ကမ္ဘာပေါ်က အကြမ်းဖက်မှုတိုင်းဟာ မွတ်စ်လင်မ်တွေနဲ့သာ ဆိုင်တယ်ဆိုတာ အမှန်တရားလား?
=======================================
အစ္စလာမ်ဘာသာကို တိုက်ခိုက်လိုသူတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “မွတ်စ်လင်မ်တိုင်းဟာ အကြမ်းဖက်သမား မဟုတ်ပေမဲ့ အကြမ်းဖက်သမားတိုင်းကတော့ မွတ်စ်လင်မ်တွေသာဖြစ်တယ်” ဆိုတဲ့စကားကို ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို အကြမ်းဖက်တိုက်ခိုက်ခံရပြီဆိုတိုင်း အထူးသဖြင့် အစ္စလာမ် မုန်းတီးရေး လုပ်ဆောင်နေသူတွေ ပြောလေ့ရှိကြတယ်။ သူတို့ ဆိုလိုတာက ကမ္ဘာပေါ်က အကြမ်းဖက်မှုတွေ အားလုံးဟာ မွတ်စ်လင်မ်တွေသာ အပိုင်စီး လုပ်နေကြတယ်ဆိုတဲ့ သဘောပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေနဲ့ စမ်းစစ်ကြည့်မယ်ဆိုရင် ဘယ်လောက်မှန်ကန်မှုရှိသလဲဆိုတာ ထင်ရှားပြတ်သားစွာ သိရပါလိမ့်မယ်။