

ဒီနေ့အရက်သမား ဘိမ်းစား

လူသတ်ကောင် မုဒိမ်းကောင်

ဒုစရိုက်သမား

မနက်ဖန် သစ်ခေါက်ဆိုးပိတ်စပတ်

လိုက်တာနဲ့ ဘုရားထူး

ဒူးထောက်ကြတဲ့နိုင်ငံ

အသက်တွေကယ်ဖို့ မွန်မြတ်တဲ့

အလုပ်ဆို ဟန်ဆောင်

ဆရာဝန်ဖြစ်တော့မှ ပိုက်ဆံကို

ဆေးဘိုးထက်အဆရာချီတောင်း အချိန်မလေးစား

ဂတိမတည်တဲ့ဆရာဝန်တွေ

ပေါတဲ့နိုင်ငံ

မိန့်မိန့်ကြီးထိုင်ခုံပေါ်ထိုင်

အထက်အမိန့်စောင့်သူစောင့်

ပိုက်ဆံစောင့်သူစောင့်နဲ့

ရှေ့မှာရေးထားတဲ့ တရားသူကြီး

ဆိုတဲ့ဆိုင်းဘုတ်နဲ့အရှက်မဲ့တဲ့

သူတွေရှိတဲ့နိုင်ငံ

လမ်းဘေးမှာတဲထိုး ကျူးကျော်ပြီးနေ

ဘော်ဒိုဇာနဲ့ထိုးမှ ဒါဒို့ပြည်

ဒါဒို့မြေအော် ငိုပြတဲ့သူတွေ

နေတဲ့နိုင်ငံ

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအော်

လိုင်စင်မပြည့်စုံစည်းကမ်းဖောက်ပြီး

လမ်းမပေါ်စျေးဗန်းချခင်း

အဖမ်းခံရမှ မတရားဘူးဆို

ငိုပြ အသနားခံသူတို့နေတဲ့နိုင်ငံ

ကျောက်စိမ်းတွေပေါသလောက်

လူတိုင်းမှာမရှိ

ရွှေတွင်းတွေပေါသလောက်

လူတိုင်းမဝတ်ရ

ကျွန်းပင်တွေပေါသလောက်

သက်ကယ်တဲနဲ့နေရသူတွေ

ဆီကိုရေချိုး စားအုန်းဆီသုံး

ဆေးရိုးမီးမလှုံနိုင်

စပါးတောင်လိုပုံ ဆိုပြီး

တစ်ပြည် ၈၀၀၀ပေးစားရ

မစားရ ဝခမန်း​ပြောတဲ့နိုင်ငံ

တိုင်းပြည်ကိုတစ်လက်မမှ

အကျုးကျော်မခံ အော်

နှစ်ပေါင်း၇၀ အခြင်းခြင်းချလို့

လူသားစွမ်းပကားကျဆင်းနေတဲ့နိုင်ငံ

ပိုက်ဆံမရှိရင် ဆရာဝန်ကလက်ရှောင်

နားစ်မနဲ့ သန့်ရှင်းရေးကငေါက်

တရားသူကြီးကထောင်ချ

ရှေ့နေကငွေကြိုတောင်း

ထောင်ထဲငွေမပေးနိုင်ရင်

ချီးပုန်းထမ်းရတဲ့နိုင်ငံ

သူတစ်ပါးဒုက္ခရောက်ဖို့လုပ်ရင်း

ကိုယ်တိုင်ဒုက္ခရောက် မတရားဘူးဆို

ငိုညီးးရင်း သူတစ်ပါးခေါင်းကိုနင်း

ဘယ်သူသေသေကတေမာဖို့သာ

အဓိကဆိုသူတွေနေတဲ့နိုင်ငံ

ဘယ်လောက်နိမ့်ကျ နိမ့်ကျ

ဘယ်လောက်ဒုက္ခ သုက္ခရောက်ရောက်

အခြင်းခြင်းပြန်ရက်စက်

