ဖွတ်ဝါဒ ရိုက်သွင်းနေတဲ့ ဇီးပင်ကြီးက နိုင်ငံရေးသိပ္ပံ
Image may contain: 1 person, screen
Khun Gamani
ဖွတ်ဝါဒ ရိုက်သွင်းနေတဲ့ ဇီးပင်ကြီးက နိုင်ငံရေးသိပ္ပံဌာနမှူး ထွန်းမင်းအပေါ်မှာ ဆရာ တကောင်ရှိသေးတယ်။ အဲ့ကောင်ကတော့ လက်ရှိ ဒုညွှန်ချုပ် မြင့်ဆွေ (DSA-၄၁) ဖြစ်ပြီး အတိုင်ပင်ခံကို အိပ်ထဲထည့်ထားတယ်လို့ တရုံးလုံး လျှောက်ကြွားနေတဲ့ကောင်။ သူရအောင်ကိုရဲ့ PSO ဟောင်းဖြစ်ပြီး မဘသ နဲ့ ဝီရသူကို အကြီးအကျယ် ထောက်ခံနေတာ…
Image may contain: 3 people, people standing and indoor
ညွှန်ချုပ်ကျော်စိုးကတော့ DSA-၃၅။
အဲ့ကောင်တွေနဲ့ ကမ္ဘာပြားကျော်ဝင်းတွဲနေတာကြည့်ရင် သဘောပေါက် …
Min Aung Khaing
သံအမတ်ကြီးဟောင်း အုန်းသွင် က
“တပ်ကိုအမိအဖ..NLD ကို
အသုံးမကျ” ဟု သင်ပေးနေသော
ဇီးပင်ကြီးကျောင်းကို လူငယ်
ဆရာဝန်များဝေဖန်ကြတော့ 
ဆတ်ဆတ်ထိမခံ ရိုင်းပျစွာ
ရေးသားထားပုံ။
ဒေါ်စု ကိုသည်လိုရေးတာ
ပြစ်မှုကြီးမြောက်နေပါပြီ။
OhnThwin
Image may contain: 1 person, text
ဇီးပင်ကြီးကို လောင်ချာနဲ့ထု
Image may contain: 1 person, textပစ်လိုက်ကြပါ
Image may contain: text
Image may contain: text
10 thoughts on “ဖွတ်ဝါဒ ရိုက်သွင်းနေတဲ့ ဇီးပင်ကြီးက နိုင်ငံရေးသိပ္ပံ
  1. IF DASSK led NLD failed to take action on Zee Pin Gyi Political Science Dpt and this former Ambassador…there is NO HOPE for the future of Myanmar.
    Like
  2. Yangon Media Group
    ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်
    =========================================
    အောင်သက်ကို
    =========================================
    ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။
    လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။
    ”ဒီသင်တန်းက သူတို့ ကောင်းကြောင်းတွေပဲ ပြောတဲ့ နေရာပါ။ ဆရာ တက်တုန်းက တော့ စိတ်မဝင်စားလို့ သင်နေရင် အပြင်ပဲထွက်နေတာ။ သင်ရိုးတွေ ပြန်ပြောင်းမယ်ဆိုရင်လဲ နောင် တက်လာမယ့်အ စိုးရတွေ ကောင်း ကြောင်းတွေ ပဲပါနေဦးမှာ။ တကယ် တမ်းက အဲ့ဒီလို သင်တန်းတွေအ စား ဆရာတွေအတွက် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးတည့်တဲ့သင် တန်းတွေစီစဉ်ပေးရင် ပိုကောင်း ပါတယ်။ အဲ့ဒီသင်တန်းတက်ရင် တစ်လဆိုရင် အနည်းဆုံး ငွေတစ် သိန်းကတော့ ကုန်ပြီးသားပဲ။ အဲ့ ဒီနေရာက ဝန်ထမ်းအကျိုးဖြစ် ထွန်းတာထက် နိုင်ငံ့ဘဏ္ဍာဆုံး ရှုံးတဲ့နေရာဖြစ်နေတယ်”ဟု အ ရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန မှ ဆရာတစ်ဦးက ပြောသည်။
    ဗဟိုဝန်ထမ်းတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ ကို ပြုပြင် ပြောင်းလဲမည် ဆိုပါက လက်ရှိ ယင်းတက္ကသိုလ်တွင် သင်ကြားပေး နေသည့်သူများ၏ ဆန္ဒသဘော ထားများကိုပါ အကြံဉာဏ်ရယူ သင့်ကြောင်း၊ တက်ရောက် ရမည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၏ သင်ယူလိုသည့် အကြောင်း အရာများကို ထည့်သွင်းပေးစေ ချင်ကြောင်း တက္ကသိုလ်ဆရာ တချို့က ဆိုသည်။
    ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ လက်ထောက်ကထိက တစ်ဦးက ”ပြင်မယ်ဆိုရင် တကယ် လုပ်နေတဲ့သူတွေ မေးဖို့လိုတယ်။ ကျွန်တော် တို့နိုင်ငံ မှာ ဖြစ်နေတာ က အစိုးရဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း ကိုရောထား တာပဲ။ ကျောင်းဆရာ နဲ့ ဆရာဝန်ဆိုတာက အစိုးရဝန် ထမ်းမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းပါ။ ပြည်သူစာမတတ်ရင် ကျွန်တော် တို့ တာဝန်၊ ပြည်သူ မကျန်းမာ ရင် ဆရာဝန်တာဝန်ပဲ။ ဘယ်သူ တွေရဲ့ ဩဇာလွှမ်းမိုးမှုမှမခံစေ ရဘူး။ ဒီအတွက် ဖောင်ကြီးသင် တန်းဆိုတာမျိုးလဲ မလိုအပ် ဘူး။ ပြည် သူတွေ အတွက် ကောင်းကျိုး ဖြစ်အောင်လုပ်ပေးဖို့ ဝန်ထမ်း စွမ်းဆောင် ရည် မြှင့်တင်ပေးတဲ့ သင်တန်းမျိုးတွေပဲ လိုအပ်တယ်။ အခုက ဖောင်ကြီး မတက်ရင် ဝန် ထမ်းမဖြစ်ဘူးဆိုတဲ့ သတ်မှတ်ချက် ကြီးကရှိနေတယ်။ မတက်ချင်လဲ တက်ကြရတာပဲ”ဟုပြောသည်။
    Like
  3. မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ
    အသင်း(လူ့အခွင့်အရေးဆပ်ကော်မတီ)ILAM(HR Sub-Committee )၏သဘောထားကြေငြာချက်
    *****************************************
    ၁..ဇီးပင်ကြီးစစ်တမ်းဟူသည့်ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်တင်သည့်အကြောင်းအရာနှင့်ပါတ်သက်၍ ဒောက်တာစိုးသူရဇော်အားသက်ဆိုင်ရာဝန်ကြီးဌာနက ဌာနတွင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ကြောင်းကြားသိရပါသည်။
    ၂..ထိုသို့ပုဂ္ဂလိကကိုယ်ပိုင်account တွင်းသို့ဖောက်ထွင်းဝင်ရောက်ကြည့်ရှုခြင်းသည် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊၂၀၁၇ခုနှစ်နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေတို့နှင့်ငြိစွန်းမှုရှိမရှိ သတင်းအချက်အလက်စုဆောင်း၍ဤဆပ်ကော်မတီကအသေးစိတ်လေ့လာသွားမည်။
