တော်လှန်ရေး ရှေ့မရောက်ကာ စမူဆာဖြစ်နေတဲ့ KNU ကြောင့်

Colette Lemieux 

တော်လှန်ရေး ရှေ့မရောက်ကာ စမူဆာဖြစ်နေတဲ့ KNU

**********************************

ဒီတော်ရေးမှာဆိုလျှင်…

KNU ခေါင်းဆောင်ပိုင်းတွေနဲ့….

နောက်လိုက်တချို့ရဲ့ ဖြစ်နေပုံက…..

အများပြည်သူ နားရှင်း မျက်စေ့ထဲမြင်အောင်….

ဒဲ့ပြောပြရမယ်ဆိုလျှင်တော့….

စမူဆာလို့ပဲ ပြောရတော့ပါမယ်…..

ဘာကြောင့် ဒီလိုပြောရတာလည်းဆိုလျှင်…

အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့လို့….

အမည်ခံထားတော့…..

ဒီတော်လှန်ရေးကလည်း ပြည်သူတရပ်လုံး…

ပါဝင်တော်လှန်နေကြတာဖြစ်လို့…..

အာဏာရှင်တလရ..တလရ ဘိုးအေကြီးလို့….

အမည်ခံထားလေတော့…

တော်လှန်ရေးတပ်ဖွဲ့တွေကြား….

ရုပ်လည်း မပေါက်အောင်…..

ပြည်သူအားပေး ထောက်ပံ့မှုကိုလည်းရအောင်….

စစ်တိုက်ပြကာ နိုင်ငံရေး လုပ်စားနေကြတယ်…..

…..

နောက်တချက်က….

ပြည်တွင်းတော်လှန်ရေးလက်နက်ကိုင်….

တပ်ဖွဲ့တွေဆိုတာက….

နိုင်ငံတကာက ပေါ်တင် အားပေးထောက်ခံမှု…

အသိအမှတ်ပြုမှုဆိုတာက မရှိသလောက်….

ထောက်ပံ့ကူညီမှုဆိုတာတော့ ဝေးပေါ့လေ….

အဲ့လိုအနေအထားကနေ…

ယခုတော့….ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့….

ပြည်သူ့ဒီမိုကရေစီဖော်ဆောင်မှု တိုက်ပွဲနဲ့အတူ…

အားပေးထောက်ခံမှု အသိအမှတ်ပြုမှုတွေနှင့်….

ကူညီမှု ထောက်ပံ့မှုတွေကိုပါ ရတော့မှာဆိုတော့….

ဒီအခွင့်အရေးမျိုးကို…..

လက်လွတ်မခံချင်တာကြောင့်……

စစ်အာဏာရှင်ကို ဟန်ပြတော်လှန်….

တိုက်ခိုက်ပြကြပြန်တယ်ပေါ့လေ……

(တဖက်မှာလည်း ကရင်နိုင်ငံတော်/

တရင်ပြည်နယ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်/

ထူထောင်ချင်/ရချင်ကြပြန်တယ်ပေါ့)…..

….

KNU တပ်ဖွဲ့လို့သာ အမည်ခံထားကြပင်မဲ့…..

KNU လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့က…

KNLA/KNDO နှစ်ဖွဲ့သာ ရှိပြီး….

KNU နယ်မြေများအတွင်းမှာတော့….

KNUမှ ခွဲထွက်ပြီး လက်နက်ကိုင်ထားကြတဲ့…

တပ်ဖွဲ့က….(၄)ဖွဲ့ ရှိနေပြန်ပါသည်….

(BGF/PC တပ်ဖွဲ့ နှစ်ဖွဲ့က…

စစ်အာဏာရှင်နှင့်ပူးပေါင်းကာ…

ပေါ်တင် နိုင်ငံရေးကို ခုတုံး လုပ်ကာ…

လုပ်စားနေကြပြန်ပါသည်…

DKBA သည်လဲပေါ့လေ…)

KNU ရှိသည့်….

.KNLA/ KNDO တပ်ဖွဲ့တွေဆိုသည်ကလဲ…

နိုင်ငံရေးကို ငြီးငွေ့နေကြပြီး….

သေနတ် မပ-စ်ချင်ကြတော့တဲ….

ခေါင်းဆောင်(နေရာယူထား)ပိုင်းတွေနဲ့….

နောက်လိုက်အနည်းငယ်ပဲ ရုပ်ပြ ရှိနေတော့တာပါ…

(ရပေါက် ရလမ်း ဝင်ငွေ မရှိကြဘူးလေ)

အဲ့ဒီတော့…..

ကရင့်လက်နက်ကိုင် တပ်ဖွဲ့ထဲ….ဝင်ကြသူ….

အများစုကလည်း…ရပေါက် ရလမ်းရှိကြသည့်….

