လယ်သမားကြီး ဦးသာအောင် ထိုင်းကိုသွားဖို့ လယ်တွေပေါင်

Aung Htay Crdလယ်သမားကြီး ဦးသာအောင် ထိုင်းကိုသွားဖို့ လယ်တွေပေါင်လယ်သမားကြီး ဦးသာအောင် ထိုင်းကိုသွားဖို့ လယ်တွေပေါင်

လယ်သမားကြီး ဦးသာအောင် ထိုင်းကိုသွားဖို့ လယ်တွေပေါင် ။

မလှမွန် သူမအား

စလုံးထွက်ဖို့ သူကြိုးစား ။

ဦးသာနုလည်း မခေပါ

ဒူဘိုင်းသွားဖို့ ပြင်နေတာ ။

ကိုလှရွှေ သင်တန်းတက်

ကိုရီးယားထွက်ဖို့ စာတွေကျက် ။

ဦးဖိုးကျားလည်း မနေသာ

ပတ်စ်ပို့ရုံးမှာ တိုးနေတာ ။

မောင်သိန်းတန် ရတက်မအေး

ယိုးဒယားကို သူဒိုးပြေး ။

မခင်မြလည်း ရန်ကုန်မှာ

ဂျပန်စာတွေ သင်နေတာ ။

ကိုသာဇံ မလေးထွက်သွား

အကြွေးကျေဖို့ သူကြိုးစား ။

ဦးစိန်ဘက အော်ဇီမှာ

အဆင်ပြေလို့ ပြန်မလာပါ ။

ကားဆရာ ကိုဘသောင်း

ကားတွေရောင်းလို့ ထိုင်းကိုဂျောင်း ။

ဝင်ငွေကောင်းဖို့တို့တစ်တွေ

နိုင်ငံခြားကိုသွားစို့လေ ။

ဒေါ်လာတွေစုကာထား

ကမ္ဘာကြီးကိုသိမ်းစို့လား ။😅😅😅

#crd_to_owner_with_respect