    ၃..အဆိုပါစစ်တမ်းအပိုင်း(၂)”ဝန်ထမ်းသတ်တော့အစိုးရသေ”တွင်ဒေါက်တာစိုးသူရဇော်၏တင်ပြချက်များသည်မှန်ကန်ကြောင်းသင်တန်းသားဆရာဝန်များ၏ထောက်ခံတင်ပြချက်များကိုလည်းလူမှုကွန်ရက်တွင်တွေ့ရှိရသည်။
    ၄..အဆိုပါတင်ပြချက်မှန်ကန်ပါက အထက်မြန်မာနိုင်ငံ
    ဗဟိုဝန်ထမ်းတက္ကသိုလ်နိုင်ငံရေးသိပ္ပံဌာနမှုးဆိုသူ၏
    သင်တန်းဟောပြောပို့ချချက်များသည်..နိုင်ငံတော်အစိုးရကိုအကြည်ညိုပျက်စေသည့်ဟောပြောလုပ်
    ဆောင်ချက်များဖြစ်သည်ဟုယူဆဖွယ်ရှိနေပါသည်။
    ၅..အဆိုပါအချက်များမှန်ကန်ပါက စွပ်စွဲထားသည့်ပြောဆိုပို့ချချက်များသည်ရာဇသတ်ကြီးပုဒ်မ၁၂၄(က)
    အရထောင်ဒါဏ်တသက်တကျွန်းချမှတ်နိုင်သည့်ပြစ်မှု
    ကြီးဖြစ်သည့်အပြင်၂၁ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးနှင့်အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်ပျက်ပြားစေရန်သင်ကြားပို့ချနေသည်ဟုယူဆဖွယ်ရှိနေသည်။
    ၆..၂၀၀၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ
    အခြေခံဥပဒေပုဒ်မ၃၄၇အရနိုင်ငံသားတိုင်းသည်ဥပဒေ
    အရာတွင်တန်းတူညီမျှမှုရှိသည့်အပြင်ဥပဒေ၏အကာအကွယ်ကိုလည်းလူတိုင်းတန်းတူရရှိရမည်ဖြစ်ပါသည်။
    ၇..ထို့ကြောင့်ဒေါက်တာစိုးသူရဇော်အားဌာနတွင်းစုံစမ်းမှုပြုသကဲ့သူ့တင်ပြချက်များမှန်ကန်မှုရှိမရှိလည်း
    ခုံဖွဲ့စုံစမ်းစစ်ဆေးသင့်ပါသည်။ထို့အပြင်အဆိုပါဝန်ထမ်းတက္ကသိုလ်ဆိုသည်များ၏သင်ရိုးညွှန်းတမ်းများ၊ဘာ
    သာရပ်ဆိုင်ရာပို့ချချက်များ၊သင်တန်းဆရာဆိုသူများ၏ပညာအရည်အချင်း၊နိုင်ငံရေးကင်းရှင်းမှုရှိမရှိအပြင် တည်ဆောက်မည့်ဖက်ဒရယ်ပြည်ထောင်စုမူများ၊နိုင်ငံတကာစံနှုံးများနှင့်ကိုက်ညီမှုရှိမရှိ၊တိုင်းပြည်အကျိုးရှိမရှိတို့ကိုပြည်ထောင်စုအဆင့်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့်စုံစမ်းစစ်ဆေးသင့်ပါသည်။
    ၈..”ကျေးရွာထိုထို..တက္ကသိုလ်၊မြင်မြင်သမျှပါမောက္ခ၊
    ကိုယ်ငှကိုယ်စီ..ပီအိခ်ျဒီ”ဟူသည့်စစ်အာဏာရှင်ခေတ်
    ဆိုးမွေခံဝန်ထုပ်ဝန်ပိုး၊”ပိုင်းလော့လေယာဉ်မောင်းကို
    နွားကျောင်းသင်တန်း”ပေးသည့်ခေတ်ပျက်လာဠုက
    ဇာတ်သိမ်းသင့်ပါပြီ။
    ၉..ဤဆပ်ကော်မတီသည်ယခုဖြစ်စဉ်ကိုအနီးကပ်စောင့်ကြည့်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံတော်
    သမ္မတကြီးထံအချိန်နှင့်တပြေးညီအစီရင်ခံ၍ဥပဒေနှင့်
    အညီဆောင်ရွက်သွားမည်ုဖစ်ပါသည်။
    ၂၁.၁၂.၂၀၁၈ ဦးသိန်းသန်းဦး
    ဥက္ကဌ
    လူ့အခွင့်အရေးဆပ်ကော်မတီ၊မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကြီး
    Like
  4. Aung Myo Win is with Myanmar Aung and Aung Myo Min.
    ” အာဏာရှင်လက်ကျန်တွေကို ပညာတတ်တွေ
    ထဆော်ကုန်ပြီ ” ဖတ်သာကြည့်တော့ ။
    =====================================
    ဒေါက်တာမဉ္ဇူသင်းရေးလာတဲ့စာ
    *****************************
    ဗဟိုဝန်ထမ်းတက္ကသိုလ်က…
    ဗိုလ်ချုပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့ဘူးတဲ့
    ဒီလို ဝန်ထမ်းတွေကို
    ငါတို့ရိက္ခာတွေထောက်နေရင်
    အဆိပ်ပင်ရေလောင်းတာနဲ့ အတူတူပဲ
    ပြောရရင်
    အခု ဇီးပင်ကြီးကိစ္စဟာ
    သာမံညောင်ည…ဖြစ်လာတာမဟုတ်ဘူး
    ဒေါက်တာစိုးသူရဇော် ပြောတာထက်
    အနှစ်၆၀လုံးလုံး အဖိနှိပ်ခံလာရတဲ့ ပြည်သူ့အရိုးတွေ
    ထတွန်တာပဲလို့ဆိုချင်တော့တယ်…။
    အကြောင်းတွေကပေါင်းစုလာပြီလေ
    အခုဆို.. ဒေါက်တာစိုးသူရဇော် ကိုအကြောင်းပြုပြီး
    ဟိုကရေးဒီကရေး.မကြောက်မရွံ့ .ရေးလာကြပြီလေ
    ဟေ့….လောကမှာ
    မတရားမှု သာ အမြဲနိုင်စတမ်းဆိုရင်
    အမြဲသာစတမ်းဆိုရင်
    ဘုရားတောင်ပွင့်လာမှာမဟုတ်
    ရေစီး ရေသာ စုန်ဆန်ကာနဲ့
    ငှက်ခါးပျံသလို နိမ့်မြင့်တုန်ရ
    ကံကြမ္မာကားတပတ်လည်မြဲ
    ဓမ္မတာတည်း….တဲ့။
    ဗိုလ်ချူပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့တဲ့
    ဗ၀တ တဲ့
    ******************************************
    ဗ၀တပတ်သတ်ပြီး မကောင်းတဲ့အမှတ်တရ ဆိုလို့
    ကိုယ့်မှာ မရှိခဲ့ဘူး..ဇီးပင်ကြီးသုံးလခွဲက ကိုယ့်အတွက်
    အပျော်ရွှင်ဆုံးနဲ့လုပ်ချင်တာအလုပ်ခဲ့ဆုံးကာလတွေပဲ။
    သူတို့ပေးတဲ့ BC တို့ သင်တန်းသားဆုတွေလည်း
    မလိုချင်ဘူး။လက်ချာအချိန်တော်တော်များများ
    အိပ်လေ့ရှိပြီး ပျော်ပျော်ပဲနေခဲ့တယ်…။
    သင်တန်းစတက်တော့မယ်ဆိုကတည်းက ငါ ဘရိန်းဝဒ် ခံရတော့မယ်ဆိုတာ သိလို့ဘာလို့လဲဆိုတော့ ဗ၀တက ဗိုလ်ချူပ်အောင်ဆန်းကိုတောင် အလေးထားတာ မဟုတ်လို့လေ..။
    ကိုယ်ငယ်ငယ်ကတည်းက”နိုင်ငံတော်အလံအား
    အလေးပြု” ပြီးတဲ့အခါ ” ကျဆုံးလေပြီးသော ဗိုလ်ချူပ်
    အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ
    အား အလေးပြု” လို့ ရှေ့က တိုင်တဲ့သူက ဆိုတဲ့အခါ
    ကိုယ်တို့ အားလုံးအလေးပြုကြတယ်။
    ၂၀၁၄ ဒီဇင်ဘာ ဇီးပင်ကြီး အရာထမ်းလောင်း အခြေခံ
    သင်တန်း အမှတ်စဉ် ၁၅ ရဲ့ နိုင်ငံတော် အလံကိုပထမဆုံး
    အလေးပြုပြီးတဲ့အချိန်မှာ “ကျဆုံးလေပြီးသော
    အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု”