ငါယီးးးမလျှော့တဲ့နိုင်ငံ

ကမ္ဘာမှာ ?????ဟေ့လို့ကြွေးကြော်

အမြဲတမ်းအောက်ကျနေတဲ့နိုင်ငံ

ဇောက်ထိုးနိုင်ငံ

ဇောက်ထိုးနိုင်ငံ

ထိန်လင်း®©

ပဌမ ကို ပဋ္ဌမ ထဝမ်းဘဲ နဲ့ လကြီး မခွဲတတ်တာတော့ ဆဲကို ဆဲချင်တာ

Myo Tint Than

က ခ ဂ ဃ င

စ ဆ ဇ ဈ ည

ဋ ဌ ဍ ဎ ဏ

တ ထ ဒ ဓ န

ပ ဖ ဗ ဘ မ

ရ လ ဝ သ

ဟ ဠ အ

မြန်မာ ဗျည်း ၃၃ လုံး နဲ့

ပါဠိသက် ၅ လုံး ပြန်ရေးပြထားတယ်။

ထဝမ်းဘဲ ဌ နဲ့ လည်ရစ် ထဝမ်းဘဲ ဋ္ဌ

မကွဲပြားတာ သည်းခံလို့ရပေမယ့်

ဥပမာ

ပဌမ ကို ပဋ္ဌမ ထဝမ်းဘဲ နဲ့ လကြီး မခွဲတတ်တာတော့ ဆဲကို ဆဲချင်တာ။

ဥပမာ

ပါဠိ ကို ပါဌိ လို့ရေးတာ၊

ဌာန ကို ဠာန လို့ရေးတာ

တဆက်တည်း

ထဝမ်းဘဲ နဲ့ လည်ရစ်ပါ ထဝမ်းဘဲ

အသုံးအနှုံး ရှင်းပြဦးမယ်။

ထဝမ်းဘဲက

ရိုးရိုး ထ အသံပဲ။

ဥပမာ

ပဌမ (ပထမ)

လည်ရစ်ပါ ထဝမ်းဘဲ ဋ္ဌ က

တ သံလျင်းချိတ် ဋ အောက်မှာ

ထဝမ်းဘဲ ဌ ကို ဆင့်ထားတာ။

Keyboard မှာ ရိုက်ရင်

ဋ ရိုက် ပြီးရင် ္ ရိုက်

ပြီးရင် ဌ ရိုက် (space မခြားရဘူး)

ဒါ ဆိုရင် လည်ရစ် ထဝမ်းဘဲ ပေါ်လာမယ်။

မြန်မာစာရေးထုံးမှာ

ပဆင့် (နှစ်လုံးဆင့်)ရေးတာက

အပေါ်အက္ခရာ တစ်လုံးက အသတ်

အောက်အက္ခရာက ပင်မ စကားလုံး

ဥပမာ

အက္ခရာ = အက်ခရာ

ကမ္ဘာ = ကမ်ဘာ

ဒါကြောင့်

ပဌမ = ပထမ

ပဋ္ဌမ = ပဋ်ဌမ (ပတ်ထမ) လို့

အသံထွက်တယ်။

ဒီ ပဆင့် ရေးနည်းကို

ကွန်ပျူတာ/လက်ကိုင်ဖုန်းတွေမှာ

စာရိုက်နည်းက

အသတ်ကို ထည့်မရိုက်ရဘူး။

ဥပမာ

ကမ်ဘာ

ပဆင့်နဲ့ရေးရင် မ က အသတ်ကိုမရိုက်ဘဲ

“္” လေးကို ရိုက်ပြီး ဘကုန်း ရေးချကို ရိုက်၊

Space မခြားဘဲ ဆက်ရိုက်ရတယ်။

ဒါဆို ကမ္ဘာ လို့ ရမယ်။

အဲ ပါဠိလို ကင်းစီးလို့ခေါ်တဲ့

င သတ် သေးသေးလေး ရိုက်တာကျ

င မှာ အသတ် ရိုက်ပြီးမှ

္ လေးကို ရိုက်ရတယ်။

ဥပမာ

လင်ကာ = လင်္ကာ

လ ငသတ် ္ ကကြီးရေးချ

Space မခြားပဲ အစဉ်အလိုက်ရိုက်ရတယ်။

သင်ကြန် = သင်္ကြန် (ရေးထုံးအမှန်)