တပ်ဖွဲ့ (လုပ်စား/စစ်တပ်နဲ့ပေါင်းစား)ထဲကိုသာ…

ဝင်ရောက်ကြလေတော့…..

နိုင်ငံရေး တော်လှန်ရေး လုပ်စားအဖွဲ့တွေသာ…

လူအင်အား ဓနအင်အား တိုးပွားလာကြပြီး…

ဩဇာအာဏာပါ ကြီးထွားလာကြခြင်းနဲ့အတူ….

တလရအတွက်တော့ သန္ဓေအမှန် မူမမှန်ကြပါပဲ….

စီးပွားအတွက် ကိုယ်ကျိုးရှာလိုသူများက…

KNUအဖွဲ့ကြီးရဲ့ ခေါင်းဆောင်နေရာ….

ဝင်ယူလိုက်ခြင်းကြောင့်…..

(လက်ရှိ KNU ရဲ့ ဥက္ကဌဖြစ်သူ…..

စောကွယ်ထူးဝင်းသည်ပင်….

KNU ရဲ့ချမှတ်ထားသည့် စည်းကမ်းချက်များကို…

ချိုးဖောက်ထားပြီး…ရှင်းလင်း ထုတ်ပြန်မှု….

မရှိသေးပေ)

KNU တော်လှန်ရေးတပ်ဖွဲ့ကြီးရဲ့….

တော်လှန်ရေး ရည်မှန်းချက်…ပြဌာန်းချက်….

ချမှတ်ထားသည့် ဥပဒေတွေသည်လဲ….

စာအုပ်ထဲနှင့်ပါးစပ်တို့၌သာ….ရှိသွားခဲ့ကြပြီး….

KNUရဲ့….တော်လှန်ရေးသည်….

ကရင်လက်နက်ကိုင် နိုင်ငံရေးလုပ်စားအဖွဲ့ရဲ့…

လက်ခုပ်ထဲ၌ပင်..မူတည်သွားခဲ့ရပြီး….

ကျဆုံးသွားခဲ့ပြီဟုပင် ဆိုရမလို ဖြစ်နေကာ…..

ကရင်ပြည်နယ်နှင့်ကရင်ပြည်သူ….

လွတ်မြောက်ရေးအတွက်..တော်လှန်ရေးသည်လဲ…

မှေးမှိန်ကာ ရှေ့မရောက်ကြပဲ….

ဖြစ်သွားခဲ့ရရှာလေပြီ….

……

လက်ရှိ ဖြစ်ပျက်နေသည့် လုပ်ငန်းစဉ်များကို…

ကြည့်လျှင် သိသာထင်ရှားနေပေသည်….

မြဝတီမြို့ကို…KNLA တပ်ဖွဲ့ဦးဆောင်မှုနဲ့…

ပူးပေါင်းတပ်ဖွဲ့များက…

တိုက်ခိုက် သိမ်းပိုက်နိုင်ပြီဟု…

သတင်းထုတ်ပြန် ထားခဲ့သော်လည်း….

မြို့ကို မည်သည့်အဖွဲ့က ထိန်းချုပ်ထားသည်ကို…

ပြည်သူကို ချမပြနိုင်သေးပါ….

မြဝတီမြို့မှာလည်း..KNU အလံ စိုက်ထူနိုင်ခဲ့ခြင်း….

မရှိခဲ့သေးသလို….

သုံးလကျော်လေးလအထိ တိုက်ခိုက်….

ထိန်းချုပ်ထားခဲ့သည့်….ကော့ဂရိတ်မြို့ကလည်း…

KNLA နှင့်ပူးပေါင်းတပ်ဖွဲ့‌တွေ….

တပ်ပြန်ဆုတ်ခွာပေးခဲ့လိုက်ပြီဟု သိရပါသည်…

ဒါတွေက…..

ကရင်ပြည်သူ တတိုင်းပြည်လုံးက ပြည်သူနှင့်…

ပြည်သူ့တော်လှန်ရေးအဖွဲ့များနဲ့နိုင်ငံတကာကို….

ဂျင်းထည့်လိုက်ခြင်းလားလို့တောင်….

မေးရမလို ဖြစ်နေပြီ…KNU….

…..

ပြည်သူတယောက်အနေဖြင့်ကတော့…..

ယခုလက်ရှိ ဖြစ်ပျက်နေသည့်….

နိုင်ငံရေးအခင်းအကျင်းနဲ့စစ်အာဏာ…

သိမ်းယူခံရခြင်းတွေသည်….

လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့…

မူမမှန်ခြင်း လုပ်စားခြင်းများကြောင့်ဟု…

ပြောရလျှင်…မှားမည် မဟုတ်နိုင်ချေ….

🇲🇲K.K.S

Leave a comment