    ဆိုတာပဲ ပါခဲ့တယ်…. ဗိုလ်ချူပ်အောင်ဆန်းမပါခဲ့ဘူး။
    ဒီလိုနဲ့ တပ်ခွဲမှူး အသစ်တွေ တပတ်တစ်ယောက်နှူန်းနဲ့
    တက်လာတယ်။နာက်ဆုံးအပတ်မရောက်ခင်
    ကိုယ် ခွဲမှူးလုပ်တယ်။
    ( လုပ်ချင်တဲ့သူလုပ်ဆိုလို့ ထလုပ်တာအဲ့ဒီအပတ်
    အကုန်လုံးပွဲပျက်ရမယ်ဆိုပြီး ထလုပ်တာ)။
    နိုင်ငံတော်အလံကို အလေးပြုပြီးတဲ့အခါ ” ကျဆုံး
    လေပြီးသော ဗိုလ်ချူပ် အောင်ဆန်းနှင့်တကွ အာဇာနည်
    ခေါင်းဆောင်ကြီးများအား အလေးပြု ” ဆိုပြီး ရှေ့ ကနေ
    အော်ပစ်တယ်…..အဲ့နေ့ပဲ ချက်ချင်း ခွဲမှူးရုံးက အမက
    “ကသ၉၄ ရှေ့က တိုင်တာတွေလည်း မှားနေတယ်”ဆိုပြီး ကိုယ့်ကိုသတိပေးခဲ့တယ်..ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်
    လုပ်ချင်တာလုပ်ပြီးသွားလို့။
    ရိုးရိုးလေးပဲ ဗိုလ်ချူပ်အောင်ဆန်းကို အလေးပြုဖို့
    ဒီလောက် အသေအကြေကြောက်နေတဲ့ ဒီသင်တန်းမှာ
    ဘာတွေကို မျှော်လင့်လို့ရမှာလဲ ဆိုတာ
    နောက်ပိုင်း ပြည်သူအစိုးရတက်လာပြီးနောက် ဗိုလ်ချူပ်
    အောင်ဆန်းကို အလေးပြု မပြုတော့ ကိုယ်မသိဘူး
    ကိုယ်သိခဲ့တဲ့ ဗ၀တ ကတော့ ဗိုလ်ချူပ် အောင်ဆန်း
    ကိုတောင် အလေးမပြုခဲ့တဲ့ ဗ၀တ ပဲ ။
    Dr မဉ္ဇူသင်း
    ကသ၉၄
    အရာထမ်းလောင်း အခြေခံသင်တန်း အမှတ်(၁၅)
    ဇီးပင်ကြီး
    အထက်ပါ အချက်အလက်များသည် မှန်ကန်ကြောင်း 100% တာဝန်ယူပါ သည်။
    POSTED CREDIT-San Maungsan
    We_Stand_With_DrSoeThuyaZaw
    We_Stand_With_Truth_Justice_And_Freedom_Of_Experssion
    Credit Kyaw Swar Myint
    Like
  5. Aung Myo Win
    ဇီးပင်ကြီး စစ်တမ်း ကိစ္စနဲ့ပက်သက်ပြီး နောက်ဆက်တွဲအခြေအနေပါ
    Breaking news
    ………………………
    ကြောက်ကြောက်နဲ့ ဘဲ အားနာ နာနဲ့ ဘဲ
    အခုဘဲ ကျန်းမာရေးဝန်ကြီး ဆရာကြီး
    ဦးမြင့်ထွေးထံသို့  ဖုံးဆက်၍ ဇီးပင်ကြီးကိစ္စ
    တင်ပြ ပြောဆို စုံစမ်းလိုက်ရပါသည်။
    ဆရာကြီး ပြောပြချက်အရ ယခုကိစ္စမှာ ကျန်းမာရေး ဝန်ကြီး ဆရာ ကြီး ကိုယ်တိုင်
    ရော ဒု ဝန်ကြီးရော အတွင်းဝန်ရော လုံးဝ သိရှိခြင်း မရှိဘဲ လုံးဝ တင်ပြအသိပေးခြင်း မရှိဘဲ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန
    ဒုတိယ ညွှန်ကြားရေးမှုးချုပ်နှင့် ပြည်သူ့ 
    ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုး
    ( စစ်ဆေးရေး) နေပြည်တော်တို့ မှ ရုံးတွင်း လုပ်ရိုး လုပ်စဉ်အတိုင်း မဟုတ်ဘဲ လုပ်ကိုင်
    ဆောင်ရွက်သွားခြင်း ဖြစ်သည် ဟု အတိ
    အကျပြောကြားပါသည်။ သို့ ဖြစ်ရာ ထိုသို့  လုပ်ဆောင်သွားသူ တာဝန်ရှိသူ နှစ်ဦးအား အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အားလုံးကို အသိပေးလိုက်ပါသည်။ Dr စိုးသူရဇော် ပြောစကားများသည် အမှန်
    တရား များသာဖြစ်သည် ။လုံးဝ အရေး
    ယူ ဆောင်ရွက်စရာ မရှိ ဟု အတိအလင်း ပြောကြားလိုက်ပါသည် ။ အလုပ်ဝင် မည့်
    သူ များကို ၄၀ကျော် ဖြုတ်သည့် ကိစ္စ တပါ
    တည်း တင်ပြရာ ဆရာကြီးကိုယ်တိုင်က လုံးဝ မဖြစ်သင့်ဟု ယူဆပြီး စိတ်မကောင်း
    ဖြစ်ပြီး ရာထူးဝန်မှ ဖြုတ်ချသည့် ကိစ္စ အတွက် သမ္မတသို့  တိုင်ကြားဆောင်ရွက်
    သွားမည်ဟု လည်း ပြောပါသည်။
    စိတ်ပူနေကြသော ပြည်သူ လူထု အား လုံး နှင့်တကွ ဆရာဝန်ထု တရပ်လုံး သိစေရန် ဆရာကြီးဝန်ကြီး၏ ဆန္ဒ ခွင့်ပြုချက်ဖြင့် အသိပေး အကြောင်းကြားအပ် ပါသည်။
    Crd Ah Linkar Oo
    Like
  6. Kyaw Naing WinFollow
    December 22 at 10:40 AM
    အစိုးရမဖြစ်ခင် ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ ဖောင်ကြီး သင်တန်းကျောင်း အကြောင်း
    ခု ကိုယ်အစိုးရဖြစ်တာ ၃ နှစ်ရှိပီ ဒီသင်တန်းတွေကို ဘာလို့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ မေ့လျော့နေသလဲ
    ကျနော်သဘောမကျတာ ဒါတွေပဲ အာဏာမရခင်တစ်မျိုးပြောတယ် အာဏာရတော့ ပြောခဲ့သလို လုပ်ဖို့မေ့နေတယ်
    – ကျော်ကြီး(MDY) @ https://www.facebook.com/KyawGyi.333/videos/2311209935584691/
    Like
  7. Khin Moe Moe Oo is with Ko Minn Yar and 3 others.
    December 22 at 4:58 PM
    အစက ဒီလိုအ​သေးစိတ်​​ရေးပြဖို့စိတ်​ကူးမရှိပါ ဒါ​ပေမဲ့ မတရားမှူတခုမှာ သင်​ဟာကြား​နေခဲ့ရင်​ သင်​ကိုယ်​တိုင်​မတရားမှုကိုကျူးလွန်​တာနဲ့အတူတူဘဲဆိုတာသတိရလို့ ​ရေးဖြစ်​တာပါ
    ကျမဟာ ၂၀၀၀ခုနှစ်​မှာဖွင့်​တဲ့​ဇီးပင်​ကြီး ​ဇေယျ ၁ မှာ ၁၄ ပါတ်​ကြာတက်​​ရောက်​ခဲ့တဲ့ တဦးတည်း​သောဆရာဝန်​ဖြစ်​ပါတယ်
    ကသ ၆၅ ပါ
    အခြားသင်​တန်းသား​တွေက စီမံကိန်း MOGE ဆည်​​မြောင်းစတဲ့ဌာနစုံကအရာရှိများပါ ဇီးပင်​ကြီးဖွင့်​စ မပြည့်​မစုံနဲ့ဒုက္ခမျိုးစုံရင်​ဆိုင်​ခဲ့ရတာပါ အစကတည်းက ကျမတို့ကို ဖိနှိပ်​လိုတဲ့စိတ်​ ပညာတတ်​ကိုဦးချိုးချင်​တဲ့စိတ်​နဲ့ဖွင့်​တဲ့ အရည်​မရအဖတ်​မရသင်​တန်း​တွေလို့ထင်​တာ​ကြောင့်​ မတက်​ဖြစ်​ခဲ့​ပေမဲ့ နိုင်​ငံခြားပညာ​တော်​သင်​​ဖြေမယ်​ဆို ​ဖောင်​ကြီးတက်​မတက်​ အ​ရေးပါလှတဲ့အတွက်​ အားမတန်​မာန်​ချပြီး တက်​ခဲ့ရတာပါ