အင်ဂျင်နီယာ = အင်္ဂျင်နီယာ

သင်ချာ = သင်္ချာ

အဲ မွန်စကားကနေရလာတဲ့

ယောက်ကျား ကျတော့

ကင်းစီး ငသတ်အသေးနဲ့ရေးတာမဟုတ်ပဲ၊

ကကြီး တစ်လုံးကို ချွေတာလိုက်တာ။

သတ်ပုံအမှန်က ယောက်ကျား

ရေးထုံးကျ ယောက်ျား

ကကြီးတလုံးခိုလိုက်တာ။

ယောက္ကျား မလုပ်တော့ဘူး။

အဲ့ဒါကို ယောင်္ကျား လို့ရေးတော့

ယောင်ကျား ဖြစ်သွားရော။

ယောင်တောင်ပေါင်တောင် ကျား ပေါ့။

မြန်မာစာကို

မှန်မှန်ကန်ကန်ရေးတတ်စေလိုသော

စေတနာဖြင့်

အင်္ဂလိပ်စာဆရာဦးမျိုးတင့်သန်း

တိုင်းရင်းသား ရိုဟင်ဂျာနဲ့ တိုင်းရင်းသား မမ(ပသီ)တွေကို ဗိုလ်ချုပ်စောမောင်က တိုင်းပြည်ကို မာရှယ်လောနဲ့ အုပ်ချုပ်စဉ်အတွင်း ၁၉၉၀မှာမှ မာရှယ်လောအမိန့်နဲ့ ဖြုတ်ချခဲ့တာ

U Aung Tin

လူလိမ်လူရှုပ်၊ အရှက်နည်းသူတွေ

ခင်ဗျားတို့ထဲမှာ မသိသူတွေပြောနေတာ ထားပါတော့။

သိသူတွေ၊ ပညာရှင်ဆိုသူတွေကပါ မွတ်စလင်မုန်းစိတ်နဲ့ ပြောနေကြတာ စိတ်ပျက်စရာ ကောင်းလှတယ်။

ရိုဟင်ဂျာနဲ့ မြန်မာမွတ်စလင်(ပသီ)တွေဟာ ၁၉၉၀မတိုင်ခင်အထိ တိုင်းရင်းသား ၁၄၄မျိုးထဲမှာ ပါနေတယ်ဆိုတာ တတ်သိဆိုသူတွေ အကုန်သိကြတယ်။

တိုင်းရင်းသား ရိုဟင်ဂျာနဲ့ တိုင်းရင်းသား မမ(ပသီ)တွေကို ဗိုလ်ချုပ်စောမောင်က တိုင်းပြည်ကို မာရှယ်လောနဲ့ အုပ်ချုပ်စဉ်အတွင်း ၁၉၉၀မှာမှ မာရှယ်လောအမိန့်နဲ့ ဖြုတ်ချခဲ့တာကိုလည်း ခင်ဗျားတို့ အကုန်သိကြတယ်။

တိုင်းရင်းသား ၁၄၄မျိုးထဲမှာ တရုတ်တွေဖြစ်လို့ အစဉ်အဆက်က ချန်ထားခဲ့တဲ့ နိုင်ငံခြားသား ကိုးကန့်တွေကိုလည်း ဗိုလ်စောမောင်က ၁၉၉၀မှာပဲ မာရှယ်လောနဲ့ တိုင်းရင်းသား ဖြစ်စေသတည်း လုပ်ခဲ့တာကိုလည်း ခင်ဗျားတို့သိိတယ်။