    စာရှည်​မှာစိုးလို့ အသးစိတ်​ဖိနှိပ်​မှု မဆီ​လျော်​မှု​တွေ​ရေးမပြ​တော့ပါ
    သင်​တန်းကာလတ​လျောက်​လုံး အမြင်​မ​တော်​တာ​တွေ​ထောက်​ပြရင်း ပြဿနာအကြိမ်​ကြိမ်​တက်​ခဲ့​ပေမဲ့ ကျမကိုအ​ရေးမယူရဲပါ
    အမျိုးသမီး​ဆောင်​တာဝန်​ကျဆရာဝန်​​နေတာ​ဝေးတဲ့အတွက်​ည​ရေးညတာကျန်းမာ​ရေးပြဿနာ​တွေကို ​စေတနာဝန်​ထမ်းကိုယ့်​​ဆေးနှင့်​ကို(အမရဲ့​တော်​ဝင်​​ဆေးရုံမှ​ဆေးများပါ)​ဖြေရှင်း​ပေးတဲ့အတွက်​သူတို့ မှာသိပ်​အကူအညီရလို့ပါ 
    ဒီလိုနဲ့သင်​တန်းဆင်းဖို့ရက်​ပိုင်းအလိုမှာ သင်​တန်းဆန်းစစ်​ချက်​​တွေဖြည့်​ခိုင်းပါတယ်​ ပုံစံမှာ အမည်​ ကသ တပ်​ခိုင်းတဲ့အတွက်​ ထုံးစံအတိုင်းကျမကလူပုံလည်​မှာ​မေးခွန်းထုတ်​ပါတယ်
    ရှင်​တို့ ဒီသင်​တန်းအ​ပေါ်ထင်​မြင်​ချက်​ အမှန်​လိုခြင်​ပါသလား ဒါဆိုရင်​ ဒီလို အမည်​ ကသ မတပ်​သင့်​ တပ်​ရင်​လူ​တွေကအမှန်​​ရေးရဲမှာမဟုတ်​ ကျမတို့ကျန်းမာ​ရေးမှာလဲသင်​တန်းစစ်​တမ်းများ
    အကြိမ်​ကြိမ်​လုပ်​ဖူး​ကြောင်း ဘာidentity မှဖြည့်​စရာမလို​ကြောင်း
    အဆုံးသတ်​မှာ သ်​တန်းသားရဲ့ ဘယ်​နှစ်​ရာခိုင်​နှုံးက ​မေးထားတဲ့အချက်​ကို​ထောက်​ခံ ဘယ်​​လောက်​ကမ​ထောက်​ခံသိနိုင်​​ကြောင်းနမူနာ​တွေနဲ့​ပြောတာ​ပေါ့ အားလုံးကဝိုင်းစူးစိုက်​နား​ထောင်​ ဒီတ​ယောက်​​တော့ဘာ​တွေ​ထောက်​ပြအုံးမလဲ​ပေါ့ ဒီ​တော့ အဲဒီဌာနမှုး (နိုင်​ငံ​ရေးလား ဥပ​ဒေလားမမှတ်​မိ) က စိတ်​လဲဆိုးရှက်​လဲရှက်​ ဒီလိုတ​သွေးတသံတမိန့်​​နေရာမှာ ဒီလို​ပြောလို့ ​လေ
    ခင်​ဗျား ကသ နံပါတ်​​ပြောဆို​တော့ ကသ ၆၅ ဆို​တော့ ​ကောင်းပီ ခင်​ဗျား​ရေးခြင်​ရာ​ရေးပါ ဘာမှမဖြစ်​​စေရလို့ဆိုပါ​လေ​ရော
    ဘာ​ပြော​ကောင်းမလဲ ပယ်​ပယ်​နယ်​နယ်​ ကဏ္ဏတခုခြင်းစီကို ​ဝေဖန်​တာ​ပေါ့ အစားအ​သောက်​စုတ်​ပြတ်​ ကျန်းမာ​ရေးနဲ့မညီတာကစ ကျမတို့နဲ့ မဆီမ​လျော်​ ​တွေသ်​ကြားတာ​ရော အရာရှိ​တွေကိုသင်​တဲ့ ဆရာ ဆရာမ ​တွေအရည်​အခြင်းမပြည့်​မှီတာ​ကော(တကယ်​ဆိုကျမက အဲဒီအချိန်​မှာ MSc ပြီး​နေ​ပေါ့) အစုံပါဘဲ ​ပြောထားတဲ့အတို​င်းကျမကိုအ​ရေးမယူခဲ့​ပေမဲ့ ကျမတို့အပြန်​အလှန်​​ပြောတာကြားပြီး ​​ထောက်​ပြ​ဝေဖန်​လို့ရပဟထင်​ပြီး​ရေးသားခဲ့တဲ့
    မ​ကွေး MOGE က geologist အမျိုးသားတ​ယောက်​ကိုကျမတို့သင်​တန်းဆင်းပွဲရှုပ်​​နေတဲ့အချိန်​မှာ RTU Return To Mother Unit လုပ်​ပြီး အလုပ်​ကပါထုတ်​ပါယ်​ခဲ့ပါတယ်
    နံမည်​ပြန်​စုံစမ်းရင်​သိနိုင်​ပါတယ်
    အဲဒီ အချိန်​က ၂၀၀၀ ခုဆို​တော့စစ်​ဖိနပ်​​အောက်​ပြားပြား​မှောက်​ ကျမအကို ​တောင်​မန္တ​လေး အိုးဘို​ထောင်​ထဲမှာ ​ထောင်​ဒဏ်​ ၁၀ နှစ်​ ခံစား​နေရစဉ်​ဆို​တော့ ခုလိုပွင့်​လင်းမြင်​သာဘယ်​သူမှမ​ပြောရဲ​သေးတဲ့အချိန်​ အငြိုးထားပြီး ညကျမှ စစ်​စရာရှိလို့ခဏလိုက်​ခဲ့ဆိုရင်​​တော့ သွား​ပေဦး​တော့ ၁၀ နှစ်​​ပေါ့
    အဲလိုအချိန်​ဆို​တော့ ဘယ်​သူမှနားရွက်​မခတ်​ရဲ တချိန်​လုံး​ထောက်​ပြ​ဝေဖန်​​နေတဲ့ကျမကို​တောင်​သိပ်​ဆိုးတဲ့ဆရာဝန်​မလို့ နံမည်​ဆိုးတပ်​ခဲ့ကြတာ
    အဲဒီသင်​တန်း​တွေဟာကျမတို့ပညာတတ်​​တွေကိုဖိနှိပ်​ဖို့သက်​သက်​ ဝါဒမှိုင်းတိုက်​ဖို့သက်​သက်​သာဖြစ်​ပြီး နိုင်​ငံ​တော်​အတွက်​​ရော ကျမတို့ပြည်​သူအတွက်​ပါ အကျိုးမရှိ သည့်​အတွက်​ပြန်​လည်
    စဉ်းစား ချင့်​ချိန်​သုံးသပ်​သင့်​ပါ​ကြောင်း အပြုသ​ဘော​ဆောင်​တင်​ပြလိုက်​ရပါတယ်
    ပြည်​သူ့အစိုးရ​ခေတ်​မှာ အပြုသ​ဘောနဲ့​ထောက်​ပြ​ဝေဖန်​မှုကို အ​ရေးယူမယ်​ဆိုရင်​ဖြင့်​အ​ရေးယူသူဟာ ​ပြောင်းလဲလိုစိတ်​မရှိတဲ့ စံနစ်​​ဟောင်းကိုဖက်​တွယ်​ တိုင်းပြည်​ တိုးတက်​မှာကိုမလိုလားတဲ့ အဖျက်​သမားသာလျင်​ဖြစ်​​​ကြောင်းလယ်​ပြင်​မှာဆင်​သွားသလိုထင်​ရှားလှတာမို့ ထိုသူများကို ပြည်​သူ့ယန္တယားမှဖယ်​ထုတ်​သင့်​​ကြောင်း ​လေး​လေးနက်​နက်​အကြံပြုလိုပါသည်​ရှင့်
    Dr ခင်​မိုးမိုးဦး
    ကသ ၆၅
    Like
  8. Ko Nyo
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေခံမူတွေ ကို စိမ်ခေါ်လိုက်တဲ့ ဒေါက်တာ စိုးသူရဇော် ကိစ္စ
    တင်မောင်သန်း
    7 Day Daily, ၂၂၊ ဒီဇင်ဘာ ၂၀၁၈။ စာ ၂၁၊ ၂၇
    လူမှု မီဒီယာ ဖေ့ဘွတ် ပေါ်မှာ ဇီးပင်ကြီ သင်တန်း အကြောင်း ဆောင်းပါး ၃ ပုဒ် ဝေဖန် ရေးသားခဲ့တဲ့အတွက် ဒေါက်တာ စိုးသူရဇော် ကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ့် အကြောင်းကြားစာ တစ်စောင် ထုတ်လိုက်တဲ့အကြောင်း ကို လူမှုမီဒီယာ ပေါ်မှာ တွေ့လိုက်ရတဲ့အခါ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်း တစ်ခု ကို သွားသတိရမိလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာ လဆန်းမှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံ ရဲ့ အပိတ်မိန့်ခွန်းပါ။ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပေတာပေါ့။
    “စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာ ကို စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာ မရှိချင်ယောင် ဆောင်နေရတာသာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ပြဿနာ မရှိချင်ယောင် ဆောင်နေရင်၊ ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။” တဲ့။
    “ဒါကြောင့် သတ္တိရှိရှိ နဲ့ ဒီ ပြဿနာတွေ ကို ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေ ကို ကျွန်မတို့ မွေးထုတ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီးတော့ တစ်ဦး ကို တစ်ဦး ကူညီမယ်။ ဖေးမမယ်။ တစ်ဦး ရဲ့ အမြင် ကို တစ်ဦး က လေးစားမယ်။ နားထောင်မယ်။ သဘောချင်း မတိုက်ဆိုင်ရင်တောင် ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောထားတွေ ရှိနေလဲ ဆိုတာ စဉ်းစားရမယ်။” တဲ့။
    ဒေါ်အောင်ဆန်းစုကြည် မြင်သလို မြင်ကြည့်ရမယ် ဆိုရင်တော့၊ ဆရာ စိုးသူရဇော် အပေါ် ကျန်းမာရေး နဲ့ အားကစား ၀န်ကြီးဌာန ရဲ့ နေပြည်တော် အရာရှိကြီးတွေ ကိုင်တွယ်ပုံ က ပြဿနာပါပဲ လို့ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နီးနီးနားနား မှာပဲ ပြဿနာ ကို အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ပုံ ကို က ပြဿနာ ရှိနေပါပြီ။
    သားကောင် ဖြစ်မှာ စိုးရိမ်နေရပြီလော
    ဒါ အရေးကြီးပါတယ်။ စနစ်တိုင်း ရဲ့ သက်ရောက်မှု အား က ကြီးမားပါတယ်။ နှစ်ပေါင်း ၆၀ လောက်အတွင်း လူထု တင်မြှောက်လိုက်တဲ့ ပထမဆုံး အရပ်သား စစ်စစ် အစိုးရ ဟာ စနစ်ဟောင်းကြီး နဲ့ စတင် အလုပ်လုပ်ရပါတယ်။ အဲဒီ စနစ်ကြီး ဟာ တော်တော် အခြေခိုင်နေခဲ့တဲ့ စနစ်ကြီးပါ။ ဒီ စနစ် ကို မပြောင်းလဲနိုင်ဘူးဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရ အသစ် ဟာ စနစ်ဟောင်း ရဲ့ သားကောင် ဖြစ်သွားနိုင်ပါတယ်။
    အထက် မှာ ကျွန်တော် ကိုးကားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမြင် ကို အစိုးရ အရာရှိတွေ က အခြေခံမူ အဖြစ် မကိုင်စွဲနိုင်ဘူး ဆိုရင်၊ အဲဒီ အမြင် ကို ပျံ့နှံ့အောင် ကျွန်တော်တို့ မဆောင်ရွက်နိုင်ကြဘူး ဆိုရင်၊ ပြဿနာ ကို ဖော်ထုတ်သူတွေ က တရားခံတွေ ဖြစ်မြဲဖြစ်နေပြီး၊ ပြဿနာ မရှိချင်ယောင်ဆောင်သူတွေ က အပြစ်ပေးနိုင်တဲ့ မင်းသားတွေ ဖြစ်မြဲ ဖြစ်နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်ကလည်း ထူးမခြားနား ဇာတ်ကြီး ကကြရာမှာ အဲဒီ မင်းသားတွေ ၀န်းရံနေတဲ့ မင်းသမီးကြီး ဖြစ်သွားပါလိမ့်မယ်။ ဒေါက်တာ သန်းသန်းမြင့် လက်မှတ်ရေးထိုးထားတဲ့ ဆင့်ခေါ်စာ ဟာ အဲဒီ အန္တရာယ် ကို သတိပေးတဲ့ စာလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းပါ အခြေခံမူတွေ ကို ခြိမ်းခြောက်လိုက်တဲ့ စာလည်း ဖြစ်ပါတယ်။
    ဒေါက်တာ စိုးသူရဇော် က ဇီးပင်ကြီးကျောင်း မှာ ကြုံနေရတဲ့ ပြဿနာတွေ ကို ပြောပါတယ်။ နားထောင်၊ တုံ့ပြန်၊ အရေးယူဆောင်ရွက်ရမှာ က ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဖြစ်ပါတယ်။ ခုလို တကယ်ဖြစ်နေတာတွေ ကို တင်ပြတဲ့အတွက်ကြောင့် ဒေါက်တာ စိုးသူရဇော် ကို ကျေးဇူးတင်တဲ့အကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌကြီး က စာလေးတစ်စောင် ပို့သင့်ပေတာပေါ့။ ကျန်းမာရေး ၀န်ကြီးကိုလည်း ဒီ ဆရာဝန်လေး တော်တယ်ဗျာ လို့ ဖုန်းဆက် စကားဆိုသင့်ပေတာပေါ့။ အဲဒီလို မဟုတ်ဘဲ၊ ပြောင်းပြန်တွေသာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ က လုပ်ခဲ့တယ် ဆိုရင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကြီး မှာလည်း ပြဿနာ ရှိနေပါပြီ။ ဒေါက်တာ စိုးသူရဇော် ကို ပို့ရမှာ ဆင့်ခေါ်စာ မဟုတ်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် မြင်ချင်တဲ့ ယဉ်ကျေးမှု
    ပြဿနာတွေ အကြောင်း ပြောတဲ့ အဲဒီ စာပိုဒ်လေး ဟာ ဒေါ်အောင်ဆန်းစုကြည် မြင်ချင်တဲ့ ယဉ်ကျေးမှု ဖြစ်လိမ့်မယ် လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီ ယဉ်ကျေးမှု မှာ ပြဿနာ ကို မကြောက်ဘူး။ ပြဿနာ ကို ကြောက်ရွံ့ခြင်း မှ ကင်းလွတ်တယ် ဆိုကြပါစို့။ အဓိပ္ပါယ် က ဘာလဲ။ ပြဿနာ ပြောသူ ကို ပြဿနာကောင် လို့ သဘောမထားဘူး။ လွဲမှားနေတာ ထောက်ပြတဲ့သူ ကို ချီးမြှောက်တယ်။ လွဲမှားနေတာ ကို အသိအမှတ်ပြု တာဝန်ခံတယ်။
    ဒီ ယဉ်ကျေးမှု ကို ကျွန်တော် ကြုံဖူးတယ်။ အကြောင်းကြောင်းကြောင့် မြန်မာပြည် က ကျွန်တော်တို့ ထွက်ခဲ့ရပြီး၊ နိုင်ငံခြား မှာ နေခဲ့ကြရပါတယ်။ ရောက်သွားပြီး သိပ်မကြာဘူး။ ကျွန်တော့် သမီးကြီး ဟာ ၆ တန်းမှာ လစဉ် စာမေးပွဲ ဖြေရပါတယ်။ သင်္ချာဖြေတဲ့အခါ အမှတ် ၁၀၀ ပေးရာမှာ ကျွန်တော့် သမီးကြီး ၁၁၀ ရပါတယ်။ ဘာကြောင့်လဲ။ ဆရာပေးထားတဲ့ ပုဒ်စာတစ်ပုဒ် က မှားနေလို့ပါ။ အဲဒီ မှားတာ ကို သမီးကြီး က ထောက်ပြပြီး၊ အမှန် က ဒီလို ဖြစ်ရမှာပါ လို့ ဆရာ ကို သွားပြောပါတယ်။ ဒီ အတွက် ဆရာ က သူ့ ကို ၁၀၀ အမှတ်ပြည့် အပြင် နောက်ထပ် ၁၀ မှတ် ထပ်ဆောင်းပေးလိုက်တဲ့အတွက် ၁၁၀ ရခဲ့တာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ဆိုတာ ဒါပါပဲ။ လွဲချော်နေတာ ပြောသူ ကို အသိအမှတ်ပြုတယ်။ မှားသွားတဲ့ သူကလည်း အကြောက်အရွံ့ မရှိ သူ မှားသွားတာ တပည့်ကိုတောင် ၀န်ခံတယ်။ လွဲနေတာ ပြောရဲအောင် အားပေး ချီးမြှောက်တယ်။ ဒေါက်တာ စိုးသူရဇော် ဟာ အမှတ် ၁၁၀ ရထိုက်တဲ့ ၀န်ထမ်း ဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အခြားသော ဒီမိုကရေစီ အင်အားစုတွေ နဲ့ ပြည်သူတွေ မြင်လိုတဲ့ အစိုးရ ယဉ်ကျေးမှု က အဲဒီလို ယဉ်ကျေးမှုမျိုး ဖြစ်တယ် လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။