ကွတ်ခိုင် တာမိုးညဲဒေသက မုန်းဝန်းတရုတ်စစ်စစ်ကြီးတွေကိုလည်း သမ္မတဦးသိန်းစိန်က ၂၀၁၅မှာ မုန်းဝန်းဗမာ တိုင်းရင်းသားလုပ်ခဲ့တာလည်း ခင်ဗျားတို့က တရုတ်စစ်တွေကို ဘာဖြစ်လို့ တိုင်းရင်းသားလုပ်ပေးရတာလဲလို့ မကန့်ကွက်ခဲ့ကြဘူး။ မကန့်ကွက်ရဲကြဘူး။

တရုတ်တွေကိုတော့ ခင်ဗျားတို့အားလုံး ကြောက်ကြတယ်။

တိုင်းရင်းသားဖြစ်ပြီးသား၊ ဒီရိုဟင်ဂျာနဲ့ ပသီလူမျိုးတွေကို စစ်အာဏာရှင်က ဥပဒေမဲ့ မာရှယ်လောနဲ့ မတရား ဖြုတ်ချပစ်တဲ့အခါကျတော့ ခင်ဗျားတို့က စစ်အာဏာရှင်ရဲ့ ဆုံးဖြတ်ချက်ကို အရမ်းကြိုက်သွားကြပြန်တယ်။

ဒီမတရားဆုံးဖြတ်ချက်ကို မတရားမှန်းသိလျှက်နဲ့ ခင်ဗျားတို့က စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံကြပြီး မွတ်စလင်မုန်းစိတ်နဲ့ ဒီလူတွေ တိုင်းရင်းသား မဟုတ်ဘူး။ တိုင်းရင်းသား မဖြစ်နိုင်ဘူး။ တိုင်းရင်းသားပေးလို့ မရဘူးလို့ ဆိုနေကြတာ ခင်ဗျားတို့ရဲ့ အသိညာဏ်၊ ခင်ဗျားတို့ရဲ့လိပ်ပြာ၊ ခင်ဗျားတို့ရဲ့ သိက္ခာကို နည်းနည်း​လေးမှ မရှက်မိကြဘူးလား။

See Translation

May be an image of slow loris and text that says 'မြန်မာ့သမိုင်းက ၁၉၉၀ကျမှ စသလား။ လခွမ်း'

All reactions:

126Ah Htun, Kaung Luu and 124 others

ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ သုံးစားမရတဲ့ ခင်ဗျားတို့ရဲ့ Sick Mentality ဖျားနာနေတဲ့ တိုင်းရင်းသားဆိုတာကြီးကို ကျနော်တို့ စိတ်မဝင်စားဘူး

U Aung Tin

ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ သုံးစားမရတဲ့ ခင်ဗျားတို့ရဲ့ Sick Mentality ဖျားနာနေတဲ့ တိုင်းရင်းသားဆိုတာကြီးကို ကျနော်တို့ စိတ်မဝင်စားဘူး။

ကျနော့တစ်သက် တိုင်းရင်းသား အခွင့်အရေးဆိုတာကလည်း ပြည်ထောင်စုနေ့မှာ စစ်ဗိုလ်တွေကို စင်ပေါ်တက် ဖြေဖျော်ခွင့်ရတာ တစ်ခုပဲ တွေ့ဖူးတယ်။

လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး တန်းတူဖြစ်ရင် ရပြီ။

အမှန်တကယ်က ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်စလင်(ပသီ)တွေဟာ တိုင်းရင်းသားဖြစ်ပြီးသားတွေ ဖြစ်ကြတယ်။

၁၉၈၉ကျမှ စစ်အစိုးရကို ရခိုင်ခေါင်းဆောင်တချို့ ပူးပေါင်းမြှောက်ပေးပြီး မွတ်စလင်ဖြစ်တဲ့ ရိုဟင်ဂျာနဲ့ မမ(ပသီ)တွေကို တိုင်းရင်းသားစာရင်းက ဖြုတ်ပစ်တယ်။