    စစ်ပညာရေး နဲ့ ဆရာဝန် ပညာရေး
    ဒေါက်တာ စိုးသူရဇော် နဲ့ ကျန်းမာရေး ၀န်ကြီးဌာန အရာရှိကြီးတွေကြား ဖြစ်ပွါးခဲ့တဲ့ ကိစ္စ က ရေမျောရေခဲတောင် လို၊ ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းလေးလောက်သာ ဖြစ်ပါတယ်။ ဒါ့ထက်မက ကြီးမားတဲ့ ပြဿနာ အစိုင်အခဲကြီး က မမြင်သာဘဲ၊ ရေအောက်မှာ ရှိနေပါတယ်။ အရင်းခံ က စစ်ဘက် ပညာရေး နဲ့ အရပ်ဘက် ပညာရေး ရဲ့ ပြဿနာ ဖြေရှင်းပုံ ကွာခြားချက်ပါ။
    အများသိပြီးတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ ဗျူရိုကရေစီ မှာ စစ်ဘက် က ပြောင်းလာကြတဲ့ ပုဂ္ဂိုလ်တွေ က တာဝန်ကြီးကြီးနေရာတွေ မှာ ရောက်နေကြပါတယ်။ သူတို့ လုပ်ကိုင်ပုံ က စနစ် ဖြစ်လာပါတယ်။ အဖွဲ့အစည်း ရဲ့ ယဉ်ကျေးမှု ဖြစ်လာပါတယ်။ ဒါကြောင့် စစ်ဘက် ရဲ့ ပြဿနာ ဖြေရှင်းပုံ ကို ကျွန်တော်တို့ နားလည်ကြရမှာပါ။
    စစ်ဘက် ပြဿနာဖြေရှင်းပုံ က ချပေးလိုက်တဲ့ အထူးတာဝန် (mission) နဲ့ စပါတယ်။ တာဝန်ကို ဆင့်ကဲ ထပ်ပေးပါတယ်။ အဲဒီ တာဝန် ကို အကောင်အထည်ဖော်ဖို့ ပိုင်းခြား သုံးသပ်တယ်။ ပြီးတော့ လုပ်နိုင်မယ့် လမ်းကြောင်းတွေကို စဉ်းစားတယ်။ တပ်မှူး က လမ်းကြောင်း ကို ဆုံးဖြတ်တယ်။ အဲဒါ က အောက် က လူအတွက် တာဝန် ဖြစ်လာပါတယ်။ ဒါပေမဲ့ ဆေးဘက် ၀န်ထမ်းတွေ ပြဿနာ ဖြေရှင်းပုံ က အဲဒီလို တာဝန်နဲ့ စတာ မဟုတ်ပါဘူး။ ပြဿနာ ဒါမှမဟုတ် ရောဂါ နဲ့ စတယ်။ ပြဿနာ ကို ရှာဖွေသုံးသပ်ပြီး ဖြစ်နိုင်ဖွယ် အကြောင်း ကို ယာယီ သတ်မှတ်ရတယ်။ ပြီးတော့မှ ပိုပြီး သေချာအောင် ဓာတ်ခွဲတာ၊ ဓာတ်မှန်ရိုက်တာ လို သင့်လျော်တဲ့ နည်းနာတွေ နဲ့ ထပ်စစ်ဆေးရတယ်။ ပြဿနာ သေချာပြီ ဆိုတော့မှ ကုထုံး လမ်းကြောင်း ကို စဉ်းစားတာကိုး။ ဒါ .. ယူကေ က စာတမ်း ကို ကိုးကားပြီး ကျွန်တော် ပြောနေတာပါ။ စာတမ်းရှင် ကိုယ်တိုင် က စစ်တပ် က ဖြစ်ပြီး၊ အဲဒီ စာတမ်း ကို စာကိုး အဖြစ် ဆောင်းပါး အဆုံး မှာ ဖော်ပြထားပါတယ်။
    ပညာရှင်ကြီး အိုင်းစတိုင်းက ပြောဖူးတယ်။ “ တကယ်လို့ ဒီကမ္ဘာမြေကို ကယ်တင်ဖို့ ကျွန်တော့်ကို အချိန် ၁ နာရီပဲ ပေးမယ်ဆိုရင်၊ ပြဿနာ ကို ဖော်ထုတ် သတ်မှတ်နိုင်ဖို့ ၅၉ မိနစ် သုံးပြီး၊ ဒါ ကို ဖြေရှင်းဖို့ ၁ မိနစ်ပဲ သုံးပါမယ်။” .. တဲ့။ တနည်းပြောရင်၊ သိပ္ပံနည်းကျ ဆိုတဲ့ သဘောမှာ ပြဿနာ သတ်မှတ် ဖော်ထုတ် နိုင်ရေးအတွက် အချိန် အများကြီး ပေးလေ့ရှိကြပါတယ်။ ဒီလောက်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်း စကား က ဘယ်လောက် အရေးကြီးတယ် ဆိုတာ မြင်နိုင်မှာပါ။
    စစ်တပ် ချဉ်းကပ်တာ နဲ့ ဆေးပညာရှင်တွေ ချဉ်းကပ်တာ ကွာပုံ ကို အဲဒီစာတမ်းမှာ ခုလို ဇယားနဲ့ နှိုင်းယှဉ် ပြထားပါတယ်။
    ဇယား။ ဆေးဘက် နဲ့ စစ်ဘက် ပြဿနာ ချဉ်းကပ်ပုံ
    ဆေးဘက် စစ်ဘက်
    ပြဿနာ (Problem) နေထိုင်မကောင်းဖြစ်ခြင်း (Illness) သို့မဟုတ် ပြဿနာ အထူးတာဝန် (Mission)
    အလုပ် (Task) ရောဂါသတ်မှတ် (Make a diaganosis) လက်အောက် ကို တာဝန်များ ထပ်မံပေး (Issue subordinate’s missions)
    ကုထုံး သတ်မှတ် စတင် (Initiate treatment)
    အထောက်အကူ (Aids) ရောဂါ ရာဇ၀င် (History) တာဝန် ကို ပိုင်းခြားသုံးသပ် (Mission analysis)
    လူ ကို စမ်းသပ် စစ်ဆေးခြင်း (Examination) တိုက်ပွဲ အတွက် ထောက်လှမ်း ပြင်ဆင် (Intelligence preparation of the battlefield)
    (သွေးဆီးဝမ်းစသည်) ထပ်မံစုံစမ်းစစ်ဆေးခြင်း (Investigation) လုပ်မယ့် ဖြစ်စဉ် ကို ခန့်မှန်း (Estimate process)
    ကျွမ်းကျင်သူ သို့ လွှဲခြင်း (Referral) နည်းနာပိုင်းဆိုင်ရာ အကြံပြုချက် ရယူ (Technical advice)
    စစ်ဘက် ချဉ်းကပ်ပုံက ပြဿနာ ဖြေရှင်းရာမှာ အထူးတာဝန်နဲ့ စတယ်။ သူက ပြဿနာကို အဓိကထားပြီး သုံးသပ်တာ မဟုတ်ပါဘူး။ ပေးလိုက်တဲ့ တာဝန်ကို ဖော်ဆောင်ဖို့ပဲ ပိုင်းခြား သုံးသပ်တာ ဖြစ်ပါတယ်။ ဒီအခါ ပါဝင်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို စဉ်းစားပါတယ်။ ရန်သူ၊ ၀န်းကျင်၊ မိတ်ဆွေအင်အား၊ ထင်မထားဘဲ ပေါ်လာနိုင်တဲ့ အကြောင်းအချက်တွေ၊ လုံခြုံရေး၊ အချိန်စတဲ့ အချက်တွေ အဓိက စဉ်းစားတာပေါ့။ ဒီဆက်စပ် အခြေအနေထဲမှာ လုပ်နိုင်မယ့် လမ်းကြောင်းတွေ ကို တင်ပြမယ်။ ဒီနေရာမှာ ဆေးဘက် ပြဿနာ ဖြေရှင်းပုံ နဲ့ မတူပါဘူး။ ဆေးပညာ ပြဿနာ ဖြေရှင်းပုံမှာ ရောဂါ က သူကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ရင်၊ ကျွမ်းကျင်သူဆီ ကို ထပ်လွှဲပေးလိုက်တယ်။ စစ်ဘက်ဖြေရှင်းပုံ မှာ တော့ အဲဒီလို မလွှဲဘူး။ နည်းနာပိုင်းဆိုင်ရာ အကြံဥာဏ် ကိုပဲ ရယူလိုက်တယ်။ ပြီးတော့မှ တပ်မှူး က အဲဒါတွေ ကို ချိန်ထိုး ဆုံးဖြတ်ပါတယ်။ အဲဒီနောက်မှာတော့ အဓိက အားထုတ်ရမယ့် အချက် အပါအ၀င် ဘယ်လို ဆောင်ရွက်မယ် ဆိုတာ ကို စဉ်းစားမယ်။ အလုပ် တာဝန်တွေ ကို အောက် ကို ပြန်ချထားပေးမယ်။
    အရပ်ဘက် နဲ့ စစ်ဘက် ချဉ်းကပ်ပုံ မှာ ပြဿနာ ကို အခြေတည်တာ နဲ့ တာဝန် ကို အခြေတည်တာ အဓိက ကွာခြားချက်ပါပဲ။ မူဝါဒ ချမှတ်ရေး နဲ့ အကောင်အထည်ဖော်ရေး ချဉ်းကပ်ပုံမှာ ပြဿနာကို အခြေခံပါတယ်။ ပြဿနာကို ဖော်ထုတ် သတ်မှတ်တာ က အရေးကြီးဆုံးပါပဲ။
    စစ်ဘက် ဖြေရှင်းပုံ မှာ အလုပ်တွေ စီးဆင်းပုံ ကို ပုံ နဲ့ အောက်မှာ ပြထားပါတယ်။
    ပုံပြ။ စစ်ဘက် ပြဿနာ ဖြေရှင်းရေး ဖြစ်စဉ် တည်ဆောက်ထားပုံ
    အာရှ ဖောင်ဒေးရှင်း နဲ့ အတူ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အကြောင်း လေ့လာဖို့ ညွှန်ကြားရေးမှူးတစ်ဦး ကို ပြီးခဲ့တဲ့ အစိုးရ လက်ထက် မှာ ကျွန်တော် သွားတွေ့ခဲ့ပါတယ်။ သူ က စစ်ဘက် က ပြောင်းလာတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့ က ဘာဖြစ်နေလဲ ဆိုတာ နဲ့ စကြည့်ချင်ပါတယ်။ တနည်းပြောရင် ပြဿနာ ကို ကြည့်တာပါ။ ဒီအတွက် အထက် မှာ ပြောခဲ့တဲ့ ချဉ်းကပ်ပုံ သဘောလေး နဲ့ စကားခံ ပျိုးပါတယ်။ ကျွန်တော်လည်း ရှင်းပြပြီးရော ညွှန်ကြားရေးမှူး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် အလွန် အံအားသင့်သွားခဲ့ဖူးပါတယ်။ သူ ပြောလိုက်တာကတော့ “ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံး က အဲဒီ မစ်ရှင် ချဉ်းကပ်ပုံကြောင့်ပေါ့ဗျာ။” တဲ့။ ကျွန်တော်ဖြင့် ကျွန်တော့် နား ကို ကျွန်တော် မယုံနိုင်ခဲ့ဘူး။
    ဒေါက်တာ စိုးသူရဇော် ရဲ့ ကိစ္စ အောက်မှာ ထွေအုပ် ညွှန်ကြားရေးမှူး ပြောတဲ့ အရင်းခံ အကြောင်းကြီး က ရှိနေတာပါ။ ဒါကြောင့်ပဲ အဖွဲ့အစည်း ဓလေ့ ဖြစ်လာရတာပါ။ စစ်ဘက် ချဉ်းကပ်ပုံ အဖွဲ့အစည်း ဓလေ့မှာ အထူးတာဝန် ဆိုတဲ့ မစ်ရှင် ကို သတ်မှတ်ပေးတဲ့ အထက်လူကြီး က သော့ချက် ဖြစ်လာပြီး၊ ပြဿနာ က သော့ချက် မဟုတ်တော့ပါဘူး။ အထက်လူကြီး ပြောသမျှအောက်မှာ ပြဿနာ ကို မမြင်နိုင်တော့ပါဘူး။ ပြဿနာ ပြောတဲ့သူ က မစ်ရှင် နဲ့ မကိုက်ရင် ဆန့်ကျင်သူ ဖြစ်လာပါတယ်။ ဒီ စနစ်အောက် မှာ ဒေါက်တာ စိုးသူရဇော် ဟာ သုည ဖြစ်တယ်။ အမှတ် ၁၁၀ မဟုတ်ဘူး။
    စစ်ဘက် ပညာရေး က အသုံးမ၀င်တော့ဘူးလား။
    အသုံးဝင်တာပေါ့။ ဒါပေမဲ့ ပြဿာနာတွေ ကို သေသေချာချာ နားထောင် သတ်မှတ် ဖော်ထုတ်ပြီး၊ အကောင်းဆုံး ဖြစ်နိုင်တဲ့ ဖြေရှင်းပုံ ကို ရွေးချယ်၊ အကောင်အထည်ဖော်တော့မယ်လို့ အထူးတာဝန်ပေးလိုက်တဲ့ အချိန် ရောက်မှ တပ်မတော် က လေ့ကျင့်ပေးလိုက်တဲ့ အရာရှိတွေ ရဲ့ အခန်းကဏ္ဍ၊ သူတို့ ရဲ့ အင်အား ကို အထိရောက်ဆုံး အသုံးချနိုင်တဲ့ ကာလ ဖြစ်လာပါတယ်။ စနစ် မှာ လပ်ဟာနေတာ က ပြဿနာတွေ ကို လေ့လာ သတ်မှတ် ဖော်ထုတ် စဉ်းစား တဲ့ နည်းနာ၊ ယန္တယား၊ စနစ် အပိုင်း ဖြစ်ပါတယ်။ အိုင်းစတိုင်း ပြောတဲ့ တစ်နာရီ မှာ ၅၉ မိနစ် အချိန် ရဲ့ အလုပ်တွေ ဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတွေ ဟာ တပ်မတော်သားဟောင်း ဆိုတဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စ မဟုတ်ဘဲ၊ မူဝါဒ နဲ့ စီမံကိန်း၊ စီမံချက် ဒီဇိုင်း ထုတ်ပုံ ရဲ့ အားနည်းချက် နဲ့ အမြစ်တွယ်နေတဲ့ အဖွဲ့အစည်း ဓလေ့ နဲ့ ဆိုင်တဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒေါက်တာ စိုးသူရဇော် ရဲ့ ကိစ္စ ဟာလည်း စနစ်ဆိုင်ရာ ကိစ္စပဲ ဖြစ်ပါတယ်။ နေပြည်တော် ဌာနချုပ် က အရာရှိ ဆရာဝန်တွေ ကို ဆေးပညာ ပြဿနာ ဖြေရှင်းပုံ လေကျင့်ထားပေမဲ့၊ စနစ်ဟောင်း ရဲ့ အဖွဲ့အစည်း ဓလေ့ဟောင်း အတိုင်း တုံ့ပြန်မိသွားတာပဲ ဖြစ်ပါတယ်။
    ပြုပြင်ပြောင်းလဲရေး
    ဒါကြောင့် ပြုပြင်ပြောင်းလဲရေး ဆိုတာ စစ်ဘက် ပြဿနာ ဖြေရှင်းပုံ ကနေ အရပ်ဘက် ပညာ ပြဿနာဖြေရှင်းပုံ ကို ရွေ့ဖို့ အင်စတီကျူးရှင်းတွေ ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ အခြေခံမူကတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပါ ပြဿနာ ဆိုင်ရာ မိန့်ကြားချက်တွေပဲ ဖြစ်ကြောင်းပါ။ ဒေါက်တာ စိုးသူရ အမှတ် ၁၁၀ စနစ် ကို မသွားနိုင်ရင်၊ ကျွန်တော်တို့ အားလုံး သုည။
    တင်မောင်သန်း
    စာကိုး။
    Bricknell, M.C.M., (Ministry of Defense, Hampshire, UK) Problem Solving: a comparison between medical and military art, Journal of Management in Medicine, Vol. 11 No. 2, 1997, pp. 102-114, MCB University Press
    ပုံပြတွေ ကို ဓာတ်ပုံ အဖြစ် တင်ပေးပါမယ်။
    Like
  9. Htun Htun ဇီးပင်ကြီးက သင်ကြားရေးရယ်
    စတုတ္ထတန်းက ဝံသာနုစိတ်ဓာတ်ရယ်
    ဖတ်ပြီးသကာလ
    ဒီနိုင်ငံ နောက်မျိုးဆက် အထိ မွဲငတ်ရုံမက
    ဘယ်တော့မှလည်း မငြိမ်းချမ်းနိုင်ဘူးလို့
    သိလိုက်တယ်…(.ကိုဗြန်)
    &@@@
    ဘာသာရေးကိုခုတုံးလုပ်ပြီးနိုင်ငံရေးအောက်လမ်းနည်း
    သုံးနေကြတဲ့အမုန်းတရားသင်တန်း-
    အဓိကရုန်းသင်တန်း-
    ပေးနေတဲ့နေရာတွေကိုဖေါ်ထုတ်
    စိစစ်အရေးယူဖို့တောင်းဆိုအပ်ပါတယ်။
    (Charistina Angle)
    &@@@@@
    အမှန်တကယ်ပါဘဲဗျာ၊ တိုင်းသူပြည်သားတွေစိတ်ဝမ်းကွဲ၊ ပြသနာတွေအမြဲတက်နေမဲ့တိုင်းပြည်ကြီးဖြစ်အောင်လုပ်နေကြတယ်၊
    ဒီပုံစံနဲ့၊ လာအိုတို့၊ကမ္ဘောဒီးယား တို့ကိုနောင်အနှစ် ၂၀တောင်မှီပာ့မလားဗျာ။😁😁.