တစ်သက်လုံး တရုတ်လူမျိုး နိုင်ငံခြားသားအဖြစ် သတ်မှတ်ထားတဲ့ ကိုးကန့်တွေကို ၁၉၈၉ကျမှ တိုင်းရင်းသား သတ်မှတ်ခဲ့တယ်။

ဒီအတိုင်းပဲ ကွတ်ခိုင်၊ တာမိုးညဲဒေသက ပြည်သူ့စစ်အဖြစ် အသုံးချခံခဲ့တဲ့ တရုတ်စစ်စစ်တွေကို မုန်းဝန်းဗမာဆိုပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တယ်။

U Aung Tin

ဘင်္ဂါလီကို ဘင်္ဂါလီခေါ်တာ မမှားဘူးဆိုရင်

မောက်ကို မောက်လို့ခေါ်ပါလား။

ပအိုဝ်းကိုလည်း တောင်သူခေါ်ပါ။

မွန်ကိုလည်း တလိုင်းခေါ်ပါ။

ရှမ်းနီကိုလည်း ရှမ်းခေါ်ပါ။

ဇိုမီးကိုလည်း ချင်းခေါ်ပါ။

မီဇိုကိုလည်း နာဂခေါ်ပါ။

လူမျိုးတွေဖြစ်ပေါ်လာပုံ မနုဿဗေဒကို လေ့လာပါ။

ကိုယ်လူမျိုး ဘယ်ကလာသလဲကိုလည်း သိပါ။

သိပ်ပြီး လူမျိုးရေးအစွန်းမရောက်နဲ့။

ကိုယ့်သွေးထဲမှာ ဘာသွေးပါနေလဲဆိုတာကိုလည်း စဉ်းစားအုံး။

တော်ကြာ သီဟဗာဟု အဖေသတ်သလို ဖြစ်သွားမယ်။

ဖိအားမှတွန်းအားဆီသို့

Shine Htet

#ဖိအားမှတွန်းအားဆီသို့💪

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲတစ်ခုရှိခဲ့တယ်။ အဲ့တာက ၁၈၉၃ ခုနှစ်က အမေရိကန်နိုင်ငံမှာ Andy Bowen နဲ့ Jack Burke တို့ထိုးသတ်ခဲ့ကြတာဖြစ်ပြီး နာရီပေါင်း ၇နာရီနဲ့ ၁၉မိနစ်လောက်အထိ အနိုင်မခံ အရှုံးမပေးထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။

အားကစားလုပ်ဖူးသူ အထူးသဖြင့် လက်ဝှေ့ကစားဖူးသူတွေဆိုရင် ပိုသိလိမ့်မယ့် ကြိုး၀ိုင်းထဲမှာ နာရီ၀က် ၄၅မိနစ်လောက်ထိုးရင်ကို လူတော်တော်လေးပြိုင်းပါတယ်။ ဒါပေမယ့် အန်ဒီဘို၀င်နဲ့ ဂျက်ဘာခ့်တို့ ဘာကြောင့်များ ၇နာရီ ၁၉မိနစ်လောက် အထိတောင့်ခံပြီး ထိုးသတ်နေခဲ့တာလဲ? နောက်ကွယ်မှာ ဇာတ်လမ်းတွေရှိခဲ့ပါတယ်။

အတိုချုပ်ပြော ရရင်အန်ဒီဘို၀င်မှာ ဒီပွဲနိုင်မှ ဆေးကုလို့ရမယ့် သမီးငယ်လေးရှိနေသလို ဂျက်ဘာခ့်မှာလည်း ဒီပွဲန်ိုင်မှ အိမ်အကြွေးနဲ့အသိမ်းမခံရမှာဖြစ်ပြီး သူ့မိသားစုလမ်းဘေးမရောက် မှာဖြစ်ပါတယ်။နောက်ဆုံးအနိုင်မခံအရှုံးမပေးပဲ ထိုးသတ်ကြရင်း ပူးတွဲသရေသာရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နှစ်ယောက်သားကျားကုတ်ကျားခဲ ထိုးသတ်မှုအပေါ် နိုင်ငံတစ်ဝှမ်းရဲ့အာရုံစိုက်ခံရပြီး အန်ဒီဘို၀င်လည်း သူ့သမီးကိုဆေးကုပေးနိုင်ခဲ့သလို လက်တစ်ဖက်ကျိုးတာတောင်ထိုးသတ်နေခဲ့တဲ့ ဂျက်ဘာခ်လည်း အိမ်အကြွေးဆပ်နိုင်ပြီး သူတို့မိသားစုလမ်းဘေးမရောက်ရေး ကယ်တင်နိုင်ခဲ့တယ်။

ဒီမှာပြောပြချင်တာက တွန်းအားပါ။လူတွေက pressure လို့ခေါ်တဲ့ လူမှုဖိအားကြောင့် ဘ၀ကိုအရှုံးပေးတတ်ကြတယ်။

အမှန် ဖိအားကို တွန်းအားအဖြစ်ပြောင်းလဲနိုင်ရင် လောကကြီးမှာ ဘာကိုမှ အရှုံးပေးစရာမလိုတော့ဘူး။ဒါဆို စိတ်ကိုလှုပ်ရှားအောင် ဘယ်အရာတွေက တွန်းအားပေးနေတာလဲ? လူတွေကို လှုပ်ရှားအောင် ဖိအားပေးနေသော အကြောင်းရင်းခံ ခြောက်ချက်ရှိသည်။

အဲ့တာတွေက

(၁) ကြောက်ရွံ့မှု

(၂) ယုံလွယ်တတ်မှု

(၃) အကြံဉာဏ်

(၄) အားကျမခံစိတ်

(၅) မျှော်လင့်ချက်

(၆) အချက်အလက်များ ဖြစ်တယ်။

၁။ကြောက်ရွံမှုကိုအရှုံးပေးလိုက်ရင် ဖိအားဖြစ်မယ် သတ္တိရှိလိုက်ရင်တော့ တွန်းအားရလာမယ်။

၂။ယုံလွယ်တတ်မှု တနည်းအားဖြင့် အားနာတတ်မှုဟာလည်း အရှုံးပေးလိုက်ရင် ဖိအားဖြစ်ပြီး အာမနာဘူးဟေ့ဆိုတဲ့စိတ်မာမှုရှိအောင် သတ္တိရှိလိုက်ရင် တွန်းအားဖြစ်သွားမယ်။

၃။အကြံဥာဏ်မထွက်လို့ ဖိအားဖြစ်ရပေမယ့် ကြိုးစားလေ့လာမှုဆိုတဲ့ သတ္တိရှိလိုက်ရင် တွန်းအားဖြစ်သွားမယ်။

၄။အားကျရတဲ့သူက အရမ်းသာလွန်းနေရင် ဖိအားဖြစ်လာတတ်ပြီး တစ်ဖြည်းဖြည်းနဲ့တိုးတတ်အောင်လုပ်မယ်ဆိုတဲ့ ဇွဲရှိရင် တွန်းအားရလာမယ်။

၅။မျှော်လင့်ချက်ဆိုတာ ခပ်ဝေးဝေးလှမ်းမမှီတဲ့နေရာမှာရှိနေရင် ဖိအားဖြစ်နေပေအယ့် ပန်းတိုင်ကို ဦးတည်ချက်မပြောင်းဘဲ သေးသေးလေးဆီ အပိုင်းအခြားလုပ်တတ်ရင် တွန်းအားရလာမယ်။

ဒီလိုနဲ့ ဖိအားကို တွန်းအားအဖြစ်ပြောင်းနိုင်လာတဲ့အခါ အခက်အခဲကသေးငယ်သွားပြီး အောင်မြင်မှုနဲ့ နီးကပ်လာမှာပါ။ ဖိအားကို တွန်းအားအဖြစ်ပြောင်းလဲနိုင်ပါစေ။

#Credit;

Daniel

21.3.24

Tolo aninus