    (Aung Myint Sein)
    &@@@@
    အရှိန်တော်တော်ရနေပြီ….ပဲ
    ကျောင်သား/သူကလေးတွေကို ဘာသာရေး၊
    လူမျိုးရေး သွေးကွဲအောင် သင်ခန်းစာတွေမှာ ဂျင်းထည့်ရတာ ပျော်လားလို့မေးချင်းတယ်။
    ဇီးပင်ကြီးသင်တန်းကျောင်းမှာ ဆရာပေါက်စ၊
    ဆရာမပေါက်စတွေကို ဘာသာရေး၊လူမျိုးရေး
    အမျိုးပျောက်မှာ စိုးကြောက်စရာ သင်ခန်းစား
    လေးတွေကို ပြည်ထဲရေးက ဦးစီပို့်ချ ပြီး ဂျင်းတရားတွေထည့်
    ဂျင်းတရားနားရေဝ ထွက်လာတဲ့ ဆရာ/မပါက်စတွေက ဘာသာခြားကလေးငယ်တွေကို
    ကုလားလေး၊ကုလာမလေး ဆိုပြီး ချစ်စနိုးခေါ်
    သယောင်ယောင်နဲ့ တခြားကလေးတွေရှေ့မှာ
    နှိမ့်ချ ရင်ကနေ အခုလို့ တရာဝင် ဝံသာနုစိတ်
    ဓာတ်ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ နီတီကို ကျောင်းတွေမှအစ ဘာမှမသိနားမလည်တဲ့ ကလေးငယ်တွေရဲ့ ခေါင်းထဲရိုက်ထည့်လို့နေပါပြီ။
    နောင်လာနောက်သားတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးကြပါနဲ့ဗျာ.(စံရွှေမင်း)
    Like
  10. သက္က မိုးညို
    ဇီးပင်ကြီး နဲ့ ပတ်သက်၍
    —————————-
    အခုပြောမှာက ဇီးပင်ကြီး ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အတွေးတွေပဲ ပြောတော့မှာပါ။ ဖြစ်ရပ်က တော်တော်များများလည်း သိနေပြီ ဆိုတော့လေ။ ဒီတော့ မဖတ်လည်း ရပါတယ်။ အမြင်မတူလည်း ရပါတယ်။
    ၁- ဇီးပင်ကြီး ဖြစ်ရပ်မှာ ဒေါက်တာ စိုးသူရဇော်ဘက်ကနေ အုံနဲ့ကျင်းနဲ့ ၀န်းရံနေကြပါတယ်။ မီဒီယာတွေပေါ်မှာ အယူအဆ တော်တော်များများတက်လာပါတယ်။ ပြန်ဝန်ဟောင်းကအစ၊ ဆရာတင်မောင်သန်း၊ ဦးရောဘတ် စတဲ့သူတွေလည်း ရေးသားလာကြပါတယ်။ ကန်ပိန်းတွေ တက်လာသလို ရှေ့နေများအသင်း၊ ကျောင်းသားသမဂ္ဂ စတာတွေကပါ ကြေညာချက်တွေ ထုတ်လာပါတယ်။ ဒါဟာ ဘာကို ပြညွှန်းနေသလဲဆိုရင် လူငယ်တယောက်ကို ဖိနှိပ်မှုကို တုံ့ပြန်တာထက် စနစ်ကို ပြင်ချင်တဲ့ အရွေ့ပဲ လို့ ပြောလို့ ရပါတယ်။
    ၂- ဇီးပင်ကြီး ဖြစ်ရပ်မှာ ဖြစ်သွားနိုင်တာ သုံးခုလောက် ရှိပါတယ်။
    (က) အနိမ့်ဆုံး- ဆရာစိုးသူရဇော်ကို အရေးယူမှု မလုပ်တော့တာ
    (ခ) အလယ်အလတ်- မတရားဖိနှိပ်ဖို့ ကြိုးစားသူ ဘယ်သူလဲ၊ဖေါ်ထုတ်တာ၊ သတိပေးတာ
    (ဂ) ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက သင်ရိုးကိုစုံစမ်းစစ်ဆေးပြီး ပြောင်းလဲတာ
    (ဃ) ဗဟိုဝန်ထမ်း တက္ကသိုလ်တွေကို ပိတ်ပစ်တာ
    နံပတ်လေး အချက်က ဖြစ်ဖို့ ခဲယင်းလွန်းလို့ သုံးချက်ပဲ ပြောတာပါ။ နောက်တစ်ခုက အနိမ့်ဆုံးအဆင့်ကို လူတွေ မမျှော်လင့်ပါ။ ရဖို့ ရာ ရှိနေလို့ပါ။ ထပ်ဆင့်ပြောရရင် အနိမ့်ဆုံးအဆင့်ကို မကြိုက်ပါ။ ပြည်သူကို ချွေးသိပ်ဖို့ရာ သုံးနိုင်လို့ပါ။
    ၃- မတရားဖိနှိပ်သူတွေ ဆိုရာမှာ ကမအ၀က ကုလားဖန်ထိုးသူထက် ရာထူးဝန်အဖွဲ့က ဖိအားပေးသူတွေက ပို တာဝန်ရှိပါတယ်။ ကမအ၀က ဒုချုပ် ခရီးသွားနေတုန်း တယောက်က စာထုတ်လိုက်တယ် ကြားရာမှာ ဒုချုပ်လက်မှတ် ပါသလား၊မပါဘူးလား။ အတုထိုးတာလား၊ အစစ်ထိုးတာလား၊ ဒါတွေက ကေ့စ်ကို လိုက်ရင် သိပါပြီ။ ဒီကေ့စ်ကို လိုက်ဖြစ်အောင် လိုက်ဖို့ လိုပါတယ်။ ဒီလို လိုက်ဖို့ ဆိုရင် အစိုးရအဖွဲ့က နေ ကမကထလုပ်ပြီး အခုလို DE ဖွဲ့တာသည် နိုင်ငံဝန်ထမ်း ဥပဒေကို ကျော်ပြီး အာဏာကို အလွဲသုံးစား လုပ်တယ် ဆိုတဲ့ အချက်ကို ကိုင်ရပါလိမ့်မယ်။ နို့မို့ လွှတ်တော်က လိုလို၊ အစိုးရကလိုလိုနဲ့ ပွဲပြီးမီးသေ သွားမှာပါ.
    ၄- အကောင်းဆုံးက ဗဟို ၀န်ထမ်း တက္ကသိုလ်ကို ပြောင်းလဲဖို့ပါ။ ဗ၀တကို ပြောင်းဖို့ ဆိုရင် အေးအေး၊ မင်းတို့ သင်နေတဲ့ ကယ်ရီကူလန်လေး ပြစမ်းပါဦးကွ၊ အေး မဆိုးဘူးပဲကွ၊ ဒါလေးတော့ ပါသင့်တယ် ဆိုတာမျိုး လုပ်လို့ မရပါဘူး။ Deep Chang ခေါ်နိုင်တဲ့ အကုန် လဲလှယ်ပြစ်၊ ကယ်ရီကူလန် အသစ်ဆွဲ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေက ထဲထဲဝင်ဝင် ပါဝင် ပြောင်းလဲပေးမှ ရမှာပါ။ ဒီလို ပြောင်းလဲပေးဖို့ မလုပ်နိုင်ဘူးဆိုရင်တော့ အခု ၀န်းရံနေသူတွေက ဘာလို့ အပင်ပန်းခံ ၀န်းရံနေတော့မလဲ။
    ၅- နောက်တချက်က ရာထူးဝန်အဖွဲ့သည် ၀န်ထမ်းယန္တရားအတွက် အာဏာပိုင်အဖွဲ့ပါ။ ဒါပေမယ့် ရာထူးဝန်အဖွဲ့က ခေါ်တဲ့ ရာထူးဝင်ပေါက်အတွက် စာမေးပွဲတွေဟာ မမေးသင့်တာတွေ မေးတယ်၊ အလုပ်မဟုတ်တာတွေ မေးတယ် ဆိုပြီး နာမည်ပျက်နေခဲ့တာ ကြာပါပြီ။ ဒါကိုလည်း သေသေချာချာ စိစစ် ပြင်ဆင်ရမှာပါ။ ခွင့်သာခိုက်မှ မပြင်နိုင်ခဲ့ရင် နောင် ပြင်နိုင်တော့မယ် မဟုတ်ပါ
    Like
Leave a comment